Tuesday, June 24, 2014

မော်လူး မှ ( )အဖွဲအစည်း ကလူတွေ ၂၀၁၄ခုနှစ် မှာမလုပ်သေးတာကို စေတနာရှင် ဆရာမတွေ လက်တွေလုပ်ပြလိုက်ပြီ

ကရင်ကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ကျောင်းဝတ်စုံများ လှူဒါန်း
မော်လူး၊ ဇွန် ၂၄
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ အုပ်စု၊ ကရင်ကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ကျောင်းဝတ်စုံများ လှူဒါန်းခြင်းကို ဇွန် ၂၄ ရက်နေ့ နံနက် ၉ နာရီက ကရင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကရင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကျောင်းဝတ်စုံများ လှူဒါန်းသည့် အလှူရှင်များမှာ မော်လူး အခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်းပြဆရာမများဖြစ်ကြသည့် ဒေါ်စန်းစန်းအေး၊ ဒေါ်တင်မာအောင်၊ ဒေါ်ဖြူနု၊ ဒေါ်ဖြူစင်သန့်တို့ဖြစ်ကြပြီး ကရင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/သူ ၈ ဦးအား ကျောင်းဝတ်စုံ ၈ စုံကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ကရင်ကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပညာသင်ကြားနေသည့် မူလတန်းအဆင့် ကျောင်းသား/သူဦးရေ ၅၆ ဦးရှိသည့်အနက်မှ ဆင်းရဲနွမ်းပါးသည့် ကျောင်းသူ/သား ရှစ်ဦးအား ကျောင်းဝတ်စုံများ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

မော်လူးဒေသအတွက် ဂုဏ်ယူဖွယ်သတင်းလေးပါ

မော်လူးဒေသအတွက် ဂုဏ်ယူဖွယ်သတင်းလေးပါ
*****************************
AFC Women Cup ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင်

မြန်မာ့လက်ရွေးစင်အဖြစ် ဗီယက်နမ်နိုင်ငံသို့

မလူးကျေးရွာ အ.လ.က (ခွဲ)မှ ကျောင်းသူလေး

မဆွေဇင်ဌေး သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းအတွက်

မော်လူးဒေသအတွက် ဂုဏ်ယူဖွယ် ဖြစ်ခဲ့ရပါ၏

Adm= NL လေးတန်မြေ