Sunday, January 4, 2015

၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
မိုးညှင်း| ဇန်နဝါရီ ၎
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု ပင်လုံကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ဇန်နဝါရီ ၄ ရက်က ၆၇  နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ နိုင်ငံတော်အလံ လွှင့်တင်ခြင်း အခမ်းအနားကို နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။ ထို့နောက် ပင်လုံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လွင်| ရာအိမ်မှူး ဦးဝင်းမြင့်| မြိုင်သာယာကျေးရွာ အထက ကျောင်းအုပ်ဆရာကြီး ဦးတီခင်တန်နှင့် ဆရာမကြီး ဒေါ်မြင့်မြင့်အေးတို့မှ အမှာစကားပြောကြားကြပြီး ၂၀၁၃/၂၀၁၄ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆု ရရှိခဲ့ကြသည့် ကျောင်းသူ ကျောင်းသားများကို ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြကြောင်း ထို့နောက် အခမ်းအနားသို့တက်ရောက်လာသူများအား မုန့်ဟင်းခါး အာဟာရဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပင်လုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လွင်| ရာအိမ်မှူး ဦးဝင်းမြင့်| မြိုင်သာယာကျေးရွာ အထက ကျောင်းအုပ်ဆရာကြီး ဦးတီခင်တန်နှင့် ဆရာ ဆရာမများ| ကင်းထောက် လူငယ် ကျောင်းသား ကျောင်းသူလေးများ| ဘင်ခရာတပ်ဖွဲ့ဝင်များ| အလှူရှင်များ| ဖိတ်ကြားထားသူများနှင့် ဋ္ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား ၁၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်

မော်လူး မြမာလာရပ်ကွက်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

မော်လူးတွင် ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပ
မော်လူး| ဇန်နဝါရီ ၎
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူး မြမာရပ်ကွက် မီးရထားဘူတာရပ်ဝန်းတွင် ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့က ဂုဏ်ပြုသောအားဖြင့် ဇန်နဝါရီ ၄ ရက်နေ့က အားကစားပြိုင်ပွဲနှင့် ဆုချီးမြင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲကို နံနက် ၇ နာရီမှ ညနေ ၂ နာရီအထိ အသက် ၅နှစ်မှ ၅၀ နှစ်အထိ အရွယ်အလိုက် အားကစားပြိုင်ပွဲ များကို ကျင်းပပြုလုပ်ခဲ့သည်။ ထို့နောက် ဆုရရှိကြသူများကို မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်နှင့် တာဝန်ရှိသူများမှ အသီးသီးပေးအပ်ချီးမြင့်ခဲ့ပြီး လာရောက်အားပေးကြည့်ရှု့ကြသူများကို ပွဲဖြစ်မြောက်ရေး အကျိုးတော်ဆောင် ဦးမြင့်ဦး + ဒေါ်ကြည်ကြည်မြင့်နှသင့် မြမာလာရပ်ကွက်မှ အလှူရှင်များက မုန့်ဟင်းခါးဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပြီး ညနေ သုံးနာရီ အချိန်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်နှင့် ဆုချီးမြင့်ပွဲ ပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲသို့ မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်| မော်လူးကျေးရွာ အုပ်စုအတွင်းရှိ အုန်းဒုတ်| မင်းသာ| နားခွင်းကျင်ကျေးရွာများမှ ရာအိမ်မှူးများ| ပြိုင်ပွဲဖြစ်မြောက်ရေး အကျိုးတော်ဆောင် ဦးမြင့်ဦး+ဒေါ်ကြည်ကြည်မြင့်နှင့် မြမာရပ်ကွက်မှ အလှူရှင်များ အားကစားသမားများ အမှတ်ပေးဒိုင်လူကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်