Friday, December 19, 2014

လူအထင်မကြီးမှာကြောက်လို့… များသောအားဖြင့် ပစ္စည်းဥစ္စာတို့၊ ရာထူးတို့ ရှိလာတဲ့အခါ..

လူအထင်မကြီးမှာကြောက်လို့…

များသောအားဖြင့် ပစ္စည်းဥစ္စာတို့၊ ရာထူးတို့ ရှိလာတဲ့အခါမှာ လူက မာနတော်တော်ကြီးလာတယ်။ မာနကြီးလာတာကို psychic inflation လို့ခေါ်တယ်။

ဘဝင်မြင့်သွားတာတို့ မာနကြီးသွားတာတို့ ဆိုတာဟာ အတွင်းမှာ empty ဖြစ်နေတဲ့သဘောကို ထင်ဟပ်ပြတာပဲ။ empty ဖြစ်နေတဲ့ လက္ခဏာကို ပြတာပဲ။ ကိုယ့်ကိုကိုယ် တန်ဖိုးရှိတယ်လို့ တကယ်မယုံကြည်ဘဲနဲ့.. စိတ်ထဲမှာ သံသယရှိနေတဲ့သူဟာ ပြင်ပအရာတွေကို မှီပြီးတော့ အဲဒီအရာတွေအားကိုးနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတယ်လို့ ပြချင်တယ်။ အဲသလို ပြချင်တဲ့အခါမှာ မာနကြီးလာတာပဲ။

မာနကြီးတယ်ဆိုတာကိုက သူ့ကိုယ်သူ ယုံကြည်မူမရှိဘူးဆိုတာကို ပြနေတာပဲ။ ဒါတော်တော်လေး စဉ်းစားဖို့ကောင်းတဲ့ အချက်ပဲ။ မာန်မာနကြီးကြီး နေပြလိုက်တာဟာ အမှန်တော့ သူ့ရင်ထဲမှာ ကြိတ်ပြီးတော့ဖြစ်နေတဲ့ လူအထင်မကြီးမှာ ကြောက်တဲ့စိတ်ကို ဖုံးလိုက်တဲ့ လုပ်နည်းလုပ်ဟန် တစ်မျိုးဖြစ်တယ်။

စိတ်ဓါတ်အင်အား ပျော့ညံ့တဲ့သူ၊ စစ်မှန်တဲ့သတ္တိမရှိတဲ့သူဟာ သူတစ်ပါးကို အနိုင်ကျင့်ချင်တဲ့သူ (ဒုက္ခဖြစ်အောင်၊ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင် လုပ်ချင်တဲ့သူ) ဖြစ်လာတယ်။
ကိုယ့်ကိုကိုယ် အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်(အတွင်းအားမရှိတဲ့သူ)လို့ မှန်မှန်ကန်ကန် မခံစားရတဲ့သူဟာ လူကြွားကြီးဖြစ်လာတယ်။
ကြွားတာဟာ လူအထင်မကြီးခံရမှာ ကြောက်လို့။
အဲဒါကိုမှန်မှန်ကန်ကန် နားလည်ဖို့လိုတယ်။

မာနကြီးတာလည်း မကောင်းသလို ကိုယ့်ကိုကိုယ် အထင်သေးနေတာလည်း မကောင်းပါဘူး။ တချို့က ကိုယ့်ကိုကိုယ် အထင်သေးတဲ့စိတ် ရှိနေတယ်။ အဲသလို လူကလည်းပဲ သူ့အရည်အချင်းတွေကို သေသေချာချာ ထုတ်ဖော်နိုင်မှာလည်း မဟုတ်သလို သူ့အကျိုးကိုလည်းသူ မဆောင်ရွက်နိုင်ဘူး။ ကိုယ့်ကိုကိုယ် အထင်သေးနေတဲ့ လူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် ကျေနပ်မူမရနိုင်ဘူး။ ကိုယ့်ကိုကိုယ် အပြစ်တင်နေတာ၊ ရှုံချနေတာဟာလည်း မာနပဲနော်။

ဒါကြောင့်ကိုယ်ကိုကိုယ် အထင်သေးနေတာလည်း မကောင်းဘူး။ မတရားမာနကြီးနေတာလည်း မကောင်းဘူး။ ဒီနှစ်ခုစလုံးကို နားလည်ဖို့ အင်မတန်အရေးကြီးပါတယ်။

{ဆရာတော်ဦးဇောတိက}
(ဆရာတော်ဦးဇောတိက၏ “သဘောထားကြီးပါတယ်” စာအုပ်မှ ဖြစ်ပါသည်

တရုတ်ပြည်က စွယ်တော်သမိုင်း

တရုတ်ပြည်က စွယ်တော်သမိုင်း
ငြိမ်းလဲ့'s Facebook Wall / ငြိမ်းလဲ့ / 5 days agoi

တရုတ်ပြည်က စွယ်တော်သမိုင်း



Mobile Uploads
ဗုဒ္ဓမြတ်စွယ်တော် တရုတ်ပြည် ပီးကင်းမြို့တော်နှင့် ၁၅မိုင်ခန့်အကွာရှိဝက်စတင်းတောင်၏ စွယ်တော်တိုက်တွင် ပူဇော်ထားရှိသည့် ဗုဒ္ဓမြတ်စွယ်တော်သည်ထင်ရှားကျော် ကြားသည့် ဗုဒ္ဓဓာတ်တော်ဖြစ်သည်။ ယင်းစွယ်တော်ကို တရုတ်ဘုန်းတော်ကြီး ဖာဆီယင်က (အေဒီ ၃၃၇ အေဒီ၄၂၂)က လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်က တရုတ်ပြည်သို့ ပင်ဆောင်လာခဲ့သည်ဟု ဆိုသည်။ စွယ်တော် မူလဒါယကာများသည် ယနေ့ခောတ် ပါကစ္စတန်နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာတိုင်းပြည်ငယ်တစ်ခုဖြစ်သော ဂန္ဓာရတိုင်း၏ ဘုရင်များဖြစ်သည်။ ဂန္ဓာရတိုင်းမှ တစ်ဆင့် စွယ်တော်မြတ်သည် ခိုတန်( ယခုတရုတ်နိုင်ငံ စင်ကျန်းဝေဂါဟာပြည်နယ်တွင် ) သို့ ပင်ဆောင်ခဲ့သည်။ ပါးစပ်သမိုင်းများအရ ခိုတန်ပြည် ဟက်ဇ်ရက်ဘဲလ် ရှေးဟောင်းဒေသ ရှိ ကျောင်းတော်တစ်ခုတွင် စွယ်တော်မြတ် ကိန်းဝပ်ခဲ့သည်ဟု သိရသည်။ အိန္ဒိယနိုင်ငံ ကတ်ရှ်မီးယားဒေသမှ ဗုဒ္ဓဘာသာဝင်များသည် စွယ်တော်မြတ် ကိန်းဝပ်ရာကျောင်းတော်သို့ ဘုရားဖူးလာရောက်လေ့ရှိကြောင်းလည်းဆိုသည်။ ဘုန်းတော်ကြီး ဖာဆီယန်နှင့် ဆွန်ဆင်တို့သည်လည်း အဆိုပါကျောင်းတော်သို့ စွယ်တော်ကို ဖူးမြော်ရန် ရောက်ရှိခဲ့ကြောင်းသိရသည်။ ဤတွင် စွယ်တော်မြတ်ကို ဂန္ဓာရတိုင်းမှ ခိုတန်ပြည်သို့ အဘယ်ကြောင့် ပင်ဆောင်ခဲ့ရသနည်း ဟူသောအချက်ကို ဆန်းစစ်ရန် လိုပေမည်။ ဖြစ်နိုင်ဖွယ်အကြောင်းတရားနှစ်ရပ်ရှိသည်။ တစ်ရပ်မှာ ခိုတန်၊တာပန်းနိယာ၊ လိုလင် နှင့် တာရင်မြစ်ဝှမ်းလွင်ပြင်ဒေသမှ အိုအေစစ်နိုင်ငံများသည် အိန္ဒိယ(ဂန္ဓရ)နှင့်အဆက်ဆံရှိခဲ့ပြီး ယင်းနိုင်ငံများအလုံးသည်လည်း ထိုအချိန်က ဗုဒ္ဓဘာသာနိုင်ငံများ ဖြစ်ကြသည်ဆိုသည့်အချက်ဖြစ်သည်။ နောက်အကြောင်းတစ် ရပ်မှာ ဘုန်းတော်ကြီး ဖာဆီယန်၏ ခရီးသွားမှတ်တမ်းများအရ အိန္ဒိယတွင် ဗုဒ္ဓဘာသာ၏ အရှိန်အ၀ါ ကျဆင်းလျက် ရှိပြီး ဟိန္ဒူအယူဝါဒများ အားကောင်းစ ပြုလာသည်ဆိုသည့်အချက်ဖြစ်သည်။ ထို့ကြောင့်ပင် အိန္ဒိယ (ဂန္ဓာရ)မှ စွယ်တော်မြတ်သည် ခိုတန်ပြည်သို့ ရောက်၇ှိကိန်းဝပ်ခြင်းဖြစ်သည်ဟု ဆိုနိုင်ဖွယ်ရှိသည်။ ယင်းနောက်ပိုင်းတွင် ခိုတန်ပြည်၌ ကိန်းဝပ်နေသော ဗုဒ္ဓစွယ်တော်မြတ်ကို ဘုန်းတော်ကြီး ဖာဆီယန်က နန်းကျင်းမြို့သို့ ပင်ဆောင်ပူဇော်ခဲ့သည်။ ဆွန်မင်းဆက်ခောတ် တရုတ်ပြည် တစ်ပြည်လုံး စုစည်းမိချိန်တွင် စွယ်တော်မြတ်သည် နန်ကျင်းမှ တစ်ဆင့် ရှန်စီပြည်နယ် စီအန်းသို့ ပြောင်းရွှေ့ကိန်းဝပ်ခဲ့သည်။ ယင်းနောက် မင်းဆက်ငါးဆက် ကာလအတွင်း ဗုဒ္ဓစွယ်တော်မြတ်သည် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းကိန်းဝပ်ကာ နောက်ဆုံးတွင် ယန်ကျင်းမြို့ (ယခုပေးကျင်း)သို့ ရောက်ရှိကိန်းဝပ်ခဲ့သည်။ အေဒီ ၁၀၇၁ ခုနှစ်တွင် ဗုဒ္ဓစွယ်တော်မြတ်ကို ပေကျင်းမြို့ လင်ကွမ်စီးကျောင်တော်အတွင်းရှိ ကျို့ရှမ်းစေတီ၌ ဌာပနာ၍ ပူဇော်ခံကြရာ ၁၉၀၀ ပြည့်နှစ် ဗုဒ္ဓမြတ်စွယ်တော်ကို လူသိရှင်ကြားပြန်လည်ဖော်ထုတ်ခဲ့သည်။ ဗုဒ္ဓမြတ်စွယ်တော်ကို ကျို့ရှမ်းစေတီ၌ နှစ်ပေါင်း ၈၃၀ မျှ ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်းဖြစ်သည်