Monday, August 29, 2016

ကျောင်းထောက်ပံ့ကြေးကွင်းဆင်းဆောင်ရွက် နမီးရွာမှာပြုလုပ်




ကျောင်းထောက်ပံ့ကြေးကွင်းဆင်းဆောင်ရွက်မှု

        စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်
အင်းတော်မြို့နယ်သို့ရောက်ရှိနေသော
Save the Children မှ Project Officer
ဒေါ်မိုးလွင်စိုးသည် နမီးကျေးရွာအခြေခံ
ပညာအလယ်တန်းကျောင်း(ခွဲ)တွင်ယနေ့
ညနေပိုင်း ၁၈:၄၅ နာရီတွင် ကျေးရွာရှိ
ကျောင်းထောက်ပံ့ကြေး/ပညာသင်ထော
က်ပံ့ကြေးကော်မတီများ နှင့်တွေ့ဆုံပြီး
ပညာရေးစီမံကိန်းများအပေါ်ဆွေးနွေးခြင်း
၊လေ့လာဆန်းစစ်အကဲဖြတ်ခြင်းများကို
ဆောင်ရွက်ခဲ့ပါသည်။

facebookမှ

လယ်ယာမြေကို မစိုက်ပျိုးဘဲ ခြံခတ်ထားပါက လယ်ယာမြေဥပဒေအတိုင်း အရေးယူမည်တဲ့ မဟုတ်ကောင်း


The Myanmar Reviews Journal
လယ်ယာမြေကို မစိုက်ပျိုးဘဲ ခြံခတ်ထားပါက လယ်ယာမြေဥပဒေအတိုင်း အရေးယူမည်
====================
ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ လယ်ယာမြေများကို စိုက်ပျိုးခြင်းမပြုလုပ်ဘဲ ခြံခတ်ထားပါက လယ်ယာမြေဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းက ပြောသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး ၂၂ရက်မြောက်နေ့ တွင် ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး မေးမြန်းသည့် “ဆန့်ကျင်ဖောက်ဖျက်ပြီး မိမိကိုယ်ကျိုးစီးပွား တစ်ခုတည်းအတွက်သာ ဆောင်ရွက်နေခြင်းများ ရှေ့ဆက်ပြီး မပေါ်ပေါက်စေရေးအတွက် မည်သို့ စီစဉ်ဆောင်ရွက်ထားခြင်း ရှိမရှိ” မေးခွန်းကို ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

`` ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ကားလမ်း၊ ရထားလမ်းဘေးမှာ ရှိတဲ့ လယ်ယာမြေတွေကို ၀ယ်ထားပြီး စိုက်ပျိုးမှုမလုပ်ဘဲ ခြံခတ်ထားတာတွေ ရှိပါတယ်။ ဒါကြောင့် လယ်ယာမြေဥပဒေ ပုဒ်မ ၁၉ အတိုင်း အရေးယူဆောင်ရွက်သွားမှာပါ``ဟု ဒေါက်တာထွန်းဝင်းက ပြောသည်။

ယင်းကဲ့သို့ အရေးယူဆောင်ရွက်မှုများအတွက် ပြစ်ဒဏ်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက လယ်ယာဥပဒေပုဒ်မ ၃၅၊ ၃၆တို့နှင့် ထပ်မံအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာထွန်းဝင်းက ဆက်လက်ပြောသည်။
`` ပိုက်ဆံရှိတဲ့သူအချို့က မြေစာရင်းက ၀န်ထမ်းတွေနဲ့ ပေါင်းပြီး ကားလမ်း၊ ရထားလမ်း ဘေးဘက်က လယ်ယာမြေတွေကို ၀ယ်ပြီး စိုက်ပျိုးခြင်းမလုပ်ဘဲ ခြံခတ်ထားပြီး အဆင့်ဆင့် ပြန်လည်ရောင်းချတာတွေ ပြုလုပ်နေကြတယ်။ ဒီနေ့အထိ ဥပဒေနဲ့ ထိထိရောက် မလုပ်ဆောင်နိုင်သေးတဲ့အတွက် ဒီမေးခွန်းကို မေးမြန်းရတာ ဖြစ်ပါတယ်``ဟု ဝေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက ပြောသည်။

လယ်ယာမြေများကို ၀ယ်ယူပြီး လယ်ယာစိုက်ပျိုးခြင်းမပြုလုပ်ဘဲ ထားရှိလိုပါက ခိုင်လုံသည့် အထောက်အထားဖြင့် သက်ဆိုင်ရာဌာနများထံ တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ ထားရှိနိုင်ကြောင်း ဥပဒေပြဋ္ဌာန်းထားသည်။ လယ်ယာမြေဥပဒေပုဒ်မ ၃၀က၊ခ အရ လယ်ယာမြေကို အခြားနည်းဖြင့် သုံးမည်ဆိုပါက သက်ဆိုင်ရာ အဖွဲ့စည်းအဆင့်ဆင့် ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။ လက်ရှိတွင် တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ကြီးကြပ်ပြီး ဥပဒေ ၊နည်းဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Timeline Photos ·