Friday, March 6, 2015

မော်လူးဒေသတွင်းကျေးရွာများတွင် ရေရရှိဆောင်ရွက်ရန် တင်ဒါအောင်သည့် ကုမ္ပဏီ ဝင်ငွေကောင်းနေ



စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ သူရောင်းကျေးရွာအုပ်စု၊ သူရောင်းကျေးရွာမှ စီးမော်ကျေးရွာအုပ်စု၊ စီပိန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးတွင် ရေလှောင်ကန်တည်ဆောက်ပြီး ကျေးရွာသို့ စိမ့်စမ်းရေသွယ်ခြင်းကို ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခဲ့ကြရာ ကျေးရွာအတွင်းသို့ ရေပေးဝေနိုင်ခဲ့သော်လည်း ရောလှောင်ကန်အတွက် အမိုးအကာများဆောင်ရွက် ငွေကြေးမလုံလောက်သဖြင့် အင်းတော်မြို့နယ် ကျေးလက်ဦးစီးဋ္ဌာနသို့ အကူအညီတောင်းခံခဲ့ရာ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုးနှင့်ဝန်ထမ်းများ၊ Teach Friend ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့ လာရောက်ကွင်းဆင်းကြည့်ရှု့ကာ ကျေးလက်ဦးစီးဋ္ဌာနမှ သိန်း ၁၆၀ ချပေးမည်ဖြစ်ကြောင်းကို သူရောင်းကျေးရွာ သဘာဝစိမ့်စမ်းရေ ရရှိရေး ကော်မတီဝင်များကို အသိပေးပြောပြသွားခဲ့သည်။ ယင်းချမှတ်ပေးမည့် သိန်း ၁၆၀ဖြင့် ကျေးရွာတွင် ရေဂါလံ ၅၀၀၀ ဆန့် အုတ်ရေလှောင်ကန်နှင့် စီးမော်ကျေးရွာအုပ်စု၊ စီပိန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးရှိ ပင်မရေလှောင်ကန်အား အမိုးအကာများပြုလုပ်ရန်အတွက် ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် Teach Friend ကုမ္ပဏီမှ တာဝန်ယူမည်ဖြစ်ပြီး ကုမ္ပဏီမှ တာဝန်ယူကာ ဆောင်ရွက်ပါက အဖြစ်သဘောမျိုးသာ ဆောင်ရွက်သွားမည်ကို မလိုလားကြသည့် ရေရရှိရေးကော်မတီဝင်များမှ ချမှတ်ပေးမည့် ငွေကိုသာလက်ခံပြီး မိမိတို့ဘာသာ ဆောင်ရွက်ရန်အတွက် စီစဉ်တောင်းဆိုခဲ့ရာ Teach Friend ကုမ္ပဏီမှ ကျေးလက်ဦးစီးဋ္ဌာနမှ ချမှတ်ပေးမည့် သိန်း ၁၆၀ ထဲမှ သိန်း ၃၀ တိတိပေးရမည်ကြောင်း ကျေးလက်ဦးစီးဋ္ဌာနမှ သိန်း ၁၆၀ အား လေးရစ်ချမှတ်ပေးမည်ဖြစ်ပြီး ပထမအရစ်အဖြစ် ငွေကျပ် သိန်း ၄၀ ကို မတ်လ ၄ ရက်နေ့က ချမှတ်ပေးခဲ့ရာ သူရောင်းကျေးရွာ သဘာဝစိမ့်စမ်းရေရရှိရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဋ္ဌေးမှ Teach Friend ကုမ္ပဏီကို ဆယ်သိန်းကျပ် ပေးလိုက်ရပြီဖြစ်ကြောင်း သူရောင်းကျေးရွာ သဘာဝစိမ့်စမ်းရေရရှိရေး ကော်မတီဝင်တစ်ဦးထံမှ သိရသည်။ သူရောင်းကျေးရွာကဲ့သို့ပင် ရေရရှိရေးဆောင်ရွက်နေသည့် လေးတန်ရိုးကျေးရွာများမှလည်း တင်ဒါအောင်ထားသည့် ကုမ္ပဏီအား သိန်း ၂၀ ပေးရကြောင်း လေးတန်ရိုးကျေးရွာတစ်ရွာမှ အုပ်ချုပ်ရေးမှူးမှ ပြောပြသည်။

မော်လူးတွင် အရက်ဘီယာအရောင်းဆိုင်များအား စစ်ဆေး


မော်လူးတွင် ယစ်မျိုးလိုင်စင်မရှိပဲ ရောင်းချနေသည့် အရက်ဘီယာဆိုင်များအား စစ်ဆေးအရေးယူ
မော်လူး၊ မတ် ၆
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးတွင် ယစ်မျိုးလိုင်စင်မရှိပဲ ရောင်းချနေသည့် အရက်ဘီယာဆိုင်များအား မတ်လ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်က တာဝန်ရှိသူများမှ စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။
မော်လူးတွင် နိုင်ငံတော်အစိုးရအား ယစ်မျိုးလိုင်စင်ခွန်ဆောင်ကာ ရောင်းချနေသည့် အရက်ဘီယာဆိုင် ၇ ဆိုင်ရှိပြီး ယင်းဆိုင်ရှင်များမှ ယစ်မျိုးလိုင်စင်မရှိပဲ ရောင်းချနေသည့် အရက်ဘီယာဆိုင်များအား တာဝန်ရှိသူများမှ စစ်ဆေးအရေးယူပေးရန် တောင်းဆိုခဲ့ခြင်းကြောင့် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ယစ်မျိုးလိုင်စင်မရှိပဲ အရက်ဘီယာရောင်းချနေသည့် ဆိုင်များအား စစ်ဆေးရာသို့ အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဋ္ဌာန ဒုဦးစီးမှူး ဦးစိုးထိန်ဝင်း၊ မြို့နယ် အခွန်ဦးစီးဋ္ဌာနမှ ဦးတင်ဦး၊ မြို့နယ်စည်ပင်ဋ္ဌာနမှ ဦးသန်းမြင့်ဝေ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဋ္ဌာနမှ စာရေးအဆင့်(၁) ဦးအောင်ဇော်ထွန်း၊ မြို့နယ် ကျန်းမာရေးဋ္ဌာနမှ ဦးအောင်သန်းဝင်း၊ မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ မော်လူးရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ် ဝေမိုး၊ တပ်ကြပ် အောင်အောင်လတ်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ယစ်မျိုးလိုင်စင်မရှိပဲ ရောင်းချနေသည့် ဆိုင်များမှ ပြည်တွင်းဖြစ်အရက်၊ နိုင်ငံခြားအရက်၊ ဘီယာများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့သို့ ယစ်မျိုးလိုင်စင်မရှိပဲ အရက် ဘီယာများရောင်းချနေသည့် ဆိုင်များအား တရားဥပဒေအရ အရေးယူနိုင်ရန် မော်လူးရဲတပ်ဖွဲ့စခန်းမှ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။