Thursday, September 5, 2013

ယနေ့နံနက် မော်လူး ချောင်း ရေ တိုး

မော်လူချောင်း ရေတိုး ပါ၏
ဟဲနုချောင်း ရေ တိုးသော်လည်း နည်းသဖြင့်
မော်လူး ဘူတာလမ်းဆုံ အနီး ရေ မ ကျော်

မော်လူး သတင်းလေးများ

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို

ဂုဏ်ပြုကြိုဆိုသောအားဖြင့် တစ်ကိုယ်တော် စက်ဘီးစီးသူ မော်လူးသို့

ရောက်ရှိ

မော်လူး ၊ စက်တင်ဘာ ၂

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးသို့ ၂၇

ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို

ဂုဏ်ပြုကြိုဆိုသောအားဖြင့် အသွားအပြန် မိုင်ပေါင်း ၂၅၀၀ ကို တစ်ကိုယ်တော်

စက်ဘီးစီးနင်းလာသူ ကိုခင်မောင်သန်း (၄၀)နှစ်သည် စက်တင်ဘာလ ၂ ရက်နေ့ နံနက်

၈း၃၀ နာရီအချိန်က မော်လူးသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။









အောင်ဘာလေထီ ထိုးသူနည်းပါးလာ

မော်လူး၊ စက်တင်ဘာ ၅

@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင်

ထီကိုယ်စားလှယ်များ၏ မရိုးမသားလုပ်ရပ်များကြောင့် အောင်ဘာလေထီကို

ကံစမ်းသူနည်းပါးလာကြောင်း သိရသည်။









စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး မော်လူးသို့ရောက်ရှိ
စက်တင်ဘာ ၅ ၊ မော်လူး
@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊
မော်လူးကျေးရွာသို့ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးသည်
စက်တင်ဘာ ၅ ရက်နေ့ ညနေ ၇ နာရီအချိန်တွင် ရောက်ရှိပြီး
တာဝန်ရှိသူများနှင့် မော်လူးအခြေခံပညာ အထက်တန်းကျောင်း
သရဖီခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

 

မော်လူးသတင်းများ ကွန်နက်ရှင် အခက်အခဲကြောင့် အချိန်နှင့် တစ်ပြေးညီ မတင်ပြပေးနိုင်သဖြင့် အနူးအညွှတ် တောင်းပန်အပ်ပါသည်။

မော်လူး မီဒီယာဂရု

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မော်လူးသို့ ရောက်တော့မည်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မော်လူးသို့ သီးသန့်ရထားဖြင့် ရောက်ရှိလာမည်သိရပါ၏
ကာများဖြင့်စောင့်ကြိုနေကြပါ၏

ဝန်ကြီးချုပ်သည်
လမ်းမတော်လမ်းကို ကတ္တရာ ခင်းမည်ပြော
စာသင်ကျောင်းသစ်တစ်ဆောင် ချသွားပေး
ဝန်ထမ်းများနှင့် ပြည်သူများကို အထူးဖေါ်ရွှေစွာပြောဆိုသွားသည်
ဟု သိရပါသည်

၁၅၀၀ တန်ဖုန်းကတ် အိမ်ထောင်စုတစ်ခုလျှင် အလုံးရေအများအပြားရရှိနေမှုကို ကြပ်မတ်မည်

7day news ဂျာနာပါသတင်းလေးပါ

လက်ရှိ ၁၅၀၀ တန်ဖုန်းများ ရောင်းချမှုတွင် အိမ်ထောင်စုတစ်ခု၌ အလုံးရေတစ်လုံးထက် ပိုမိုရရှိနေမှုများကြောင့် မြို့နယ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ကြပ်မတ်ဆောင်ရွက်နိုင်ရန်အတွက် သြဂုတ်လတွင် ဖုန်းသုံးစွဲနိုင်သည့် အိမ်ထောင်စုစာရင်းအလိုက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။




သတင်းအပြည့်အစုံသိလိုသူများ     ဒီနေရာမှာလက်နဲ့      တို့လိုက်

ယာဉ်စည်းကမ်းမလိုက်နာသူများအတွက် သတိစကား

မော်လူးကျေးရွာတွင် ယာဉ်စည်းကမ်းမလိုက်နာသူများကို
အထူးသဖြင့်ဆိုင်ကယ်စီးသူများ မကြာခဏဆိုသလို
ရှောင်တခင်ဖမ်းနေပါသည်။ ဆိုင်ကယ်ဦးထုပ်ကို ရှေ့ကစီးသူကော
နောက်က လိုက်သူပါ ဆောင်းကြပါ။
မိမိအတွက် အဆိုးမရှိပါ အန္တရာယ်ကင်ပါတယ်။