Saturday, December 17, 2016

မော်လူးမှာပဉ္စမအကြိမ်မြောက်စာပေဟောပြောပွဲအဖြစ် ကျင်းပပြု လုပ်






မော်လူးဒေသ ဒီဇင်ဘာစာပေဟောပြောပွဲကို
ပြည်သူ့အားကစားကွင်း တွင်
ပဉ္စမအကြိမ်မြောက်စာပေဟောပြောပွဲအဖြစ်
ကျင်းပပြု လုပ်

မော်လူး ဒီဇင်ဘာ ၁၇
================================

စစ်ကိုင်းတိုင်းဒေသကြီး 
အင်းတော်မြို့နယ် မော်လူးမြို့

ဘော့လုံးကွင်းပြင်တွင်

ဒီဇင်ဘာ ၁၇ရက် ည၇ နာရီ အချိန်က 

စာပေချစ်မြတ်နိုးသူလူငယ်များ အဖွဲ့မှဦးစီးဆောင်ရွက်သော ပဉ္စမအကြိမ် မြောက် စာပေဟောပြောပွဲကိုကျင်းပပြု လုပ်ခဲ့သည်။

အခမ်းအနားတွင်
မော်လူးအုပ်ချုပ်ရေးမှူး နှင့်
ပဉ္စမအကြိမ်စာဟောပြောပွဲဖြစ်မြောက်ရေး
အကျိုးတော်ဆောင်ဥက္ကဌ
 ဦးတင်ငွေ(ညိုမင်းထက်- မြန်မာစာ)တို့က
အမှာစကားပြောကြားပြီး
အမျိုးသားစာပေဆုရှင်
တစ်သက်တာစာပေဆုရှင်ဆရာကြီး
 ဦးကိုလေး   ကိုလေး(အင်းဝဂုဏ်ရည်)
မှ ကဗျာရွတ်ကြစို့ခေါင်းစဉ်ဖြင့်၎င်း 

ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)က
 ရသစာပေခေါင်းစဉ်ဖြင့်၎င်း---

ဆရာဇော်ခိုင်ဦး(မန္တလေး)မှ
 ကျော်ရမယ်ခေါင်စဉ်ဖြင့်၎င်း
ဟောပြောကြပါသည်။

မြန်မာပြည်အထက်ပိုင်းဒေသ၏
ကြမ်းတမ်းလှသောအအေးဒဏ်ကိုအံတုကာ
ဒေသခံစာပေချစ်သူများမှ
အားတက်သရောတက်ရောက်နားထောင်ခဲ့
ကြသည်ကိုတွေ့ရှိရပါသည်။

ယဉ်ယဉ်သိန်းနဘား
၁၇  ၁၂  ၂၀၁၆