Sunday, January 25, 2015

မေလ်းထဲရောက်နေတာ ကြာပြီဖြစ်တဲ့ ကဗျာ နှစ်ပုဒ်

အမေ့မေတ္တာ
@@@@@@@@

*အမေ့တ္တော ပန်းရွှေ ကြာနဲ့   ပမာနိုင်း ဆို  မပြောလိုဘူး    ထိုပန်းကြွေ ကာ နွမ်းတတ်လို့ ။
* အမေ့မေတ္တာ စမ်းရေပြာနဲ့  ပမာနိုင်းဆို မပြောလိုဘူး ထိုစမ်းနွေမှာ  ခမ်းတတ်လို့ ။
* အမေ့မေတ္တာ  လစန္ဒာနဲ့ ပမာနိုင်ဆို  မပြောလိုဘူး ထိုစန်းစန္ဒာ တိမ်လွှာ  လွမ်းတတ်လို့ ။
* အမေ့မေတ္တာ နိုင်းဆိုပါရန် ပေစာကျမ်းဂန် ဖွေရှာလှန်လည်း  နိုင်းရန်မတွေ့ ကာရန်မေ့သည် အမေ့မေတ္တာ မြသီတာ ။

  ( နန္ဒနန်းမိုး )                  အမေနေ့ကို ဂုဏ်ပြုလျှက်


################################

နှလုံးသား မာန်
==========

စစ်မှန်သော နှလုံးသားနဲ့  ချ ဉ်းကပ်လာတဲ့                                                      လူ တစ်ယောက်ကို   မင်းဘဝရဲ့ သင်္ချာတစ်ပုဒ် အဖြစ်    ထုဆစ်လိုက်တာဟာ ငါ့ ရဲ့ နှလုံးသားထဲ                                      ဗုံးတစ်လုံးပစ်သွင်း လိုက်သလို ပဲ   ။                                    ဝိတ်တား အပြည့်နဲ့   စိတ်အထားတွေ  ခဝါကျ နေသူကို မှ            မင်းရဲ့ ရင်ခုန်သံ  အဖြစ် သတ်မှတ်တယ်  ဆိုရင်    မင်းအတွက်            ငါ ဟာ  မျ က်ရည် စက် မရှိဘူး ဆိုတာ ယုံလိုက်ပါ  ။                  တစ် ချိန်က မင်းရဲ့ ပုံရိပ် လေးတွေကို  စိတ္တဇဆန် ရူးသွပ် ခဲ့ရတယ်ဆို တာ ဝန်ခံပါတယ် ။                                                                 အခု တော့းးးး နှလုံးအိမ်မှ စွဲလမ်းမိသော   မင်းရဲ့                  ပုံရိပ်တွေကို   ငါ တွေရီ မနေတော့ဘူး  ။                                    လူ တွေ နင်းခြေ သွားဖို့   မြက်ပင်တွေ    ပေါက်လာတာ          မဟုတ်သလို    မင်း  နင်းခြေသွားဖို့  ငါ့ရဲ့ နှလုံးသားကလည်း          ပေါက်ဖွားလာတာ  မဟုတ်ဘူး ။ ဒါပေမဲ့းးးးးးးးးမင်း နင်းခြေလိုက်တဲ့     ငါ့ရဲ့ နှလုံးသားကိုတော့  ပြု စုပျိုးထောင်ရဦးမယ်။
ပူပူ

ဒီပင်္ကရာ စေတီတော်မြတ်၏ ဗုဒ္ဓပူဇနိယပွဲ



သမိုင်းဝင် ဒီပင်္ကရာစေတီတော်မြတ်၏ ၁၀၄ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်
မော်လူး၊ ဇန်နဝါရီ ၂၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ ကိုးတိုက်နယ် (၁၀)အုပ်စု၏ သမိုင်းဝင် ဒီပင်္ကရာစေတီတော်မြတ်ကြီး၏ ၁၀၄ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တပို့တွဲလဆန်း ၁၀(ဇန်နဝါရီ ၂၉)ရက်နေ့မှ စတင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သမိုင်းဝင် ဒီပင်္ကရာစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို တပို့တွဲလဆန်း ၁၀ ရက်နေ့မှ လပြည့်နေ့အထိ (ဇန်နဝါရီ ၂၉ မှ ဖေဖော်ဝါရီ ၃)ကျင်းပမည်ဖြစ်ပြီး၊ တပို့တွဲလပြည့်နေ့ နံနက်ပိုင်းတွင် ဒေသတွင်း ရဟန်းသံဃာတော်များ ပင့်သံဃာတော်များကို ဆွမ်းဆန်လောင်းလှူကြမည်ဖြစ်ကြောင်း၊ ယင်းပွဲတော်တွင် ပျော်ပွဲရွှင်ပွဲအဖြစ် မန္တလေးဆန်းလင်းဇာတ်အဖွဲ့မှ ဖျော်ဖြေမည်ဖြစ်ပြီး၊ ဆိုင်ခန်းပေါင်း ၈၀၀ ကျော်ဖြင့် အဝတ်အထည်များ၊ စားသောက်ဖွယ်ရာများ၊ ကလေးကစားစရာပစ္စည်း အစရှိသည့်တို့ကို စုံလင်စွာ ရောင်းချကြမည်ဖြစ်ကြောင်း၊ ဒီပင်္ကရာစေတီတော်မြတ်၏ ဗုဒ္ဓပူဇနိယပွဲတော်သို့ မန္တလေးမြို့၊ မြစ်ကြီးနားမြို့များမှ ဈေးသည်များလာရောက်ရောင်းချကြသကဲ့သို့ ပွဲတော်သို့ ရပ်ဝေးရပ်နီးမှ ဘုရားဖူးများ စည်ကားသိုက်မြိုက်စွာ လာရောက်ကြသည့် နှစ်စဉ်ကျင်းပမြဲ ပွဲတော်ဖြစ်ကြောင်း သိရသည်။

ဘက်စုံထူးချွန်စာမေးပွဲ ဖြေဆိုရန် အင်းတော်မြို့သို့ ထွက်ခွာ



မော်လူး အထကမှ ကျောင်းသူ/သားများ ဘက်စုံထူးချွန်စာမေးပွဲ ဖြေဆိုရန် အင်းတော်မြို့သို့ မီးရထားဖြင့်ထွက်ခွာ
မော်လူး၊ ဇန်နဝါရီ ၂၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူ/သားများသည် ဘက်စုံထူးချွန်စာမေးပွဲဖြေဆိုရန် ဇန်နဝါရီ ၂၅ ရက် ညနေ ၄ နာရီခန့်က အထူးအမြန်ရထား(အမှတ် ၅၆၊ အစုန်)ဖြင့် မော်လူးမီးရထားဘူတာ စီးနင်းလိုက်ပါသွားကြကြောင်း သိရသည်။
၂၀၁၄/၁၅ ပညာသင်နှစ် ဘက်စုံထူးချွန်စာမေးပွဲ ဖြေဆိုရန် မော်လူးအခြေခံပညာအထက်တန်းကျောင်းမှ  အထက်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်စန်း ဦးစီးပြီး ဒသမတန်(GRADE 11)မှ ကျောင်းသူ/သား ၆ ဦး၊ နဝမတန်း(GRADE 10)မှ ကျောင်းသူ/သား ၅ ဦး၊ အဋ္ဌမတန်း(GRADE 9)မှ ကျောင်းသူ/သား ၂ ဦး စုစုပေါင်း ကျောင်းသူ/သား ၁၃ ဦး သွားရောက်ဖြေဆိုကြခြင်းဖြစ်ကြောင်း၊ အဆိုပါ ဘက်စုံထူးချွန် စာမေးပွဲကို အင်းတော်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ဇန်နဝါရီ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများသည် ခရိုင်၊ တိုင်းအထိ သွားရောက်ဖြေဆိုကြရမည်ဖြစ်ကြောင်း မော်လူးအခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမတစ်ဦးက ပြောပြသည်။

မြေကြီး မြေပုံ မှန်ကန်ရေး



အင်းတော်မြို့နယ်၊ မော်လူးအုပ်စု၌ လယ်ယာမြေများ မြေကြီး၊ မြေပုံ မှန်ကန်မှုရှိအောင် ကွင်းဆင်းဆောင်ရွက်
မော်လူး ၊ ဇန်နဝါရီ ၂၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးအုပ်စုတွင် လယ်ယာမြေများ မြေကြီး၊ မြေပုံမှန်ကန်မှုရှိစေရန် မြေစာရင်းဝန်ထမ်းများမှ ဇန်နဝါရီ ၆ ရက်နေ့မှ စတင်ပြီး ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အင်းတော်မြို့နယ်၊ မော်လူးအုပ်စုမှာ ၂၀၁၅ ခုနှစ်အတွက် မြေတိုင်းတာရန် ကွင်း(၅)ကွင်းကို စီမံချက်ရေးဆွဲပြီး တိုင်းတာခြင်းကို ဇန်နဝါရီ (၆)ရက်နေ့ကစပြီး အင်းတော်မြို့နယ်၊ မြေစာရင်းဦးစီးမှူး ဦးကျော်ကျော်လွင်ရဲ့ လမ်းညွှန်မှုနဲ့ လက်ထောက်ဦးစီးမှူး ဦးအောင်ရွှေက ကြီးကြပ်ပြီး အဖွဲ့ခေါင်းဆောင် ဦးထွန်းလွင်ဦးနဲ့ အဖွဲ့ဝင် (၄)ဦးတို့က R.T.K(GPS) မြေတိုင်းတာစက်ဖြင့် တိုင်းတာမှုတွေကို ကွင်းဆင်ဆောင်ရွက်ရာမှာ ဇန်နဝါရီ ၂၅ ရက်နေ့အထိ ကွင်း(၃)ကွင်းကို တိုင်းတာပြီးစီးခဲ့ပါပြီ။ ကျန်နေသေးတဲ့ (၂)ကွင်းကို မြေကြီး၊ မြေပုံ မှန်ကန်မှုရှိအောင် အလျှင်အမြန် တိုင်းတာသွားမှာပါ"ဟု ကွင်းဆင်းဆောင်ရွက်လျှက်ရှိသည့် အင်းတော်မြို့ မြေစာရင်းဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မေလ်းထဲရောက်လာတဲ့ စာနှစ်စောင်ပါ

မော်လူးဒီပင်္ကရာပြေးဆွဲမည့်သုံးဘီးများဘေးအချက်ပြမီးများတပ်သင့်ကြောင်းအသိပေးအပ်ပါသည်။အကြောင်းရင်းကတော့ညဆိုဆိုင်ကယ်မီးနဲ့မသဲကွဲဘဲနဲကပ်ခါလေးတိမ်းမိရင်ပွတ်မိရင်အန္တရာယ်ရှိသည်ကိုကြိုမြင်မိပါသည်။

@@######$%%&&&--***=====@@@@##########

စစ်ကိုင်းတိုင်းဒေသကြီးအင်းတော်မြို့နယ်မော်လူးဒေသညောင်ပင်သာရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်းကမ္ဘာငြိမ်းချမ်းရေးဓါတ်ပေါင်းစုဆုတောင်းပြည့်စေတီတော်မြတ်ကြီးကို၁၃၇၆ခုနှစ်တပို့တွဲလဆန်း၁၀ရက်နေ့ပနှက်ချမည်ဖြစ်ပါသဖြင့်မော်လူးဒေသနယ်သူနယ်သားများပါဝင်လှူဒါန်းနိုင်ရန်အသိပေးနိုးဆော်လိုက်ပါသ

မော်လူး နန့်စီးအောင်ကြား ကားလမ်းတံတားများ ပြုပြင်


ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီးပေါ်ရှိ တံတားများအား ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၂၄
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ပင်ဝဲ - မော်လူး - နန့်စီးအောင်ကြားရှိ တံတားများအား ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားများအား ပြုပြင်ထိန်းသိမ်းခြင်းကို လမ်း စီမံကိန်း အထူးအဖွဲ့(၁)မှ အဖွဲ့နှစ်ဖွဲ့ခွဲကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မော်လူး - နန့်စီးအောင်ကြားရှိ ကျိုးရွဲ့စောင်းနေသည့် အရှည် ၅ပေ၊ ၁၀ ပေရှိ အသားတံတားများကို မော်တော်ယာဉ်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် ပထမအဆင့်အနေဖြင့် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ယင်းတံတားများအား ကွန်ကရစ်တံတားများအဖြစ် အဆင့်မြင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၄ ရက်နေ့က တံတားအမှတ် ၁၆၂ တွင် တံတားပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေသည့် လမ်းအထူးအဖွဲ့(၁)မှ ယာဉ်မောင်း ဦးစိုးဝင်းအောင်က ပြောပြသည်။


သမိုင်း

ဟေ့ >>မင်းရဲ့သမိုင်း  မရိုင်းစေနဲ့
          ရောင်စုံလှပ  လူ့လောကကို
           အမည်းစက်တွေ မင်း မခြယ်ခဲ့လေနဲ့

ဟေ့>> မင်းရဲ့သမိုင်း  မရိုင်းစေနဲ့
        ပြုံးပျော်ရွှင်ပျ  သူတို့ဘဝကို
        စီးစေမျက်ရည် မင်း မချွေခဲ့လေနဲ့

ဟေ့>> မင်းရဲ့သမိုင်း မရိုင်းစေနဲ့
       စည်းလုံးညီညာ များတကာကို
      သွေးဆောင်ဝင်ဆွဲ မင်း မခွဲခဲ့လေနဲ့

ဟေ့>> မင်းရဲ့သမိုင်း မရိုင်းစေနဲ့
      သူ့အမြင်သူ့အတွေး လွတ်လပ်ရေးကို
     သြဇာအာဏာ လွှမ်းမိုးကာနဲ့
    တင်းကျပ်ပုံသွင်း မကျူးကျော်နင်းခဲ့လေနဲ့

တိုတောင်းကာလ  လူ့ဘဝမှာ
ကောင်းရာကိုညွှန် ကောင်းတာကိုလုပ်
အပိုမပါ  ဝမ်းတထွာအတွက်
မမှန်စကား  မုသားများနဲ့
လောကကိုဖျက် အများအတွက်
နာကျည်းစရာ  ဒဏ်ရာတွေနဲ့
မထားခဲ့နဲ့ ။ ။ ။ ။ ။
*****************
မေလ်းထဲ ရောက်လာတဲ့ ကဗျာလေးပါ။