Wednesday, January 6, 2016

ကျေးဇူးတင် ဝမ်းမြောက်ခြင်း

https://my.pcloud.com/publink/show?code=MTyctalK
( ၆၈ ) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲမှ ကဗျာများကို PDF file အဖြစ် ဖန်းတီးထားပါတယ် သိမ်းဆည်းထားလိုသူမှား အပေါ်က link မှာ သွားပြီး download ဆွဲယူနိုင်ပါတယ် . . .




Maw Lu News မှ ပြုလုပ်ခဲ့သည့် (၆၈)နှစ်မြောက် မြန်မာနိုင်ငံ
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲသို့ ရေးသားပေးပို့လာကြသည့်
ကဗျာများ၏ ခေါင်းစဉ်နှင့် ရေးသားသူများမှာ -
(၁) အဲဒီနေ့ - ငြိမ်းစိုးဦး
(၂) ဇန်နဝါရီ - နေခြည်နွေးနွေး
(၃) အဓွန့်ရှည်စေသော်ဝ် - အေယံ
(၄) သို့ ... ဇန်နဝါရီ - ဒီပံ (လေးတန်မြေ)
(၅) လွတ်လပ်ရေး - ညောင်ပင်သာသားလေး မောင်ပေါက်
(၆) လွတ်လပ်ရေး ... သို့ - လူးငယ်
(၇) လွတ်လပ်ရေး - ကိုဥာဏ် (ဟဲနု)
(၈) လွတ်လပ် ဇန်နဝါရီ - ချို (သူရောင်း)
(၉) တို့ပြေ တို့မြေ - ခရေဖြူ
(၁၀) ၆၈ နှစ်ပြည့် - သက်နှင်း (ပဲခူး) တို့ ဖြစ်ကြပါတယ်။
ရေးသားပေးပို့လာသည့် ကဗျာများကို မော်လူးဒေသ သတင်းများစုစည်းရာ
ဝဘ်ဆိုဒ်နှင့် Maw Lu News ဖေ့စ်ဘုတ် စာမျက်နှာများတွင် ဖော်ပြပေးခဲ့သလို
ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင်လည်း အွန်လိုင်း ကဗျာပြပွဲအဖြစ် ကဗျာ ၁၀
ပုဒ်လုံးကို ဖော်ပြ တင်ဆက်ပေးခဲ့ပါသည်။ မော်လူးဒေသအနေဖြင့်
ယခင်ကပြုလုပ်ခဲ့သော ကဗျာပြပွဲများ၏ အတွေ့အကြုံအရ ကဗျာပုဒ်ရေ
ယခုလောက်များပြားလာလိမ့်မည်ဟု ကျွန်တော်တို့ ထင်မထားခဲ့ပါ။
ကဗျာပြပွဲပြုလုပ်ခဲ့သည့်အကြိမ်ထဲတွင် ယခုအကြိမ်သည့် ကဗျာပုဒ်ရေ
အများဆုံးဖြစ်ခဲ့သလို ကဗျာရေးသားကြသူများမှာလည်း မော်လူးဝန်းကျင်
နေရာစုံမှ ပါဝင်လာကြသဖြင့် ကဗျာပြပွဲ ပြိုင်ပွဲ ဖြစ်မြောက်ရန်
အားထုတ်ကြိုးပမ်းရကြိုးနပ်သလို ယခုကဲ့သို့ စိတ်ဝင်တစားရှိလာမှုအပေါ်
များစွာ ဝမ်းမြောက်မိပါသည်။ သို့ဖြစ်၍ ကဗျာဝါသနာရှင်များအား
ကျွန်တော်တို့ဘက်မှလည်း မေတ္တာတုံ့ပြန်သည့်အနေဖြင့် ကဗျာစာမူရှင်
တစ်ဦးလျှင် စာမူခအဖြစ် MPT GSM ငါးထောင်တန် ငွေဖြည့်ကတ် တစ်ကတ်စီနှင့်
ဂုဏ်ပြု မှတ်တမ်းလွှာတို့ကို ပေးပို့ပေးခဲ့ပါသည်။ ထို့ပြင် Like
အများဆုံးရရှိသည့် "သို့ . . . ဇန်နဝါရီ - ဒီပံ (လေးတန်မြေ)အား MPT GSM
တစ်သောင်းတန် ငွေ့ဖြည့်ကတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို
ပေးပို့ခဲ့ပါသည်။ နောက်နောင် မြန်မာနိုင်ငံ၏ အထင်ကရနေ့များတွင်လည်း
ယခုကဲ့သို့ ကဗျာပြပွဲများကိုလည်း Maw Lu News မှ အခါအားလျော်စွာ
ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသဖြင့် ကဗျာဝါသနာရှင်များအနေဖြင့်
ယခုအကြိမ်ကဲ့သို့ ဝင်ရောက်ရေးသားပေးပို့ကြရန်လည်း
မေတ္တာရပ်ခံတောင်းဆိုပါသည်။ စာပေမြှင့်မှ လူမျိုးတင့်မည်ဟူသည့်
စကားအတိုင်း မော်လူးနယ်သူနယ်သားများ စာပေကို ပိုမိုစိတ်ဝင်စားစေရန်
ရည်ရွယ်ပြီး ပြုလုပ်ရခြင်း ဖြစ်ပါသည်။ မြို့တစ်မြို့ ရပ်ကွက်တစ်ခု
ကျေးရွာတစ်ရွာတွင် ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ် အစရှိသူများ
တစ်ယောက်မကရှိနေနိုင်သော်လည်း(သို့) မွေးထုတ်ပေးနိုင်ပါသော်လည်း စာရေးဆရာ
ကဗျာဆရာတစ်ယောက်ကို မွေးထုတ်ပေးရန် မလွယ်ကူလှပါ။
ထိုသို့မမွေးထုတ်နိုင်သော်လည်း စာပေကို စိတ်ဝင်စားပြီး
စာဖတ်အားမြင့်တက်လာလျှင်ဖြင့် Maw Lu News မှ ယခုကဲ့သို့ပွဲမျိုးကို ပြုလုပ်ရကြိုးနပ်သည်ဟု ယူဆမိပါသည်။
မော်လူးဒေသ သတင်းများ စုစည်းရာ အက်ဒမင်များ