Friday, March 18, 2016

ဗမာ့စပါးကြီးမြွေရဲ့ အချုပ်အောက် အီဂျစ်ကစားသမား အရှုံးပေးရ ထူထူးခြားခြား မြန်မာပြည်ဖွား





ဗမာ့စပါးကြီးမြွေရဲ့ အချုပ်အောက် အီဂျစ်ကစားသမား အရှုံးပေးရ
မြန်မာ နိုင်ငံမှာ ပထမဆုံး အကြိမ် ကျင်းပတဲ့ MMA one championship ကိုယ်ခံပညာ ပေါင်းစုံ အတိုက် အခိုက် ပြိုင်ပွဲမှာ Burmese Python လို့ ခေါ်တဲ့ အောင်လ အန် ဆန် က ပြိုင်ဘက် အီဂျစ် နိုင်ငံသား မိုဟာမက် အလီကို ပထမ အချီမှာပဲ အနိုင် ရရှိခဲ့ပါတယ်။
ပွဲစပြီး ၂ မိနစ် ကျော် မှာ အောင်လ ရဲ့ ကန်ချက် ပြိုင်ဘက် ကစားသမား မိုဟာမက် အလီ ရဲ့ ဗိုက်ကို ထိပြီး၊ အဲဒီ့ ခြေ ထောက်ကို ချုပ်ကိုင် ဖို့ ကြိုးစားတဲ့ ပြိုင်ဘက် ရဲ့ လည်ပင်းကို အောင်လ က ပိုင်ပိုင် နိုင်နိုင် ချုပ် မိသွား လို့ မိုဟာမက် အလီ က အရှုံး ပေးကြောင်း အချက် ပြ ခဲ့ ရပါတယ်။
သုဝဏ္ဏ ကွင်း အားကစားရုံမှာ ကစားခဲ့တဲ့ အဲဒီ့ပွဲမှာ အီဂျစ် ကစားသမား ဟာ လူကောင်လည်းကြီး သလို ပွဲအစ မှာ ဇွတ် အတင်းဝင် ပြီး လက်သီးပြင်းပြင်း တွေ နဲ့ ဖိထိုး ခဲ့ ပါတယ်။
မိုဟာမက် အလီ ရဲ့ လက်သီး အား ပြင်းတယ် ဆိုတာ သိထားတဲ့ အတွက် ကြိုတင် ပြင်ဆင် လေ့ကျင့်မှု တွေ ပြုလုပ် ထားတယ် ဆိုပြီး ကချင် တိုင်းရင်းသား အောင်လ က ပွဲအပြီး မှာ ဘီဘီစီ ကို ပြောပါတယ်။
ပွဲ တိုင်းမှာ နိုင်ကို နိုင်ရမယ် ဆိုတဲ့ ဖိအားမျိုး ရှိ ပေမယ့် စိတ်ကို အေးဆေး တည်ငြိမ် စွာ ထားနိုင် ဖို့ က အရေးကြီးဆုံး ဖြစ်တယ်လို့ လည်း အမေရိကန် နိုင်ငံ မှာ ဗမာ့ စပါးကြီး ဆိုပြီး နာမည် တစ်လုံး ထူထောင် နိုင် ပြီ ဖြစ်တဲ့ အောင်လ က ဆိုပါတယ်။
သူ့ ရဲ့ အနိုင်ပွဲဟာ ပရိသတ်သား အားလုံး အတွက် ဖြစ်တယ် လို့ အောင်လ က ပြောပြီး သူ့ရဲ့ အနိုင်ငွေ ထဲက တချို့ကို ကချင် ပြည်နယ် ထဲက စစ်ဘေးရှောင် ဒုက္ခသည် တွေ အတွက် လှူဒါန်း သွားမယ်လို့ ဆိုပါတယ်။

ဟုတ်ကောဟုတ်ရဲ့လား fb မှာ ဆေးထိုးထားတာနေမှာပါ



ဒီနေ့သွားရင်းလာရင်း မင်္ဂလာသတင်းဗျာ မြစ်ကြီးနားနှင့်ရွှေဘို မန်းလေး လမ်းကို ဂျပန်က ရှယ်ဖောက်လုပ်ပေးမယ်တဲ့ဗျာ ဂျပန်သုံယောက်နဲ့ဆောက်လုပ်ရေးအဖွဲ့ တွေနဲ့လည်း တွေ့ခဲ့ တယ် တရုပ်နဲ့များကွာဘ

fb  မှာ  ဆေးထိုးထာတွေ့လို့