Saturday, June 25, 2016

မိုးကြိုးပစ်လို့ စက်ကွင်းမိသဖြင့် နွားတစ်ကောင်သေဆုံးခဲ့


နန့်ကျဲချောင်းကမ်းအနီး 
သူရောင်း-ဖောင်းပြင်ကွင်းတွင် လယ်ထွန်နေစဉ် မိုးကြိုးပစ်ရာမှ စက်ကွင်းမိသဖြင့်
နွားတစ်ကောင်သေဆုံးခဲ့
မော်လူး ဇွန် ၂၆
@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်
မော်လူးဒေသ သူရောင်းကျေးရွာအုပ်စု
နန့်ကျဲချောင်းကမ်းအနီး သူရောင်း-ဖောင်း
ပြင်ကွင်းတွင် လယ်ထွန်နေစဉ် မိုးခြိမ်း လျှပ်စီးလက်ရာမှ ခိုင်းနွားတစ်ကောင်မှာသေဆုံးခဲ့ကြောင်းသိရသည်
ဖြစ်စဉ်မှာ ဇွန် ၂၆ရက်နံနက်၅နာရီခွဲအချိန်ခန့်ကမော်လူးကျေးရွာ
အုပ်စု မင်းသာကျေးရွာနေ ဦးဇော်ထက်(၃၅)နှစ်(ဘ)ဦးခင်ဇော် တောင်သူမင်းသာကျေးရွာနေသူသည် နန့်ကျဲချောင်းကမ်း အနီး သူရောင်း-ဖောင်းပြင်ကွင်း အမှတ်(၅၇၀)ဦးပိုင်အမှတ်၅၇/၁တွင်လယ်ထွန်နေစဉ် မိုးခြိမ်းလျှပ်စီးလက်ရာမှ မိုးကြိုးလျှပ်စစ်စက်ကွင်းမိသဖြင့် ဦးဇော်ထက်မှာနေရာတွင်ထိုင်လျက်အနေအထားဖြင့် ၅မိနစ်ခန့်သတိလစ်ခဲ့ပြီး သတိပြန်ရချိန်တွင် အသက်(၁၀)နှစ်ခန့်ရှိ နွားဝါ ဘယ်ဘက်အတိုင်မှနွားထီးတစ်ကောင်လျှာထွက်လျက်သေဆုံးနေကြောင်း
ဦးဇော်ထက် မှာထိခိုက်မှုဒါဏ်ရာတစ်စုံတစ်ရာမရရှိသော်လည်းဦးခေါင်းပိုင်း တွင်အနည်းငယ်နာကျဉ်ခဲ့သဖြင်
့ မော်လူးတိုက်နယ်ဆေးရုံသို့ ဆေးဝါးကုသခံယူလျက်ရှိကြောင်း
သိရသည်
``ဒီမနက်၅နာရီခွဲလောက်က လယ်ထွန်နေတဲ့အခါ မိုးခြိမ်းပြီး လျှပ်စီးလက်တော့
ဗြုန်းကဆို ၅မိနစ်လောက် သတိလစ်ပြီး ထိုင်လျက်သားဖြစ်သွားတာပါ သတိရလို့ ကြည့်လိုက်တော့ (၁၀)မိုးလောက်ရှိတဲ့ နွားဝါနွားထီးတစ်ကောင်ကတော့လျှာထွက်ပြီးသေနေတာကိုတွေရပါတယ်
ကျွန်တော်ခေါင်းပိုင်က နာကျင်ကိုက်ခဲလို့
မော်လူးတိုက်နယ်ဆေးရုံမှာတက်ရောက်ကုသခဲ့ပါတယ် နွားတစ်ကောင်ကသေခဲ့လို ကျန်တဲ့တကောင်နဲ့ဘယ်
လိုမှထွန်လို့မရတော့ပါဘူး ကျွန်တော်တို့တစ်အိမ်လုံးမှာလည်းဒီနွားတစ်ကောင်
ဘဲကျန်တော့တာပါ အခုကျန်တဲ့နွားက လည်းဘာတွေဖြစ်လာမလဲ ကျန်းမာရေး
ကဘယ်လိုရှိနေမယ်ဆိုတာမပြောတပ်တော့ပါဘူး´´ဟု မင်းသာကျေးရွာနေ
တောင်သူဦးဇော်ထက်မှပြောပြသဖြင့်သိရသည်
Cyclone

စားသုံးသူအကာအကွယ်ပေးရေးအသိ ပညာပေးဟောပြောပွဲ မော်လူးမှာ လုပ်တယ်ဆိုဘဲ



စားသုံးသူအကာအကွယ်ပေးရေးအသိ ပညာပေးဟောပြော
ပွဲကိုဇွန်လ ၂၅ ရက်နေ့ ၁၀ နာရီအချိန်ကမော်လူး အုပ်ချုပ်ရေးမှူးရုံးတွင်ကျင်းပပြုလုပ်ရာ ဦးကြည်နိုင်ဦး၊စားသုံးသူရေးရာဦးစီးဌာန၊ဦးသာဆန်း စိုက်ပျိုးရေးဌာန၊ဦးလှမျိုးလွင်၊မီးသတ်ဦးစီးဌာန ဒေါက်တာဝတ်မှုံထွန်း၊ကျန်းမာရေးဌာနတို့ကအသီးသီးဟောပြောကြသည်။

Yezin Agricultural University . ရေဆင်းးစိုက်ပျိုးရေးး တက္ကသိုလ် ... ဝင်ခွင့်

စိုက်ပျိုးရေး တက္ကသိုလ် ဝင်ခွင့် ခေါ်ပြီ


အင်းတော်မှာရော အဲ့ဒါလိုမျိုးရှိလေသလား အင်းတော်က က ဘဘ တို့ သားတို့ မော်လူးမှာတော့ ရှိဘူး



ဒီညနေ
တိုင်းရုံးကို ပင်နီဝတ်
လူတစ်ယောက် ရောက်လာတယ်။
ရုံးခန်းဝမှာ ဒီဌာနက
အကြီးဆုံး နဲ့ တွေ့ချင်တယ် တဲ့။
ရုံးက ဌာနခွဲစာရေးက
ဘာကိစ္စလဲ ဆိုတော့ ငါ လွှတ်တော်ကိုယ်စားလှယ်
မင်းတို့ လူကြီးအကြီးဆုံးနဲ့ တွေ့ချင်တယ်။ ဘာကိစ္စလဲ
မေးစရာ မလိုဘူး ။ တွေ့ဖို့ လုပ်ပေးလို့ဘဲ နင်းကန်ဟောက်နေတော့။
တပည့်ကျော်က
ဆရာ အခန်းထဲကို
ထည့်ပေးလာတော့ လက်ခံတွေ့ဆုံဖြစ်တယ်။
ပြီးတော့ တောင်မေး
မြောက်မေးနဲ့ ခင်ဗျားတို့ဌာနက
ဘာတွေလုပ်တာလဲ? လုပ်ငန်းစဉ်က ဘာလဲ? တဲ့။
ဌာနလုပ်ငန်းစဉ်တွေ
ပြောပြတော့ အဲဒါဆို
ကျွန်တော် သိချင်တာ ဒါမဟုတ်ဘူး
ဆောက်လုပ်ရေး ကဘယ်မှာလဲ? လုပ်ပြန်တယ်။
လွှတ်တော် ကိုယ်စားလှယ်လို့
ပြောတယ်။ပြည်သူ့လွှတ်တော်လား?
အမျိုးသား လွှတ်တော်လား? တိုင်းဒေသကြီးလား?
ကွဲကွဲပြားပြား မပြော ပြန်မေးရင် မကြိုက်ချင်ဘူး။ ။
လွှတ်တော်ကိုယ်စားလှယ်လို့
ပြောတယ်။ လုပ်ထုံးလုပ်နည်း နားမလည်ဘူး။
အစိုးရဌာနတွေက သူတို့လက်အောက်က ကျနေတာဘဲ။
မေးချင်တာ သိချင်တာ ရှိရင် သက်ဆိုင်ရာလွှတ်တော်က တစ်ဆင့်
သက်ဆိုင်ရာ အစိုးရကို မေးခွန်းမေးမြန်းပြီး သက်ဆိုင်ရာအစိုးရက ဝန်ကြီးကတစ်ဆင့်
ပြန်ဖြေပေးရတာ လုပ်ထုံးလုပ်နည်းအစစ်။ KTV မာဆတ် စစ်သလို ဘာမပြော ညာမပြော
ဌာနတစ်ခု ကို ဝင်မေးမြန်းတာ တရားမဝင်ဘူး။ ဗဟုသုတ အဖြစ် သိချင်ရင် စုံစမ်းသလို ရိုးသားစွာ
မေးမြန်းသင့်တယ်။ အစိုးရဌာနတွေက လွှတ်တော်ကိုယ်စားလှယ်လက်အောက်မှာ မရှိတာကို မသိတာလား?
သိသိနဲ့ လူစွာလုပ်တာလား ? ကတော့ ကာယကံရှင်ဘဲ သိလိမ့်မယ်။ နောက်ပြီး မေးချင်တာ မေးပြီး ကျွန်တော်သိချင်တာ
ဒါ မဟုတ်ဘူး ဆိုတော့ ဌာနတံဆိပ်နဲ့စာသားတောင် မဖတ်ဘဲ ဝင်လာတဲ့ ကိုယ်စားလှယ်တော်ကြီးကို အံ့သြမိပါရဲ့။ မစဉ်းစား မဆင်ချင်တာကိုပါ။
တပည့်တွေကို
နောင် ဘယ်သူဘာကိစ္စ လာလာ
ကိစ္စအရင်မေး ပြီးမှ အခန်းထဲသွင်းပေး ဆိုတော့
နင်းကန်ဟောက်နေတော့ ကျွန်တော်တို့လည်း ပင်နီဝတ်ဆို
ကြောက်တယ် ဆရာရဲ့ တဲ့။ ကြောက်လည်း ကြောက်စရာပါ။
ကျွန်တော့ကိုတောင် ဟောက်သွားချင်သေးတာ တိုင်းရုံး အားနာလို့ ထင်ပါရဲ့။
ဘုရား ဘုရား
နေ့ဓဒူဝ ဟောက်လိုက်
ဖြဲလိုက်နဲ့ နီနီမြင် လန့်နေရပါရော။

Facebook  မှ ကူးယူသည်။