Friday, April 14, 2017

ဆုတောင်း

❀❀❀ ဆုတောင်း ❀❀❀

❀ အောင်မြင်၊ကျော်ကြားသောအခါ၌ ကိုယ့်ထက်နိမ့်ကျသူကို ဆွဲခေါ်နိုင်သူဖြစ်ပြီး၊ရှုံးနိမ့်ကျဆင်းသောအခါ၌ သူတစ်ပါးကို ဒုက္ခမပေးရသောသူ ဖြစ်ရပါလို၏။

❀ ကိုယ့်ဒုက္ခကို သူတစ်ပါးအား ပြောပြအကူညီတောင်းခံသောသူထက်၊
သူတစ်ပါးဆင်းရဲဒုက္ခကို မျှဝေကူညီနိုင်သောသူ ဖြစ်ရပါလို၏။

❀ သူတစ်ပါးဆီက အလကားရယူလိုသော စိတ်ထက်၊ကိုယ့်ဆီက အလကားပေးလိုက်လိုသော စိတ်သာဖြစ်ရပါလို၏။

❀ သူတစ်ပါး၏အပြစ်ကို ရှာကြံပြောတတ်သောသူထက်၊ သူတော်ကောင်းတို့၏မြင့်မြတ်သောစိတ်ကို အတုလိုက်ကာပြုပြင်ပေးနိုင်သော သူဖြစ်ရပါလို၏။

❀ ကျေးဇူးကန်း၍ အသိတရားကင်းမဲ့သောသူ၏အဖြစ်ထက်၊ကျေးဇူးသိ၍ သိသည့်အသိတရားဖြင့် လောကအတွက်အသုံးပြုနိုင်သောသူ ဖြစ်ရပါလို၏။

❀ သူတစ်ပါး၏အပြစ်ကိုမြင်သောအခါ၌
အကန်းကဲ့သို့၊
သူတစ်ပါး၏အပြစ်ကိုပြောမည့်အခါ၌
အ'အကဲ့သို့
သူတစ်ပါးက အကုသိုလ်ဖြစ်စရာ လာပြောသောအခါ၌
နားအပင်းကဲ့သို့ ကျင့်နိုင်သောသူ ဖြစ်ရပါလို၏။

❀ အဆုံး၌ ကိုယ့်အပြစ် ကိုယ်သာရှာကြံ၍ နိဗ္ဗာန်ရအောင် အသုံးချနိုင်သူ ဖြစ်ရပါလို၏။

မွန်ကျောင်းဆရာတော် - အရှင်ပညာသီရိ