Monday, December 1, 2014

မော်ဟန်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ



> မူးယစ်ဆေးဝါး အန္တရာယ်ကင်းစင်ပပျောက်ရေး ဆိုင်းဘုတ် ပိုစတာ စိုက်ထူ
> မိုးညှင်း၊ ဒီဇင်ဘာ ၁
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ၊ ဘူတာစုရပ်ကွက်၊
> စည်ပင်သာယာဈေးအရှေ့တွင် ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန်က
> မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ပပျောက်ရေး
> ဆိုင်းဘုတ်ပိုစတာစိုက်ထူခြင်းနှင့် မှုခင်းကျဆင်းရေး အသိပညာပေး
> ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
> အခမ်းအနားတွင် မော်ဟန်ကျေးရွာ၊ ရဲကင်းနယ်မြေ စခန်းမှူး ရဲအုပ်ဋ္ဌေးအောင်က
> မူးယစ်ဆေးဝါး အန္တရာယ် ကင်းစင်ပပျောက်ရေးအတွက် ဆောင်ရန် ရှောင်ရန်တို့ကို
> အသိပညာပေး ဟောပြောခဲ့ပြီး၊ မော်ဟန်ကျေးရွာ ကချင်တိုင်းရင်းသား စာပေနှင့်
> ရိုးရာယဉ်ကျေးမှုအဖွဲ့တို့မှ ဒေသတွင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ကို
> ဖွဲ့စည်းထားပြီးဖြစ်၍ ရပ်မိရပ်ဖဒေသခံများ အသင်းအဖွဲ့များနှင့်
> ပူးပေါင်းကာ မူးယစ်ဆေးဝါး အန္တရာယ်ကို ကင်းစင်ပပျောက်အောင်
> ဝိုင်းဝန်းဆောင်ရွက်သင့်ကြောင်း ရှင်းလင်းပြောကြားသည်။ အဆိုပါ
> အခမ်းအနားသို့ မော်ဟန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဦးနှင့်
> ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊
> ကချင်တိုင်းရင်းသား စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့၊ ဒေသတွင်း
> မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနောင်လတ်နှင့် အဖွဲ့ဝင်
> ဦးယိန်းဘောမ်၊ ရပ်မိရပ်ဖများ၊ ဋ္ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ
> အင်အား ၁၀၀ ကျော်တက်ရောက်ခဲ့ကြပြီး "မူးယစ်အန္တရာယ် ဒို့အားလုံး
> ပါဝင်တိုက်ဖျက်ကြပါစို့" ဟူသည့် ဆောင်ပုဒ်ကို တက်ရောက်လာကြသူများက
> သုံးကြိမ်တိတိ တစ်ညီတစ်ညွှတ် သံပြိုင် ကြွေးကြော်ကာ အခမ်းအနားကို နံနက် ၈
> နာရီခွဲတွင် ရပ်နားခဲံကြောင်း သတင်းရရှိသည်။