Friday, August 1, 2014

မော်လူး တိုက်နယ်ဆေးရုံအသစ် ဆောက်လုပ်နေမှုအား မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှူ


မော်လူး တိုက်နယ်ဆေးရုံအသစ် ဆောက်လုပ်နေမှုအား မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု
မော်လူး၊ သြဂုတ် ၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ တိုက်နယ်ဆေးရုံ အသစ် ဆောက်လုပ်နေမှုအား အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သြဂုတ် ၁ ရက်၊ နေ့လည် ၁၂ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့သည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုရာသို့ အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ ဒုဦးစီးမှူး ဦးကျော်စွာဝင်း၊ မြို့နယ် အမျိုးသားမှတ်ပုံတင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးအရာရှိ ဦးအောင်သူ၊ မြို့နယ်ကျန်းမာရေး ဦးစီးဋ္ဌာနမှူး ဒေါက်တာမျိုးဇော်လတ်၊ မြို့နယ်စည်ပင်သာယာ ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးမင်းမင်းစိုး၊ အင်းတော်မြို့နယ် ဆည်မြောင်းဦးစီးဋ္ဌာန ဦးစီးမှူး ဦးတင်မျိုးဆွေလာရောက်ခဲ့ရာ မော်လူး ဒေသ တိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာလာမာမီးနှင့် ဝန်ထမ်းများ၊ မော်လူးကျေးရွာ အုပ်စု အုပ်ချုပ်မှူး ဦးဝင်းစိန်နှင့် ဒေသဖွံ့ဖြိုးမှုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ဆေးရုံသစ် ဆောက်လုပ်ရေး ကြီးကြပ်မှု ကော်မတီဝင်များ လိုက်ပါကာ ဆေးရုံဆောက်လုပ်နေမှု အခြေအနေများအား I Green ဆောက်လုပ်ရေး ကုမ္ပဏီမှ ဦးသန့်ဇင်မင်းမှ လိုက်လံရှင်းပြခဲ့သည်။ မော်လူးတိုက်နယ် ဆေးရုံသစ်ဆောက်လုပ်ရန်အတွက် ရန်ကုန်မြို့ I Green ဆောက်လုပ်ရေး ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ရာ တိုက်နယ် ဆေးရုံအသစ်ကို ၇ လနှင့် အပြီးဆောက်လုပ်မည် ဖြစ်ကြောင်း၊ အသစ်ဆောက်လုပ်မည့် ဆေးရုံမှာ အလျား ၁၂၆ ပေ၊ အနံ ၁၁၇ ပေရှိ အာရ်စီအမျိုးအစား တစ်ထပ်အဆောက်အဦးဖြစ်ကြောင်း၊ ဇူလိုင် ၁၉ ရက်တွင် ဆောက်လုပ်ရေး လုပ်ငန်းစတင်ခဲ့ကြောင်း၊ အဆိုပါ ဆေးရုံသစ်ဆောက်လုပ်ရန်အတွက် နိုင်ငံတော်မှ ကျပ်သိန်း ၅၀၀၀ ချမှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ မော်လူးတိုက်နယ်ဆေးရုံတွင် အပတ်စဉ် ကြာသာပတေးနေ့တိုင်း အသက် ၆၀နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေးနေပြီး အာဟာရဒါန အလှူရှင်များမှလည်း အပတ်စဉ် ကုသိုလ်ဒါနပြုကြကြောင်း သတင်းရရှိသည်

“နတ်ကိုးကွယ်သူများ သရဏဂုံ ပျက်- မပျက်”

“နတ်ကိုးကွယ်သူများ သရဏဂုံ ပျက်- မပျက်”
••••••••••••••••••••••••••••••••••••••••••••••••••
သရဏဂုံတည်မှု၊ သရဏဂုံပျက်မှု နှစ်ခုလုံးသည်
ရှိခိုးခြင်းစသည်ကိုပြုသူ၏ နှလုံးသွင်းစိတ်ထားအပေါ်
အခြေပြုနေကြောင်း ထင်ရှားပေသည်။
ဤသဘောကို “သုတ်သီလက္ခန်အဋ္ဌကထာ၊
အဂုင်္တ္တိုရ် အဋ္ဌကထာ” များ၌
“သေဋ္ဌ ဝသေနေဝ ဟိ သရဏံ ဂဏှာတိ၊ သေဋ္ဌဝသေန စ ဘိဇ္ဇတိ”
ဟု အတိအကျ မုချမိန့်ဆိုထားကြ၏။ အဓိပ္ပာယ်မှာ
“ရတနာသုံးပါးကို လောကဓာတ်တစ်ခုလုံး၌ အမြတ်ဆုံးအလှူခံဟု
မှတ်ယူကာ ရှိခိုးခြင်း၊ လက်အုပ်ချီခြင်း၊ ခရီးဦးကြိုဆိုခြင်း၊
အရိုအသေပြုခြင်းတို့ကို ပြုလုပ်လျှင် သရဏဂုံယူပြီးဖြစ်၏။
သရဏဂုံ တည်ပြီးဖြစ်၏။ (အသေချာ မှတ်သားထားသင့်၏)။
သရဏဂုံ တည်ပြီးသူသည် ရတနာသုံးပါးမှတစ်ပါး
အခြား နတ်၊ ဘိုးတော်၊ တိတ္ထိရဟန်း စသည်တို့တွင်
တစ်ဦးဦးကို တစ်လောကလုံးတွင် အမြတ်ဆုံးအလှူခံဟု
နှလုံးသွင်းကာ ရှိခိုးခြင်း စသည်တို့ကို ပြုမိလျှင်
မူလဆောက်တည်ထားသည့် သရဏဂုံ ပျက်တော့၏။”
ဟု ဆိုလိုပေသည်။

အဋ္ဌကထာများလာ ပါဠိဝါကျ၏ အနက်မှာ
“ဟိ- သရဏဂုံတည်ပုံ ပျက်ပုံကို အတိုချုပ်ပြဆိုဦးအံ့။
သေဋ္ဌဝသေနေဝ- တစ်လောကလုံးတွင် အမြတ်ဆုံး
အလှူခံပုဂ္ဂိုလ်၏ အစွမ်းအားဖြင့်သာလျှင်၊
သရဏံ- ကိုးကွယ်ခြင်းကို (ဝါ) သရဏဂုံကို၊
ဂဏှာတိ-ယူရာရောက်၏။
စ- ထို့ပြင်၊
သေဋ္ဌဝသေန- အမြတ်ဆုံး အလှူခံ ပုဂ္ဂိုလ်၏
အစွမ်းအားဖြင့်သာလျှင်၊
သရဏံ- တည်နေသော သရဏဂုံသည်၊
ဘိဇ္ဇတိ- ပျက်သွားတော့၏။”
ဤအဋ္ဌကထာများ၏ အဆိုအမိန့်သည် သရဏဂုံတည်မှု၊
သရဏဂုံပျက်မှုတို့နှင့်ပတ်သတ်၍ ခွဲခြမ်းဝေဖန် စိစစ်ရမည့်
“စံ” ဖြစ်သည်။ ဤ “စံ” ဖြင့် စိစစ်တိုင်းတာ၍
သရဏဂုံတည်သည်၊
သို့မဟုတ် သရဏဂုံပျက်သည်ဟု ဆုံးဖြတ်ရမည်။

နတ်ကိုးကွယ်သူ၊ ဘိုးတော် စသည်တို့ကို ကိုးကွယ်သူတို့
မူလခံယူဆောက်တည်ထားသည့် သရဏဂုံ ပျက်- မပျက်နှင့်
ပတ်သက်ရာ၌လည်း ဤအဋ္ဌကထာများလာ
(စံ) ဖြင့်ပင် စိစစ်တိုင်းတာ၍ ဆုံးဖြတ်ရပါမည်။
ကိုးကွယ် ဟူသော ဝေါဟာရကို
(၁)ဆည်းကပ်ပူဇော်အားထားသည်။
(၂)။ အားထားမှီခိုသည်။
(၃)။ နတ်ပူဇော် ပသသည်ဟု မြန်မာအဘိဓာန်၌
သုံးနက်ဖွင့်ဆိုထားသည်။
ဤပဏိပါတ သရဏဂုံအရ ရှိခိုးခြင်း၊ ခရီးဦးကြိုဆို ခြင်း၊
လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်းတို့သည်လည်း
သရဏဂုံ= ကိုးကွယ်မှုပင်ဖြစ်၏။

■အကျဉ်းချုပ် စိစစ်ရလျှင် မူလသရဏဂုံတည်နေသော
ဗုဒ္ဓဘာသာဝင် တစ်ဦးတစ်ယောက်သည် တစ်လောကလုံးတွင်
အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်(အဂ္ဂဒက္ခိဏေယျ) ဟု
နှလုံးသွင်းမှတ်ယူကာ နတ်၊ ဘိုးတော်၊စသူတို့ကို
ကိုးကွယ်လျှင်(ဝါ)ရှိခိုးမှု၊ ခရီးဦးကြိုဆိုမှု၊ အရိုအသေပြုမှု၊
လက်အုပ်ချီမှုတို့ကို ပြုလျှင် မူလသရဏဂုံပျက်ပါသည်။

■တစ်လောကလုံးတွင် အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်ဟု
နှလုံးသွင်းမှတ်ယူမှုမျိုး မရှိဘဲ မပူဇော်၊မပသလျှင်
(ဝါ) မရှိခိုးလျှင် ဘေးအန္တရာယ်ပြုမည်စိုးသောကြောင့်လည်းကောင်း၊
စီးပွားလာဘ်လာဘ တိုးတက်စေလိုသော အကြောင်း
စသည်တို့ကြောင့်လည်းကောင်း ထိုနတ်၊ ဘိုးတော်၊
စသူတို့အား ပူဇော်ပသမှု၊ ရှိခိုးမှုကိုပြုလျှင်
မူလသရဏဂုံ မပျက်ပါချေ။( အသေအချာ မှတ်သားရန်လို၏)

■ဆက်၍ဆိုပါဦးမည်။
ဆိုခဲ့ပြီးသော အကြောင်းတို့ကြောင့် နတ်၊ ဘိုးတော် စသူတို့ကို
ကိုးကွယ်ကောင်းသည်ဟု ဆိုရသော်လည်း သူတို့ကို
ကိုးကွယ်သည့်အခါ “ရတနာသုံးပါး” ထက် မကျော်လွန်မိဖို့
အထူးသတိပြုသင့်ကြ၏။ ဘုရားကို ဆွမ်း၊
ရေချမ်း၊ ဆီမီးတို့ကို ကပ်လှုပူဇော်ရန် သတိမရကြသော်လည်း
နတ်ပွဲ၊ ဘိုးတော်ပွဲများမှာ အုန်းသီး၊ ငှက်ပျောသီး၊ ပန်းစသည်တို့
မညှိုးနွမ်း မခြောက်ရလေအောင် အထူးဂရုစိုက်သူများ ရှိကြ၏။
နတ်၊ ဘိုးတော်တို့၏ ရုပ်တု၊ ရုပ်ပုံများကိုလည်း
ဘုရားစင်တွင် ဘုရားနှင့် တစ်တန်းတည်း
တင်ထားကိုးကွယ်ကြ၏။ အထူးသတိထားသင့်ပါသည်။

■ဤအပြုအမူများသည် နတ်၊ဘိုးတော်တို့ကို
ရတနာသုံးပါးထက် ပိုပြီး အမြတ်ထားသည့်သဘော
သက်ရောက်နေ သည့်အတွက်မူလ သရဏဂုံ ပျက်နိုင်ပါသည်။
ထို့ကြောင့် နတ် စသူတို့ကို ကိုးကွယ်သူများသည်
နတ်၊ ဘိုးတော် စသူတို့ထက် ရတနာသုံးပါးကို ပိုပြီး
ဂရုတစိုက် ကိုးကွယ်ဆည်းကပ်ကြရမည်။
ရတနာသုံးပါးကို ထိုအရာများ ထက် ပိုပြီး
အမြတ်တနိုးထားနိုင်ပါမှ၊ဂရုစိုက်နိုင်ပါမှ
မူလခံယူဆောက်တည်ထားသည့် သရဏဂုံ
တည်မြဲမည် ဖြစ်ပါသည်။

■“အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး”ကလည်း
ဤအဋ္ဌကထာများလာ အဆိုအမိန့်များကို ကိုးကား၍
ဖော်ပြခဲ့သည့်အတိုင်း ဆုံးဖြတ်ထားပေသည်။
အချုပ်မှာ နတ်၊ ဘိုးတော်၊ စသူတို့ကို ကိုးကွယ်တိုင်း
သရဏဂုံမပျက်၊ ပျက်သည်လည်းရှိ၏။
မပျက်သည်လည်းရှိ၏။ ကိုးကွယ်မှုအနေအထားကိုလိုက်၍
ပျက်- မပျက် ဆုံးဖြတ်ရမည်။

“သရဏဂုံညစ်နွမ်းခြင်း”
•••••••••••••••••••••••••••••
လောကုတ္တရာသရဏဂုံ၊ လောကီသရဏဂုံနှစ်ပါးတို့တွင်
လောကုတ္တရာ သရဏဂုံသည် မည်သည့်အခါမျှ ညှိုးနွမ်းမှုမရှိ၊
ပျက်မှုမရှိ။ အမြဲတစေ သန့်ရှင်းစင်ကြယ်လျက်ရှိ၏။
ပုထုဇဉ်တို့ သန္တာန်၌ ဖြစ်သော လောကီသရဏဂုံမှာမူ
ရတနာသုံးပါးတို့၏ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို
မသိနားမလည်ခြင်း(အညာဏ)၊
ရတနာသုံးပါးတို့အပေါ်၌
တကယ့်ဘုရားစစ် ဘုရားမှန်ပဲဖြစ်သလား၊
ဘုရားစစ်ဘုရားမှန် မဟုတ်ဘဲ ဖြစ်လေသလား”
ဟု ယုံမှားသံသယဖြစ်ခြင်း(သံသယ)၊
ရတနာသုံးပါးတို့၏ ဂုဏ်တော်၊ ကျေးဇူးတော်များကို
မှန်ကန်သည့် ဂုဏ်တော်၊ ကျေးဇူးတော်များ မဟုတ်ဟု
မမှန်မကန် ဖောက်ဖောက်ပြန်ပြန် ရှုမြင်ခြင်း၊(မိစ္ဆာဥာဏ)၊
ရတနာသုံးပါးတို့၌ လေးစားမှု ရိုသေမှုများ ကင်းမဲ့ခြင်း၊
(အနာဒရ၊ အဂါရဝ)) စသည်တို့ကြောင့် ညစ်နွမ်း၏။

ထိုသရဏဂုဏ်သည် မစင်ကြယ်၍ အရောင်မလတ်၊
အစွမ်းသတ္တိ မကြီးမြတ် တော့ချေဟု အဋ္ဌကထာ၌ ဖွင့်၏။
အထူးသတိထားရမည်ဖြစ်ပါသည်။

ဆက်လက်ရေးသားပါဦးမည်။
[မှတ်ချက်။ ။ ဓမ္မာစရိယဦးအေးနိုင်(ဘီအေ)၏
“ဗုဒ္ဓဘာသာဂုဏ်ရည်စာအုပ်”မှ
ကောက်နှုတ်ရေးသားခြင်းဖြစ်ပါသည်။]
စာဖတ်သူအားလုံး ဘေးအန္တရာယ်ကင်းရှင်း၊
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒများ ပြည့်ဝကြပါစေ။
-【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)


Posted via Blogaway

Ooredoo အသုံးပြုသူတွေအတွက် Quick ORD apk ငွေလွှဲရင်လည်း ရတယ်တဲ့

Ooredoo အသုံးပြုသူတွေအတွက် Ooredoo ရဲ့ လွယ်ကူစွာအသုံးပြုနိုင်သောနံပါတ်များကို စုစည်းပေးထားတဲ့ apk ပဲဖြစ်ပါတယ်။ ငွေစစ်ချင်တာပဲဖြစ်ဖြစ် တစ်ခြားဝန်ဆောင်မှု အသုံးပြုချင်တာပဲဖြစ်ဖြစ် dialer ကြီးကိုဖွင့်ပြီ နှိပ်နေစရာမလိုတော့ပါဘူး Application ကိုဖွင့်ပြီးတစ်ချက်နှိပ်ရုံပါပဲ။ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေကတော့
1. ဖုန်းငွေဖြည့်ခြင်း
2. တစ်ခြားဖုန်းအား ငွေဖြည့်ပေးခြင်း
3. ငွေလက်ကျန်စစ်ခြင်း
4. ဝန်ဆောင်မှုများ စီမံခြင်း
5. ကိုယ့်ဖုန်းနံပါတ်ကို ပြန်ကြည့်ခြင်း
6. ငွေလွှဲခြင်း
7. Top Me Up
8. Call Me Back
အစရှိတဲ့ function တွေပါဝင်ပါတယ်။
Developed by မြတ်မင်းစိုး ( MMAS )

အောက်ကလင့်မှာဒေါင်းနိုင်ပါတယ်

 https://m.app.box.com/view_shared/ah9v5512o2923kgdo9mp 


Posted via Blogaway

♪ MPT ၏ လှည့်ကွက်တွင် အငိုက်မမိစေရန် ♫

♪ MPT ၏ လှည့်ကွက်တွင် အငိုက်မမိစေရန် ♫
မောင်ပေါက် ( Maung Pauk ) / 6 hours ago

MPT ၏ လှည့်ကွက်တွင် အငိုက်မမိစေရန်
******************************
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်၏ ရက်၃၀ ဖုန်းခေါ်ဆိုခ လျှော့ချမည့်အစီအစဉ်မှာ လှည့်ကွက်များရှိနေပါသည်။

အကြောင်းစုံကို ရှင်းပြပါမည်။

ဖုန်းနံပတ် သုံးခုကို MPTက မှတ်တမ်းတင်ထားမည်။ ထို ဖုန်းနံပတ်သုံးခုကို သင်က တစ်လအတွင်း မိနစ်၁၀၀ မသုံးနိုင်လျှင် သင့်ဘက်က အရှုံးပေါ်နေပါပြီ။
အလျှင်ဆုံး သင့်ဖုန်းထဲမှာ ငွေ၅၀၀၀ ရှိတယ်ဆိုပါတော့။

1331ကို ADD 09..........
1331ကိုADD 09........
1331ကို ADD 09.........
သုံးကြိမ် မက်ဆေ့ ပို့ရမည်။

ပို့ပြီးလျှင် သင့်ဖုန်းထဲမှ ၂၅၀၀ ကျပ် ချက်ချင်း ဖြတ်ယူသွားပါပြီ။ထို့ကြောင့် လက်ကျန်ငွေ၂၅၀၀ သာရှိပါတော့သည်။

ပြီးနောက် မှတ်တမ်းတင်ထားသော ဖုန်းနံပတ် တစ်ခုကို ခေါ်ကြည့်ပါ။ ၄မိနစ်ပြောကြည့်ပါ။ ငွေပြန်စစ်လျှင် ၂၄၀၀ ပဲကျန်ပါတော့မည်။

အလျှင်ဖြတ်ထားသော ၂၅၀၀ မှာဝန်ဆောင်ခ သက်သက်သာဖြစ်ပါသည်။
သင့်ဘက်က ၂၅၀၀ အရှုံးပေါ်နေပြီ။

မိနစ် ၁၀၀ ပြောမှသာ ထို၂၅၀၀ အတွက် အရင်းပြန်ရပါသည်။မပြောနိုင်လျှင် နာပြီသာမှတ်။
မသိလို့ ၂၅၀၀ အဖြတ်ခံရတော့ သာမန်ထက်ပိုပြီး ဖုန်းခေါ်မယ်။ အဲဒီတော့ ငွေဖြည့်ကဒ် ပိုရောင်းရတာပေါ့ဗျာ။

အင်တာနက်ပါသုံးရင်တော့ ပိုတောင် ကုန်အုံးမယ်။
မြန်မာပြည်မှာ ဖုန်းသုံးတိုင်း ချမ်းသာလို့၊ငွေပေါလို့မဟုတ်ပါဘူး။ လူဆယ်ဦးမှာ ရှစ်ဦးက မိနစ်၁၀၀ ကို ဖုန်းနံပတ် သုံးခုတည်းကုန်အောင်မသုံးနိုင်ပါဘူး။

ဒါ့ကြောင့် အရှုံးပေါ်တဲ့လူက ပိုများပါတယ်။
ဒါဟာ MPTရဲ့ လှည့်ကွက် တစ်ခုသာ ဖြစ်ပါတယ်။ မသိလို့ အငိုက်မိသွားမှာ စိုးလို့သတိပေးခြင်း ဖြစ်ပါတယ်။

စေတနာဖြင့်~~~
ပြည်ငြိမ်း


Posted via Blogaway

♪ စက်တင်ဘာလတွင် ရောင်းချမည့် Telenor ဆင်းမ်ကတ်များ 4G ကွန်ရက်အထိ အသုံးပြုနိုင်မည်

န်ာဝေဆက်သွယ်ရေးကုမ္ပဏီက ၎င်းတို့၏ဆင်းမ်ကတ်များနှင့် မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုများကို လာမည့်စက်တင်ဘာလတွင်ရောင်းချသွားမည်ဖြစ်သည်။ Telenor Myanmar သည် 4G ကွန်ရက်အထိ အသုံးပြုနိုင်မည့် ဆင်းမ်ကတ်အရေအတွက် သန်း ၃၀ ကို ရောင်းချသွားမည်ဖြစ်သည်။ ထို့အပြင် Video Call, Voice Mail ကဲ့သို့သောဝန်ဆောင်မှုများလည်း ပါဝင်လာမည်ဖြစ်ပြီး Telenor ဆင်းမ်ကတ်များတွင် အင်တာနက်စနစ် တစ်ခါတည်းပါဝင်လာမည်ဖြစ်သည်။ Telenor ဆင်းမ်ကတ်များကို မှတ်ပုံတင်ကတ် တစ်ခုဖြင့် အကန့် အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး နော်ဝေဆက်သွယ်ရေးကုမ္ပဏီက ၎င်းတို့၏ ဆင်းမ်ကတ်များကို မြို့ကြီးများတွင်သာမက ကျေးလက်ဒေသတွင် နေထိုင်သူများအတွက်ပါ အဓိက ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်


Posted via Blogaway