Friday, September 26, 2014

မော်လူး ဒေသ သတင်းများ ၃ ပုဒ်

ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်း တံတားရေတိုက်စားမှုကြောင့် မြေထိန်းနံရံပြိုကျ မော်လူး ၊ စက်တင်ဘာ ၂၄ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်း စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နန့်စီးအောင်-ပေကုန်းကျေးရွာအနီး မိုင်တိုင်အမှတ် ၁၆၆/၂၊ တံတားအမှတ် ၁၆၈/၄ သည် စက်တင်ဘာ ၂၄ ရက်နံနက် ၃နာရီ ၄၅ မိနစ်အချိန်ခန့်က ရွာသွန်းခဲ့သည့် မိုးကြောင့် မြေထိန်းနံရံ ပြိုကျခဲ့ကြောင်း သိရသည်။ ထိုသို့ တံတား မြေထိန်းနံရံ ပြိုကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိနေသဖြင့် အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၏ လမ်းညွှန်မှုအရ အင်းတော်မြို့နယ် မြန်မာ့စိုက်ပျိုးရေး မန်နေဂျာ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ နန့်စီးအောင်-ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ စာရေး အဆင့်(၁) ဒေါ်ဝင်းဝင်းခိုင်နှင့် ကျေးရွာဖွံ့ဖြိုးမှု အထောက်အကူပြု ကော်မတီဝင်များမှ လာရောက်ကြည့်ရှုခဲ့ရာ တံတား၏ မြေထိန်းနံရံမှာ ရေတိုက်စားမှုကြောင့် မြေသားများပြိုကျပြီး နေ့ညမပြတ် ဖြတ်သန်းသွားလာနေသည့် ကုန်တင်/ခရီးသည်တင် မော်တော်ကားများ၊ ဆိုင်ကယ်များအတွက် အန္တရာယ်ဖြစ်နိုင်၍ သက်ဆိုင်ရာ ဋ္ဌာနမှ တာဝန်ရှိသူများ အမြန်ဆုံး ဆောင်ရွက်ပေးရန် တင်ပြထားကြောင်း သတင်းရရှိသည်။ ကချင်ပြည်နယ်အတွင်းရှိ ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းပိုင်းကို လမ်းဋ္ဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ မော်တော်ကားလမ်း၊ တံတားများ ကြံ့ခိုင်မှုရှိစေရန် နေ့စဉ် ဆောင်ရွက်နေကြသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင်မူ သက်ဆိုင်ရာ တာဝန်ရှိသူများမှ မော်တော်ကားလမ်းများ ၊ တံတားများကို ကြံ့ခိုင်မှုရှိစေရန် ဆောင်ရွက်မှု အားနည်းကြောင်း ဒေသခံများထံမှ ကြားသိရသည်။ ကျေးရွာချင်းဆက်လမ်း မြေထိန်းနံရံများ ရေတိုက်စားမှု ခံရ နန့်စီးအောင်၊ စက်တင်ဘာ ၂၄ @@@@@@@@@@@@@@@@@@@@@@@@@@@@@ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု မြေပလ္လင်ကျေးရွာနှင့် နန့်စီးအောင်-ပေကုန်းကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းရှိ မြေထိန်းနံရံသည် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ရွာသွန်းခဲ့သည့် မိုးကြောင့် ရေတိုက်စားမှု ခံရကာ မြေသားများ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ကျေးရွာချင်းဆက်လမ်း မြေထိန်းနံရံ ရေတိုက်စားခံရမှုကို အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်၏ ညွှန်ကြားမှုအရ အင်းတော်မြို့ မြန်မာ့စိုက်ပျိုးရေး မန်နေဂျာ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ နန့်စီးအောင်-ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ စာရေးအဆင့်(၁) ဒေါ်ဝင်းဝင်းခိုင်နှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင်များ၊ မြေပလ္လင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်တို့မှ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ထိုကျေးရွာချင်းဆက်လမ်း မြေထိန်းနံရံသည် ဇူလိုင် ၂၂ ရက်နေ့က ရေတိုက်စားမှု ဖြစ်ပေါ်၍ ပြန်လည်ပြုပြင်ထားခဲ့ခြင်းဖြစ်ပြီး ယခုနောက်တစ်ကြိမ် မိုးသည်းထန်ကာ ရေကြီးရေလျှံဖြစ်ပြီး မြေထိန်းနံရံအား ထပ်မံရေတိုက်စား ခံရခြင်းဖြစ်ကြောင်း သိရသည်။ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန်နှင့် အသက်အန္တရာယ်မကျရောက်စေရန်အတွက် ရေတိုက်စားခံရသည့် ကျေးရွာချင်းဆက်လမ်း မြေထိန်းနံရံအား သက်ဆိုင်ရာတာဝန်ရှိသူများမှ အမြန်ဆုံး ပြုပြင်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ မော်လူးဒေသတွင်း ရေတိုက်စားခံရသည့် နေအိမ်များအား ထောက်ပံ့ငွေများပေးအပ် မော်လူး၊ စက်တင်ဘာ ၂၄ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင်း စက်တင်ဘာ ၁၈ ရက်နေ့က ရွာသွန်းသည့်မိုးကြောင့် နေအိမ် ရေတိုက်စားခံရသည့် ပုန်းဟုန်ကျေးရွာအုပ်စု၊ ပုန်းဟုန်ကျေးရွာနေ ဒေါ်မပန်းအား အင်းတော်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ အင်းတော်မြို့နယ် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးတင်လှိုင်၊ မော်လူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်နှင့် အဖွဲ့ဝင်များမှ သွားရောက်ကာ ပုန်းဟုန်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် စက်တင်ဘာ ၂၃ ရက်နေ့က ထောက်ပံ့ကြေးငွေ လေးသိန်းကျပ် ထို့အတူ နေအိမ်ရေတိုက်စားခံခဲ့ရသည့် ပင်ဝယ်ကျေးရွာအုပ်စု၊ တုံးလုံကျေးရွာနေ ဦးမြင့်လွင် + ဒေါ်စန်းရီတို့အား ထောက်ပံ့ကြေးငွေ နှစ်သိန်းကျပ် အသီးသီး ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၁၈ ရက်နေ့က ရွာသွန်းခဲ့သည့် မိုးကြောင့် ပုန်းဟုန်ကျေးရွာ အုပ်စု၊ ပုန်းဟုန်ကျေးရွာတွင် ဆန်စက်တစ်လုံး ရေနစ်မြုပ်ပြီး၊ ရေတိုက်စားမှုခံရသည့် နေအိမ် ၃ အိမ်နှင့် နွား၊ ဝက်များ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ဒေါ်မပန်းတစ်အိမ်တည်းသာ ထောက်ပံ့ကြေးရရှိခဲ့ခြင်း ဖြစ်ကြောင်းကို ပုန်းဟုန်ကျေးရွာနေ ရွာသားတစ်ဦးထံမှ သိရသည်။

မော်လူးသားတွေ တိုင်ကြားနိုင်တယ်တဲ့ အစိုးရစီမံကိန်းများ စံချိန်စံညွှန်းမမီပါက သက်ဆိုင်ရာ ကုမ္ပဏီကို သမ္မတထံ လွှတ်တော်က တိုက်ရိုက်တိုင်ကြားမည်

အစိုးရစီမံကိန်းများ စံချိန်စံညွှန်းမမီပါက သက်ဆိုင်ရာ ကုမ္ပဏီကို သမ္မတထံ လွှတ်တော်က တိုက်ရိုက်တိုင်ကြားမည် နေပြည်တော်၊ စက်တင်ဘာ ၂၅ နိုင်ငံပိုင်ဘဏ္ဍာငွေဖြင့် ဆေးရုံ ဆေးခန်း၊ စာသင်ကျောင်း၊ လမ်းနှင့် တံတားစီမံကိန်းများ စံချိန်စံညွှန်းနှင့် မညီညွတ်ပါက တာဝန်ယူ ဆောက်လုပ်သော ကန်ထရိုက် ကုမ္ပဏီများကို နိုင်ငံတော်သမ္မတထံ လွှတ်တော်က တိုက်ရိုက်တိုင်ကြားမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော် ကိုယ်စားလှယ်များကို ညွှန်ကြားလိုက်သည်။ လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် မိမိတို့၏ မဲဆန္ဒနယ်မြေတွင် တွေ့မြင်နေရသော ဆေးရုံဆေးခန်း၊ စာသင်ကျောင်း၊ လမ်းနှင့်တံတား စီမံကိန်းများ စံချိန်စံညွှန်း မမီခြင်းကို လွှတ်တော်တွင် မေးမြန်းနေခြင်းထက် နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တိုင်ကြားခြင်းက ပိုမိုထိရောက်မည် ဖြစ်သောကြောင့် ယင်းသို့ ညွှန်ကြားခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ဆိုသည်။ နိုင်ငံပိုင်ငွေဖြင့် လုပ်ကိုင်သော ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဆီးသီး ဗန်းမှောက်ကျသလို တစ်ယောက် တစ်ဆုပ်စီ ယူငင်နေကြပြီး စံချိန်စံညွှန်းမီ ဆောက်လုပ်ခြင်း မရှိကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က စက်တင်ဘာလ ၁၆ ရက်က ပြောကြားချက်ကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ ပြန်လည်တုံ့ပြန်မှုကြောင့် ယင်းကဲ့သို့ ထုတ်ပြန်သည်ဟု ယူဆရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဆိုသည်။ “လွှတ်တော်ဥက္ကဋ္ဌက ကန်ထရိုက်ကို ရည်ရွယ်တာ။ အဲဒါကို ဦးရဲထွဋ်တို့က နာသွားတာ ထင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ကို စာတွေပေးတယ်။ ပွဲကတော့ ကြည့်ကောင်းတာပေါ့။ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားတာပေါ့” ဟု ၎င်းကဆိုသည်။ ကန်ထရိုက်စနစ်ဖြင့် ဆောက်လုပ်သော အဆောက်အအုံနှင့် လမ်းများ ဆောက်လုပ်ရာတွင် စံချိန်စံညွှန်း မမီသော အထောက်အထားများ ကိုယ်စားလှယ် အများစုတွင် ရှိသောကြောင့် တင်ပြသွားမည် ဖြစ်ပြီး ယခုကဲ့သို့ လုပ်ဆောင်ချက်သည် ထိရောက်မည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ဆိုသည်။ ယင်းကဲ့သို့ စံချိန်စံညွှန်း မမီသော စီမံကိန်းများ တွေ့ရှိပါက လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် ဓာတ်ပုံ အထောက်အထား မှတ်တမ်းများကို အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ ပေးပို့ရန် အဆိုပါ ညွှန်ကြားချက်တွင် ဖော်ပြပါရှိသည်။ ။

“ဘုရားပန်း မညှိုးမှ . . . အစွမ်းတိုးမယ်”

“ဘုရားပန်း မညှိုးမှ . . . အစွမ်းတိုးမယ်” •••••••••••••••••••••••••••••••••••••••••••••• လူအများစုရဲ့သဘာဝ ၊ အများစုရယ် မဟုတ်ဘူးပေါ့လေ၊ “နတ် ကိုးကွယ်မှု အားသန်တဲ့ ပုဂ္ဂိုလ်”တွေက ဘုရားပန်းသာ ညှိုးချင် ညှိုးပါစေ။ နတ်ပန်းတော့ အညှိုးမခံနိုင်ဘူး။ ဘုရားစင်မှာ ဆွမ်းခဲဖွယ်ချိုချဉ်ရသာ မရှိရင်သာနေမယ်။ နတ်ရှေ့မှာ အုန်းသီးဆိုလည်း အလုံးလိုက်၊ ငှက်ပျောသီးဆိုလည်း အဖီးလိုက်။ ယောဂီတို့ အိမ်တွင်းရေး မသာယာချင်ဘူးလား။ (သာယာချင်တယ်။) သာယာချင်တယ်ဆိုရင် ဘုရားပန်း မညှိုးပါစေနဲ့။ ဘုရားပန်းညှိုးပြီဆိုရင်တော့ အနှေးနဲ့ အမြန်ပဲ ကွာမယ်။ အိမ်တွင်းရေး ပဋိပက္ခတွေဖြစ်ပြီးတော့၊ တစ်ယောက်နဲ့ တစ်ယောက်အဆင်မပြေ ၊ စိတ်ဝမ်းကွဲတာတွေဖြစ်ကြမှာပဲ။ လုပ်ငန်း၊ကိုင်ငန်း စီးပွါးရေးတွေလည်း အဆင်ပြေမှာ မဟုတ်တော့ဘူး။ ဂါထာတွေ၊ မန္တာန်တွေ အမြှုပ်ထွက်အောင် မရွတ်ချင်နေပါ။ ဘုရားပန်း အမြဲတမ်း လန်းလန်းဆန်းဆန်း ဖြစ်အောင် ထားမယ်၊ သောက်တော်ရေချမ်းလေးကိုလည်း အမြဲတမ်း အေးနေအောင်ထားမယ် ဆိုရင် အိမ်တွင်းရေးလည်း အေးချမ်း၊စီးပွားလမ်းလည်းဖြောင့် ၊ အစစအရာရာ အဆင်ပြေမှာပါ။ သောက်တော်ရေ တနေ့ ဘယ်နှစ်ခါလဲတုံး။ “နှစ်ခါ”။ နှစ်ခါလဲတဲ့သူ တော်တော်နည်းမယ်ထင်တယ်နော်။ ကဲ . . . ကိုယ်ကတော့ “ရေ” တနေ့ဘယ်နှစ်ခါ သောက်တုံး။ “ဆယ်ခါ”။ တော်တော်တရားတယ်။ ဘုရားကျတော့ ရေငတ် ထားတယ်။ ကိုယ်ကျတော့ ဆာတိုင်း သောက်တယ်။ အမှန်ကတော့ ကိုယ်ရေသောက်တိုင်း ဘုရားကို သောက်တော်ရေ လဲပြီး ကပ်မယ်ဆိုရင် ပိုကောင်းတယ်နော်။ အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူး ဆိုရင်တောင်မှ “မနက်တခါ၊ နေ့လယ်တစ်ခါ ၊ ညတစ်ခါ” တစ်နေ့ သုံးကြိမ်လောက်တော့ သောက်တော်ရေလေး လဲပြီး ၊ ကပ်ရင်ကောင်းတာပေါ့။ ကိုယ် ရေသောက်တိုင်း၊ သောက်တိုင်းလည်းပဲ ကိုယ်ပါးစပ်ထဲ ရေမထည့်ခင်၊ ကိုယ်သောက်မယ့်ခွက်ကို လက်ကလေးနဲ့ ကိုင်ထားပြီးတော့ “မြတ်စွာဘုရားရှင်အား သောက်တော်ရေ လှူဒါန်းပါတယ်”လို့ စိတ်ကအာရုံပြုပြီးတော့ မြတ်စွာဘုရားရှင်ကို သောက်တော်ရေ ကပ်လိုက်ပေါ့။ ကိုယ်သောက်တဲ့ ရေအိုးစင်နားလေးက နေပြီးတော့ ကပ်လိုက်ရုံပါပဲ။ဘုရားဆီ သွားပြီး ကပ်စရာမလိုပါဘူး။ ဘယ်နေရာမှာပဲ ရပ်ပြီးတော့ ရေသောက်သောက်။ ကိုယ်ရေသောက်တိုင်း မြတ်စွာဘုရားကို သောက်တော်ရေချမ်း လှူဒါန်းပြီးမှ ကိုယ်က စွန့်သောက်ပါ။ အရက်သမား၊ဘီယာသမား တချို့တောင် အရက်သောက်ခါနီး၊ဘီယာသောက်ခါနီး ကိုယ်သောက်မယ့် အရက်ပုလင်း၊ဘီယာပုလင်းကို “အရက်သမားနတ် ကိုကြီးကျော်” ကို ပသတဲ့ အနေနဲ့ နဖူးရှေ့ လက်နဲ့ မြှောက်ပြီး၊ အာရုံပြုကြသေးတယ်မဟုတ်လား။ ကိုကြီးကျော် တပည့်တွေထက်၊ ဘုရားတပည့်တွေက သာမှ ဖြစ်မှာနော်။ သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ဘူး။ ဘာပဲစားစား။ သကြားလုံးလေး ငုံတာပဲဖြစ်ဖြစ်။ နေကြာစေ့လေး တစ်ထုပ် စားတာပဲ ဖြစ်ဖြစ်၊ မြတ်စွာဘုရားကို စိတ်က အာရုံပြု ကပ်ပြီးတော့မှ စား။ မစားခင် “သရဏဂုံလေး၊ ဘာလေး” လည်း ရွတ်ပေါ့။ သရဏဂုံရွတ်နေတဲ့အချိန်က မြတ်စွာဘုရား ဘုဉ်းပေးနေတဲ့ အချိန်လို့ သဘောထားပေါ့။ သရဏဂုံလေး “သုံးခေါက်” ရွတ်ပြီးသွားပြီ ဆိုတော့မှ “ မြတ်စွာဘုရား ၊ မြတ်စွာဘုရား ဘုဉ်းပေးပြီပြီးဖြစ်လို့ တပည့်တော်ကို ဆေး အဖြစ် စွန့်တော်မူပါဘုရား”လို့ စွန့်ပြီး စားပေါ့နော်။ မြတ်စွာဘုရားရှင်က တန်ခိုးနဲ့ ဘုဉ်းပေးလိုက်တာ ဆိုတော့ ခဏလေးနဲ့ ပြီးပြီးပေါ့။ ယောဂီတို့ က စွန့်စားတာ ကြိုက်တယ် မို့လား။ အဲဒီတော့ ဘုရားကပ်ပြီးတော့ စွန့်စား လိုက်တော့ စွန်စားတဲ့သူ ဖြစ်သွားတာပေါ့။ နိဗ္ဗာန် ဆိုတာ စွန့်စားတဲ့သူတွေမှ ရောက်တာနော်။ အဲဒီတော့ ဘုရားပန်း မညှိုးပါစေနဲ့။ သောက်တော် ရေချမ်းမနွေးပါစေနဲ့။ ဒါ အရေးကြီးပါတယ်။။ -【ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)】 (“ငါ့ကိုမချစ်ပါနဲ့” ကူးယူပူဇော်ပါသည်။) Posted by ►

ကျွန်တော်သာ ရပ်ကွက် အုပ်/မှူး ဖြစ်ခဲ့လျှင်

ကျွန်တော်သာ ရပ်ကွက် အုပ်/မှူး ဖြစ်ခဲ့လျှင် ========================= တစ်ခါတစ်ရံ ကျွန်တော်စဉ်းစားတယ်။ လူအချို့ဟာ ငွေကြေးနဲ့ အာဏာသာ ရသွားခဲ့ရင် မြင်းကို ချိုတပ်လိုက်သလိုကိုဖြစ်ပြီး ဘယ်လိုမှ ထိန်း မနိုင် သိမ်းမရ ဖြစ်သွားတတ်ပါကလားလို့။ ဟုတ်ပါ တယ်။ အဲဒီစကားရပ်အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်လေ့လာသုတေသန ပြုခဲ့မိသမျှသော ရပ်ကွက် အုပ်၊မှူးအချို့ဟာ စိတ်ဓာတ် နဲ့ အကျင့်ကလွဲရင် ပြောစရာမရှိတဲ့ လူတွေချည်းပါပဲ။ ဆိုလိုတာက ကောင်းတဲ့သူရှားတယ်။ (၈၈) ရှေ့ပိုင်း၊ ကောင်စီခေတ်တုန်းက လူကောင်း၊ သူကောင်းတွေရှိခဲ့ ဖူးတာတော့ကြုံဖူးတယ်။ ရပ်ကွက်ရဲ့ ဆန္ဒမဲနဲ့ တောင်းဆို မှုအရ သုံးလေးကြိမ် ဥက္ကဋ္ဌ ဆက်လုပ်ရသူတွေ၊ အဂတိ ကင်းကင်းနဲ့ ရပ်ကွက်ကောင်းကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပြီးတော့ ''စံပြ'' ဖြစ်ခဲ့သူတွေ တွေ့ကြုံခဲ့ သလို စကားပြောခွင့်လည်းရခဲ့ပါတယ်။ ခုခေတ်အုပ်/မှူး အချို့ကတော့ ကြုံရင် ကြုံသလိုစား၊ အမြီးကျက် အမြီး စား၊ ခေါင်းကျက်ခေါင်းစားကြတာများတယ်။ ဒီမိုကရေစီပြောင်းလဲမှုနောက်ပိုင်း ၂ဝ၁၃-၂ဝ၁၄ လောက်မှာ တန်ဖိုးနည်းဖုန်းတွေ စတင်ချထားပေးမှုဟာ ဘယ်သူတွေကို အဓိက တိုက်ရိုက်အကျိုးပြုခဲ့သလဲဆို တော့ ရပ်ကွက်အုပ်/မှူးဆိုသူတွေသာ ချက်ချင်း နတ် ရေကန်ထဲ ချလိုက်သလိုကို ဆိုင်ကယ်၊ ဆွဲကြိုးနဲ့ ဟန်း ချိန်းနဲ့ကို ဘဝပြောင်းခဲ့ကြပါတယ်။ ဒီလိုတန်ဖိုးနည်းဖုန်းတွေ မဲနှိုက်ပေးရာကနေ အုပ်၊ မှူးနဲ့ အပေါင်းအပါများတစ်စု ရပ်ကွက်တိုင်း၊ ရုံးတိုင်း မှာ ဖုန်းခိုးနေကြတာ ဘယ်သူမှ မသိလို့လားဆိုတော့ တစ်နိုင်ငံလုံး၊ အားလုံး သိသိချည်းပဲ။ တချို့များဆို ပေါ် တင်ပဲ။ ''မင်းလဲသိ၊ ငါလဲသိ ဒါပေမဲ့ အေးဆေးပဲနေ၊ ငါ့ညီ'' ဆိုပြီး ခြိမ်းခြောက်တာကရှိသေး။ မတိုင်ဘူး လားဆိုတော့၊ ဘယ်ကို သွားတိုင်မှာလဲ။ သူတို့သူတို့ မ.ယ.ကနဲ့ ပင်းစားနေကြတာ။ မ.ယ.ကတိုင်စာပို့ လည်း ဘာထူးသေးလဲ။ တစ်ကျိတ်ထဲ တစ်ဥာဏ်ထဲမို့ ကိုယ့်မုန်းတာပဲ အဖတ်တင်မှာပေါ့။ မ.ယ.ကမှာထဲ ကိုက တစ်ယောက်ဘယ်နှလုံးယူဆိုတာ အပေးအယူ အချိတ်အဆက်က ရှိပြီးသား။ အရင်တုန်းက မိမိဟာ ဖုန်းသတင်းတွေကို အထူးပြုပြီး လိုက်ခဲ့တယ်။ တရားဝင် သတင်းပေးသူတွေ ဒုနဲ့ဒေးရှိခဲ့တယ်။ အုပ်/မှူးတွေကို လည်း လိုက်မေးတယ်။ ရပ်ကွက်ထဲမှာလည်း မေးရတယ်။ လစဉ်၊ လတိုင်း စုံစမ်းခဲ့တယ်။ ဆက်သွယ်ရေးထဲက တရားဝင်ချထားပေးတဲ့ ခြောက်လပတ်စာရင်းနဲ့ ရပ်ကွက် မှာ အမှန်တကယ် မဲနှိုက်တဲ့စာရင်းဟာ ရပ်ကွက် တစ်ခုကို ဖုန်း ၁ဝလုံးကနေ ၁၅လုံးလောက်အထိ ကွာဟ နေတတ်တယ်။ ဒါမျိုးကျတော့ ဘယ်သူမှ အရေးမယူ ကြဘူး။ ကျွန်တော်တို့ဆို သိသိလျက်နဲ့ ဘာမှလုပ်မပေး နိုင်ခဲ့ဘူး။ သူများအိမ်နောက်ဖေးတက်ခိုးတဲ့ သူခိုးကိုတော့ ဥပဒေအရ အရေးယူလို့ရပေမယ့် ခုလိုအိမ်ထဲမှာတင်၊ ရုံးမှာတင် ထိုင်ခိုးနေတဲ့ သူခိုးကိုတော့ ဥပဒေအရ ဘာမှလုပ်ပေးလို့ မရဘူးတဲ့လား။ ကျွန်တော်သာ အုပ်/ မှူးဖြစ်ခဲ့ရင် ခိုးတဲ့ ဒီအချက်ကိုပြင်ဆင်ချင်တယ်။ အုပ်/ မှူးကိုလည်း စောင့်ကြည့်တဲ့ ရပ်ကွက် လျှို့ဝှက်အဖွဲ့ဆို တာ ရှိသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါက ပြဿ နာ နံပါတ်(၁)။ နောက်တစ်ချက်က ဧည့်စာရင်းမှုပြဿ နာ(၂) ဆက်လက်တင်ပေးပါမည်။ ။

သူနဲ့လက်ထပ်တော့မယ် ဆိုရင် စစ်ရမည့် အချက် ၂၀ ဝါကျွတ်ရင် အစီအစဉ် ရှိသော ကိုကို မမ များအတွက်

သူနဲ့လက်ထပ်တော့မယ် ဆိုရင် စစ်ရမည့် အချက် ၂၀ ===================================== သူနဲ့လက်ထပ်တော့မယ်ဆိုရင် ဘဝတလျှောက်လုံး သူနဲ့ အေးအတူပူအမျှ နေသွားရမှာပါ။ ဒါပင်မဲ့ နှစ်ယောက်အတူတူနေတဲ့အခါကျရင် အဆင်ပြေပါမလားဆိုပြီး စိတ်ထဲမှာ စိုးရိပ်စိတ်ကလေးတွေက ဖြစ်နေတတ်ပါတယ်။ ဒီအတွက် ဘယ်အချက်လေးတွေကို လက်မထပ်ခင်ကြည့်ထားသင့်သလဲဆိုတာကို Share လိုက်ပြီနော်။ ၀၁. ပိုက်ဆံသုံးတာ စည်းကမ်းရှိလား ပိုက်ဆံသုံးတာ စည်းကမ်းရှိဖို့လိုအပ်ပါတယ်။ ပိုက်ဆံသုံးတာ စည်းကမ်းရှိလွန်းအားကြီးရင်လည်း ကိုယ့်အတွက် လိုအပ်ရင် သုံးဖို့တွန့်တိုရင်တော့ မကောင်းဘူးပေါ့နော်။ ၀၂. အကျွေးအမွေး ဝါသနာပါနေလား သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့တွေ့ရင် စိတ်ထဲမှာ ပျော်လို့ဆိုပြီး သူကချည်းပဲ ကျွေးနေလို့ကတော့ မဆင်မပြေပါ။ ၀၃. အကြွေးရှိလား။ ပိုက်ဆံချေးတဲ့အကျင့်ရှိတဲ့သူဟာ အကြွေးက အမြဲတမ်းရှိနေတတ်ပါတယ်။ အဲဒီလို အကျင့်ရှိတဲ့သူဟာ ဒီအကျင့်ကို ဖျောက်ဖျက်ဖို့ဆိုတာ မလွယ်ပါ။ ၀၄. ဘာမဆို တတ်တတ်ကြွကြွရှိရဲ့လား။ ပိတ်ရက်မှာ လျှောက်သွားဖို့အတွက် တတ်တတ်ကြွကြွရှိပြီး ဘယ်သွားမလဲဆိုတာကို အစီအစဉ် ဆွဲပေးတတ်လား။ ဘဝကို ဘယ်လိုလျှောက်လှမ်းမလဲဆိုတာကို သေသေချာချာ စဉ်းစားပေးသောသူကော ဟုတ်နဲ့လား။ ၀၅. လျှို့ဝှက်ချက်ရှိလား။ သမီးရည်းစားဘဝမှာတော့ လျှို့ဝှက်ချက်လေးတွေရှိတာက စိတ်ဝင်စားဖို့ကောင်းပင်မဲ့၊ လက်ထပ်ပြီးသွားတဲ့အချိန်မှာ လျှို့ဝှက်ချက်တွေများပြီး ခဏအပြင်သွားမယ်ဆိုပြီး ပြန်မလာရင် ဘယ်လိုတွေးရမလဲ။ ၀၆. အသေးစိတ်လား။ ဘာမှမဟုတ်တဲ့ကိစ္စလေးတွေကို အသေးစိတ်မေးနေတတ်သလား။ ဘယ်သူ့ဆိုက ဖုန်းလဲ။ ဒီနေရာလေး ညစ်ပစ်နေပြီ စသည်ဖြင့် ခဏခဏလုပ်နေရင်တော့ အဆင်မပြေပါ။ ၀၇. ပြောချင်သော စကားကိုပြောနိုင်ပါသလား။ သူ့ကို ဘယ်လောက်ပဲချစ်ချစ် သူပြောတဲ့အတိုင်းနေပြီး ကိုယ့်ရဲ့ရင်ထဲက စကားတွေကိုလည်း ပြောနိုင်ရဲ့လား။ ၀၈. ကိုယ်ရဲ့စကားတွေကို ဂရုတစိုက် နားထောင်ပေးလား။ ကိုယ့်အကြောင်းကို နားထောင်မပေးပဲ၊ အမြဲတမ်းသူ့အကြောင်းချည်းတွေပဲ ပြောနေလို့ကတော့ လက်ထပ်ပြီးရင်တော့ ဒီအတိုင်းပဲဖြစ်ပါလိမ့်မယ်။ ၀၉. သူငယ်ချင်းတွေကို တန်ဖိုးထားသောသူလား။ သူငယ်ချင်းတွေနဲ့ အဆင်မပြေရင် ချက်ချင်း အဆက်အသွယ်ဖြတ်ပြစ်တဲ့သူဆိုရင်တော့ မကောင်းပါ။ လူမူရေးကိစ္စတွေနဲ့ ကြုံတဲ့အခါ သူငယ်ချင်းတွေက ကူညီပေးတဲ့အခါလည်းရှိတတ်ပါတယ်။ ၁၀. သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးသလား။ သူ့ရဲ့အပေါင်းအသင်းတွေကို မိတ်ဆက်ပေးတယ်ဆိုတာ ကိုယ့်ကို တန်ဖိုးထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ၁၁. သူ့မိသားစုကို အရေးပေးလွန်းလား။ မိသားစု စည်းလုံးတယ်ဆိုတာကောင်းပင်မဲ့ အမေအတွက် ညီမအတွက် အကြောင်းပြပြီး ကိုယ့်ကိုမေ့နေရင်တော့ မကောင်းပါ။ ၁၂. သူ့အမေအကြောင်းကို လုံးဝမပြောဘူး။ သူ့အမေအကြောင်းကို လုံးဝမပြောဘူးဆိုရင်တော့ အမေ့ကိုသိပ်ချစ်သောသူဖြစ်ပါလိမ့်မယ်။ ၁၃. အတင်းတွေချည်း ပြောနေလား။ အလုပ်မှာ စိတ်ညစ်စရာတွေ ကြုံတယ်ဆိုတာဟာ ဓမ္မတာပါ။ ဒီစိတ်ညစ်စရာတွေကို အိမ်ကိုသယ်လာပြီး တောက်လျှောက် နေ့တိုင်းပြောနေရင်တော့ စိတ်ညစ်စရာပါ။ ၁၄. ထမင်းချက်တတ်သလား။ ကိုယ်ကနေမကောင်းဖြစ်တဲ့အချိန်မှာ ကိုယ့်အစား ချက်တတ်ပြုတ်တတ်ရင်တော့ ကောင်းပါတယ်။ စားဖိုမှူးတယောက်လိုချက်တတ်ရမယ်လို့ မဆိုပါ။ ၁၅. သူ့ဝါသနာတွေနဲ့ပဲ အချိန်ကုန်နေလား။ အလုပ်က အိမ်ပြန်လာရင် ဘာမှမလုပ်ပဲ သူကစိတ်ဝင်စားတဲ့ဟာကိုပဲလုပ်နေတတ်သလား။ ၁၆. ဖင်ပေါ့ရဲ့လား။ သိပ်ပြီး အပြင်သွားလေ့မရှိတဲ့သူဖြစ်ရင်တောင် ကလေးတွေရလာရင် ကလေးတွေအတွက် သွားလားလှုပ်ရှားဖို့အတွက် တတ်တတ်ကြွကြွရှိဖို့လိုပါတယ်။ ၁၇. ပိုးကောင်တွေနဲ့ကော အဆင်ပြေရဲ့လား။ မိန်းကလေးတွေက အိမ်တွင်းက ပိုးကောင်တွေကို ကြောက်တတ်ပါတယ်။ သူပါကြောင်နေရင်တော့ အဆင်မပြေပါ။ ၁၈. ကလေးယူဖို့အတွက် သဘောတူရဲ့လား။ သာယာပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်ဖို့ဆိုတာ ကလေးက အဓိကဖြစ်မှာပါ။ ကလေးယူမယ်ဆိုတဲ့ အတွေးလေးတွေလည်း တူရဲ့လား။ ၁၉. သူရဲ့အတူရှိရင် စိတ်ထဲမှာ အေးချမ်းရဲ့လား။ လက်ထပ်တယ်ဆိုတာ ဘဝတစ်လျှောက်လုံးအတူတူ လျှောက်လှမ်းရမှာပါ။ သူ့ဘေးမှာ အတူရှိနေပင်မဲ့ စိတ်ထဲမှာ အေးချမ်းတည်ငြိမ်မူ မရှိရင်တော့ စဉ်းစားပါ။ ၂၀. ပြုံးပျော်နေရဲ့လား။ ပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သူ့မျက်နှာလေးကို ကြည့်လိုက်ရင် ပြုံးပြုံးရွှင်ရွှင်နေတတ်တဲ့သူကို ရွေးပါ။ အချက်တွေများသွားလို့ စိတ်ညစ်သွားမလားတော့ မသိဘူး။ ကလေးရရင် ပြောင်းလဲလာတဲ့ ယောင်္ကျားတွေလည်း အများကြီးပါ။ ကိုယ့်နဲ့အတူတူ ဘဝရဲ့ ခက်ထန်တဲ့လမ်းကို ရဲ့ရဲ့ဝံ့ဝံ့ရင်ဆိုင်နိုင်သောသူနဲ့ လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Credit to: Chelmo