Saturday, February 28, 2015

မော်လူးဈေး မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးဆောင်ရွက်ထားမှု တာဝန်ရှိသူများ စစ်ဆေး



မော်လူး စည်ပင်ယာရေးဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
မော်လူး | ဖေဖော်ဝါရီ ၂၈
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးစည်ပင်သာယာရေး ဈေးအတွင်း မီးဘေး အန္တရာယ် ကြိုတင်တားဆီး ကာကွယ်ရန် တာဝန်ရှိသူများမှ ဖေဖော်ဝါရီ၂၈ရက် နေ့လည် ၁၂ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မီးဘေးအန္တယ်ရာယ် ကြိုတင်တားဆီး ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာသို့ အင်းတော်မြို့နယ်  စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးညွှန့်လှိုင် အင်းတော်မြို့နယ် စည်ပင်သာရေး အမှုဆောင်အရာရှိ ဦးအေးမင်းထွန်းနှင့်အဖွဲ့မှလာရောက်ခဲ့ရာ မော်လူး မြိုနယ်လျှပ်စစ်မှူး ဦးမောင်မောင်ငြိမ်းနှင့် ဝန်ထမ်းများ မော်လူး စည်ပင်သာရေးဈေး ကော်မတီ အကျိုးဆောင်များ မော်လူး စည်ပင်ယာရေးဈေးခေါင်း ဦးအောင်ကြူးတို့မှ ဈေးအတွင်းသွယ်တန်းတပ်ဆင်ထားသည့် လျှပ်စစ်ဝါယာကြိုးများ စနစ်တကျ သွယ်တန်းထားမှု မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် စီမံဆောင်ရွက်ထားမှုများအား လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိသည်

ဟဲနုတွင် ထရန်စဖော်မာ တပ်ဆင်


လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝသုံးစွဲနိုင်ရေး ထရန်စဖော်မာ တပ်ဆင်
> မော်လူး | ဖေဖော်ဝါရီ ၂၈
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ဟဲနုရပ်ကွက်တွင် လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝ သုံးစွဲနိုင်ရန် ထရန်စဖော်မာ တပ်ဆင်ခြင်းကို ဖေဖော်ဝါရီ ၂၈ရက်နေ့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
> မော်လူးဒေသ ဟဲနုရပ်ကွက်တွင် မြို့နယ်လျှပ်စစ်မှူး ဦးမောင်မောင်ငြိမ်းနှင့် ဝန်ထမ်းများမှ ထရန်စဖော်မာ တပ်ဆင်ခြင်းကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ " ကျွန်တော်တို့ အခုဆောင်ရွက်နေတာကတော့ မြန်မာနိုင်ငံ လျှပ်စစ်ဝန်ကြီူဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းရဲ့ ၂၀၁၄/၁၅ ခုနှစ် ခွင့်ပြုရံပုံငွေနဲ့ မော်လူးဒေသ ဟဲနုရပ်ကွက် အတွက် အရှည်ပေ ၁၅၀၀ ရှိ 11 KV လိုင်းနဲ့ 400 V  ဓာတ်အားလိုင်း ၁၀၀ ပေကိုလည်း တိုးချဲ့ သွယ်တန်းပါတယ်။ 11/0.4 KV 200 KVA ထရန်စဖော်နဲ့ ခွဲရုံတစ်ရုံကို ဆောင်ရွက်နေတာပါ။ လျှပ်စစ်ဓာတ်အား သုံးစွဲကြသူတွေ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးနဲ့ ဓာတ်အားပျောက်ဆုံးမှု လျှေားနည်းစေရေးအတွက် လျှပ်စစ်ဓာတ်ကြိုးနဲ့ မလွတ်တဲ့ သစ်ပင် သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း ယခင် အသားတိုင်များနေရာတွင် ကွန်ကရစ်ဓာတ်တိုင်များဖြင့် အစားထိုးလဲလှယ်ခြင်း စတာတွေကို ဆောင်ရွက်ပေးနေပါတယ်။ " ဟု မြို့နယ်လျှပ်စစ်မှူး ဦးမောင်မောင်ငြိမ်းမှ ပြောပြသည်။ မော်လူးအနီးရှိ ရပ်ကွက်များတွင် ထရန်စဖော်များ တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားကို ပြည့်ပြည့်ဝဝ သုံးစွဲနေကြပြီဖြစ်ပြီး ယခုလည်း မော်လူးဒေသဟဲနုရပ်ကွက်တွင် လျှပ်စစ်ဓာတ်အားကို ပြည့်ပြည့်ဝဝ သုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
>

ဖေ့ဘုတ် မှာ ကူးယူလာသော အမြင်မတော်ဘူးလို့ ပြောလာတဲ့ အကြောင်း

ဘုရားဘုရား တို့ဘုရားသာသနာတော်ကြီးပျက်ခါနီး ပြီဆိုတာ သေချာနေပါပြီ ရင်နာမိပါတယ် သံဃာဝတ်ကြီးနဲ့ဖြစ်ပျက်နေလိုက်တာ ကြည့်လို့မှ မှမကောင်း မိုကိချင်ရင်လည်း လူထွက်ပြီးမိုက်ပါဘုရား ခုတော့ လူတကာရှိခိုးဦးချတာလိပ်ပြာမှ သန့်ကြရဲ့လား သင်္ကန်းဝတ်ကြီးနဲ့ အပြစ်လုပ်တာ အပြစ်ပိုကြီးပါတယ်ဘုရား ဆရာတော်ကြီးတွေ ဦးဇင်းငယ်တွေကို ဆုံးမကြပါဦးဘုရား ပစ်မထားကြပါနဲ့ ဦးဇင်းတွေ ကွမ်းစား ဆေးလိပ်သောက်တာလောက်တော့ စာဖွဲ့ပြီး ပြောနနေပါဘူးဘုရား အော်သူလည်းအရိယာသူတော်စင်မှ မဟုတ်သေးတာ ဒီလောက်တော့လုပ်မိမှာပေါ့လို့ တွေးပေးလို့ရပါသေးတယ် ခုတော့လေ အရက်စွဲနေတာတွှဲဘုရား မယ်တော်ကတော့ ငါဟာရဟန်းမယ်တော်ဆိုပြီးဂုဏ်ယူနေရှာတာ တမင်အပုတ်ချတာမဟုတ်ပါ မဖြစ်စေချင်လို့ပြောတာပါဘုရား ဆုံးမပေးကြပါ ကျောင်းထိုင်ကိုယ်တော်ပါ သက်တော်ကတော့ ၃၀ကျော်ဝန်းကျင်ဖြစ်ပါတယ် တကယ်စိတ်မချမ်းသာပါ ကျေးဇူးပြုပြီးfriတို့အသိထဲမှာ ဒီလို ရဟန်းတွေရှိခဲ့ရင်လည်း ဆုံးမစကားလေးပြောပေးကြပါလို့ အနူးအညွတ်တောင်းပန်ပါတယ် လူသားတွေထက်မြတ်လို့ သံဃာဘဝရောက်တာပဲပဘုရား မမိုက်မဲမိပါစေနဲ့ဘုရား  ------

အင်တာနက်သုံးသူတွေ သတိထားသင့်တဲ့ အကြောင်းလေးပါ



မုံရွာမြို့က အလွတ်တန်း သတင်းထောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ ဖမ်းလ်ုက်တယ် နိုင်ငံတော် အကြည်ညိုပျက်စေတယ်ဆိုတဲ့ ပုံက အထက်မှာ ဖော်ပြထားတဲ့ ပုံပါပဲ ။ 

Friday, February 27, 2015

ဥသျှစ်ကုန်းကျေးရွာမှ မော်လူးသို့ဆက်သွယ်ထားသည့် လမ်းပြုပြင် အလှူရှင်လိုအပ်



ဥသျှစ်​ကုန်းရွာ မှ ​မော်​လူးသို့ထွက်​ရာလမ်းအား ရွာသူားများမှ
ကိုယ်​ထူကိုယ်​ထဖြင့်​ စတင်​ပြုပြင်​​နေ​သော်​လည်း အပြီးမသတ်​နိုင်​ဖြစ်နေကြောင်း သိရသည်​။ လမ်းပြုပြင်ခြင်း မြေသားညှိခြင်းများအတွက်
စက်​ယန္တရား ငှားခ တစ်နာရီ လျှင်(90000) ကျပ်
ပေးရသည်​ဖြစ်​ရာ ရွာသိမ်​ရွာငယ်​ဖြစ်​သည့်​အတွက်​ နာရီများစွာမငှားနိုင်​​ကြောင်း
မိုးရာသီတွင်​လမ်းအလွန်​ဆိုးပြီး​ကျောင်းသူ
ကျောင်းသားများပင်​ပန်းဆင်းရဲခက်​ခဲစွာ
သွားလာ​နေကြရ​ကြောင်း လမ်း​ကောင်းမွန်​​ရေးအတွက်​ ကူညီ​ထောက်​ပံ့​ပေးလိုသည့်
အလှူရှင်​များရှိပါက အလွန်​ဝမ်းသာကြမည်
ဖြစ်​​ကြောင်း ဥသျှစ်​ကုန်းရွာသားတဦး၏
ပြောပြချက်​အရ သိရှိရသည်​ ။
သတင်းပေးပို့သူ -ဖိုးရှမ်းလေး

Thursday, February 26, 2015

ကျေးရွာချင်းဆက်လမ်းမပေါ်တွင် ကွန်ကရစ်တံတားဆောက်လုပ်




ကျေးရွာချင်းဆက်လမ်းပေါ်တွင် ကွန်ကရစ်တံတားသစ်ဆောက်လုပ်
မော်လူး၊ ဖေဖော်ဝါရီ ၂၆
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာနှင့် မြေပလ္လင်၊ဟောင်းတုန်းကျေးရွာများသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းမပေါ်တွင် ကွန်ကရစ်တံတားသစ်ဆောက်လုပ်လျှက်ရှိကြောင်း သိရသည်။
ယင်းဆောက်လုပ်လျှက်ရှိသော ကွန်ကရစ်တံတားအား မော်လူးမှ အလှူရှင်ဖြစ်သူ ဦးသိန်းအောင် + ဒေါ်မြင့်မြင့်စိန် သား မောင်သန့်ဇင်ဦး+ မချောစုလှိုင်(မန္တလေးမြို့) မိသားစုတို့မှ မတည်လှူဒါန်းငွေ ကျပ် ၈သိန်းဖြင့်  ဆောက်လုပ်နေခြင်းဖြစ်ပြီး ဒေသခံကျေးရွာသူ/သားများက လုပ်အားဒါနပေးလှူလုပ်ကိုင်နေကြပြီး မံဟဲကျေးရွာ ရာအိမ်မှူး ဦးညွှန့်ရွှေမှ ဦးစီးဦးဆောင်ပြုလုပ်ကာ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ စတင်ကာ ဆောင်ရွက်နေကြခြင်းဖြစ်သည်။ ကွန်ကရစ်တံတားသည် အကျယ် ၅ ပေ၊ အရှည် ၁၇ ပေ၊ အမြင့် ၅ ပေရှိကြောင်း သတင်းရရှိသည်

အသက် ၆၀ ခန့် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေ

အသက် ၆၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးနေ
မော်လူး၊ ဖေဖော်ဝါရီ ၂၆
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ကရင်ကျေးရွာ၏ အရှေ့ဘက် ဝေဘူဝေဘာ တောရကျောင်းအနီးတွင် အသက် ၆၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးနေသည်ကို ဖေဖော်ဝါရီ ၂၆ ရက် နေ့လည် ၁၂ ခန့် တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ဦး ......| ရပ်ကွက်(၆)၊ မော်လူးတွင် နေထိုင်သူဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ နေ့လည် ၁၂ နာရီအချိန်တွင် ကရင်ကျေးရွာ၏ အရှေ့ဘက် ဝေဘူဝေဘာတောရကျောင်းအနီးတွင်  ဝဲဘက် မျက်ခမ်းစပ်၊ မျက်နှာ ယောင်ယမ်း၊ ပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ ယာဘက်မျက်လုံး ပေါက်ပြဲ သွေးထွက် ဒဏ်ရာ၊ ယာဘက်နားရွက်အောက် ပြတ်ရှ ဒဏ်ရာ၊ နောက်စေ့ပေါက်ပြဲ သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးလျှက်ရှိသည်ကို သမီးဖြစ်သူ မ.....မှ တွေ့ရှိကာ မော်လူးနယ်မြေ ရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားခဲ့ရာ မော်လူးရဲစခန်းမှ အမှုစစ် ရဲအုပ် အေးမင်းသိန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မော်လူး၊ ရပ်ကွက်(၆)မှ ရာအိမ်မှူး ဦးဝင်းတင့်တို့နှင့် သွားရောက်စစ်ဆေးပြီး ရဲလုပ်ထုံးလုပ်နည်းအရ မှတ်တမ်းဓာတ်ပုံများ ရိုက်ယူခြင်းများကို ဆောင်ရွက်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်သိရှိစေရန် မော်လူးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့ပြီး မ......မှ တရားလိုပြုလုပ်ကာတိုင်ကြားခဲ့သဖြင့် မော်လူးနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် အေးမင်းသိန်းမှ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားခံကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်

နန့်စီးအောင် - ပေကုန်း ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးစာရိန္ဒ ပျံလွန်တော်မူ



နန့်စီးအောင်-ပေကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးစာရိန္ဒ ဘဝနတ်ထံ ပျံလွန်တော်မူ
မော်လူး၊ ဖေဖော်ဝါရီ ၂၆
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နန့်စီးအောင် -ပေကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးစာရိန္ဒသည် ဖေဖော်ဝါရီ ၂၃ရက်( မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် တပေါင်းလတန်း ၆ ရက်နေ့) နံနက် ၈နာရီ ၁၀ မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ဆရာတော် ဦးစာရိန္ဒသည် နန့်စီးအောင် -ပေကုန်းကျေးရွာတွင် သဘာဝစိမ့်စမ်းရေရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း၊ နှစ်စဉ်တရားစခန်းများ ဖွင့်လှစ်ခြင်း၊ မျိုးဆက်သစ်လူငယ်လေးများ ဘာသာတရားကိုင်းရှိုင်းမှုရှိစေရန် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ ဘုန်းတော်ကြီးကျောင်းဆောင်သစ်ကြီး ဆောက်လုပ်နိုင်ရန် ဦးဆောင်ကြိုးပမ်းခဲ့ခြင်း စသည့် အမျိုး၊ ဘာသာ၊ သာသနာလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။ ဆရာတော်ပျံလွန်ချိန်တွင် သက်တော် ၆၆ နှစ် သိက္ခာတော် ၄၄ ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။

တံတားအမှတ် ၁၆၈/၄ ပြုပြင်



ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမပေါ်ရှိ တံတားအမှတ် ၁၆၈/၄ အားကြံ့ခိုင်မှုရှိစေရန် ပြုပြင်ခြင်းဆောင်ရွက်
မော်လူး၊ ဖေဖော်ဝါရီ ၂၆
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရွှေဘို - မြစ်ကြီးနား မော်တော်ကာလမ်းမဖြတ်သန်းသွားရာ နန့်စီးအောင် -ပေကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအနီးရှိ တံတားအမှတ် ၁၆၈/၄ အား ကြံ့ခိုင်မှုရှိစေရန် ပြုပြင်ခြင်းကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါတံတားသည် ချဉ်းကပ်လမ်းမြေသားများ ပြိုကျနေခြင်း၊ တံတားကြမ်းခင်း ပျက်စီးနေခြင်းကြောင့် ကြံ့ခိုင်မှုအားနည်းနေသဖြင့် ဖြတ်သန်းသွားလာလျှက်ရှိသော မော်တော်ယာဉ်များ အန္တရာယ်နှင့် ကြုံတွေ့နိုင်သဖြင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဖြတ်သန်းသွာလာမောင်းနှင်နေကြသည့် မော်တော်ယာဉ်များ| မော်တော်ဆိုင်ကယ်များ| ခရီးသွားများအတွက် စောင့်ဆိုင်းစရာမလိုပဲ အဆင်ပြေစွာ မောင်းနှင်သွားလာနိုင်ရန်လမ်းလွဲပြုလုပ်ပေးကာ လမ်းအထူးစီမံကိန်းကြီး အဖွဲ့(၁)မှ တံတားခေါင်း ဦးသာဓုဦးဆောင်ကာ အလုပ်သမားများက ကြံ့ခိုင်မှုအားနည်းလျှက်ရှိသည့် တံတားအား နေ့ချင်းပြီး ပြုပြင်ခဲ့ရာ ညနေပိုင်းတွင် ဖြတ်သန်းသွားလာလျှက်ရှိသော မော်တော်ယာဉ်များ တံတားပေါ်မှ အန္တရာယ်ကင်းစွာ သွားလာမောင်းနှင်နေနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်

ဟောင်းတုန်းကျေးရွာ လေးတန်ချောင်းကူးတံတား ချဉ်းကပ်လမ်းဆောင်ရွက်



ဟောင်းတုန်းကျေးရွာ လေးတန်းချောင်းကူးတံတား ချဉ်းကပ်လမ်း ဆောင်ရွက်
မော်လူး၊ ဖေဖော်ဝါရီ ၂၆
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်တော်မြို့နယ်၊ မော်လူးဒေသ၊ ဟောင်းတုန်းကျေးရွာအုပ်စု၊ ဟောင်းတုန်းကျေးရွာမှ မံဟဲကျေးရွာ၊ မြေပလ္လင်ကျေးရွာများသို့ ဆက်သွယ်သွားလာရန်အတွက် လေးတန်ချောင်းအား ဖြတ်၍ ဆောက်လုပ်ထားသော ချောင်းကူးတံတား ချဉ်းကပ်လမ်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းတံတား၏ ချဉ်းကပ်လမ်းအား မြေသားဖို့ခြင်းဆောင်ရွက်ရန် စီစဉ်ထားသော်လည်း ရာသီဥတုအခြေအနေအရ မြေသားဖို့ခြင်းသည် ရေတိုက်စားမှုဒဏ်ကို ခံနိုင်ရည်မရှိနိုင်ဟု ယူဆသည့်အတွက် မြေသားဖို့ခြင်းအစား အသားများခင်းကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ချဉ်းကပ်းလမ်း အရှည် ပေ ၂၀၀၊ အကျယ် ၇ ပေ၊ မြေစိုက် ၃ ပေခွဲတို့အား အမြင့် ၄ပေ(လက်ရန်း)တို့အား မြေသားဖို့ခြင်းအစား သစ်သားများခင်းကာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းသို့တံတားချဉ်းကပ်လမ်း ပြုလုပ်နိုင်ရန်အတွက် လွှတ်တော်ခွင့်ပြုရံပုံငွေ ၃၅ သိန်း ရရှိထားကြောင်း၊ တံတားချဉ်းကပ်လမ်းဆောင်ရွက်ခြင်းကို ဟောင်းတုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုန်းကျော်မှ ဦးစီးပြီး ကျေးရွာသူ/သားများ၏ လုပ်အားဒါနဖြင့်  ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်

Tuesday, February 24, 2015

အင်ဒိုကျွန်းစု ၌ သာသနာကွယ်ပျောက် ရခြင်းအကြောင်း

အင်ဒိုကျွန်းစု ၌
သာသနာကွယ်ပျောက် ရခြင်းအကြောင်း
……………………………………………
သီရိဓမ္မာသော ကမင်းကြီးဟာ ကိုးတိုင်းကိုးဌာနကို သာသနာပြုစေလွှတ်ခဲ့ပါတယ်။

ကိုးတိုင်းကိုးဌာနမှာသုဝဏ္ဏဘူမိ
ဆိုတဲ့ဌာနတစ်ခုပါဝင်ခဲ့တယ်။

အိန္ဒိယပြည်နာလန္ဒာ တက္ကသိုလ်ပျက်ကြီးကိုယနေ့
(၂၁)ရာစုခေတ်မှာတူးဖော်လို့ရရှိတဲ့
ကြေး ပုရပိုက်တွေအရ
သုဝဏ္ဏဘူမိ ဆိုတာ
အင်ဒိုးနီးရှား၊ မလေးရှား၊ စင်ကာပူစ တဲ့ နိုင်ငံ(၃)နိုင်ငံဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင် ငံက သထုံပြည်ကို သုဝဏ္ဏဘူမိလို့ ခေါ်ဝေါ်တာဟာ ရာစုနှစ်ပေါင်း တော်တော်ကြာမှ အင်ဒိုနီးရှား စတဲ့နိုင်ငံ(၃)နိုင်ငံကို မှီးပြီးအမည်မှည့်ခေါ်တာလို့
သမိုင်းသုတေသီတို့က ဆိုပါတယ်။

အင်ဒို ကျွန်းစုတွေမှာ
ဘုရင်ရော ပြည်သူပြည်သားတွေပါ ဗုဒ္ဓဘာသာဖြစ်ခဲ့ကြပါတယ်။

၇- ရာစု……စုမတြာကျွန်း တောင်ပိုင်း လင်းတန်းမြို့ မှာ ထီးနန်းစိုက်ခဲ့တဲ့ သိရီဝိဇယမင်း လက်ထက်မှာ ဗုဒ္ဓ
ဘာသာဟာအလွန်ပဲထွန်းကားခဲ့ပါတယ်

အဲဒီမင်းရဲ့
သိရီဝိဇယယူနိဘာဝီတိတက္ကသိုလ်ကြီးကို တခြားနိုင်ငံက
စာသင်သားရဟန်းတော်များလာရောက်
ပညာသင် ယူခဲ့ကြ ပါတယ်။

ဗုဒ္ဓဘာသာဟာလည်း အင်ဒိုနီးရှားကျွန်းဆွယ် စုအားလုံးအပြင် ပတ်ဝန်းကျင် နယ်ပယ်တွေပါ ပြန့်နှံသွားပါတယ်။

ဒီလိုနဲ့ ဗုဒ္ဓသာသနာဟာ အဲဒီကျွန်းစုတွေမှာ
(အေဒီ - ၃ ရာစုမှ အေဒီ ၁၄ ရာစုအထိ) နှစ်ပေါင်း ၁၈၀၀ လောက် ထွန်းကား ပြန့်နှံ့ခဲ့ပြီး ကမ္ဘာကျော်ဗောဒေါဗုဒ္ဓောစေတီတော်
်ကြီးနဲ့ စေတီပုထိုးပေါင်း မြောက်မြားစွာကိုတည်ဆောက်ခဲ့ကြ
ပါတယ်

ဗုဒ္ဓဘာသာဝင် တွေ အင်ဒို ကျွန်းစု ဆီကိုရောက်ပြီးတဲ့နောက် မှာဟိန္ဒူဘာသာဝင် ပလ္လ၀ါ
ကုန်သည်တွေရောက်လာကြပါတယ်

ပလ္လ၀ါမင်းတွေဟာ နိုင်ငံငယ်လေးများ အဖြစ်နေကြတုန်းအချိန်က
အိန္ဒိယနဲ့ ကူးလူးဆက်ဆံပြီး ဟိန္ဒူဗြဟ္မဏအယူ ၀ါဒကို ကိုးကွယ် ကြပါတယ်။

သိရီဓမ္မ္မသောကမင်းကြီး
ထိုကျွန်းစုကို သာသနာပြုပြီးတဲ့နောက် နှစ်ပေါင်း (၁၅၀၀)ခန့် အကြာမှာ အင်ဒို
ကျွန်းစုတွေဆီ
မူဆလင်အာရပ်ကုန်သည်တွေ
အိန္ဒိယသား မူဆလင် တွေ
စတင်ပြီးကုန်စည်ကူးသန်းရောင်းဝယ်
်ဖောက်ကားရင်း အခြေချလာရောက် နေထိုင်ကြ ပါတယ်။

နောက် တော့အာရပ်ကုလား မူဆလင် တွေအခြေချရာကနေကျွန်းသူတွေနဲ့ရင်းနှီးပြီးလက်ထပ်မျိုးပွားကြပါ တယ်။ လူဖောက်သာသနာပြုကြပါတယ်။

အဲဒီကျွန်းစုတွေမှာ မူဆလင်ကုန်သည်တွေက
အနုနည်းဖြင့်လူဖောက်သာသနာပြုနေ
ချိန်မှာ တစ်ဖက်က
မူဆလင်စစ်တပ်များက ဥရောပကိုအပြင်းအထန် ချီတက် တိုက်ခိုက်နေချိန်ဖြစ်ပါတယ်။

ဒီလိုနဲ့ လူဖောက်လို့ မူဆလင်
ဦးရေများပြီးအင်အားတောင့်တင်းလာတဲ့အရပ်တွေမှာ ဟိန္ဒူဗုဒ္ဓဘာသာခေါ်တဲ့ ဘုရင်တွေကိုဖြုတ်ပြီး စု(လ်)တန်လို့ခေါ်တဲ့ မူဆလင်ဘုရင်ငယ်တွေကို တင်မြှောက်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အချို့နေရာတွေမှာ မူဆလင်တွေကို
ရ .၀. တတို့ အုပ်ချုပ် ရေးမှုးတို့
တင်မြှောက်ထားကြတာ အန္တရာယ်ကြီးတယ်ဆိုတာ
ဒီအချက်က သာဓကပြ လို့နေပါတယ်။ ရွှေမြန်မာတို့ သတိပြုစရာပါ။

ဒီလိုဖြုတ်ပြီးနောက်
ရဟန်းတော်တွေကိုခေါင်းဖြတ်သတ်ခြင်း
အရှင်လတ်လတ် မီးရှို့သတ် ဖြတ်ခြင်း၊ ဗုဒ္ဓဘာသာကိုးကွယ်သူတွေကို သတ်ဖြတ်ခြင်း၊
ထောင်ချခြင်းစတာတွေလုပ်ခဲ့တဲ့
အတွက် အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေမှာ ဗုဒ္ဓဘာသာဟာ ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်ခဲ့ရပါတယ်။

ဒီနေရာမှာ အင်ဒိုနီးရှား ကျွန်းစုပေါင်း ၃၀၀၀ကျော်နဲ့ စင် ကာပူ၊မလေးရှားတို့မှာ များပြားလှတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ မူဆလင်တွေ စတင်အခြေချပြီး အပြီးတိုင်ဝါးမျိုခြင်းကို ခံရသည်အထိ နှစ်ပေါင်း ၂၅၀ မှ ၃၀၀ခန့်ကာလ
အတွင်းမှာ တိမ်ကောသွားရတာဟာ
ဝမ်းနည်းဖို့ ကောင်း သလို သတိသံဝေဂရဖို့လည်းကောင်းပါတယ်။

သမိုင်းကြောင်းတွေအရ
တိကျတဲ့ အထောက်အထားတွေအရ မူဆလင်တွေဟာ တစ်ခါတစ်ရံ စစ်တိုက်ပြီး အကြမ်းဖက်သာသနာပြု ပါတယ်။

တခါတရံမှာလိုအပ်သလို
အနုနည်းနဲ့လူဖောက်ပြီး သာသနာ ပြုကြ ပါတယ်………

နောက်ဆုံး အင်အားများလာတဲ့ တစ်နေ့မှ အကြမ်းနည်း…အနုနည်း နှစ်ရပ်နဲ့အနိုင်ယူတတ်ကြပါတယ်။

ဗေဒါပင် ကို
ဧရာမအင်းကြီးတွေ အိုင်ကြီးတွေမှာ တစ်ပင်၊နှစ်ပင် ဆိုသလို တွေ့ခါစက
ဘယ်သူမှ ဂရုမပြုမိကြပါဘူး။ တစ်စတစ်စနဲ့ နှစ်အတော်ကြာတော့ များပြားလာပြီး ရှင်းလင်းလို့မရ တော့ အင်းကြီးတွေ အိုင်ကြီးတွေ ကန်ကြီးတွေ ကောရသလိုပါဘဲ။

ဒီဥပမာကို နောင်လာနောင်သားများ ကြပ်ကြပ်မတ်မတ် ဂရုပြုကြဖို့လိုအပ်ပါတယ်

Ref………Ashin.WMl

ကသာမှာတော့ mpt ကို ဆန်ဒပြဂျ သတဲ့ မော်လူးမှာရော ? ? ?


အင်းတော်မြို့က ပေးပို့လာသည့် သတင်း




အင်းတော်မြို့ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် မဟာထေရ်မြတ်၏ အရိုးအိုးဂူအနီးပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာစေလို
အင်းတော်၊ ဖေဖော်ဝါရီ ၂၄
@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့၊ မြို့မကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒဝံ(နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် မဟာထေရ်မြတ်)၏ အရိုးအိုးဂူ အနီးပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာမှုများ ရှိရန် ဒေသခံမြို့သူမြို့သားများ လိုလားလျှက်ရှိကြောင်း သိရသည်။
ဆရာတော်ဘုရားကြီး၏ အရိုးအိုးဂူသည် ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်း ဖြတ်သန်းသွားရာ အင်းတော်မြို့အဝင်တွင် တည်ရှိသည်။ ယင်းအရိုးဂူတည်ရှိရာ နေရာတွင် ဈေးဆိုင်ခန်းများ ဆောက်လုပ်ရောင်းချနေခြင်း၊ သားသတ်လိုင်စင်မရှိပဲ သားသတ်လုပ်ငန်းများ လုပ်ကိုင်နေခြင်း၊ တရားမဝင် လိုင်စင်မဲ့ အရက်များရောင်းချနေခြင်းများ ပြုလုပ်နေကြသည့်အပြင်၊ အညစ်အကြေးများ၊ မစင်များကိုလည်း လာရောက်စွန့်ပစ်မှုများရှိနေပါသည်။ အရိုးအိုးဂူအား ကာရံထားသည့် အုတ်တံတိုင်း အလှူရှင်အမည်များမှာလည်း ဈေးဆိုင်ခန်းများ ကွယ်နေသဖြင့် အလှူရှင်များမှာလည်း စိတ်မချမ်းမြေ့မှုများ ဖြစ်ပေါ်နေရပါသည်။ အင်းတော်မြို့၏ ဂုဏ်ဆောင်ဖြစ်သည့် အောင်မေတ္တာ ဝင်ဒါမီယာရပ်ကွက်နှင့်လည်း နီးကပ်စွာတည်ရှိနေရာ မြို့၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည်သာမက လူအများ၏ အလေးအမြတ်ထားရာနေရာတွင် အမြင်မတော်သည်များဖြစ်ပွားနေသည်ကို မြင်တွေ့နေရသဖြင့် ယင်းအရိုးအိုးဂူအနီးတွင် သန့်ရှင်းသာယာမှုရှိစေရန် ဒေသခံမြို့သူမြို့သားများမှ လိုလားလျှက်ရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရသည်

Monday, February 23, 2015

အပင်နဲ့တိရ စ္ဆာန်အကြောင်းအစေ့တစောင်း

အပင်နဲ့တိရ စ္ဆာန်အကြောင်းအစေ့တစောင်း
----------------------------------------------

1.ဆင်တွေရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ ၂ နှစ်ရှိပါတယ်။

2. ဆင်တွေဟာ သူတို့မိတ်ဆွေတွေသေဆုံးခဲ့တဲ့နေရာတွေကို
ဝမ်းနည်းပူဆွေးငိုကြွေးဖို့ပြန်သွားတတ်ပါတယ်…

3. ပျားတွေရဲ့ အကြိုက်ဆုံးအရောင်က ခရမ်းရောင်ဖြစ်ပါတယ်…

4. ပျားထီးတွေဟာ မျိုးပွားပြီး (လိင်ဆက်ဆံပြီး) ရင် သေပါတယ်…

5. ကြွက်ကိုကလိထိုးရင် ကြွက်တွေရယ်ပါတယ်…

6. သစ်ကုလားအုတ်ရဲ့လျှာဟာ အမည်းရောင်ဖြစ်ပါတယ်…

7. ဝက်တွေဟာ အရက်စွဲနိုင်ပါတယ်…

8. ကျီးကန်းတွေဟာ ငှက်တွေအားလုံးထဲမှာ ဥာဏ်ရည်အမြင့်ဆုံးဖြစ်ပါတယ်…

9.ပန်းပွင့်တွေဟာ ဂီတသံတွေကြားရရင် ပိုပြီးမြန်မြန်ကြီးလာပါတယ်…

10.အင်းဆက်ပိုးကောင်တွေကိုဖမ်းယူစားသောက်တဲ့ Venus fly trap
အပင်တစ်ပင်ဟာ Cheeseburger တစ်လုံးကို တောင်
အစာချေချက်နိုင်ပါတယ်…။

Credit to Original Writer
K.K(ကနောင်

ကွမ်းစားဆေး နှင့် ကွမ်းပေါင်း နှပ်ဆေးများ စားသုံးမှုကြောင့် သွားဖုံး ၊ ပါးစောင်ကင်ဆာ ဖြစ်ပွား

ကွမ်းစားဆေး နှင့် ကွမ်းပေါင်း နှပ်ဆေးများ စားသုံးမှုကြောင့် သွားဖုံး ၊ ပါးစောင်ကင်ဆာ ဖြစ်ပွားမှု များပြားလာ

မြို့တိုင်းလိုလို ကွမ်းစားသုံးမှု များပြား လာသည်နှင့် အမျှ အိန္ဒိယနိုင်ငံမှ
တရားမဝင် တင်သွင်းသော နိုင်တီတူး၊ ဖိုတီဖိုက် စသည့် ဆေးပြင်းများကို
စားသုံး နေကြသည်။ ထို့ပြင် Shikhar (ရှီးခါး)၊ ကင်းမြီးကောက် တံဆိပ်ပါ ကွမ်းပေါင်း ဆေးထုပ်များကို လူငယ်အများစု စားသုံးမှု ပိုမို များပြား လာကြ
သည်။

ယခင်က ကွမ်းကို ကွမ်းသီး၊ ထုံး၊ ဆေးရွက်ကြီး တို့ဖြင့် စားသုံးကြရာမှ ယခုအခါ ကွမ်းစားသုံး မှုသည် လူတန်းစား မရွေး ဈေးနှုန်း သက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူ စားသုံး နိုင်ခြင်းကြောင့် ကွမ်းစားသုံးမှု မှာ ပိုမို မြင့်မားလာပြီး လူကြီး၊ လူငယ် ကွမ်းစားသုံးမှု များပြား လာသည်နှင့် အတူကွမ်းစား ခြင်းကြောင့် ခံတွင်းရောဂါ ဖြစ်ပွားမှုသည် ယခင်ကထက် သက်တမ်း ထက်ဝက်ခန့် စော၍ ဖြစ်ပွား လာသည်ကို တွေ့ရှိ နေရသည်။

ယခင်က အသက် ၄ဝ နောက်ပိုင်း မှသာ သွားဖုံးကင်ဆာ ဖြစ်ပွားမှု တွေ့ရှိ ရသော်လည်း ယခုအခါ အသက် ၂၅ နှစ်မှ ၃၅ နှစ် ဝန်းကျင် အရွယ်မှစ၍ ဖြစ်ပွားမှုများ ရှိလာသည်ကို လေ့လာ သိရသည်။

ကွမ်းယာရောင်းဆိုင် အချို့သည် ကွမ်းသီးကို ရေစိမ်ထားက ၄င်းကွမ်းသီး
များ ရေစိမ် ထားသည့်အတွက် ပွလာကာ ကွမ်းသီးကို အရောင်ဖွေးပြီး လှနေအောင် ဓာတုချွတ်ဆေး တစ်မျိုးဖြင့် အရောင် ချွတ်ကာ ရေဆေးပြီး
နေလှန်း အခြောက်ခံ သည်ကို လည်းကောင်း၊ ဆေးရွက်ကြီး များကိုလည်း ပျားရည်နှင့် ရောစပ်ကာ နှပ်ဆေး သဘောမျိုး အသွင်ပြောင်း ထားသလို ထုံးကိုလည်း ရေနှင့်ဖျော်ပြီး အပေါ်ယံ ရေကြည်ကို သွန်ပစ်ကာ အနည်ထိုင် ကျန်ခဲ့သည့် အနှစ်သားကို ပျစ်ပျစ် ဖျော်ထားသည့် နို့မှုန့်များဖြင့် ရောစပ် လိုက်သည့် အတွက် ထုံးကို စားသည့်အခါ နို့မှုန့် ပါလာသည့် အတွက်
ထုံးသားက ဆိမ့်ဆိမ့်လေး ဖြစ်နေကြောင်း၊ သို့သော် ကျန်းမာရေး နှင့်
ကိုက်ညီမှု ရှိ၊ မရှိ မသိရကြောင်း စသည့် ကွမ်းနှင့် ကွမ်းသီး အကြောင်း
ကို ကောလင်းမှ လေ့လာသူ တစ်ဦးက ပြောပြ၍ သိရသည်။

ယခုအခါ ကွမ်း စားသုံးသူ များနှင့် ကွမ်းသွေး ထွေးရန် အခက်အခဲများ
ရှိ၍ငုံထားချိန်များခြင်း၊Shikhar (ရှီးခါး)၊ ကင်းမြီးကောက် တံဆိပ်ပါ ကွမ်းပေါင်းဆေး များကို သုံးစွဲ၍ ပါးစောင် ပေါက်ပြီး ကင်ဆာ ရောဂါများ ဖြစ်ပွားကာ သေဆုံးသူ များပြား လာကြောင်း သိရှိရသည်။

Credit to Original Writer
K.K(ကနောင်

ဓမ္မစေတီခေါင်းလောင်း တစ်ပတ်အတွင်း ဆယ်ယူမည်ဟု ဆိုပြန်

ဓမ္မစေတီခေါင်းလောင်း တစ်ပတ်အတွင်း ဆယ်ယူမည်ဟု ဆိုပြန် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ပြ...
The Voice Weekly's Facebook Wall / The Voice Weekly / 11 hours ago

ဓမ္မစေတီခေါင်းလောင်း တစ်ပတ်အတွင်း ဆယ်ယူမည်ဟု ဆိုပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ပြည်တွင်းပုဂ္ဂလိကသတင်းစာ အချို့တွင် မျက်နှာဖုံးသတင်း အဖြစ် နေ့စဉ်ရက်ဆက် ဖော်ပြခံခဲ့ရသော ဓမ္မစေတီ ခေါင်းလောင်းကြီးကို သန်လျင် ရေနံချက်စက်ရုံအနီး ဆင်းကျုံးဆိပ်ခံ တံတားအနီး၌ တစ်ပတ်အတွင်း စတင်ဆည်ယူမည် ဖြစ်ကြောင်း ဓမ္မစေတီခေါင်းလောင်း ဆယ်ယူနေသည့် ဦးကျော်ဝင်းက ပြောကြားသည်။

ဓမ္မစေတီခေါင်းလောင်းကြီးဟု ယူဆရသည့် သန်လျင်ရေနံချက်စက်ရုံ အနီးရှိ ဆင်ကျုံးဆိပ်ခံ တံတား၏ ၁၀ ပေအကွာ ရေအောက်တွင် ရှိသော ဂမူကြီးကို Echo Sounder ဖြင့် ရှာဖွေတွေ့ရှိခဲ့ပြီး GPS စနစ်နှင့် Google Earth တို့တွင်လည်း ခေါင်းလောင်းနှင့် အသွင်သဏ္ဌာန်တူသော ပုံရိပ်များကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါဂမူကြီးကို လှေပေါ်မှ တံစဉ်းဖြင့် တိုက်ကြည့်ရာ ကြေးဝါများ ပါလာသည်ကို တွေ့ရှိရသဖြင့် အဆိုပါဂမူကြီးကို ဓမ္မစေတီခေါင်းလောင်းဟု အတည်ပြုပြီး ရေငုပ်အဖွဲ့များနှင့် ဆွေးနွေးပြီးပါက တစ်ပတ်အတွင်း ဆည်ယူမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ခေါင်းလောင်းက နှစ်လုံးပါ၊ တစ်လုံးနဲ့ တစ်လုံးက ၅ ပေလောက်ပဲ ကွာတယ်။ ဂမူကြီးကို သန့်ရှင်းရေးလုပ်ပြီး တံစဉ်းနဲ့ တိုက်ကြည့်တော့ ကြေးဝါတွေ တွေ့ရတယ်၊ ရေငုပ်အဖွဲ့က အခြားအလုပ်တစ်ခု ရှိနေလို့ပါ။ အဆင်ပြေမယ်ဆိုရင် ဒီတစ်ပတ်အတွင်းမှာ စတင်ဆည်ယူမယ်” ဟု ဓမ္မစေတီခေါင်းလောင်းကို ရှာဖွေနေသူ ဦးကျော်ဝင်းက ပြောဆိုသည်။

ခေါင်းလောင်းဆယ်ယူရန် အတွက် မျိုးချစ်စိတ်ရှိသည့် အမည်မဖော်လိုသည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆယ်ယူရေးအတွက် လိုအပ်သော ငွေကြေးကို ထောက်ပံ့ပေးမည် ဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်း၏ ကွင်းရှိသည့် နေရာကို မှန်းပြီး အဆိုပါကွင်းမှ ကြိုးဖြင့် ချိတ်မပြီး ဆယ်ယူမည် ဖြစ်ကြောင်း ဦးကျော်ဝင်းက ထပ်မံပြောဆိုသည်။

“သူ့စေတနာနဲ့သူ ရှာဖွေနေတာ ဖြစ်တော့ ဟုတ်တယ် မဟုတ်ဘူး၊ ရှိတယ် မရှိဘူး ပြောရမှာ ခက်ပါတယ်၊ အစိုးရကလည်း ယခင်က ဆယ်ယူခဲ့ဖူးသလို စင်ကာပူက ရေအောက်သယံဇာတ ရှာဖွေရေးအဖွဲ့တွေနဲ့လည်း ရှာဖွေဖို့ လုပ်ခဲ့ဖူးပါတယ်၊ ဓမ္မစေတီခေါင်းလောင်း ဟုတ်တယ် မဟုတ်ဘူးထက် ဆရာတို့ အခုလက်ရှိ ထပ်တွေ့လာရတဲ့ အထောက်အထားအသစ်တွေ အရကတော့ ဓမ္မစေတီခေါင်းလောင်း ရှိခဲ့တယ် ဆိုတာတောင် တိတိကျကျ ပြောဖို့အတွက် အားလျော့နေတယ်” ဟု စာရေးဆရာ ချစ်စံဝင်းက သုံးသပ်ပြောဆိုသည်။

၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြစ်၊ လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်းဆုံရာ ရန်ကုန်မြစ်ဝတွင် ဓမ္မစေတီခေါင်းလောင်းကို ရှာဖွေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုခဲ့ပြီး ဦးစံလင်းနှင့်အဖွဲ့က သြဂုတ်လ ၉ ရက်နေ့တွင် စတင်ပြီး ရက်ပေါင်း ၃၆ ရက်ကြာ ရှာဖွေခဲ့သော်လည်း ဓမ္မစေတီခေါင်းလောင်းကို ရှာဖွေနိုင်ခဲ့ခြင်း မရှိပေ။

ကုန်းဘောင်ခေတ်နှောင်းပိုင်း ရုပ်သေးဆရာကြီး ဆတိုင်မွတ် ဦးကူး ရေးသားခဲ့သော လူဝံမောင်နှမ ပြဇာတ်တွင် စတင်ရေးသားလာရာမှ သမိုင်းစာ၊ ဇာတ်စာ၊ သိုက်စာ၊ ဘုရားစာတို့တွင် အဆိုပါ ခေါင်းလောင်းကြီးအကြောင်း ဖော်ပြခဲ့သည်။

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးတွင် ငွေလှူဒါန်းခဲ့သူ ပဲခူးရွှေအုန်းပင် ထမင်းဆိုင်ပိုင်ရှင် ဦးဝင်းမြင့်ကမူ “ဦးကျော်ဝင်း အမှန်တကယ်တွေ့လို့ အခုလို ပြောရဲတာပါ။ ကျွန်တော့်အနေနဲ့ ဘုန်းရှင်ကံရှင်များသာ ဒီလို သာသနာနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကို ရှာဖွေနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းလောင်းဆယ်ယူရေးအတွက် အလှူငွေ ၁၁ သိန်း လှူဒါန်းပါမယ်။ ထပ်တွေ့တယ် ဆိုရင်လည်း ထပ်လှူပါဦးမယ်” ဟု ဆိုသည်။
Visit website

Thursday, February 19, 2015

အင်းတော်မြို့က သတင်းတစ်ပုဒ် မော်လူးမှာတော့ မရှိလောက်ပါဘူး



facebook မှ ကူးယူဖော်ပြပါသည်။
ခရက်ဒစ်တူ မူရင်းပို့စ်တင်သူ

One Candle စေတနာရှင်လူငယ်များအဖွဲ့ စာရေးကိရိယာ အလှူခရီးစဉ်(၉)








One Candle စေတနာရှင်လူငယ်များ အဖွဲ့ စာရေးကိရိယာ အလှူခရီးစဉ် (၉)
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ကျနော်တို့အဖွဲ့ မူလခေါင်တုန့်စည်ရွာလေးက နားမကျိုင်းကျေးရွာဆီ ပြန်လာကြတဲ့ လမ်းမှာ အလာကတည်းက တွေ့ခဲ့ကြရတဲ့ လမ်းတစ်ဝက်လောက်က ကနစိုပင်လေးမှာ ခဏနားပြီး ကြွေကျနေတဲ့ ကနစိုသီးတွေကို အဆာပြေစားကြသလို အပင်ပေါ်တက်ပြီးလည်း ကနစိုသီးတွေခူးစားကြပါတယ်။ မနက်ထွက်လာကတည်းက အဆာပြေလောက်သာ စားခဲ့ကြရတာမို့ ဗိုက်ဆာနေကြပြီ မဟုတ်လား။ နားမကျိုင်းရွာက မူလတန်းကျောင်းလေးမှာ စာရေးကိရိယာလှူပြီးရင် ရွာထဲက ဆိုင်တစ်ဆိုင်ဆိုင်မှာ အဆာပြေတစ်ခုခုစားကြဖို့ အစီအစဉ်ဆွဲထားတာပါ။ ကနစိုသီးတွေ စားတဲ့ဟာစား ပိုတဲ့အသီးတွေကိုတော့ ကျောင်းသား/သူလေးတွေကို ပေးဖို့အတွက် ယူပြီး နားမကျိုင်းရွာလေးဆီ ခရီးဆက်ခဲ့ကြပါတယ်။ နားမကျိုင်းရွာ မူလတန်းကျောင်းလေးဆီရောက်တော့ ညနေ ၂ နာရီခွဲလောက်ရှိပါပြီ။ ကျနော်တို့အဖွဲ့ ကျောင်းလေးဆီရောက်တော့ အလာက စာရေးကိရိယာတွေအပ်ထားခဲ့တဲ့ ကျောင်းဆရာလေးက ကြိုနေပါတယ်။ ကျောင်းဆရာလေးကို ကျောင်းသား/သူအရေအတွက်ကို မေးကြည့်မိတော့ မူကြိုကလေးရောအပါအဝင် အားလုံး ၆၀ ဦးရှိတယ်လို့ သိရတဲ့အတွက် လှူဒါန်းမဲ့ စာရေးကိရိယာလေးတွေကို ပြင်ဆင်ပြီး ကျောင်းအတွက် အသုံးအဆောင်လေးတွေဖြစ်တဲ့ မြေဖြူတိုက်၊ သင်ပုန်းဖျက်၊ ဘောပင်(မင်နီ)လေးတွေကို ကျောင်းဆရာလေးဆီပေးအပ် မှတ်တမ်းဓာတ်ပုံရိုက်ပြီး ကျောင်းသား/သူလေးတွေကို စာရေးကိရိယာတွေ ဝေငပါတော့တယ်။ ကလေးတွေကတော့ စာအုပ်လေးတွေကို ကိုင်ကြည့်လိုက်၊ ပေတံ၊ ခဲဖျက်၊ ခဲတံလေးတွေကို ကိုင်ကြည့်လိုက်နဲ့ ပျော်ရွှင်နေကြတာပေါ့။ ကျနော်လည်း ပျော်ရွှင်နေတဲ့ ကလေးတွေကိုကြည့်ရင်း သူတို့အပျော်လေးတွေ ကျနော့်ဆီကူးစက်လာပါတယ်။ ကလေးတွေကို စကားစမြည်ပြော သူတို့ကိုရိုက်ထားတဲ့ ကင်မရာလေးထဲ ပုံလေးတွေပြပေးနဲ့… လမ်းမှာတုန်းက ဆာနေတဲ့ဗိုက်ဟာ ပျောက်သွားပြီး ကလေးတစ်သိုက်နဲ့ စကားပြောလိုက် ရီလိုက်နဲ့ အဖွဲ့ကြနေပါတယ်။ မထင်မှတ်ပဲ “ဆရာကြီး”လို့ ခေါ်သံကြားလို့ မော့ကြည့်မိတော့ တွေ့ပြန်ပါပြီ…. ဆယ်တန်းတုန်းက စာသင်ပေးခဲ့ရဘူးတဲ့ တပည့်မလေးတစ်ယောက်…. ကျနော်ပြန်နှုတ်ဆက်ပြီး တပည့်မလေးနဲ့ စကားပြောဖြစ်တော့ ဒီကျောင်းလေးမှာ အရပ်ငှားဆရာမအဖြစ် အလုပ်ဝင်နေတာဆိုပဲ….. ဝမ်းသာပါကြောင်း…. ဘွဲ့ရရင်လည်း ဝါသနာပါပါက ကျောင်းဆရာမအလုပ်ကို ဆက်ပြီးလုပ်သင့်ပါကြောင်းတွေ ပြောနေမိပါတယ်။ သူမျက်နှာမှာ ကျနော်ဘာကြောင့် စာသင်ခြင်းအလုပ်ကို ဆက်မလုပ်တော့တာလဲဆိုတဲ့ မေးခွန်းကို မေးချင်နေပုံရပေမယ့် ကျနော် ဘာမှစကားမစတဲ့အတွက် မမေးဖြစ်ပုံပါပဲ….။ ကျနော်တို့အဖွဲ့ ဒီနေ့ခရီးစဉ်မှာ လှူဒါန်းဖို့ယူဆောင်လာတဲ့ စာရေးကိရိယာတွေကတော့ ကျောင်းသားဦးရေနဲ့ အံကိုက်ဖြစ်နေတာမို့ အပြန်ခရီးကို ဘာပစ္စည်းမှ တင်စရာမလိုပဲ အလွတ်ပြန်ကြရုံသာရှိကြပါတယ်။ စာရေးကိရိယာတွေ လှူလို့ပြီးတော့ စာသင်ကျောင်းနားလေးမှာရှိတဲ့ အိမ်က ကျနော်တို့အဖွဲ့ကို လာနားကြဖို့ခေါ်နေတာမို့ အိမ်ရဲ့အောက်ထပ်မှာ ကျနော်တို့ခဏနားကြပါတယ်… အိမ်ရှင်က မုန့်လက်ကောက်ကြော်တွေလာချကျွေးတာမို့ ဗိုက်ဆာနေကြပြီဖြစ်တဲ့ ကျနော်တို့အဖွဲ့ ဟန်မဆောင်နိုင်တော့ပဲ စားကြပါတော့တယ်။ ကျနော်တို့ ခဏအနားယူနေချိန်မှာ ကျောင်းလည်းဆင်းသွားပြီမို့ ကျောင်းဆရာလေးက ကျနော်တို့အဖွဲ့နားနေတဲ့ဆီရောက်လာလို့ သူနဲ့ စကားပြောဖြစ်ပါတယ်။ ကျောင်းဆရာလေးရဲ့ဇာတိက မုံရွာတစ်ဘက်ကမ်း ကနီကလို့ သိရပြီး… ဒီလောက်ဝေးတဲ့နေရာကို တာဝန်ကျလာပြီး ပျော်ပျော်ရွှင်ရွှင်စာသင်နေတာမြင်တော့ ဝမ်းသာဂုဏ်ယူပါကြောင်း ပြောဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့ အမောပြေနားကြပြီး ရွာထဲက ဈေးဆိုင်တစ်ခုဆီဆက်လက် ချီတက်ပြီး စားစရာ ဘာရနိုင်မလဲမေးကြည့်တော့ ယမ်ယမ်ခေါက်ဆွဲပြုတ်လုပ်ပေးမယ်ပြောလို့ ကျနော်တို့အဖွဲ့ ခဏထိုင်စောင့် ဆိုင်ပိုင်ရှင်နဲ့ စကားစမြည်ပြော …. သူတို့ပြုတ်ပေးတဲ့ ခေါက်ဆွဲပြုတ်ပူပူကို လွေးကြပြီး….. အားလုံးကို နှုတ်ဆက်….. နားမကျိုင်းရွာလေးကနေ ထွက်ခွာလာကြတော့ ညနေ လေးနာရီ ကျော်ချေပြီ……… ။

ကျနော်တို့အဖွဲ့လေးရဲ့ လေးနှစ်မြောက် စာရေးကိရိယာ အလှူခရီးစဉ် အောင်မြင်မြင်ချောချောမွေ့မွေ့ပြီးစီးသွားခြင်းအတွက် အလှူရှင်များကို ကျေးဇူးတင်ဝမ်းမြောက်စွာ သာဓု …. သာဓု …. သာဓု….. ခေါ်ရင်း …..

ကျနော်တို့ One Candle စေတနာရှင်လူငယ်များအဖွဲ့ဟာ ကျနော်တို့ဒေသအတွက် ဖယောင်းတိုင်လေးတစ်တိုင်စာ အလင်းလောက်တော့ ပေးနိုင်ခဲ့ပြန်ပြီဟု တွေးတောရင်း

၂၀၁၄/၂၀၁၅ ပညာသင်နှစ် စာရေးကိရိယာအလှူခရီးစဉ် မူလတန်းကျောင်း(ဘုန်းတော်ကြီးသင်ပညာရေးကျောင်း) အပါအဝင် ကိုးကျောင်းကို လှူဒါန်းမှုခရီး ….. ဤတွင်ပြီးဆုံးသွားပါကြောင်း ….

၂၀၁၅/၂၀၁၆ ပညာသင်နှစ်တွင်လည်း ရံပုံငွေရရှိပါက ဆက်လက်လှူဒါန်းသွားဦးမည်ဖြစ်ပါကြောင်း အလှူခရီးစဉ်လေးများအကြောင်း မှတ်တမ်းရေးထိုးခြင်းကို ရပ်နားလိုက်ရပါတော့သည်။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ ……….
K.T.W.L

လေးတန်ချောင်းကြီးကို မေ့မပစ်ကြပါနဲ့


.
လေးတန်ချောင်းကြီးကို မေ့မပစ်ကြပါနဲ့ …
@@@@@@@@@@@@@@@@@@
အခုရက်ပိုင်းတွေမှာ မော်လူးဒေသ သတင်းများစုစည်းရာမှာ နေရာတော်တော်များများကို စိုးမိုးထားက သဘာဝစိမ့်စမ်းရေ ရရှိရေးသတင်းတွေပါပဲ…။ ဒီလိုသတင်းလေးတွေက ကြားရဖတ်ရတော့ ဝမ်းသာမိသည်မှာ အမှန်ပင်…. ဟိုးယခင်က သောက်သုံးရေအတွက် ချောင်းရေကိုသာ အားကိုးအားထားပြုနေကြရတဲ့ ဒေသခံတွေအတွက် သောက်သုံးရေတွေကို မိမိတို့နေအိမ်တွေအရောက် သွယ်ယူနိုင်တော့မှာ မဟုတ်လား။ တစ်ချို့ကျေးရွာတွေဆိုရင် နေအိမ်တွေအရောက် သွယ်ယူပြီးလို့ သုံးစွဲနေကြပါပြီ။ သဘာဝစိမ့်စမ်းရေ ရရှိရေးကို ကိုယ်ထူကိုယ်ထကြိုးပမ်းကြတဲ့ ရွာတွေရှိသလို ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေ ဦးစီးဋ္ဌာနရဲ့ အကူအညီနဲ့ ဆောင်ရွက်နေကြတာလည်း ရှိနေကြပါတယ်။ ကောင်းသော အစီအစဉ်ပေမို့ သာဓုအကြိမ်ကြိမ်ခေါ်မိပေသည်။ သို့သော် စဉ်းစားတွေတောဆင်ခြင်ဖွယ် တစ်ခုမှာကား သဘာဝစိမ့်စမ်းရေ ရရှိရေးကို ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲကျေးရွာများကား ရေရှားပါရာ နေရာဒေသများ မဟုတ်ခြင်းပင်…။ ကျွန်တော်တို့ အရပ်ဒေသအခေါ် လေးတန်ရိုးကျေးရွာများပင်ဖြစ်သည်။ လေးတန်ဆိုသည်မှာ ချောင်းတစ်ခု၏ အမည်နာမတစ်ခုပင် …. ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ဖော်ပြနေသည့် မြစ်တစ်စင်း … ရာဇဝင်ထဲက သတို့သမီးဟူ၍ တင်စားကြပေသည်။ ဤသို့ဆိုလျှင် ကျွန်တော်တို့ မော်လူးဒေသ၏ သမိုင်းကြောင်းကို ဖော်ကျူးနေသည့် ချောင်းတစ်ခု … မော်လူးဒေသ၏ ရာဇဝင်ထဲမှ သတိုးသမီးသည်ကား လေးတန်ချောင်းဟု တင်စားလိုက်ချင်ပါသည်။ လေးတန်းချောင်းကို အမှီပြုကာ ချောင်းရိုးတစ်လျှောက်မှာ ရွာတွေတည်ခဲ့ကြသည်။ လေးတန်းချောင်းရိုးတစ်လျှောက်ကျေးရွာများကား မြေပလ္လင်၊ ဟောင်းတုန်း၊ မံဟဲ၊ မလူး၊ ရွာရှည်၊ ပဲခူး၊ သက်ရင်းသာ၊ နန့်ရုံ၊ ဂွေ့ကြီး၊ ကူးဆိပ်၊ ခိုးကောင်၊ သူရောင်း အစရှိသည့် ကျေးရွာများရှိနေကြပေသည်။ ထိုကျေးရွာများမှ နှစ်ပေါင်းတော်တော်ကြာ လေးတန်ချောင်းမှ ရေကို သောက်သုံးခဲ့ကြသလို စိုက်ပျိုးရေးအတွက်လည်း အသုံးပြုခဲ့ကြပေသည်။ နွေရာသီ ရေနည်းချိန်တွင် သဲတွင်းခေါ်သည့် လက်ယက်တွင်းလေးများဖော်ကာ သောက်ရေခပ်ယူခဲ့ကြရသည်။ ဤသို့ဆိုလျှင် ယခုအခါ အဘယ်ကြောင့် လေးတန်ချောင်းရိုးတစ်လျှောက်ကျေးရွာများက သဘာဝစိမ့်စမ်းရေ သွယ်ယူခြင်းတွေ သွယ်ယူရရှိနိုင်ခြင်းတွေကို အားသွန်ခွန်စိုက် ဆောင်ရွက်လာကြပါသနည်း။
အဖြေကရှင်းရှင်းလေး… ချောင်းရေမှာ သုံးမရအောင်ဖြစ်နေသောကြောင့်ပင်… နှစ်ပေါင်းတော်တော်ကြာကြာ မိုးသည်းထန်ပြီး ချောင်းရေကြီးချိန်မှလွဲပြီး စီးဆင်နေသည့်ရေက ကြည်ကြည်လင်လင် သန့်သန့်ရှင်းရှင့်း …. ဒါကြောင့် လေးတန်းချောင်းမှ ရေကို လေးတန်းရိုးရွာများမှ သောက်သုံးရေအတွက် မှီခိုအားထားခဲ့ကြပေသည်။ လွန်ခဲ့သည့် ငါးနှစ်ကျော် ခြောက်နှစ်ခန့်မှ စပြီး ကြည်လင်အေးမြသည့် ရေများစီးဆင်းခဲ့သည် လေးတန်းချောင်းရေသည် နောက်ကျိလာသည်။ အစထမတွင် ခဏတာမျှနောက်ကျိပြီး နောက်ပိုင်းတွင် ချောင်းရေသည် သဘာဝအတိုင်း ပြန်လည်ကြည်လင်လာလိမ့်မည်ဟု ဒေသခံအများစုက ယုံကြည်ထားကြသည်။ သို့သော် လေးတန်ချောင်းရေမှာကား တစ်နှစ်ပြီး တစ်နှစ်ကြည်လင်လာခြင်းမရှိတော့ချေ။ ရှေးယခင်က ကြည်လင်သောရေများစီးဆင်းနေခဲ့သည့် လေးတန်ချောင်း၊ ဒေသခံများအတွက် သောက်သုံးရေအတွက်သာမက စိုက်ပျိုးရေရရှိရေးအတွက်ပါ မှီခိုအားထားခဲ့ရသည့်ချောင်း၊ ဒီချောင်းကရေတွေမကြည်လင်ဖြစ်နေတော့ ဒေသခံအများစု အခက်ကြုံကြချေပြီ။ အဘယ်ကြောင့် လေးတန်ချောင်းရေ နောက်ကျိသွားရသနည်းဟူသော အဖြေကို ရှာဖွေကြည့်သောအခါ ဤချောင်း၏ စတင်စီးဆင်ရာ ချောင်းဖျားတွင် ရွှေတူးဖော်ခြင်းလုပ်ငန်းများကြောင့် နောက်ကျိလာရခြင်းဖြစ်ကြောင်း သိရှိခဲ့ကြရပေသည်။ ဒီအတွက် ဒေသခံတွေက လေးတန်ချောင်းရေ သဘာဝအတိုင်းပြန်ပြီး ကြည်လင်စွာစီးဆင်းနိုင်ရေးအတွက် တတ်နိုင်သမျှ တတ်နိုင်သည့်ဘက်မှ ကြိုးစားအားထုတ်ခဲ့ကြသည်။ ချောင်းရေပြန်လည် ကြည်လင်လာစေရေးအတွက် ဒေသခံများမှာ စုပေါင်းလက်မှတ်ထိုးပြီး တာဝန်ရှိသူများထံ တင်ပြတောင်းဆိုကြခြင်းများပြုလုပ်ခဲ့သော်လည်း ထူးခြားမှု ရှိမလာခဲ့ပါ။ လွှတ်တော်တွင်တင်ပြပါသော်လည်း နယ်မြေအေးချမ်းမှုမရှိဟု အကြောင်းပြကာ ရှောင်လွဲခဲ့ပြန်သည်မို့ လက်ရိုက်အဝီစိတွင်း၊ ရေတွင်းများကိုသာ အားကိုးအားထားပြုလာကြရပေသည်။ တစ်နှစ်ပြီး တစ်နှစ်ကြာလာသည်မို့ ဒေသခံတွေအတွက် သောက်သုံးရေပြဿနာကို ဖြေရှင်းကြရန် ကြံစည်ကြရာမှ သဘာဝစိမ့်စမ်းရေ သွယ်ယူရေးလုပ်ငန်းများကို လေးတန်ချောင်းရိုးကျေးရွာတွေ ကြိုးစားလာကြရတောသည်။ ကျေးရွာသို့ သောက်သုံးရေရရှိအောင် သွယ်ယူရေးသည် လွယ်ကူလှသည့် အလုပ်တော့ မဟုတ်ချေ။ လုပ်အား၊ ငွေအား၊ နည်းပညာ စသည်တို့ကို ထုတ်သုံးကြရသည်။ ကျေးရွာတစ်ရွာသို့ သောက်သုံးရေသွယ်ယူရရှိရေးအတွက် အနည်းဆုံး ကုန်ကျငွေက သိန်းတစ်ရာနီးပါးခန့် ရှိနေသည် မဟုတ်ပါလား။ ဖောင်စီးရေငတ်နေကြသူများမို့ ရှိစုမဲ့စုငွေကြေးများဖြင့် သောက်သုံးရေ သွယ်ယူရေးလုပ်ငန်းများကို လုပ်ဆောင်လာကြသည်မှာ လေးတန်းချောင်းရိုးကျေးရွာများ အားလုံးနီးပါး ရေသွယ်ယူရေးလုပ်ငန်းများကို လုပ်ဆောင်ပြီး လုပ်ဆောင်ဆဲရှိနေသည်ကို မြင်တွေ့နေရသည်။ ကျေးရွာတစ်ရွာအတွက် ရေသွယ်ယူရရှိရေးအတွက် ကုန်ကျငွေ သိန်းတစ်ရာနီးပါးကုန်ကျသည်ဆိုလျှင် လေးတန်းချောင်းရိုးကကျေးရွာ ၁၀ ရွာရှိလျှင် သိန်းတစ်ထောင်ပေါ့….။ ကျနော်တို့ ဒေသခံတွေရဲ့ ငွေတွေ ကျေးလက်ဦးစီးဋ္ဌာနက ချမှတ်ပေးတဲ့ငွေတွေ …… နှမြောစရာ ကောင်းနေသည်ဟု မထင်မိကြဘူးလား။ လောဘသား တစ်စုရဲ့ လောဘရမ္မက်ကြောင့် ကျနော်တို့ ဒေသခံတွေ ငွေပန်း လူပန်း ဖြစ်နေကြရသည်ကို စိတ်မကောင်းဖြစ်မိသည်။ လောဘသား စီးပွားရေးသမားတွေရဲ့ သူတို့ကြီးပွားရေးအတွက်၊ သူတို့ စီးပွားရေးအတွက်၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်တွေကြောင့် ကျနော်တို့ ဒေသခံတွေ ဘယ်လောက် အလုပ်ရှုပ်သွားသလဲ၊ ငွေကြေးတွေ ဘယ်လောက်စိုက်ထုတ်လိုက်ကြရသလဲ။ အချိန်တွေ ဘယ်လောက်ပေးဆပ်လိုက်ရသလဲ။
ကျနော်တို့ဟာ ကျနော်တို့ကို ဒီလိုဖြစ်အောင်လုပ်သွားတဲ့ တရားခံအစစ်ကို ကျနော်တို့ရဲ့ နစ်နာသွားမှုတွေကို ပြန်လည် မပေးဆပ်ခိုင်းသင့်ဘူးလား။ ဒီလိုလုပ်ရပ်တွေကို လုပ်နေတဲ့ လောဘသားတစ်စုကို ဘယ်လိုအရေးယူမှုမှ ပြုလုပ်လို့မရဘူးလား။ ဒါတွေကတော့ ကျနော့်ခေါင်းထဲရောက်လာတဲ့ အတွေးစတွေပါ…… ဒီထက်များတဲ့ တွေးမိတဲ့ အချက်တွေရှိနေပေမဲ့ ဒီလောက်နဲ့ ရပ်ထားလိုက်ပါတယ်…။
အဆုံးသတ်အနေနဲ့ တွေးမိပြန်တာက လေးတန်းရိုးကျေးရွာတွေအကုန်လုံး သောက်သုံးရေသွယ်ယူရရှိသွားပြီဆိုလျှင် လေးတန်ချောင်းကြီးသည် အဘယ်သို့ဖြစ်ကျန်ခဲ့မည်နည်း။ ဒေသခံများ တွေးတော ဆင်ခြင်ကြသင့်ပေသည်။ ကျနော်တို့ဒေသ၏ သမိုင်းကြောင်းကို ဖော်ကျူးနေသည့် လေးတန်ချောင်းအား နောက်ကျိသော ရေများစီးဆင်းမြဲ စီးဆင်းစေပြီ ချောင်းအား အမှိုက်များစွန့်ပစ်ရာနေရာတစ်ခုအဖြစ်သာ သတ်မှတ်လိုက်ကြမည်လား။ ကျနော်တို့ ဘိုးဘွားတွေလက်ထက်မှ ကျနော်တို့တွေလက်ထက်အထိ တာဝန်ကျေပွန်ခဲ့သည့် လေးတန်ချောင်းကြီးကို မေ့မေ့ပျောက်ပျောက် စွန့်ပစ်လိုက်ကြတော့မည်လား။
ကျနော်တို့ ဘိုးဘွားတွေလက်ထက်ကတည်းက မှီခိုအားထားခဲ့ကြရတဲ့ ကျနော်တို့ ဒေသရဲ့ မိခင် ကျေးဇူးရှင်လည်းဖြစ်… ကျနော်တို့ဒေသရဲ့ သမိုင်းကြောင်း ကျနော်တို့ဒေသရဲ့ ရာဇဝင်ထဲက သတိုးသမီး ဖြစ်တဲ့ လေးတန်းချောင်းကြီး သဘာဝအတိုင်း ကြည်လင်အေးမြသော ရေများ စီးဆင်းနိုင်ရေးအတွက် လေးတန်ရိုးကျေးရွာက ဒေသခံတွေ ဆက်လက်ကြိုးစားဆောင်ရွက်သင့်တယ်လို့ ထင်မြင်ယူဆမိကြောင်း တွေးမိသမျှ ရေးသားဖော်ပြလိုက်ရပါတယ်…..။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ…..

Monday, February 16, 2015

july7, 1962 ခုနှစ်ဖွား တာတေ စနေသားရေးတဲ့ ကဗျာ


ကျနော်တို့မော်လူးသတင်းအဖွဲ့ကို မေလ်းတွေပို့ပြီး မော်လူးသားတွေကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တဲ့ tartaym9 ရဲ့ ဇစ်မြစ်ကို ကျနော်တို့သတင်းအဖွဲ့လိုက်စစ်လိုက်တာ ဟောင်းလောင်းကြီးပါလား .....(သိချင်သူတွေရှိနေမယ်ထင်လို့ ကျနော်တို့အဖွဲ့က လိုက်စစ်ကြည့်တာပါ )
ဆိုလိုတာက သူ့ရဲ့ wall မှာ ကိုယ်ရေးအချက်အလက် ဘာတစ်ခုမှ ဖြည့်မထားဘူး နေတဲ့မြို့ အလုပ်အကိုင် စတာတွေပေါ့ တစ်ခုပဲဖြည့်ထားတာတွေ့ရတယ် မွေးသက္ကရာဇ်က ဇူလိုင် ၇ |၁၉၆၂ တဲ့ .., ဒါကြောင် ကျနော်တို့ ဦးနုရေးတဲ့ တာတေစနေသားဆိုတဲ့ စာအုပ်ခေါင်းစဉ်ကိုယူပြီး သုံးလိုက်ပါတယ်။
လတ်တလော သူရေးတင်ထားတဲ့ ကဗျာ တစ်ပိုင်းတစ်စကို screen shot ရိုက်တင်ပေးလိုက်ပါတယ်
ကဗျာတစ်ခုလုံး ရှု့စားချင်ရင်တော့ ခွင့်ပြုချက်ယူပြီး တင်ပေးပါ့မယ်
with respect,
mawlunews group 

MPT က လုပ်ချင်သလို လုပ်ပြန်ပြီ

ဆွေသဟာအစီအစဉ်ကို တစ်ကြိမ်သာလျှောက်ထားရန်လိုပြီး လစဉ်ပြန်လည်
လျှောက်ထားရန် မလိုတော့ကြောင်း သတင်းကောင်းပါးလိုပါတယ်ခင်ဗျာ။

Sunday, February 15, 2015

အိပ်မက်အရ စည်းမော်ဘုရား မှာ လှူချင်လို့ ဆိုတဲ့ ပခုက္ကူက ဒကာမ

အိပ်မက်အရ တခါမှမသိကျွမ်းဘူးသော ပခုက္ကူမှ အမျိုးသ္မီး သူမ၏နားကပ် ဌာပနာထည့်ချင်သည်ဆိုကာonlineကနေပို့ပြလိုက်
သည့်ရွှေနားဋောင်းလေးပါ

ဖေ့ဘုတ် မှ ကူးယူဖေါ်ပြသည်  





လေးတန်ရိုးရွာ ၆ ရွာ သဘာဝစိမ့်စမ်းရရှိရေး ကျေးလက်ဦးစီးဌာနအစီအစဉ်ဖြင့် ဆောင်ရွက်နေ



မော်လူးဒေသရှိ ကျေးရွာ ခြောက်ရွာသို့ စိမ့်စမ်းရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနအစီအစဉ်ဖြင့် ဆောင်ရွက်လျှက်ရှိ
> မော်လူး၊ ဖေဖော်ဝါရီ ၁၅
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ လေးတန်းချောင်းရိုးရှိ ကျေးရွာ ၆ ရွာသို့ သဘာဝစိမ့်စမ်းရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန အစီအစဉ်ဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
> ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန၏ ပံ့ပိုးမှုအစီအစဉ်ဖြင့် မော်လူးဒေသ၊ လေးတန်းချောင်းရိုးရှိ ပဲခူး၊ ဂွေ့ကြီး၊ ကူးဆိပ်၊ ခိုးကောင်၊ နန့်ရုံ၊ သက်ရင်းသာကျေးရွာများသို့ သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၄င်းသဘာဝစိမ့်စမ်းရေကို ထိုကျေးရွာများမှ ၂ မိုင်ခန့်ကွာဝေးသည့် မော်လူးကျေးရွာအုပ်စု၊ ကရင်ကျေးရွာ အရှေ့ဘက်ရှိ သဘာဝမြေသားစိမ့်ထွက်ရေမှ လေးလက်မပိုက်လိုင်းဖြင့် သွယ်ယူမည်ဖြစ်ပြီး ကျေးရွာများအတွင်းသို့ နှစ်လက်မပိုက်များဖြင့် သွယ်တန်းပေးမည်ဖြစ်ကြောင်း၊ ထိုသဘာဝစိမ့်စမ်းရေသွယ်ယူရေးအတွက် ပဲခူး၊ ဂွေ့ကြီးကျေးရွာများအား ထွဋ်ခေါင်ဦး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျှက်ရှိပြီး၊ သက်ရင်းသာ၊ ကူးဆိပ်၊ ခိုးကောင်၊ နန့်ရုံကျေးများကို TEACH FRIEND ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ ယင်းသို့ သဘာဝစိမ့်စမ်းရေရရှိရေးအတွက်ဆောင်ရွက်နေရာသို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်က အင်းတော်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာနမှ ဦးစီးမှူး ဦးမျိုးမင်းစိုး၊ ဒုတိယဦးစီးမှူး ဒေါ်ကေသီမိုး၊ အကြီးတန်းစာရေး ဒေါ်မြတ်စုကြည်၊ ဒေါ်သီတာဝင်း( GA )တို့မှ သွားရောက် ကွင်းဆင်း စစ်ဆေးကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိသည်။

သူရောင်းကျေးရွာ မြေသားစိမ့်ထွက်ရေစုကန်အတွက် သိန်း ၁၆၀ ကျပ်ရရှိမည်



သူရောင်းကျေးရွာ သဘာဝစိမ့်စမ်းရေလှောင်ကန်အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့
> မော်လူး၊ ဖေဖော်ဝါရီ ၁၅
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ သူရောင်းကျေးရွာသို့ ဖြန့်ဝေပေးနေသည့် သဘာမြေသားစိမ့်ထွက် ရေစုကန်အား အင်းတော်မြို့နယ် ကျေးလက်ဦးစီးဋ္ဌာနမှ တာဝန်ရှိသူများ ဖေဖော်ဝါရီ ၁၅ရက် နေ့လည် ၂ နာရီက ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။
> အဆိုပါ ကွင်းဆင်းကြည့်ရှု့ရာသို့ ဦးစီးဋ္ဌာနမှ ဦးစီးမှူး ဦးမျိုးမင်းစိုး၊ ဒုတိယဦးစီးမှူး ဒေါ်ကေသီမိုး၊ အကြီးတန်းစာရေး ဒေါ်မြတ်စုကြည်၊ ဒေါ်သီတာဝင်း( GA )တို့မှ လာရောက်ခဲ့ကြပြီး  သူရောင်းကျေးရွာမှ ၂ မိုင်ခန့်အကွာ စီးမော်ကျေးရွာအုပ် စည်ပိန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးတွင် ကိုယ်ထူကိုယ်ထတည်ဆောက်ထားသည့် အလျား ၇၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ပေ၊ ရေအနက် ၆ ပေရှိ ရေဂါလံပေါင်း ၁၅၀၀၀၀ ဆန့်သည့် ရေစုအုတ်ရေကန်ကြီးအား ကွင်းဆင်းကြည့်ရှု့ခဲ့ကြသည်။ ၄င်းရေစုကန်မှ သူရောင်းကျေးရွာရှိ နေအိမ်များသို့ ရေများပေးဝေလျှက်ရှိပြီး၊ ရေစုကန်မှ ၄ လက်မပိုက်များဖြင့် ကျေးရွာအရောက် သွယ်ယူထားခြင်းဖြစ်ကြောင်း ထိုရေကန်တွင် လိုအပ်လျှက်ရှိသည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာနမှ ထောက်ပံ့ငွေအဖြစ် သိန်း ၁၆၀ အား ချမှတ်ပေးမည်ဖြစ်ကြောင်း ကျေးလက်ဦးစီးမှူးထံမှ သိရသည်။

ကရင်ကျေးရွာ ဘကကျောင်းသို့ တာဝန်ရှိသူများ ကွင်းဆင်း




> မော်လူးဒေသ၊ ကရင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ တာဝန်ရှိသူများကွင်းဆင်း
> မော်လူး၊ ဖေဖော်ဝါရီ ၁၅
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာအုပ်စု၊ ကရင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ အင်းတော်မြို့နယ်မှ တာဝန်ရှိသူများ ဖေဖော်ဝါရီ ၁၅ရက်နေ့ နံနက် ၁၀နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
>
> အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ အင်းတော်မြို့နယ်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ဦးစီးမှူး ဦးမျိုးမင်းစိုး၊ ဒုတိယဦးစီးမှူး ဒေါ်ကေသီမိုး၊ အကြီးတန်းစာရေး ဒေါ်မြတ်စုကြည်၊ ဒေါ်သီတာဝင်း( GA )တို့မှ ၂.၁၁.၂၀၁၄ ရက်နေ့က မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဋ္ဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်မှ ချမှတ်ပေးထားသော အုတ်ရေကန်ဆောက်လုပ်ရန်အတွက် ငါးသိန်း၊ ရေလောင်းအိမ်သာ ၂ ခန်းတွဲအတွက် ၁၀သိန်း၊ စာသင်ခုံ ၁၀ ခုံအတွက် ၃သိန်း ၅သောင်းတို့ကို ပံ့ပိုးချမှတ်ပေးထားခဲ့သည်။ ထိုသို့ပံ့ပိုးချမှတ်ပေးထားသည့်ငွေဖြင့် လုပ်ငန်းဆောင်ရွက်ပြီးစီးသွားခြင်းအား လာရောက်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း၊ ထိုသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးရာသို့ ကရင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအထောက်အကူပြုကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းပြောပြခဲ့ကြောင်း သိရသည်။

မော်လူး အထကတွင် ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးသင်တန်းပို့ချ



အဋ္ဌမတန်းနှင့် စတုတ္ထတန်းများ၏ အတန်တင်စာမေးပွဲအတွက် ဆရာ/မများအား ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး သင်တန်းပို့ချ
မော်လူး၊ ဖေဖော်ဝါရီ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာအထက်တန်းကျောင်းတွင် အဋ္ဌမတန်းနှင့် စတုတ္ထတန်းများ၏ အတန်းတင်စာမေးပွဲအတွက် ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး သင်တန်းကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက် ၉ နာရီက ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းပို့ချခြင်းကို အင်းတော်မြို့၊ မြို့နယ်ပညာရေးမှူး ကိုယ်စား၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်လွင်နှင့် အင်းတော်မြို့နယ်၊ မော်လူးဒေသရှိ ဆရာ/မ ၂၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ မော်လူးဒေသအတွင်းတွင် အဋ္ဌမတန်းနှင့် စတုတ္ထတန်းများ၏ အတန်းတင်စာမေးပွဲကို စာစစ်ဋ္ဌာန ရှစ်ခုခွဲကာ ဖြေဆိုကြရမည်ဖြစ်ကြောင်း၊ အတန်းတင်စာမေးပွဲတွင် စာမေးပွဲခန်းအား စောင့်ကြပ်ကြရမည့် ဆရာ/မများအား ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများ သိသင့်သိအပ်သည့်အချက်အလက်အကြောင်းအရာများကို မြို့နယ်ဒုတိယပညာရေးမှူး ဦးကျော်လွင်မှ ဟောပြောပို့ချခဲ့သည်။ ၂၀၁၄ /၂၀၁၅ ပညာသင်နှစ်တွင် ပြောင်းလဲလိုက်သည့် ပညာရေးစနစ်အရ အဋ္ဌမတန်းနှင့် စတုတ္ထတန်းများအား အစိုးရစစ်အဖြစ် ပြောင်းလဲလိုက်ပြီး အတန်းတင်စာမေးပွဲကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း ပညာရေးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။

သီတဂူဆရာတော်၏ သပိတ်ရပ်ရန် မေတ္တာရပ်ခံမှု ကျောင်းသားများ လက်မ

ကဲ ကျောင်းသား လို့ပြောနေကြရသူတွေရဲ့  နိဂုံးဆိုးက  စောင့်ကြည့်ကြပါစို့  ----


သီတဂူဆရာတော်၏ သပိတ်ရပ်ရန် မေတ္တာရပ်ခံမှု ကျောင်းသားများ လက်မခံ
Written by မင်းမင်း
------------------------------------------

ရန်ကုန် (မဇ္ဈိမ) ။ ။ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လမ်းလျှောက်ချီတက်နေသည့် ကျောင်းသားများ အနေဖြင့် သပိတ်စစ်ကြောင်းများကို ရပ်နားပြီး သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်ကြရန် သီတဂူဆရာတော် ဒေါက်တာ အရှင် ဥာဏိဿရ၏ မေတ္တာရပ်ခံချက်ကို လက်ခံမည်မဟုတ်ဟု သပိတ်မှောက်ကျောင်းသားများက ဆိုလိုက်သည်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှူဦး ဆောင်ကော်မတီမှ မဖြိုးဖြိုးအောင်က “ဆရာတော်ကြီးကို လေးစားတာတော့ တစ်ပိုင်းပေါ့။ ဒါက ပညာရေးကိစ္စဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ပညာရေး အတွက် ခိုင်မာတဲ့ အာမခံချက်မရခင်တော့ သပိတ်ကိုရပ်မှာ မဟုတ်ပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

သပိတ်မှောက်ကျောင်းသားများထံ လိပ်မူပြီး ဖေဖော်ဝါရီ ၁၅ရက် ရက်စွဲဖြင့် သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ လက်မှတ်ရေးထိုးထားသည့်စာတွင် “မိမိတို့ဆိုင်ရာ အရပ်ဒေသ အသီးသီးရှိ မိဘဆရာသမားတို့၏ ရင်ခွင်သို့ အမြန်ဆုံး ပြန်လည်ခိုဝင်၍ အနာဂတ်တိုင်းပြည်အတွက် ပညာရပ်များကို ဆက်လက်ဆည်းပူး သင်ကြားကြပါရန် အထူးမေတ္တာရပ်ခံလိုက်ပါသည်” ဟု ရေးသားထားသည်။

ပင်မကျောင်းသားသပိတ်စစ်ကြောင်း ဦးဆောင်သူတစ်ဦးက “ရည်ရွယ်ချက်အတိုင်းဆက်သွားမှာပါ။ သပိတ်တွေကို ရပ်ဖို့ပြောမယ့်အစား အစိုးရအနေနဲ့ ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ အကြောင်းကြားသင့်ပါတယ်” ဟု တုံ့ပြန်ပြောဆိုသည်။

၎င်းတို့၏ ရည်ရွယ်ချက်မှာ သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ ဝင်ရောက်ရန်ဖြစ်သည်။

သီတဂူဆရာတော်၏ မေတ္တာရပ်ခံစာကို သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ကလည်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖေဖော်ဝါရီ ၁၅ရက် နံနက်ပိုင်းက အသီးသီး ဖော်ပြထားကြသည်။

မဖြိုးဖြိုးအောင်က “စာကတော့ ကျွန်မတို့လက်ထဲမရောက်သေးပါဘူး။ ညနေတုန်းကတော့ ဆရာတော်တစ်ပါးက စာပို့မလို့ဆိုပြီး ကျွန်မဆီကို ဖုန်းဆက်ပြီး အီးမေးလ်လိပ်စာတောင်းပါတယ်။ ခဏနေတော့ ကျွန်မအီးမေးလ်ကို ပို့ထားတယ်လို့ ပြန်ဆက်လာပါတယ်။ အခုထိတော့ ကျွန်မအီးမေးလ် မဖွင့်ရသေးပါဘူး” ဟု ဖေဖော်ဝါရီ ၁၅ရက် ညနေ ငါးနာရီခွဲတွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ မေတ္တာရပ်ခံစာတွင် “နိုင်ငံတော်အတွင်း အမျိုးမျိုးအဖုံဖုံ ပဋိပက္ခဆူပူလှုပ်ရှားမှုများ၌ သားတို့သမီးတို့သည် ငြိမ်းချမ်းရေး တည်ဆောက်သူများ အနေအားဖြင့် နိုင်ငံတော်ကိုဝိုင်းဝန်းကူညီကြ၍ နိုင်ငံတော်၏လည်းကောင်း၊ သာသနာတော်၏ လည်းကောင်း၊ သားလှရတနာ၊ သမီးလှရတနာများအဖြစ် ဒို့များ အမြဲမြင်ချင်လှပါသည်” ဟု ပါရှိသည်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအပေါ် တွေ့ဆုံသည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ကျောင်းသားများ၏ တောင်းဆိုချက်များကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ထည့်သွင်းရန် အစိုးရဘက်က သဘောတူညီခဲ့ပြီးဖြစ်သည်။

ဖေဖော်ဝါရီ၁၄ရက်က ရန်ကုန်တိုင်းလွှတ်တော်ရုံးတွင် ပြုလုပ်သည့် အဆိုပါ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် သပိတ်စစ်ကြောင်းများ ရပ်တန့်ရန် အစိုးရဘက်က တောင်းဆိုသော်လည်း ကျောင်းသားများဘက်ကမူ ၎င်းတို့ တောင်းဆိုထားသည့် အချက်များကို လွှတ်တော်တွင် ဥပဒေအဖြစ် အတည်ပြုပြီးမှသာ သပိတ်စစ်ကြောင်း များကို ရပ်နားရန် ဆန္ဒရှိနေခြင်းကြောင့် သပိတ်ရပ်၊ မရပ်ကို ညှိမရခဲ့ပေ။

သပိတ်စစ်ကြောင်းများကို ရန်ကုန်သို့ဝင်ရောက်လာခြင်းမရှိစေရန် ဥပဒေအရ ဆောင်ရွက်သွားမည်ဟုလည်း အစိုးရဘက်က ဖေဖော်ဝါရီ ၁၃ရက်ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်

တရုတ်ပြည်က စွယ်တော်သမိုင်း

တရုတ်ပြည်က စွယ်တော်သမိုင်း



Mobile Uploads
ဗုဒ္ဓမြတ်စွယ်တော် တရုတ်ပြည် ပီးကင်းမြို့တော်နှင့် ၁၅မိုင်ခန့်အကွာရှိဝက်စတင်းတောင်၏ စွယ်တော်တိုက်တွင် ပူဇော်ထားရှိသည့် ဗုဒ္ဓမြတ်စွယ်တော်သည်ထင်ရှားကျော် ကြားသည့် ဗုဒ္ဓဓာတ်တော်ဖြစ်သည်။ ယင်းစွယ်တော်ကို တရုတ်ဘုန်းတော်ကြီး ဖာဆီယင်က (အေဒီ ၃၃၇ အေဒီ၄၂၂)က လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်က တရုတ်ပြည်သို့ ပင်ဆောင်လာခဲ့သည်ဟု ဆိုသည်။ စွယ်တော် မူလဒါယကာများသည် ယနေ့ခောတ် ပါကစ္စတန်နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာတိုင်းပြည်ငယ်တစ်ခုဖြစ်သော ဂန္ဓာရတိုင်း၏ ဘုရင်များဖြစ်သည်။ ဂန္ဓာရတိုင်းမှ တစ်ဆင့် စွယ်တော်မြတ်သည် ခိုတန်( ယခုတရုတ်နိုင်ငံ စင်ကျန်းဝေဂါဟာပြည်နယ်တွင် ) သို့ ပင်ဆောင်ခဲ့သည်။ ပါးစပ်သမိုင်းများအရ ခိုတန်ပြည် ဟက်ဇ်ရက်ဘဲလ် ရှေးဟောင်းဒေသ ရှိ ကျောင်းတော်တစ်ခုတွင် စွယ်တော်မြတ် ကိန်းဝပ်ခဲ့သည်ဟု သိရသည်။ အိန္ဒိယနိုင်ငံ ကတ်ရှ်မီးယားဒေသမှ ဗုဒ္ဓဘာသာဝင်များသည် စွယ်တော်မြတ် ကိန်းဝပ်ရာကျောင်းတော်သို့ ဘုရားဖူးလာရောက်လေ့ရှိကြောင်းလည်းဆိုသည်။ ဘုန်းတော်ကြီး ဖာဆီယန်နှင့် ဆွန်ဆင်တို့သည်လည်း အဆိုပါကျောင်းတော်သို့ စွယ်တော်ကို ဖူးမြော်ရန် ရောက်ရှိခဲ့ကြောင်းသိရသည်။ ဤတွင် စွယ်တော်မြတ်ကို ဂန္ဓာရတိုင်းမှ ခိုတန်ပြည်သို့ အဘယ်ကြောင့် ပင်ဆောင်ခဲ့ရသနည်း ဟူသောအချက်ကို ဆန်းစစ်ရန် လိုပေမည်။ ဖြစ်နိုင်ဖွယ်အကြောင်းတရားနှစ်ရပ်ရှိသည်။ တစ်ရပ်မှာ ခိုတန်၊တာပန်းနိယာ၊ လိုလင် နှင့် တာရင်မြစ်ဝှမ်းလွင်ပြင်ဒေသမှ အိုအေစစ်နိုင်ငံများသည် အိန္ဒိယ(ဂန္ဓရ)နှင့်အဆက်ဆံရှိခဲ့ပြီး ယင်းနိုင်ငံများအလုံးသည်လည်း ထိုအချိန်က ဗုဒ္ဓဘာသာနိုင်ငံများ ဖြစ်ကြသည်ဆိုသည့်အချက်ဖြစ်သည်။ နောက်အကြောင်းတစ် ရပ်မှာ ဘုန်းတော်ကြီး ဖာဆီယန်၏ ခရီးသွားမှတ်တမ်းများအရ အိန္ဒိယတွင် ဗုဒ္ဓဘာသာ၏ အရှိန်အ၀ါ ကျဆင်းလျက် ရှိပြီး ဟိန္ဒူအယူဝါဒများ အားကောင်းစ ပြုလာသည်ဆိုသည့်အချက်ဖြစ်သည်။ ထို့ကြောင့်ပင် အိန္ဒိယ (ဂန္ဓာရ)မှ စွယ်တော်မြတ်သည် ခိုတန်ပြည်သို့ ရောက်၇ှိကိန်းဝပ်ခြင်းဖြစ်သည်ဟု ဆိုနိုင်ဖွယ်ရှိသည်။ ယင်းနောက်ပိုင်းတွင် ခိုတန်ပြည်၌ ကိန်းဝပ်နေသော ဗုဒ္ဓစွယ်တော်မြတ်ကို ဘုန်းတော်ကြီး ဖာဆီယန်က နန်းကျင်းမြို့သို့ ပင်ဆောင်ပူဇော်ခဲ့သည်။ ဆွန်မင်းဆက်ခောတ် တရုတ်ပြည် တစ်ပြည်လုံး စုစည်းမိချိန်တွင် စွယ်တော်မြတ်သည် နန်ကျင်းမှ တစ်ဆင့် ရှန်စီပြည်နယ် စီအန်းသို့ ပြောင်းရွှေ့ကိန်းဝပ်ခဲ့သည်။ ယင်းနောက် မင်းဆက်ငါးဆက် ကာလအတွင်း ဗုဒ္ဓစွယ်တော်မြတ်သည် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းကိန်းဝပ်ကာ နောက်ဆုံးတွင် ယန်ကျင်းမြို့ (ယခုပေးကျင်း)သို့ ရောက်ရှိကိန်းဝပ်ခဲ့သည်။ အေဒီ ၁၀၇၁ ခုနှစ်တွင် ဗုဒ္ဓစွယ်တော်မြတ်ကို ပေကျင်းမြို့ လင်ကွမ်စီးကျောင်တော်အတွင်းရှိ ကျို့ရှမ်းစေတီ၌ ဌာပနာ၍ ပူဇော်ခံကြရာ ၁၉၀၀ ပြည့်နှစ် ဗုဒ္ဓမြတ်စွယ်တော်ကို လူသိရှင်ကြားပြန်လည်ဖော်ထုတ်ခဲ့သည်။ ဗုဒ္ဓမြတ်စွယ်တော်ကို ကျို့ရှမ်းစေတီ၌ နှစ်ပေါင်း ၈၃၀ မျှ ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်းဖြစ်သည်

အမှတ်တရဗိုလ်ချုပ် စကားများ

အမှတ်တရဗိုလ်ချုပ် စကားများ
------------------------------------
""ဟေ့ကောင် ကျော်စိန်
ဟိုမှာ ……
ပုလိပ်တွေ လက်ပြနေပြီ မောင်းကွ
တော်ကြာ လာဖမ်းနေဦးမယ်""
""ဗိုလ်ချုပ် တစ်ယောက်လုံးပါနေတာ
ဖမ်းစရာလား ဗိုလ်ချုပ်ရယ်""
""ဟေ့ကောင်
ငါက ငါ
ဥပဒေက ဥပဒေကွ""
-------------------------
""စက်ရပ်သွားပြီ ဗိုလ်ချုပ်""
""ဟေ့ကောင် ထွန်းလှ ဆင်း ……
ဒို့ နှစ်ယောက် ကားတွန်းရအောင် ""
----------------------------------
""မမကြည်
ဂျူတီချိန်းရအောင်
ဗိုလ်ချုပ်ကို သမီးကြောက်တယ်""
""ရပါတယ်ကွယ်
ဗိုလ်ချုပ်ကို
မမကြည် ကြည့်လိုက်ပါ့မယ်""
-------------------------------
""အကိုကြီး(ဦးဘဝင်း)
မခင်ကြည်ဆိုတဲ့ သူနာပြုဆရာမကို
ကျုပ်က ချစ်တယ်လို့
လက်ထပ်ချင်တယ်လို့
ခု မြန်မြန်သွားပြောဗျာ
အချိန် မရှိဘူး
ကျုပ်မှာ အလုပ်တွေ ရှိသေးတယ်""
-----------------------------------
""ကြည် ……
အိမ်က ရဲဘော်တွေကို
ဈေးခြင်းတောင်း မဆွဲခိုင်းပါနဲ့
သူတို့က နိုင်ငံတော်အတွက်ကွ……""
--------------------------------------
""ရွှေဒင်္ဂါးကို နင် လိုရာသုံးဖို့
ငါ လာလှူတာ…ဝေ့ ဗိုလ်ချုပ်""
""ထားခဲ့ပါ ရှမ်းကြီးရယ်
မနက်ကျတော့ ဖဆပလကို
ကျုပ် ပို့ပေးပါ့မယ်""
----------------------------------
""မမကြည်
အိမ်မှာ ဆန် ဆီ ပြတ်သွားရင်
ကျနော်ကို ပြောနော်""
""လာကန်တော့လို့ လက်ခံရင်
မင်းကို အရင် ထောင်ချပစ်မယ်လို့
ဗိုလ်ချုပ်က ကျနော်ကို ကြိမ်းထားတယ်""
-------------------------------------
""စိတ်ချပါ ဗိုလ်ထွန်းလှရယ်……
အဲ့ဒီလို ရှိလို့လား
ကန်တော့တယ်ဆိုတာ
လက်အုပ်ချီပြီး"သြကာသ"ဆိုတာ
မဟုတ်ဘူးလား……""
-----------------------------------
""ကျနော် စစ်ထဲဝင်ချင်တယ်""
""မင်း နာမည်""
""ဝင်းတင်(ဟံသာဝတီဦးဝင်းတင်)""
""ဘယ်နှစ်တန်းလဲ""
""၇-တန်း""
""ငယ်သေးတယ် ပညာဆက်သင်""
""တပ်ထဲမဝင်နဲ့
ပညာတတ်အောင် ဆက်သင်""
----------------------------------
""ဟေ့ကောင် ထွန်းလှ
ဗိုက်ဆာတယ်ကွ
မနက်ကလည်း ဘဲဥဟင်းဆိုတော့
ထမင်းစား မကောင်းဘူး""
""လကုန်ခါနီးဆိုတော့ ဒီလိုပဲပေါ့"
""ဆိတ်သားခပတ် စားချင်တယ်ကွာ""
""မင်းမှာ ပိုက်ဆံပါလား""
---------------------------------------
""လွတ်လပ်ရေးရရင်တော့
ခြံလေးစိုက်ပြီး
စာပဲရေးချင်နေတာဗျာ""
------------------------------------
""မင်္ဂလာဒုံက ခြံလေးတော့ ကြိုက်သား""
""ကျပ်ငါးထောင်ဆိုတော့ မတတ်နိုင်ဘူး""
""ခြံ မရှိရင်နေ
ကလေးတွေကိုတော့
ကျောင်းကောင်းကောင်းထားချင်တယ်ဗျာ""
--------------------------------------------
""အငယ်ဆုံး သမီးလေးကို
နားကပ်လေးတစ်ရံ ခမည်းပေးဖို့
နတ်မောက်က အမေဆီ
ပိုက်ဆံ လှမ်းမှာထားရတယ်""
-------------------------------------
""အေးဗျာ ……
အလုပ်ကရှုပ် ငွေက မရှိပါဘူးဆိုမှ
ကလေးကလည်း မွေးလိုက်တာ
တစ်နှစ် တစ်ယောက်ပဲဗျို့ … ဟား ဟား""
------------------------------------------
Credit to Typewriter
K.K(ကနောင်

Friday, February 13, 2015

မော်လူး သတင်းကို ဝင်ရောက်ကြည့်ရှု့ကြသူများ


ဒီပုံလေးက မော်လူးသတင်းကို ဝင်ဖတ်သူဦးရေကို ပြသတာပါ။ မော်လူးသတင်းဆိုဒ်ကို အင်တာနက်ကနေ ဝင်ကြည့်တာ တစ်ရက်ကို အနည်းဆုံး ၇၉ ကနေ ၁၂၀ ဦးအထိ ရှိနေပါတယ်။ တစ်လကို ဝင်ရောက်ကြည့်ရှုသူ ၂၈၀၀ ကျော်ရှိပါတယ်။ ဝဘ်ဆိုဒ်တည်ထောင်ပြီးချိန်မှ ယခုအထိ ဝင်ရောက်ကြည့်ရှုသူဦးရေက လေးသောင်းနီးပါးရှိနေပါပြီ .., ဆိုတော့ကာ ကျွန်တော်တို့ ဒီမော်လူးသတင်းဝဘ်ဆိုဒ်ကို တည်ထောင်ရကြိုးနပ်ပါတယ်။


ဒီပုံလေးကတော့ ကျွန်တော်တို့ မော်လူးသတင်းဆိုဒ်ကို နိုင်ငံပေါင်းစုံက ဝင်ဖတ်ကြတဲ့စာရင်းပါ။မြန်မာ ထိုင်း မလေးရှား အမေရိကန် ဂျာမနီ စင်ကာပူ အိန္ဒိယ ယူကရိန်း ပြင်သစ်နိုင်ငံတွေကနေ ဝင်ရောက်ကြည့်ရှု့ကြပါတယ်။



အပေါ်မှာ ဖော်ပြခဲ့တဲ့ပုံတွေထဲက မော်လူးသတင်းကိုဝင်ရောက်ကြည့်ရှုသူဦးရေထဲမှာ အပေါ်ကပုံမှာဖော်ပြထားတဲ့ mawlu news apk နဲ့ ဖတ်ရှု့သူစာရင်းမပါသေးပါ။ ယင်း apk သည် မော်လူးဒေသတွင် အနည်းဆုံး ဖုန်းအလုံး ၅၀၀ နှင့် ၁၀၀၀ ကြားတွင် ပါရှိနေပါလိမ့်မည် ဆိုတော့ကာ ကျွန်တော်တို့ မော်လူး သတင်းသည် အောင်မြင်သည့် ဝဘ်ဆိုဒ်တစ်ခုဟု သုံးသပ်ရပါသည်။

ယင်းသို့အောင်မြင်နိုင်ရန်အတွက် ယခင်က Admin နှစ်ဦးဖြင့်သာ ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် Admin ကို ၈ ဦးအထိ တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။
အီမေလ်း( Email)မှ ရောက်လာသည့် သတင်းများကို တာဝန်ယူသည့် Admin ၂ ဦး
အခြား ဝဘ်ဆိုဒ်များမှ နည်းပညာနှင့် အခြား ဗဟုသုတစာများကို ဆောင်ရွက်သည့် Admin ၂ဦး
ဒေသတွင်း သတင်းများကို ဆောင်ရွက်သည့် Adnin ၂ ဦး
ဖေ့စ်ဘုတ်( facebook ) သို့ သတင်းများ စာများကို ပြလည်မျှ ( share) ဆောင်ရွက်သူ ၂ ဦးဟူ၍ တာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။ 

ကဗျာပြိုင်ပွဲသို့ ရောက်ရှိလာသည့်ကဗျာ ၇





ဗိုလ်ချုပ် ရာပြည့်ပွဲ
*************

အခု ...
ဒီနေ့ ၂၀၁၅
ဖေဖော်ဝါရီ ၁၃ ဖွား
ဗိုလ်ချုပ်မွေးနေ့ ရာပြည့်သွား
တို့ပြည်သူတွေ စည်လုံးလို့
ရာပြည့်ပွဲကို ကျင်းပစို့ ...။

ရည်ရွယ်ချက်နဲ့ ကျင်းပဟန်
ဗိုလ်ချုပ်ကဲ့သို့ လုပ်ဆောင်ရန်
အစဉ်ထာဝရထိန်းသိမ်းလို့
တို့ပြည်သူတွေ လက်တွဲစို့ ....။

အမှန်တရားအတွက်
ဂုဏ်ဒြပ်မမက်
ကိုယ်ကျိုးကိုလဲ မဖက်တဲ့
ဗိုလ်ချုပ် ...
ဗိုလ်ချုပ် ....
ဗိုလ်ချုပ် ....

အထည်အထုပ် မရှိပေမယ့်
တကယ်အလုပ်လုပ်တဲ့ ဗိုလ်ချုပ်
အဲ့ဒါ တို့ဗိုလ်ချုပ် ...။

သူ့မူ သူ့ဟန် သူ့ရည်ရွယ်ချက်
အဲ့ဒါ တို့ပြည်သူတွေအတွက်
သေရာမပါ သူယူမသွား
တို့ပြည်သူတွေအတွက် ချန်ထား
မြန်မာပြည်ရဲ့ လွတ်လပ်ရေး
သူယူပေးလို့ ငြိမ်းချမ်းအေး .....။

ဘိုလေး (klu)




အုန်းဒုတ် မူလတန်းလွန်ကျောင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေကျင်းပ




အုန်းဒုတ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပ
မော်လုး၊ ဖေဖော်ဝါရီ ၁၃
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာအုပ်စု၊ အုန်းဒုတ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းအေးနှင့် ဆရာ/မများ၊ ဆုရကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအထောက်အကူပြုကော်မတီဝင်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းအေးမှ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ်ပွဲကျင်းပရခြင်းအကြောင်း ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သိကောင်းစရာများကို ပြောကြားပြီး ထူးချွန်ဆုရ ကျောင်းသား/သူလေးများက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကဗျာရွတ်ဆိုခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သော မိန့်ခွန်းကို ဗိုလ်ချုပ်အောင်ဆန်း၏ ဟန်ပန်အသံအနေအထားအတိုင်း ပြန်လည်ပြောကြားခြင်းများဖြင့် တက်ရောက်လာကြသူများကို တင်ဆက်ဖျော်ဖြေခဲ့သည်။ ထို့နောက် ပြိုင်ပွဲအသီးသီးတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် ကျောင်းသား/သူလေးများကို တာဝန်ရှိသူများမှ ဆုများ အသီးသီးပေးအပ်ကာ ကျောင်းသား/သူလေးများ၏ အကပဒေသာများနှင့်အတူ အာဟာရဒါနအဖြစ် ကြာဇံဟင်းလျာဖြင့် တည်ခင်ဧည့်ခံခဲ့ကြောင်း သိရသည်။

မော်လူး NLD မှ ပြုလုပ်ကျင်းပသော ဗိုလ်ချုပ် အောင်ဆန်းရာပြည့်ပွဲ









မော်လူးတွင် ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့် မွေးနေ့ အခမ်းအနားကျင်းပ
မော်လူး၊ ဖေဖော်ဝါရီ ၁၃
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူး၍ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က မော်လူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မော်လူးဒေသ ကိုးတိုက်နယ် (၁၀)အုပ်စုမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ဒေသခံပြည်သူများအင်အား ၁၀၀၀ ခန့်တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာကြသူများကို ပဲပြုတ်နှင့် နံပြားများဖြင့် ကျွေးမွေးဧည့်ခံခဲ့ပြီး မျိုးဆက်သစ်ကလေးငယ်များ၏ ဗိုလ်ချုပ်အောင်ဆန်းသီချင်းကဗျာများ ရွတ်ဆိုဖျော်ဖြေခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သိကောင်းစရာများကို ဟောပြောခြင်းများကို ပြုလုပ်ခဲ့ကြောင်းသိရသည်။ 

Thursday, February 12, 2015

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့နှစ်တစ်ရာပြည့် အထိမ်းအမှတ် ကဗျာပြပွဲ

ကျွန်တော်တို့ mawlunews group မှ ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ်ဖြင့် ကဗျာစာမူများကို ဖိတ်ခေါ်ခဲ့ရာ ကဗျာစာမူ ၆ ပုဒ် ရောက်ရှိခဲ့ပါသည်။ မူလက ပထမဆုနှင့် ဒုတိယဆုသာပေးရန် စီစဉ်ထားပါသော်လည်း ကဗျာရေးသားသူများမှာ ကြိုးစားအားထုတ်ရေးသားထားကြသည်များကို မြင်တွေ့ရပါသဖြင့် ကဗျာ စာမူရှင် ၆ ဦးလုံးကို ဖုန်းငွေဖြည့်ကတ် ၅၀၀၀ တန် တစ်ကတ်စီ ချီးမြှင့်ပေးမည် ဖြစ်ပါသည်။ ကျွန်တော်တို့ mawlu news group ၏ဖိတ်ခေါ်မှုကို စိတ်အားထက်သန်စွာ ကဗျာများရေးသားပေးပို့သူများ အားလုံး ကျေးဇူးတင်စွာဖြင့် ...., နောင်များလည်း အခါအခွင့်သင့်လျှင် ယခုလိုပွဲလေးများ စီစဉ်ပါအုန်းမည်
with respect,
mawlu news group



နှစ်များစွာတိုင် ...
************

ရိုးရိုးလေးပါ 
ရိုးသားမှုတွေကြောင့်
ကျုပ်တို့က ချစ်တာ
ကျုပ်တို့က သတိရတာ
ကျုပ်တို့က မမေ့နိုင်တာ

ဟော ....
အခု မွေးနေ့ နှစ်တစ်ရာပြည့်ပြီတဲ့
ကျုပ်တို့ရှင်ထဲမှာ ရှင်သန်နေမြဲ

ပိုက်ဆံတွေပေါ်က ဖျောက်ဖျက်
နံရံတွေပေါ်က ခွာချခဲ့လည်း
သိမ်းထားခဲ့တာက ကျုပ်တို့တွေရဲ့
ရင်ထဲ အသည်းထဲ နှလုံးသားထဲမှာလေ

သူရေးခဲ့တာက
ဘယ်လိုဖျက်ဖျက် မပျက်တဲ့သမိုင်း
ရိုးဂုဏ်ကို အဖော်ပြုပြီး
ပြည့်သူ့မျက်နှာ တိုင်းပြည်မျက်နှာပဲ
ကြည့်ခဲ့တာ 
သူ့ရဲ့ ကြိုးပမ်းမှုတွေ
သူ့ရဲ့ ပေးဆပ်မှုတွေ
သူ့ရဲ့ အနစ်နာခံခဲ့မှုတွေ 
စတာ ....
စတာတွေကို 
ကျုပ်တို့ နှစ်တစ်ရာမက
နှစ်ပေါင်းများစွာတိုင်
သတိရတမ်းတ လွမ်းဆွတ်နေကြဦးမှာ
အသေအချာ ....

  တာတေအမ်နိုင်း
@@@@@@@@@@@@@@@@@@@@@@@@@@@@@#

ဖခင်​ကြီးသို့ ဂုဏ်​ပြုအလွမ်း
•••••••••••***••••••••••••

ကိုယ်​ကျိုးမငဲ့၊တိုင်းပြည့်​အကျိုးဆက်​သည်

ရဲရင့်​ရိုးသား၊သူဇာနည်​ကား

နိုင်​ငံ့အတွက်​၊သန္ဓိဌာန်​အညီ

အသက်​ကိုတည်​လို့

ပေးဆပ်​ကာသွား၊ကျားဆိုမှကျားပဲ။

လေးစားထိုက်​သူ၊သူလိုလူကား

ဇမ္ဗူတစ်​လွှား၊ရှားမှရှားသည့်

လူထူးလူဆန်း၊ဗိုလ်​ချုပ်​​အောင်​ဆန်းတည်း။

သူ​မျှော်​မှန်းကာရည်​၊ချစ်​ကြည်​ငြိမ်းချမ်း

စိမ်းလန်းစိုပြည်​၊ကမ္ဘာသစ်​ဆီသို့

တိုင်းဝှမ်းမြန်​ပြည်​၊တိုးတက်​ဆီသို့။

ပြည်​လူထုက၊​လေးစားစံပြု

ပြည်​သူ့ချစ်​ပန်း၊ဗိုလ်​​အောင်​ဆန်းကို

သက်​တစ်​ရာပြည့်​တိုင်​၊မ​မေ့နိုင်​ခဲ့ပြီ

ပြည်​သူ့ရင်​ထဲ၊အစဉ်​အမြဲ​ပေမို့။

အလွမ်း​တွေနဲ့ မ​မေ့နိုင်​အတည်

ရည်​မှန်းဦးညွတ်​ ဂုဏ်​ပြုသည်

ပြည်​သူ့ချစ်​ဖခင်​ကြီး ဗိုလ်​ချုပ်​​အောင်​ဆန်းသို့။
                        
                        
                                                   ဝမ်းတူတူး

@@@@@@@@@@@@@@@@@@@@@@@

ဗိုလ်ချုပ်ရေ ....
****************

မွေးနေ့ နှစ်တစ်ရာ
ယနေ့အထိ မမေ့ပါ
တွေးမိတိုင်း ရင်နာရပါတယ်
ဗိုလ်ချုပ်ရေ ....

စွန့်လွှတ် စွန့်စား 
ပေးဆပ်ခြင်းတရားတွေနဲ့
ခက်ခဲကြမ်းတမ်းတဲ့ လမ်းတွေဖြတ်
ပြည်သူတွေအတွက်
ဗမာ့တပ်မတော်ကိုဖွဲ့ခဲ့တယ် 
ပြည်သူသာအမိ ပြည်သူသာအဖဆိုပြီးလေ
ဟော ...
အခုတော့
ဗိုလ်ချုပ်ရေ ...
တပ်မတော်သာ အမိ 
တပ်မတော်သာ အဖတဲ့

ပြည်သူတွေကို ကျွန်ပြု
နိုင်ငံကို ပိုင်းခြား
မြစ်တွေကိုပါ ရောင်းစားနေကြတယ်။

နှစ်တစ်ရာပြည့်မှာ
ချစ်စရာ ပီတိစကားတွေနဲ့
သတိရလွမ်းဆွတ်မှုတွေကိုပဲ
ပြောလိုပေမဲ့ ....
ဗိုလ်ချုပ်ရေ .........
•••••••••••••••••
•••••••••••••••••
•••••••••••••••••
         
      သွန်းဆက်ကျော်
@@@@@@@@@@@@@@@@@@@@@@@@

နှစ်တစ်ရာပြည့်မှသည် ....
*******************

"ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ ..."
ငယ်ငယ်က အော်အော်ဆိုခဲ့တဲ့ စာသား
ဒီနေ့အထိလည်း ရိုးမသွား မေ့မသွားသေးပါဘူး။

သူရဲကောင်းတို့ မျိုးဆက်
ပျောက်ပျက်မသွားဘူးဆိုတာ
လက်ဆင့်ကမ်း သက်သေပြ
တို့ မြန်ပြည်အတွက်
အားရစရာပေပ ....။

လူ့ပြည် လူ့ရွာ
လူ့ဌာနေမှာ
ပေးဆပ်သူနဲ့ ရယူသူနှစ်မျိုးပဲ
ရှိတယ်တဲ့ ...။

ဗိုလ်ချုပ်က 
သူ့မှာရှိတာထက် ပိုပေးခဲ့တယ်
သူ့ယူသွားခဲ့တာ
ဘာတစ်ခုမှ မရှိ ....။

ပေးဆပ်သူတို့နှလုံး
လှပလိုက်ပုံများ
တို့တစ်တွေ 
ယနေ့အထိ မမေ့နိုင်တာပဲကြည့် ...။

တိုင်းပြည်အတွက် အသက်ပေး
လွတ်လပ်ရေးကို အရ ယူပေးခဲ့
"အာဇာနည်မျိုး သေရိုးမရှိ ..."။

အို ..ပြည်သူ ပြည်သားအပေါင်းတို့
ရင်ထဲက သတိရရုံနဲ့ ကျေနပ်မနေကြနဲ့

ဗိုလ်ချုပ်ကို စံထား
တို့များလည်း ညီညာကြိုးစား
သူမျှော်လင့်ခဲ့တဲ့
တန်းတူညီတူ အခွင့်အရေး
ငြိမ်းချမ်းရေး တိုးတက်ရေးဆီသို့
နှစ်တစ်ရာပြည့်မှာ သစ္စာပြုရင်း
ချီတက်ကြပါစို့ .....။

မေနှင်းကျော်
11.2.15
WED, 9:00AM
@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ဖခင်ဗိုလ်ချုပ်
@@@@@@@@
ဖခင်ဗိုလ်ချုပ်
သမီးတို့် မမီလိုက်ပေမဲ့ 
ဖခင်ဗိုလ်ချုပ်အကြောင်းတွေ 
 အဘိုးအဘွားဆီကတဆင့်
ကြားသိခဲ့ရတယ်....

သမီးတို့ မတွေ့ ဖူးခဲ့ပေမဲ့
စာအုပ်ကြီးထဲမှာ သင်ကြားခဲ့ရတယ် 
သမီးတို့ကိုယ်တိုင် မကြုံဖူးခဲ့ပေမဲ့
ဗိုလ်ချုပ်ကိုချစ်သူတွေက 
လက်ဆင့်ကမ်းပြောပြခဲ့ကြတယ်....

ပုံပြင်မဟုတ်တဲ့ လက်တွေ့ဆန်တဲ့
ပြတ်သားတဲ့စိတ်နဲ့
လေးစားစရာ လုပ်ရှားမှုတွေအကြောင်းပေါ့
နိုင်ငံရေး ဆိုတာတွေ နားမလည်သေးတဲ့
သမီးပျိုလေးတို့ရဲ့ရင်ထဲမှာ
ဖခင်ဗိုလ်ခချုပ်အကြောင်းအမြဲရှိခဲ့တယ်....

ဘုရားနဲ့တစ်ဂိုဏ်းတည်းထားပြီး
အိမ်ဦးခန်းမှာ ဗိုလ်ချုပ်ပုံချိတ်ဆွဲထားတယ်
နှစ်ပေါင်းများစွာ
လူထုရင်ထဲမှာ ထင်ကျန်နေဦးမှာ ....
ဖြိုးသင်ဇာ (လေးတန်သူ)
12.2.15
1:00 am

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


သူလိုလူ
************

"ကြည်ရေ ပဲပြုတ်နဲ့နံပြားရင်စားချင်တယ်''
အမိန့်သံမပါ မေတ္တာသံဖြင့်
စားချင်တာကိုသူတောင်းဆို 
လူဖြောင့်လူမှန် လူအရိုးမို့( ရိုးသားသူ ) 
ရွှေခိုးဖို့ဆို သူမှာမသိ မြေခိုးဖို့သူ့မှာမသိ
တိုင်းပြည်အတွက်ပဲ သူအမြဲကြည့်
ခမဲပေးဖို့ရွှေကမရှိ စကားဆိုတည့်ပြော 
အလုပ်ဆိုတကယ်လုပ် 
အခွင့်ထူးခံဆိုသူနှာခေါင်းရှုံ့
ရုပ်ရှင်ကြည့်ဖို့သွားပါတယ် 
လူ့အဆင့်အတန်းသူမခွဲခြားတကယ်
ငါးမူးတန်းကသူအမြဲတိုး
လေးစားထိုက်တဲ့ဗိုလ်ချုပ်မျိုး။ ။

အမည်မသိရှေးစာဆို