Friday, January 24, 2014

မော်လူး ဒေသ အတွင်း ထူးခြား ဖြစ်စဉ် သတင်းထူး ပို့လိုသူများအား ကြိုဆိုပါတယ်

မော်လူး ဒေသ နှင့် သက်ဆိုင်သော  ဆောင်းပါးများ

ကဗျာ များ

ကာတွန်းများ


မိမိ ခံစားချက် ပေါက်ကွဲသံစဉ်များ

သတင်းပို့လိုသော်လည်း စာမရိုက်တတ်သူများ အတွက်
မိမိရေးသားလိုသော အကြောင်းအရာများကို
စာရွက်ပေါ်တွင် ရေးပြီး ဓါတ်ပုံ ရိုက်ကာ
သက်ဆိုင်ရာ ဓါတ်ပုံ နှင့်အတူ ပေးပို့ နိုင်
ပါသည်

သတင်းစာသားများတွင် ပုဂ္ဂိုလ်ရေး ထိခိုက်နိုင်သော စာသားများကို ချန်လပ်ထားပါမည်

mawluuvillagers@gmail.com  သို့

အင်တာနက် မှတဆင့် ပေးပို့နိုင်ပါသည်

အားလုံးအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
   
                           MAWLUNEWS
                           ***************


အင်တာနက် မှ တဆင့် ပေးပိုခဲ့သော မော်လူသားတစ်ဦးရဲ့ ရင်ဖွင့်သံ


မော်လူးဒေသ  မျိုးဆက်သစ် လူငယ်တွေလမ်းမှားမရောက်ဘို့ တားဆီးရမဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်  အင်းတော်မြို့နယ် မော်လူးဒေသဟာ ကချင်ပြည်နယ် နှင့် နယ်နိမိတ်ချင်း နီးစပ်နေတာမို့ မူးယစ်ဆေးဝါး တွေ ဟာ အရမ်းကို စိမ့်ဝင်ရောက်ရှိလာပြီး လူငယ်တွေကြားမှာခေတ်စားလာပါတယ် မူးယစ်ဆေးဝါး တွေကို အခုအရမ်းခေတ်မီ လာပါပြီ ရွေ့လျား စနစ်ရောင်းဝယ်ဖေါက်ကား လာကြပါတယ် သူတို့ရဲ့ နေရာတွေကတော့ ခြုံကောင်းရင် သူတို့နေရာ ပွဲတွေလမ်းဆိုတာသူတို့နေရာ လူရောက်နည်းတဲ့ သင်္ချိုင်းကုန်းဟာ သူတို့နေရာ ဆက်သွယ်မှုကတော့ အရမ်းကောင်း နေတဲ့မူးယစ်ရာဇာတို့ တစ်စထက်တစ်စ အတင့်ရဲလာနေကြတာကို အသိပညာ  ပေးဟောပြောပွဲတွေကို လုပ်ခွင့်မပေးဘူး အဲဒီလိုဆိုတော့ မော်လူးဒေသဟာ မကြာခင်ကာလမှာ အဖြူရောင်နယ်မြေ ဖြစ်မှာ သေချာနေပါပြီ ဘယ်လိုပဲဖြစ် မူးယစ်ဆေးဝါး အလွန်ပေါများနေသော်လည်း မူးယစ်ဆေးဝါး မသုံးစွဲသေးသော လူငယ်များ လမ်းမှားမရောက်စေချင်ပါ ကျနော်တို့ စဥ့်ခိုးရွာ မှာ နံပါတ်ဖိုး ခေါ် မူးယစ်ဆေးဝါးသုံးစွဲကြသူ များပေမယ့် မူးယစ်ဆေးဝါး မသုံးစွဲ အားကစား နဲ့ ကြိုးစားနေတဲ့ လူငယ်တွေလည်း ရှိပါတယ်။၂၀၁၃ခုနှစ် ဆီးဂိမ်းအကြိုဘော့လုံးပြိုင်ပွဲမှာ ဒုတိယဆုရအောင်ကြိုးစားခဲ့တာ သာဓကပဲလေ။ အဲဒါကြောင့်မို့ ကျနော်တို့ လူငယ်တွေလို အားကစားစိတ်ဓါတ် အပြည့် နဲ့ အဖြူရောင်လွမ်း နေတဲ့ မော်လူးဒေသ မူးယစ်ဆေးဝါး ကို တိုက်ဖျက်ကြဖို့ ကြိုးစားကြပါလို့ တိုက်တွန်း လိုက်ရပါတယ်