Wednesday, November 30, 2016
ဘယ်တုန်းကစပြီး_ဥပုသ်နေ့တွင်_ဈေးပိတ်ခဲ့ကြသလဲ
#ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားများသိထားသင့်ပါတယ်…
#ဘယ်တုန်းကစပြီး_ဥပုသ်နေ့တွင်_ဈေးပိတ်ခဲ့ကြသလဲ...?
=================================
#၁၃၀၀ပြည့်နှစ် တပိုတွဲလပြည့်ကျော် (၆)ရက်နေ့ အိမ်တော်ရာဘုရားအတွင်း စည်းဝေးပွဲ ပြုလုပ်သည်၊ ဆုံးဖြတ်ချက် (၇)ချက် ချမှတ်သည်၊ အချိန်မရ၍ နောက်နေ့မှ စီတန်းလမ်းလျောက်ရန် ဆုံးဖြတ်သည်၊ တပိုတွဲလပြည့်ကျော် (၇)ရက်နေ့ စီတန်းလမ်းလျောက်ရာ၌ အင်္ဂလိပ်အစိုးရက ဟန့်တားနှောက်ယှက် ဖြိုခွင်းရာ အာဇာနည်(၁၇)ဦး ကျဆုံးသည်၊ ယင်းကို ၁၃၀၀ပြည့် အရေးတော်ပုံဟု လွတ်လပ်ရေးသမိုင်း၌ ခေါ်ဝေါ်ကြလေသည်။
ထို့နောက် တဆက်တည်း ရဟန်းပျိုအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးကလျာဏာဘိဝံသကို ဖမ်းဆီးသည်။
#စစ်ကိုင်းမြို့ ဂဏသမူဟ ရဟန်းငယ်များ၏ အဖွဲ့ကြီးက ကြီးမှူးအုပ်ချုပ်၍ စည်းဝေးသော မြို့လုံးကျွတ် အစည်းဝေးကြီး၏ အထွေထွေအခန်း၏ စဉ်းစားချက်အရ မိုးဇာဈေးကြီးကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း ဝါတွင်းဝါပမကျန် ဥပုသ်သတင်းနေ့များ၌ ဈေးမထွက်ကြဘဲ ဥပုသ်သတင်းများ ဆောက်တည်၍ ပိတ်ထားသင့်ကြောင်းကို ရဟန်းတော်များနှင့်တကွ မြို့သူမြို့သား ဈေးသူဈေးသားတိုင်း အားလုံးသဘောကြိုက်ညီစွာ ဈေးသူဈေးသားပေါင်း (၁၉၃)ယောက်တို့၏ ကိုယ်တိုင်သဘောကြိုက်ညီကြောင်း အသီးသီးလက်မှတ်ထိုး၍ ဆုံးဖြတ်ပြီးပြီ ဖြစ်ကြောင်း၊
မန္တလေး ဦးကလျာဏအား ဖမ်းသည့်အတွက် တပေါင်းလဆန်း(၈)ရက်နေ့ ဈေးပိတ်ကြောင်း၊ ဥပုသ်သီတင်းနေ့များကို ထိုနေ့မှစ၍ ပိတ်မည်ဖြစ်ကြောင်း သိရလေသည်။
(ဆရာတော်ဦးကလျာဏာဘိဝံသ၏ အတ္ထုပ္ပတ္တိစာအုပ်မှ)
ဘွဲ့ရတွေ ဒုဦးစီးမှူး ခေါ်တာတဲ့
အသက်၃၀အောက်၊ဝန်ထမ်း၃၅နှစ်အောက်ဘွဲ့ရများကို
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး
ဌာနမှ လစ်လပ်လျှက်ရှိသော ဒုဦးစီးမှုးနေရာများ၊ငယ်/ယာ
၊ပုံဆွဲနှင့်စာရင်းကိုင်များအတွက် အလုပ်ခေါ်နေပါတယ်။
လစာ၁၉၀၀၀၀ိကျပ်။လျှောက်လွှာပိတ်ရက်၂၀.၁၂.၂၀၁၆။
Monday, November 28, 2016
BEd စာပေးစာယူ သင်တန်းဝင်ခွင့်
BEd စာပေးစာယူ သင်တန်းဝင်ခွင့်
၁-၁၂-၂၀၁၆ မှစ၍ မြို့နယ်ပညာရေးမှူးရုံးများတွင် လျှောက်ထားနိုင်
၂၃-၁၂-၂၀၁၆ တွင် ရုံးချုပ် အရောက် ပို့ရမည်ဖြစ်၍ မြို့နယ်ရုံးများ ၏ သတ်မှတ်ရက်အမီ လျှောက်ထားကြရန်။
Credit: DET
Sunday, November 27, 2016
မြန်မာအကြောင်း တစေ့တစောင်း
မြန်မာတွေဟာ လျင်မြန်ထက်မြက်ပြီး စစ်တိုက်ဖို့ ၀န်မလေးသူတွေ ဖြစ်ပါတယ်။ မြင်းစီးကျော်များ ဖြစ်တဲ့အပြင် လေးမြားကျွမ်းကျင်သူတွေလည်း ဟုတ်တယ်။ မြန်မာမြေပြန့်ကို ကိုးရာစု နှစ်လယ်လောက်ကစပြီး ၀င်ရောက်နေထိုင်တယ်။ ဦးစွာ ကျောက်ဆည်နယ်နဲ့ မင်းဘူးနယ်မှာ ရွာတည်ပြီး အခြေချ နေထိုင်ကြတယ်။ အဲဒီလို သူတို့ စတင်နေထိုင်တဲ့ အရပ်ကို ခရိုင်လို့ ခေါ်ပါတယ်။ ခရိုင်က တဖြည်းဖြည်း တိုးချဲ့ပြီး အလယ်ပိုင်း မြန်မာနိုင်ငံတခုလုံးမှာ မြို့ရွာတည်ပြီး နေကြတယ်။ နောက်မှ ပြန်ပွါးတဲ့နေရာကို တိုက်လို့ ခေါ်တယ်။ ခြေတံရှည်နဲ့ အိမ်တွေကို သစ်၊ ၀ါး၊ သက်ကယ်တွေနဲ့ ဆောက်တယ်။မြန်မာအလယ်ပိုင်းကို ၀င်မလာမီ မူလမြန်မာတွေဟာ အရင်အနှစ် ၄၀၀၀ လောက်ကစပြီး တရုတ် အနောက်မြောက် ကန်စူဒေသ၊ ထောင်မြစ်ဝှမ်းမှာနေတယ်လို့ ယူဆတယ်။ သက်သေအခိုင်အမာ မရှိပေမယ့် အခုလို ပြောပြချက်ကို ငြင်းပယ်ဖို့ ခက်ပါတယ်။ ခရစ် ၇ ရာစုမှာ မြန်မာတရုတ်နယ်စပ်ကို လာရောက်နေထိုင်တဲ့ တိဗက်မြန်မာနွယ်ဝင်တွေကို မန်လူမျိုးလို့ ခေါ်တယ်။ အဲဒီလူမျိုးတွေထဲက မန်းမန်ခေါ်တဲ့ လူတွေဟာ ကိုယ့်အကြီးအကဲကို မင်း၊ မင်းစောလို့ ခေါ်လေ့ရှိလို့ သူတို့ကို တရုတ်က မန်းမန်လို့ ခေါ်တာ ဖြစ်တယ်။ အဲဒီ လူတွေထဲက တချို့တ၀က်က သိုးမွေးပြီး တချို့တ၀က်က တောင်သူ ဖြစ်တယ်။ လယ်ယာကို ဆင်နဲ့ ထွန်တယ်လို့တောင် ပြောတယ်။ သူတို့က ထကြွလုံ့လရှိပြီး စစ်လိုလားတယ်။
စစ်ပွဲမှာ လှံလျင်ကို ကောင်းကောင်း အသုံးပြုတတ်တယ်။ မြင်းစီးတော်လို့ သူတို့ မြင်းစီးပုံဟာ ကောင်းကင်မှာ ငှက်ပျံသလို မြင်ရတတ်လို့ ချီးမွမ်းလေ့ရှိတယ်။ မြင်းကို ကုန်းနှီးမပါဘဲ ကောင်းစွာ စီးတတ်တယ်။ အမျိုးသမီးတွေ မြင်းစီးကျွမ်းတယ်လို့ လူစိမ်းတွေက ပြောလေ့ရှိတယ်။ လေးမြားအတတ်ကို များစွာ ကျွမ်းကျင်ပြီး ရန်သူကို အဆိပ်လူးမြားနဲ့ တိုက်ခိုက်ချေမှုန်းလေ့ ရှိတယ်။
နေအိမ်ဆောက်ရာမှာ အိမ်အဆင့်မြင့်မြင့် ခြေတံရှည်ရှည် ဆောက်တယ်။ အပြာရောင် ဘောင်းဘီဝတ် တယ်။ ပိုးခေါင်းပေါင်းအနီပေါင်းပြီး ခေါင်းပေါင်းစတခုကို အပြင်မှာ လွှင့်ချထားတယ်။ အိမ်ကြက်မွေးတယ်။
နန်ကျောင် လူမျိုးတို့က ၈ ရာစုနှစ် အစောပိုင်းမှာ သူတို့ကို ချုပ်ချယ်လာတယ်။ ခရစ် ၇၉၄ ကစပြီး နန်ကျောင် လက်အောက်ရောက်တယ်။ အခုပြောတာတွေက ခရစ် ၈၆၃ မှာ ဖန်ချိုရေးတဲ့ မန်ရှူခေါ် တောင်ဘက်လူရိုင်းတွေ အကြောင်း စာအုပ်ကနေ ကောက်နှုတ်ထားတာ ဖြစ်တယ်။
မြေပြန့်ကို မြန်မာတွေ ၀င်လာတဲ့ လမ်းကတော့ သံလွင်မြစ်တလျှောက် ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်ပြီး ကျောက်ဆည်ကို အရှေ့တောင်ဘက်က ၀င်တယ်။ ဆန်ရေစပါး ပေါများတဲ့ အရပ်ကို ရွေးချယ်ပြီး သိမ်းတယ်။ စစ်မှုရေးရာမှာ ခုခံအားကောင်းမယ်လို့ ထင်တဲ့ ပုဂံကို ဌာနချုပ်အဖြစ် ရွေးချယ်တယ်။ ဒါကြောင့် မြန်မာတွေ ဗဟိုမြေပြန့်ကို ၀င်ရောက်နေထိုင်တာဟာ စစ်အင်အားနဲ့ တိုက်ခိုက် သိမ်းယူတာမျိုး ဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။
ဒေါက်တာသန်းထွန်း
မြန်မာတို့ ၏ သမိုင်းဦးခေတ် သဲလွန်စများ ·
Friday, November 25, 2016
တောင်တန်းသာသနာပြုဆရာတော်ဦးဥတ္တမသာရ
(တောင်တန်း သာသနာပြု ဆရာတော်ဘုရားကြီး
၏ပုံတော်အား ကိုယ်တိုင်ရေးဆွဲ ပူဇော်လှူဒါန်းပါသည်)
တောင်တန်းသာသနာပြုဆရာတော်ဦးဥတ္တမသာရ (သို့ )
မတ္တာဝိဟာရီ ဆရာတော်လောင်းလျာကို ၁၂၇၂ ခု၊ ပြာသို လပြည့်ကျော် ၁ ရက်၊ (၁၅ ဇန်န၀ါရီ ၁၉၁၁)တနင်္ဂနွေနေ့တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် နွေတွင်းကုန်းကျေးရွာ တွင် ခမည်းတော် ဦးဘိုးညို မယ်တော်ဒေါ်သေးတာ မှ ဖွားမြင်ခဲ့သည်။၁၂၈၄ ခုနှစ်တွင် ရွာကျောင်း ဆရာတော် ဘဒ္ဒန္တဝိလာသကို ဥပဇ္ဈာယ် ပြု၍ မိဘ နှစ်ပါး တို့၏ ပစ္စယာ နုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ် ရောက်တော် မူသည်။ ၁၂၉၂ ခုနှစ်၊ နွေတွင်းကုန်းရွာ ကျောင်းဆရာတော် ဘဒ္ဒန္တဝိလာသကို ဥပဇ္ဈာယ် ပြု၍ ရဟန်း အဖြစ်သို့ ရောက်တော်မူသည်။
Friday, November 18, 2016
အသက် ၄ဝ အရွယ်......သတိပြုဖွယ်ရာများ
အသက် ၄ဝ အရွယ်......သတိပြုဖွယ်ရာများ
လူငယ်ဘဝကို နှုတ်ဆက်ချိန်ပဲ ဖြစ်ပါတယ်။ လူငယ် တုန်းက စားချင်သလိုစား၊ သွားချင်သလို သွား၊ နေချင်သလိုနေခဲ့ပေမဲ့ ၄ဝ ပိုင်း ရောက်ပြီဆို သတိထားရပါတော့မယ်။ အထူးသဖြင့် ကျန်းမာရေးပေါ့။ ဘာလို့လဲ ဆိုတော့ ရှေ့လာမယ့် အသက်ကြီးပိုင်း အတွက် ကြိုတင်ပြင်ဆင်ရတော့မှာ ဖြစ်လို့ ပါ။ ကားတစ်စီးနဲ့ နမူနာပြုပြောရရင် အ နှစ် ၄ဝ လုံးလုံး သုံးလာတဲ့ ကားဟာ ကား အိုစာရင်းထဲ ရောက်နေပါပြီ။
 ဒါပေမဲ့ စနစ်တကျနဲ့ ပြင်ဆင်မွမ်းမံတာမျိုး အမြဲ လိုလုပ်ပေးရင်တော့ ကားသစ်တွေနဲ့ ယှဉ် နိုင်သေးတာပေါ့။ (ကားအို၊ ကားဟောင်း တွေကိုတော့ အခုနေခါမှာ ပြန်အပ်နေရ ပါတယ်) လူကျတော့ ပြန်အပ်လို့ မရဘူး။ စလစ်အသစ်ထုတ် လုပ်လည်း မရဘူး။ Overhaul လုပ်လို့လည်း မရဘူး။ နှစ် ၄ဝ လုံးလုံး စားသောက်နေလာခဲ့တာ။ အဆိုး တွေရော၊ အကောင်းတွေရော သင့်တာရော၊ မသင်တာရော အစုံပဲ။ ကံကောင်း ထောက်မလို့ ကြီးကြီးကျယ်ကျယ် ထွေ ထွေထူးထူး ရောဂါကြီးတွေ မဖြစ်ခဲ့တာ။
 ဒီတော့ ၄ဝ ရောက်ပြီဆိုတာနဲ့ လူငယ် တုန်းကလို မဆင်မခြင် လုပ်လို့ မရတော့ ပါဘူး။ ရှေ့လာမယ့် အသက်အပိုင်းအခြား အတွက် ဆင်ခြင်ပြင်ဆင်ရမယ်။
ကနေ့ ကမ္ဘာအဝှမ်း ကြည့်ကြည့်ပါ။ ၄ဝ ရောက်လာတဲ့တိုင် ဆင်ခြင်မပြင်ဆင် တာတွေ မရှိကြလို့ ၄ဝ နဲ့ ၆ဝ အရွယ်တွေ ရောဂါအထူဆုံး၊ အသေအများဆုံး ဖြစ် နေကြတယ်။
၎ဝ ဝန်းကျင် လူလတ်ပိုင်းတွေမှာ ဆိုရင် နှလုံးသွေးကြော အဆီပိတ်တာ၊ သွေးတိုး၊ သွေးချို၊ အသည်းအဆီဖုံး၊ သည်းခြေအိတ် ကျောက်တည်တာတွေ၊ အစာအိမ်ရောဂါတွေ၊ ကျောက်ကပ် ကျောက်တည်တာ၊ အဆစ်အမြစ်ရောင် ရောဂါတွေ အဖြစ်များကြတယ်။ 
ကင်ဆာ ရောဂါတွေကြောင့် သေတာလည်းများ တယ်။ ဒါကြောင့် သန်တုန်း၊ မြန်တုန်း ၄ဝ ဝန်းကျင် လူလတ်ပိုင်းကတည်းက ပြောခဲ့တဲ့ ရောဂါမျိုးတွေ မဖြစ်အောင် ကာကွယ်ရတယ်။ တားရမယ်။
ကာကွယ်မယ်၊ တားမယ်ဆိုပြီး ပါးစပ်နဲ့ ပြောနေရုံနဲ့တော့ မဖြစ်ဘူး။ ဗဟု သုတ (Knowledge) တွေ ရှိရမယ်။ လေ့ လာရမယ်။ သဘောထား ခံယူချက် (Attitude) တွေ ပြင်ရမယ်။ ပြောင်းရ မယ်။ မှားနေတဲ့ အယူအဆ အတွေး အခေါ်တွေ ပြင်ရမှာ။ Attitude ပြောင်းပြီး ပြီဆိုရင်လည်း တကယ်လက်တွေ့ကျကျ လုပ်ဆောင်ရမယ်။ ကောင်းတဲ့ အမူအ ကျင့်စရိုက်တွေအဖြစ် Pratice လက်တွေ့ ကျင့်ဆောင်ရမယ်။
ငယ်ငယ်တုန်းက ကြိုက်တာတွေ အကုန်လုံး စားချင်သလို စားခဲ့တယ်။ ည ဘက်ဆိုလည်း မအိပ်ဘူး။ ကဲချင်တာတွေ ကဲခဲ့ကြတယ်။ အရက်ဆိုလည်း မူးအောင် သောက်ရမှ ကျေနပ်တယ်။ မမူးရင်တောင် အမူးပြိုင်ကြသေးတယ်။ အားကစားလည်း လုပ်ချင်မှ လုပ်တယ်။ မလုပ်တာ များပါ တယ်။ လုပ်ရကောင်းမှန်းလည်း မသိဘူး။ ဝါသနာပါတဲ့သူတွေကတော့ လုပ်ကြ
တယ်။ လုပ်တဲ့သူတွေ ကျတော့လည်း အပြင်းအထန်လုပ်ကြတာ။ နည်းစနစ်တွေ မရှိဘူး။ အပျော်အပါးဆိုလည်း ပွဲတိုင်း ကျော် မလွတ်စေရဘူး။ အန္တရာယ်ရှိတဲ့ ဆိုင်ကယ်စတန့်တွေ၊ ကားစတန့်တွေဆို လည်း လုပ်ခဲ့ကြတယ်။ အခုတော့ ဒါတွေ ...ဒါတွေ ...ပြီးခဲ့ပါပြီ ...ပြီးခဲ့ပါပြီ ဆိုပြီး အားလုံးကို မေ့ပစ်လိုက်ပါ။ြ>ွခင်း ချက်အနေနဲ့ မမေ့နိုင်စရာ မမေ့ရက် နိုင်သူ၊ ဒါ မျိုးလေးတွေတော့ ရှိပါလိမ့် မယ်။
၎ဝ အရွယ်ရောက်ပြီဆိုတာနဲ့ ဟင်း သီးဟင်းရွက်နဲ့ သစ်သီးတွေ အဓိကစားရ မယ်။ ဒါမှ ကိုယ့်အတွက်လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေရပြီး ရော ဂါဘယတွေ ကာကွယ်နိုင်မယ်။ သဘာဝ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသီးသီးတွေထဲမှာ ရောဂါတွေကို ကာ ကွယ်နိုင်၊ တိုက်ဖျက်နိုင်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အင်ဇိုင်းတွေ ပါတယ် လေ။ အဲဒါတွေသာ မှန်မှန်စားရင် ဘယ် အားဆေး၊ ထိုးဆေးမှ မလိုဘူး။ နှာစေး၊ ချောင်းဆိုးတောင် ဖြစ်ခဲတယ်။ အဲ တစ်ခု တော့ ရှိတယ်။ အဲဒီဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက ဓာတုဆေးဝါး သုံးတာတွေ ကင်းဖို့တော့ အရေးကြီးတယ်။
သဘာဝ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေထဲမှာ ဓာတ်တိုးဆန့်ကျင် ဓာတ်ပစ္စည်းတွေ ပါတယ်။ အဲဒီဓာတ်တွေ ဟာ ခန္ဓာကိုယ်ထဲက ရောဂါဖြစ်နိုင်တဲ့ ကလာပ်စည်း (ဆဲလ်) တွေကို ရောဂါမ ဖြစ်အောင် ကာကွယ်တိုက်ဖျက်ပေးတဲ့ အစွမ်းတွေ ရှိတယ်။ ဒါကြောင့် လူလတ် ပိုင်းအရွယ်ကတည်းက ရောဂါတွေ မဖြစ် အောင် နေ့တိုင်း၊ အစာစားတိုင်း ဟင်းသီး ဟင်းရွက်တွေ စားပေးရမယ်။ အစာစား ပြီး တိုင်းလည်း အရည်ရွှမ်းတဲ့ သစ်သီး တစ်မျိုးမျိုး၊ ဒါမှမဟုတ် ဖျော်ရည်တစ်မျိုး မျိုး စားရမယ်။ သောက်ရမယ်။ အခုဖြစ် နေကြတာက ထမင်းစားပြီး ပြီဆိုရင် အချိုပွဲ တည်းနေကြတယ်။ အဲဒါလွဲနေတယ်။ တကယ်က သဘာဝသစ်သီးချဉ် ဒါမဟုတ် ဖျော်ရည်တစ်မျိုးမျိုး တည်းရမှာ။ အလှူ မင်္ဂလာပွဲတွေမှာဆို ထမင်းစားပြီး အချိုပွဲ တည်းကြတာ ထုံးစံဖြစ်နေပြီ။ တကယ်ဆို အချဉ်ပွဲတည်းရမှာ။
၎ဝ လူလတ်ပိုင်းအရွယ် ရောက်လာ ရင် ငယ်ငယ်တုန်းကလို အများကြီး မစား သင့်တော့ဘူး။ လျှော့စားရမယ်။ ဗိုက်ထဲ က အစာခြေအင်္ဂါအစိတ်အပိုင်းတွေဟာ နှစ်ပေါင်း ၄ဝ လောက် အလုပ်လုပ်ခဲ့ရတာ မို့ ပင်ပန်းနေကြပြီ။ နောက်တစ်ခုက အစာအများကြီး စားရင် နှလုံးကလည်း အလုပ်ပိုလုပ်ရတယ်။ ဒါကြောင့် အစာ စားရင် နှလုံးလည်း သက်သာ၊ ကိုယ်တွင်း က အစိတ်အပိုင်းတွေလည်း သက်သာ အောင် ညှာတဲ့ အနေနဲ့ ဗိုက်တင်းအောင် မစားပါနဲ့။ လျှော့စားပါ။ (မှတ်ချက်... ပုဆိုး လျှော့စားခိုင်းခြင်းမဟုတ်ပါ။ အစာ ပမာဏ လျှော့စားရန် ဆိုလိုခြင်း ဖြစ်ပါသည်။)
ကျွန်တော်တို့တစ်တွေဟာ ထမင်းကို အားပြုစားကြပါတယ်။ ဒါကြောင့်မို့လည်း ထမင်းကို မြန်မာတို့ရှဲ့Staple Foodသသိ လို့ တောင်းဆိုထားတယ်။ ထမင်းစားရမှ တင်းတိမ် ကျေနပ်ကြပါတယ်။ စားရင် လည်း ဗိုက်ကားအောင် စားတတ်ကြပါ တယ်။ ထမင်းဟာ ကစီဓာတ် (Carbohydrate) ဖြစ်တဲ့ ကစီဓာတ်တွေ များပြီး လူလတ်ပိုင်းတွေ ဆီးချိုဖြစ်ကြတာ။ မြန်မာပြည်မှာတော့ ထမင်းအစားများလို့ ဆီးချိုဖြစ်ကြတာပါ။ မဖြစ်ရိုးလား။ တစ် နေ့ကို ထမင်း ၃ နပ်စားတယ်။ တစ်ခါစား ရင်လည်း နှစ်ပန်းကန်၊ သုံးပန်းကန် စားကြတာဆိုတော့ ကာဗိုဟိုက်ဒရိတ်တွေ များပြီး ဆီးချိုဖြစ်ကုန်ကြတာပေါ့။ ဒါကြောင့် လူလတ်ပိုင်းတွေ အချိုစားတာ ထိန်းဖို့လိုပါတယ်။
 သကြားလုံးဝ ရှောင် နိုင်ရင် ကောင်းပါတယ်။ အခြားအချိုစာ တွေလည်း အတတ်နိုင်ဆုံး ရှောင်ရပါ မယ်။ တစ်သက်လုံး စားခဲ့ပြီးပြီပဲ။
ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေ စားပါလို့ ပြောခဲ့တော့ သတ်သတ်လွတ် စားခိုင်းတာမဟုတ်ပါဘူး။ အလေးပေး စားဖို့၊ ဦးစားပေးစားဖို့ ပြောတာပါ။ အသားငါးတွေလည်း စားရမှာပါ။ ကိုယ်ခံ စွမ်းအား ဖြည့်ဖို့အတွက် အသားဓာတ် လည်း လိုပါတယ်။ အသားစားတဲ့ အခါ မှာတော့ အဆီ၊ အခေါက်တွေ ရှောင်ရပါ မယ်။ အသားချည်းသက်သက် စားရ မယ်။ ငါးကိုတော့ အဆီရော၊ အသားရော စားလို့ ရတယ်။ ငါးဆီကျတော့ အဆိုးမ ဖြစ်ပါဘူ။ အကျိုးပြုပါတယ်။
နောက်ပြီး လူလတ်ပိုင်းတွေ မလုပ် သင်တော့တဲ့ အရာတွေ ရှိပါတယ်။ အဲ့ဒါ ကတော့ ဆေးလိပ်သောက်တာနဲ့ အရက် သောက်တာပါဘဲ။ဆေးလိပ်သောက် တတ်ရင်လည်း ဖြတ်ပါ။ အရက်သောက် တတ်ရင်လည်း ဖြတ်ပါ။ ချက်ခြင်းကြီး မဖြစ်နိုင်ရင်လည်း ဖြည်းဖြည်းခြင်း ဖြတ် ပါ။
မလုပ်သင့်တာတွေ ဖြတ်ပြီးတော့ မ ဖြစ်မနေ လုပ်သင့်တာကတော့ ကိုယ် လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ရမှာပါ။ လေ့ကျင့်ခန်းတွေ အားကစားတွေ ပြင်း ပြင်း ထန်ထန် လုပ်ရမှာ မဆိုလိုပါဘူး။ ပေါ့ပေါ့ပါးပါး အားကစားတွေ ပြင်းပြင်း ထန်ထန် လုပ်ရမှာ မဆိုလိုပါဘူး။ ပေါ့ပေါ့ ပါးပါး အားကစားတစ်မျိုးမျိုးပေါ့။ ကြက် တောင်ရိုက်တာ၊ ပင်ပေါင် ရိုက်တာ (စားပွဲတင်တင်းနစ်)၊ ရေကူးတာ၊ ကာယ လေ့ကျင့်ခန်း လုပ်တာမျိုးတွေ လုပ်ရပါ မယ်။ လေကောင်းလေသန့်ရတဲ့ နေရာ တွေမှာ လမ်းသွက်သွက်လျှောက်တာ၊ ရွ ရွလေး ပြေးတာမျိုး လုပ်ရင်လည်း ကောင်းပါတယ်။
ရောဂါတွေ မဖြစ်အောင် ကာကွယ် တဲ့ အနေနဲ့ အစာလည်းဆေး၊ ဆေးလည်း အစာ ဖြစ်တဲ့ အစားအစာတွေလည်း မကြာမခဏစားရပါမယ်။ နေ့တိုင်းလည်း စားနိုင်ပါတယ်။ ကင်ဆာရောဂါ၊ နှလုံး ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ သွေးတိုး ရောဂါတွေ မဖြစ်အောင် ကြက်သွန်ဖြု၊ ကြက်သွန်နီစားရမယ်။ ကင်ဆာတွေ မဖြစ်အောင် သင်္ဘောရွက်၊ ရဲယိုရွက်တွေ စားရမယ်။ ကျောက်တည်တာတွေ မဖြစ် အောင် ကျော်ကဖရုံသီးစားရမယ်။ ကိုယ် ထဲက အဆိပ်အတောက်တွေ ထုတ်တဲ့ အနေနဲ့ ကန်စွန်းနီစားရမယ်။ သွေးထဲမှာ အဆီဓာတ်တွေ ရှင်းအောင် ကြက်နားရွက် မှိုအနက် စားပေးရမယ်။ အသက်ရှည်စေ တဲ့ မြင်းခွာရွက် စားရမယ်။
အသက် ၄ဝ ပြည့်တော့မယ့် သူတွေ အတွက်လည်း စကားလက်ဆောင်ပါး လိုက်ပါတယ်။ 
အသက် ၄ဝ ပြည့်တဲ့ နေမှာ နွားနို့စစ်စစ် တစ်ပိဿာတိတိ သောက်ပါ။ တစ်ပိဿာကျော်လည်း ရပါ တယ်။ သောက်နိုင်သလောက်သောက်ပါ။ ဘာကြောင့် လဲဆိုတော့ အမေ့နို့ဟာ အသက် ၄ဝ အထိဘဲ စွမ်းအားပေးနိုင်ပါ တယ်။ အသက် ၄ဝ နောက်ပိုင်းကစလို့ စွမ်းအားတွေ ဆက်ရဖို့အတွက် သတိပြု တဲ့ အနေနဲ့ နွားနို့သောက်စေတာ ဖြစ်ပါ တယ်။တကယ်လည်း အသက် ၄ဝ နောက်ပိုင်းမှာ နို့ကို နေ့စဉ်သောက်သင့် ပါတယ်။ ကယ်စီယမ်ဓာတ် ဖြည့်ပြီးသား ဖြစ်တာပေါ့။
 အမျိုးသမီးတွေဆို ပိုလို့ တောင့် သောက်သင့်သေးတယ်။ အရိုးပွ ရောဂါ ကာကွယ်ပြီးသားဖြစ်တာပေါ့။
ဘဝရဲ့ ကောင်းဆုံးအချိန် လူလတ် ပိုင်းအရွယ်တွေဟာ ဘဝမှာအောင်မြင်ချိန် အကောင်းဆုံးအချိန်ဖြစ်ပေမယ့် ကျန်းမာ ရေးအတွက် လစ်လျူရှုကြတာကြောင့် စောစောစီးစီး သေနေကြတယ်။ သားသ မီးတွေဆိုလည်း မိတဆိုး၊ ဖတဆိုးဖြစ်လို ဖြစ်၊ မိန်းမတွေလည်း မုဆိုးမ ဖြစ်ရ၊ ယောက်ျားလည်း မုဆိုးဖိုဖြစ်ရ၊ မိအို ဖအို တွေဆိုလည်း သားသမီးတွေ ဆုံးရှုံးရနဲ့ ကျန်းမာရေး အလေးပေး သတိချပ်ကြပါ။
Credit
Thursday, November 17, 2016
AGTI ဝင်ခွင့်ခေါ်ပြီ
AGTI ဝင်ခွင့်ခေါ်ပြီ
စ စ စ ဆရာကြီး လုပ်လိုသူများအတွက် အလုပ် ခေါ်ပြီ
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)မှ ဒုတိယစုံစမ်းရေးမှူးလောင်း(အမျိုးသား)များကို သတင်းစာကနေ ခေါ်နေပါပြီ။
Wednesday, November 16, 2016
ဖတ်ကြည့်လိုက်ပါ မှန်လွန်းနေတယ် ဒါပေမယ့်ကျန်သေးတယ်
ခေတ်ကြီးကိုက
တရားကို တေးဆို အဖေကို သားဆဲ၊
ဆွေမျိုးထဲက ဓားပြတိုက်၊ မိုက်ရဲတော့ သောတာပန် ၊
မကောင်းကြံက သမာဓိ ၊ ရွှေရှိမှ လူလိမ္မာ၊
လိမ်နိုင်မှ သစ္စာရှင်၊ ရိုးသားသူကို အရူးလို့ထင်၊
အင်္ကျီပါးနဲ့ ဥပုသ်သည်၊ ဇရပ်အလည် ကိုးယိုး ကားယား၊ 
လူဆင်းရဲက သူဌေးယောင်ဆောင်၊ အဝတ်ပြောင်မှ လူရိုသေ၊ 
ရွှေရှိဘုရားမှ ရှိခိုးချင်၊ အပျိုငယ်က လင်နေစော၊ 
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊လင်ရှိမယားက အပျိုလုပ်၊ 
ဆယ်နှစ်သမီးက အိမ်ထောင်ရှင်၊ဖိုးသူတော်က ဗိုလ်စတောက်ချ၊ 
အပျိုပေါက်စ နှစ်လင်ယူ၊လူရင်းနှီးတော့ အတိုးချ၊ 
ခိုးဓားပြက လူလို့အော်၊ ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊ 
မယ်သီလက အနုဆေးဖော်၊ မရှောင်တမ်းတိုးတာ တစ်ခုလပ်၊ 
အမှန်ပြောတော့ အမုန်းပွား၊ ဥပုသ်စောင့်ရင်း အတင်းပြော၊ 
ခေတ်ကြီးကိုတော့ အပြစ်ဆို၊ ကိုယ့်ကိုတော့ဖြင့် အကောင်းထင်၊ 
အလှူပေးရင်း ထမင်းရောင်း၊ မသာပို့ရင်း အပျိုလှည့်၊ 
သူတော်ကောင်းတို့ တရားပျက်ကြပြီ။
ဗန်းမော် ဆရာတော် ၏ လင်္ကာအား
Ashin Eaindawbartha (ဓမ္မာစရိယ)မှ ပြန်လည်မျှဝေပါသည်။
ြိကိုးစားအားထုတ်ရင် ဘုရားဖြစ်နိုင်တာ တို့ ဘာသာ ဘဲရှိတယ်တဲ့
မြန်မာလူမျိုးတွေ သည်းခံနိုင်လွန်းတာနဲ့ မြန်မာနိုင်ငံ တိုးတက်သင့်သလောက် တိုးတက်မလာဘဲ နောက်ကျန်နေရစ်တာဟာ ကိုးကွယ်တဲ့ဘာသာတရားနဲ့များ သက်ဆိုင်နေမလား ဆိုတဲ့မေးခွန်းကို နိုင်ငံခြားသား သတင်းသမားတွေ၊ စာရေးဆရာတွေနဲ့ တွေ့တဲ့အခါတိုင်း အမေးခံရလေ့ရှိတယ်။
ပါဝင်စွက်ဖက်မှုမရှိတဲ့ဘာသာ
မြန်မာလူမျိုး ပညာတတ်လူငယ်တချို့လည်း တစ်ခါတစ်လေ ဒီလို မေးတတ်တယ်။ ဗုဒ္ဓဘာသာက ဘယ်အရာမဆို မိမိပြုလုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကံအလျောက်ဖြစ်ရတယ်လို့ဆိုတဲ့အတွက် ကြိုးစားသင့်သလောက် မကြိုးစားကြဘဲ ရောင့်ရဲ တင်းတိမ်နေကြတယ်လို့ ထင်နေကြတယ်။ တကယ်တော့ ဘာမှမဆိုင်ပါဘူး။ ဗုဒ္ဓဘာသာဟာ ‘ဃရာဝါသ ကိစ္စများမြောင် လူတို့ဘောင်နှိုက်’ ဆိုတဲ့အတိုင်း ရှုပ်ထွေးပွေလီလှတဲ့ လူ့လောကရဲ့ လောကီကိစ္စတွေထဲ ပါဝင် စွက်ဖက်ခြင်း လုံးဝမရှိတဲ့ ဘာသာဖြစ်တယ်။ ကလေးမွေးဖွားတဲ့ကိစ္စမှာ မပါသလို၊ မင်္ဂလာဆောင်ကိစ္စမှာလည်း ဝင်မပါဘူး။ ကွာရှင်းပြတ်စဲကိစ္စမှာလည်း ဝင်မပါဘူး။ လူသေတဲ့အခါ ဘုန်းကြီးပင့်ပြီး ‘သရဏဂုံ’ တင်ကြတာလည်း ဗုဒ္ဓဘာသာက သတ်မှတ်ထားတာ မဟုတ်ဘူး။ လူတွေက ဆန္ဒရှိကြလို့ လိုက်လုပ်ပေးတာသာဖြစ်တယ်။ ဗုဒ္ဓဘာသာက သေမှ သရဏဂုံတင်ခိုင်းတာ မဟုတ်ဘူး။ အသက်ရှင်နေသမျှ ကာလပတ်လုံး၊ အခါမလပ် သရဏဂုံသုံးပါး ဆောက်တည်နေဖို့သာ ဆုံးမတာဖြစ်တယ်။ တင်လို့ဘာမှမထူးသလို မတင်လို့လည်း ဘာမှမဖြစ်ဘူး။
အမျိုးသမီးတွေ ဓားဆွဲထကြ
သည်းခံစိတ်ရှိတယ်ဆိုတဲ့ကိစ္စမှာလည်း အများထင်ကြသလို တခြားလူမျိုးတွေထက် ထူးထူးခြားခြားကြီး ပိုနေတယ်လို့ မထင်ပါဘူး။ တခြားလူတွေရဲ့သည်းခံနိုင်မှုမှာ အတိုင်းအတာရှိသလို မြန်မာလူမျိုးတွေမှာလည်း အတိုင်းအတာရှိတာပါပဲ။ သည်းခံနိုင်မှုရဲ့ အမြင့်ဆုံးအတိုင်းအတာက ကျော်လွန်သွားပြီဆိုရင်တော့ အမျိုးသမီးတွေတောင် ဓားဆွဲပြီး ထတတ်ကြတယ်။ နယ်ချဲ့စစ်တပ်တွေ မန္တလေးကိုသိမ်းပြီးနောက် အညာကျေးလက် ဒေသတွေကို ငြိမ်ဝပ်ပိပြားရေးအတွက်ဆိုပြီး ခုခံတိုက်ခိုက်သူရှိတဲ့ ကျေးရွာမှန်သမျှ မြေလှန်မီးရှို့လုပ်တဲ့အခါမှာ အမျိုးသမီးတွေ ဓားဆွဲပြီး ကုလားဖြူတွေကိုဝင်ခုတ်ပြီး ခုခံတိုက်ခိုက်ခဲ့ကြတယ်။
အထူးအဆန်းမဟုတ်
ဆရာစံရဲ့ တောင်သူလယ်သမား သူပုန်ထမှုကြီးမှာလည်း အမျိုးသမီးတွေရော ဝင်ရောက်တိုက်ခိုက်ကြတယ်။ ရေနံမြေ အလုပ်သမားသပိတ်ကြီးမှာလည်း အလားတူပါဝင်ကြတယ်။ ဂျပန်ခေတ်ရောက်တော့လည်း ပါးရိုက်နားရိုက် အနိုင်ကျင့်မှုတွေ လွန်လွန်းလာတဲ့အခါရောက်တော့ သည်းခံနိုင်မှုဂိတ်ဆုံးဖြစ်ပြီး တစ်နိုင်ငံလုံး အမျိုးသား၊ အမျိုးသမီး၊ ရဟန်းရှင်လူမှန်သမျှ လှည်းနေလှေအောင်း မြင်းစောင်းမကျန် ရရာလက်နက်စွဲကိုင်ပြီး အုံကြွတော်လှန်ခဲ့ကြတယ်၊ ဒါ အထူးအဆန်းတော့ ဟုတ်မထင်ဘူး။ တခြားလူမျိုးတွေလည်း ဒီလိုပဲရှိမှာ သေချာတယ်။
ဒုက္ကရစရိယာ ခြောက်နှစ်ကြာ
နောက်ပြီးတော့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်က ရောင့်ရဲတင်းတိမ်မနေဘဲ အချိန်ရှိသမျှ ကြိုးပမ်းအားထုတ်ဖို့ အမြဲ ဟောပြောဆုံးမနေခဲ့တယ်။ ဘယ်သူမဆို ကြိုးစားရင်ဘုရားဖြစ်နိုင်တယ်လို့ လမ်းညွှန်ခဲ့တယ်။ ကိုယ်တော်တိုင်လည်း ကပ်ကမ္ဘာပေါင်း အသင်္ချေနဲ့ အနန္တကြိုးစားအားထုတ်ခဲ့ရပြီး နောက်ဆုံးဘဝမှာတောင် ပင်ပန်းကြီးစွာနဲ့ ခြောက်နှစ်ကြာ ဒုက္ကရစရိယာ ကျင့်ကြံခဲ့ရတယ်။ တခြားဘာသာများမှာက ဘုရားသခင်ဆိုတာ ဘယ်က လာတယ်၊ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ဘယ်သူမှမသိကြဘူး။ ဘယ်လောက် ဆင်းရဲပင်ပန်းခံပြီး ကျင့်ကြံအားထုတ်လဲ ဘယ်သူမှ ဘုရား မဖြစ်နိုင်ဘူး။ ကြိုးစားအားထုတ်ရင် ဘုရားဖြစ်နိုင်တယ်ဆိုတာ ဗုဒ္ဓဘာသာ တစ်ခုပဲရှိတယ်။
ထိုးတော့မယ့် ဆင်
ဗုဒ္ဓဘာသာက မှန်တယ်၊ ကောင်းတယ်လို့ဆိုချင်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာကြောင့် လူတွေသည်းခံရောင့်ရဲပြီး လည်းစင်း ခေါင်းငုံ့ခံနေကြတာမဟုတ်တဲ့အကြောင်း ပြောချင်တာပါ။ ငြိမ်နေတိုင်း ဘာမှမလုပ်ဘူးလို့တော့ မထင်နဲ့။ ပင်လယ်ပြင်မှာ လေလုံးဝမတိုက်ဘဲ ငြိမ်သက်နေရင် သိပ်ကြောက်ဖို့ကောင်းတယ်။ မကြာခင်မှာ ကြောက်စရာကောင်းတဲ့ မုန်တိုင်းကြီးလာတော့မယ်ဆိုတဲ့ နိမိတ်လက္ခဏာပဲ။ ထိုးတော့မယ့်ဆင်ဟာလည်း နောက်တစ် လှမ်းဆုတ်ပြီး ငြိမ်နေလေ့ရှိတယ်။ ဗုဒ္ဓဘာသာအကြောင်း၊ မြန်မာလူမျိုးများအကြောင်း သေသေချာချာမသိတဲ့ နိုင်ငံခြားသားများက ဘာသာတရားကြောင့် မြန်မာတွေဒီဘ၀က မကျွတ်မလွတ်သေးတာလို့ ပြောတာကို နားလည် သည်းခံနိုင်ပါတယ်။ မြန်မာလူမျိုးတွေကိုယ်တိုင်က သံယောင်လိုက်ပြောတာမျိုးကိုတော့ နည်းနည်းမှ သည်းမခံနိုင်ဘူး။ အားကြီးစိတ်ဆိုးတယ်။
လက်ချိုးရေတွက်ကြည့်ပါ
စီးပွားရေးမဖွံ့ဖြိုးတာလည်း လူတွေက ရောင့်ရဲတင်းတိမ်နေလို့ မဟုတ်သလို၊ ပျင်းလို့ ဖျင်းလို့လည်း မဟုတ်ပါဘူး။ နှစ်ကာလတွေကို လက်ချိုးရေတွက်ကြည့်လိုက်ပါ။ လွတ်လပ်ရေးရပြီးတာ ၆၃ နှစ်ရှိပြီ ဆိုပေမယ့် တကယ်တမ်း လွတ်လွတ်လပ်လပ် စီးပွားရေးလုပ်ခွင့်ရှိတာ ဘယ်နှနှစ်ရှိလို့လဲ။ ၁၉၄၈ခုနှစ်က ၁၉၆၂ ခုနှစ်တွင်း ၁၄ နှစ် လုပ်ခဲ့ရတယ်။ ရန်ကုန်အစိုးရခေတ်လို အချိန်ကာလတွေကြုံတွေ့ခဲ့ရတာတောင် အများကြီး တိုးတက်ခဲ့တယ်။ အဲဒီခေတ်က 'တက်ထရွန်' ဆိုတဲ့ ပိတ်စချောချော ဖြူဖြူထုတ်လုပ်နိုင်တာ အာရှတိုက်တစ်ခုလုံးမှာ ဂျပန်ပြီးရင် မြန်မာပဲရှိတယ်။ အဲဒီနောက် 'ဒက်ကရွန်' တို့ 'နိုင်လွန်' တို့လည်း ထုတ်နိုင်တယ်။
တွေ့သမျှ ပြည်သူပိုင်သိမ်း
စီးကရက်မှာတော့ အာရှတစ်ခွင်လုံးမှာ မြန်မာကိုဘယ်သူမှ မမီဘူး။ ဂျပန်လည်းမမီဘူး။ ဘားမား စတိတ်၊ ကပ္ပီတန်၊ လန်ဒန်ရိုးဖလိတ်၊ ဘလက်ကက်ဆိုတဲ့ စီးကရက်တံဆိပ်တွေကို အိမ်နီးချင်းနိုင်ငံအားလုံးဆီ တင်ပို့ ရောင်းချရတယ်။ အဲဒီအချိန်က စက်မှုလုပ်ငန်းအများကြီး တိုးတက်ခဲ့တယ်။ နောက်တော့ မြန်မာ့ဆိုရှယ်လစ်ဆိုတဲ့ ခေတ်ရောက်သွားပြီး၊ ရပ်ကွက်ထဲက ကုန်ခြောက်ဆိုင်ကလေးတောင် အရင်းရှင်လို့ သတ်မှတ်လိုက်တယ်။ တွေ့သမျှ မြင်သမျှ ပြည်သူပိုင်သိမ်းပစ်လိုက်တယ်။ စာသင်ကျောင်းတွေတောင် မချန်ဘူး။ ငါးဆယ်ခုနစ်များအတွင်း အရှိန်အဟုန်နဲ့တိုးတက်လာတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေအားလုံး ပြိုလဲကျဆင်းသွားခဲ့ရတယ်။
စီးပွားရေး
၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ဈေးကွက်စီးပွားရေးစနစ်ကို ပြန်လည်အသက်သွင်းခဲ့တယ်။ ဒါပေမဲ့ အဓိကကျတဲ့ နိုင်ငံရေးစနစ်က စစ်တပ်အုပ်စိုးတဲ့ အာဏာရှင်စနစ်ဆိုတော့ စနစ်နှစ်ခု သဟဇာတမဖြစ်တဲ့အတွက် အောင်မြင် သင့်သလောက် မအောင်မြင်ခဲ့ဘူး။  အကျိုးဆက်က ချမ်းသာဆင်းရဲကွာဟမှု အလွန့်အလွန် ကြီးမားသွားပြီး မြန်မာလူ့အဖွဲ့အစည်းရဲ့ အစဉ်အလာ 'ကျောရိုး' ဖြစ်တဲ့ 'လူလတ်တန်းစား' လုံးဝ ကွယ်ပျောက်သွားတယ်။
မရှိမရှားဘဲ
မြန်မာနိုင်ငံမှာ ဘယ်ခေတ်ဘယ်အခါကမှ အိမ်နီးချင်းနိုင်ငံတွေမှာလို ငတ်သေလောက်အောင် ဆင်းရဲမွဲတေတဲ့လူတန်းစား မရှိခဲ့ဘူး။ အလားတူပဲ သူတို့ဆီမှာလို 'ဘီလျံနာ' သူဌေးတွေလည်း မရှိဘူး။ လူလတ်တန်း စားတိုင်း ပြည်ဖြစ်တယ်။ အားလုံး 'မရှိမရှား' ဘဲ။ အခုတော့ တစ်ပါတီတစ်ဖွဲ့ အာဏာရှင်စနစ်နေရာမှာ ဒီမိုကရေစီအစိုးရမျိုးနဲ့ အစားထိုးဖို့ စတင်လုပ်ဆောင်နေပြီဖြစ်တယ်။  ရိုးရိုးသားသား စီးပွားရှာစားတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်များ အများအပြား ပေါ်ထွက်လာအောင် တွန်းအားပေးရမယ်။
ချုပ်ကိုင်ခဲ့တယ်
မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်က ဆိုရှယ်လစ် 'ဒီရေမြင့်ချိန်' ဖြစ်တယ်။ ဖဆပလအစိုးရကလည်း ဆိုရှယ်လစ်နိုင်ငံ ထူထောင်မယ်လို့ ကြွေးကြော်ခဲ့တယ်။ လယ်ပိုင်ရှင်ကလေးတွေနဲ့ တိုင်းရင်းသားလုပ်ငန်းရှင်လေးတွေကို မြေရှင်ယာရှင်ကြီးတွေ၊ အရင်းရှင်ကြီးတွေအဖြစ်သတ်မှတ်ပြီး လုပ်စားကိုင်စားခွင့်တွေကို ချုပ်ကိုင်ခဲ့တယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ်အစိုးရလက်ထက်ရောက်တော့ ချုပ်ကိုင်ရုံမကတော့ဘဲ လုံးဝ နှိပ်ကွပ် ပစ်လိုက်တယ်။ ကွမ်းယာ ဆိုင်ကအစ ပြည်သူပိုင်သိမ်းလိုက်တယ်။တိုင်းရင်းသားလုပ်ငန်းရှင် မျိုးဆက်လုံးဝ ကွယ်ပျောက်သွားခဲ့တယ်။
ကူညီထောက်ပံ့ပေး
၁၉၈၈ နောက်ပိုင်းမှာ ဈေးကွက်စီးပွားရေးစနစ် စတင်ကူးပြောင်းခဲ့တယ်ဆိုပေမယ့် တိုင်းရင်းသား လုပ်ငန်းရှင် မျိုးဆက်ကွယ်ပျောက်ခဲ့ပြီဆိုတော့ အင်တိုက် အားတိုက် ပါဝင်လာမယ့်သူ မရှိတော့ဘူး။  ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့အခါမှာ နိုင်ငံရေးစနစ်နဲ့ စီးပွားရေးစနစ် သဟဇာတဖြစ်ဖို့လိုတယ်။ နိုင်ငံသားအားလုံး အားတက်သရော ပါဝင်လာဖို့ လည်း မရှိမဖြစ်လိုအပ်တယ်။ အထူး သဖြင့် တိုင်းရင်းသားလုပ်ငန်းရှင်တွေ ယုံကြည်စိတ်ချစွာနဲ့ ပါဝင်လာဖို့လိုတယ်။ တိုင်းရင်းသားလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားသားတွေနဲ့ ယှဉ်ပြိုင်နိုင်အောင် အစိုးရက ကူညီ ထောက်ပံ့မှု တွေ ပေးရမယ်။ အရေးကြုံတဲ့အခါ တိုင်းရင်းသားလုပ်ငန်းရှင်က သာ အားကိုးရမှာဖြစ်တယ်။ နိုင်ငံခြားသားဆိုတာကတော့ သာတုန်း နားပြီး မသာရင် ခွာသွားကြတာပဲ။
အရင်းရှင် အရင်ရှင်း
တိုင်းရင်းသားလုပ်ငန်းရှင်တွေ နိုင်ငံခြားသားတွေနဲ့ ပခုံးချင်းယှဉ် လုပ်နိုင်ကိုင်နိုင်ဖို့၊ အစိုးရဘက်တွေက ငွေလုံးငွေရင်း ထုတ်ချေးမှုမျိုးတွေ လုပ်ပေးဖို့လိုတယ်။ လုပ်သာကိုင်သာဖြစ်အောင် အတိုးနှုန်း နည်းနည်းနဲ့ နှစ်ရှည် ချေးငွေမျိုး ဖြစ်ဖို့ လည်းလိုတယ်။ တကယ်အလုပ်လုပ်တဲ့အခါ ငါးနှစ်၊ ခြောက်နှစ် အတွင်း အပြီးဆပ်ဆိုတာမျိုးနဲ့ ဘယ်လိုမှလုပ်လို့ မဖြစ်နိုင်ဘူး။ အရေးကြီးတာက တိုင်းရင်းသားလုပ်ငန်းရှင်တွေကို ရှေးယခင် မြန်မာ့ဆိုရှယ်လစ်ခေတ်ကလို အရင်းရှင်ကြီးတွေလို မြင်ပြီး 'အရင်ရှင်း' မပစ်ဖို့ဖြစ်တယ်။ 
Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
ရဲများက အိမ်တွင် ဝင်ရောက် ရှာဖွေဖမ်းဆီးခြင်း ပြုလုပ်ပါက အိမ်ရှင်များ သိသင့်သည့် အချက်များ
ရဲများက အိမ်တွင် ဝင်ရောက် ရှာဖွေဖမ်းဆီးခြင်း ပြုလုပ်ပါက အိမ်ရှင်များ သိသင့်သည့် အချက်များ
===============
လူတိုင်းသိသင့်တဲ့ ရဲလုပ်ထုံးလုပ်နည်းများကို ဖော်ပြလျက်ရှိရာ ယခုတစ်ကြိမ်တွင် ရဲများက အိမ်တွင်းသို့ ဝင်ရောက်ကာ ရှာဖွေဖမ်းဆီးခြင်း ပြုလုပ်ပါက မည်သို့ တုံ့ပြန်ရမည်ကို ဖော်ပြလိုပါတယ်။
အိမ်ထဲမဝင်မီ ရဲအနေနဲ့ သူ့မှာ လုပ်ပိုင်ခွင့်ရှိကြောင်း အထောက်အထားနဲ့အတူ ဦးစွာ ရှင်းပြဖို့ တာဝန်ရှိပါတယ်။
အိမ်ရှင်အနေနဲ့ ရဲကို တံခါးမဖွင့်ပေးမီ ရှာဖွေဝရမ်း ပါ၊ မပါ မေးရပါမယ်။ မပါလျှင် ရဲအရေးပိုင်တဲ့ အမှု ဟုတ်မဟုတ် သေချာစွာ မေးမြန်းထားဖို့ လိုအပ်ပါတယ်။ ဘာအမှုနဲ့ ရှာမလဲ၊ တိုင်တန်းချက် ရှိလား၊ တိုင်တန်းထားတာ မရှိဘူးလား စသဖြင့် မေးရပါမယ်။ ပြီးတော့ ဘာပစ္စည်းကို ရှာမလဲဆိုတာ မေးရပါမယ်။
လာရောက်ပြီး ရှာမယ့် သူများရဲ့ အမည်၊ ရာထူးနဲ့ အဖွဲ့အစည်း နာမည်များကို သေချာစွာ မေးမြန်း မှတ်သားထားရပါမယ်။ ရဲများက အခြားတစ်နေရာမှာ နေထိုင်တဲ့ သူတို့နဲ့ ပတ်သက်တဲ့ သူများကို သက်သေအနေနဲ့ ခေါ်လာတာမျိုး ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။
ပါလာတဲ့ သက်သေ (၂) ဦးဟာ အနီးပတ်ဝန်းကျင်က လူများသာ ဖြစ်ရမှာကြောင့် ရဲကို အိမ်နဲ့ အနီးအနားမှာ နေထိုင်သူများကိုသာ သက်သေအဖြစ် ခေါ်ဖို့ ပြောရပါမယ်။
တံခါးဖွင့်ပြီးနောက်မှာ အိမ်ရှင်အနေနဲ့ သေချာအောင် လုပ်ရမယ့် ကိစ္စများ ရှိပါတယ်။ အိမ်အတွင်း ပေးမဝင်မီ ရဲနဲ့ သက်သေ (၂) ဦးကို သူတို့ချင်း တစ်ယောက်ရဲ့ ကိုယ်ခန္ဓာကို ကျန်တစ်ယောက်က ရှာဖွေခိုင်းရပါမယ်။
အဘယ့်ကြောင့်ဆိုသော် မသမာသောနည်းနဲ့ အပြင်ကနေ ဝှက်ယူလာတဲ့ ပစ္စည်းများ မရှိကြောင်းသေချာစေဖို့ ဖြစ်ပါတယ်။
ရဲများအနေနဲ့ အဲဒီလို အိမ်တွင်း ဝင်ရောက် ရှာဖွေခြင်းကို အိမ်ရှင်များရဲ့ ရှေ့မှာပဲ ပြုလုပ်ရပါမယ်။ အိမ်ရှင်များအနေနဲ့ သူတို့ ရှာဖွေတာကို လိုက်လံ ကြည့်ရှုခွင့် ရှိပါတယ်။ သူတို့ လုပ်သမျှကို လိုက်ကြည့်နေဖို့ အထူးအလေးပေး တိုက်တွန်းလိုပါတယ်။
ရဲကပြောတဲ့ အမှုနဲ့ မသက်ဆိုင်တဲ့ ပစ္စည်းများကို သိမ်းဆည်းခွင့် မရှိပါဘူး။ မသိမ်းဖို့ ပြောရပါမယ်။
တကယ်လို့ အမှုနဲ့ သက်ဆိုင်တဲ့ ပစ္စည်းများ ရှိဖွေတွေ့ရှိပါက ရှာဖွေပုံစံ ဇယားများပေါ် ရဲက အပြည့်အစုံ ရေးသွင်းရပါမယ့် တာဝန်ရှိပါတယ်။
ပစ္စည်းတွေ့ရှိတဲ့ နေရာအသီးသီးကို ဖော်ပြရေးသား ရပါမယ်။
အကြောင်းအရာများကိုလည်း ရဲက အမှန်အတိုင်း ရေးမှတ်ရပါမယ်။
မပြည့်စုံပါက၊ မမှန်ကန်ပါက ရဲကို အိမ်ရှင်ဘက်က ပြောရပါမယ်။ ပစ္စည်းများ သိမ်းဆည်းပြီဆိုတာနဲ့ ရှာဖွေပုံစံကို ရဲက ရေးဖြည့်၊ မဖြည့် သေချာအောင် အိမ်ရှင်က လိုက်ကြည့်နေရပါမယ်။ ပြောမရပါက ရှာဖွေပုံစံမှာ လက်မှတ် မထိုးဘဲ နေနိုင်ပါတယ်။
ရဲများကို လိုအပ်သလို နှုတ်နဲ့ ကန့်ကွက်ခြင်း၊ စောဒကတက်ခြင်းများ အိမ်ရှင်ဘက်က ပြုလုပ်ပိုင်ခွင့် ရှိပါတယ်။ ရှာဖွေပုံစံ မိတ္တူကို ပစ္စည်းအပ်ပေးသူအား ရဲက ပေးထားရပါမယ်။ ပေးပြီးမှသာ ပစ္စည်းကို သိမ်းယူသွားခွင့် ရှိပါတယ်။
အခြားဒေသက ရဲများ ဝင်ရောက်ရှာဖွေသိမ်းဆည်းခြင်းပြုတဲ့အခါ သက်ဆိုင်ရာ ရဲစခန်းမှူးထံသို့ ရှာဖွေတဲ့အကြောင်းကြားစာ ချက်ချင်း ပို့ဖို့ လိုအပ်ပါတယ်။ အဲဒီအကြောင်းကြားစာမှာ သိမ်းဆည်း ပစ္စည်းစာရင်း မိတ္တူကို တပါတည်း ပေးပို့ရပါမယ်။
Ref : ပြည်သူလူထု သိမှတ်ဖွယ်ရာ ရဲလက်စွဲ ဥပဒေအခြေခံများ
မော်လူးမှာ ဘောလုံးပွဲကျင်းပပြန်ပြီတဲ့
မော်လူးဒေသ အား/ကာကော်မတီဖလား ဘော့လုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©© မော်လူး Nov 16
၁၆.၁၁.၂၀၁၆  ရက်နေ့   နေ့လည်( ၂း၃၀)အချိန်တွင်  မော်လူ ပြည်သူ့ အားကစားကွင်တွင် မော်လူးဒေသ အာ/ကာကော်တီဖလား  အမျိုးသား အလွတ်တန်းဘော့လုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပခဲ့သည်
အဆိုပါပွဲတွင် မော်လူးဒေသ    ကျေးရွာအသီးသီးမှ   ပြိုင်ပွဲဝင်အသင်း (၁၄)သင်းဝင်ရောက်ယှဉ်ပြိုင်ကြပြီး ယခုကဲ့သို့ ပြိုင်ပွဲများကျင်းပခြင်းဖြင့် 
(၁) မျိုးဆက်သစ်လူငယ်အားကစားသမားများ မွေးထုတ်ပေးရန်။
(၂) အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်
      မှု ရရှိပြီး   ဒေသတစ်ခုလုံး၏   အားကစားလုပ်ငန်းတိုးတက်မြင့်မား
      လာစေရန်။
(၃) အားကစားစိတ်ဓာတ်မြင့်မား၍     အကျင့်စာရိတ္တ     ကောင်းမွန်ပြီး 
      စည်းလုံးညီညာစွာ ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်ခြင်း 
      ဖြစ်ပါသည်ဟု သိရှိရသည်
 ᠌᠌᠌
ပထမနေ့ ဖွင့်ပွဲတွင် မော်လူး ALL STAR အဖွဲ့နှင့် ဥသျှစ်ကုန်းအဖွဲ့  တို့  ပြိုင်ပွဲဖွင့်ပွဲ ပထမပွဲစဉ် ကစားခြင်းဖြင့် မော်လူးဒေသအားကာ အား/ကာကော်မတီ အမျိုးသားအလွတ်တန်း ဘော့လုံးပြိုင်ပွဲဖွင့်လှစ်ခဲ့ကြောင်း သိရှိရ
Soe Nyein(ပေကုန်း)
16.11.2016
Tuesday, November 15, 2016
သူခိုးညမဟုတ်သလို တန်ဆောင်တိုင်အတွက်အလှူခံပါတယ်ဗျို့အတွက်လည်းမဟုတ်ပါ
သူခိုးည ( လုံးဝ )မဟုတ်​ပါ
~•~•~•~•~•~•~•~•~•~•~•~•~•
တန်​​ဆောင်​မုန်းလပြည့်​ညသည်​ သူခိုးည
လုံးဝမဟုတ်​ပါ။
တန်​​ဆောင်​မုန်းလပြည့်​ညသည်
ဗုဒ္ဓဘာသာဝင်​တို့၏ ​နေ့ထူး​နေ့မြတ်​ဖြစ်​ပါသည်​။
မြတ်​စွာဘုရားသည်​ အဇာတသတ်​ရှင်​ဘုရင်​အား 
သာမညဖလ သုတ်​​တော်​ကို
ဟော​တော်​မူ၍ ဘုရင်​နှင့်​တကွ ​နောက်​ပါ
ပြည်​သူ ( ၁ ) သိန်းခန့်​ ဗုဒ္ဓဘာသာဖြစ်​တဲ့ညကြီးပါ။
ဒီလိုကြီးကျယ်​ခမ်းနားတဲ့ 
ဗုဒ္ဓဘာသာ​နေ့ကြီးကို 
သူခိုးညဆိုပြီး နာမည်​တပ်​လိုက်​တော့ 
အမှန်​တရား ​ပျောက်​ကွယ်​သလို
ဖြစ်​သွားပါတယ်​။
~•~•~•~•~•~•~•~•~•~•~•~•~•~•
တန်ဆောင်မုန်းလပြည့်ည၌ ပစ္စည်းခိုးရခြင်းအကြောင်း(ကျီးမနိုးပွဲ)
~•~•~°~•~•~•~•~•~•~•~•~•~•~•
လွန်လေပြီးသော ရှေးအခါက ယောကျာ်းသားများ ရှင်လိင်ပြန်ကြရ၀ယ် ဆေးမင်ကြောင်ထိုးသည့် ဓလေ့သည် အထင်အရှားရှိခဲ့၏။ 
ရှင်ဘုရင်မှ အစချီကာ မင်းညီမင်းသား၊ 
မှူးမတ်သူကြွယ်၊ ကုန်သည်၊လယ်လုပ် အစချီကာ သူရင်းငှားများ
စသော လူယောကျာ်းတို့သည် ဆေးမင်ထိုးကြလေသည်။
ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ချေ။ 
ဆေးမင်ထိုးသည့်အခါ နက္ခတ်ကောင်း၊ အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်း(ခေါ်)မှင်ထိုးသည့်အခန်းတွင် ကန်တော့ပွဲပေး၍ ထိုးရသည်။
ထိုသို့ထိုးခဲ့ပြီးသော ယောကျာ်းတို့သည် တန်ဆောင်မုန်းလပြည့်ညနက္ခတ်စုံချိန်တွင်ထိုးထားသည့်
ကြောင်တက်/ကြောင်ဆင်းဆေးအစောင့်တို့သည် 
တန်ခိုးပြသည်ဟု အယူရှိသောကြောင့်
အရှင်မသိသော ပစ္စည်းကိုခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏။ ထိုးကွင်းဆိုသည်မှာ ခိုးရာပါပစ္စည်းအား ၊
ဘယ်သူဘယ်ဝါ၏အိမ်မှ ပစ္စည်းဖြစ်ကြောင်း 
ခိုးကွင်းတွင် စာကပ်၍ ထားကြသည်။ 
ထိုသို့ခိုးရာတွင် အသက်ရှိသောအရာကို 
ခိုးယူနိုင်စွမ်းသောသူသည် လူစွမ်းကောင်းဖြစ်လေသည်။
ရှေးအခါက နွားများနှင့်လူအိပ်နေသော ကုတင်ကို 
လူမနှိုးအောင် ထမ်း၍ခိုးကွင်း၌ လာထားကြသည်။ မနက်မိုးလင်းသောအခါ ပစ္စည်းရှင်များကသင်္ကန်းအစုံဖြင့် မိမိတို့်ပစ္စည်းကို လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွှဲရသည်။
ပစ္စည်းခိုး၍ လူမိသောအခါတွင် ထိုသူကိုဖမ်း၍ 
ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြသည်။ 
ကထိန်ပွဲတွင် ထိုခိုးသားကို ရွာသူကြီးက တရားသူကြီးလုပ်ကာ တရားဆိုင်ခန်းဖြင့်ဟာသလုပ်ကြပြီး ရဟန်းဝတ်စေမြဲဖြစ်သည်။
ဒီဘက်​​ခေတ်​​ရောက်​လာ​တော့
တန်​ဘိုးရှိပစ္စည်း​တွေကို တကယ်​ ခိုးလာကြတယ်​။
ရုပ်​ပျက်​ဆင်းပျက်​ဆိုင်းဘုတ်​တွေ ဖြုတ်​ချ ၊ 
အရက်​၊ဘီယာ၊အစားအ​သောက်​​တွေ ပလူပျံ​အောင်​ ပြန့်​ကျဲ​နေတယ်​။
အ​ပျော်က​နေ အပျက်​ဘက်​ကို ဦးတည်​လာကြတယ်​။
အမှန်​တရားကို ဗုဒ္ဓဘာသာ မြန်​မာလူမျိုး​တွေ သိ​စေချင်​ပါတယ်​။
အရှင်​ဂါရဝ
CREDIT
မပါမဖြစ်ဆိုပါလား မော်လူးဒေသသားတွေ
မော်လူးနယ်တခွင်မှာအလှူ ပွဲလုပ်တိုင်းမပါမဖြစ်
နယ်တော့်ရှင် ပါယ်တော့်ရှင်တို့ကိုလဲအုန်းငှက်ပျော
ပွဲများနှင့်ပူဇော်ပသပေးရတဲ့နယ်တော့်ရှင် ပါယ်တော့်
ရှင်ပုံတော်များ
              မယုံမရှိနဲ့
Monday, November 14, 2016
တက္ကသိုလ်ပြောင်းရွှေ့ခြင်း  ၂၀၁၆ တက္ကသိုလ်ဝင်ခွင့်ရှိထားသူများ  အမှတ်မီလျှင်  တက္ကသိုလ်ပြောင်းရွေ့၍ရပါသည်
တက္ကသိုလ်ပြောင်းရွှေ့ခြင်း
 ၂၀၁၆ တက္ကသိုလ်ဝင်ခွင့်ရှိထားသူများ
 အမှတ်မီလျှင်
 တက္ကသိုလ်ပြောင်းရွေ့၍ရပါသည်။
 ဥပမာ 
   မန္တလေးနည်းပညာ COE မှ ဆေးတက္ကသိုလ်
   ဆေးတက္ကသိုလ် မှ မန္တလေးနည်းပညာ
   ရတနာပုံဆိုင်ဘာစီးတီး မှ အခြေခံကျန်းမာရေး
   တိုင်းရင်းဆေး မှ နည်းပညာ
   နည်းပညာ မှ ကွန်ပျုတာ 
   ကွန်ပျုတာမှ နည်းပညာ
    ဘာသာရပ်ထူးချွန်မှ ဆေး
    နိုင်ငံခြားဘာသာမှ ထူးချွန်
အစရှိသဖြင့်  အမှတ်မီလျှင် တက္ကသိုလ်တခု မှ
အခြား တက္ကသိုလ်တခု သို့ အပြန်အလှန်ပြောင်းရွှေ့
ခွင့်ပေးပါသည်။ 
      ဤကဲသို့ ပြောင်းရန်အတွက် မိမိ ဝင်ခွင့်ရရှိသည့်
တက္ကသိုလ်မှ     
       ကျောင်းဝင်မှတ်ပုံတင်ထားခြင်းမရှိကြောင်း
       ထောက်ခံစာသွားရောက်ယူဆောင်ပြီး 
ထောက်ခံစာနင့်အတူ
    အမှတ်စာရင်းမိတ္တူ
    အောင်လက်မှတ်မိတ္တူ
    မှတ်ပုံတင် မိတ္တူ တို့ယူဆောင်၍
တက္ကသိုလ်ဝင်စိစစ်ရွေးချယ်ရေးအဖွဲ
အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ )
သထုံလမ်း  ကမာရွတ်မြို့နယ်  ရန်ကုန်မြို့တွင်
အပြောင်အရွေ့ပြုလုပ်ရပါသည် ။
ကျောင်ဖွင်ပြိး  တစ်လအတွင်းသာပြောင်း၍ 
ရပါသည် ။
………………………………………………………………
မှတ်ချက် 
နည်းပညာတက္ကသိုလ်အချင်းချင်း
ပြောင်ရွှေ့ခွင့်မပြုပါ ။
ဆေးတက္ကသိုယ် တခုမှတခု ပြောင်ရွှေ့ခွင့်မပြုပါ ။
14.11.2016
စူပါမွန်း ဖြစ်စဉ်ကြောင့် ၃ ရက်အတွင်း သဘာဝဘေးများအား သတိပြုရန် လိုအပ်ဟု နက္ခတ် သိပ္ပံ ပညာရှင် ပြော
စူပါမွန်း ဖြစ်စဉ်ကြောင့် ၃ ရက်အတွင်း သဘာဝဘေးများအား သတိပြုရန် လိုအပ်ဟု နက္ခတ် သိပ္ပံ ပညာရှင် ပြော
၂၀၁၅ ခုနှစ် အတွင်း ဖြစ်ပေါ်ခဲ့သည့် စူပါမွန်း ဖြစ်စဉ် တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)
    ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)
    လမျက်နှာပြင်အား ကမ္ဘာမှ အနီးဆုံး မြင်တွေ့ ရမည့် စူပါမွန်း(Supermoon) ဖြစ်စဉ်ကြောင့် ၃ ရက်အတွင်း သဘာဝဘေး များအား သတိပြုရန် လိုအပ်ကြောင်း နက္ခတ် သိပ္ပံ ပညာရှင် ဦးဇေယျာကိုက ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၁၄ ရက်(တန်ဆောင်မုန်း လပြည့်နေ့ )တွင် ပြောကြားခဲ့သည်။
“လ ရဲ့ ဆွဲအားက နှစ်ပေါင်း ၆၉ နှစ်အတွင်းမှာ အနီးဆုံး နေရာကို ရောက်တယ်။လရဲ့ ဆွဲငင်အားကြောင့်ပဲ ငလျင်တို့ ၊ ရေကြီးရေလျှံတို့ ၊ ထူးကဲ ဒီရေ တက်တာတွေ ဖြစ်နိုင်တယ် ဆိုတော့ ဒါတွေကိုတော့ ဂရုစိုက် ရမှာပေါ့။စူပါမွန်း ဖြစ်ပြီး ၃ ရက်အတွင်းတော့ အကျိုး သက်ရောက်မှု ရှိမယ်။”ဟု နက္ခတ် သိပ္ပံ ပညာရှင် ဦးဇေယျာကိုက ပြောသည်။
လသည် ကမ္ဘာနှင့် အနီးအဝေး ၊ အကွာအဝေးများကြောင့် လ၏ ဆွဲအားသည် ကမ္ဘာပေါ်တွင် များစွာ လွှမ်းမိုးမှု ရှိကြောင်း ၊ လသည် ကမ္ဘာနှင့် နီးကပ်လာချိန်တွင် သဘာဝဘေး ဖြစ်ရန် ရာခိုင်နှုန်းမှာ ၇၀ ရာခိုင်နှုန်း အထက်တွင် ရှိကြောင်း ၊ စူပါမွန်း ဖြစ်စဉ်ကြောင့် ၃ ရက်အတွင်း အရှေ့ တောင်အာရှ နှင့် အာရှတို့ တွင် အင်အားပြင်း ငလျင်လှုပ်ခတ်နိုင်ခြေ ရှိသော်လည်း ရာခိုင်နှုန်းပြည့် ပြော၍ မရနိုင်ကြောင်း ၄င်းက သုံးသပ် ပြောကြားခဲ့သည်။
ယခုနှစ်တွင် ဖြစ်ပေါ်သည့် စူပါမွန်း ဖြစ်စဉ်သည် နှစ်စဉ် ဖြစ်ပေါ်နေသည့် စူပါမွန်း ဖြစ်စဉ်များထက် ပို၍ အရွယ်အစား ကြီးမားစွာ မြင်တွေ့ ခွင့် ရှိမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၀ ခုနှစ် စူပါမွန်း ဖြစ်စဉ် ဖြစ်ပြီးနောက် လူအသေအပျောက်များသည့် အင်အားပြင်း ငလျင် လှုပ်ခတ် ခဲ့ခြင်းများ ရှိကြောင်း ၊ စူပါမွန်း ဖြစ်စဉ်ကြောင့် အင်အားပြင်း ငလျင်များ လှုပ်ခတ်နိုင်ခြေ ရှိကြောင်း နက္ခတ်ပညာရှင် အချို့ မှ သုံးသပ် ခန့် မှန်းခြင်းများ ရှိသော်လည်း စူပါမွန်း ဖြစ်စဉ်သည် တစ်နှစ်လျှင် တစ်ကြိမ် ဖြစ်ပေါ်သည့် အတွက် စူပါမွန်း ဖြစ်တိုင်း အင်အားပြင်း ငလျင် လှုပ်ခတ်ခြင်း မရှိသည်တို့ ကို ကြုံခဲ့ရခြင်းများ ရှိကြောင်း ၄င်းက ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ အတူ တန်ဆောင်မုန်းလပြည့်ရက်သည် မြန်မာတို့၏ ဆေးပေါင်းခသောညအဖြစ် သတ်မှတ်ကြသော်လည်း ယခု၂၀၁၆ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ည နက္ခတ်လပြည့်ချိန်သည် သတ်မှတ်ရာသီခွင်များ မကိုက်ညီမှု ကြောင့် ဆေးပေါင်း မခဘဲ လာမည့် နတ်တော်လဆန်း ၁၃ ရက် ၊ (ဒီဇင်ဘာလ ၁၂ ရက်) ည ၁၀ နာရီ ၄၅ မိနစ်တွင် ဆေးပေါင်းခ လိမ့်မည် ဖြစ်ကြောင်း နက္ခတ် သိပ္ပံ ပညာရှင် ဦးဇေယျာကိုက ပြောကြားခဲ့သည်။
ယခုနှစ်တွင် ဖြစ်ပေါ်သည့် စူပါမွန်း ဖြစ်စဉ်သည် နှစ်ပေါင်း ၆၉ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာမှ အနီးကပ်ဆုံး လမျက်နှာပြင်ကို မြင်တွေ့ရမည် ဖြစ်ပြီး ယခုကဲ့သို့ စူပါမွန်း ဖြစ်စဉ်အား ၂၀၃၄ခုနှစ် မတိုင်ခင်အထိ ထပ်မံမြင်တွေ့ရတော့မည် မဟုတ်ကြောင်း နာဆာ (NASA) ၏ပြောကြားချက်အရ သိရသည်။
စူပါမွန်းဖြစ်ပေါ်လာပါက ပုံမှန် လပြည့်နေ့ထက် ၁၄ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းထိ ပိုမို တောက်ပလာကြောင်း သိရသည်။
လသည် ကမ္ဘာနှင့် အနီးဆုံးအကွာအဝေးသို့ရောက်ရှိလာသည့်အခါ ၎င်းအား ယခင်ထက် ပိုမို ကြီးမားစွာ နှင့် တောက်ပစွာ မြင်တွေ့ရကြောင်း နှင့် ယင်း ဖြစ်စဉ်အား စူပါမွန်း ဟုခေါ်ကြောင်း သိရသည်။
Sunday, November 13, 2016
ဆေးပေါင်းခတဲ့ ညအကြောင်း တစ်စေ့တစ်စောင်း
''တန်ဆောင်မုန်း လပြည့်ည မှာ သုပ်စား တဲ့ မဲဇလီ ဖူးသုပ် က ဆေးဖက် ဝင်ပါတယ်။ ကျေးလက် တော ရွာတွေ မှာ နေတဲ့ သူတွေ ဆိုရင် 
လပြည့်နေ့ လရောင် ကျထား တဲ့ မဲဇလီဖူး တွေကို ခူးသင့် ပါတယ်။ 
လရောင် ထိထားတဲ့ မဲဇလီတွေ ကဆေး ပေါင်းခ ပြီး ဆေးစွမ်း ထက်ပါ တယ်။ မြို့မှာ နေတဲ့ သူတွေ ဆို ရင်တော့ တန်ဆောင်မုန်း လပြည့်ည မတိုင်မီခူးထား တဲ့ မဲဇလီဖူးတွေကို လပြည့်ညနက္ခတ် စုံချိန်ကျ မှာ ရေနွေး ဖျော ပြီးသုပ်စားသင့် ပါတယ်။
နက္ခတ် စုံချိန် နှစ်ချိန် ရှိပါတယ်။ 
လပြည့်နေ့ ည ၉ နာရီ ၁၆ မိနစ်နဲ့ လပြည့် နေ့ သန်းခေါင် ယံ အချိန်မှာ 
မဲဇလီ ဖူးသုပ် ကို သုံးဆောင် သင့် ပါတယ်'' ဟု ယင်း က ဆိုသည်။
ဆေးပေါင်း ခချိန်တွင် မဲ ဇလီဖူး သုပ်စားခြင်း ဖြင့် အသက် ရှည်ပြီး 
အနာ ရောဂါ ကင်းမဲ့စေ နိုင်ကြောင်း၊ မဲဇလီရွက် သည် နတ်ပြည် တွင်
နတ်သက် ရှည်ရန် စားလေ့ ရှိသည့် မဉ္ဇူသက နတ် ပန်း နှင့်ဆင်တူသော ကြောင့် မဲဇလီရွက်များ ကို စားသုံး ခြင်းဖြင့် အသက်ရှည်၊ အနာကင်း နိုင်ကြောင်း ရှေးသူ ဟောင်း တို့မှ အကြံပြု ခဲ့သ ဖြင့် ယင်းဓလေ့မှာ ယနေ့ တိုင်ထွန်းကား နေဆဲ ဖြစ်ကြောင်း သိရပါသည်။
Aung Zaw Oo
Monday, November 7, 2016
ရထားအချိန်ပြောင်း ပြန်ပြီတဲ့
11/11/2016 ရက်နေ့ မှစတင်၍
မြစ်ကြီးနား- မန္တလေး- မြစ်ကြီးနားလမ်းပိုင်း
တွင်ပြောင်းလဲပြေးဆွဲမည်ရထား
အချိန်စာရင်းသစ်မှာအောက်ပါအတိုင်းဖြစ်ပါ
ကြောင်းသတင်းရရှိပါသည်
Wai Phyo Aung
Sunday, November 6, 2016
မြန်မာ ကာရန်ကဗျာ ရေးဖွဲ့ ရာ၌ မဖြစ်မနေသိထားရမည့် ကာရန်အကြောင်း
မြန်မာ ကာရန်ကဗျာ ရေးဖွဲ့ ရာ၌ မဖြစ်မနေသိထားရမည့် ကာရန်အကြောင်း
=====================
ကာရန် ဟူသည် ကာရန္တ ဟူသောပါဠိမှ ဆင်းသက်လာသော ပါဠိသက်
ဝေါဟာရ ဖြစ်သောကြောင့် ကာရန် ဟုသာရေးသင့်၏ ။
ကာရန္တ= ကာရ+အန္တ '= ကာရ= အက္ခရာ စာလုံး 
အန္တ= အဆုံးအပိုင်းအခြား=အက္ခရာ တို့ ၏ အဆုံး( သို့ မဟုတ်) အဆုံးအက္ခရာ
နောက်ဆုံး ရွတ်ဖတ်အသံထွက်သည့် အက္ခရာ ။ 
ကဗျာ လင်္ကာရေးဖွဲ့ ရာ၌ အက္ခရာ အချင်းချင်း အသတ်တူ( သို့ မဟုတ်)
အသံတူ စပ်ထားသော လုံးထပ်အက္ခရာ တို့ ကို ကာရန်ဟု ခေါ်ဆိုကြသည်။
ယင်းအသံတူ လုံးထပ် ကာရန်ကို အက္ခရာ တစ်လုံးချင်းမှစ၍ နှစ်လုံးချင်း၊ သုံးလုံးချင်း စသည်ဖြင့် အက္ခရာ လုံးရေကို၎င်း၊ တစ်ပိုဒ်ချင်း၊နှစ်ပိုဒ်ချင်း၊စသည်ဖြင့်
အပိုဒ်ရေ ကို၎င်း ကဗျာအဖွဲ့ အားလျှော်စွာ ကဗျာဆရာတို့ အလိုရှိသရွေ့ ရေးစပ်သီကုံးနိုင်သည်။
( ကာရန် သဘောနုသူတို့  အတွက် နမူနာ )
တစ်လုံးချင်း ကာရန် ယူပုံ
-----------------------------
တေး ။ရေး ။ တွေး ။ အေး ။ မွှေး ။
နှစ်လုံးတွဲကာရန်ယူပုံ
----------------------
ကာရန် ၊ ရှာကြံ ၊ လာပြန် ၊ စာဉာဏ် ၊
သုံးလုံးတွဲ ကာရန်
--------------------
သုံးထပ်ညီ ၊လုံးထပ်စီ ၊ ကုံးတတ်ပြီ ။
လေးလုံးတွဲ ကာရန် 
--------------------
စံပြ စရာ ၊ အမှန်ပ ဗျာ ၊ကြံဆမကြာ ၊ မြန်မာ့ကဗျာ ။
လေးလုံးတွဲ အထက် ၅ လုံး ၆ လုံး အစရှိသော ဉာဏ်ရှိသလောက် ကာရန်ထပ်စပ်သွားနိုင်ပါသည်။ 
ထိုသို့ စပ်ဆိုသည်ကို မန်ကျည်း ရွက်သတ် နဘေကာရန်ဟု ခေါ်ဆိုကြောင်း
မှတ်သား ရပါသည်။ ။ 
ကာရန် ( ၆၄ ) ပါးကို အသံနှင့်တကွပြဆိုပါမည်။
တက်သံ(.၁၈ ) ပါး ( ဂရု/ လဟု ခွဲလျှင် ဂရု သံ)
အာ ၊ အီ ၊ အူ ၊ အေ ၊ အဲ ၊ အော် ၊ အင် ၊ အောင် ၊ အိုင် ၊ အည် ၊ 
အဉ် ၊ အန် ။ အမ် ။ အုန် ။အုမ် ။ အိန် ။အိမ် ။ အို ။ 
( အလွယ်တကူ မှတ်ရန် )
ဝစ္စပေါက် ခေါ် ဝသစ္စနီပါ၊ အောက်မြစ်မပါသော အသံ ။
============================================
သက်သံ(.၁၈ ) ပါး ( ဂရု/ လဟု ခွဲလျှင် လဟုသံ )
အ ၊ အိ ၊ ဥ (အု) ၊ အေ့ ၊ အဲ့ ၊ အော့ ၊ အင့် ၊ အဥ့်၊ အောင့် ၊အိုင့်၊ 
အည့်၊ အန့် ၊ အမ့် ၊ အိန့် ၊ အိမ့် ၊ အုန့်  ၊ အုမ့် ၊ အို့ ။ 
( အလွယ်မှတ်ရန် =အောက်မြစ် ပါသောအသံ၊ အောက်မြစ်မပါသေယ်လည်း
အောက်မြစ်ပါသကဲ့ သို့  ရွတ်ဖတ်ရသည့် အသံ အ အိ အု )
==============================================
နိမ့်သံ( ၁၈ ) ပါး ( ဂရု/ လဟု ခွဲလျှင် လဟု သံ)
အား ၊ အီး ၊ အူး (ဦး ) ၊ အေး ၊ 
အဲး အယ်း( ပြည့်စုံအောင်သာထည့်ပြသည်ယခုခေတ်ရေးထုံး မရှိသလောက်ရှား၏ )
အေား သြး ( သူလည်းရှားပါသည်)
အင်း ၊ အဉ်း ၊ အောင်း ၊ အိုင်း ၊ 
အည်း ၊ ( ရှား၏ ) ၊ 
အန်း၊ အမ်း ၊ အိန်း ၊ အိမ်း ၊ အုမ်း အုံး အုန်း ၊ အိုး ။
( ဝစ္စပေါက် ခေါ် ဝိသစ္စနီပါသော အသံဟု မှတ် ပါ )
=============================================
တိုင်သံ( ၁၀ ) ပါး (ဂရု / လဟု ခွဲလျှင် လဟုသံ)
အက် ၊ အောက် ၊ အိုက် ၊ အစ် ၊ အတ် ၊ အိတ် ၊ အုတ် ၊ အပ် ၊အိပ် ၊ အုပ် ။
(.ကအသတ်၊ စအသတ် ၊ တအသတ်၊ ပအသတ် ပါသောအသံ)
သံဖြတ် သံရပ် ခေါ်ပါသည်။
ဤတွင် ကာရန် ( ၆၄ ) ပါးကို အသံ လေးမျိုး ပါ ပေါင်းစပ်၍ ပြပြီးပါပြီ ။
==============================================
သရတို့ ကို တက်သံ ၊ သက်သံ ၊ နိမ့်သံ ၊ တိုင်သံ ဟူသော အသံလေးမျိုး
ဖြစ်ပေါ်လာပုံကို ခွဲ ပြခြင်း။
အ- ဟူသော သရကို ရေးချ ထည့် လိုက်လျှင် ( အာ ) ဟု ဖြစ်ပေါ် လာကာ
အသံသည် အ လို လို အပေါ်သို့ မြင့် တက်သွား သည် ၊ အူ ဦ အီ ဤ
လည်း ထို့ အတူ ပင်။
ယင်းကို အောက်မြစ် ထည့် လိုက်က( အာ့ ) ၄င်း အာ့ သည် ပင်ကိုယ်
အ - ပင် ဖြစ်သည် အောက်သို့  အသံ သက်လာသည် သက်သံ။
အပေါ်သို့  မြင့်တက် နေသော သံရှည် လေလျှော့ သံပျော့ ( အာ ) ကို
ပင် ဝစ္စပေါက် နှစ်လုံး ထည့် လိုက်က ( အား ) ဟူ၍ ဖြစ်ပေါ်လာပြီး
ရွတ်ဆို ရာ၌ အသံမှာ ပြင်း ၍ နိမ့်သည် ။၊
၎င်းကို မူထား၍ အာ အီ အူ အေ အော 
စသော ဝစ္စပေါက် အောက်မြစ်မပါသောဒီဃ အက္ခရာ တို့ ကို လေလျှော့
မြင့်သံ တက်သံဟုမှတ်။
အ အိ အု စသော ရဿ သရအက္ခရာ တို့ ကို လဟု သက်သံ ဟုမှတ်။
အား အီး အူး စသော ဝစ္စပေါက် အသံတို့ ကို သံပြင်း နိမ့်သံဟုမှတ်။
အသံကို အနိမ့် အမြင့် အဖြစ် ပြောင်းလဲ၍ မရသော (ကအသတ် စအသတ်
တအသတ် ပအသတ် -က စ တ ပ အသတ်ပါသော)
အက် အစ် အတ်အပ် စသည် တို့ ကို သံဖြတ် သံရပ် အဖြစ်ထား၍ 
တိုင်သံ ဟုခေါ်သည်။
အကျဉ်းချုပ်
၁။ တက်သံ = ဝစ္စပေါက် အောက်မြစ် မပါသော အသံ ။
၂။ သက်သံ= = အောက်မြစ်ပါသောအသံ/ အောက်မြစ်မပါသော်လည်း
အောက်မြစ်ပါသကဲ့သို့  ရွတ်အပ်သော အ အိ အု
စသော အသံ ။
၃။ နိမ့်သံ== ဝစ္စပေါက် ပါသော အသံ အား အီး စသည်။
၎။ တိုင်သံ= ( က စ တ ပ -အသတ်ပါသောအသံ) သံဖြတ် သံရပ် ။
မေတ္တာဖြင့် 
မောင်သာချမ်း ( ပျဉ်းမနား)
ခဏ ခဏ မေးမေး နေကြလို့  ပြန်တင်ပေးတာပါ ။
 —  at ရှေးမြန်မာကဗျာများ-ရွှေအိမ်စည်
Wednesday, November 2, 2016
mpt ဆင်းကဒ်ကို မိမိကိုယ်တိုင် မှတ်ပုံတင်လိုသူများအတွက်
ဖုန်းဆိုင်မှာ  သွားလုပ်စရာလိုတော့ဘူး  အကုန်အကျ သက်သာတာပေါ့
အောက်မှာ ပေးထားသော လင့်ကနေ သွားလိုက်တော့
အလွန်လွယ်ပါသည်
အချို့  ဆင်းကဒ်  များမှာ
မှတ်ပုံတင်ပြီးသား ဖြစ်နေပါလိမ့်မယ်
မိမိနာမည်  မဟုတ်သဖြင့်
မိမိနာမည်
မိမိ မှတ်ပုံတင်အမှတ်
မိမိ  မှတ်ပုံတင် ဓါတ်ပုံ
များကို  ပြန်လည် ပြောင်းလဲ ပေးရပါမည်
https://care.mpt.com.mm/#
MPT. TELENOR, OOREDOO ဆင်းကဒ် မိမိဆင်းကဒ်ကို မိမိကိုယ်တိုင် မှတ်ပုံတင် နိုင်တဲ့ apk လေးတွေပါ
ဖုန်းဆိုင်တို့  အိတ်ချိန်းရုံးတွေ  ကို  ခခယယ  သွားပြောစရာ  လိုတော့ဘူးပေါ့ဗျာ
@@@#####@@@@
MPT / Ooredoo / Telenor Sim Card များကိုမှတ်ပုံတင်နိုင်မဲ့ applications
------------
Operator အမျိုးမျိုးရဲ့ Sim Card အသီးသီးအတွက် မှတ်ပုံတင် apk များကိုတင်ပေးလိုက်ပါတယ်။
မိမိအသုံးပြုရာ Sim Card အလိုက်ရယူလိုက်ပါ ခင်ဗျာ။
MPT.အတွက်link
.………………………………
https://www.mediafire.com/download/fm5opzaj9ia3tb5
ooredoo.အတွက်link
……………...................... 
https://www.mediafire.com/download/a1bac5ab56ztrya
telenor.အတွက်link
…………………………………
https://www.mediafire.com/download/v1touxxu108oota
Today's Mobile Training & Service center
Telenor ဆင်းကဒ် မှတ်ပုံတင် လိုသူများအတွက်
Telenor  simcard  ကို  မိမိ ဆင်းကဒ် ကို မိမိဖုန်းနဲ့ မှတ်ပုံတင်မယ်ဆို
အောက်က လင့်ကနေသွားလိုက်
https://connect.telenordigital.com/id/signin?gui_config=eyJraWQiOiIxIiwiYWxnIjoiUlMyNTYifQ.eyJsb2MiOiJlbiIsInJlcyI6IjA5TFFKYU1kSm1ZZ2lLcWxkZVI1ZDVSbHFZZyIsImxzaSI6bnVsbCwiYXB0Ijoid2ViIiwibG9oIjpbXSwic2R2IjpudWxsLCJ1c2MiOiJjb25uZWN0X2lkIiwicHVsIjp0cnVlLCJzc2kiOm51bGwsImhlZSI6dHJ1ZSwiYXVjIjoiaHR0cHM6XC9cL2Nvbm5lY3QudGVsZW5vcmRpZ2l0YWwuY29tXC9vYXV0aFwvYXV0aGVudGljYXRpb25fY2FsbGJhY2siLCJwdXQiOiJtc2lzZG4iLCJscHIiOnRydWUsInVsZSI6ZmFsc2UsImFjciI6W10sImxobCI6ZmFsc2UsImVzYyI6W10sImJyZCI6InRubW1zaW1yZWdpc3RyYXRpb24iLCJidW4iOiIiLCJzbHMiOmZhbHNlLCJzZW4iOiJ0bm1tc2ltcmVnaXN0cmF0aW9uIiwiY2lkIjoidG5tbS1zaW1yZWdpc3RyYXRpb24td2ViIn0.CO7F-neH8vUKrXYzT3nTEla9xys6DBnCQJivlOnj92sW5Sdospg9psFvSWihZVRBEhGyG5FU3pY3y2tWFUwIKLbzy4Ak2ivBhXk4u3Djsx8FlGug2wO5Bl2So_VM84vAxVHVqDqMwpU8POvAd_reZcmXPELXXqUtjr4OeP5Z1Io
ကထိန်မှာ လှူမည့် သူငယ်ချင်းတို့အတွက်   လှူဒါန်းမှု အစုစုနှင့် အကျိုးကျေးဇူးများ
ကထိန်မှာ လှူမည့် သူငယ်ချင်းတို့အတွက်  
လှူဒါန်းမှု အစုစုနှင့် အကျိုးကျေးဇူးများ
======================
ယပ်လှူရခြင်း အကျိုး (၉) မျိုး
၁။ ပူပန်မှုသောကမရှိခြင်း။
၂။ ခန္ဓာကိုယ်အေးမြချမ်းသာခြင်း။
၃။ စိတ်အေးမြချမ်းသာခြင်း။
၎။ ရာဂမီးတောက်လောင်မှု ကင်းရှင်းခြင်း။
၅။ ဒေါသမီးတောက်လောင်မှု ကင်းရှင်းခြင်း။
၆။ မောဟမီးတောက်လောင်မှု ကင်းရှင်းခြင်း။
၇။ ဒိဋ္ဌိမီးပူကင်းရှင်းခြင်း။
၈။ မာနမီးပူကင်းရှင်းခြင်း။
၉။ ရန်သူများကိုအောင်နိုင်ခြင်း။
--------------------------------------
ဖိနပ်လှူရခြင်း အကျိုး (၄) မျိုး
၁။ ယာဉ်အမျိုးမျိုးကိုရရှိခြင်း။
၂။ ခြေလှမ်းတိုင်း ခြေနင်းခံပေါ်ပေါက်လာရခြင်း။
၃။ လွယ်ကူချမ်းသာစွာ ခရီးသွားလာနိုင်ခြင်း။
၎။ သန့်ရှင်းစင်ကြယ်သော စိတ်ရှိခြင်း။
----------------------------------------
ထီးလှူရခြင်း အကျိုး (၈) မျိုး
၁။ ပူလွန်း၊ အေးလွန်းခြင်းကို မခံစားရခြင်း။
၂။ ခန္ဓာကိုယ်၌ အညစ်အကြေးများ ကင်းရှင်းရခြင်း။
၃။ အနှောင့်အယှက် ကင်းရှင်းရခြင်း။
၎။ ဘေးအန္တရာယ် ကင်းရှင်းခြင်း။
၅။ သူတစ်ပါးရိုသေမှုကို ခံရခြင်း။
၆။ ရုပ်အဆင်းလှပ နူးညံ့ရခြင်း။
၇။ စင်ကြယ်သော စိတ်နှလုံးရှိခြင်း။
၈။ စည်းစိမ်ဥစ္စာရန်သူများ မဖျက်ဆီးနိုင်ခြင်း။
-------------------------------------------
သပိတ်လှူရခြင်း အကျိုး (၈) မျိုး
၁။ ရွှေခွက်၊ မြခွက်၊ ငွေခွက်၊ ပတ္တမြားခွက်တို့ကို သုံးဆောင်ရခြင်း။
၂။ ဘေးဥပါဒ် မရှိခြင်း။
၃။ ရောဂါရန်မာန်ဒဏ် အမျိုးမျိုးတို့မှ ကင်းရှင်းခြင်း။
၎။ လူနတ်အပေါငးတို့၏ ပူဇော်မြတ်နီုးသည်ကို ခံရခြင်း။
၅။ လာဘ်များခြင်း။
၆။ စည်းစိမ်ချမ်းသာ မပျက်စီးနိုင်ဘဲ တည်ခိုင်ခြင်း။
၇။ စိတ်နှလုံး တည်တံ့ခြင်း။
၈။ ကိလေသာ အာသဝေါ နည်းပါးစွာနှင့် အမြတ်တရားကိုသာ လိုလားခြင်း။
------------------------------------------
အ၀တ်သင်္ကန်းလှူရကျိုး (၈) မျိုး 
၁။ ဖြစ်လေရာ ဘုံဘ၀တို့၌ ရွှေနှင့်တူသော အဆင်းရှိခြင်း။
၂။ အညစ်အကြေး ကင်းစင်ခြင်း။
၃။ ကိုယ်ရောင် ထွက်ခြင်း။
၎။ နူးညံ့ပျော့ပျောင်းသောကိုယ် ရှိခြင်း။
၅။ ဦးခေါင်းထက်၌ အရော်င်အမျိုးမျိုးရှိသော ပုဆိုးပေါင်းတစ်သိန်းတို့ မိုးကာခြင်း။
၆။ ပိုးထည်၊ ကမ္ဗလာထည်၊ ဖဲထည်၊ ၀ါထည် အ၀တ်ပုဆိုးတို့ကို အလိုရှိသမျှ ရနိုင်ခြင်း။
၇။ မဟာလတာတန်ဆာကို ၀တ်ဆင်ရခြင်း။
၈။ ဧဟိဘိက္ခူ ခေါ်ခံရခြင်း။
-------------------------------------------
ရေစစ်လှူရခြင်း အကျိုး (၆) မျိုး
၁။ သူများထက် အသက်ရှည်ခြင်း။
၂။ ရန်သူများ မဖျက်ဆီးနီုင်ခြင်း။
၃။ လက်နက်များ မထိရှနိုင်ခြင်း။
၎။ အဆိပ်ဘေးမှ ကင်းလွတ်ရခြင်း။
၅။ အများလက်ချက်ဖြင့် မသေနိုင်ခြင်း။
၆။ အေးအေးချမ်းချမ်း သန့်သန့်ရှင်းရှင်း နေထိုင်ရခြင်း။
--------------------------------------------
သင်ဓုန်းဓားလှူရခြင်း အကျိုး (၇) ပါး
၁။ ရဲရင့်ခြင်း။
၂။ ထိတ်လန့်တုန်လှုပ်မှု ကင်းခြင်း။
၃။ ရဲရင့်မှု ဝေသာရဇ္ဇဂုဏ်နှင့် ပြည့်စုံခြင်း။
၎။ မယိမ်းမယိုင် ခိုင်ခံ့ခြင်း။
၅။ ၀ီရိယစွမ်းအင် ထက်သန်ခြင်း။
၆။ စိတ်နေစိတ်ထား မြင့်မားခြင်း။
၇။ ကိလေသာကို ဖြတ်နိုင်သော အရဟတ္တမင်္ဂဥာဏ်နှင့် ပြည့်စုံခြင်း။
---------------------------------------------
အခင်း လှူရခြင်း အကျိုး (၆) မျိုး
၁။ တင့်တယ် လျောက်ပတ်သော လုံးရပ်သဏ္ဍာန်ရှိခြင်း။
၂။ ကောင်းစွာ စေ့စပ်သောကိုယ်ရှိခြင်း။
၃။ ဥာဏ်ပညာကြီးမားရခြင်း။
၎။ အ၀တ်ကောင်းများကို သုံးဆောင်ရခြင်း။
၅။ အခင်းကောင်းများကိုသာ သုံးဆောင်ရခြင်း။
၆။ မြတ်သောဈာန်သမာပတ် ချမ်းသာကို ခံစားရခြင်း။
----------------------------------------------
ခါးပန်းကြိုးလှူရခြင်း အကျိုး (၆) ပါး
၁။ သမာဓိ မပျက်စီးခြင်း။
၂။ သမာဓိကို စိုးပိုင်ခြင်း။
၃။ ပရိသတ် မပြိုမကွဲခြင်း။
၎။ သူတစ်ပါးကို နားဝင်အောင် ပြောဆိုနိုင်ခြင်း။
၅။ သတိခိုင်မြဲခြင်း။
၆။ ထိတ်လန့်တုန်လှုပ်မှု မရှိခြင်း။
Credit-အနှိုင်းမဲ့ စာတိုပေစများ
Tuesday, November 1, 2016
အရာရှိခေါ်မှ အလုပ်လျှောက်မည့်သူတွေ လာပြီ
အားရ စရာကြီးဟေ့။ ဦးစီးအရာရှိခေါ်နေပါပြီကိုက်ညီသူများ။
လျှောက်လွှာပိတ်ရက်၂၃.၁၁.၂၀၁၆။