Wednesday, December 31, 2014

ဒီပင်္ကရာစေတီတော်သွားလမ်းမကြီး စုပေါင်းပြုပြင်

အင်းတော်မြို့နယ် သမိုင်းဝင် ဒီပင်္ကရာစေတီတော်သွားလမ်းမကြီး စုပေါင်းပြုပြင်
မော်လူး| ဇန်နဝါရီ ၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ သမိုင်းဝင် ဒီပင်္ကရာစေတီတော်သို့ သွားရာ လမ်းမကြီးအား ဒီဇင်ဘာ ၃၁ရက်နေ့ကစုပေါင်း ပြုပြင်နေကြကြောင်း သိရသည်။
မော်လူးဒေသ၏ ကိုးတိုက်နယ် ဆယ်အုပ်စု ကျေးရွာပေါင်း ၄၂ရွာ၏ တည်ထား ကိုးကွယ်လျှက် သီရိမဟာ အသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် ဒီပင်္ကရာစေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ဗုဒ္ဓပူဇနိယပွဲကို တပို့တွဲလဆန်း ၁၀ရက်နေ့မှ တပို့တွဲလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြမည့် ဘုရားဖူးများအတွက် စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရန်အတွက် အဆိုပါလမ်းမကြီးကို စုပေါင်းပြုပြင်နေကြခြင်း ဖြစ်သည်။
ထိုသို့ ပြုပြင်ဆောင်ရွက်ရာတွင် ဒီပင်္ကရာစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဖြစ်မြောက်ရေး ဂေါပက ဥက္ကဌ ဦးတင်နွယ်နှင့်အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် ပွဲတော်ဖြစ်မြောက်ရေး ရံပုံငွေမှ ကျပ်သိန်း ၂၀ မတည် အကုန်အကျခံကာ မင်းသာကျေးရွာမှ ဒီပင်္ကရာစေတီတော်မြတ်ကြီးအထိ ပေ ၇၀၀၀ခန့်ကို သဲကျောက်ခင်းပြီး လမ်းအကျယ် ပေ ၂၀ အထိဖြစ်အောင် သူရောင်းကျေးရွာနှင့် ကူးကာကျေးရွာများမှ ဒေသခံ စေတနာလုပ်အား အလှူရှင်များမှ စုပေါင်းပြုပြင်ကြခြင်းဖြစ်သည်။
ယင်းသမိုင်းဝင် ဒီပင်္ကရာစေတီတော်သို့ သွားရာလမ်းမကြီးအား ဗုဒ္ဓပူဇနိယပွဲတော်မတိုင်မီ အချိန်တွင် နှစ်စဉ်ပြုပြင်မှုများ ပြုလုပ်ကြကြောင်း အမာခံ ကျောက်ခင်းလမ်းပြီးစီးခဲ့ပြီးဖြစ်သဖြင့် ကတ္တရာခင်းလမ်းအဖြစ် အဆင့်မြင့်တင်ဆောင်ရွက်ရန် အစီအစဉ်လျှက်ရှိကြောင်း သတင်းရရှိသည်။

မေးကနေ ရင်ဖွင့်လာတဲ့ ဥသျှစ်ကုန်းက ဆိုလာပြား


29/12/2014 နေ့က မော်လူးဒေသဥသျှစ်ကုန်းရွာမှာ ဆိုလာပြားတွေပေးဝေသွားတယ် ဒါပေမယ့်
ကျွေးကားကျွေး၏မဝ ဆိုတာလို
အိမ်ထောင်စု ပုံစံ(၁၀)မရှိတဲ့သူများ
မရလိုက်ကြဘူးဗျ
အဓိကကျတဲ့ ကျောင်းဆရာ/ဆရာမ သုံးအိမ်နှင့်ဘုန်းကြီးကျောင်းနှစ်ကျောင်းလဲ
အိမ်ထောင်စုပုံစံ(၁၀)မရှိလို့ထင်ပါရဲ့
မရလိုက်ဘူးဗျ
ပေးကားပေး၏မရဖြစ်နေတယ်ဗျို့။ ။
           {ဖိုးရှမ်းလေး}မော်လူး




ကဲ ၂၀၁၅ ကို စလိုက်ကြပါစို့


ကျောက်တင်ရထား တွဲချော်

မီးရထားလမ်း ကြံ့ခိုင်မှုရှိစေရန် ကျောက်ဖြည့်တင်းသည့် မီးရထား တွဲချော်
နန့်စီးအောင် | ဒီဇင်ဘာ ၃၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
မန္တလေး - မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင် မီးရထားလမ်းများ ကြံ့ခိုင်မှု ရှိစေရန် လမ်များအား ကျောက်ဖြည့်တင်းသည့် ကျောက်တင်မီးရထားသည် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်စီးအောင် မီးရထားဘူတာအနီးတွင် ဒီဇင်ဘာ ၃၁ နံနက် ၆ နာရီ ၁၈ မိနစ်က တွဲချော်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးရထားလမ်းချော်မှုကြောင့် တွဲအမှတ် MBH 7094 မှ ဘီးလေးဘီးနှင့် MBH 49027မှ ဘီးလေးဘီးတို့သည် မီးရထား မိုင်တိုင်အမှတ် ၆၁၂/ ၁၁|၁၂ကြား|၆၁၁/၂၂|၂၃ကြားတွင် သံလမ်းနှင့် ကပ်ကျကာ တွဲချော်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ကျောင်တင်ရထား လမ်းချော်ကျမှုကို နန့်စီးအောင် မီးရထားဘူတာမှ တာဝန်ခံ ရုံပိုင်ကြီး| နယ်မြေလုံခြုံးရေး တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် နန့်စီးအောင် သစ်ထုတ်ရေးမှ သစ်တင်ကား အကူအညီဖြင့် အမြန်ဆုံး ဆောင်ရွက်ခဲ့ကြရာ နံနက် ၁၁ နာရီအချိန်တွင် ပြီးစီးခဲ့ပြီး လမ်းချော်မှု ဖြစ်ပွားခဲ့သည့် မီးရထားတွဲများအား မိုးညှင်း|မော်လူး| နဘား|အင်းတော်မီးရထားဘူတာများမှ လမ်းဗိုလ်ကြီးများနှင့် တာဝန်ရှိသူများက ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း မီးရထား လမ်းချော်မှုကြောင့် နန့်စီးအောင်မီးရထားဘူတာတွင် အမှတ် ၃၃(အိပ်စင်)ရထား ရပ်နားထားခဲ့ရကြောင်း သတင်းရရှိသည်။

Tuesday, December 30, 2014

ဥသျှစ်ကုန်းကျေးရွာ မီးလင်းပြီ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ဥသျှစ်ကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်မှ ချပေးသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများဖြင့် မီးလင်းနေပြီ ဖြစ်သည်။
သတင်းအရင်းအမြစ် - ကျောက်တူးသမားလေး

ချောင်းကူးတံတား အသစ်တည်ဆောက်






ပင်ဝယ်ကျေးရွာ ဘူတာချောင်းကူးတံတား အသစ်တည်ဆောက်
> အင်းတော်၊ ဒီဇင်ဘာ ၃၀
> @@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ပင်ဝယ်ကျေးရွာအုပ်စု၊ ပင်ဝယ်ကျေးရွာ ဘူတာချောင်းကူးတံတားကို ဒီဇင်ဘာ ၃၀ ရက်နေ့က အသစ်တည်ဆောက်ခဲ့ကြောင်း သိရသည်။
> တံတားဖြစ်မြောက်ရေးအဖွဲ့ အကျိုးတော်ဆောင် ဦးထွန်းစိန်နှင့် ဦးမောင်ဝင်းတို့ ဦးစီးဦးဆောင်၍ ပင်ဝယ်ကျေးရွာမှ စေတနာအလှူရှင်များ ထည့်ဝင်ငွေကျပ် သိန်း ၇၀ ခန့်ဖြင့် မတည်ကာ စေတနာလုပ်အားပေး အင်အား ၅၀ ခန့်ဖြင့် အဆိုပါ ဘူတာချောင်းကူးတံတားကို ဒီဇင်ဘာ ၂၆ ရက်မှ စတင်တည်ဆောက်ခဲ့ရာ ၂၀၁၅ ဇန်နဝါရီလ ၁ ရက်နေ့တွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း၊ ယင်းတံတားသည် အရှည် ၃၂ ပေ၊ အကျယ် ၁၃ ပေရှိသော လှည်းကူး၊ ကားကူး သစ်သားတံတားဖြစ်သည်။
> "ဒီတံတားဟာ ပင်ဝယ်ကျေးရွာနဲ့ သုဿာန်သွားလမ်းမကြီးပေါ်မှာရှိတဲ့ ဘူတာချောင်းကူးတံတားပါ။ အရင်ကတည်းက တံတားမရှိတဲ့အတွက် နွေမိုးဆောင်း သွားလာရေးမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပါ။ ဒီချောင်းကို ဖြတ်သွားမှ လိုရာခရီးကို ရောက်နိုင်တာလေ။ ဒါ့ကြောင်း ဒီဘူတာချောင်းကူးတံတားဟာ တစ်ရွာလုံးအတွက် မရှိမဖြစ်လိုအပ်နေတဲ့ တံတားပါ။ နိဗ္ဗာန်ယာဉ်တွေ၊ ထော်လာဂျီယာဉ်တွေ ဒီချောင်းရိုးကနေ အဓိကအားထားပြီး သွားလာနေရတာပါ"ဟု တံတားတည်ဆောက်ရေးတွင် လုပ်အားဒါန ပေးလှူနေသူ အသက်(၈၃)နှစ်အရွယ်ရှိ ပင်ဝယ်ကျေးရွာနေ ဦးတင်မောင်(ဗန္ဓုလ)မှ ဝမ်းသာအားရပြောပြသည်။
>

ကျေးရွာချင်းဆက် လမ်းမကြီးစုပေါင်းပြုပြင်

အလယ်ကျွန်းကျေးရွာ ကားလမ်းမကြီး စုပေါင်းပြုပြင်
အင်းတော်၊ ဒီဇင်ဘာ ၃၀
@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ အလယ်ကျွန်းကျေးရွာနှင့် သူရောင်းကျေးရွာသို့ ဆက်သွယ်ထားသော ကားလမ်းမကြီးကို ဒီဇင်ဘာ ၃၀ ရက်နေ့က စုပေါင်းပြုပြင်ခဲ့ကြောင်း သိရသည်။

အလယ်ကျွန်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၆ ရွာပါဝင်ပြီး၊ အလယ်ကျွန်းကျေးရွာတွင် အိမ်ထောင်စု(၁၄၀) လူဦးရေ ၇၄၇ ဦး နေထိုင်ကြပြီး အများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ အဆိုပါ ကျေးရွာချင်းဆက် ကားလမ်းမကြီးသည် အင်းတော်မြို့နယ်၊ မော်လူး-သူရောင်း- အလယ်ကျွန်းကျေးရွာများမှတစ်ဆင့် ဗန်းမောက်မြို့နယ်နှင့် ပင်လယ်ဘူးမြို့နယ်များသို့ အလွယ်တကူ ဖြတ်သန်းသွားလာနိုင်သော လမ်းမကြီးဖြစ်သည်။ ကျေးရွာချင်းဆက် ကားလမ်းမကြီး ပြုပြင်ရာသို့ အလယ်ကျွန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးညွှန့်ဝင်း၊ ရာအိမ်မှူး ဦးဖိုးထော်နှင့် ဆယ်အိမ်စု ၁၄ စုတို့မှ ဒေသခံ ၁၀၀ကျော်တို့လာရောက်ပြီး သူရောင်းကျေးရွာနှင့် အလယ်ကျွန်းကျေးရွာအကြား ရှစ်မိုင်ခန့်အတွင်းရှိ ပျက်စီးနေသည့် လမ်းပိုင်းများနှင့် လမ်းဘေးဝဲယာ ပေါက်ရောက်လျက်ရှိသော ချုံနွယ်ပေါင်းပင်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ မိုးတွင်းကာလက ပျက်စီးယိုယွင်းခဲ့သည့် လမ်းပိုင်းများကို လမ်းအကျယ် ၁၂ပေခန့်အထိ ပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ကြပြီး၊ စေတနာအလှူရှင်များကလည်း နံနက်စာ ထမင်းဟင်းလျာများ အချိုရည်များဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
"ဒီကျေးရွာချင်းဆက် ကားလမ်းမကြီးဟာ ကျွန်တော်တို့ ကျေးရွာအတွက် အရေးပါတဲ့လမ်းမကြီးပါ။ ဒီလမ်းမကြီးကနေတစ်ဆင့် အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်ကနေ ပင်လည်ဘူးမြို့နယ်အထိ သွားလာလို့ရပါတယ်။ ကျွန်တော်တို့ ဒေသခံတောင်သူတွေဟာ လယ်ယာလုပ်ငန်းသိမ်းပြီးတဲ့အချိန်မှာ ထော်လာဂျီတွေ နွားလှည်းတွေနဲ့ စပါးနဲ့ အခြားလယ်ယာထွက်ကုန်ပစ္စည်းတွေကို ဒီလမ်းမကြီးကနေပဲ သယ်ယူပို့ဆောင်ရပါတယ်။ လမ်းက မြေသားလမ်းဆိုတော့ မိုးရာသီရောက်ရင် လမ်းက ပျက်စီးတာမို့ ကျွန်တော်တို့ ရွာခံတွေ နှစ်စဉ်နှစ်တိုင်း ပြုပြင်နေကြရတာပါ။ နောက်နှစ်တွေမှာ မြေသားလမ်းကနေ ကျောက်ချောလမ်းမအဖြစ် အဆင့်မြင့်တင်နိုင်အောင် ကြိုးစားနေပါတယ်" ဟု ကျေးရွာချင်းဆက် ကားလမ်းမကြီး စုပေါင်းပြုပြင်ရာတွင် ပါဝင်သည့် အလယ်ကျွန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးညွှန့်ဝင်းမှ ပြောပြသည်

သူရောင်းကျေးရွာတွင် သဘာဝစိမ့်စမ်းရေ ပေးဝေလျက်ရှိ

သူရောင်းကျေးရွာတွင် သဘာဝစိမ့်စမ်းရေ ပေးဝေလျက်ရှိ
မော်လူး၊ ဒီဇင်ဘာ ၃၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ သူရောင်းကျေးရွာအုပ်စု၊ သူရောင်းကျေးရွာတွင် သောက်သုံးရေ ရရှိရေးအတွက် သဘာဝစိမ့်ထွက်ရေကို သွယ်ယူကာ ကျေးရွာအတွင်းသို့ ပေးဝေလျက်ရှိကြောင်း သိရသည်။
သူရောင်းကျေးရွာသည် လေးတန်းချောင်းဘေးတွင် တည်ရှိသော ကျေးရွာတစ်ရွာဖြစ်ပြီး လေးတန်းချောင်းဖျား ရွှေတွင်းရွှေမှော်များတွင် ရွှေတူးဖော်ခြင်းလုပ်ငန်းကြောင့် ချောင်းရေ နောက်ကျိကာ သောက်သုံးရေအတွက် အခက်အခဲများရှိလာသဖြင့် ကျေးရွာနှင့် ၃ မိုင်ခန့်ကွာဝေးသော စည်ပိန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီး မြေကြီးအတွင်း စိမ့်ရေပေါက်မှ ရေကို ရေလှောင်ကန်တည်ဆောက် သိုလှောင်ပြီး ပိုက်များဖြင့် သွယ်ယူကာ သောက်သုံးရေရရှိရေးကို ကျေးရွာအတွင်းသို့ ပေးဝေနိုင်ရန်ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါကျေးရွာသည် အိမ်ထောင်စု ၃၀၅၊ လူဦးရေ ၂၈၅၀ဦးခန့် နေထိုင်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ အုတ်ဖုတ်လုပ်ငန်း၊ လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ယင်းကျေးရွာတွင် အများစုမှာ ယခင်က သောက်သုံးရေရရှိရေးအတွက် လေးတန်းချောင်းအတွင်း လက်ယက်တွင်းများပြုလုပ်ကာ သုံးစွဲခဲ့ကြကြောင်း၊ ယခုအခါ အဆိုပါ လေးတန်ချောင်းရေမှာ နွေမိုးဆောင်း တစ်နှစ်ပတ်လုံး နောက်ကျိနေသည့်အတွက် သောက်သုံးရေအခက်အခဲမှာ ရွာသူ/သားများအတွက်သာမက လယ်ယာလုပ်ငန်သုံး ကျွဲနွားများအတွက်ပါ အခက်အခဲရှိလာသဖြင့် သဘာဝစိမ့်စမ်းရေ ရရှိရေးကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ် မေလတွင်ပြီးစီးခဲ့ကြောင်း၊ သဘာဝစိမ့်စမ်းရေ သိုလှောင်ကန်မှာ အလျား ၇၀ပေ၊ အနံ ၃၀ပေ၊ အမြင့် ၁၄ ပေ၊ ရေထု ၁၀ပေရှိကြောင်း၊ ရေလှောင်ကန်မှ ကျေးရွာအထိ ပေ ၁၅၀၀၀ ခန့်အထိ ၄ လက်မပိုက်နှစ်လိုင်းဖြင့် သွယ်ယူကာ ကျေးရွာအတွင်းသို့  သုံးလက်မ၊ နှစ်လက်မ ပိုက်များဖြင့် မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ရေတိုင် ၃၃တိုင်၊ အိမ်ထောင်စု ၁၆၃ စုကို ငါးမူးပိုက်များဖြင့် ပေးဝေထားပြီး ကျန်အိမ်ထောင်စုများသို့လည်း သဘာဝစိမ့်စမ်းရေ ဆက်လက်ပေးဝေရန် အစီအစဉ်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ သူရောင်းကျေးရွာမှာ သဘာဝစိမ့်စမ်းရေ ရရှိဖို့ရာ မရှိမဖြစ်လိုအပ်လို့ လုပ်ခဲ့ရတာပါ။ အရင်က ရွာဘေးက ဖြတ်သန်းစီးဆင်းသွားတဲ့ လေးတန်ချောင်က ရေကိုပဲ သောက်သုံးရေအဖြစ် သုံးစွဲခဲ့ကြတာပါ။ လွန်ခဲ့တဲ့ လေးနှစ်လောက်ကစပြီး ချောင်းရေဟာ သုံးစွဲမရအောင် နောက်ကျိလာပါတယ်။ ဒါကြောင့် သောက်သုံးရေရှိဖို့ရာအတွက် ချောင်းအတွင်းမှာ လက်ယက်တွင်းတွေတူးပြီး သောက်သုံးရေအခက်အခဲကို ဖြေရှင်းခဲ့ကြပါသေးတယ်။ ဒါပေမယ့် လစဉ်မိုးရွာတဲ့အချိန်တွေမှာ ခဏခဏပြန်ပြန်တူးနေရတဲ့အတွက် ရေရှည်မှာ အဆင်မပြေနိုင်လို့ စိမ့်စမ်းရေရှိရေးကို ဆောင်ရွက်ခဲ့ရတာပါ။ ရေရရှိရေးအတွက် ကနဦးမတည်ငွေက ကျပ်သိန်း ၄၀၀ ရယ် နိုင်ငံတော်ကချမှတ်ပေးတဲ့ ကျေးလက်ဒေသဖွံဖြိုးရေး ရံပုံငွေမှ ၁၅ သိန်းနဲ့ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာ အခုဆိုရင် ကျေးရွာအတွင်းကို သဘာဝစိမ်းစမ်းရေ ပေးဝေနိုင်ခဲ့ပါပြီ။"ဟု သူရောင်းကျေးရွာ သဘာဝစိမ့်စမ်းရေး ရရှိရေး အကျိုးတော်ဆောင် ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဋ္ဌေးမှ ပြောပြသည်။

Monday, December 29, 2014

တရုတ်နိုင်ငံကို ခိုးထုတ်မယ့် သစ်တွေ မြစ်ကြီးနားအ၀င်မှာ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ်ဘက်ကနေ တရုတ်ပြည်ကို တရား မဝင်သယ်ပို့မယ့် သစ်တန်ချိန် ၁၈ တန်နဲ့ ကား ၆စီးကို မြစ်ကြီးနား မြို့အဝင်မှာ ဖမ်းဆီးရမိပြီး အမှုဖွင့်အရေးယူ ဆောင်ရွက် နေတယ်လို့ မြစ်ကြီးနားမြို့အမှတ် ၂ ရဲစခန်းမှူးက ပြောပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၅ ရက်နေ့က သစ်တောနဲ့ ရဲဝန်ထမ်းတွေ ပါဝင်တဲ့ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ မနေ့က အမှုဖွင့်အရေးယူခဲ့ပြီးဒီနေ့မှာ ဖမ်းမိတဲ့သစ်တွေကို သစ်တောဋ္ဌာနကို လွှဲပြောင်းပေးလိုက်ပြီလို့ မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းမှူး ဦးအေးကျော်က RFA ကိုပြောပါတယ်။

"သစ်ကား ၆ စီးနဲ့ တရားခံ ၇ ဦးကို ဖမ်းဆီးရမိတယ်၊ သစ်ခန့်မှန်းတန်ချိန် ၁၈ တန်ခန့် ကာလတန်ဖိုးက သိန်း ၃၆ဝ နီးပါးရှိပါတယ်၊ ဖမ်းဆီးရတဲ့သူတွေကို အမှုဖွင့်ပြီး အရေးယူဆောင်ရွက်ထားပါတယ်၊ ဖမ်းမိတဲ့သူတွေကတော့ ယာဉ်မောင်းတွေပေါ့၊ ပိုင်ရှင်တွေမဟုတ်ပါဘူး၊ လုပ်ထုံးလုပ်နည်းအရ သစ်တောကို လွှဲလိုက်တာပေါ့၊ နယ်မြေအခြေအနေကြည့်ရတာတော့ တရုတ်ပြည်ဘက်ပဲ ပို့တာများပါတယ်၊ တရားမဝင်သစ်တွေ သတင်းရရင်တော့ ဆက်ပြီးတော့ ကျနော်တို့က ဖော်ထုတ်ဖမ်းဆီးသွားဖို့ရှိပါမယ်"

တရုတ်ပြည်ဘက်ကို ခိုးထုတ်မယ့် ကား ၆ စီးကို မြစ်ကြီးနားမြို့အဝင် နန်းကွေ့၊ မောင်ဖောင်းကျေးရွာ တွေနားမှာ ဖမ်းမိခဲ့တာပါ။

စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတွေက သစ်မျိုးစုံနဲ့ သစ်တောထွက်ပစ္စည်းတွေ အပါအဝင် တောရိုင်းတိရိစ္ဆာန်တွေကို တရုတ်ကုန်သည်တွေက ကချင်ပြည်နယ်ကို ဖြတ်သန်းပြီး တရုတ်ပြည်ဘက်ကို ခိုးထုတ်လေ့ရှိပါတယ်။

ဒါ့အပြင် အင်းတော်ကြီးနဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ ဝိုင်းမော်၊ မန်စီ၊ မိုးမောက်စတဲ့ ကချင်ပြည်နယ် အတွင်းက မြို့ရွာတွေမှာလည်း တရုတ်ပြည်ဘက်ကို ခိုးထုတ်မယ့် သစ်နဲ့တောရိုင်းတိရိစ္ဆာန် ဈေးကွက်တွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာရဲ့ အရှေ့ဘက်အင်ကြင်းတောင်မှာ တရုတ်နိုင်ငံသား သစ်ခိုးဂိုဏ်းတွေကို ထိထိရောက်ရောက်အရေးယူဖို့ ဒေသခံ ငါးရာကျော်က လက်မှတ်ရေးထိုး တောင်းဆိုထားပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf



ပွဲတော်မီ ရုပ်ပွားတော်သွန်းထုပူဇော် ♕ စည်းမော်♕

စည်းမော်ဘုရား ထီးတင်ပွဲအမီ

ရုပ်ပွားတော်ကြီး

ထုဆစ်ပုံဖေါ် နေပြီ ဆိုဘဲ

ပုံမှာသာ ကြည်ညို ဖူးမျှော် လိုက်ပါအုန်း



ဖားပန့်မှာ ဆိုလာပြားတွေ နဲ့ မီးလင်းနေပြီတဲ့

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မော်လူးဒေသ ပင်ဝယ်အုပ်စု ဖားပန့်အေးချမ်းရွာ၌ကျေးရွာဖွင့်ဖြိုးနိုင်ရန်နှင့်လူမှုရေးအဆင့်တန်းမြင့်နိုင်ရန်မီးရရှိနိုင်ရန်အတွက်အစိုးရမှဆိုလာပြားများကိုဒီဇင်ဘာ27/28 ရက်နေ့များမှာလာရောက်တတ်ဆင်၍29ရက်နေ့မှာဖြင့်ပြီးမြောက်အောင်မြင်ဖွင်လှစ်ပွဲပြုလုပ်ခဲ့ကြပါသည်ဆိုသည့်အကြောင်းသီတင်းကောင်းပါးလိုက်ရပါသည်




သတင်းဗျို့ သတင်းးးး


စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ဟဲနုကျေးရွာ တပ်ဦးဓာတ်ပေါင်းစုစေတီ ဗုဒ္ဓပူဇနိယပွဲ ကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ

> စာသင်ဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာကျင်းပ
> မော်လူး၊ ဒီဇင်ဘာ ၂၈
> @@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နန့်စီးအောင် -
> ပေကုန်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင်ဒီဇင်ဘာ ၂၅ ရက် နံနက် ၈
> နာရီ ၄၀ မိနစ်အချိန်က စာသင်ဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာကျင်းပ
> ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပန္နက်တင် မင်္ဂလာသို့ ပေကုန်းကျေးရွာ
> ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးစာရိန္ဒ၊ ကျောင်းအုပ်ဆရာမကြီး
> ဒေါ်စင်းချိန်နှင့် ဆရာ/မများ၊ ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး
> ဦးသောင်းရွှေနှင့် ကျေးရွာဖွံ့ဖြိုးမှု ကော်မတီဝင်များ၊ စာရေးအဆင့်(၁)
> ဒေါ်ဝင်းဝင်းခိုင်၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊
> ပေကုန်းကျေးရွာ ရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ် မင်းဇော်ဦးနှင့်
> ဒေသခံကျေးရွာသူ/သား ၅၀၀ဦးခန့်တက်ရောက်ခဲ့ကြသည်။ ထို့နောက် နံနက် ၈ နာရီ
> ၄၀ မိနစ်တွင် စာသင်ဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တိုင်များ
> စိုက်ထူခဲ့ကြကြောင်း၊ ယခုဆောက်လုပ်မည့် စာသင်ဆောင်မှာ အလျား ၁၈၀ ပေ၊ အနံ
> ၂၆ ပေရှိ အုတ်ညှပ်သွပ်မိုး အဆောက်အဦးဖြစ်ကြောင်း၊ စာသင်ဆောင်သစ်
> ဆောက်လုပ်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးသာအေးမှ
> ဘိလပ်မြေအိတ် 200၊ ဝန်ကြီး ဦးအုန်းမြင့်မှ ဘိလပ်မြေအိတ် 300 တို့ကို
> ပံပိုးကူညီပေးခဲ့ကြောင်း၊ ယခု ဆောက်လုပ်မည့် စာသင်ဆောင်သစ်သည် အခြေခံပညာ
> အလယ်တန်းကျောင်းအဆင့်မှ
> အခြေခံပညာအထက်တန်းကျောင်းခွဲအဖြစ်တိုးမြင့်နိုင်ရန် ရည်မှန်း၍
> ဆောက်လုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်

သတင်းးးး ပလင်းးးး

 ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းရင်တော့ ဖမ်းပီး ဒဏ်ငွေဆောင်ခိုင်းပါတယ်။ မော်တော်ကားကြီးတွေ အခုလို ရပ်ချင်သလိုရပ် မောင်းချင်သလို မောင်းနေတာကြတာကိုရော ?????


စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ညောင်ပင်သာကျေးရွာ စေတီဟောင်းများ တူးဖော်ရာမှ ကုန်းဘောင်ခေတ် အုတ်ချပ်နှင့် ရုပ်ပွားတော်လေးများ တွေ့ရှိ 

Sunday, December 28, 2014

မြင်လှည့်ပါတော့

" မြင်လှည့်ပါတော့ "                                                              
အကြောင်း   မညီညွှတ် လို့                                                    
 ပေါင်းဆုံခွင့်   မရတော့ပေမယ့်                                          
 မောင်တို့ နှစ်ဦးရဲ့ ကြားမှာ ပင်စိမ်းပင်တွေ                                  
 ပျိုးမထားရက်  စေချင်ပါဘူး မ ရယ် ။                                      
 တကယ်လို့  ပြန်ဆုံဖြစ်   ခဲ့   ကြ   ရင်                                            
    တစိမ်း မဆန်တဲ့ အပြုံး ပန်း လေးတွေတော့                            
   ခြွေလှည့် စေချင်ပါတယ် မ ရယ် ။                                        
 မောင့်ရဲ့ ဘဝကို တည်ငြိမ် အေးချမ်း နေပြီလို့                              
မ ' ထင်ခဲ့ရင် အိပ်မက်ပဲ ဖြစ်မှာပါ ။                                        
ဘာကြောင့်လဲ ဆိုတော့  ရင်ခုန်သံ အားလုံးကို                          
  မ . ပိုင်ဆိုင်သွားခဲ့ လို့ပါပဲ  မ ရယ် ။                                        
  မ . မရှိလို့ အသည်းငယ်နေရတဲ့ နေရက်တွေမှာ                        
   တိမ်လေးတွေကို  ကြည့်ရင်း အလွမ်းမျက် ရည်                          
သိုသိပ်ခဲ့ရတာလည်း မနည်းတော့ပါဘူး မ ရယ်။                        
တစ်ချိန်က နားခိုခဲ့တဲ့ မောင့်ရဲ့ ရင်ခွင်ဟာ                              
 အခုတော့  အဓိပ္ပါယ်မဲ့ခြင်းများစွာနဲ့                                          
  အကျည်း တန်သွားပါပြီ မ ရယ် ။
( ပူပူ )

အဝေးသင် ကျောင်းသားတစ်ဦး၏ အလွမ်းကဗျာ

ပညာရှာ တက္ကသိုလ်ဝင်းမှာပ
သင်ယူကြ တစ်လတွင်းပေမို့
များသည်ဟုမထင်သာ
ချိန်တော်ကြာနှစ်ပတ်တွင်းမှာလှ
အိမ်ပြန်ချင် စိတ်ကိုတင်းရယ်နဲ့
ကျိတ်မှတ်၍ ကျက်ရရှာ
သြော်   တက္ကသိုလ်ကကျောင်းတော်စာ

စာသင်စဉ်စိတ်အစဉ်က
အဝေးလွင့်တစ်နေရာ
အနေကြာစိတ်ရယ်စွဲတာမို့
တမ်းတမိအခါခါ
ပြန်ချင်ပြီစိတ်ရယ်ကူး
ချိန်တော်ကြာနေခဲ့ဖူးတဲ့
တို့များရဲ့အိမ်တော်ရာ။      

စည်းမော်ဘုရား ထီတော်တင်ပွဲ ဇာတ်

ကဲ••စည်းမော် ဘုရားထီးတင်ပွဲတော်
အနုပညာရှင်များ ဇာတ်ကြော်ငြာပြီ။

မင်းသမီးကတော့ ဘုကြိုက်လဲသိဝူး


ရှးဦးစွာ တစ်ကိုယ်ရည်သာသနာပြည့်စုံဖို့လိုတယ် ပြီးတော့ လက်လှမ်းမီရာမှာ

“ရွှေမြန်မာများအတွက် ……………………………………………………… တစိမ်းပြင်ပ ဝါဒရှင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေအတွင်း ကင်ဆာရောဂါလို လှိုက်လှိုက်ပြီး စားနေကြတယ်။ ရွက်ကျပင်ပေါက်လို ပေါက်ရောက်ပြီး လူမျိုးကို မျိုနေကြတယ်။ မြေမျိုက လူမျိုး မပြုန်း၊ လူမျိုမှ လူမျိုးပြုန်းတယ်။ တစိမ်းပြင်ပ ဝါဒရှင်တွေက အင်း-အိုင်တွေကို ကောစေတဲ့ ဗေဒါပင်တွေလို လူမျိုးနဲ့ သာသနာပျက်ပြုန်းအောင် ဇွဲနပဲကြီးကြီးနဲ့ တက်တက်ကြွကြွ လှုပ်ရှားနေကြတယ်။ ညောင်ပင်လို အမြစ်တွယ်ပြီး လူမျိုးကို တဖြည်းဖြည်းမျိုးဖို့ ကြိုးစားနေကြတယ်။ ဗုဒ္ဓသာသနာဝင်တွေဟာကိုယ်ပိုင် ကာကွယ်မှု စွမ်းရည်ထက်မြက်အောင် ကြိုးစားထားကြရမည်။ ဗုဒ္ဓယဉ်ကျေးမှုတွေကို စာတွေ့ရော လက်တွေ့ပါ ပြည့်စုံကျေနပ်သည်အထိ ကျင့်သုံးထားကြရမယ်။ လူတစ်ယောက်ကို အသက်ကြီးကာမှ ဗုဒ္ဓယဉ်ကျေးမှုတွေ ပေးရင် မထိ ရောက်တော့ဘူး။ ငယ်ရွယ်စဉ်ကပဲ ပေးမှ ထိရောက်မှုရှိတယ်။ လေဟာပြင်ကွက်လပ်မှာ လေတွေအလိုလိုဝင်လာကြတယ်။ မှုန်ဝါးဝါး ချိနဲ့နဲ့ မိရိုးဖလာအမည်ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ သန္တာန်က ဗုဒ္ဓယဉ်ကျေးမှုလေးတွေဟာ ပြင်ပကွင်းပြင်ထဲက တစိမ်းပြင်ပ အယူဝါဒတွေ ယဉ်ကျေးမှုတွေရဲ့ ကျေးကျွန်ဘဝကို လွယ်လွယ်လေး ရောက်သွားနိုင်တယ်။ ရေလမ်းမှာ အများစုပေါင်းကာ လှေစီးပြီး ခရီးသွားနေကြတဲ့အခါ လှေကြီးပေါက်နေတယ်ဆိုတာ သိရင် လှေပေါက်ကိုဝိုင်းဝန်းဖာထေးရမယ်။ မဖာရင် လှေကြီးရေဝင်ပြီး မကြာမီ မြုပ်လိမ့်မယ်။ ဗုဒ္ဓသာသနာလှေကြီး ပေါက်နေတယ်ဆိုတာ သိရင် ဗုဒ္ဓဘာသာဝင်တိုင်း ဝိုင်းဝန်းဖာထေးရမယ်။ မဖာရင် ပြင်ပအယူဝါဒရှင်တွေရဲ့ ရေတွေဝင်ပြီး မြုပ်လိမ့်မယ်။ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ အသက်မထွက်ရလေအောင် ဗုဒ္ဓဘာသာဝင်တွေရဲ့ ကိုယ်ထဲမှာ နှလုံးသားထဲမှာ ဗုဒ္ဓယဉ်ကျေးမှုသွေးတွေ အမြဲတန်းလည်ပတ်နေဖို့ လိုအပ်တယ်။ ဗုဒ္ဓယဉ်ကျေးမှုသွေးတွေ မအေးခဲစေဘဲ နွေးနွေးထွေးထွေးရှိနေဖို့ လိုအပ်တယ်။ ကလေးတွေကိုငယ်စဉ်ကပဲ ဗုဒ္ဓယဉ်ကျေးမှုနို့ချို ဗုဒ္ဓယဉ်ကျေးမှုအာဟာရတွေကို တန်သလောက် တန်သလောက် တိုက်ကျွေးပေးရတယ်။ ဘာသာရေး နို့မျက်နေတဲ့ ဘာသာရေးအားမရှိတဲ့ ကလေးတွေကို ဘာသာခြားတွေက သိမ်းသွင်းဆွဲဆောင်ရင် ကောက်ကောက်ပါသွားတတ်တယ်။ ဗုဒ္ဓဘာသာဝင် မိခင်ဖခင်တိုင်းဟာ သားစဉ်မြေးဆက် ဗုဒ္ဓသာသနာအငွေ့ဓာတ် အလေ့ဓာတ် အတွေ့ဓာတ်တွေ ပေးနိုင်အောင် ကြိုးစားကြရမယ်။ ကြိုးစားလို့ ပေးနိုင်မည်ဆိုရင် ရွှေ ငွေ စတဲ့ ရတနာတွေကိုရလို့ ဝမ်းသာကြည်နူးရတာက များစွာသာလွန်ပါတယ်။ မိသားစုလည်း အကျိုးများ သာသနာတော်အတွက်လည်း အကျိုးများ နိုင်ငံတော်အတွက်လည်း အကျိုးများစေနိုင်တဲ့ သားသမီးတွေးကို မွေးပေးလိုတဲ့ မိဘတွေဟာ ရှေးဦးစွာ မိမိကိုယ်တိုင် ဗုဒ္ဓအဆုံးအမဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာအကျင့်တွေကို လက်တွေ့ကျင့်သုံးထားကြရမယ်။ ဗုဒ္ဓယဉ်ကျေးမှု အငွေ့ဓာတ် အလေ့ဓာတ် အတွေ့ဓာတ်ပါရှိတဲ့ မျိုးဆက်သစ်ကောင်းတစ်ခု ဖြစ်ထွန်းလာအောင် ကြိုးစားကြဖို့ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိတယ်။ အမေရယ် အဖေရယ် သားရယ် သမီးရယ်မိသားစုထမင်းဝိုင်းမှာ သမီးက အထိုင်မတတ်လို့ အမြင်မတော်ဖြစ်နေတော့ အဖေက “ကဲ တို့သားအဖတွေပြင်ထိုင်ကြစို့” လို့ပြောတဲ့အခါ သမီးဖြစ်သူက “အဖေကျမ ကော ပါသေးလား” လို့ မေးတော့ အဖေဖြစ်သူက “သမီးအရေးအကြီးဆုံးပဲ” လို့ပြောသတဲ့။ အဲဒါကြောင့် ဗုဒ္ဓသာသနာသွေးနွေးအောင် ပြင်ကြတဲ့နေရာမှာ “ကျနော်ပါသေးသလား ကျမပါသေးသလား မမေးနဲ့” ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင်မှန်သမျှ ပြင်ထိုင်ဖို့ လိုနေကြတယ်။ ရှေးဦးစွာ တစ်ကိုယ်ရည်သာသနာပြည့်စုံဖို့လိုတယ် ပြီးတော့ လက်လှမ်းမီရာမှာ သာသနာလက်ဆင့်ကမ်း ရတယ်။ (ရွှေတောင်ကုန်းဆရာတော်ဘုရားကြီး) ဆရာတော်အရှင်တိလောကာဘိဝံသ (အင်းစိန်) ၏ နိုင်ငံ့သစ္စာစောင့်သိသူ စာအုပ်မှ ကောက်နှုတ်ရေးသားသည်

လူယုတ်နဲ့လူမြတ် ခွဲခြားနည်း ***** ******* ***** *** လူယုတ်နဲ့လူမြတ်ကို ဘာနဲ့ခွဲ..

လူယုတ်နဲ့လူမြတ် ခွဲခြားနည်း
***** ******* ***** ***

လူယုတ်နဲ့လူမြတ်ကို ဘာနဲ့ခွဲမလဲ။
အကျင့်နဲ့ ခွဲမယ်။
အမျိုးနဲ့ မဆိုင်ဘူး။
ဇာတ်နဲ့မဆိုင်ဘူး။
မွေးဖွားခြင်းနဲ့ မဆိုင်ဘူး။

ရွှေနန်းတော် ကြီးထဲမှာ ရွှေပလ္လင်ကြီးပေါ်မှာ
နေ ပေ မယ့်
လူမြတ်ကျင့်စဉ် ကျင့်မှ
သူဟာ လူမြတ်။
သစ်ပင်အောက်၊ တဲကုပ်ထဲမှာနေပြီးတော့
လူမြတ်ကျင့်စဉ်ကို ကျင့်ရင်လည်း
သူလည်း လူမြတ်ပဲ။

ရွှေပလ္လင်ကြီးပေါ်မှာ
ရွှေနန်းတော်ကြီးထဲမှာ
လူယုတ်မာကျင့်စဉ်တွေကို ကျင့်နေလို့ရှိရင်
တစ်ကိုယ်လုံး ရွှေရည်တွေ သွန်းထားပေမယ့်
သူလည်း
လူယုတ်ပဲ မဟုတ်လား။

သစ်ပင်အောက်နေပြီးတော့ လမ်းတကာမှာ
လူတကာ ပေးတာလေး တောင်းရမ်းစား
သောက်နေပေမယ့်
လူမြတ်ကျင့်စဉ်ကို ကျင့်နေနိုင်ရင်
သူ
လူမြတ်ဖြစ်တာပဲ။

လူမြတ်က လူသားထုအကျိုးပြုမယ့်အရာတွေ
ကိုပဲ စိုက်ပျိုးတယ်။
လူယုတ်ကတော့. . . . .

သီတဂူဆရာတော်ဘုရားကြီး(အရှင်ဉာဏိဿရ)

(Credit to ကိုနိုင်ဦး

Saturday, December 27, 2014

MPT သုံးစွဲသူမိဘပြည်သူများသို့ အသိပေးပန်ကြားချက်

မိဘပြည်သူများ အဆင်ပြေချောမွေ့စွာ ပြောဆိုဆက်သွယ်နိုင်ရန်အတွက် MPT ၏ မိုဘိုင်း ဆက်သွယ်ရေးကွန်ရက်နှင့် ဝန်ဆောင်မှုများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်မည် ဖြစ်ပါသောကြောင့် GSM/ WCDMA သုံးစွဲသူများ အနေနှင့်

၁) ဖုန်းငွေဖြည့်ကတ်ထည့်သွင်းခြင်း
၂) စာတိုပေးပို့ခြင်း
၃) မိုဘိုင်း အင်တာနက်အသုံးပြုခြင်း
၎) ငွေလက်ကျန်စစ်ဆေးခြင်း
၅) SIM ကတ် အသစ်ဝန်ဆောင်မှုလျှောက်ထားခြင်း ၊ အင်တာနက် ဝန်ဆောင်မှုလျှောက်ထားခြင်း ဝန်ဆောင်မှုများအသုံးပြုရာတွင် ဖေါ်ပြပါအချိန်များတွင် အခက်အခဲအနည်းငယ်ရှိနိုင်ကြောင်းကို လေးစားစွာ အသိပေးအပ်ပါတယ်ခင်ဗျာ။

၂၈.၁၂.၂၀၁၄ (ည ၁၂ နာရီ မှ မနက် ၁ နာရီ အထိ)
၃၁.၁၂.၂၀၁၄ (မနက် ၃ နာရီခွဲ မှ မနက် ၅ နာရီခွဲ အထိ)
၅.၁.၂၀၁၅ (မနက် ၃ နာရီခွဲ မှ မနက် ၄ နာရီခွဲ အထိ)

Friday, December 26, 2014

သီတဂူဆရာတော်၏ တရားပွဲ အောင်မြင်စွာပြီးစီ

မော်လူးမြို့ရဲ့သီတဂူအလှူပွဲ
ဓမ္မပူဇာအလှူငွေ ၁၃၃ သိန်းကျပ်ဖြင့်
အောင်မြင်စွာလှူဒါန်းနိုင်ခဲ့ပါပြီ


ပဌာန်းပွဲစပြီ

၁၃၇၆ခုနှစ် ကိုးတိုက်နယ်မော်လူးမြို့၏အထင်ကရဒီပင်္ကရာမြတ်ဘုရားရှင်၏၃၆ကြိမ်မြှောက်မဟာဗုဒ္ဓဝင်နှင့်မဟာမြတ်ပဌာန်းပူဇော်ပွဲစတင်

Thursday, December 25, 2014

One Candle စေတနာရှင်လူငယ်များအဖွဲ့ စာရေးကိရိယာ အလှူခရီးစဉ် (၅)


နံနက်ခင်းသည် မိုးတိမ်တို့ဖြင့် မှုန်မှိုင်းလျှက် ရွာမည့်ဟန်ပြင်နေသည့်
မိုးကြောင့် မရွာပါစေနှင့်ဟုသာ ဆုတောင်းရင်း ယူသွားရမည့်
စာရေးကိရိယာလေးများကို ပြင်ဆင်နေမိသည်။ နံနက် ၈ နာရီခွဲတော့ အဖွဲ့ဝင်တွေ
ရောက်လာပြီး ပစ္စည်းများကို ဆိုင်ကယ်ဖြင့် တင်ဆောင်သွားကြသည်။ ယနေ့
၃.၇.၂၀၁၄ ရက်တွင် စာရေးကိရိယာများ သွားရောက်လှူဒါန်းကြမည့် ကျောင်းလေးမှာ
နားခွင်းကျင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းလေးသို့ ဖြစ်သည်။
နားခွင်းကျင်ကျေးရွာမှာ မော်လူးနှင့် မဝေးသည့် ရွာလေးတစ်ရွာပင်။ မော်လူး၏
အရှေ့တောင်ဘက်တွင် တည်ရှိနေသည့် ရွာကလေးဖြစ်သည်။
နားခွင်းကျင်ဆိုသည့်အမည်မှာ ရှမ်းအမည်မှ ဆင်းသက်လာသည့်အမည်နာမဖြစ်ကြောင်း
စိုက်ပျိုးရေးလုပ်ကိုင်ရန်အကွက်အကွင်းကောင်းသည့်နေရာ ရေပေါသည့်နေရာဟု
အဓိပ္ပါယ်ရကြောင်း ရွာခံ ရှေ့မှီနောက်မှီ လူကြီးတစ်ဦးမှ ပြောပြသည်ကို
မှတ်သားရသည်။ မော်လူးမှ ရွှေဘို - မြစ်ကြီးနား
မော်တော်ကားလမ်းမကြီးအတိုင်း ရွှေဘိုဘက်သို့သွားရာမှ
မော်လူး-စီးမော်ရွာနှစ်ရွာကို ကျော်ပြီးလျှင် ညောင်ပင်သာကျေးရွာသို့
ရောက်သည်။ မော်တော်ကားလမ်းမကြီးမှ ညောင်ပင်သာကျေးရွာလေးထဲသို့
ဖဲ့ဆင်းလိုက်ပြီး ညောင်ပင်သာကျေးရွာအရှေ့ဘက်သို့ ဆက်သွားလိုက်လျှင်
ညောင်ပင်သာကျေးရွာနှင့် နားခွင်းကျင်ကျေးရွာ ဆက်သွယ်ပေးထားသည့်
မေတ္တာပေါင်းကူးတံတားအမည်ရ ချောင်းကူးတံတားတွေ့ရပေမည်။ ၄င်းတံတားကို
ဖြတ်ကျော်ပြီးသည်နှင့် နားခွင်းကျင်ကျေးရွာ အခြေခံပညာ
မူလတန်းကျောင်းလေးသို့ ရောက်ပါပြီ။ ကျောင်းမြေနေရာမှာ ၂
ဧကခန့်ကျယ်ဝန်းပေမည်။ ကျောင်းရှေ့အဝင်ဝတွင် ကုက္ကိုပင်ကြီးတစ်ပင်ရှိပြီး
ကျောင်းဆောင်လေးမှာ သွပ်မိုး ပျဉ်ခင်း ပျဉ်ကာ ခြေတံရှည်
တစ်ထပ်အဆောက်အဦးဖြစ်သည်။ ကျနော်တို့အဖွဲ့ ကျောင်းလေးသို့ရောက်တော့
ကျောင်းတက်နေပေပြီ။ ဆိုင်ကယ်ပေါ်မှ အထုပ်အပိုးများကို ယူပြီး
ကျောင်းဝင်းအတွင်းသို့ ဝင်လာကြတော့ ကလေးတွေ ပြတင်းပေါက်၊
တံခါးပေါက်များမှ ခေါင်းများပြူထွက်လာကာ "ဟေးးးးစာအုပ်လာဝေတာကွ…"ဟု
အော်သံများကို ကြားရသည်။
သူတို့လေးတွေပင် ကျနော်တို့အဖွဲ့သားတွေကို မှတ်မိနေကြချေပြီ။
ဟုတ်ပေလိမ့်မည်… ဒီကျောင်းလေးကို လာလှူဖြစ်တာ လေးနှစ်ရှိခဲ့ပြီပဲ….။
အချိန်တွေဟာ ဘာမှမကြာပဲ ကုန်ဆုံးနေလိုက်ကြတာ….။ ဒါကြောင့် ပြောကြတာပေါ့…
ဘဝဆိုတာ တိုတိုလေးပါတဲ့…။သမုဒ္ဒရာထက် ခဏတက်သည့် ရေပွက်ပမာ ဆိုတဲ့
စကားမျိုးတွေပေါ့…။ ကျနော်တို့အဖွဲ့ကျောင်းဆောင်လေးပေါ်ရောက်တော့
ဆရာမလေးတွေက ရုံးခန်းကို ဖိတ်ခေါ်ပြီး နေရာချပေးပါတယ်။ ကျနော်က
ကျောင်းသူ/သားအရေအတွက်ကိုမေးပြီး လှူဒါန်းမဲ့ ပစ္စည်းစာရင်းတွေကိုတွက်ချက်
အလှူမှတ်တမ်းစာရွက်လေးပေါ်မှာ မှတ်တမ်းရေးနေတုန်း ဆရာမလေးတစ်ယောက်က
ကျောင်းအုပ်ဆရာကြီးရောက်လာမှ လှူဒါန်းမှုကို စဖို့ပြောလာတာမို့
ကျနော်တို့တွေလည်း ဆရာကြီးအလာကို စောင့်ရင်း စကားစမြည်ပြောနေကြတာပေါ့။
ရပ်မိရပ်ဖများ ကျောင်းလေးကို ရောက်လာပြီး ကျနော်တို့အဖွဲ့နဲ့
စကားပြောဖြစ်တော့ ပြဿနာတစ်ခုထွက်လာပါတယ်…။ သူတို့တွေ
လုပ်ကိုင်စားသောက်နေကြတဲ့ လယ်ယာမြေတွေ
သစ်တောဧရိယာထဲပါသွားတဲ့အကြောင်းပေါ့။ ကူညီနိုင်ရင် ကူညီပေးကြဖို့
ပြောလာလို့ ကျနော်ရင်လေးစွာနဲ့ သူတို့ကိုပြောဖြစ်တာက "ကျနော်တို့က
ဘာအဆင့် ဘာရာထူးမှ ရှိတဲ့လူတွေ မဟုတ်ဘူးခင်ဗျ…. အခုလိုလာလှူတာကလည်း
သူများလှူတဲ့ပစ္စည်းတွေကို အလှူခံတွေ လက်ထဲရောက်အောင်လာပို့ပေးတာပါ။
ဒီလယ်မြေတွေပြန်ရဖို့ ဦးကြီးတို့ ဦးလေးတို့ကိုယ်တိုင် လုပ်ဆောင်ကြမှသာ
အဆင်ပြေနိုင်မှာပါ။ တကယ်တမ်းပြောရရင် ဒီဒေသမှာ တာဝန်ကျတဲ့ သစ်တောဝန်ထမ်းက
အလုပ်မလုပ်လို့ ဖြစ်ပါလိမ့်မယ်။" ဟု ပြန်ပြောပေးနိုင်ပါတယ်။
မြန်မာပြည်ကြီးမှာလည်း ကျေးဇူးရှင် တောင်သူဦးကြီးများလို့ စာထဲမှာရေး
ပါးစပ်ကပြောနေကြပေမယ့် လက်တွေ့မှာတော့ တောင်သူဦးကြီးတွေကတော့ လယ်သိမ်း၊
ယာသိမ်းတွေခံရ ဖမ်းဆီးခံရနဲ့ရယ်ပါ။ ဒါကြောင့်လည်း အရင်က
ကျနော်တို့လယ်နားက လယ်သမားအစ်ကိုတစ်ယောက်ပြောတာ အမှတ်ရမိသား….
"ဟေ့ကောင်…. တောင်သူ…တောင်သူလို့ ဘာကြောင့် ခေါ်သလဲ သိလားကွ…. ဟိုးးးးး
အရှေ့ဘက်က တောင်တန်းကြီးကိုကြည့် နေပူတော့လည်း နေပူဒဏ်ကိုခံ…
မိုးရွာတော့လည်း မိုးဒဏ်ကိုခံ…. အဲ့လိုပဲ ငါတို့လည်း နေပူဒဏ်ခံ၊
မိုးရွာဒဏ်ခံပြီး လုပ်ကိုင်နေကြရတာ မဟုတ်လား… ငါတို့တွေက
အဲ့ဒီတောင်ကြီးတွေနဲ့ တူလို့ တောင်သူလို့ ခေါ်တာကွ"..ဆိုပဲ။
စိတ်မကောင်းခြင်းများစွာဖြစ်မိပါသော်လည်း ဘာမှ လုပ်မပေးနိုင်
အခြေအနေမဟုတ်ပါလား။ နံနက် ၉ နာရီကျော်တော့ ကျောင်းအုပ်ဆရာကြီး
ရောက်လာပေပြီ။ "မင်းတို့ကလည်းကွာ… ဒီနေ့ အဖြူအစိမ်း မဝတ်လာတဲ့နေ့မှ
လာလှူကြရတယ်လို့.. ဒီနေ့ ငါက အင်းတော်အစည်းအဝေးသွားစရာရှိလို့
ကျောင်းခဏဝင်ပြီး သွားရမှာမို့ မဝတ်လာတာ…. ကျေးဇူးတင်ပါကွာ…
ဒီလိုလာလှူပေးတဲ့အတွက်…" ဟု ကျနော်တို့အဖွဲ့အား
ကျေးဇူးတင်စကားပြောပါတော့တယ်။ ကျွန်တော်တို့လည်း မြေဖြူ၊ မင်နီ၊
သင်ပုန်းဖျက်စတဲ့ ကျောင်းအသုံးအဆောင်လေးတွေကို ဆရာမလေးတွေကို ပေးလှူ
မှတ်တမ်းဓာတ်ပုံရိုက်… ဆက်ပြီး ကလေးတွေကို စာရေးကိရိယာလေးတွေ
ပေးဝေပါတော့တယ်။ ကလေးတွေကတော့ စာအုပ်လေးတွေ၊ ခဲတံလေးတွေ၊ ပေတံ၊
ခဲဖျက်လေးတွေကိုင်ကြည့်ပြီး ပြုံးလိုပျော်လိုပေါ့။
ကျနော့်သူငယ်ချင်းတစ်ယောက်က ပြောဘူးပါတယ်။ "မင်းသွားလှူတဲ့
ကျောင်းလေးတွေက ကလေးတွေက ဘယ်အတန်းထိရောက်မှာမို့လဲ…. မင်းလှူတာတွေက
ဘယ်လောက်အထိ ထိရောက်နိုင်မှာမို့လဲ…"ဟု မေးဘူးပြောဘူးပါသည်။
ကျနော့်အဖြေကတော့ ရှင်းရှင်းလေးပင်…"ငါလှူရတဲ့ ရည်ရွယ်ချက်က ဒီကလေးတွေ
မဖြစ်မနေ ပညာတတ်ကြီးဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်မဟုတ်ဘူးကွ…. ငါတို့
လာလှူတာလေးတွေကို သူတို့ စိတ်ထဲမှာကြည်နူးမိမယ်။ အမှတ်တရအဖြစ်ကျန်ခဲ့မယ်။
နောင်တစ်ချိန်အရွယ်ရောက်လာရင် ငါတို့ငယ်ငယ်က စာရေးကိရိယာလေးတွေကို
လူကြီးတွေက လာလှူပေးကြတော့ ငါတို့မှာ ပျော်လိုက်ရတာ.. အခုငါတို့
လူကြီးဖြစ်လာတဲ့ အချိန်မှာ ကလေးတွေကို စာရေးကိရိယာလေးတွေ
လှူပေးရရင်ကောင်းမှာပဲဆိုတဲ့ အတွေးလေး ဝင်သွားပြီး ငါတို့လောက်မက
လှူနိုင်တဲ့ ငါတို့ထက်ပိုပြီး ပရဟိတလုပ်နိုင်တဲ့ သူတွေ
ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူကများ အတတ်ပြောနိုင်မှာလဲ…."ဟုသာ ပြန်ပြောမိ
ပြန်ဖြေမိပါသည်။ ဆရာမ ဒေါ်သန်းမြင့်အောင် စာပေဟောပြောပွဲမှာ ပြောဘူးတဲ့
စကားလေးကိုလည်း အမှတ်ရမိပါတယ်…. "ပရဟိတလုပ်တယ်ဆိုတာ ငွေကြေးအများကြီးနဲ့
အခြားသူတွေကို ကူညီနိုင်မှ ပရဟိတလို့ခေါ်တာမဟုတ်ဘူး။
စကားလေးတစ်ခွန်းနဲ့လည်း ပရဟိတဖြစ်တာ လုပ်လို့ရတာတွေ ရှိပါတယ်"ဟု
ပြောဘူးတာလေး မှတ်မိပါတယ်။ နောက်တစ်ချက်က ကျနော်အမြဲပြောလေ့ရေးလေ့ရှိတဲ့
ဆရာကြီး ဦးအောင်သင်းရေးဘူးပြောဘူးတဲ့ စာ၊ စကားလေးပါ… "
ဘုရားကိုရွှေမချနဲ့၊ လူငယ်တွေကို ရွှေချပါ"ဆိုတဲ့ စကားလေးပါ။ ပြီးတော့
ရန်ကုန်၊ မန္တလေးက ကျနော့် သူငယ်ချင်းတွေ ပြောတဲ့ သုံးတဲ့ စကားလေးကတော့ "
လူပင်လေးတွေ စိုက်ရအောင်"ဆိုပဲ….။
ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေပျော်နေတာ ကြည်နူးနေတာတွေမြင်ရတော့
ကိုယ်တိုင်လည်း ပျော်ရွှင်မိ၊ ကြည်နူးမိတာပါပဲလေ။ နားခွင်းကျင်ကျေးရွာ
မူလတန်းကျောင်းလေးမှာ ကျောင်းသား/သူ စုစုပေါင်း ၆၉ ဦးရှိနေတာမို့
ဥသျှစ်ကုန်းကျေးရွာ မူလတန်းကျောင်းလေးက ကျောင်းသား/သူ အရေအတွက်နဲ့
တူနေတာကိုလည်း သတိရမိပါရဲ့။ ကလေးတွေကို စာရေးကိရိယာလေးတွေ ဝေပေးပြီးတော့
ကျောင်းအုပ်ဆရာကြီး၊ ဆရာမလေးများ၊ ကျောင်းသူ/သားလေးများ၊
ရပ်မိရပ်ဖများနဲ့ ကျနော်တို့ အဖွဲ့ဝင်တွေ ကျောင်းလေးရှေ့မှာ အမှတ်တရ
ဓာတ်ပုံလေးတွေရိုက်ဖြစ်ကြပါတယ်။ ပြီးတော့ ကျနော်
အလှူမှတ်တမ်းစာရင်းလေးတစ်စောင်ကို ကျောင်းအုပ်ဆရာကြီးကို ပေးအပ်ပြီး
အားလုံးကိုနှုတ်ဆက်ကာ ပြန်ထွက်လာကြတော့ နံနက် ၁၁ နာရီထိုးပြီးချေပြီ။
ကျောင်းလေးရဲ့ ဝင်ပေါက်နားရောက်တော့ ကျနော့်အဖွဲ့ဝင်တွေက
"ကဲ…ဘယ်ရက်ကို….အနောက်ဘက်ရွာတွေကို ခရီးဆက်ကြမလဲ.."ဟူသောမေးခွန်းဖြင့်
ကျနော့်အား မေးမြန်းရင်း….ရှေ့ခရီးစဉ်များအတွက် တိုင်ပင်ရင်းဖြင့် ....

လေးဖြူ / အငဲ့ ....

ကျွန်တော် ကျောင်းတက်တဲ့ အချိန်တုန်းက သူငယ်ချင်းတစ်ယောက်ရဲ့ စကားတွေကိုပဲ သွားပြီး သတိရမိပါသည်။ သူ့နာမည်က " စိုင်းမင်းခန့်" လို့ခေါ်ပါတယ်။ ကျွန်တော်တို့ အပေါင်းအသင်းတွေကတော့ သူ့ကို " ငစိုင်း"လို့ပဲ ခေါ်ကြတာပါ ။ သူက ကျွန်တော့်ကို မောင်မောင်  မင်း ဒီနှစ်နွေ ကျောင်းပိတ်ရင် ငါတို့ရွာ အလည်လိုက်ခဲ့ပါလားလို့ ဖိတ်ခေါ်ပါသည်။ မင်းအတွက် ဘာမှ ပျင်းစရာမရှိပါဘူးကွာ ။ တကယ်လို့ ပျင်းခဲ့ရင် လေးဖြူ  နဲ့ အငဲ့ တို့လည်းရှိသားပဲလို့ ပျော်ရွှင်စရားလေးတွေကို ကြော်ငြာလုပ်ပါတယ် ။ ကျွန်တော်ကလည်း လေးဖြူ  နဲ့အငဲ့ ဆိုတဲ့ အဆိုတော်ရဲ့ နာမည်လေး ကြားလိုက်တော့ နဂိုကမှ သူတို့ရဲ့ သီချင်းတွေကို ကြိုက်နေသူမို့ ဘယ်စီးရီးတွေ ရှိလဲလို့ ပြန်ပြီးမေးလိုက်ပါသည် ။ ဒါနဲ့ သူငယ်ချင်း " ငစိုင်း " က ဟေ့ ကောင်  မောင်မောင် အဆိုတော် လေးဖြူနဲ့အငဲ့တို့ကို ပြောနေတာမဟုတ်ဘူးကွ။ ဒါဆို မင်းက ဘာကိုပြောနေတာလဲလို့ ကျွန်တော် ပြန်ပြီးမေးလိုက်ပါသည်။ သူငယ်ချင်း " ငစိုင်း" က လက်လေးချောင်းကို အမူအရာနဲ့ ထောင်ပြပါတယ်။ " ဖိုး" ဆိုတဲ့ မူးယစ်ဆေးကို ပြောတယ်ဆိုတာ ကျွန်တော် သိလိုက်ပါသည်။ အငဲ့ဆိုတာကောလို့ ပြန်မေးလိုက်တော့ လက်မကို ထောင်ပြီး အောက်သို့စိုက်ကာ အမူအရာနဲ့ပဲ ပြပါတယ်။ အရက် ကို ဆိုလိုတာကို ထပ်ပြီး သိလိုက်ရပါသည်။ အဲ့ဒီအချိန်မှာပဲ သူငယ်ချင်း " ငစိုင်း" ပြောတဲ့ စကားဝှက်လေးကို တွေးပြီး သဘောကျမိပါသည်။ " ဖိုး"ဆိုတာ " လေး "ဟု အဓိပ္ပါရတာရယ် အရောင်အရည်အသွေးက ဖြူ  တာရယ်ပေါင်းပြီး လေးဖြူ ဟုတင်စားလိုက်ဟန်တူပါသည်။ နောက် " အရက် " ကိုလည်း ပုလင်း အောက်သို့ စောင်းပြီး ငဲ့ရလို သူငယ်ချင်း " ငစိုင်း' ကတော့အငဲ့လို့ တင်စားလိုက်ဟန်တူပါသည်။ ကျွန်တော်ကတော့ " ဖိုး " ဆိုတာကို အပြင်မှာ မမြင်ဖူးပါဘူး။ ဗွီဒီယိုဇာတ်ကားထဲ လူဆိုးတွေ မှောင်ခိုပစ္စည်းရောင်းဝယ်တဲ့ ဇာတ်ဝင်ခန်းမှာလောက်သာ မြင်ဖူးတာပါ။ နွေရာသီ ကျောင်းပိတ်ရက်သို့ ရောက်သော်လည်း သူငယ်ချင်း " ငစိုင်း"ခေါ်သော ရွာသို့ ကျွန်တော် မလိုက်သွားဖြစ်ခဲ့ပါဘူး။ ကျောင်းမပိတ်ခင် ကျွန်တော့် မိဘများက  အိမ်မှာ အလုပ်ကြပ်တယ်ဆိုပြီး ကြိုအကြောင်းကြားထားခဲ့လို့ပါ။ ဒါကြောင့် ကျွန်တော့် မိဘများရှိရာ ရွာကိုသာ ပြန်လာခဲ့ပါတယ်။ ရွာထဲမှာ ကျွန်တော့် အကိုတစ်ယောက်လို ခင်မင်ရင်းနှီးနေတဲ့ ကိုနီဆိုတဲ့ သူရှိပါတယ် ။ သူက နာမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ယောက်ပါ။ တစ်နေ့မှာ အကိုနီက ကျွန်တော့်ကို ငါအသင်းအတွက် မြို့ကို ကားပစ္စည်းဝယ်သွားအုံးမယ် ။ မင်း အားရင် ဘူတာလိုက်ပို့အုံးလို့ အကူညီတောင်းပါသည်။ ကျွန်တော်က အားပါတယ် အကို ကျွန်တော် လိုက်ပို့ပေးမယ်လို့ ပြန်ပြောလိုက်ပါသည် ။ နေ့ ( ၂ ) နာရီထိုးတော့ ကျွန်တော် ဆိုင်ကယ်မောင်းပြီး ဘူတာသို့ လိုက်ပို့ပေးပါတယ်။  ကျွန်တော်နဲ့ မတွေ့တာ အတော်ကြာနေသော ကျောင်းနေဘက် သူငယ်ချင်း " ရှိုင်း " တစ်ယောက်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရပါသည်။ ကျွန်တော်ကပဲ စပြီး ဘယ်ကိုသွားမလို့လဲဟု လှမ်းပြီးနှုတ်ဆက်လိုက်ပါတယ်။ အေး  ငါဆေးခန်းပြဖို့ မြို့သွားမယ်လို့ကွာ။ ဆိုင်ကယ် အက်စီးဒင်းဖြစ်ပြီး ရင်ဘတ်ကို ဝင်ဆောင့်မိသွားတယ်။ အခုထက်ထိ ဘာမှမစားနိုင်ဘူးကွာ ။ တအားလည်း အောင့်နေတာပဲလို့ ပြန်ပြီးပြောပြနေပါတယ်။ သူငယ်ချင်း " ရှိုင်း" ခင်ဗျာ မျက်နှာလေးဖြူ  ဖတ်ဖတ် အားအင်ခပ်နဲ့နဲ့ ခံစားနေရတဲ့ ဝေဒနာကို မြင်ပြီး ကျွန်တော့် ရင်ထဲ စိတ်မကောင်းဖြစ်မိပါသည်။ ငယ်ငယ်က ရုပ်ရည်သန့်သန့် သူငယ်ချင်းတစ်ယောက် လူသားတိုင်း မနှစ်သက်သော ဒဏ်ရာဝေဒနာနဲ့ ပေါင်းသင်းနေထိုင်နေရတော့ မျက်နှာက ဘယ်ကြည်လင်သန့်ရှင်းနိုင်တော့မှာလဲ။ ဟိုရောက်ပြီး ဆရာဝန်နဲ့ တွေ့ရင်ကောင်းသွားမှာပါ။ အနာရှိရင် ဆေးရှိပါတယ်ကွာ။ ဘာမှ အားမငယ်ပါနဲ့နော်။  မင်းကို လိုက်ပို့ပေးမယ့် မင်းရဲ့ လေးလေးနဲ့ညီမတွေက မင်းကို ဂရုစိုက်မှာပါ။ ကောင်းသွားပြီး မြို့က ပြန်လာရင်လည်း ဆိုင်ကယ်ကို သေချာစီးပါလို့ ကျွန်တော် အားပေးစကားပြောလိုက်ပါသည်။  ရထားထွက်ချိန် နီးနေပြီမို့  ကျွန်တော်လည်း အကိုနီကို ရထားတင်ပေးပြီး ဘူတာမှ ရွာသို့ ပြန်လာခဲ့ပါသည်။  ကျွန်တော်လည်း ရွာမှာ ရက်အနည်းငယ်သာနေခဲ့ပါသည်။ ကျောင်းဖွင့်ဖို့ နှစ်ရက် သုံးရက်သာ လိုတော့တာမို့ အိမ်မှာ ယူစရာလေးတွေထည့် ပြင်ဆင်ကာ နောက်တစ်နေ့ မြို့သို ကျောင်းတက်ရန်ပြန်သွားလိုက်ပါသည်။ မကြာလိုက်ပါဘူး ။ ရွာက သူငယ်ချင်းတစ်ယောက် ဖုန်းဆက်ခဲ့လို့ " ရှိုင်း " တစ်ယောက်ဆုံးသွားပြီဆိုတာ ကြားလိုက်ရပါတယ်။ ကျွန်တော်က ဆိုင်ကယ်အက်စီးဒင်း ဒဏ်ရာကြောင့်ထင်လိုက်မိပါသည် ။ ပြန်မေးလိုက်တော့ မဟုတ်ဘူးတဲ့။ " ဖိုး" နဲ့ ချော့ဖြစ်ပြီး ဆုံးသွားတာ။ အရက်လည်း သောက်တယ်လို့ အကြောင်းစုံကို သိလိုက်ရပါသည်။ သြော်းးးးးးးသူငယ်ချင်း " ရှိုင်း " တစ်ယောက် မူးယစ်ဆေးနဲ့ ဘဝတစ်ခုရဲ့ အသက်တစ်ချောင်းကို သူ စတေးလိုက်ပြီ။ သူ့ဘဝရဲ့ သမိုင်းကို မကောင်းမှု အမည်းစက်တွေနဲ့ သူရေးထိုးလိုက်တာပဲလို့ ကျန်တော် စိတ်မကောင်းစွာ တွေးလိုက်မိသည်။ သူငယ်ချင်း " ငစိုင်း " ပြောတဲ့ လေးဖြူ နဲ့အငဲ့ပါလား ။ ကျွန်တော် အတွေးတစ်ခု ဝင်လာမိပါသည်။ သူငယ်ချင်း " ရှိုင်း " တစ်ယောက် ပရိသတ်တွေ ခံစားအားပေးနေတဲ့ အဆိုတော် လေးဖြူ နဲ့အငဲ့တို့ကိုသာ ခံစားအားပေးခဲ့မယ်ဆိုရင်  သူ့ရဲ့ အသက်ယနေ့အချိန်ထိ ရှင်သန်နေအုံးမယ်ဆိုတာ ကျွန်တော် ယုံကြည်နေမိပါသည်။  အခုတော့ ပရိသတ်အားပေးမှုကိုမရ ဥပဒေနဲ့လည်း မလွှတ်ကင်း ခိုးကြောင် ခိုးဝှက် ခံစားအားပေးရတဲ့ လေးဖြူ နဲ့ အငဲ့တို့ကို  ခံစားအားပေးလိုက်လို့ သူငယ်ချင်း  " ရှိုင်း " တစ်ယောက်အသက်ဆုံးရှုံးသွားခဲ့ရှာလေပြီ ။ ကျွန်တော့် သူငယ်ချင်း " ငစိုင်း " ပြောတဲ့ လေးဖြူ နဲ့ အငဲ့တို့ကို အားမပေးသင့်ပါဘူး ။ တကယ်ဝါသနာပါရင် ပရိသတ်တွေရဲ့ အားပေးမှု ကို ရသော စင်မြင့်ပေါ်က အဆိုတော် " လေးဖြူ နဲ့ အငဲ့ " တို့ကို သာ ကျွန်တော်တို့ ခံစားအားပေးကြရင်းးးးးးးးး
ရေးသားသူ - ပူပူ

Monday, December 22, 2014

ပန်းနိဂုံး

ပန်းနိဂုံး


ဖူးဝေကာပွင့်လန်းနေတဲ့
ဆူးနဲ့နှင်းဆီ
ဆူးချွေကာ ပန်မဖြစ်ရင်လည်း
ထားခဲ့တော့သခင်ရယ်
ချွေတဲ့သည်ဆူး
သခင်စူး
ရူးခဲ့ပြီလား
မပန်ဖြစ်ရင်လည်း
ချန်ရစ်ကာထားခဲ့ပါတော့
ပန်းဘဝမှာ သခင်မရှိ
လန်းရမှာအခြေမတင့်သော်လည်း
နွမ်းလျဖြေမရွှင်
သခင်မသိ
မတမ်းတချင်သော်လည်း
လွမ်းပါရစေသခင်

{ နားမလည်နိုင်သော ပုစ္ဆာ }


     ဒီဇင်ဘာ  11  နေ့ကပေါ့ဗျာ
သွားရေးလာရေးခက်ခဲလို့  ဆိုင်ကယ်ဖွတ်ကျားလေးဝယ်ထားမိကာမှ
ကျားဆွဲခံလိုက်ရတယ်ဗျာ    အဲ  ကျုပ်တယောက်ထဲတော့မဟုပ်ဘူးဗျ အဆွဲ
ခံလိုက်ရတာမှလှောင်အိမ်ထဲအစုလိုက်သွင်း
ပြီး ကျားခံတွင်းထဲဝင်လိုက်ရသလိုပဲဗျာ
ဘယ့်နှယ်ဗျာ  ရိုးရိုးသားသား လိုင်စင်သွားလုပ်ခါမှ ဒဏ်ကြေးတဲ့ဗျာ
ဒီလိုလဲခွဲခြားထားသေးသဗျ
2010/2011/2012  ထုတ်ဆိုင်ကယ်တွေလိုင်စင်ကိုအလီလီ
ရှောင်ကွင်းပြီးစီးနင်းလာတဲ့သူတွေကျတော့
ဒဏ်ကြေးက ၉၀၀၀၀ တဲ့ဗျာ
2013/2014 ထုတ် ကြားကာလမှာဝယ်ထား
မိတဲ့ဆိုင်ကယ်တွေကျတော့ ဒဏ်ကြေးက
၁၁၁၀၀၀ တဲ့ဗျာ  ဒီကြားကာလမှာလုပ်ရအောင်ကဘယ်မှာလဲဗျာ ကညန ရုံး  ရုံးရှိပြီးလိုင်စင်မလုပ်ဖူးဆိုရင်တော့ဖမ်းပေါ့ဗျာ
အခုတော့လုပ်စရာရုံးတော့မထားဘူး
တနှစ်တကြိမ်တောင်မှန်မှန်မလုပ်ပေးပဲ
ကြားကာလလေးမှာဝယ်ထားမိသူတွေဆီ
ဒဏ်ကြေးတောင်းတာကတော့အေးဒမြတိုက်နေသလားထင်နေရတယ်
ဆိုင်ကယ်ဝင်ရာလမ်းကြော/ဆိုင်ကယ်
အရောင်းဆိုင်တွေမှာတော့အရင်မစည်းကျပ်
ပဲ မရှိဆင်းရဲပြည်သူလက်ထဲရောက်မှ ဒဏ်ကြေးတောင်းတာကတော့ ဥပဒေ နဲ့အညီလုပ်ရတာပါလို့ဘယ်လိုပဲပြောပြော
ကျုပ် တို့ကတော့မယုံဘူးဗျာ
စည်းကမ်းရှိသောဒီမိုကရေစီနိုင်ငံတော်ကြီးဆီချီတက်နေချိန်မှာ ဒီလုပ်ရပ်ကြီးကတော့
ဥပဒေနဲ့အညီပဲလုပ်နေတာလား?
ဘာလားး?   ညာလားးး?????
လားပေါင်းများစွာနဲ့ပဲ
ဒဏ်ကြေး  ၁၁၁၀၀၀
အာမခံကြေး ၁၈၀၀(၂၀၀၀ပါပဲ)
လိုင်စင်ကြေး ၃၂၅၀၀
စုစုပေါင်း ၁၄၅၅၀၀  ပေးပြီး
ပြန်ခဲ့ရတယ်ဗျာ။ ။ ။။။
(လူအချင်းချင်းလှည့်ပတ်ခြင်းကင်းဝေးကြပါစေ)
          ဖိုးရှမ်းလေး (မော်လူး)

▶ Show quoted text

Friday, December 19, 2014

လူအထင်မကြီးမှာကြောက်လို့… များသောအားဖြင့် ပစ္စည်းဥစ္စာတို့၊ ရာထူးတို့ ရှိလာတဲ့အခါ..

လူအထင်မကြီးမှာကြောက်လို့…

များသောအားဖြင့် ပစ္စည်းဥစ္စာတို့၊ ရာထူးတို့ ရှိလာတဲ့အခါမှာ လူက မာနတော်တော်ကြီးလာတယ်။ မာနကြီးလာတာကို psychic inflation လို့ခေါ်တယ်။

ဘဝင်မြင့်သွားတာတို့ မာနကြီးသွားတာတို့ ဆိုတာဟာ အတွင်းမှာ empty ဖြစ်နေတဲ့သဘောကို ထင်ဟပ်ပြတာပဲ။ empty ဖြစ်နေတဲ့ လက္ခဏာကို ပြတာပဲ။ ကိုယ့်ကိုကိုယ် တန်ဖိုးရှိတယ်လို့ တကယ်မယုံကြည်ဘဲနဲ့.. စိတ်ထဲမှာ သံသယရှိနေတဲ့သူဟာ ပြင်ပအရာတွေကို မှီပြီးတော့ အဲဒီအရာတွေအားကိုးနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတယ်လို့ ပြချင်တယ်။ အဲသလို ပြချင်တဲ့အခါမှာ မာနကြီးလာတာပဲ။

မာနကြီးတယ်ဆိုတာကိုက သူ့ကိုယ်သူ ယုံကြည်မူမရှိဘူးဆိုတာကို ပြနေတာပဲ။ ဒါတော်တော်လေး စဉ်းစားဖို့ကောင်းတဲ့ အချက်ပဲ။ မာန်မာနကြီးကြီး နေပြလိုက်တာဟာ အမှန်တော့ သူ့ရင်ထဲမှာ ကြိတ်ပြီးတော့ဖြစ်နေတဲ့ လူအထင်မကြီးမှာ ကြောက်တဲ့စိတ်ကို ဖုံးလိုက်တဲ့ လုပ်နည်းလုပ်ဟန် တစ်မျိုးဖြစ်တယ်။

စိတ်ဓါတ်အင်အား ပျော့ညံ့တဲ့သူ၊ စစ်မှန်တဲ့သတ္တိမရှိတဲ့သူဟာ သူတစ်ပါးကို အနိုင်ကျင့်ချင်တဲ့သူ (ဒုက္ခဖြစ်အောင်၊ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင် လုပ်ချင်တဲ့သူ) ဖြစ်လာတယ်။
ကိုယ့်ကိုကိုယ် အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်(အတွင်းအားမရှိတဲ့သူ)လို့ မှန်မှန်ကန်ကန် မခံစားရတဲ့သူဟာ လူကြွားကြီးဖြစ်လာတယ်။
ကြွားတာဟာ လူအထင်မကြီးခံရမှာ ကြောက်လို့။
အဲဒါကိုမှန်မှန်ကန်ကန် နားလည်ဖို့လိုတယ်။

မာနကြီးတာလည်း မကောင်းသလို ကိုယ့်ကိုကိုယ် အထင်သေးနေတာလည်း မကောင်းပါဘူး။ တချို့က ကိုယ့်ကိုကိုယ် အထင်သေးတဲ့စိတ် ရှိနေတယ်။ အဲသလို လူကလည်းပဲ သူ့အရည်အချင်းတွေကို သေသေချာချာ ထုတ်ဖော်နိုင်မှာလည်း မဟုတ်သလို သူ့အကျိုးကိုလည်းသူ မဆောင်ရွက်နိုင်ဘူး။ ကိုယ့်ကိုကိုယ် အထင်သေးနေတဲ့ လူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် ကျေနပ်မူမရနိုင်ဘူး။ ကိုယ့်ကိုကိုယ် အပြစ်တင်နေတာ၊ ရှုံချနေတာဟာလည်း မာနပဲနော်။

ဒါကြောင့်ကိုယ်ကိုကိုယ် အထင်သေးနေတာလည်း မကောင်းဘူး။ မတရားမာနကြီးနေတာလည်း မကောင်းဘူး။ ဒီနှစ်ခုစလုံးကို နားလည်ဖို့ အင်မတန်အရေးကြီးပါတယ်။

{ဆရာတော်ဦးဇောတိက}
(ဆရာတော်ဦးဇောတိက၏ “သဘောထားကြီးပါတယ်” စာအုပ်မှ ဖြစ်ပါသည်

တရုတ်ပြည်က စွယ်တော်သမိုင်း

တရုတ်ပြည်က စွယ်တော်သမိုင်း
ငြိမ်းလဲ့'s Facebook Wall / ငြိမ်းလဲ့ / 5 days agoi

တရုတ်ပြည်က စွယ်တော်သမိုင်း



Mobile Uploads
ဗုဒ္ဓမြတ်စွယ်တော် တရုတ်ပြည် ပီးကင်းမြို့တော်နှင့် ၁၅မိုင်ခန့်အကွာရှိဝက်စတင်းတောင်၏ စွယ်တော်တိုက်တွင် ပူဇော်ထားရှိသည့် ဗုဒ္ဓမြတ်စွယ်တော်သည်ထင်ရှားကျော် ကြားသည့် ဗုဒ္ဓဓာတ်တော်ဖြစ်သည်။ ယင်းစွယ်တော်ကို တရုတ်ဘုန်းတော်ကြီး ဖာဆီယင်က (အေဒီ ၃၃၇ အေဒီ၄၂၂)က လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်က တရုတ်ပြည်သို့ ပင်ဆောင်လာခဲ့သည်ဟု ဆိုသည်။ စွယ်တော် မူလဒါယကာများသည် ယနေ့ခောတ် ပါကစ္စတန်နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာတိုင်းပြည်ငယ်တစ်ခုဖြစ်သော ဂန္ဓာရတိုင်း၏ ဘုရင်များဖြစ်သည်။ ဂန္ဓာရတိုင်းမှ တစ်ဆင့် စွယ်တော်မြတ်သည် ခိုတန်( ယခုတရုတ်နိုင်ငံ စင်ကျန်းဝေဂါဟာပြည်နယ်တွင် ) သို့ ပင်ဆောင်ခဲ့သည်။ ပါးစပ်သမိုင်းများအရ ခိုတန်ပြည် ဟက်ဇ်ရက်ဘဲလ် ရှေးဟောင်းဒေသ ရှိ ကျောင်းတော်တစ်ခုတွင် စွယ်တော်မြတ် ကိန်းဝပ်ခဲ့သည်ဟု သိရသည်။ အိန္ဒိယနိုင်ငံ ကတ်ရှ်မီးယားဒေသမှ ဗုဒ္ဓဘာသာဝင်များသည် စွယ်တော်မြတ် ကိန်းဝပ်ရာကျောင်းတော်သို့ ဘုရားဖူးလာရောက်လေ့ရှိကြောင်းလည်းဆိုသည်။ ဘုန်းတော်ကြီး ဖာဆီယန်နှင့် ဆွန်ဆင်တို့သည်လည်း အဆိုပါကျောင်းတော်သို့ စွယ်တော်ကို ဖူးမြော်ရန် ရောက်ရှိခဲ့ကြောင်းသိရသည်။ ဤတွင် စွယ်တော်မြတ်ကို ဂန္ဓာရတိုင်းမှ ခိုတန်ပြည်သို့ အဘယ်ကြောင့် ပင်ဆောင်ခဲ့ရသနည်း ဟူသောအချက်ကို ဆန်းစစ်ရန် လိုပေမည်။ ဖြစ်နိုင်ဖွယ်အကြောင်းတရားနှစ်ရပ်ရှိသည်။ တစ်ရပ်မှာ ခိုတန်၊တာပန်းနိယာ၊ လိုလင် နှင့် တာရင်မြစ်ဝှမ်းလွင်ပြင်ဒေသမှ အိုအေစစ်နိုင်ငံများသည် အိန္ဒိယ(ဂန္ဓရ)နှင့်အဆက်ဆံရှိခဲ့ပြီး ယင်းနိုင်ငံများအလုံးသည်လည်း ထိုအချိန်က ဗုဒ္ဓဘာသာနိုင်ငံများ ဖြစ်ကြသည်ဆိုသည့်အချက်ဖြစ်သည်။ နောက်အကြောင်းတစ် ရပ်မှာ ဘုန်းတော်ကြီး ဖာဆီယန်၏ ခရီးသွားမှတ်တမ်းများအရ အိန္ဒိယတွင် ဗုဒ္ဓဘာသာ၏ အရှိန်အ၀ါ ကျဆင်းလျက် ရှိပြီး ဟိန္ဒူအယူဝါဒများ အားကောင်းစ ပြုလာသည်ဆိုသည့်အချက်ဖြစ်သည်။ ထို့ကြောင့်ပင် အိန္ဒိယ (ဂန္ဓာရ)မှ စွယ်တော်မြတ်သည် ခိုတန်ပြည်သို့ ရောက်၇ှိကိန်းဝပ်ခြင်းဖြစ်သည်ဟု ဆိုနိုင်ဖွယ်ရှိသည်။ ယင်းနောက်ပိုင်းတွင် ခိုတန်ပြည်၌ ကိန်းဝပ်နေသော ဗုဒ္ဓစွယ်တော်မြတ်ကို ဘုန်းတော်ကြီး ဖာဆီယန်က နန်းကျင်းမြို့သို့ ပင်ဆောင်ပူဇော်ခဲ့သည်။ ဆွန်မင်းဆက်ခောတ် တရုတ်ပြည် တစ်ပြည်လုံး စုစည်းမိချိန်တွင် စွယ်တော်မြတ်သည် နန်ကျင်းမှ တစ်ဆင့် ရှန်စီပြည်နယ် စီအန်းသို့ ပြောင်းရွှေ့ကိန်းဝပ်ခဲ့သည်။ ယင်းနောက် မင်းဆက်ငါးဆက် ကာလအတွင်း ဗုဒ္ဓစွယ်တော်မြတ်သည် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းကိန်းဝပ်ကာ နောက်ဆုံးတွင် ယန်ကျင်းမြို့ (ယခုပေးကျင်း)သို့ ရောက်ရှိကိန်းဝပ်ခဲ့သည်။ အေဒီ ၁၀၇၁ ခုနှစ်တွင် ဗုဒ္ဓစွယ်တော်မြတ်ကို ပေကျင်းမြို့ လင်ကွမ်စီးကျောင်တော်အတွင်းရှိ ကျို့ရှမ်းစေတီ၌ ဌာပနာ၍ ပူဇော်ခံကြရာ ၁၉၀၀ ပြည့်နှစ် ဗုဒ္ဓမြတ်စွယ်တော်ကို လူသိရှင်ကြားပြန်လည်ဖော်ထုတ်ခဲ့သည်။ ဗုဒ္ဓမြတ်စွယ်တော်ကို ကျို့ရှမ်းစေတီ၌ နှစ်ပေါင်း ၈၃၀ မျှ ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်းဖြစ်သည်

Wednesday, December 17, 2014

ချစ်သူအနား



ချစ်သူက ပန်းကလေးတစ်ပွင့် ဖြစ်ခဲ့ *
ပျား ' ပိတုန်း အဖြစ် ပျံဝဲနေမှာ
  ချစ်သူရဲ့  အနား ။
ချစ်သူက လှပသော  တောင်တန်းလေးဖြစ်ခဲ့
* ဒီဇင်ဘာ ရဲ့ အဖြူရောင် မြူနှင်းများ အဖြစ် ဝေ နေမှာ ချစ်သူရဲ့ အနား ။
 လျှောက် လှမ်းနေတဲ့ ဘဝခရီး မှာ
အတွေး တစ်ချက်က  ဘေးထွက်ခဲ့ ရင်တောင်
အဲ့ဒီ အတွေးဟာ ချစ်သူရဲ့ အနား ။

နန့််ရုံ  (  ရွှေလေးတန်သားလေး

Tuesday, December 16, 2014

One Candle စေတနာရှင်လူငယ်များအဖွဲ့ စာရေးကိရိယာအလှူခရီးစဉ် (၄)


နံနက်ခင်းသည် ညက ရွာခဲ့သည့် မိုးကြောင့် ပတ်ဝန်းကျင်တွင် စိုစိုစွတ်စွတ် ….. ကျနော့်မှာ ဒီနေ့သွားရမည့် စာရေးကိရိယာ အလှူခရီးအတွက် ပစ္စည်းများကို ပြင်ဆင်ထုပ်ပိုးနေရသည်။ ၂၄.၆.၂၀၁၄ နေ့တွင် စာရေးကိရိယာများ သွားရောက်လှူဒါန်းကြမည့် စာသင်ကျောင်းလေးမှာ မော်လူးမှ ၈ မိုင်ခန့်ကွာဝေးသည့် ဥသျှစ်ကုန်း(ဥရှစ်ကုန်း) ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းလေးဖြစ်၏။ ကျနော်တို့ အဖွဲ့၏ အလှူခရီးစဉ်မှတ်တမ်းပုံလေးများကို facebook ပေါ်တင်လိုက်တော့ အလှူရှင်ထပ်တိုးလာတာမို့ ဝမ်းသာရပါသည်။ ကျနော်တို့ mandalaygazette.com မှ ရွာသူတစ်ဦးမှ တစ်သိန်းကျပ် လှူဒါန်းထားကြောင်း လေးပေါက်ထံမှ သိရသလို စင်ကာပူသို့ ရောက်ရှိနေသည့် မော်လူးသား ကျနော့်သူငယ်ချင်းမှလည်း ကျနော်တို့ အဖွဲ့ အလှူခရီးစဉ်အတွက် သုံးသိန်းကျပ် လှူဒါန်းခဲ့တာမို့ ကြည်နူးဝမ်းမြောက်စွာ သာဓုခေါ်မိပါသည်။ ယနေ့ ကျနော်တို့သွားကြမည့် ရွာမှာ မိုးရွာလျှင် လမ်းမကောင်းတာမို့ သွားရမည့် ခရီးအတွက် ရင်လေးနေမိတာတော့ အမှန်…. မနှစ်ကလည်း ရွံ့တွေ ဗွက်တွေနှင့် လမ်းမှာ ဆိုင်ကယ်တွေ လှဲကြ၊ တွန်းကြရသည်ကို သတိရနေမိသည်။ နာရီဝက်လောက်နှင့် ရောက်ရမည့် ခရီးကို နှစ်နာရီမျှခန့် သွားခဲ့ကြရသည် မဟုတ်လား။ မိုးပြတ်သွားတာ နှစ်ရက်သုံးရက်ခန့် ရှိပြီ ဖြစ်ပေမယ့် ညကရွာသည့် မိုးကြောင့် လမ်းမကောင်းဖြစ်နေမှာကို စိုးရိမ်နေမိသည်။ မည်သို့ပင်ဖြစ်စေ သွားရမည့် ခရီးကတော့ မဖြစ်မနေသွားရမည်သာ… ဒီလိုအတွေးများနှင့် ပစ္စည်းများ ပြင်ဆင်ထုပ်ပိုးနေရင်း နံနက် ရှစ်နာရီကျော်တော့ ကျနော့် အဖွဲ့သားများ ရောက်လာကြပြီး ဆိုင်ကယ်များပေါ်သို့ ပြင်ဆင်ထားသည့် ပစ္စည်းများကို တင်ကြ ပြင်ကြဆင်ကြပေါ့။ အားလုံးပြင်ဆင်ပြီး ကျနော်တို့ အဖွဲ့ ခရီးစထွက်တော့ နံနက် ကိုးနာရီ ထိုးလုပြီ။ ကောင်းကင်မှာ မိုးမရွာပေမယ့် မိုးသားတိမ်တောင်တွေကတော့ ထူထူထဲထဲ….. ဥသျှစ်ကုန်းရွာလေးမှာ မော်လူး၏ အနောက်တောင်ထောင့်တွင်ရှိသည့် ရွာကလေးဖြစ်၏။ အိမ်ခြေ ၇၀ ကျော်ရှိသည့် ရွာ… ထူးခြားသည်ကား ရေပေါသည့် အထက်မြန်မာပြည်မှာ ရှိနေပေမဲ့ နွေရာသီတွင် သောက်သုံးရေ အခက်အခဲရှိနေသည့် ရွာကလေး.. မြို့နယ်စည်ပင်မှ ရေရှိရေးအတွက် စက်ရေတွင်းတူးပေးခဲ့သော်လည်း ရေစုပ်တင်ရန် အင်ဂျင်ပြန်ဖြုတ်သိမ်းသွားသည့် ရွာကလေး…. ရွာ၏ အနောက်ဘက်တွင် ကျောက်စိမ်းထွက်သော်လည်း ဒေသဖွံ့ဖြိုးမှုအတွက် ဘာမှ အထောက်အကူမရခဲ့သည့် ရွာကလေး… ရွာသူရွာသားအများစုကတော့ တောင်သူများ ဖြစ်ကြသည်။ လမ်းခရီးကား ညကမိုးရွာထားသော်လည်း ထင်သလောက် မဆိုးတာမို့ ချော့ချော့မွေ့မွေ့နှင့် ဥသျှစ်ကုန်းရွာလေးသို့ ကျနော်တို့ အဖွဲ့ ရောက်လာကြပြီ။ ရွာထိပ်ရောက်တော့ လော်စပီကာဖြင့် ဖွင့်ထားသည့် သီချင်းသံကြားရသည်မို့ ကျနော်မှ အဖွဲ့သားများအား အစားအသောက်အတွက် ဘာမှ မပူနဲ့ ရွာထဲမှာ ပွဲရှိနေတယ်…ဟု နောက်ပြောင် ပြောနေမိသည်။ ကျနော်တို့ရွာတွေဘက်မှာ လော်စပီကာ၊ ဆောင်းဘောက်စ်များဖြင့် သီချင်းတွေဖွင့်ထားလျှင် အလှူဒါမှမဟုတ် မင်္ဂလာဆောင်ပဲဖြစ်ရမည်။ တခြားဖြစ်နိုင်ချေနည်းသည်မဟုတ်လား။ ကျနော်တို့အဖွဲ့ ဦးတည်လိုက်သည်မှာ ရွာ၏ အရှေ့ဘက်တွင် ရှိသည့် ဘုန်းတော်ကြီးကျောင်းဆီသို့ပင်….။ ပရဟိတလုပ်ငန်းကို လုပ်ရာ၌ ကျနော်အများဆုံး အသိမိတ်ဆွေဖြစ်ရသည်မှာ ဘုန်းတော်ကြီးများနှင့်ပင်….။ ရွာတစ်ရွာ၏ သာရေးနာရေးများကို အဓိက ဦးဆောင်နေကြသူများ မဟုတ်လား။ စာရေးကိရိယာ အလှူခရီးစဉ် ရောက်ဖြစ်သည့်ရွာတိုင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ကျနော်တို့ အဖွဲ့သွားလေ့ရှိသည်။ ဆရာတော်အား ကန်တော့ခြင်း လှူဖွယ်ပစ္စည်း၊ နဝကမ္မအလှူငွေများ တတ်နိုင်သလောက် လှူဒါန်းခြင်း၊ ဆရာတော်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ မေးမြန်းလျှောက်ထားခြင်းများ ပြုလုပ်နေကျဖြစ်သည်။ ဒီရွာလေးမှ ဘုန်းတော်ကြီးနှင့် ကျနော်တို့ အဖွဲ့မှာ ခင်မင်ရင်နှီးနေပြီးဖြစ်သည်မို့ ဘုန်းတော်ကြီးကျောင်းသို့ အရင်ဦးစွာ သွားကြခြင်းဖြစ်သည်။ ရွာအဝင်တွင် ကြားရသည့် လော်စပီကာဖြင့် ဖွင့်ထားသည့် သီချင်းသံမှာ ဘုန်းတော်ကြီးကျောင်းမှ ဖြစ်နေ၏။ ကျနော်တို့အဖွဲ့လာမည်ကို ကြိုသိနေသဖြင့် ကြိုဆိုနေကြခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ ဘုန်းတော်ကြီးကျောင်းတွင် ကျနော်တို့အဖွဲ့သားများ၏ မော်တော်ဆိုင်ကယ်များ ထားရစ်ကာ ဘုန်းတော်ကြီးကျောင်း အရှေ့မြောက်တွင်ရှိသည့် မူလတန်းကျောင်းလေးဆီသို့ ချီတက်ခဲ့ကြတော့သည်။ ဥသျှစ်ကုန်းကျေးရွာ မူလတန်းကျောင်းလေးမှာ သွပ်မိုး ပျဉ်ခင်း၊ ပျဉ်ကာ တစ်ထပ်အဆောက်အဦးလေးဖြစ်၏။ ကျောင်းအုပ်ဆရာကြီးမှ ကျောင်းလေးမှာ မကောင်းတော့ကြောင်း တိုင်များ၊ အခင်းအကာပျဉ်များ ခြစားနေပြီ ဖြစ်ကြောင်း ပြောပြသည်။ ဒီကျောင်လေးမှာ ကျောင်းသူ/သား ၆၉ ဦးရှိ၏။ ကျနော်တို့အဖွဲ့မှာ လှူမည့်ပစ္စည်းလေးများကို စီစဉ် ကျောင်းအုပ်ဆရာကြီးအား ပေးအပ်ပြီးနောက် ကျောင်းသူ/သားလေးများကို စာရေးကိရိယာလေးများ ဝေငှပေးကြသည်။ ဝေငှပေးနေစဉ် ကလေးများကို ဓာတ်ပုံလေးတွေရိုက်တော့ သူတို့လေးတွေရဲ့ အပြုံး၊ အရှက်၊ အကြောက် မျက်နှာလေးများကား အပြစ်ကင်းစင်းနေကြချေသည်။ လှူဒါန်းမှု ကိစ္စပြီးနောက် ကျောင်းအုပ်ဆရာကြီး၊ ဆရာ/မများ၊ ကျောင်းသူ/သားလေးများနှင့် ကျနော်တို့အဖွဲ့ အမှတ်တရ ဓာတ်ပုံလေးများ ရိုက်ာကသည်။ အားလုံးပြီးတော့ နံနက် ၁၁ နာရီထိုးချေပြီ။ ကျနော်တို့အဖွဲ့ ဘုန်းတော်ကြီးကျောင်းသို့ ပြန်ရောက်တော့ ဆရာတော်မှ ကျနော်တို့အဖွဲ့ကို ကျွေးရန် ထမင်းပြင်ဆင်ပြီးနေချေပြီ။ ကျနော်မှ ဆရာတော် ဦးစီးပြီး ဆောင်ရွက်နေသည့် ဥသျှစ်ကုန်းကျေးရွာ သဘာဝစိမ့်စမ်းရေ ရရှိရေးအတွက် လိုအပ်နေသည့် ရေလှောင်ကန် အဆောက်အဦးအတွက် လိုအပ်သည့် နေရာတွင်သုံးနိုင်ရန် အဖွဲ့သားများထံမှ တတ်နိုင်သလောက်ထည့်ဝင်ကြရန် အလှူငွေကောက်ခံလိုက်တော့ စုစုပေါင်း ၅၅၀၀၀ကျပ်ရသဖြင့် ဆရာကန်တော့ရင်း လှူဒါန်းလိုက်သည်။ဆရာကန်တော့ပြီးသည်နှင့် နံနက်ကတည်းက လဘက်ရည်တစ်ခွက်မျှသာ ဗိုက်ထဲသို့ ရောက်သေးသည့် ကျနော် ဟန်မဆောင်နိုင်တော့ပါ။ အဖွဲ့သားတို့မှာလည်း ထိုနည်းတူစွာ ဆရာတော်နှင့် ရွာသူ/သားများပြင်ဆင်ပေးထားသည့် ထမင်းဝိုင်းတွင် ဝိုင်းဖွဲ့ စားသောက်ကြတော့သည်။ ထမင်းစားကြပြီးနောက် ဆရာတော်နှင့် ရေရရှိရေးဆောင်ရွက်နေမှုအကြောင်း မေးမြန်းလျှောက်ထားရာ သဘာဝစိမ့်စမ်းရေရရှိရေးအတွက် ရေလှောင်ကန်တည်ဆောက်ခြင်း၊ ပိုက်သွယ်တန်းခြင်းများအတွက် ငွေကျပ် ၃၅ သိန်းကျော် ကုန်ကျသွားပြီဖြစ်ကြောင်း၊ ရေလှောင်ကန် အမိုးအကာများအတွက် ငွေကြေးမလုံလောက်ကြောင်း သိရသည်။ ရေလှောင်ကန်အဆောက်အဦး၏ အမိုးအတွက် လိုအပ်သည့် သွပ်များကို တတ်နိုင်လျှင်လှူဒါန်းပေးရန် မိန့်ကြားလာသဖြင့် ကျနော့်မှာ သက်ပြင်းခိုးချရင်း ကြိုးတော့ ကြိုးစားကြည့်ပါ့မယ်ဘုရားဟု ပြန်လည်လျှောက်ထား မိသည်။ ရေမှာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်နေပြီဖြစ်ပြီး ရေလှောင်ကန်မှာ အမိုးအကာ မရှိသဖြင့် မိုးရွာလျှင်ရေနောက်သွားသလို တိရိစ္ဆာန်အကောင်ငယ်များလည်း ရေလှောင်ကန်အတွင်းသို့ ဝင်ရောက်မှုကို တားဆီးရန်အတွက် အမိုးအကာလိုအပ်ကြောင်းကိုလည်း မိန့်ကြားသေး၏။ ကျနော်တို့အဖွဲ့မှာ တောရကျောင်း ဆရာတော် ဦးသာသနနှင့် ရေလှောင်ကန်ရှိရာသို့ ခြေလျင် ဆက်လက်ထွက်ခွာလာခဲ့ကြပြန်သည်။ ရေလှောင်ကန်မှာ ရွာ၏ အရှေ့ဘက် ၁မိုင်ခန့်အကွာ တောင်ကုန်းများအကြား လျှိုလေးထဲတွင် တည်ရှိနေခြင်းဖြစ်သည်။ ကျနော်မှ ရေလှောင်ကန်ကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ရေလှောင်ကန်ဘေးပတ်လည်ရှိ အပင်ကြီးများကို မခုတ်ပဲထားရန် အနည်းဆုံး စိမ့်ရေပေါက်၏ တစ်မိုင်ခန့်ပတ်လည်ရှိ အပင်ကြီးများကို မခုတ်ကြရန် ပါလာသည့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများအား ရှင်းပြရသည်။ စိမ့်စမ်းရေဆိုသည်မှာ တောရိပ်တောင်ရိပ်မရှိပါက ခန်းခြောက်သွားတတ်သည်မဟုတ်လား။ ရေလှောင်ကန်၏ အကျယ်မှာ အလျား ၃၃ ပေ၊ အနံ ၁၁ ပေရှိသည်ဟု သိရသည်။ ထိုရေလှောင်ကန် အမိုးအတွက် ၇ ပေသွပ် အချပ် ၇၀ ကုန်ကျမည်ဖြစ်ကြောင်း ကာလတန်ဘိုး ၂၀၀၀၀၀ ကျပ်ဆိုလျှင် အမိုးအတွက် လုံလောက်နိုင်ကြောင်း ကျနော်တို့အဖွဲ့တွင်ပါလာသည့် လက်သမားဆရာနှင့် ဆရာတော် ဦးသာသနတို့မှ တွက်ချက်ပြီး ပြောကြသည်။ ကျနော်မှလည်း တပည့်တော် အလှူခံကြည့်ပါဦးမည် ဘုရားဟု လျှောက်ထားကာ ရွာသို့ ပြန်လာခဲ့ကြတော့သည်။ ရွာရောက်တော့ ဘုန်းတော်ကြီးကျောင်းတွင် ခဏနားပြီး အားလုံးကိုနှုတ်ဆက်ကာ အပြန်ခရီးကို နှင်တော့ နေ့လည် ၁ နာရီ ထိုးချေပြီ။ အဆင်ပြေရင် တစ်ခါပြန်လာရဦးမယ် ဥသျှစ်ကုန်းရွာလေးရေ…….။

ယခုတော့ ဥရှစ်ကုန်းကျေးရွာတွင် စိမ့်စမ်းရေ ရရှိပြီး ရေလှောင်ကန်မှာလည်း ရွာသူ/သားတို့၏ အင်အားဖြင့် ပြီးစီးအောင်မြင်သွားပြီ ဖြစ်ပါတယ်။

Monday, December 15, 2014

One Candle စေတနာရှင်လူငယ်များအဖွဲ့ စာရေးကိရိယာအလှူခရီးစဉ် (၃)


မိုးဖွဲလေးများ ကျနေသော်လည်း ကျနော်တို့အဖွဲ့မှာ သက်ရင်းသာရွာလေးဆီသို့ ခရီးဆက်ခဲ့ကြရပေသည်။ မော်လူးမှ သက်ရင်းသာကျေးရွာသို့ သွားသည့်လမ်းကား ကျေးရွာချင်းဆက်လမ်းမ(သို့) လေးတန်ရိုးရွာများသို့သွားသည့် လမ်းမဟု ခေါ်ဆိုကြသည်။ မော်လူးမှ အနောက်ဘက်သို့ ထွက်လိုက်သည်နှင့် တောင်နှင့်မြောက်တွင် လယ်ကွင်းများရှိပြီး လယ်ကွင်းများကို ခြားထားသည့် လမ်းမကြီးဖြစ်သည်။ ကျေးလက်လမ်းဆိုတော့ အရင်က မြေသားလမ်း နောက်တော့ ကျောက်ခင်းလမ်း အခုတော့ ကျောက်အပေါ်မှာ သဲမြေခင်းထားသည့်လမ်း ဖြစ်နေသည်။ လေးတန်ရိုးဟူသည့်အမည်ကို ဖတ်ရသူများ ဆန်းနေလိမ့်မည်ထင်ပါသည်။ အဘယ်ကြောင့် လေးတန်းရိုးရွာဟု ခေါ်သနည်း။ လေးတန်ဟု အမည်ရသည့် ချောင်းကမ်းနံဘေးတွင် ရွာများ အစီအရီရှိနေကြသည်။ ထိုရွာများကို အလွယ်တကူ ချောင်းအမည်ကို အစွဲပြုပြီး လေးတန်ရိုးရွာဟု ခေါ်ကြသည်။ ကျနော်တို့ အဖွဲ့သွားကြမည့် သက်ရင်းသာရွာသည်ကား လေးတန်းရိုးရွာများ၏ ဝင်ပေါက်ဟု ခေါ်ရမည်ထင်ပါသည်။ ရွာလေးမှာ ရွာတန်းရှည် အမျိုးအစားတွင်ပါဝင်ပြီး အိမ်ခြေ ၅၀ ကျော်ခန့် ရှိပါလိမ့်မည်။ ဤရွာလေးမှာ ရှေးယခင်က ဘုန်းတော်ကြီးကျောင်း မရှိပါ။ အိမ်ခြေနည်းသည့်အတွက် သက်ရင်းသာရွာ၏ မြောက်ဘက်တွင်ရှိသည့် ပဲခူးကျေးရွာမှ ဘုန်းတော်ကြီးကျောင်းကိုသာ သွားရောက်ကြရသည်။ သာရေးနာရေး အလှူအတန်းစသည့် ကိစ္စများအတွက် ပဲခူးကျေးရွာမှ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ကြရသလို၊ ၄င်းကျောင်းမှ ဘုန်းတော်ကြီးကို ပင့်ဖိတ်ဆောင်ရွက်ကြရသည်။ ရွာသူ/သားတို့၏ အားထုတ်ကြိုးပမ်းမှုကြောင့် ယခုတော့ ဘုန်းတော်ကြီးကျောင်းလေးသာမက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလေးကိုပါ ထူထောင်နိုင်ခဲ့ကြပေပြီ….။ ကျနော်တို့ အဖွဲ့ သက်ရင်းသာရွာ အဝင်က ဘုန်းတော်ကြီးကျောင်းဆီရောက်တော့ နံနက် ၁၀ နာရီ ထိုးလုပြီ။ ဘုန်းတော်ကြီးကျောင်းကိုတက်ပြီး ဆရာတော်ကို ဖူးမြော်တော့ ဆရာတော် နေမကောင်းဖြစ်နေကြောင်း၊ လှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်းများ မိန့်ကြား၏။ ကျနော်တို့ အဖွဲ့မှာ စာသင်ဆောင်ဖြစ်သည့် ဇရပ်ပေါ်သို့ တက်ကြပြီး လှူမည့် စာရေးကိရိယာများကို ပြင်ဆင်ကြတော့သည်။ ကျောင်းလေးမှာ ကျောင်းသား/သူဦးရေ ၅၆ ဦးရှိပြီး ဆရာမ သုံးဦးမှ တာဝန်ယူ သင်ကြားပေးနေကြခြင်းပင်…။ ဆရာမလေးများမှာ ဘွဲ့ရပြီးစလေးများ ဖြစ်ဟန်တူ၏။ ငယ်ငယ်ရွယ်ရွယ်လေးများဖြစ်၏။ ဆရာမ သုံးဦးအနက်မ တစ်ဦးက "ဟယ်…. ဆရာကြီးပါလား…"ဟု ကျနော့်ကိုနှုတ်ဆက်သည်။ ကျနော် ဆရာမလေးကို မမှတ်မိ။ သေချာကြည့်မိမှ ကျနော် ကျူရှင်သင်သည့် ကာလက ဆယ်တန်းအောင်သွားသည့် ကလေးမလေးဖြစ်နေသည်ကို တွေ့ရသည်။ ဒီကလေးမလေးနှင့် ပတ်သက်သည့် အကြောင်း အရာလေးကို ကျနော် ယခုအထိ မှတ်မိနေတုန်းပင် ညပိုင်းစာကျက်ချိန်မှာ မြန်မာစာ မေးခွန်းတိုလေးတစ်ခုကို ကျနော့်ကို မေး၏။ မေးခွန်းက သိင်္ဃသူသမီး၏ အဖေမှာ မည်သူဖြစ်သနည်း။ ဟူသည့်မေးခွန်း…. ကျနော်အဖြေက သိင်္ဃသူသမီး၏ အဖေမှာ သိင်္ဃသူဖြစ်သည်…ဆိုတော့ ဒီကလေးမက မဟုတ်ဘူးလေ ဆရာ… သိင်္ဃသူသမီးရဲ့ အဖေပါဆိုသည့် စောဒကတက်သံ ကျနော့်အဖြေကို မယုံကြည်ဟန်နှင့်မို့ ရှင်းပြခဲ့ရသေးတာမို့ မှတ်မိနေခြင်းပင်….။ စာသင်ခြင်းနှင့်ပတ်သက်ပြီး ကျနော် သတိမရခြင်၍ မေ့ပစ်ထားတာ သုံးနှစ်ရှိခဲ့ချေပြီ။ ဘဝတွင် သင်ခန်းစာများစွာ ရရှိခဲ့သလို အချိန်တွေရော ငွေကြေးတွေပါ ရင်းနှီးခဲ့ပေမယ့် ပြန်လည်ရရှိလိုက်သည်က နာကျင်စရာများ၊ မိတ်ဆွေသူငယ်ချင်းကောင်း မပီသမှုများသာ…… ထိုစဉ်က အကြောင်းအရာများကို ယခုပြန်တွေးလျှင် ယခု နာကျင်ခံစားရသည်သာ…. ထားတော့….။ ဆရာမလေးကို မေးမိသည်။ "ညာဉ်းက ကျောင်းပြီးသွားပြီလား"ဆိုတော့…" ဟုတ်ကဲ့ ဆရာကြီး physics နဲ့ ပြီးသွားပါပြီ…. ကျောင်းပြီးသွားတော့ အလုပ်လျှောက်တာလည်း အဆင်မပြေလို့ ဒီနှစ် ဒီကျောင်းမှာ အရပ်ငှား ဆရာမလာဝင်လုပ်နေတာပါ"ဟု ဖြေ၏။ ဘယ်လိုဖြစ်ဖြစ် ဝမ်းသာရပါ၏။ မိမိ သင်ကြားပြသပေးဖူးသည့် တပည့်တစ်ယောက် ဆရာမ အဖြစ် ကလေးတွေကို စာပြန်သင်ပေးနေတာ မြင်ရတော့ ခံစားရသည့် ဝမ်းသာကြည်နူးမှုလေးကလည်း တစ်မျိုးပင်……။ ကျနော်တို့ အဖွဲ့မှာ လှူဒါန်းမည့် စာရေးကိရိယာများကို ပြင်ဆင်ပြီး ဆရာမလေးများသို့ ပေးအပ် ကလေးများကို စာရေးကိရိယာများ ဝေငှပြီး မှတ်တမ်းတင်ဓာတ်ပုံများရိုက်…. အလှူမှတ်တမ်းစာရင်းကို ပြုစု ဆရာမလေးများကို မှတ်တမ်းစာရင်း ပေးအပ်ကာ ဆရာမနှင့် ကလေးများကို နှုတ်ဆက်ပြီး ဇရပ်အောက်သို့ ဆင်းလာကြပြီး ပြန်ကြတော့မည့် ကျနော်တို့ အဖွဲ့သားများကို နေမကောင်းသည့် ဆရာတော်မှ ဘုန်းတော်ကြီးကျောင်းပေါ်သို့ လာရောက်ကြရန် ခေါ်နေပြန်သဖြင့် နောက်တစ်ကြိမ် ကျောင်းပေါ်သို့ ပြန်သွားကြရပြန်သည်။ ကျောင်းပေါ်တွင် ဆရာတော်မှာ ကျနော်တို့ အဖွဲ့အတွက် စားစရာများပြင်ဆင်ထားလေသည်။ ကျနော်တို့ အဖွဲ့သားများ မုန့်စားရင်း ရှေ့ဆက်သွားမည့် စာရေးကိရိယာ အလှူခရီးစဉ်အကြောင်း ညှိနှိုင်းနေကြတော့ ဆရာတော်မှ ကျနော်တို့ အဖွဲ့အကြောင်း မေးမြန်းလာတာမို့ ကျနော်မှ အဖွဲ့အကြောင်းကို လျှောက်ထားတော့ ဆရာတော်မှ ဝမ်းသားအားရ သာဓုခေါ်သလို ပရဟိတအလုပ်ကို ဆက်လက် လုပ်ဆောင်သွားနိုင်ပါစေကြောင်း ဆုတွေတောင်း ပေးနေတာမို့ စိတ်ထဲက ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ ဘုရားဟု ဆုတောင်းနေမိသည်။ ကျနော်တို့ အဖွဲ့ အလှူခရီးစဉ်ကို ညှိနှိုင်းပြီးသလို ဆရာတော် ချကျွေးသည့် မုန်းများကို စားပြီးသည် အထိ မိုးဖွဲလေးများက တဖွဲ့ဖွဲ့ ကျနေတုန်းပင်……ဆရာတော်ကို နှုတ်ဆက် ကန်တော့ပြီး မိုးဖွဲလေးများနှင့် အတူ ….. ငြိမ်းချမ်းစွာ… အေးချမ်းစွာ …. ကြည်နူးစွာ …. ပီတိဖြစ်စွာ….. အဖိုးတန်နေ့ရက်တစ်ရက် ဖြတ်သန်းနိုင်ခဲ့ပြန်ပြီဟု တွေးရင်း……..


> ရင်းသွေးငယ် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ နန့်စီးအောင်-ပေကုန်းကျေးရွာတွင် ဒေသခံကလေးမိဘများနှင့် တွေ့ဆုံဆွေးနွေး


> ရင်းသွေးငယ် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ နန့်စီးအောင်-ပေကုန်းကျေးရွာတွင် ဒေသခံကလေးမိဘများနှင့် တွေ့ဆုံဆွေးနွေး
> နန့်စီးအောင်၊ ဒီဇင်ဘာ ၁၅
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ နန့်စီးအောင် -ပေကုန်းကျေးရွာတွင် အင်းတော်မြို့ ရင်သွေးငယ် ဖွံဖြိုးတိုးတက်ရေး ဖောင်းဒေးရှင်းမှ တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၅ရက် နေ့လည် ၁၂ နာရီအချိန်က ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံပြည်သူ ကလေးမိဘများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
> အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မုံရွာတိုင်းဝန်ကြီးဋ္ဌာနခွင့်ပြုမိန့်အရ အင်းတော်မြို့ ရင်သွေးငယ် ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဦးအောင်နိုင်လင်းဦးစီးသည့်အဖွဲ့နှင့် ပလန်မြန်မာအဖွဲ့အစည်း၊ နန့်စီးအောင်-ပေကုန်းကျေးရွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်လှသောင်း၊ မူကြိုဆရာမ ၆ ဦး၊ ကျေရွာဖွံဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များနှင့် ဒေသခံ ကလေးမိဘ ၄၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် ပလန်မြန်မာအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ကလေးသူငယ်ဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် နည်းပညာများထောက်ပံ့ပေးမည်ဖြစ်ကြောင်း ၊ ရင်သွေးငယ် ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးမှ ကိုယ်ဝန်ဆောင်မှ အသက် ၈ နှစ်အထိ ကလေးသူငယ်များတွက် ကျန်းမာရေးနှင့် ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်



> > မော်ဟန်ရွာနှင့် မော်ဟန်ဘူတာစုအကြားရှိ လေးဘက်မြင်နာရီစင် အချိန်မှန်စေလို

> > မော်ဟန်ရွာနှင့် မော်ဟန်ဘူတာစုအကြားရှိ လေးဘက်မြင်နာရီစင် အချိန်မှန်စေလို
> > မော်ဟန်၊ ဒီဇင်ဘာ ၁၅
> > @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> > ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာနှင့် မော်ဟန်ဘူတာစု အကြားတွင် ပြုလုပ်လှူဒါန်းပေးထားခဲ့သော လေးဘက်မြင်နာရီစင်ကြီး၏ နာရီများမှာ လည်ပတ်မှုမရှိတော့သော်လည်း ယနေ့ထက်တိုင် ပြုပြင်မှုမပြုလုပ်ပဲ ပစ်ပယ်ထားခဲ့သည်။ ၄င်းနာရီစင်မှ နာရီများပြန်လည်လှည်ပတ်ပြီး အချိန်မှန်ကို ပြသပေးခြင်းဖြင့် ဒေသခံပြည်သူများ အချိန်မှန်ကို သိရှိနိုင်ရန် တာဝန်ရှိသူများမှ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေးအတွက် စာတည်းမှ တစ်ဆင့် ရေးသားတင်ပြအပ်ပါသည်





အမေရိကန်နိုင်ငံသား ခရီးသွား တစ်ကိုယ်တော် စက်ဘီးဖြင့် လည်ပတ်


> > အမေရိကန်နိုင်ငံသား ခရီးသွား တစ်ကိုယ်တော် စက်ဘီးဖြင့် လည်ပတ်
> > မော်လူး၊ ဒီဇင်ဘာ ၁၅
> > @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> > အမေရိကန်နိုင်ငံသား ခရီးသွား David Clauser ၄၃ နှစ်သည် စက်ဘီးဖြင့် ကသာမြို့မှ ဟိုပင်မြို့သို့ တစ်ကိုယ်တော် လည်ပတ်သွားလာနေသည်ကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီက ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်း(မော်လူး-နန့်စီးအောင်ကြား) ဟဲနုကျေးရွာအနီးတွင် တွေ့ရှိခဲ့ရသည်။
> > ၄င်းအမေရိကန်နိုင်ငံသား ခရီးသွားသည် အမေရိကန်နိုင်ငံမှ ရန်ကုန်မြို့သို့ရောက်ရှိပြီး မန္တလေးမြို့၊ ပုဂံမြို့များသို့ မော်တော်ကားဖြင့် လှည့်လည်သွားလာခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့သို့ သဘောင်္ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် ကသာမြို့မှ ကချင်ပြည်နယ် ဟိုပင်မြို့သို့ စက်ဘီးဖြင့် တစ်ကိုယ်တော် ထွက်ခွာလာခဲ့ရာ မော်လူးသို့ နံနက် ၉ နာရီအချိန့်ခန့်တွင် ရောက်ရှိခဲ့ပြီး နန့်စီးအောင် -ပေကုန်းကျေးရွာတွင် နံနက်စာအဖြစ် ခေါက်ဆွဲနှင့် လက်ဘက်ရည်တို့ကို စားသောက်ပြီး ဟိုပင်မြို့သို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း၊ ကချင်ပြည်နယ် ဟိုပင်မြို့တွင် တစ်ညအိပ်ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့တွင် မီးရထားဖြင့် ကသာမြို့သို့ ပြန်မည်ဖြစ်ကြောင်း David Clauser မှ ပြောပြသည်

Sunday, December 14, 2014

နှစ်ယောက်တစ်အိပ်မက်




နှစ်ယောက်တစ်အိပ်မက်
@@@@@@@@@@@@ 

နှစ်ယောက်တစ်အိပ်မက်
ဖြစ်ဖို့ကြိုးစားခဲ့လည်း
မကြင်နာတတ်သူရဲ့
အမုန်းတွေနဲ့
မတွယ်တာတတ်သူရဲ့
စကားတွေကြောင့်
မျှော်လင့်ခြင်းရောင်ခြည်တွေ
ဖိတ်စဉ်ခဲ့ရပြီ
နှစ်ယောက်တစ်ဘဝကို
တည်ဆောက်ဖို့ကြိုးစားခဲ့လည်း
မခိုင်မြဲတဲ့ foundation နဲ့
အချစ်ပန္နက်ရိုပ်တတ်သူကြောင့် လွမ်းခဲ့ရပြီ။ ။

နေခြည်နွေးနွေး
၂၀၁၁ စက်တက်ဘာ

အင်းတော်မြို့ သစ်တောဦးစီးဋ္ဌာနမှ ဖမ်းဆီးသစ်များ သစ်ထုတ်ရေးဋ္ဌာနသို့လွဲပြောင်း


> အင်းတော်မြို့ သစ်တောဦးစီးဋ္ဌာနမှ ဖမ်းဆီးသစ်များ သစ်ထုတ်ရေးဋ္ဌာနသို့လွဲပြောင်း
> အင်းတော်၊ ဒီဇင်ဘာ ၁၄
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ အင်းတော်မြို့ သစ်တောဦးစီးဋ္ဌာနမှ ဖမ်းဆီးရမိထားသည့် တရားမဝင်သစ်များကို သစ်ထုတ်ရေးဋ္ဌာနသို့ လွဲပြောင်းပေးပို့ရန်အတွက် မော်တော်ကားများပေါ်သို့ အတင်အချ ပြုလုပ်နေသည်ကို သိရသည်။
> အင်းတော်မြို့ သစ်တောဦးစီးဋ္ဌာနမှ ဖမ်းဆီးရမိထားသည့် တရားမဝင် တန်မလန်းသစ်များအား သစ်တောဦးစီးဋ္ဌာနမှ သစ်ထုတ်ရေးဋ္ဌာနသို့ လွဲပြောင်းပေးရာ သစ်ထုတ်ရေးဋ္ဌာနမှ ဆင်၊ ကလပ်ကားများဖြင့် တန်မလန်းသစ်များကို မော်တော်ကားများပေါ်သို့ အတင်အချ ပြုလုပ်ပြီး တဆင့် မီးရထားဖြင့် သယ်ဆောင်မည်ဟု ဖမ်းဆီးရမိသည့် တရားမဝင် တန်မလန်းသစ်များ အတင်အချပြုလုပ်နေသည့် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ၄င်းဖမ်းဆီးရမိထားသည့် တရားမဝင်သစ်များနှင့် သစ်တင်ကားများကို ကုန်သည်များမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး အခြားသစ်များ၊ မော်တော်ကားများနှင့် အလဲအလှယ်ပြုလုပ်ထားခြင်း၊ ဖမ်းဆီးရမိသော တရားမဝင်သစ်များတွင် ပိုင်ရှင်ရှိသော်လည်း ပိုင်ရှင်မဲ့အဖြစ်ပြုလုပ်ခြင်းများရှိကြောင်း သတင်းရရှိသည်။

ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ပင်ဝဲကျေးရွာတွင် မူးယစ်ဆေးဝါးတားဆီးကာကွယ် နှိမ်နင်းရေးဆိုင်ရာ အသိပညာပေးဟောပြော

ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ပင်ဝဲကျေးရွာတွင် မူးယစ်ဆေးဝါးတားဆီးကာကွယ် နှိမ်နင်းရေးဆိုင်ရာ အသိပညာပေးဟောပြော
အင်းတော်၊ ဒီဇင်ဘာ ၁၄
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ပင်ဝဲကျေးရွာတွင် ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ပင်ဝဲကျေးရွာ အခြေခံပညာ အလယ်တန်း(ခွဲ)ကျောင်း အဆောင် ၂ တွင် မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အင်းတော်မြို့နယ်၊ အင်းတော်မြို့ စီမံခန့်ခွဲမှုကော်မတီ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် နှိမ်နင်းရေး အသိပညာပေး ဥက္ကဋ္ဌ ဦးတင်မြင့်၊ အင်းတော်မြို့ အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးတင်လှိုင်၊ အဖွဲ့ဝင် ဦးချစ်ရွှေ၊ အင်းတော်မြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်လှိုင်၊ အင်းတော်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးအရာရှိ ဦးမျိုးမင်းစိုး၊ အင်းတော်မြို့ ခေတ္တ ဒုတိယမြို့နယ်မှူး ရဲမင်းဦး၊ ပင်ဝဲကျေးရွာ ရဲကင်းမှူး ရဲအုပ် မင်းသိန်းထွန်း၊ အင်းတော်မြို့ အထွေထွေအုပ်ချုပ်ရေး ဒုတိယ ဦးစီးမှူး ဦးပြည့်ဖြိုးမောင်၊ ပင်ဝဲကျေးရွာ အထွေထွေအုပ်ချုပ်ရေး စာရေးအဆင့်(၁) ဒေါ်ဝင်းရွှေ၊ ဒေသခံအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအထောက်အကူပြု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းဆရာ/မများ၊ ကျောင်းသား/သူများ၊ ဖားပန့်ကျေးရွာ၊ တုံးလုံကျေးရွာ၊ ပင်ဝဲကျေးရွာများမှ ကျေးရွာသူ/သားများ အင်အား စုစုပေါင်း ၁၅၀ ခန့်တက်ရောက်ခဲ့ကြသည်။
ယင်းနောက် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြောခြင်းကို အင်းတော်မြို့ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်မှ ဒေသခံပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိနားလည်စေရန် ပရိုဂျက်တာဖြင့် ပြသရှင်းလင်းပြီးနောက် အင်းတော်မြို့ (ခေတ္တ) ဒုတိယမြို့နယ်မှူး ရဲမင်းဦး၊ ပင်ဝဲကျေးရွာ ရဲကင်းမှူး ရဲအုပ် မင်းသိန်းထွန်းတို့မှ ထပ်ဆင့်ရှင်းလင်း အသိပညာပေးပြောကြားခဲ့ပြီး ဒေသခံပြည်သူများမှ သိလိုသည်များ မေးမြန်းသည်ကို ပြန်လည်ဖြေကြားကာ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ဟောပြောပွဲပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်

One Candle စေတနာရှင်လူငယ်များအဖွဲ့ စာရေးကိရိယာ အလှူခရီးစဉ် (၂)

မိုးနဲ့ နွားသိုး အစိုးမရ ဆိုသည့် စကားပုံကဲ့သို့ မနေ့က ညပိုင်းအထိ သာသာယာယာ ရှိနေခဲ့သည့် ရာသီဥတုသည်ကား ယနေ့ နံနက်တွင် ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ ပတ်လည် ဖြစ်နေပေပြီ။ မနေ့က ဖားပန်ကျေးရွာ မူလတန်းကျောင်းလေးမှာ အဖွဲ့ဝင်တွေ စုံညီခိုက် ၁၇.၆.၂၀၁၄ ရက်နေ့မှာ ကရင်ကျေးရွာနှင့် သက်ရင်းသာကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ဆက်ပြီး စာရေးကိရိယာ အလှူသွားကြဖို့ သဘောတူညီမှု ရရှိထားတာမို့ နံနက် ၈ နာရီထိုးတော့ ကျနော့်အိမ်ကို အဖွဲ့ဝင် တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြချေပြီ။ သယ်ဆောင်သွားကြမည့် ပစ္စည်းတွေကို လမ်းမှာ မိုးမိလျှင် ရေမစိုအောင် သေချာစွာ ထုပ်ပိုးမှုတာဝန်ကို ကျနော်မှ ယူထားရသည့်မို့ သေချာကျနစွာ ထုပ်ပိုးနေရ၏။ ရောက်လာသည့် အဖွဲ့ဝင်များကလည်း ဝိုင်းဝန်းကူညီကြသည့်မို့ မကြာလိုက်ပါချေ..။ ပြင်ဆင်ထုပ်ပိုးမှု ပြီးစီးသွား၏။ ပြင်ဆင်ထုပ်ပိုးထားသည့် ပစ္စည်းများကို ဆိုင်ကယ်များပေါ် တင်ပြီး စာရေးကိရိယာ အလှူခရီးစဉ်စထွက်တော့ နံနက် ၈ နာရီ မိနစ် ၂၀… ကောင်းကင်က မိုးတိမ်တို့သည်လည်း နိမ့်သထက် နိမ့်ကျလာသယောင်….။ ကျနော်တို့အဖွဲ့ ယနေ့သွားရောက်ကြမည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှစ်ကျောင်းမှာ အရှေ့နှင့်အနောက် ဖီလာဆန့်ကျင် …. ကရင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းက မော်လူး၏ အရှေ့မြောက်ဘက်မှာ သက်ရင်းသာကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက မော်လူး၏ အနောက်မြောက်ဘက်မှာ … ပြဒါးတစ်လမ်း သံတစ်လမ်းပင်… သို့သော် အကွာဝေးကြီးတော့ မဟုတ်ပါချေ။ ကရင်ကျေးရွာမှာ မော်လူး၏ အရှေ့မြောက်ဘက်သို့ အညာဒေသအခေါ် တစ်ခေါ်နှစ်ခေါ်လောက်သွားလျှင်ရောက်ပြီး သက်ရင်းသာ ကျေးရွာကား မော်လူးမှ သုံးခေါ် လေးခေါ်လောက်ဆို ရောက်ပါသည်။ ကျနော်တို့ အဖွဲ့ပထမဆုံး ဦးတည်ကြသည့် ကျောင်းလေးကား ကရင်ကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလေးသို့ ဖြစ်၏။ ကျောင်းလေးသို့ ကျနော်တို့ အဖွဲ့ရောက်ကြသောအခါ ကျောင်းလေးတွင် ကလေးများ တစ်ဦးမှ မရောက်ကြသေးချေ။ ဝီရိယကောင်းသည့် ဆရာမနှစ်ဦးကိုသာ ကျောင်းလေးရှေ့မှာ တွေ့ရ၏။ ကရင်ကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလေးကား ကရင်ကျေးရွာ အဝင်တွင် တည်ရှိနေပြီး၊ ဘုန်းတော်ကြီးကျောင်းကား ရွာ၏ အရှေ့ဘက်တွင် ရှိနေသည်မို့ တခြားစီဖြစ်နေပါသည်။ ယခင်က ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဇရပ်ပေါ်တွင် ကလေးများ စာသင်ကြရသည်။ ဇရပ်ဆိုသော်လည်း သက်ကယ်မိုး ထရံကာ ပျဉ်ကျဲကျဲခင်းထားသည့် ကြမ်းခင်းနှင့် ဇရပ်အောက်ခြေမှာကား ရေအိုင် ယခုလိုမိုးတွင်းဆိုလျှင် ကလေးများ၏ ပေတံ ခဲတံကျသွားလျှင် ပြန်မရတော့…။ ဒီကျောင်းလေးကိုလည်း ကျနော်တို့ အဖွဲ့ ၂၀၁၁/၂၀၁၂ ပညာသင်နှစ်ကတည်းက စလှူဖြစ်ခဲ့တာပါ။ စာသင်ဆောင်လေးကို မြင်ရပြီး စိတ်မချမ်းမသာ ဖြစ်ခဲ့ရပေမယ့်.. ဘာမှမတတ်နိုင်တာမို့ စိတ်မကောင်းရုံမျှသာဟု သဘောထားနေခဲ့ရာမှ ကရင်ကျေးရွာ အရှေ့ဘက် တောတန်းထဲရှိ ဝေဘူဝေဘာ တောရကျောင်း ဆရာတော်နှင့် စကားစပ်မိကြပြီး ဆရာတော်နှင့် ပူးပေါင်းကာ ဆောက်လုပ်ပြီး အပြီးမသတ်နိုင်သည့် ရွာအဝင် စာသင်ဆောင်လေးကို အပြီးသတ်နိုင်အောင် ကိုယ်တိုင်လည်းလှူ အွန်လိုင်းတွင်လည်း အလှူခံ တတ်နိုင်သလောက် လုပ်ပေးခဲ့သည်။ အလှူရှင်များ၏ ဝိုင်းဝန်း ပံ့ပိုးမှု၊ဝေဘူဝေဘာ တောရကျောင်း ဆရာတော်၏ ငွေအား လုပ်အားများဖြင့် စာသင်ဆောင်လေးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် အပြီးသတ်ပေးနိုင်ခဲ့သည်။ ဤကျောင်းလေးကား ကျနော်တို့ အဖွဲ့၏ ပထမဆုံး အောင်မြေဖြစ်၏။ ပရဟိတ လုပ်ငန်းလေး စလုပ်ဖြစ်အောင် တွန်းအားရရှိခဲ့သည့် နေရာပင်….။ ကျောင်းလေးမှာ ကလေးတွေကိုမမြင်လို့ ဆရာမနှစ်ဦးကို မေးတော့ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးခေါ်ထားတာဟု သိရသဖြင့် ကျနော်တို့အဖွဲ့ စာသင်ကျောင်းလေးဆီမှ ဘုန်းတော်ကြီးကျောင်းဆီသို့ ဆက်လက် ချီတက်ခဲ့ကြသည်။ ဘုန်းတော်ကြီးကျောင်းရောက်တော့ ကလေးတွေ စည်းကမ်းတကျစီတန်းကို ဘုရားရှိခိုးနေကြ၏။ "ဗုဒၶံ သရဏံ ဂစ ၦာမိ၊ ဓမၼံသရဏံ ဂစ ၦာမိ၊ သံဃံ သရဏံဂစ ၦာမိ" တညီတညာနှင့် သေသေဝပ်ဝပ် ရှိခိုးကန်တော့နေကြသည်မှာ ကြည်နူးအားရစရာကောင်းလိုက်သည့်ဖြစ်ခြင်း၊ အမျိုးဘာသာကို အသိတရားဖြင့်စောင့်ရှောက်နိုင်ကြမည့် ကလေးများပင်။ ကျနော့်အမြင်မှာ အမျိုးဘာသာကို စောင့်ရှောက်နိုင်ရန် ဥပဒေများ ရေးဆွဲခြင်းထက် ဘာသာတရား၏ အဆုံးအမကို ငယ်စဉ်ကတည်းက စိတ်ထဲစွဲမြဲနေအောင် သွန်သင်လမ်းပြဆုံမခြင်းက ပို၍ ကောင်းမွန်သည်ဟု မြင်မိပါသည်။ ဆရာတော်ကိုလည်း လေးစားကြည်ညိုမိပါသည်။ ကျောင်းမတက်မီ ကလေးများကို ဘာသာတရားအဆုံးအမများကို သင်ကြားပြသပေးနေသည့်အတွက်ပါ။ ကျနော်တို့ အဖွဲ့သားတွေ ဆရာတော်ကို ဦးချကန်တော့ပြီး စာရေးကိရိယာများ လာလှူသည့်အကြောင်းလျှောက်ထားတော့ ဆရာတော်မှ သိပြီးသားမို့ ဝမ်းသာကြောင်း သာဓုခေါ်ဆိုပါကြောင်းများ မိန့်ကြား၏။ ကျနော်တို့လည်း ကျောင်းသူ/သားအရေအတွက်ကို မေးမြန်းရာ ဆရာတော်မှ ၅၆ ဦးရှိကြောင်း မိန့်ကြားသဖြင့် စာရေးကိရိယာများကို ပြင်ဆင်ကြရတော့သည်။ အားလုံးပြင်ဆင်ပြီး ဆရာမလေးကို မြေဖြူတိုက်၊ သင်ပုန်းဖျက်၊ မင်နီ(ဘောပင်)များပေးအပ်ကြပြီး ကလေးများကို စာရေးကိရိယာများ စတင်ဝေငကြပါတော့သည်။ ဒီဘုန်းတော်ကြီးသင် ပညာရေးကျောင်းလေးမှာ ဆရာမနှစ်ဦးရှိ၏။ နှစ်ဦးလုံးမှာ ရွာမှ စပါးပေးဖြင့် ငှားထားခြင်းဖြစ်သည်။ မနှစ်က သက်ရင်းတာရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာမလေးက ယခုနှစ် ကရင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ တွေ့ရတာမို့ ကျနော်မျက်စိလည်ပြီး "ဆရာမရေ … ကျောင်းနှစ်ကျောင်းက ကလေးတွေ ပေါင်းလိုက်တာလား"ဟု မေးမိတော့ …"ဆရာမလေးက မဟုတ်ဘူးရှင့်… ကျနော် ဒီနှစ် ဒီရွာမှာ စာလာသင်ပေးနေတာပါ။ အိမ်က မော်လူးမှာဆိုတော့ ကရင်ရွာက သက်ရင်းသာရွာထက် မော်လူးနဲ့ ပိုနီးလို့လေ" ဟု ပြန်ပြော၏။ ကလေးကတော့ စာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ ခဲချွန်စက်လေးများကို ကိုင်ကြည့်ပြီး ပြုံးနေလိုက် ပျော်နေလိုက်ကြတာ ဘေးက မြင်နေရသည့် ကျနော်တို့ထံပင် သူတို့လေးတွေ၏ အပျော်အပြုံးများ ကူးစက်လာသလိုပင်…။ကလေးတွေကို စာရေးကိရိယာလေးတွေ လှူပြီးတော့ ဆရာတော် အပါအဝင် ကျနော်တို့ အဖွဲ့သားများနှင့် အတူတကွ မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။ ကျနော်မှ လှူဒါန်းမှုများ၏ အရေအတွက်ကို ဈေးနှုန်းများကို တွက်ချက်ကာ ကျောင်းတွင်သိမ်းထားရန် အလှူမှတ်တမ်းစာရွက်တစ်ရွက်နှင့် ကျနော်တို့အဖွဲ့အတွက် သိမ်းထားရန်တစ်ရွက်တို့ကို ရေးသွင်းပြီး အလှူလက်ခံ ဆရာတော်နှင့် ဆရာမများအား လက်မှတ်ရေးထိုးခိုင်း လိုက်ပါလှူဒါန်းကြသည့် ကျနော်တို့အဖွဲ့သားတွေကိုလည်း လက်မှတ်ရေးထိုးခိုင်းပြီး ကျောင်းတွင် သိမ်းထားနိုင်ရန် အတွက် မှတ်တမ်းစားရင်းတစ်ရွက်ကို ပေးအပ်ပြီးနောက် ဆရာတော်နှင့် စကားစမြည်ပြောကြားကာ အားလုံးကို နှုတ်ဆက်ပြီး သက်ရင်းတာရွာ ဘုန်းတော်ကြီးကျောင်းဆီ ဆက်လက်ချီတက်ကြသောအခါ မိုးဖွဲလေးများ ကျလာလေပြီ။ အေးချမ်းမည့် နမိတ်ပေလားဟု တွေးရင်းးးးးးး


ရင်ခုန်သံကိုကျောခိုင်းနေသူ မ သို့

မ ရေ ညနေ ဆည်းဆာအချိန်လေး ရောက်လာတိုင်း လွမ်းငွေ့တဝေဝေ ဖြင့် ဆွေးမပြေခဲ့ပါဘူး မ ရယ်  မောင်ကတော့ အဖော်မဲ့တဲ့ ညတွေမှာ မျှော်ခဲ့ရပေါ့  ချောင်းဆိုးခြင်းနဲ့ ချစ်ခြင်းဆိုတဲ့ အရာနှစ်ခုဟာ ဘယ်လိုမှ တားဆီးလို့မရဘူးဆိုတဲ့ " သိုးဆောင်းလူမျိုးတို့ရဲ့" စကားပုံကို လက်ခံနိုင်ပေမယ့် မုန်းတယ်ဆိုတဲ့ စကားကို မောင်ကတော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး မ ရယ် အခုတော့ ထင်လွဲချက်လေးတစ်ခုနဲ့ မ ကမုန်းတယ်ဆိုတဲ့ စကားလေးတစ်ခွန်းဟာ မောင့်အတွက်တော့ ကမ္ဘာကြီးပျက်သွားသလား  အောက်မေ့ရတယ် မ ရယ်  မောင့်ကို ကျောခိုင်းသွားဖို့ ရင်ခုန်သံကို ဥပေက္ခာ ခြေလှမ်းတွေနဲ့ မိတ်ဖွဲ့နေပြီလား မ ရယ်  မ ရဲ့ မဟာဆန်တဲ့ မျက်ခုံးအောက်က ရီဝေအကြည့်နဲ့ လှပသော နှုတ်ခမ်းလေးမှ ထွက်လာသော သာယာတဲ့ အသံလေးတွေက မောင့်အတွက်တော့ ဆေးသားမပြယ်သော ပန်းချီကားတစ်ချပ်ပါပဲ မ ရယ် နေခြည်က ကမ္ဘာမြေကို ထွေးပိုက် လရောင်က ပင်လယ်ပြင်ကို နမ်းတဲ့ အနမ်းမျိုး ရနိုင်ပါ့အုံးမလား ? မ  ရယ်
ရွှေလေးတန်သားလေး

mail ထဲရောက်လာတဲ့ ရင်ဖွင့်ကဗျာလေးပါ
ပေးပို့လိုသူများ mawluuvillagers@gmail.com သို့ ပေးပို့နိုင်ပါကြောင်းး

Saturday, December 13, 2014

One Candle စေတနာရှင်လူငယ်များအဖွဲ့ စာရေးကိရိယာ အလှူခရီး (၁)

မေလကုန်ကတည်းက စပြီးရွာလိုက်တဲ့ မိုးဟာ ဇွန်လလယ်ရောက်တဲ့ အထိ မရပ်နိုင်သေးချေ။ နေ့စဉ်ရက်ဆက် မနက်ပိုင်းရွာလျှင်ရွာ မနက်ပိုင်း မရွာလျှင် ညပိုင်းရွာနှင့် တစ်ရက်မျှ မိုးပြတ်သည် မရှိ။ သတင်းတွေထဲမှာ ဖတ်ရတာတော့ နှစ်ပေါင်း ၃၀ အတွင်း မုတ်သုံလေဟာ ပုံမှန်အချိန်အတိုင်း ပြန်လည်ဝင်ရောက်လာတာ ဆိုပဲ။ မိုးတွေရွာနေတာမို့ ကျနော်တို့ အဖွဲ့သွားရမဲ့ ခရီးစဉ်တွေကို တွေးရင်း ရင်လေးနေမိပါတယ်။ မိုးတစ်ခါနှစ်ခါ ရွာလိုက်ရုံနဲ့ ပျက်တဲ့လမ်းတွေကို ဘယ်လိုသွားကြမလဲဆိုတဲ့ အတွေးနဲ့ပါ။ နှစ်တိုင်းလည်း မိုးတွေရွာပြီး လမ်းတွေ မကောင်းပဲ သွားနေကျပါ… ဒါပေမယ့် ဒီနှစ်ကတော့ ရက်ဆက်ရွာနေတဲ့မိုးမို့ ပိုဆိုးတဲ့ လမ်းတွေကို ဖြတ်ရတော့မှာပဲဆိုတဲ့ အတွေးနဲ့ စိုးရိမ်ပူပန်မိသလို… အလှူခရီးစဉ်ကို လိုက်ပါနိုင်မဲ့ အင်အားက နည်းနေလို့လည်းပါပါတယ်။ နှစ်တိုင်းထက် လိုက်ပါနိုင်တဲ့ လူအင်အားက နည်းနေပါတယ်။ "အတ္တရှိမှ ပရရှိတာကွ" ဆိုတဲ့ သူငယ်ချင်း တစ်ယောက်ပြောဘူးတဲ့ စကားလေးကို ကြားယောင်မိသား… တကယ်လည်း ကိုယ်ကျိုး မပြည့်စုံတဲ့ သူတွေဆိုတော့ မိမိအကျိုးကို ပြည့်အောင် တနည်းပြောရရင် မိသားစု စားဝတ်နေရေး လုံးပမ်းနေကြရတာမို့ မအားလပ်ကြလို့ မလိုက်နိုင်ကြတာပါ။ အလှူခရီးစဉ်ကို မလိုက်နိုင်လို့ "မင်းတို့ကွာ ပရဟိတ စိတ်ဓာတ်မရှိတဲ့ကောင်တွေ အလကားကောင်တွေ"လို့လည်း သွာပြောလို့ မဖြစ်ဘူးလေ။ ကျနော့် အဖေကတော့ အားမလို အားမရနဲ့ "မင်းတို့ကောင်တွေ သူများက ပစ္စည်းတွေ အိမ်အရောက် လှူပေးပို့ပေးနေတာကို မင်းတို့က အလှူခံလက်ထဲ ရောက်အောင် ပို့ပေးဖို့လေးကိုတောင် မလိုက်နိုင် ဖြစ်နေတယ်ဆိုတာ မဟုတ်သေးပါဘူး"ဟု အားမလို အားမရ ပြောရှာပါတယ်။ ဒီနှစ်ရဲ့ စာရေးကိရိယာ အလှူခရီးကို ဘယ်ကျောင်းနဲ့ အရင်စမလဲဆိုပြီး တွေးကြည့်လိုက်တော့… မိုးရွာရွာ နေပူပူ သွားလို့ လာလို့ အဆင်ပြေတဲ့…. ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးဘေးက ဖားပန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းလေးနဲ့ စဖို့ရာ သဘောတူညီမှု ရပါတယ်။ ဘယ်နေ့သွားကြမလဲဆိုတော့ ၁၆.၆.၂၀၁၄ ရက်နေ့ကို ရက်ချိန်းရပါတယ်။ မိုးရွာရွာ နေပူပူသွားကြမယ်ဆိုတဲ့ သဘောတူညီချက် အပါအဝင်ပေါ့။ ကျနော်တို့ အဖွဲ့လေးရဲ့ စာရေးကိရိယာ အလှူ ခရီးစဉ်ဟာ ၂၀၁၄/၂၀၁၅ ပညာသင်နှစ်မှာ လေးနှစ်ပြည့်ပါပြီ…။ ဘာမှ မကြာလိုက်ပေမယ့် လေးနှစ်ဆိုတဲ့ အချိန်ကို ဖြတ်သန်းနိုင်ပြီမို့ စိတ်ထဲမှာ ကြည်နူးဝမ်းသာနေမိပါတယ်။ ဒီဖားပန်ကျေးရွာ မူလတန်းကျောင်းလေးကို ကျနော်တို့ အဖွဲ့ စာရေးကိရိယာ လှူဖြစ်တဲ့ နှစ်က ၂၀၁၁/၂၀၁၂ ပညာသင်နှစ်က စခဲ့တာပါ။ အဲ့အချိန်တုန်းက ကိုယ်အားကိုယ်ကိုး မူလတန်းကျောင်းလေးပေါ့။ သက်ကယ်မိုး၊ ထရံကာ၊ ပျဉ်ခင်းထားတဲ့ တစ်ထပ် အဆောက်အဦးလေးပါ။ အမိုးမလုံ အကာမလုံ စာသင်ခုံ လောက်လောက်ငင မရှိတဲ့ ကျောင်းလေးပေါ့။ ရွှေဘို - မြစ်ကြီးနား ဗျူဟာ လမ်းမကြီးကို ဖြတ်ဖြတ်ပြီး ခရီးသွားနေတဲ့ အကောင်ကြီးကြီး အမြီးရှည်ရှည်( မြွေ မဟုတ်ပါ)မြင်သွားမှာကို အောက်ခြေက အကောင်သေး အမြီးတို(လိပ် ဖြစ်ဖို့များပါတယ်)ကြောက်နေလန့်နေရတဲ့ ကျောင်းလေးပေါ့။ စာသင်ဆောင်လေးကို ပြုပြင်ဖို့ ရပ်ရွာလူကြီးတွေကို ဖိအားပေးနည်း၊ ခြောက်လှန့်နည်း အစရှိတဲ့ နည်းတွေနဲ့ ချော့လိုက်ခြောက်လိုက်လုပ်နေခဲ့တာပါ။ ရပ်ရွာကလည်း မတတ်နိုင်တဲ့ အခြေအနေ ရှိတဲ့ အိမ်ခြေက သုံးဆယ်နီးပါး။ အားလုံးသော ရွာသူ/သားတွေက လက်လုပ်လက်စား အများစု၊ နောက်တစ်ခုက ရွာကို မီးရထားသံလမ်းဘေးကနေ ကားလမ်းဘေးပြောင်းလာရတာက မကြာသေး… အကြပ်အတည်းများစွာနဲ့ ဖြတ်သန်းနေခဲ့ရတဲ့ ကျောင်းလေးပေါ့။ ကျနော်တို့ စလှူဖြစ်ခဲ့တဲ့ နှစ်က ဒီကျောင်းလေးမှာပဲ စာအုပ် မဝယ်နိုင်လို့ စာရွက်လေးပေါ်မှာ ခဲတံ အတိုလေးနဲ့ စာရေးနေတဲ့ ကလေးတစ်ယောက်ရဲ့ မြင်ကွင်းကို ခုအချိန်အထိ မျက်စိထဲက ဖျောက်လို့ မရနိုင်သေးပါဘူး….။ ရွာဦးကျောင်းဆရာတော်ရဲ့ ကြိုးစားမှု၊ ရွာသူ/သားတို့ရဲ့ လုပ်အား၊ အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှု စတာတွေနဲ့ အခုဆိုရင် ကျောင်းလေးဟာ အခြေခံပညာ မူလတန်းဆိုတဲ့ အဆင့်ကို တိုးမြင့်ရောက်ရှိလာပါပြီ။ စာသင်ဆောင်လေး ပြီးစီးအောင်မြင်နိုင်ဖို့ တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက် ပါဝင်အားဖြည့်ပေးနိုင်ခဲ့တာကိုလည်း ကြည်နူးဝမ်းသာမိပါတယ်။ဆရာ အော်ပီကျယ်၊ ဆရာ မောင်သာချိုတို့ရဲ့ One More ပရဟိတ အဖွဲကြီးရဲ့ လှူဒါန်းမှုက အဓိက အခန်းကဏ္ဍကပါဝင်ခဲ့တယ်ဆိုရင် မမှားနိုင်ပါဘူး။ ၂၀၁၃/၂၀၁၄ ပညာသင်နှစ်မှာ အခြေခံပညာ မူလတန်းအဆင့်ကို ရောက်ရှိလာခဲ့တဲ့ ဖားပန်ကျေးရွာ မူလတန်းကျောင်းလေးဟာ အခုဆိုရင် တစ်ထပ် သွပ်မိုး အုတ်ကာ စာသင်ဆောင် ၊အဝီစိတွင်း၊ ရေလှောင်ကန်၊ ရေလောင်းအိမ်သာတွေနဲ့မို့ တော်တော်လေးတိုးတက်ပြည့်စုံလာခဲ့ပါတယ်။ ကျနော်တို့ အဖွဲ့ ကျောင်းလေးဆီကို ရောက်တော့ နံနက် ၁၀ နာရီခန့်ရှိနေပါပြီ။ နှစ်တိုင်းက ဒီကျောင်းလေးမှာ အရပ်ငှားဆရာမတွေပဲရှိနေပြီး ဒီနှစ်မှာတော့ အစိုးရခန့် ဆရာမတစ်ယောက်ကို တွေ့ရပါတယ်။ သူငယ်တန်းကနေ စတုတ္ထတန်းအထိကို ဆရာမတစ်ဦးတည်းကပဲ သင်ကြားပြသနေရရှာတာပါ။ ဒါပေမယ့် ဆရာမလေးရဲ့ မျက်နှာပေါ်မှာတော့ မောပန်းဟန်၊ စိတ်ပျက်ဟန်တစ်ခုမှ မတွေ့ရပါဘူး။ ပြုံးပြုံးရွှင်ရွှင်ပါပဲ။ ကျနော်တို့ အဖွဲ့လည်း ပါလာတဲ့ ပစ္စည်းတွေကို စားပွဲခုံတစ်လုံးပေါ်မှာ ပြင်ဆင်ပြီး ဆရာမလေးကို ကျောင်းအတွက်/ ဆရာမအတွက် ပစ္စည်းလေးတွေကို ပေးအပ်… မှတ်တမ်းဓာတ်ပုံလေးတွေရိုက်ကြပါတယ်။ ပြီးတာနဲ့ ကလေးတွေကို စာရေးကိရိယာလေးတွေ ဝေပေးကြတာပေါ့။ မနှစ်ကတော့ မန်းလေးဂေဇက်က ရွာသူ/သားတွေရဲ့ လှူဒါန်းမှုနဲ့ ကလေးတွေကို ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံတစ်ဒါဇင် ပေးနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ရံပုံငွေနည်းတဲ့အတွက်ကြောင့် တစ်ဝက်လျှော့ချပြီး ဗလာစာအုပ် ၆ အုပ်၊ ခဲတံ ၆ ချောင်း၊ ခဲဖျက်၊ ပေတံ၊ ချွန်စက် တစ်ခုစီကို ဝေငှပေးနိုင်ပါတယ်။ တစ်ခုဝမ်းသာစရာရှိတာက အစိုးရကလည်း ကလေးတွေကို ဗလာစာအုပ်၊ ခဲတံတွေ ဝေပေးထားတာပါ။ နောက်နှစ်တွေဆိုရင် ကျနော်တို့ အဖွဲ့ စာရေးကိရိယာ အလှူခရီးသွားစရာ မလိုလောက်တော့ဘူးထင်ပါရဲ့။ အခုလို ကျနော်တို့တွေ စာရေးကိရိယာအလှူသွားနေကြရတာက အစိုးရက လုပ်ရမဲ့ အလုပ်တွေကို မလုပ်လို့ ကျနော်တို့ ပြည်သူတွေက ဝင်လုပ်ပေးနေရတာပါ။ စာရေးကိရိယာ အလှူမလုပ်ရတော့ဘူးဆိုရင် ကျနော်စိတ်ကူးမိတာက ကျေးလက်တောရွာတွေမှာ ရွေ့လျားစာကြည့်တိုက်တွေ လုပ်ပေးချင်တာပါပဲ။ မနှစ်က ကျနော်တို့အဖွဲ့ ရွေ့လျားစာကြည့်တိုက် အစီအစဉ် စတင်ခဲ့ပေမယ့် အသက်ဝင်လာအောင် မဆောင်ရွက် မလှုပ်ရှားနိုင်ခဲ့ပါဘူး။ ကျနော်က စာအုပ်စာတမ်းတွေ ရနိုင်အောင် ရှာဖွေနိုင် ရှာဖွေပေးပေမယ့် ရွာတွေကိုလှည့်ပြီး စာအုပ်စာစောင် လဲလှယ်ပေးဖို့ တာဝန်ယူထားတဲ့သူက မလုပ်နိုင်တာမို့ သုံးလေးလနဲ့ ရပ်သွားရပါတယ်။ ကျနော်တို့ လူမျိုးတွေ စာဖတ်ခြင်းအမှုမှာ မွေ့လျော်လာနိုင်မှ အတွေးအခေါ်တွေ မြင့်တက်ပြီး အမှား အမှန် ဝေဖန်ခွဲခြားနိုင်တဲ့ အသိတွေရှိလာမှာ မဟုတ်လား။ ဒီနေ့ ကျနော်တို့ ရောက်ရှိနေတဲ့ ဖားပန်ကျေးရွာလို နေရာမျိုးဟာ ရွေ့လျားစာကြည့်တိုက် ထူထောင်သင့်တဲ့ နေရာတစ်ခုပါ။ စားဝတ်နေရေးအတွက်ပဲ လုံးပမ်းနေကြရတဲ့ အခြေခံလူတန်းစားတွေ စာမဖတ်နိုင် စာမဖတ်ကြတဲ့ အတွက် မျက်စိပိတ် နားပိတ်ဖြစ်ကြရပါတယ်။ နဂိုကတည်းက ရိုးသားကြတဲ့သူတွေ.. ရိုးရာကနေ အ လာကြပါတယ်။ အ ရာကနေ တုံးသွားတဲ့ အဆင့် မရောက်စေဖို့ စာဖတ်တဲ့ အလေ့အထကို ပျိုးထောင်ပေးရုံမှတပါး အခြားနည်းလမ်းကို မမြင်မိပါချေ။ ဖားပန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းလေးမှာ သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသူ/သား ၄၆ ဦးရှိပါတယ်။ ကလေးကို စာရေးကိရိယာတွေ ဝေငှပေးပြီး ကျောင်းလေးရှေ့မှာ ရပ်မိရပ်ဖများ၊ ဆရာမ၊ ကျောင်းသား/သူလေးတွေနဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်ကြပါတယ်။ ဓာတ်ပုံရိုက်ပြီးတော့ အလှူစာရင်းလေးမှာ ဗလာစာအုပ် ဘယ်နှစ်ဒါဇင်က ဘယ်လောက်၊ ခဲတံက ဘယ်လောက် စတာလေးတွေ ရေးသွင်းပြီး လာရောက်လှူဒါန်းသူတွေ၊ လက်ခံသူတွေက လက်မှတ်ရေးထိုးပြီး ကျောင်းမှာ သိမ်းဆည်းထားဖို့ ဆရာမလေးကို တစ်စောင်ပေးပြီး ကျနော်တို့ အဖွဲ့အတွက် လက်ခံတစ်စောင် ယူထားလိုက်ပါတယ်။ အားလုံးပြီးစီးသွားတော့ ရပ်မိရပ်ဖတွေနဲ့ ဆရာမလေးကို ကျနော်တို့ အဖွဲ့အကြောင်း အလှူရှင်က ဘယ်သူဆိုတဲ့အကြောင်း ဘယ်လိုနည်းနဲ့ အလှူခံရပြီး လာလှူနိုင်တယ်ဆိုတဲ့ အကြောင်းလေးတွေကို ရှင်းပြတော့ ဆရာမလေးက "ကျေးဇူးတင်ပါတယ်ရှင်…."ဟု စကားဆိုရှာ၏။ ပြန်ဖို့ရာ ပြင်ဆင်ကြတော့ ကျောင်းသူ/သားအားလုံး မတ်တပ်ရပ်လက်လေးတွေပိုက်ပြီး ကျောင်းသားတစ်ဦးမှ ဦးဆောင်ကာ "အလှူရှင်များ ကျန်းမာကြပါစေ…. အလှူရှင်များ ချမ်းသာကြပါစေ…။ အလှူရှင်များ ဝမ်းသာကြပါစေ…. သွားလာသာ လာလမ်းဖြောင့်ပြီး အဆင်ပြေချောမွေ့ကြပါစေ…"လို့ မထင်မှတ်ပဲ သံပြိုင် ညီညီညာညာ နှုတ်ဆက်ကြတော့ ကျနော့်မှာ ကြက်သီးမွေးညှင်းထပြီး ကြည်နူးလိုက်ရတာ…. ဒါပါပဲလေ… ပရဟိတအလုပ်ရဲ့ အကျိုးက ပီတိလေးတွေကို ခံစားကြည်နူးရတာပါပဲ……။ ကလေးတို့ရေ မင်းတို့လေးတွေ တောင်းတဲ့ဆုနဲ့ ပြည့်ပါရစေ…. မင်းတို့လေးတွေလည်း ပညာကို အေးအေးချမ်းချမ်း အပူအပင်မဲ့စွာ သင်ကြားနိုင်ကြပြီး …. နောင်အနာဂတ်မှာ အမိတိုင်းပြည်အတွက် ဒါမှမဟုတ် မိမိရပ်ရွာအတွက် ကောင်းကျိုးပြုနိုင်တဲ့ ပညာတတ် လူတော်လူကောင်းလေးတွေ ဖြစ်ကြပါစေ……လို့ စိတ်ထဲကနေပြီး တိုးတိုးညင်သာ ဆုတောင်းရင်း နှုတ်ဆက်ပါတယ်ကွယ်။


အဝေးရောက် ပညာသင်နေသော သားတစ်ယောက်ဧ။် အမေထံသို့ ရင်ဖွင့်သံ

အမေ သားလေ ...

အမေ ပျော်သော သားတစ်ယောက် ဖြစ်အောင်

ကြိုးစားမှာပါ အမေ မပျော်သော သားဖြစ်အောင်

ဘယ်တော့မှ မကြိုးစားပါဘူး အမေ့ ။

သားရဲ့ အကြောင်းတွေး သားကို မြင်မိလိုက်တိုင်း အမေရဲ့

အပြုံး ပန်းလေးတွေ အမြဲ ရှင်သန်လန်းဆန်းစေမှာပါ အမေ

နန့်ရုံသားလေး ( ရွှေလေးတန်)

မေလ်းထဲရောက်လာတဲ့ စာလေးပါ။ နောက်ထပ် ဒီထက်ကောင်းတဲ့ အရေးအသားမျိုးနဲ့ စာလေးတွေကို မျှော်လင့်ပါတယ်။

မော်လူးပတ်လည်မှ သတင်းများ| ကဗျာများ| ဝတ္ထုတိုများ| အက်ဆေးများ| ဆောင်းပါးများ ပေးပို့လိုပါက mawluuvillagers@gmail.com သို့ ပေးပို့နိုင်ပါသည်။

မော်လူးဒေသသားများကြည့်စေဘို့ ဘုရားပုံကို နားကြပ်တပ်ပြီး အရက်ဆိုင်ကြော်ငြာသူတို့ရဲ့သတင်း