Wednesday, February 5, 2014

မော်လူး အင်းတော် ၂၄ နာရီ ဓာတ်အားလိုင်း ပြုပြင်

မော်လူး သို့ သွယ်တန်းထားသော ၂၄ နာရီဓတ်အားလိုင်း  မှ

ပင်းတင် နှင့်  ပင်ဝယ် ကြား သစ်သားဓာတ်တိုင်များကို

ကွန်ကရစ်  တိုင်ဖြင့် အစားထိုးတော့မည်









တရုတ် လုပ် ပုံစံတူ ကြက်ဥ များ မော်လူးဘူတာတွင် အလုံး ၂၀၀၀၀ ခန့် တွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ၊ မော်လူးဘူတာတွင် တရုတ်ပြည် မှ
တင်သွင်းခဲ့သည်ဟု ခန့်မှန်းရသော ကြက်ဥဖာ ၅၇ ဖာ သည် မြစ်ကြီးနားဘူတာမှ တဆင့် ရောက်
ရှိခဲ့သဖြင့် စစ်ဆေးရာတွင် အတုဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများမှ
သက်သေမပြနိုင်သဖြင့် မော်လူးဒေသ အတွင်းသို့ ဖြန့်ဖြူးခွင့် ရရှိခဲ့သည်။ ကြက်ဥများ၏ ထူးခြားမှုမှာ
ကြက်ဥအားလုံး အရောင်အတူတူ ၊ အရွယ်အစားအတူ တစ်ပုံစံတည်းပင်ဖြစ်သည်။
သက်ဆိုင်ရာ တာဝန်ရှိသူတို့၏ စမ်းသပ်ပုံမှာ လည်း ကြော်စား ကြည့်ပြီးစမ်းသပ်ခြင်း
လွန်ခဲ့သော (၃)နှစ်ခန့်က သတင်းစာပါ ကြက်ဥအတုအစစ် ခွဲခြားနည်းဖြင့် စမ်းသပ်ကြည့်ခြင်း
များသာ ပြုလုပ်နိုင်ခဲ့ပါသည်။ အမှန်တကယ်အားဖြင့် ဓာတုဗေဒ ဓာတ်ခွဲ ခန်းသို့ ပို့ပြီး
စမ်းသပ်မှသာ ပြည့်စုံနိုင်မည်ဟုထင်မိပါသည်။ မည်သို့ပင် ဆုံးဖြတ်စေကာမှု တစ်ဖက်နိုင်ငံမှ
ဝင်ရောက်လာသော ကြက်ဥများဖြစ်နေမည် ဆိုပါက နိုင်ငံတော်မှ တာဝန်ရှိသူများ၏
ခွင့်ပြုမိန့်ပါရမည်ထင်ပါသည်။ ယခု ကြက်ဥ ပိုင်ရှင်များမှ ဘာသက်သေအထောက်အထားမျှ
ပြနိုင်ခြင်းမရှိခဲ့ပေ။ မသင်္ကာဖွယ် ကြက်ဥများဖြစ်နေသည်မှာ အမှန်ပါ။ ကြက်ဥ အတု ဖြစ်ပါလျှင်
လည်း စစ်ဆေးသူများ ၏ ကြော်စားသော နည်းဖြင့် ခွဲခြား၍ မရနိုင်ဘူး ဆိုတာ မူလတန်း ကျောင်း
သားလျှင်ပင်သိနိုင်ပါလိမ့်မည်။ တာဝန်ရှိသူများ ၏ မှားယွင်းသော ဆုံးဖြတ်ချက်များကြောင့်
ကြက်ဥ အစစ် (သို့) အတု များသည် မော်လူးဒေသတွင်းရှိ ပြည်သူများထံသို့ ချိုသာသော ဈေးနှုန်းဖြင့်
ရောက်ရှိသွားတော့မည်ဖြစ်သည်။ ဒေသခံပြည်သူပြည်သားများမှာ ဈေးနှုန်းချိုသာသဖြင့်
ဝမ်းသာမဆုံး ဖြစ်ကြမည်မှာ ဧကန်မုချပင်။
မည်သို့ပင်ဆိုစေကာမှု နိုင်ငံခြားမှာ တရားမ၀င် ၀င်ရောက်လာသော ဈေးနှုန်းအလွန်ချိုသာသည့်
 ကြက်ဥများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် လွတ်လပ်စွာဖြန့်ဖြူး
ရောင်းချသဖြင့် ရိုးသားသော ကျေးလက်နေ ပြည်သူများမှာ အတွက် လတ်တလော အခြေအနေ
အတွက် အဆင်ပြေသွားသော်လည်း

နောက်ဆက်တွဲ  အကျိုးဆက်ကိုတော့
&%$@*$-%=%*-#=((--*$


                      ဒေသခံတစ်ဦး