Friday, October 28, 2016

မိုင်းလားဒေသနောက်ဆုံး အခြေအနေ (၂၈-၁၀-၂၀၁၆ မနက် ၉ နာရီ) ---- ----- -----


မိုင်းလားဒေသနောက်ဆုံး အခြေအနေ (၂၈-၁၀-၂၀၁၆ မနက် ၉ နာရီ)
---- ----- -----

မိုင်းလားဒေသ ကျိုင်းတုံဘက်အထွက် ကားလမ်းဖြတ်သန်းရာ ရင်ကွဲတောင်၏ ဘယ်ညာတွင်ရှိသည့် အမြင့်ပေ ၄၀၀၀ နှင့် အမြင့်ပေ ၅၀၀၀ ဝန်းကျင် တွင်ရှိသည့် လွယ်ကျူဆိုင်းနှင့် လွယ်ဆမ်ဆုမ် ( တောင်သုံးလုံး ) တွင် စက်တင်ဘာ လကုန်မှ စတင်၍ တပ်စွဲထားသော UWSA တပ်များ ဆုတ်ခွာခြင်းမရှိသေးဘဲ ဆက်လက် တပ်စွဲထားဆဲဖြစ်သည်။

“ကျိုင်းတုံအထွက် တာပင်းတစ်ဝိုက်တွင်လည်း တပ်မတော်မှ တပ်အင်အား လက်နက်ကြီးအင်အား သံချပ်ကာကား၊ တင့်ကားများ ဖြည့်တင်းထားလျက် ရှိသည်” ဟု မြေပြင်သတင်းများက ဆိုပါသည်။ ထို့ပြင် မိုင်းလာသိုသွားသည့် တာပင်းဂိတ်အားလည်း အချိန်အကန့်အသတ်မရှိ အစိုးရအာဏာပိုင်များက ပိတ်ပင်ထားသည်ဟု သိရသည်။

ပြီးခဲ့သော ၂ ရက်ခန့်က “ဝ” နယ် ပန်ဆန်းဌာနချုပ်တွင် UWSA မှ ဒုဥက္ကဋ္ဌ ရှောက်မြီလျံနှင့် NDAA မှ ဒုစစ်ဦးစီးချုပ် လော်ချန်းပေါင်း တို့ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု UWSA က သတင်းထုတ်ပြန်ပါသည်။ လက်ရှိအခြေအနေတွင် မိုင်းလားဒေသတွင်း ပဋိပက္ခ ပိုဆိုးလာခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းနေသည်ဟု သိရသည်။

လက်ရှိ တာပင်းတစ်ဝိုက်တွင် တပ်မတော်က စစ်အင်အား ဖြည့်တင်း ထားပေရာ UWSA တပ်ဖွဲ့များ အလွယ်တကူ ပြန်ဆုတ်သွားဖွယ်ရာမရှိဟု သုံးသပ်ရပေသည်။ တပ်မတော်အနေနှင့်လည်း NDAA နှင့် UWSA ကြား လက်နက်ကိုင် ပဋိပက္ခအဆင့်ထိ ဖြစ်ပွားခဲ့ပါက စစ်ရေးအရ ဝင်ရောက်ပါဝင်ဖွယ်ရာ ရှိသော်လည်း UWSA နှင့် NDAA လက်နက်ကိုင် ပဋိပက္ခအဆင့်သို့ မရောက်ပါက ဝင်ရောက်ပါဝင်ဖွယ် မရှိဟု သုံးသပ်ရပါ သည်။ UWSA နှင့် NDAA သည်လည်း လက်နက်ကိုင်ပဋိပက္ခ အဆင့် မရောက် ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းနိုင်ရန် ကြိုးစား ဆောင်ရွက်နေကြပုံ ရသည်ဟု ဆိုရပါမည်။

လက်ရှိဖြစ်ပွားနေသော ၃ ပွင့်ဆိုင်ပြသ၁နာသည် အဆုတ်ခက် အတက်ခက်ကာ ချက်ချင်းဖြေရှင်းရန် ခက်ခဲနေပြီး အချိန်လိုအပ်နေသည်။ လက်ရှိအခြေအနေသည် အမှားမခံသည့် အခြေအနေ ဖြစ်နေသည်ဟု ဆိုရပေမည်။ တစ်ဖက်နှင့်တစ်ဖက် နားလည်မှုမလွဲအောင် ဂရုစိုက်နိုင်မှသာ စစ်မီးမပွားအောင် တားဆီးနိုင်ပေလိမ့်မည်။

မှတ်ချက်။ ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ယနေ့နံနက်တွင် တရုတ်ပြည်သို့ ချစ်ကြည်ရေးခရီး ထွက်သွားသည်ဟု သိရပါသည်။
Mg Mg Soe ( ဦးမောင်မောင်စိုး ) ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြသည်။ (ဦးမောင်မောင်စိုးမှာ ဗမာပြည်ကွန်မြူနစ်ပါတီ လက်ထက်က အရှေ့မြောက်ဒေသတွင် လှုပ်ရှားခဲ့ဖူးသူဖြစ်ပြီး ယခုအခါ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေးနှင့် တရုတ် မြန်မာ ဆက်ဆံရေး ဆောင်းပါးများ ရေး သားနေသူဖြစ်ကာ မိုင်းလား NDAA အဖွဲ့မှ နည်းစနစ်ပိုင်း အကြံပေးအဖြစ် ၂၁ ပင်လုံကို တက်ရောက်ခဲ့သူဖြစ်သည် ) 

The Ladies News

မော်လူးဒေသသူတွေ သိထားသင့်လို့ ဖတ်ထားလိုက်ပါ


အစ္စလာမ်ဘာသာဝင် အမျိုးသားကိုမှ ချစ်ခင်စွဲလန်း
နှစ်သက်နေပါတယ် ဆိုသော ဗုဒ္ဓဘာသာဝင်၊ခရစ်
ယာန်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင် အမျိုးသမီးများ
ဒီဥပဒေတွေကို သိပါသလား?
" ဘာသာကို စွန့်လွှတ်ရမယ် "
~~~~~~~~~~~~~~
မြန်မာ ဗုဒ္ဓဘာသာအမိုးသမီးများသည် အစ္စလာမ်တရားဥပဒေအရ ကီတာဘီယာများ မဟုတ် သဖြင့် အစ္စလာမ်ဘာသာဝင်ယောက်ျားများနှင့် ယူစေ ခဲ့ကာမူ နည်းလမ်းမကျသော ထိမ်းမြားခြင်းသာ ဖြစ်သည်။
ထို့ကြောင့် နည်းလမ်းမကျသော ထိမ်းမြားမှုကို နည်းလမ်းကျစေလိုလျှင် သို့မဟုတ် တရားဝင် မယား ဖြစ်လာစေလိုလျှင် အစ္စလာမ်ဘာသာသို့ ကူးပြောင်း ကိုးကွယ်ခြင်းမှတပါး အခြားရွေးချယ်ရန် လမ်းမရှိ တော့ချေ။
မလယ်နှင့် မောင်ကျေး (၂-UBR-၁၈၉၇-၀၁) ၄၉၇ စီရင်ထုံး တရားဝင်လွှဲပြောင်းသူနှင့် မလှထွေး (AIR - ၁၉၂၉ - ရန်ကုန် - ၃၅ )စီရင်ထုံးများတွင် 'ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက်သည် အစ္စလာမ်ဘာသာသို့ ကူးပြောင်းပြီး အစ္စလာမ် ဘာသာ ထုံးတမ်းအရ ထိမ်းမြားခြင်း မပြုလျှင် ထိမ်းမြားမှုသည် တရားမဝင် တည်မြဲခိုင်မာ ခြင်းမရှိ' ဟူ၍ ဆုံးဖြတ်ထားသည်။
အကယ်၍ အစ္စလာမ်ဘာသာသို့ ကူးပြောင်း ပြီး မွတ်စလင်တစ်ယောက်နှင့် ထိမ်းမြားသည့် မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ယောက်သည် အစ္စလာမ် ဘာသာကို စွန့်ပစ်ပြီး ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုး ကွယ်လျှင် ထိမ်းမြားခြင်းသည် တရားရုံး၏ အမိန့် ဒီကရီမပါဘဲ တွလာဘ်မပေးရဘဲ အလိုလိုပျက် ပြယ်သွားသည် ဟူ၍လည်း မဆိုင်နှင့် ကွိုင်ဒါမွိုင်ဒင် ၈ - LBR ၂၀၆ စီရင်ထုံးများတွင် ဆုံးဖြတ်ထားသည်ကို တွေ့ရပါသည်။
အစ္စလာမ်ဘာသာကို စွန့်ပစ်ခြင်းသည် ထိမ်းမြားခြင်းကို ပျက်ပြယ်စေရန် ရည်ရွယ်၍ ပြုလုပ် သည်ဖြစ်စေ တကယ်တမ်း ဘာသာကူးပြောင်း ရန် ရည်ရွယ်၍ပြုလုပ်သည်ဖြစ်စေ ရည်ရွယ်ချက်သည် အရေးမကြီးပေ။
ဘာသာကူးပြောင်းသည်ဟု ဆိုရာတွင်လည်း အစ္စလာမ်ဘာသာနှင့် ဆန့်ကျင်သည့်စကားများ ပြောဆိုသည်ဖြစ်စေ / အစ္စလာမ်ဘာသာမှ တစ်ပါးသော ဘာသာ၌ ယုံကြည်မူရှိသည့် စကားများကို ပြောဆိုသည်ဖြစ်စေ ဘာသာကူးပြောင်း သည် မည်ပေဟူ၍လည်း ဟူစိန်အဏ္ဏဝါနှင့် ဖာတီမာဘီ (SJ - ၃၆၈ ) စီရင်ထုံးတွင် ဆုံးဖြတ်ထား ပါသည်။
ဤစီရင်ထုံးများကို ချုပ်၍ သုံးသပ်ကြည့်လျှင် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတစ်ဦးသည် အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦးနှင့် တရားဝင်ထိမ်းမြားလိုလျှင် အစ္စလာမ်ဘာသာသို့ ကူးပြောင်းရမည်ပင်ဖြစ်သည်။
ဘာသာကူးပြောင်း လက်ထပ်ပြီးမှ ဗုဒ္ဓဘာသာအဖြစ် ပြန်လည်ကူးပြောင်းလျှင်လည်း လက်ထပ်ခြင်း ပျက်ပြယ်သွားပေသည်။
ထို့ပြင် အစ္ဖလာမ်ဘာသာဝင် တစ်ဦး၏ အမွေကို အစ္စလာမ်ဘာသာဝင်တစ်ဦးကသာ လက်ခံနိုင်သည်။ အစ္စလာမ်ဘာသာဝင် မဟုတ်သူများ က ဆက်ခံခွင့်မရှိသဖြင့် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုး သမီးတစ်ဦးသည် အစ္စလာမ်ဘာသာဝင် ယောက်ျား တစ်ဦးနှင့် ပေါင်းသင်းစေကာမူ ဘာသာ ကူးပြောင်းမှု မရှိလျှင် တရားမဝင်သဖြင့် မည်သည့် အခွင့်အရေးမျှ မရနိုင်ပေ။
မွေးဖွားလာသော သားသမီးများမှာလည်း တရား မဝင် သားသမီးများသာ ဖြစ်ပေသည်။ အမျိုးသမီးက ဘာသာကူးပြောင်းပြီး လက်ထပ်ခဲ့သဖြင့် တရားဝင်
ဖြစ်စေကာမူ မွေးဖွားလာသော သားသမီးများသည် အစၥလာမ္ဘာသာ မကုိးကြယ္ပါက အစၥလာမ္ဘာသာ ဝင် တစ်ဦး၏အမွေကို မရရှိနိုင်တော့ပေ။
မူရင်း - ဦးအေးချို(မဟာဝိဇ္ဇာ) စာအုပ်မှ ကူးယူဝေမျှသည်။
ကပ္ပိယဖိုးတေ

ဝါကျွတ်လို့ မင်္ဂလာဆောင်ကြတဲ့ စုံတွဲတွေ သတိတဲ့ ကလေးမယူနဲ့အုန်းဆိုပါလား



"  ၆ လအတွင်း ရင်သွေးမယူကြရန် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူပြော "

 ကိုယ်ဝန်ယူရန် ပြင်ဆင်ထားသူများ ခြောက်လအတွင်း ကိုယ်ဝန်မယူရန် ကျန်းမာရေးဦးစီးဌာန၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက မြန်မာနိုင်ငံတွင် ဇီကာရောဂါလက္ခဏာ စတွေ့ကြောင့်း  ကြေငြာအပြီး ယနေ့( အောက်တိုဘာ ၂၈ရက် )တွင် နေပြည်တော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင်  ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။ 

''ကျွန်တော်ခုပြောချင်တာက တိုင်းပြည်မှာ ဇီကာ ဗိုင်းရပ်စ်ရှိပြီ။ ကျွန်တော်အဓိကပြောလိုတာက တော့ ရန်ကုန်တိုင်းပေါ့။ ခြင်ကြားတွေအပေါက်များ တဲ့ သွေးလွန်တုပ်ကွေးတွေအဖြစ်များတဲ့ နေရာတွေမှာရှိတဲ့ နောက်ကိုယ်ဝန်ယူဖို့အတွက် ပြင်ဆင် ထားတဲ့လူတွေ တတ်နိုင်သလောက် ဒီရက်ထဲမှာ တတ်နိုင်ရင် နောက်ထပ် (၆) လလောက်အတွင်းမှာ ကိုယ်ဝန်မယူဖို့အတွက် ပြင်ဆင်ထားရမယ်။ လက်ရှိ ကိုယ်ဝန်ရှိနေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ လည်း ခြင်ကြားအကိုက်မခံရအောင် ပိုမိုဂရုစိုက်ပြီး နေရမယ် "ဟု ဒေါက်တာစိုးလွင်ငြိမ်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
ယခုအချိန်ထိ လူနာသစ်မတွေ့ရှိသေးသော်လည်း ကိုယ်ဝန်ဆောင်များကို မြို့နယ်တိုင်းတွင် ခေါ်ယူ၍ မိမိကိုယ်ကို ကာကွယ်နည်းများ ပညာပေးနေကြောင်း သိရသည်။ 
(၇၃)  နိုင်ငံမြောက် ဇီကာကူးစက်ခံရသည့်  မြန်မာနိုင်ငံအနေဖြင့် ခြင်ကျားနှိမ်နင်းရေးကို အဓိကထား ဆောင်ရွက်နေပြီး ရောဂါဖြစ်ပွားနိုင်မှု အများဆုံးတိုင်းဒေသကြီး အဖြစ် နိုင်ငံတကာခရီးသည်များ အများဆုံးဝင်ထွက်သွားလာနေသည့် ရန်ကုန်တိုင်းဒေသကြီးကို သတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် ရောဂါတွေ့ရှိသော လူနာသည်   ဧရာဝတီတိုင်း ဘက်သို့ သွားရောက်ထားသည့်အတွက် သွားခဲ့သော  နေရာအသေးစိတ်ကို မှတ်၍ လူနာရှာဖွေရေး လုပ်ငန်းများနှင့် ပိုးလောက်လမ်း  ခြင်ကြားနှိမ်နင်းရေးများ ဆောင်ရွက်နေကြောင်း သိရသည်။ 

(ဒေါက်တာစိုးလွင်ငြိမ်း)