Tuesday, July 8, 2014

စံတော်ချိန် သတင်းစာပါ မော်လူးဒေသ မိုးကြိုး သတင်း


(( ဗဟုသုတအဖြစ် သိချင်လိုသူများအတွက် )) ဗုဒ္ဓဘာသာ သာသနာ့အလံတော် စတင်တည်ထွင်သူ






(( ဗဟုသုတအဖြစ် သိချင်လိုသူများအတွက် )) ဗုဒ္ဓဘာသာ သာသနာ့အလံတော် စတင်တည်ထွင်သူ ====...
ထေရ၀ါဒ ဗုဒ္ဓဘာသာ's Facebook Wall / ထေရ၀ါဒ ဗုဒ္ဓဘာသာ / 3 hours ago

(( ဗဟုသုတအဖြစ် သိချင်လိုသူများအတွက် ))
ဗုဒ္ဓဘာသာ သာသနာ့အလံတော် စတင်တည်ထွင်သူ
===========================
ဗုဒ္ဓဘာသာသာသနာ့အလံတော် စတင်တည်ထွင်ရန် အကြံပြုသူမှာ အမေရိကန်နိုင်ငံသား
ကာနယ်အော်လ်ကော့ ဆိုသူပင်ဖြစ်ပါတယ်။
သူ့ကို ၁၈၃၂ ခုနှစ် အမေရိကန်ပြည်ထောင်စု ၊ နယူးဂျာစီ ပြည်နယ် အောရိန်းမြို့ ဇာတိ ဖြစ်ပါတယ်။ အသက် (၂၉)နှစ် အရွယ်တွင် အမေရိကန် ငွေဝယ်ကျွန်စနစ်တိုက်ဖျက်ရေး စစ်ပွဲကြီးတွင်ပါဝင် အမှုထမ်းခဲ့ပြီးနောက် စစ်ကြီးပြီးသောအချိန်တွင် အစိုးရ အမှုထမ်း အဖြစ် ဆောင်ရွက်ရင်း ရှရုားလူမျိုးစိတ်ပညာရှင် မဒမ်ဘာလာစကီး(၁၈၃၁-၁၈၉၁)၏စာပေများကို လေ့လာခဲ့သူဖြစ်ပြီး ၁၈၇၅ တွင် နယူးယောက်မြို့တွင် သီအိုဆိုဖီအသင်းကို တည်ထောင်ခြင်းပြီး ၁၈၇၉ ခုနှစ်တွင် သီအိုဆိုဖီအသင်းချုပ်ကို အိန္ဒိယနိုင်ငံတွင် ပြောင်းရွှေ့ပြီး သာသနာပြုခဲ့ပါသည်။
ထို့နောက် သီဟိုလ်ကျွန်းတွင် ..အရှင် အနာဂါရိကဓမ္မပါလ.. နှင့် တွေ့ဆုံပြီး ဗုဒ္ဓဘာသာကို လေ့လာခဲ့ပါတယ်။ ဆက်လက်ပြီး သာသနာပြုလုပ်ငန်း များကိုဆက် လက်ဆောင်ရွက်ခဲ့ပြီး မြန်မာနိင်ငံသို့လာရောက်၍လည်း သီအိုဆိုဖီအသင်းတို့ကို တည်ထောင်ခဲ့ပါတယ်။ သာသနာ့လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဗုဒ္ဓနေ့အခမ်း အနားများ ဗုဒ္ဓစွယ်တော်ပူဇော်ပွဲများတွင် သာသနာ့ဆိုင်ရာအလံများ လွှင့်ထူမှုနှင့် ပက်သက်ပြီး လွင့်ထူစရာအလံမရှိသည်ကို သူသတိပြုခဲ့မိပါတယ်။
သူသည် ကိုလံဘိုကော်မတီနှင့် ဆွေးနွေးပြီး ဘုရားရှင် ၏ရောင်ခြည်တော် ခြောက်သွယ်အလံကို တင်ပြခဲ့ပါတယ်။
ဗုဒ္ဓဘာသာ သာသနာ့အလံတော် စတင်အသုံးပြုခြင်း
===========================
ထိုဒီဇိုင်းကို သီဟိုဋ်သာသနာ့ဥသျှောင်(သာသနာပိုင်)ဆရာတော် ..သီရိသူမင်္ဂလမဟာထေရ်..ထံတင်ပြရာ ဆရာတော်ကြီးက အတည်ပြုတော် မူသဖြင့် ၁၈၈၅ ခု ဧပြီလ ၂၈ ရက်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့တွင် သာသနာ့အလံကို ပထမဦးဆုံး လွှင့်ထူခဲ့ကြပါတယ်။
ထိုအချိန်က သာသနာ့အလံကို ဒေသအတွင်းတွင်သာ အသုံးပြုခဲ့ကြပါသည်။ နောင်တွင် အရှင်အနာဂါရိကဓမ္မပါလသည် ဂျပန်နိုင်ငံ စသော နိုင်ငံအသီးသီးကို သယ်ယူဖြန့်ချီခဲ့ပါတယ်။ သို့သော် အစတွင် များစွာမတွင်ကျယ်ခဲ့ချေ။ ၁၉၅၀ ခုနှစ်တွင် သီဟိုဋ္ဋ်နိုင်ငံလုံး ဆိုင်ရာ ဗုဒ္ဓဘာသာကိုယ်စားလှယ်များကို ဖိတ်ကြားပြိး မတ်လ ၂၅ ရက်နေ့တွင် ကန္ဒီမြို့တွင် ကမ္ဘာဗုဒ္ဓဘာသာ အဖွဲ့ချုပ်ကို စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်။
၎င်းအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီက ဗုဒ္ဓဘာသာနိုင်ငံများ ဗုဒ္ဓဘာသာမဟုတ်သော နိုင်ငံများရှိ ဗုဒ္ဓဘာသာအသင်းအဖွဲ့များကတူညီသောအမှတ်လက္ခဏာအဖြစ် သီဟိုဋ်နိုင်ငံတွင်
အသုံးပြု လျက်ရှိသော ဗုဒ္ဓသာသနာ့အလံကို တညီတညွတ်တည်း လက်ခံအသုံးပြုကြရန် နိုင် ငံပေါင်း ၂၀ မှ ကိုယ်စားလှယ် အားလုံးကလည်း လက်ခံကြသဖြင့် ၁၉၅၁ ခုနှစ်၊ ဗုဒ္ဓဟူးနေ့တွင် ထိုအလံကို သာသနာ့အလံအဖြစ် လွှင့်ထူခဲ့ကြပါတယ်။
ထိုအချိန်မှစတင်ပြီးနောက် ကမ္ဘာတစ်ဝှမ်းလုံးရှိ ဗုဒ္ဓဘာသာအသင်း အဖွဲ့များသည် မြတ်စွာဘုရားရှင်၏ ရောင်ခြည်တော် ခြောက်ပါးကို ဒီဇိုင်းပြုလုပ်ထားသော အလံကို သာသနာ့အလံတော်အဖြစ် အထိမ်း အမှတ်ပြုကာ အသုံးပြုခဲ့ကြခြင်းပင် ဖြစ်ပါတယ်။
(သကျဝံသ၏ မြန်မာ့ယဉ်ကျေးမှု စာအုပ်မှ ကောက်နုတ်တင်ပြပါသည်။)


by မဲမဲမကြောက်တဲ့ ရဲရဲတောက်ဇာနည်

Adm  ရွာချစ်သား



Visit website