Friday, August 23, 2013

နန့်စီးအောင် ပေကုန်း အလယ်တန်းကျောင်းခွဲသို့ ရေသန့်စင်စက် လှူဒါန်း





နန့်စီးအောင် ပေကုန်း အလယ်တန်းကျောင်းခွဲသို့ ရေသန့်စင်စက် လှူဒါန်း

မော်လူး၊ သြဂုတ် ၁၉

 
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၊ နန့်စီးအောင် ပေကုန်းကျေးရွာ အခြေံပညာ အလယ်တန်းကျောင်းခွဲသို့ ရေသန့်စင်စက် (၁၀၀၀)လီတာ နှစ်လုံးအား လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရေသန့်စင်စက်အား နန့်စီးအောင် ပေကုန်းကျေးရွာမှ ပုညမာမက လူမှုကူညီရေးအသင်းအဖွဲ့မှ ဦးဆောင်၍ မြစ်ကြီးနားမြို့ ဦးဝင်းစိုး + ဒေါ်မြင့်ရီ၊ နန့်စီးအောင် သစ်ထုတ်ရေးမှ ဦးမျိုးမျိုး+ ဒေါ်ညိုညိုခိုင်နှင့် အများပြည်သူ အလှူရှင်များက ပူးပေါင်းလှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ ရေသန့်စင်စက်နှစ်လုံးအတွက် ကုန်ကျငွေ ကာလတန်ဖိုး (၁၄)သိန်း ကုန်ကျကြောင်း သိရသည်။ ရေသန့်စင်အတွက် လိုအပ်သောရေကို ရရှိရန် ရေတွင်းမှ သွယ်ယူရခြင်းဖြစ်ပြီး၊ ရေတွင်းနှင့် ရေကန် အလှူရှင်များမှာ နန့်စီးအောင် ပေကုန်းကျေးရွာ ဦးမြင့်ဇော်ဦး + ဒေါ်မြင့်မြင့်အေး မိသားစုတို့မှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ရေသန့်စင်စက်အား ၁.၇.၂၀၁၃ရက်နေ့တွင် နန့်စီးအောင် ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ ပုညမာမက လူမှုကူညီရေးအသင်းအဖွဲ့၊ ရပ်မိရပ်ဖများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများတက်ရောက်ကာ ပေးအပ်လှူဒါန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ရေသန့်စင်စက် တပ်ဆင်ထားပြီး ဖြစ်၍ နန့်စီးအောင် ပေကုန်း အလယ်တန်းကျောင်းခွဲ ကျောင်းသား/သူ ၅၉၆ ဦး၊ ဆရာ/မ ၁၈ ယောက်အတွက် သောက်ရေသန့်ကို လုံလုံလောက်လောက် သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း၊ နန့်စီးအောင် ပေကုန်း အခြေခံပညာ အလယ်တန်းကျောင်းခွဲအား အခြေခံပညာ အလယ်တန်းကျောင်းအဖြစ်သို့ တိုးမြင့်ပေးရန် ပညာရေးဋ္ဌာနသို့ တင်ပြတောင်းခံထားကြောင်း သတင်းရရှိသည်။

k.m.s (mwl)


နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ဟောပြော

မိုးညှင်း၊ သြဂုတ် ၂၀

@@@@@@@@@@@@@@@@@@@

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာ အုပ်စု၊ မြိုင်သာယာကျေးရွာ၊ လမင်းအိမ်စာကြည့်တိုက်တွင် သြဂုတ် ၂၀ ရက် နေ့လည် ၁၂ နာရီ အချိန်က မိုးညှင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာန မိုးညှင်းမြို့နယ် ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် အဖွဲ့ဝင်များမှ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစေရန်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများကိုလည်း အဆက်မပြတ်ပြောင်းလဲပြသပေးရန်အကြောင်းတို့ကို ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မိုးညှင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက ၂၀၁၄ ခုနှစ် မတ်လတွင် ကောက်ယူမည့် သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ဖွားသေစာရင်း၊ မှတ်ပုံတင်စာရင်း၊ အိုသေ၊ အိုခွဲ အစရှိသည့် စာရင်းကောက်ယူရမည့် နည်းစနစ်များကို ကြိုတင်ပြင်ဆင်ထားနိုင်ရန် အသိပညာပေးဟောပြောပြီး ဆက်လက်၍ မြိုင်သာယာကျေးရွာ လမင်းအိမ်စာကြည့်တိုက် အတွက် မြို့နယ်မှ ရံပုံငွေအဖြစ် တစ်ဆယ်သိန်းကျပ် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ စာကြည့်တိုက်မှူးနှင့် လိုအပ်သောပံ့ပိုးမှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စာကြည့်တိုက် ရံပုံငွေ၊ စာအုပ်စာတမ်းအစရှိသည့် စာရင်းဇယား လုပ်နည်းလုပ်ဟန်တို့ကိုလည်း စနစ်တကျ လုပ်ဆောင်သွားရန်လိုအပ်ကြောင်း၊ စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒေသခံပြည်သူများနှင့် ရပ်မိရပ်ဖများက ၀ိုင်းဝန်းကူညီ ထိန်းသိမ်းပေးကြရန်လိုအပ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါဟောပြောပွဲသို့ မိုးညှင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် အဖွဲ့ဝင်များ၊ ပင်လုံအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်လွင်(မြိုင်သာယာ)၊ ပင်လုံ၊ မြိုင်သာယာ၊ နန့်စီးအောင်၊မြိုင်သီတာ၊ သာယာကုန်းကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် လူငယ်လူရွယ်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

neetoe (mwl)

မော်လူး သတင်း apk ဆွဲချရန်

မော်လူး သတင်း Androidုဖုန်းမှ ကြည့်ရန်  APK   ကို

ဒီမှာ

တစ်ချက်တို့ပြီး ဒေါင်းလိုက်ကြပါ ....




မော်လူး မြန်မာ့ဆက်သွယ်ရေးရုံးသို့ မြန်မာပိတောက် ကုမ္ပဏီမှ တာဝန်ရှိသူများ လာရောက်

မော်လူး၊ သြဂုတ် ၂၀


@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူး မြန်မာ့ဆက်သွယ်ရေးရုံးတွင် နံနက်(၁၀)နာရီက မြန်မာပိတောက် ကုမ္ပဏီမှ တာဝန်ရှိသူများက ၀င်ရောက်ကာ ဆက်သွယ်ရေး စက်ပစ္စည်းများ၊ တာဝါတိုင်များကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရှု့လေ့လာသုံးသပ်ခဲ့ကြကြောင်း သိရသည်။
မော်လူး မြန်မာ့ဆက်သွယ်ရေးရုံးသို့ လာရောက်ခဲ့ကြသည့် မြန်မာပိတောက် ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်နိုင်၊ အင်ဂျင်နီယာချုပ် ဦးဝင်းနိုင်၊ မန်နေဂျာ ဦးဇော်ကွန်းတို့သည် မော်လူး မြန်မာ့ဆက်သွယ်ရေး တာဝန်ခံ ဦးစောကုလမောင်နှင့် တွေ့ဆုံကာ ဆက်သွယ်ရေး စက်ပစ္စည်းများ၊ တာဝါတိုင်များ ကြံ့ခိုင်မှု အခြေအနေများနှင့် ဆက်သွယ်ရေးနှင့် ပတ်သက်သည့်နည်းပညာအကြောင်းများကို ဆွေးနွေးခဲ့ကြကြောင်း၊ မြန်မာပိတောက် ကုမ္ပဏီသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဆက်သွယ်ရေးမိုဘိုင်းစက်များကို ထိန်းသိမ်းမည့် ကုမ္ပဏီဖြစ်ကြောင်း၊ ဒေသခံပညာတတ်ဘွဲ့ရလူငယ်များကိုလည်း အလုပ်ခန့်အပ်ရန် အစီအစဉ်များရှိကြောင်း မြန်မာပိတောက်ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။

k.m.s(mwl)

ကိုယ်ထူကိုယ်ထ ရေရှိရေးဆောင်ရွက်နေသည့် ဥသျှစ်ကုန်း ကျေးရွာသို့ အလှူငွေ ပေးအပ်...


ကိုယ့်အားကိုယ်ကိုး သဘာဝစိမ့်စမ်းရေ ရရှိရေးအတွက် အလှူငွေပေးအပ်
မော်လူး၊ သြဂုတ် ၂၂
@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ပုန်းဟုန်အုပ်စု၊ ဥသျှစ်ကုန်းကျေးရွာတွင် ဆောင်ရွက်လျှက်ရှိသော ကိုယ့်အားကိုယ်ကိုး သဘာဝစိမ့်စမ်းရေ ရရှိရေးအတွက် အလှူငွေပေးအပ်ပွဲကို သြဂုတ် ၂၂ ရက်နေ့က ဥသျှစ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ အလှူငွေပေးအပ်ပွဲသို့ ရေရရှိရေး ဦးစီးနာယကများဖြစ်ကြသည့် ဥသျှစ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းထိုင် ဆရာတော် ဦးဓမ္မပီယ၊ တောရကျောင်းဆရာတော် ဦးသာသန၊ မော်လူးဒေသမှ One Candle စေတနာရှင်လူငယ်များအဖွဲ့၊ အင်တော်မြို့ "သန့်" သွေးလှူရှင်အသင်းမှ အဖွဲ့ဝင်များ၊ ဥသျှစ်ကုန်းကျေးရွာ ရေရှိရေးကော်မတီဝင်များနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြကြောင်း သိရသည်။ ဥသျှစ်ကုန်းကျေးရွာ ကိုယ့်အားကိုယ်ကိုး သဘာဝစိမ့်စမ်းရေ ရရှိရေးအတွက် ရန်ကုန်မြို့မှ အလှူရှင်တစ်ဦးက လှူဒါန်းခဲ့သည့် ငွေကျပ်တစ်ဆယ်သိန်းအား One Candle စေတနာရှင်လူငယ်များအဖွဲ့မှ ဦးအောင်နိုင်နှင့် ဦးအောင်ကျော်မိုးတို့က ပေးအပ်လှူဒါန်းရာ ရေရရှိရေး ကော်မတီ ဥက္ကဋ္ဌ ဦးဖိုးမဲမှ လက်ခံရယူပြီး ဆရာတော် ဦးသာသနမှ ၄င်းကျေးရွာသည် နွေရာသီနှင့် ဆောင်းရာသီတွင် ရေရှားပါးမှုကို နှစ်စဉ်ကြုံတွေ့နေရကြောင်း၊ ရေရရှိရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မူလ​တောရ​ကျောင်းဆ​ရာ​တော်​ ပျံလွန်​​တော်​မူ

အင်း​တော်​မြို့နယ်​ ​မော်​လူး မူလ​တောရ​ကျောင်းတိုက်​ ဦးစီးနာယကဆရာ​တော်​ ဘဒ္ဒန္တဇ၀န (ဦးအင်္ဂါ)
သက်​​တော်​ ၅၁ နှစ်​ သိက္ခာ​တော်​ ၂၅ ဝါ  သည်​ 22-8-2013 ​နေတွင်​ မန္တ​လေးမြို့ပြည်​သူ့​​ဆေးရုံတွင်​ ဘ၀နတန်ထံပျံလွန်​​တော်​မူခဲ့ပါပြီ။

၁၃၇၅ခုနှစ် ၊ ၀ါခေါင်လပြည့်ကျော် (၇)ရက်နေ့၊ (၂၈.၈.၂၀၁၃)ရက်နေ့တွင်
ဆရာတော် ဦးဇ၀န (ဦးအင်္ဂါ)၏ တမလွန်ကောင်းကျိုးရည်မြှော်ကိုးပြီး
သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းသင်္ကန်းစသောဒါန၀တ္ထုတို့ဖြင့်
ဆက်ကပ်လှူဒါန်းပြီးလျှင် ကောင်းမှုပုည ကုသလကို အမျှပေးဝေမည်ဖြစ်ပါသည်။


မော်လူး ရွာသားများရင်ဖွင့်သံ

မော်လူး ဒေသ သတင်းများနှင့်
လေ့လာသိမှတ်ဖွယ်ရာများကို
အချိန်နှင့် တပြေညီ တင်နိုင်အောင်
ကြိုးစားသွားပါမည်...