Saturday, February 6, 2016

ခြင်မှတစ်ဆင့် ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်တဲ့ ရေမြောင်းမတူးဘူးတဲ့ မော်လူးသားတွေတော့ ဒုက္ခ ပါဘဲ




ခြင်မှတစ်ဆင့် ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်ဟာ
နိုင်ငံပေါင်း ၂၀ကျော်ကို လျှင်မြန်စွာပျံ့နှံ့ခဲ့လို့
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOက အရေးပေါ်အခြေအနေ
ကြေညာထားပါတယ်။ ဒီရောဂါဟာ သွေးလွန်တုပ်ကွေးနဲ့
ရောဂါလက္ခဏာဆင်တူပြီး လူကြီးတွေအတွက်
ကြီးမားတဲ့အန္တရာယ်မရှိပေမဲ့ သန္ဓေသားတွေအတွက်တော့
မသန်စွမ်းတဲ့ကလေးတွေအဖြစ် မွေးဖွားလာနိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာ
ဇီကာရောဂါရှင်ကို တွေ့ရှိထားပြီဖြစ်လို့
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့
အရေးတယူ ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။
ပြည်သူတွေအနေနဲ့လည်း အသိစိတ်ဓာတ်နဲ့
မိမိပတ်ဝန်းကျင်မှာ ခြင်/ပိုးလောက်လန်းတွေ
မပေါက်ဖွားနိုင်အောင် ရေအိုးရေခွက် အစရှိတာတွေမှာ
ဖုံးအုပ်ထားကြဖို့
တိုက်တွန်းနိုးဆော်လိုက်ပါတယ်။