Wednesday, February 11, 2015

ကဗျာပြိုင်ပွဲသို့ ပေးပို့လာသည့် ကဗျာ ၅




ဖခင်ဗိုလ်ချုပ်
***********

ဖခင်ဗိုလ်ချုပ်
သမီးတို့် မမီလိုက်ပေမဲ့
ဖခင်ဗိုလ်ချုပ်အကြောင်းတွေ
 အဘိုးအဘွားဆီကတဆင့်
ကြားသိခဲ့ရတယ်....။

သမီးတို့ မတွေ့ ဖူးခဲ့ပေမဲ့
စာအုပ်ကြီးထဲမှာ သင်ကြားခဲ့ရတယ် ...။

သမီးတို့ကိုယ်တိုင် မကြုံဖူးခဲ့ပေမဲ့
ဗိုလ်ချုပ်ကိုချစ်သူတွေက
လက်ဆင့်ကမ်းပြောပြခဲ့ကြတယ်...။

ပုံပြင်မဟုတ်တဲ့ လက်တွေ့ဆန်တဲ့
ပြတ်သားတဲ့စိတ်နဲ့
လေးစားစရာ လုပ်ရှားမှုတွေအကြောင်းပေါ့
နိုင်ငံရေး ဆိုတာတွေ နားမလည်သေးတဲ့
သမီးပျိုလေးတို့ရဲ့ရင်ထဲမှာ
ဖခင်ဗိုလ်ချုပ်အကြောင်းအမြဲရှိခဲ့တယ် ...

ဘုရားနဲ့တစ်ဂိုဏ်းတည်းထားပြီး
အိမ်ဦးခန်းမှာ ဗိုလ်ချုပ်ပုံချိတ်ဆွဲထားတယ်
ဖခင် ဗိုလ်ချုပ် နှစ်တစ်ရာပြည့်မှသည်
နှစ်ပေါင်းများစွာ
လူထုရင်ထဲမှာ ထင်ကျန်နေဦး ....
ဖြိုးသင်ဇာ (လေးတန်သူ)
12.2.15
1:00 am

ပြည်တော်သာ တံတားကြီးရဲ့ မသာ မယာ ဖြစ်နေပုံ







စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးအဝင် ရွှေဘို - မြစ်ကြီးနားလမ်းမပေါ်က ပြည်တော်သာတံတား မသာ မယာဖြစ်နေပုံလေးတွေပါ သက်ဆိုင်ရာ တာဝန်ရှိသူများ သိစေ မြင်စေ ပြင်စေသော်ဝ်::::::::::::;;::

လေဘိုကျေးရွာ လူငယ်စွမ်းဆောင်ရည်မြင့်သင်တန်းကျင်းပ



မော်လူးဒေသ၊ နမီးကျေးရွာအုပ်စု၊ ကွင်းငို့ကျေးရွာတွင် ကျေးလက်လူငယ် စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းပို့ချ
မော်လူး၊ ဖေဖော်ဝါရီ ၁၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ နမီးကျေးရွာအုပ်စု၊ ကွင်းငို့ကျေးရွာတွင် အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ကြီးမှူးကျင်းပသည့် လူငယ်စွမ်းဆောင်ရည် မြင့်မားရေးသင်တန်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့လည် ၂ နာရီက ကွင်းငို့ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ လူငယ်စွမ်းဆောင်ရည် မြင့်မားရေးသင်တန်းသို့ အင်းတော်မြို့ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ဦးမျိုးမင်းစိုး၊ ဒုဦးစီးမှူး ဒေါ်ကေသီမိုး၊ အကြီးတန်းစာရေး ဒေါ်မြတ်စုကြည်၊ အငယ်တန်းစာရေး ဦးအောင်မျိုးထက်နှင့် သင်တန်းသား ၂၇ ဦးတက်ရောက်ခဲ့ကြောင်း၊ သင်တန်းတွင် သင်တန်းသားများအား ကျေးလက်လူငယ် စွမ်းဆောင်ရည်မြင့်မားရေးအတွက် လိုအပ်ချက်များကို တာဝန်ရှိသူများမှ အသီးသီးရှင်းလင်းပြောကြား ပို့ချခဲ့ကြောင်း၊ အင်းတော်မြို့နယ်အတွင်းတွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ကြီးမှူးပြီး ကျေးလက်လူငယ် စွမ်းဆောင်ရည် မြင့်မားရေးသင်တန်းကို ကွင်းငို့ကျေးရွာအပါအဝင် ကျေးရွာ ၄ ရွာတွင် ဟောပြောပို့ချမှုများ ပြုလုပ်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

လေဘိုကျေးရွာ အမကတွင် သောက်သုံးရေတွင်း တူးဖော်




လေဘိုကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် သောက်သုံးရေတွင်းတူးဖော်
မော်လူး၊ ဖေဖော်ဝါရီ ၁၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ လေဘိုကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် သောက်သုံးရေတွင်းတူးဖော်ခြင်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ သောက်သုံးရေတွင်း တူးဖော်ရာသို့ အင်းတော်မြို့နယ် စီမံခန့်ခွဲကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များ၊ ကသာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဦးသောင်းမြင့်နှင့် အဖွဲ့ဝင်များ၊ အင်းတော်မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ အင်းတော်မြို့နယ် အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် အဖွဲ့ဝင်များ၊ဒုတိယမြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဋ္ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသွားရောက်ကြည့်ရှု့ရာ လေဘိုကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျေးရွာသူ/သားများက လိုက်လံရှင်းလင်းပြသခဲ့သည်။ မူလတန်းကျောင်းဝင်းအတွင်း သောက်သုံးရေတွင်း တူဖော်နိုင်ရန်အတွက် အင်းတော်မြို့နယ် အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် အဖွဲ့သည် အင်းတော်မြို့၊ မြို့မိမြို့ဖ ရံပုံငွေမှ ကျပ်ငွေသုံးသိန်းကို ထောက်ပံ့ပေးထားခြင်း ဖြစ်ပြီး သောက်သုံးရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ဇန်နဝါရီလကုန်ပိုင်းမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မော်လူးတွင် မိုးပွင့်အထူးစီမံချက် ကွင်းဆင်းဆောင်ရွက်





မော်လူးတွင် မိုးပွင့်အထူး စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
မော်လူး၊ ဖေဖော်ဝါရီ ၁၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးတွင် မိုးပွင့်အထူးစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးပွင့်အထူးစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာသို့ အင်းတော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဦးအောင်သူ၊ ဒုဦးစီးမှူး ဦးတင့်ဆွေဦး၊ တိုက်နယ်မှူး ဒေါ်အေးအေးဆွေနှင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် မော်လူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသားစီစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများ၊ပျောက်ပျက်သွားသူများ၊အသစ်လဲလှယ်လိုသူများ၊ အိမ်ထောင်စုစာရင်း မပြုလုပ်ရသေးသူများ၊ ပျောက်ပျက်သွားများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မော်လူးကျေးရွာအုပ်စုအတွင်းရှိ မော်လူး၊ အုန်းဒုတ်၊ မင်းသား၊ ဟဲနု၊ ကရင်၊ နန်းခွင်းကျင်၊ ပဲခူး၊ ရွာရှည်၊ သက်ရင်းသာကျေးရွာများတွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ မိုးပွင့်အထူးစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ၁၄၀ ဦးကို နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကွင်းငို့ကျေးရွာသို့ ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများပေးအပ်



ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာမီးလင်းရေးအတွက် ဆိုလာပြားများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်
မော်လူး၊ ဖေဖော်ဝါရီ ၁၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ နမီးကျေးရွာအုပ်စု၊ ကွင်းငို့ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ဖေဖော်ဝါရီ ၁၁ ရက် နေ့လည် ၁ နာရီက ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာမီးလင်းရေးအတွက် ဆိုလာပြားများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးအပ်ပွဲအခမ်းအနားသို့ အင်းတော်မြို့နယ် စီမံခန့်ခွဲကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များ၊ ကသာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဦးသောင်းမြင့်နှင့် အဖွဲ့ဝင်များ၊ အင်းတော်မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ အင်းတော်မြို့နယ် အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဋ္ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ကျေးရွာသူ/သား ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်မှ ပြည်ထောင်သုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာမီးလင်းရေးအတွက် ဆိုလာပြားများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ခြင်းနှင့် ပတ်သက်ပြီး အဖွင့်အမှာစကား ပြောကြားပြီး၊ ကသာခရိုင် ကျေးလက်ဦးစီးမှူး ဦးသောင်းမြင့်မှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန၏ လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ ခရိုင် ကျေးလက်ဦးစီးမှူး ဦးသောင်းမြင့်၊ မြို့နယ် ကျေးလက်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ မော်လူးဒေသ၊ နမီးကျေးရွာအုပ်စု၊ ကွင်းငို့ကျေးရွာမှ ကျေးရွာသူ/သားများအား ဆိုလာပြားများနှင့် ဆက်စပ်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း၊ ကွင်းငို့ကျေးရွာသည် မော်လူးမှ ၁၂ မိုင်ခန့် ကွာဝေးသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ၂၄ နာရီလျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာဖြစ်ပြီး အိမ်ခြေ ၁၁၀ ရှိကြောင်း၊ အိမ်ခြေအားလုံးကို ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ ပေးဝေခဲ့ကြောင်း သိရသည်။ ယင်းကွင်းငို့ကျေးရွာ မီးလင်းရေးအတွက် အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန၏ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုငွေ ကျပ် ၂၂၀ သိန်းဖြင့် လင်းရာမကုမ္ပဏီမှ တင်ဒါစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကွင်းငို့ကျေးရွာမှ ရပ်မိရပ်ဖ ဦးစိန်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဆိုလာပြားပေးအပ်ပွဲအခမ်းအနား နေ့လည် ၂ နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။