Saturday, February 7, 2015

mawlu news group မှ ပြုလုပ်မည့် ကဗျာပြိုင်ပွဲ ကြေညာချက်




မော်လူးသူ/သား ကဗျာဝါသနာရှင်များ ခင်ဗျား ... ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျနော်တို့ mawlu news group မှ ဗိုလ်ချုပ် အောင်ဆန်းအကြောင်း ကဗျာ စာမူများကို ဖိတ်ခေါ်အပ်ပါသည်။ mawlu news group မှ အကြိုက်ဆုံး ကဗျာနှစ်ပုဒ်ကို ရွေးချယ်ပြီး ဆုချီြးှမှင့်မည် ဖြစ်ပါသည်။ ပထမဆုအဖြစ် ဖုန်းငွေဖြည့်ကတ် ၁၀၀၀၀ တန်ကတ်|  ဒုတိယဆုအဖြစ် ဖုန်းငွေဖြည့်ကတ် ၅၀၀၀ တန်ကတ်တို့ကို ချီးမြှင့်မည် ဖြစ်ပါသည်။ သို့ပါ၍ ဖေဖော်ဝါရီ ၁၃ ရက်နေ့နောက်ဆုံးထား၍ ကဗျာစာမူများကို ပေးပို့နိုင်ပါသည်။ ကိုယ်တိုင်ရေး ကဗျာစာမူဖြစ်ကြောင်း ဝန်ခံကတိပါရှိရပါမည်။ မိမိတို့၏ ဖုန်းနံပါတ်များကို ထည့်သွင်းဖော်ပြရပါမည်။ စာမူရှင်တစ်ဦးလျှင် ကဗျာ သုံးပုဒ်အထိသာ ပေးပို့နိုင်ပါသည်။ mawlu news group မှ Admin များ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိပါ။ ပေးပို့လာသော ကဗျာ အားလုံးကို mawlu news တွင် ဖော်ပြပေးပါမည်။

mawluuvillagers@gmail.com သို့ ပေးပို့ကြပါရန်

with respect,
mawlu news group

ဓာတ်ပုံများအား linaungpyae facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

မြေပလ္လင်တွင် ရေလှောင်ကန်တည်ဆောက်




မြေပလ္လင်ကျေးရွာ ရေပေးဝေရေးအတွက် အုတ်ရေလှောင်ကန် တည်ဆောက်
မော်လူး၊ ဖေဖော်ဝါရီ ၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု၊ မြေပလ္လင်ကျေးရွာတွင် အုတ်ရေလှောင်ကန်အား ကျေးရွာသူ/သားများမှ ဖေဖော်ဝါရီ ၇ ရက်နေ့က တည်ဆောက်နေကြကြောင်း သိရသည်။

အဆိုပါ မြေပလ္လင်ကျေးရွာ ရေရရှိရေးအတွက် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ရံပုံငွေကျပ်သိန်း ၈၀ ချမှတ်ထားပေးခဲ့ခြင်းဖြစ်ပြီး၊ ရေလှောင်ကန်မှာ အလျား၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၆ ပေရှိကြောင်း၊ ရေသွယ်ယူခြင်းလုပ်ငန်းကိုမူ ထွဋ်ခေါင်ဦး ကုမ္ပဏီမှ တာဝန်ယူကှာဟွေ့မွန်းချောင်းမှ ကျေးရွာသို့ (၁ မိုင် အကွာအဝေးကို) ၄ လက်မ ရေပိုက် ၁၈၀ လုံးခန့်ဖြင့် ရေလှောင်ကန်တည်ဆောက်ရာ နေရာအထိ သွယ်ယူထားပြီး ဖြစ်ကြောင်း၊ ရေလှောင်ကန်ပြီးစီးသွားပါက ကျေးရွာအတွင်းရှိ နေအိမ်များသို့ သန့်ရှင်းကြည်လင်သော သောက်သုံးရေများကို ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း မြေပလ္လင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်မှ ပြောပြသည်။

နန့်စီးအောင် - ပေကုန်းတွင် နိုင်ငံသား စိစစ်ရေး ကတ်များပြုလုပ်ပေး



အထူးမိုးပွင့် စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
မော်လူး၊ ဖေဖော်ဝါရီ ၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု၊ နန့်စီးအောင် -ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်  အထူးမိုးပွင့် စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းအထူးမိုးပွင့် စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြုလုပ်ခြင်းကို ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၉ရက်နေ့အထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အသက် (၁၀)နှစ်နှင့် (၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစီစစ်ရေးကတ်ပြား မရှိသေးသူများ၊ အသစ်လှဲလှယ်သူများ၊ ပျောက်ဆုံးသူများအား မိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိုးပွင့် အထူးစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးရာသို့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာန ဦးစီးအရာရှိ ဦးအောင်သူ၊ ဒုဦးစီးမှူး ဦးတင့်ဆွေဦးနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ပြီး နန့်စီးအောင်-ပေကုန်းကျေးရွာ  အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ စာရေးအဆင့် (၁)ဒေါ်ဝင်းဝင်းခိုင်နှင့် ကျေးရွာများမှ ရာအိမ်မှူးများက  လိုအပ်သည်များကို ပံ့ပိုးကူညီပေးကာ သုံးရက်တိုင်တိုင် နန့်စီးအောင်-ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသား စီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်