Thursday, June 29, 2017

“ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကိုသင်္ကန်းတော်ဖြင့်​ ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း”



မြတ်ဗုဒ္ဓ သာသနာမှာ လက်ဝဲတော်ရံ
လက်ယာတော်ရံ ဆိုတာရှိတယ်။
လက်ဝဲတော်ရံဆိုတာ
တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလာန်ပါ။
လက်ယာတော်ရံဆိုတာ
ပညာအရာမှာ ဧတဒဂ်ရတဲ့အရှင်သာရိပုတ္တရာပါ။
တန်ခိုးက လက်ဝဲ၊ ပညာက လက်ယာ။
တန်ခိုးဆိုတာ
အာသဝေါတရားတို့ ရဲ့  ကုန်ရာခန်းရာ အရဟတ္တဓဇ၊
အရဟတ္တရဲ့ အလံတံခွန်သာဖြစ်တယ်။
ပညာဆိုတာကတော့ ၀ိပဿနာပညာ၊
မဂ်ပညာ၊ ဖိုလ်ပညာကနေ နိဗ္ဗာန်ကို ရဖို့ ရောက်ဖို့ ပါ။
ပုထုဇဉ်တို့ ရဲ့ စိတ်သဘာဝဆိုတာ အဆန်းကြိုက်၊ တစ်ခုရိုး တစ်မျိုးပြောင်းပြီး တစ်သံသရာလုံး ဆန်းတယ်ထင်တာတွေနောက်လိုက်ခဲ့ကြတယ်။
ရိုင်းရိုင်းပြောရရင်
လမ်းဘေးက မျောက်ပွဲ၊ မျက်လှည့်ပွဲကအစ ဆန်းတယ်ထင်တာ မှန်သမျှမှာ
လူတွေမေ့မျော သာယာနေတတ်ကြတယ်။
ဒီတော့ တန်ခိုးရဲ့  ဆန်းဆန်းပြားပြား
ဖမ်းစားမှုအပေါ် မေ့လျော့တွေဝေ သာယာနေကြရင် မဂ်ပညာ ဖိုလ်ပညာကွယ်မှာပဲ။
မဂ်ပညာ ဖိုလ်ပညာကွယ်ရင် သာသနာကွယ်မှာပဲ။
သာသနာကွယ်ပြီ ဆိုတာနဲ့ 
သတ္တ၀ါတွေရဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခအပေါင်းက လွတ်မြောက်ရာတရားတွေလည်းကွယ်တာပဲ။
ယောဂီတို့  တရားထိုင်ရာမှာလည်း တင်ပျဉ်ခွေကြား လက်နှစ်ဖက် ယှက်တင်တဲ့အခါ
လက်ဝဲလက်ကို အောက်က လက်ယာလက်ကို အပေါ်က ထားရတာလည်း ဒီသဘောပဲ။
လက်ဝဲဆိုတဲ့ တန်ခိုးသဘောကို လက်ယာဆိုတဲ့ ပညာက ဖုံးထားအုပ်ထား ဆင့်ထားရတယ်။
တစ်နည်းအားဖြင့်တော့ လက်ဝဲက သမထ၊ လက်ယာက ၀ိပဿနာ။
သမထ တန်ခိုးကိုသာ ပြလိုက်လို့ ကတော့ အညှီ ယင်အုံသလို နေတော့မှာပေါ့။
ရုပ် နာမ် ဖြစ်ပျက်တွေ အနိစ္စ ဒုက္ခ အနတ္တတွေ ဘာမှဟောလို့  ပြောလို့ နားဝင်တော့မှာ မဟုတ်ဘူး။
တန်ခိုးပြမိရင် တန်ခိုးပဲ ကိုးကွယ်မှာ။
ဝိပဿနာပညာ၊ ဖိုလ်ပညာ၊ မဂ်ပညာတွေဆိုတာ ကျင့်ကြံအားထုတ်ရမှန်းတောင် သိမှာမဟုတ်တော့ဘူး။
တန်ခိုးလောက်ရင် မိန်းမောနေရင် သံသရာဝဋ်ဆင်းရဲကမလွတ်မြောက်နိုင်ဘူး။
ဒါ့ကြောင့်တန်ခိုးဆိုတာ ဖုံးထားအပ်သောအရာ၊ ပညာသာလျှင် အမြဲအစဉ်
ဖွင့်ထားအပ်သောအရာ၊ ဖော်ထားအပ်သော အရာ၊
ဒါကြောင့် တန်ခိုးကို ကိုယ်စားပြုတဲ့
လက်ဝဲဘက်ကို သင်္ကန်းနဲ့ ဖုံးထားရတယ်။ ပညာကိုကိုယ်စားပြုတဲ့ လက်ယာဘက်ကိုတော့
ဖွင့်ပြထားရတယ်၊ ဖော်ထားရတယ်။
* မဟာဗောဓိမြိုင်ဆရာတော်ကြီး *
Credit Ashin Pannacara

Thursday, June 15, 2017

ခြင်းသမားများ လိုက်နာရန် စည်းကမ်း


ကမ္ဘာကသိတဲ့ကမ္ဘာထဲက
မြန်​မာ့ခြင်းလုံး
ခြင်းသမားတိုင်း လိုက်နာအပ်သော စည်းကမ်းများ
---------------------------------------
၁။ ပေးခြင်းကို ကောင်းကောင်းမွန်မွန် ပေးရမည်။ လူရှေ့သို့ မြှောက်၍ ပစ်ပေးရမည်။ လူနောက်သို့ ပစ်မပေးရ။

၂။ တဘက်သားက လက်ဖြင့် ပစ်ပေးသောခြင်းကို လက်ခံ၍ ခတ်ကစားရသောလူသည် ၎င်းပေးခြင်းကို အဆန်းမထွင်ရ။ လက်နှင့် ပေးသူထံသို့ ပထမဦးစားပေး၍ ပြန်လည်ရောက်ရှိအောင် ဒူး၊ ခြေခွင်၊ ဘေးဖဝါး၊ ရှေ့ဖဝါး စသော အခြေခံခြင်းရိုးတခုခုဖြင့် တချက်တည်းနှင့် ခတ်ပို့ပေးရမည်။

၃။ ဝိုင်းဖွဲ့၍ ခတ်ကစားကြရာတွင် မိမိညာဘက်ကိုသာလိုက်၍ ခတ်ရမည်။ ဘယ်လက်သို့ လိုက်မခတ်ရ။ မိမိ၏ ဘယ်ဘက်သို့ လာသောခြင်းကို ညာဘေးဖဝါးနှင့်သော်လည်းကောင်း၊ ဘယ်ဘေးဖဝါးနှင့်သော် လည်ကောင်း ခတ်ခွင့်ရှိလေသည်။ မိမိ၏ ညာလက်သို့ လိုက်၍ ခတ်ရမည်ဆိုသော်လည်း ညာဘက်ကလူအတွက် ဘေးဖဝါးတလုံးစာ နေရာချန်၍ လိုက်ရမည်။

၎။ မိမိ၏ ရှေ့ခြင်းဝိုင်းအတွင်းသို့ဝင်၍ သော်လည်းကောင်း၊ လိုက်၍ သော်လည်းကောင်း ခတ်ကစားရာတွင် ခြင်းဝိုင်း၏ အလက်ဗဟိုနေရာထက် ကျော်လွန်၍ မလိုက်သင့်ပေ။

၅။ တခြား ခတ်သား တယောက်ယောက်က ခတ်လွှတ်လိုက်သော ခြင်းသည် မိမိထံသို့ မြားဦးတည့်၍ လာမှသာ မိမိခတ်ကစားရမည်။

၆။ မိမိဘယ်လက်နှင့် ညာလက်မှ လူများထံသို့ မြားဦးတည့်လာသောခြင်းကို ရှေ့က ဖြတ်၍မခတ်ရ။ မှားပြီးဖြတ်၍ ခတ်မိသော်၎င်းခြင်းကို မိမိက ဖြတ်၍ယူလိုက်သူထံတွင် ချန်ထားခဲ့ရမည်။

၇။ ခတ်သားတယောက်သည် ခြင်းခတ်ယင်း ဝိုင်းလယ်သို့ ဝင်ထိုင်လျှင် ထိုသူ့ထံသို့ ခြင်းကောင်းကောင်းရောက်အောင် ပို့ပေးကြရမည်။ ဝိုင်းအလယ်မှ ထိုင်လျက်ခြင်းတောင်းသူ၊ မျှော်သူ ရှိနေစဉ် တခြားခတ်သားများက ခြင်းလုံးကို တော့ထားခြင်း ဆွဲထားခြင်း မပြုအပ်ပါ။

၈။ မိမိထံသို့လာသော ခြင်းကို လှည့်စဉ် ထိန်းထားဆွဲထားခြင်းမပြုရ။

၉။ မိမိခတ်ကစားလိုသည့် ခြင်းတကွက် ခတ်ကစားနိုင်ရန်အတွက် အခြေခံခြင်းကလေးများဖြင့် သုံးလေးလုံးအထိတော့၍ ဆင်ပြီးမခတ်ရ။

၁၀။ မိမိ၏ နောက်တည့်တည့်နှင့် ညာဘက်ဘေးသို့ ကျသော ခြင်းများကို မိမိ၏ တာဝန်ဖြစ်သည့်အတိုင်း ဆောလျင်စွာ လိုက်ကောက်၍ ပေးရမည်။

၁၁။ ခြင်းခတ်ရာတွင် အပေးအယူဝါဒကို ကျင့်သုံးရမည်။ မိမိခတ်ဖို့ကိုသာ စိတ်စောမနေရ၊ သူများခတ်ကစားနိုင်အောင်လည်း ပို့ပေးရမည်။

၁၂။ မိမိဘက်မှ ခြင်းမြေကျနည်းနိုင်သမျှနည်းစေရမည်။ ခြင်းမြေကျခြင်းကို စိုးရိမ်စိတ် နှမြောစိတ်ရှိရမည်။

၁၃။ ခြင်းဝိုင်းအတွင်း ဝိုင်းဖွဲ့၍ရပ်ပြီး ခတ်ကစားကြရာတွင် မိမိ၏ ဝဲယာရှိ လူတို့နှင့်အတူ အညီရပ်ကြရမည်။ မိမိက ရှေ့တလှမ်းတိုး၍ မရပ်ရ။ ရှေ့တလှမ်းတိုး၍ ရပ်လျှင် သို့မဟုတ် နောက်တလှမ်းဆုတ်၍ ရပ်လျှင် ခြင်းဝိုင်းသည် ဝိုင်းစက်ခြင်းမရှိနိုင်သဖြင့် ကြည့်၍ လည်းမကောင်း၊ ခတ်ကစား၍လည်း မကောင်းပါ။

ဤ အထက်ပါ စည်းကမ်းများသည် ရှေးအစဉ်အလာက ထားရှိခဲ့ကြသော စည်းကမ်းများဖြစ်ပါသည်။ နေ့စဉ် အပျော်ထမ်း ကျန်းမရေးအတွက် ခတ်ကစားကြသည့် ဝိုင်းများနှင့် ဆိုင်းဖြင့် ခတ်သော ဧည့်ခံအလှဝိုင်းများ ခတ်ကစားရာတွင် စည်းကမ်းများကို လိုက်နာကြရသည်

#Credit to
           (မျောက်ခြောက်ကောင်ထံမှ)

Saturday, June 10, 2017

နယုန်လပြည့်နေ့



* မဟာသမယ အခါတော်နေ့ *
--------------------------------------

     နယုန်လပြည့်နေ့

    ဗုဒ္ဓဘာသာဝင်တို့ ၏ အလေးအမြတ်ထား၍ပြု
အပ်သော အခါတော်နေ့တို့ သည် လစဉ်လပြည့်
ပြု လုပ်လေ့ရှိသောအခါတော်နေ့တို့ မှာ ………

၁။နှစ်သစ် မင်္ဂလာ အခါတော်နေ့

၂။ကဆုန်လပြည့် _ ဗုဒ္ဓ အခါတော်နေ့

၃။နယုန်လပြည့် _ မဟာသမယ အခါတော်နေ့

၎။ဝါဆိုလပြည့် _ ဓမ္မစကြာ အခါတော်နေ့

၅။ဝါခေါင်လပြည့် _ မေတ္တာ အခါတော်နေ့

၆။တော်သလင်းလပြည့်_ ဂရုဓမ္မ အခါတော်နေ့

၇။သီတင်းကျွ တ်လပြည့်အဘိဓမ္မာအခါတော်နေ့

၈။တန်ဆောင်မုန်းလပြည့် _|သာမည ဖလ
    အခါတော်နေ့

၉။နတ်တော်လပြည့် _ ဓမ္မ စာဆိုတော်များနေ့

၁၀။ပြာသိုလပြည့် _ ရှင်တစ်ထောင်အခါတော်နေ့

၁၁။တပိုတွဲလပြည့် _ သြဝါဒပါတိမောက်
      အခါတော်နေ့

၁၂။တပေါင်းလပြည့် _ မြတ်ဗုဒ္ဓ ပြည်တော်ဝင်
      အခါတော်နေ့

          ဤသို့ အားဖြင့် အခါတော်နေ့များအလေး
ထားလျှ က် လစဉ်လပြည့် ပြု လေ့ရှိရာတွင်ယခု
နယုန်လပြည့်နေ့သည်ကား မဟာသမယ အခါ
တော်နေ့ ဖြစ်သည်အတွက် ရိုသေ ဦးခိုက်ပူဇော်
ထိုက်သောနေ့ တစ်နေ့ အဖြစ် တင်ပြအပ်ပါသည်
       နယုန်လပြည့်နေ့၏ ထူးခြားချ က်တို့ မှာ ……
နယုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအဖို့ 
ငြိမ်းချ မ်းရေး မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့သော သ
မိုင်းဝင်နေ့ထူး နေ့မြတ် ဖြစ်ကြောင်း အထူးသတိ
ပြု သင့်သည်။မြတ်ဗုဒ္ဓသည် ထိုနေ့၌ပင် ကပိလ
ဝတ်ပြည်_ မဟာဝုန်တောကြီးအတွင်း"မဟာသမ
ယသုတ် " ဒေသနာတော်ကို ဟောကြားတော်မူ
ခြင်း အကြောင်းပြု ၍ နယုန်လပြည့်နေ့၌ မဟာသ
မယ အခါတော် ပွဲ ကျ င်းပကြခြင်းဖြစ်သည်။

အခြားသောထူးခြားချ က်တို့ မှာ……………

၁။ရေလု ပွဲကြီးဆင်နွှဲကြသော တောင်သူလယ်
    သမာတို့ ငြင်းခုံ ခိုက်ရန်ဘေးမှ ကင်းဝေရ
    သော နယုန်လပြည့် နေ့|

၂။ကပိလဝတ် နှင့် ကောလိယ နှစ်ပြည်ထောင်
    စစ်ခင်းတော့မည့်ဘေးအန္တရာယ်မှ ကင်းဝေးပြီး
    ငြိမ်းချ မ်းရေးရသော နယုန်လပြည့်နေ့|

၃။နတ်ဗြဟ္မာ အသူရာနှင့် ဂဠုံ နဂါးများ| ရဟန်း
    တော်များလက်ထက်တွင် ဤတစ်ကြိမ်သာစု
    ရုံးမိသော နယုန်လပြည့်နေ့|

၎။သာကီမင်းသားငါးရာတို့ သာသနာဘောင်သို့ 
    ဝင်ရောက်သော နယုန်လပြည့်နေ့|

၅။ရဟန်းတော်ငါးရာလုံး ရဟန္တာချ ည်းဖြစ်သော
    နယုန်လပြည့်နေ့|

၆။နိမ္မိတ ဘုရားမေး၍ ပကတိဘုရားဖြေဆိုသည်
    ကို နာရသော နယုန်လပြည့်နေ့|

၇။မဟာသမယ ကိုအကြောင်းပြု ၍ ဂဠုံ  နှင့် နဂါး
    တို့  ခိုက်ရန် မဖက် မေတ္တာသက်ဝင်သော
    နယုန်လပြည့်နေ့ |

၈။မဟာသမယ ဆိုင်ရာ သုတ္တန်- ၇ - မျိုးတို့ ကို
    ဟောကြားသော နယုန်လပြည့်နေ့ |

၉။ဘိက္ခု နီသာသနာ လမ်းစပေါ်သော နယုန်လ
    ပြည့်နေ့ |

         ဤကဲ့သို့ ထူးခြားမှုကို အာရုံပြု ၍ ဗုဒ္ဓဘာ
သာဝင်တိုင်းက နယုန်လပြည့်နေ့ကို မဟာသမ
ယ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ပူဇော်
ကျ င်းပ ပြု လုပ်နိုင်ကြရန်နှိုးဆော်အပ်ပါသည်။

          မဟာသမယ သမိုင်း အကျ ဉ်း

         မြတ်စွာ ဘုရားရှင် သက်တော် ထင်ရှား ရှိ
 စဉ် အခါက အိန္ဒိယ နိုင်ငံတွင် ကပိလဝတ်ပြည်
မှ လယ်သမားများနှင့် ကောလိယပြည်မှ လယ်
သမားတို့  ရောဟနီ မြစ်ရေကို အကြောင်းပြု ၍
ရေလုပွဲကြီး ဆင်နွှဲခဲ့ကြဖူး၏ ။လယ္သမားမ် ားအား
အကြောင်းပြု ၍ နှစ်ဖက် နှစ် နိုင်ငံမှ မင်းညီ မင်း
သားများနှင့် စစ်သည်တော်များသည်လည်းရော
ဟနီမြစ်ရှိရာသို့ ရောက်ရှိလာကြ၏ ။နှစ်ဖက် နှစ်
နိုင်ငံမှ လူအများတို့ သည် တုတ်_ ဓါး _ လက်
နက် ကိုင်ဆောင်၍ ထိုးခုတ်တိုက်ခိုက်တော့မည့်
အခြေအနေသို့ ရောက်ရှိနေကြ၏ ။
      ယင်းပဋိပက္ခ ဖြစ်သည့်နေရာသို့  မြတ်ဗုဒ္ဓ
ရောက်ရှိလာပြီးငြိမ်းချ မ်းရေးကို  ရှေးရှု၍ အောက်
ပါဝတ္ထု များကို သာဓက ထုပ်၍ ငြိမ်းချ မ်းရေးတ
ရားကိုဟောတော်မူလေသည် ။

၁။ဝက်ဝံ နှင့် ရုက္ခစိုးနတ်တို့  ရန်ငြိုးဖွဲ့မှား၍ နှစ်ဦး
     သား ပျ က်စီးကြပုံ _ ဖန္ဒန ဇာတ်

၂။မြေပြို ပါပြီဟု ထင်ကြေးဖြင့် ဟစ်အော်ထွက်
    ပြေးသော ယုန်တစ်ကောင်၏စကားကို ယုံမှား
    ၍ တိရစ္ဆာန်များ အပြေးမှားပြီး ဆင်ရဲ ဒုက္ခ
    ရောက်ကြရပုံဒုဒ္ဒု ဘဇာတ်(ပထဝီဥနြ္ဒိယဇာတ်)

၃။အားသေးသော နှံစုတ်ငှက်မက အားကြီးသော
    ဆင်ပြောင်ကြီးကို အနိုင်ယူဖူး၍ ရန်သူအထင်
    မသေး သင့်ပုံ_ လဋု ကိကဇာတ်

၎။ညီညွတ်စဉ်အခါက ရန်သူ၏ လက်မှလွတ်
    မြောက်သော်လည်း စိတ်ဝမ်းကွဲ၍ အချ င်းချ င်း
    မညီ မညွတ်ဖြစ်သောအခါငုံးငှက်များ မုတ်ဆိုး
    ၏ ပိုက်ကွန်၌ အမိခံရပုံ_သမ္မောဒ မာနဇာတ်

၅။သက်မဲ့ဖြစ်သောသစ်ပင်များပင် တစ်စုတစ်ဝေး
    တည်းနေ၍  လေဘေးအန္တရာယ်မှ ကင်းဝေး
    နိုင်ပုံ _ ရုက္ခ ဓမ္မဇာတ်

၆။မိမိကိုယ်ကို ထိန်းသိမ်းဆုံးမရန် "အတ္တဒဏ္ဍ "
    သုတ်ကို ထုပ်ဆောင်ဟောပြ ဆုံးမတော်မူ
    သည် ။

       အထက္ပါ သာဓက - ၆ -မ် ိဳ းကို နာၾကားရ
သောအခါ နှစ်ဖက်သောတိုင်းပြည်မှ လယ်သမား
များနှင့် မင်းညီ မင်းသား စစ်သည်တော်များ
သည် ဒေါသမီး ငြိမ်းစေကာ လက်နက်များကိုစွန့် 
ပယ်၍ မေတ္တာဓာတ်များ အချ င်းချ င်းသက်ဝင်
လာကြကုန်၏ ။တစ်ဖက်လျှ င်_ ၂၅၀ _ စီ နှစ်ပြည်
ထောင်မှ မင်းညီ မင်းသား_ ၅၀၀ _ တို့ သာသန
ဘောင်သို့ ဝင်၍ ရဟန်းပြု ကြကုန်၏ ။
         ထိုရဟန်းတော်များသည် ဇနီမယားတို့  ကို
အောက်မေ့  တမ်းတ သတိရပြီး သာသနဘောင်
၌ မပျော်မွေ့နိုင်ဘဲ ရှိကြလေရာ မြတ်ဗုဒ္ဓက ဟိမ
ဝန္တာတော အတွင်း ကုဏာလ ရေ အိုင်သို့ တန်ခိုး
တော်ဖြင့် ခေါ်ဆောင်၍ ကုဏာလ ငှက်မင်း၏
ဇာတ်ကြောင်းကို ဟောတော်မူပါသည်။ တရားအ
ဆုံး၌ ရဟန်းတော် ငါးရာ လုံး သောတာပန် ဖြစ်
တော်မူကြပါသည် ။
        မြတ်ဗုဒ္ဓသည် ကုဏာလ ရေအိုင်မှ ကပိလ
ဝတ်ပြည်အနီး မဟာဝုန်တောကြီးသို့ ပြန်လည်
ြ ကွတော်မူရာ အပြန်ခရီးတွင် သောတာပန် ရ
ဟန်းငါးရာ လုံး တို့ မှာ မိမိတို့ ၏တန်ခိုးတော်ဖြင့်
လိုက်ပါလာကြကုန်၏။ထိုမဟာဝုန်တော်ကြီး၌
တရားတော်ကို ဆက်လက်အားထုပ်ရာ ရဟန်း
တော်အားလုံး ရဟန္တာ ချ ည်း ဖြစ်တော်မူကြပါ
သည်။
     ရဟန်းငါးရာတို့ သည် မိမိတို့ ရရှိပြီးသော တ
ရားထူးကို လျောက်ထားရန်နှင့် မြတ်ဗုဒ္ဓ ကို ဖူး
မျှော်ရန် " နယုန်လပြည့်နေ့ ညချ မ်းအချိန်တွင်
မြတ်ဗုဒ္ဓ ထံသို့ စုရုံးရောက်ရှိ လာကြကုန်၏ ။ဤ
သို့ ထူးခြားသော သံဃ အစည်းအဝေးကြီးကို
တွေ့မြင်ကြည်ညို လိုကြ ကုန်သော နတ် ဗြဟ္မာ
အသုရာနှင့် ဂဠုံ နဂါးတို့ သည် မဟာဝုန်တော
ကြီးသို့ အုပ်စုလိုက် စုရုံးရောက်ရှိလာကြကုန်၏ ။
      ဘုရားရှင်လက်ထက်တော်အခါက " နယုန်
လပြည့်နေ့" တွင် ဤ ကဲ့သို့ သောနတ်ဗြဟ္မာ
များ စုရုံးစည်းဝေးမိသောအချိန် ကို …
" မဟာသမယ "  ဟုခေါ်ဆိုပါသည်။ထို နတ်သ
ဘင်အစည်းအဝေး၌ နတ် ဗြဟ္မာ တို့ ၏ အမည်
နာမ အမ် ိဳ းမ် ိဳ းကို ထုပ်ဖေါ် မြွက်ကြား နှုတ်ခွန်း
ဆက်သောအားဖြင့် မိန့် ကြားသောစကားတော်
များကို "မဟာသမယသုတ်" ဟုခေါ်ဆိုရပါသည်။

   
                "နယုန်လပြည့် မဟာသမယ အခါ
တော်နေ့ " ဂုဏ ပူဇာ မင်္ဂလာ ကို ဤစာစုဖြင့်
ဦးခိုက် ပူဇော်လိုက်ပါ၏ ။

      (သုခိတာဟောထ ဒုက္ခ မုဉ္စထ)

cred

Friday, June 9, 2017

ခေါင်းဆောင် မတင်ထိုက်သူများ



ခေါင်းဆောင် မတင်ထိုက်သူများ
“ဂဏန်း၊ ပုတ်သင်၊ ကိုင်းပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”
၁။ ဂဏန်း = လက်မ ထောင်ခြင်း
၂။ ပုတ်သင် = ပြောသမျှ ခေါင်းငြိမ့်ခြင်း
၃။ ကိုင်းပင် = လေသင့်ရာ ယိမ်းတတ်ခြင်း
၎။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်ခြင်း
၅။ လိပ်မျိုး = မိမိဘက်သို့ ယက်တတ်ခြင်း
၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက။
၁။ ဂဏန်း
ဂဏန်းနဲ့ တူတဲ့ လူစားမျိုးတဲ့။ ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မတစ်ထောင် ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ၊ မင်းတို့က ဘာမှ သိတာမဟုတ်ဘူး။ ငါ့ဆရာ လာမလုပ်နဲ့ ဆိုတဲ့ လူစားမျိုးပါ။ အောက်လက်ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာ မတင်ထိုက်ဘူး။
၂။ ပုတ်သင်
ပုတ်သင်လို လူစားမျိုးတဲ့။ ဒီကောင်ကတော့ ကိုယ်ပိုင်အရည်အချင်းဘာမှ မရှိပါဘူး။ သူများပြောတိုင်း ခေါင်းညိတ်တယ်၊ ဘယ်သူက ပြောပြော “အေးလုပ်လိုက်ဆိုတာချည်းပဲ”။ အဲဒီလိုလူမျိုး ဆရာ တင်မိပြန်ရင်လည်း ငါးပါးမကဘူး။ ဆယ့်ငါးပါး လောက်မှောက်ရော။
၃။ ကိုင်းပင်
ကိုင်းပင်လို လူစားမျိုးတဲ့။ ဒီလူကတော့ ခပ်ညံ့ညံ့လူစားမျိုး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူး။ကိုယ်ပိုင်ရပ်တည်မှု မရှိဘူး၊ နေရာတကာ ရေလိုက် ငါးလိုက်ဆိုတဲ့ လူစားမျိုး၊ အစွယ်ကောင်းရင် ပါသွားတာချည်းပဲ၊ ကောင်းတာဆိုလည်း အစွယ်ကောင်းရင် လုပ်တယ်။ မကောင်းတာဆိုရင်လည်း မက်လုံးကောင်းရင်လုပ်တယ်။ ပျော့ညံ့တဲ့ လူစားမျိုး၊ ဒီလိုလူစားမျိုးလည်း ဆရာ တစ်ယောက်အနေနဲ့ အားမကိုးထိုက်ပြန်ဘူး။
၎။ နွားသိုး
နွားသိုး နဲ့တူတဲ့ လူမျိုး။ ဒီကောင်ကတော့ ဘာမဆို အမှားအမှန် မဝေခွဲဘူး။ နေရာတကာ ရှုးဒိုင်းဒိုင်းနဲ့ စွတ်လုပ်တတ်တယ်။ နှလုံးရေ နည်းပြီး၊ လက်ရုံးရေ အားကိုးတဲ့ လူစားမျိုးပေါ့။ ဒီလိုလူမျိုး ခေါင်းဆောင်တင်မိရင်လည်း အားလုံးပျက်ဆီးဘို့များပြီ။
၅။ လိပ်
လိပ် နဲ့တူတဲ့ လူစား။ ဒီလူမျိုးကတော့ အတ္တကြီးတဲ့ လူစားပေါ့။ ဘာမဆို သူ့အတွက်ပဲ သူသိတယ်။ “ငါခေါင်းဆောင်၊ ငါပေးမှ မင်းတို့ ရမယ်၊ ငါပြီးမှ ပြီးမယ်”ဆိုတဲ့လူစားမျိုး၊ ကိုယ်ကျိုးစီးပွါးပဲ သိတယ်။ အများအတွက် ထည့်မတွက်တတ်တဲ့လူစားမျိုး။(ပရဟိတ စိတ်မ၀င်စားတဲ့ လူစားမျိုး)
၆။ ခွေးအ
ခွေးအနဲ့ တူတဲ့ လူမျိုး။ ဒီလူစားကတော့ ကောက်ကျစ်တယ်။ ဘယ်နေရာမဆို နည်းမှန်၊ လမ်းမှန်က မသွားတတ်ဘူး။ ဘယ်သူ့ကိုမဆို လှည့်စားလိုက်ရမှ စားဝင် အိပ်ပျော်တဲ့လူမျိုး။ ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက်ခုတ်ထဲက ရေလို၊ ကိုယ်လိုတဲ့ နေရာမှာပဲ အသုံးချတတ်တယ်။
Credit....
(သိင်္ဂါလောဝါဒသုတ်ကို ကိုးကားပါသည်)
ကွီးမိုးညချမ်း
᠌᠌᠌Ñãț

Thursday, June 1, 2017

သာဓု သုံးမျိုး


သာဓုခေါ်တယ်ဆိုတာ အမျိုးအစားအားဖြင့် သုံးမျိုးရှိတယ်။အဲဒါတွေကတော့-
၁။ သာဓု နောက်လိုက်
၂။ သာဓု ဘိန်းစား
၃။ သာဓု အ၀စား-တို့ပဲ ဖြစ်တယ်-ဟု မိန့်တော်မူကာ
သာဓု သုံးမျိုးကို ဆက်လက် ရှင်းပြတော်မူသည်။

၁။ “သာဓု နောက်လိုက်”
•••••••••••••••••••••••••••••••••
တချို့က သာဓုခေါ်တယ်ဆိုတာ ဘာမှ အားစိုက်ရတာမဟုတ်ဘဲနဲ့ ယုံယုံကြည်ကြည် လေးလေးစားစားကို မခေါ်ချင်ကြဘူး။သာဓုခေါ်ခြင်းရဲ့အကျိုးကိုလဲ သိပုံ မပေါ်ဘူး။စိတ်မပါ့ တပါနဲ့ သူများတွေက ခေါ်တဲ့နောက် လိုက်ပြီး သာဓုခေါ်လိုက်တာပဲ၊ ဘာရယ် ညာရယ် မဟုတ်ဘူး။သူများတွေ ယောင်လို့ လိုက်ယောင်သလို ဖြစ်နေတယ်။အဲဒီလို ရောယောင်ပြီး ခေါ်တဲ့ သာဓုမျိုးဟာ သာဓု-နောက်လိုက်လို့ ခေါ်တယ်။အကျိုးကျေးဇူး မများလှဘူး၊ သာဓု-နောက်လိုက် မဖြစ်အောင်လဲ
ကြိုးစားပြီး သာဓုခေါ်ကြပါ။

၂။ “သာဓု ဘိန်းစား”
••••••••••••••••••••••••
တချို့ကျပြန်တော့လဲ ပါးစပ်ကလေးလှုပ်ရုံမျှသာ သာဓုခေါ်ကြတယ်။တက်တက်ကြွကြွကို မရှိဘူး၊ ၀တ်ကျေ တန်းကျေလောက်ပဲ သဘောထားနေပုံရတယ်၊ သာဓုခေါ်ခြင်းရဲ့ အကျိုးကို
အထင်သေးနေကြသလား မသိဘူး၊ အထင်မသေးရဘူး။တကမ္ဘာတိုင်တိုင်တောင် အပါယ်ကလွတ်နိုင်တဲ့ အကျိုးကို ခံစားရတယ်။စိတ်မပါဘဲ အဲဒီလို ပါးစပ်ကလေး လှုပ်ရုံသာ သာဓု ခေါ်ခြင်းမျိုးဟာ
အဲဒါ “သာဓုဘိန်းစား”-လို့ ခေါ်တယ်၊ အဲဒါလဲ အကျိုး မများလှပြန်ဘူး။

၃။ “သာဓု အ၀စား”
••••••••••••••••••••••••
နောက်တမျိုးက သာဓုအ၀စားပဲ၊ သာဓုခေါ်ခြင်းရဲ့အကျိုးကို ပြည့်ပြည်၀၀ ခံစားလိုကြရင် စိတ်ပါလက်ပါ ၊
အားပါးတရ သာဓုခေါ်ကြဖို့ လိုတယ်။အဲဒီလို အားရ ပါးရ ခေါ်တဲ့ သာဓုမျိုးကျတော့
အကျိုးပြည့်ပြည့်၀၀ ရရှိခံစားရမှာမို့ အဲဒါ “သာဓု အ၀စား” လို့ခေါ်တယ်၊

သာဓုသုံးမျိုးဟာ ခေါ်တဲ့ပုဂ္ဂိုလ်တွေမှာ ပယောဂတူကြပေမယ်လို့ စေတနာကွာခြားမှုအရ အကျိုးပေးတဲ့အခါမှာလည်းကွာခြားတယ်ဆိုတာ နားလည်သဘောပေါက်ထားကြဖို့ လိုပါတယ်။

ရေစက်ချ အမျှဝေတိုင်း သာဓုခေါ်တဲ့အခါ သာဓုအ၀စားနဲ့ အမျှဝေ သာဓုခေါ်ကြဖို့ လိုတယ်။သာဓုခေါ်တဲ့အခါမှာ စိတ်ပါလက်ပါ အားပါးတရ ခေါ်ကြဖို့ ပြောလိုတယ်၊
အကျိုးပြည့်ပြည့်၀၀ ရချင်ကြရင် သာဓုအ၀စားနဲ့ သာဓုခေါ်ကြပါလို့ မှာလိုတယ်-ဟူ၍ သတိပေး ဟောကြားတော်မူခဲ့ပါသည်။

-【မဲဘောင်ဆရာတော်】