Thursday, August 30, 2018

ပညာရှိ သတ်ရင် ပိုကြောက်စရာပါ


ပညာရှိ သတ်ရင် ပိုကြောက်စရာပါ
===================

ပညာတကယ်တတ်သူက
ဘယ်တော့မှ မဆဲဘူး
ဒါပေမယ့် ;
စကားလုံးလေးများနဲ့ သေအောင်
ရိုက်သတ်တယ်လေ။

ပညာရှိက အမျက်ဒေါသကို
လူသိအောင် ထုတ်မပြတတ်ဘူး
ဒါပေမယ့်;
လုပ်ရပ်မှန်ကန်မှူ နှင့်
သက်သေပြတတ်တယ်လေ။

ပညာမဲ့က ဆဲလည်းဆဲတတ်ပြီး
ဟောင်ဖွာဟောင်ဖွာ လုပ်တယ်လေ
ဒါပေမယ့်;
သင်္ကြန် အမြောက်လို
အသံကျယ်ပြီး လူမလေးစားဘူးလေ။

လူလိမ္မာ အမျက် အပြင်မထုတ်သလို
ပညာရှိက အမျက်ကို လူမြင်အောင်
မပြတတ်ဘူး။
ဒါပေမယ့်;
တုန့်ပြန်မှူတိုင်းက ပညာသားပါပြီး
စကားတစ်လုံးက လူတစ်ယောက်၏ဘ၀ကို
များစွာ သက်ရောက်မှူရှိတယ်။

ပညာရှိတို့ တွေးကြည့်ရင် ပြေးကြည့်တာထက်
မှန်သလို ပညာရှိတို့ တုန့်ပြန်ခံရရင်လည်း
လူမိုက်ဆယ်ယောက်ထက်
ပိုကြောက်စရာကောင်းတယ်။

တကယ်တော့....
ပညာရှိ ဆိုတာ အကောင်းအဆိုးကို
ခွဲခွားသိမြင်သလို
တုန့်ပြန်သင့်သည်ကိုလည်း အဆင့်အတန်းရှိစွာ
တုန့်ပြန်တတ်ပြီး ဥပက္ခာပြုတော့မယ်ဆိုရင်လည်း
ဟောင်ဖွာဟောင်ဖွာမလုပ်ဘဲ
ပြတ်သားစွာ လစ်လျူ ရူတတ်သည်။

ပညာမဲ့သူ အယောက်တစ်ရာက
သင့် ကိုမုန်းတီးနေတာထက်
ပညာရှိ တစ်ယောက်က
သင့်ကို လစ်လျူ ရူပြီး ဥပက္ခာပြုသွားမှာကို
သတိထားပါ။

လေးစားစွာဖြင့်♥ ♥ ♥
ဇင်းနစ် မကွေး.credit