Saturday, December 3, 2016

လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း တဲ့ လေ့လာထားလိုက်



လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း
========================

လူတစ်ဦးဆီမှာ ပင်ကိုယ် `ဇ´ လေးတွေ ပါလာတတ်ပါတယ် ။

(0) လောဘကြီးသူ
(1) ဒေါသကြီးသူ
(2) မောဟစိတ်လွန်ကဲသူ
(3) မေတ္တာစိတ်ရှိသူ
(4)ဂရုဏာစိတ်များသူ
(5) မုဒိတာ တရားလက်ကိုင်ထားသူ
(6)ဥပေက္ခာသမား
ဆိုပြီး (7)မျိုး ခွဲခြာထားပါတယ် .......။
တွက်နည်းကတော့ လွယ်ပါတယ် ကိုယ်ရဲ့ မွေးသက္ကရာဇ်ရယ် ၊မွေးနံကို ဂဏန်းပြောင်းပြီး ပေါင်းပါ။
ရတဲ့ အဖြေ (7) နဲ့ စားရပါမယ် ထွက်လာတဲ့ အဖြေကတော့ ကိုယ့်ရဲ ပင်ကိုယ်စရိုက်ပေါ့ ။

ဥပမာ -
သင့် မွေးသက္ကရာဇ်က 1353 ခု သောကြာသားဆိုရင် 6ပေါ့။
1353+6=1359
1359÷7=1 ကြွင်းပေါ့
မြန်မာမွေးနှစ်မသိတဲ့လူတွေအတွက်တော့
http://www.mmcalendar.com/index.php
အဲဒီထဲမှာ အင်္ဂလိပ်ခုနှစ်က မြန်မာခုနှစ်ပြောင်းပြီး ကြည့်နိုင်ပါတယ်။

ယစ်မျိုးဥပဒေဆိုင်ရာ အသိပညာပေးတယ်ဆိုဘဲ


မော်လူးကျေးရွာတွင် ယစ်မျိုးဥပဒေဆိုင်ရာ အသိပညာပေးဟောပြော
မော်လူး၊ ဒီဇင်ဘာ ၂
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မော်လူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ယစ်မျိုးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၁နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲသို့ အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ ဒုဦးစီးမှူး ဦးစိုးထိန်ဝင်း၊ အင်းတော်မြို့နယ် ပြည်တွင်းအခွန်ဦးစီးဋ္ဌာန၊ မြို့နယ်စည်ပင်ဦးစီးဋ္ဌာနတို့မှ တာဝန်ရှိသူများ၊ မော်လူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ကျေးရွာအုပ်စုအသီးသီးမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ ယစ်မျိုးထုတ်လုပ် ရောင်းချသူများ၊ စားသောက်ဆိုင်ပိုင်ရှင်များ စုစုပေါင်းအင်အား ၇၀ ခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။ 

ယစ်မျိုးဆိုင်ရာ ဥပဒေများကို ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မှ အထောက်အကူပြုပစ္စည်း ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းသည်ကို ပြန်လည် ဖြေကြားရှင်းလင်းခဲ့ကြောင်း သိရသည်။ နေ့လည် ၁၂ အချိန်ခန့်တွင် ယစ်မျိုးဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြီးဆုံးခဲ့သည်။

CD>>Khin Swe