Monday, December 8, 2014

မ်ာလူးမီးရထားဘူတာ ယာဒ်ဝင်း မီးရထားလမ်း အဆင့်မြှင့်တင်ရန် ကွန်ကရစ်ဇလီဖားတုံးများ လှဲလှယ်တပ်ဆင်မည်



မ်ာလူးမီးရထားဘူတာ ယာဒ်ဝင်း မီးရထားလမ်း အဆင့်မြှင့်တင်ရန်
ကွန်ကရစ်ဇလီဖားတုံးများ လှဲလှယ်တပ်ဆင်မည်
မော်လူး၊ ဒီဇင်ဘာ ၈
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်တော်မြို့နယ်၊ မော်လူးမီးရထားဘူတာ
ယာဒ်ဝင်းတွင် မီးရထားသံလမ်းများ ကြံ့ခိုင်မှုရှိစေရန်
သစ်သားဇလီဖားတုံးများနေရာတွင် လှဲလှယ်တပ်ဆင် ကွန်ကရစ်ဇလီဖားတုံးများ
မီးရထားဖြင့် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
မီးရထားလမ်းများ ကြံ့ခိုင်မှုရှိစေရန်နှင့် အဆင့်မြှင့်တင်ရန်
ကွန်ကရစ်ဇလီဖားတုံးများကို ပခုက္ကူ ကွန်ကရစ်ဇလီဖားတုံး စက်ရုံမှ DF - 2041
မီးရထားစက်ခေါင်းဖြင့် ချိတ်ဆက်မောင်းနှင်လာသော မီးရထားတွဲ ၁၂ တွဲပါ
မီးရထားသည် မော်လူးဘူ ယာဒ်ဝင်းတွင် ကွန်ကရစ်ဇလီဖားတုံးများအား
မြန်မာ့မီးရထား သံလမ်းအလုပ်သမားများ (၁၅)ဦးက မော်လူးမီးရထားဘူတာ
လမ်းဗိုလ်လေး ဦးထင်လတ်အောင်၏ ဦးဆောင်မှုဖြင့်  မြေပြင်သို့
သယ်ချခြင်းများ ပြုလုပ်နေကြကြောင်း သိရသည်။ ကွန်ကရစ် ဇလီဖားတုံးများ၏
အရှည်မှာ ၆ ပေ ၅ လက်မ၊ အကျယ်(ဗျက်) ၉ လက်မခွဲ၊ အမြင့်(အထူ) ၈ လက်မ
ရှိပြီး မီးရထားတွဲ ၁၂ တွဲတွင် ကွန်ကရင်္စဇလီဖားတုံး ၈၀ တုံးပါ ၇ တွဲနှင့်
၁၆၀ တုံပါ ၅ တွဲ ပါရှိကြောင်း၊ အဆိုပါ ကွန်ကရစ် ဇလီဖားတုံးများ
မြေပြင်ပေါ်သို့ သယ်ချခအဖြစ် တစ်တုံးလျှင် ၈၀ ကျပ်နှုန်း၊
သစ်သားဇလီဖားတုံးနှင့် ကွန်ကရစ်ဇလီဖားတုံး လှဲလှယ်ခအဖြစ် တစ်တုံးလျှင်
၆၀၀ ကျပ်နှုန်း ရရှိကြောင်း ကွန်ကရစ်ဇလီဖားတုံးများ မြေပြင်ပေါ်သို့
သယ်ချနေကြသူများထံမှ သိရသည်