Wednesday, April 20, 2016

ညောင်ပင်သာမှာ ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်




၂၁.၄.၁၆.ရက်နေ့က။ညောင်ပင်သာ
ဘုန်တော်ကြီးကျောင်းမှာ။ ဒုတိယ
အကြိမ် သစ္စဝေဒဂူ ယဉ်ကျေးလိမ္မာ
ကလေးသင်တန်းဖွင့်ပွဲကျင်းပ..

အစိုးရ အသစ်က သင်ခန်းစာ ပေးပြန်ပြီဗျာ တို့မြို့နယ်က ကြီးကြီးမစတာတွေ သတိပဋ္ဌာန်တရား လက်ကိုင်ထားကြနော့



Sky Net ဟု တိုက်ရိုက် ဖော်ပြထားခြင်း မရှိသော်လည်း နေပြည်တော်တွင် သင်္ကြန်မဏ္ဍပ် တည်ဆောက်ခဲ့သော မီဒီယာ ကုမ္ပဏီကြီး တစ်ခုက နှစ်သစ်ကူး လက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ကို အရေးကြီး ပုဂ္ဂိုလ်၏ ကိုယ်ရေး အရာရှိအား ပေးခြင်းအတွက် နိုင်ငံတော် သမ္မတရုံးက အသိပေး ကြေညာချက် ထုတ်ပြန်

Sky Net ဟု တိုက်ရိုက် ဖော်ပြထားခြင်း မရှိသော်လည်း နေပြည်တော်တွင် သင်္ကြန်မဏ္ဍပ် တည်ဆောက်ခဲ့သော မီဒီယာ ကုမ္ပဏီကြီး တစ်ခုက နှစ်သစ်ကူး လက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ကို အရေးကြီး ပုဂ္ဂိုလ်၏ ကိုယ်ရေး အရာရှိအား ပေးခြင်းအတွက် နိုင်ငံတော် သမ္မတရုံးက ဧပြီ ၂၀ ရက်စွဲဖြင့် သတိပေး ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

“မီဒီယာကုမ္ပဏီကြီး တစ်ခုအား ငွေကြေးပေးအပ်ခြင်း မပြုရန် ပညာပေး အသိပေး” ဟု ခေါင်းစဉ်တပ်ထားသော အဆိုပါ အသိပေးကြေညာချက်တွင် အချက်သုံးချက် ဖော်ပြခဲ့ပါသည်။

ပထမ အချက်တွင် “အဂတိလိုက်စားမှု အလေ့အထ အချိန်တိုကာလအတွင်း လုံးဝ ပပျောက်သွားစေရန်အတွက် ထုတ်ပြန်ထားသည့် “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” အားလိုက်နာခြင်း မရှိဘဲ ဆောင်ရွက်လာသည့် မီဒီယာကုမ္ပဏီကြီးတစ်ခုအား သမ္မရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဧပြီ ၂၀ ရက်နေ့ရက်စွဲဖြင့် ပညာပေး အသိပေးသည့် အကြောင်းကြားစာ ပေးပို့ခဲ့သည်” ဟု ဖော်ပြခဲ့ပါသည်။

ဒုတိယအချက်တွင် ပေးပို့ခဲ့သည့် အကြောင်းကြားစာပါ ဖော်ပြချက်များကို စာပိုဒ်ခွဲလေးခုဖြင့် ဖော်ပြခဲ့ပါသည်။

ထိုသို့ ဖော်ပြရာတွင် “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” ကို အလေးအနက်ထား လိုက်နာဆောင်ရွက်ရန် ၂၀၁၆ ခုနှစ်ဧပြီ ၁ ရက်နေ့တွင် သက်ဆိုင်ရာ ဌာနအားလုံးသို့ ပေးပို့ထားပြီး အများပြည်သူ သိရှိရန်လည်း ဖော်ပြခဲ့ပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်ကို ဆက်လက်ဖော်ပြရာတွင် “နေပြည်တော်တွင် မဟာသင်္ကြန်ကို သိုက်သိုက်မြိုက်မြိုက် ကျင်းပရာတွင် မီဒီယာကုမ္ပဏီကြီး အနေဖြင့်လည်း မဏ္ဍပ်တည်ဆောက်ကာ ပါဝင်ဆင်နွှဲခဲ့ပါသည်။ ထိုသို့ပါဝင်ဆင်နွှဲရာတွင် အစိုးရအဖွဲ့ ၀န်ကြီးဌာနများမှ ပုဂ္ဂိုလ်တို့ကိုလည်း ဖိတ်ကြားကာ ဧည့်ခံမှုပြုလုပ်ခဲ့သည်။ ထိုသို့ ဖိတ်ကြားဧည့်ခံသူများအနက် အရေကြီးပုဂ္ဂိုလ်၏ ကိုယ်ရေးအရာရှိလည်း ပါဝင်ပါသည်။ ထိုသို့ လာရောက်သူများကို နှစ်သစ်ကူး လက်ဆောင်ပေးရာ၌ ကိုယ်ရေးအရာရှိအား ငွေသားကျပ်သိန်း ၅၀ ပါအထုပ်ကို ပေးအပ်ရာတွင် သက်ဆိုင်ရာ အရာရှိမှ ငွေသားဟု မသိသဖြင့် ယူဆောင်ခဲ့ပြီး စစ်ဆေးကြည့်ရာတွင် ငွေများဖြစ်နေသဖြင့် လမ်းညွှန်ချက်တွင် ပါရှိသည့်အတိုင်း အထက်အကြီးအကဲထံ တင်ပြခဲ့ပါသည်။ အဂတိလိုက်စားမှုသည် ကနဦးအဆင့်တွင် လက်ဆောင်ပစ္စည်းပေးရာမှ စတင်နိုင်သဖြင့် နိုင်ငံတော် သမ္မတရုံးအနေဖြင့် လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်ကို ထုတ်ပြန်ခြင်း ဖြစ်ပါသည်” ဟု ဖော်ပြခဲ့သည်။

ထို့နောက် “မီဒီယာကုမ္ပဏီကြီး အနေဖြင့် ပေးအပ်သည့် ငွေကြေးသည် စေတနာဖြင့် ပေးအပ်သည့်တိုင် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်ဘောင်ထက် များစွာကျော်လွန်ပါသည်။ ဤကိစ္စသည် ယခုအစိုးရလက်ထက်တွင် ပထမအကြိမ် ပေါ်ပေါက်သည့် ကိစ္စဖြစ်သဖြင့် ပညာပေးကာလဟု သတ်မှတ်ပြီး ယခုကိစ္စကို ဆက်လက်အရေးယူ ဆောင်ရွက်ခြင်းပြုမည် မဟုတ်ပါ။ အဂတိ လိုက်စားမှုကို ပပျောက်အောင် ဆောင်ရွက်ရာတွင် အဓိက “မူ” မှာ “မပေးရန်”၊ “မယူရန်” ဖြစ်ပါသည်။ ထို့ကြောင့် အနာဂတ်တွင် လက်ဆောင်ပစ္စည်း ပေးမှုများကို လမ်းညွှန်ချက်ဘောင်ထက် ကျော်လွန်စွာ ဆောင်ရွက်ခြင်း မပြုရန် သက်ဆိုင်ရာ ကုမ္ပဏီအား လေးနက်စွာ အကြောင်းကြားခဲ့ပါသည်” ဟု ဆက်လက်ဖော်ပြခဲ့သည်။

နောက်ဆုံးစာပိုဒ်ခွဲငယ်၌ လက်ဆောင်ပေးအပ်သည့် ငွေသားကျပ်သိန်း ၅၀ အား နွေရာသီတွင် ရေရှားပါးသဖြင့် သောက်သုံးရေ ရရှိရေး ဆောင်ရွက်သည့် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသို့ အလှူငွေအဖြစ် ပေးလှူမည်ဖြစ်ပါကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင် လက်ဆောင်ပစ္စည်း ပေးအပ်ခြင်း၊ လက်ခံခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရေးအတွက် စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်သူများကပါ ၀ိုင်းဝန်ကူညီ ဆောင်ရွက်ပေးခြင်းဖြင့် အဂတိလိုက်စားမှုများ အချိန်တိုကာလအတွင်း တိုက်ဖျက်ပေးကြပါရန် မေတ္တာရပ်ခံလျက် သတင်းထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြခဲ့ပါသည်။

သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သော မီဒီယာ ကုမ္ပဏီကြီး၏ အမည်၊ အရေးကြီးပုဂ္ဂိုလ်၏ အမည်၊ ကိုယ်ရေးအရာရှိတို့၏ အမည်များကို အများပြည်သူ သိရှိစေရန် ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိသော်လည်း နေပြည်တော်တွင် မဏ္ဍပ်တည်ဆောက်ခဲ့သော မီဒီယာကုမ္ပဏီများထဲတွင် Sky Net တစ်ခုသာရှိပြီး အဆိုပါ Sky Net မဏ္ဍပ်ဖွင့်ပွဲနေ့သို့ တက်ရောက်ခဲ့သော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ သင်္ကြန်အတက်နေ့တွင် Sky Net မဏ္ဍပ်သို့ သွားရောက်ခဲ့သည့် ဒေါက်တာ တင်မျိုးဝင်းတို့၏ ပုံရိပ်များမှာ Sky Net ရုပ်သံလိုင်း ကြည့်ရှုခဲ့သူများအကြား ရေပန်းစားခဲ့ပါသည်။

“နေပြည်တော်မှာ သင်္ကြန်မဏ္ဍပ်ဆောက်တဲ့ မီဒီယာ ဆိုလို့ Sky Net မဏ္ဍပ် တစ်ခုပဲ ရှိတာပါ။ ဒါကို ထုတ်ပြန်ချက်မှာ Sky Net လို့ တိုက်ရိုက် မပြောဘဲ မီဒီယာ ကုမ္ပဏီကြီး တစ်ခုလို့ ဖော်ပြတာဟာ မီဒီယာ အားလုံးကို ဂုဏ်သိက္ခာ ချသလို ဖြစ်နေတဲ့အတွက် ဒီလို အသုံးအနှုန်းကို ကန့်ကွက်ပါတယ်။ နံပါတ်နှစ် အချက်က အရင် အစိုးရ လက်ထက်မှာ သိန်းထောင်နဲ့ သောင်းနဲ့ချီပြီး ကမ်းလှမ်းတာတွေ၊ ပေးတာတွေ ရှိခဲ့ပေမယ့် အခု ပေးတဲ့ သိန်း ၅၀ ဆိုတာ နည်းတယ်ဆိုတာ လူတိုင်း သိပါတယ်။ ဒါပေမဲ့ ဒါဟာ အခုလက်ရှိ အစိုးရကို ဂုဏ်သိက္ခာချတာ ဖြစ်ပြီး အစိုးရအဖွဲ့ တစ်ခုလုံးနဲ့ သက်ဆိုင်ပါတယ်။ နံပါတ်သုံး အချက်က ၁၆ ရက်နေ့မှာ ဖြစ်ခဲ့တယ် ဆိုရင်တောင် ဘာကြောင့် ၂၀ ရက်နေ့ ရောက်မှ ထုတ်ပြန်ခဲ့တာပါလဲ။ နံပါတ်လေး အချက်က ဒီငွေတွေကို အလှူငွေအဖြစ် မသိမ်းသင့်ပါဘူး။ ဥပဒေကြောင်းအရ ဆိုရင် ဒီငွေသိန်း ၅၀ ဆိုတာ သက်သေခံပစ္စည်း ဖြစ်ပါတယ်။ ဒါကို စေတနာနဲ့ ပေးတယ်လို့လည်း မသုံးသင့်ပါဘူး။ ပြီးတော့ ဒီလို ငွေသိန်း ၅၀ ကို ကိုယ်ရေးအရာရှိ တစ်ယောက်တည်းကိုပဲ ပေးခဲ့တာလား။ ဖိတ်ကြား ဧည့်ခံခဲ့တဲ့ အစိုးရ ၀န်ကြီးဌာန ပုဂ္ဂိုလ်တိုင်းကို ပေးခဲ့တာလားဆိုတာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ လိုပါတယ်။ ဒီဖြစ်စဉ်ကို ဥပဒေကြောင်းအရ အရေး မယူဘူး ဆိုရင်တောင် ပေးတဲ့ မီဒီယာ ကုမ္ပဏီကြီးကို စံနမူနာပြအဖြစ် အမည်ပျက်စာရင်း သွင်းဖို့ လိုပါတယ်။ နောက်ဆုံး တစ်ချက် ပြောလိုတာက ပညာပေးကာလ ဆိုတာကို ဘယ်တုန်းက သတ်မှတ်လိုက်တာလဲ။ ဘယ်အချိန်ထိလဲ ဆိုတာပါ။ ဒါတွေကို ကြေညာချက်မှာ ရှင်းရှင်းလင်းလင်း ပြောသင့်ပါတယ်” ဟု The Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ် ဦးဝေဖြိုးက ပြောကြားခဲ့ပါသည်။

“လက်ဆောင်ပစ္စည်း လက်ခံခြင်း” နှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားသော ကြေညာချက်တွင် အစိုးရ အဖွဲ့ဝင်၊ အစိုးရမှ ဖွဲ့စည်းထားသော ကော်မရှင်/အဖွဲ့အစည်းဝင်၊ ပြည်သူ့ဝန်ထမ်းတို့သည် မိမိ၏ ရာထူးကြောင့် ပေးအပ်သည်ဟု ယူဆသည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်ထံမှ ပေးအပ်သော လက်ဆောင်ပစ္စည်းများကို လက်ခံခြင်း မပြုရန် ပိတ်ပင် တားမြစ်ထားပါသည်။

သို့သော် ခြွင်းချက် အနေဖြင့် လက်ဆောင်ပစ္စည်း တန်ဖိုး ကျပ်ငွေ ၂၅၀၀၀ မပိုသော (အဖွဲ့အစည်း တစ်ခု/လူပုဂ္ဂိုလ် တစ်ဦးထံမှ လက်ခံရယူသည့် လက်ဆောင်ပစ္စည်းသည် တစ်နှစ်လျှင် ကျပ် ၁၀၀၀၀၀ တန်ဖိုးထက် မပိုစေရ) လက်ဆောင်ပစ္စည်း၊ မိမိ၏ တရားဝင် ရာထူးကြောင့် မဟုတ်ဘဲ မိသားစု ဆက်ဆံရေး၊ ပုဂ္ဂိုလ်ရေး ခင်မင်မှုအရ (တားမြစ်ချက်များနှင့် အကျုံးဝင်သော လက်ဆောင်ပစ္စည်း မဖြစ်စေရ) ပေးအပ်သော လက်ဆောင်ပစ္စည်း၊ အခါကြီး ရက်ကြီးများတွင် တစ်နှစ်တစ်ခါ ဂါဝရပြု ပေးအပ်သည့် (ဥပမာ - သီတင်းကျွတ် ကန်တော့သော ပစ္စည်း၊ ခရစ္စမတ် လက်ဆောင်) ကျပ်ငွေ ၁၀၀၀၀၀ ထက် မပိုသော လက်ဆောင် ပစ္စည်းများကို လက်ခံခွင့် ပြုထားသည်။

Website Link ----> http://news-eleven.com/local/17893
---------------------------******----------------------

ကဲရှင်းတယ်နယ် သက်ဆိုင်သူတွေ

ဒီတစ်ခါတော့  လူညီရင်  ဤဆိုတာ ကျွဲ ဖြစ်တယ်လေး  ဘာလေး  မော်လူးသားတွေကို  လာမလုပ်နဲ့တော့