Friday, May 1, 2015

> ညောင်ပင်ဆိပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီး

> စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ကုန်းခါးကျေးရွာအုပ်စု၊
> ညောင်ပင်ဆိပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင်သစ်
> ဆောက်လုပ်ပြီးစီးခဲ့သဖြင့် ယခုနှစ်ကျောင်းဖွင့်ချိန်တွင် ကျောင်းသူ၊
> ကျောင်းသားများပညာကောင်းစွာသင်ကြားနိုင်တော့ မည်ဖြစ်ကြောင်းသိရသည်။
> ဆောက်လုပ်ပြီးစီးခဲ့သော
> ညောင်ပင်ဆိပ်ကျေးရွာအခြေခံပညာမူလတန်းကျောင်းဆောင်သစ်မှာ အုပ်ညှပ်သွပ်မိုး
> ၁၂ပေခန်း ၁၂ခန်းပါ နှစ်ထပ်ဆောင် ရှေ့မုဒ်ဦး ၁၀ပေပတ်လည် ၄ခန်းစီရှိသော
> ကျောင်းဆောင်သစ်အမျိုးအစားဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ
> ကျပ်သိန်း၄၀၀ကျော်ခန့်နှင့်အတူ ဒေသခံများမှထည့်ဝင်ငွေမှာငွေကျပ်
> ၁၀၀သိန်းခန့်ရှိကြောင်း၊
> နိုင်ငံတော်မှထောက်ပံ့ငွေကျပ်သိန်း၃၁၄သိန်းရှိပြီး
> ၂၀၀၉ခုနှစ်မှစတင်တည်ဆောက်ခဲ့ရာအချိန် ၅နှစ်ကျော်ကြာမြင့်ခဲ့ကြောင်း၊
> ယခင်ကျောင်းဆောင်ဟောင်းနေရာတွင် တိုးပွါးလာသောကျောင်းသားဦးရေကြောင့်
> ပညာသင်ကြားရာတွင်လိုအပ်လျှက်ရှိသော
> အဆိုပါကျောင်းဆောင်သစ်ကိုဆောက်လုပ်ရခြင်းဖြစ်ကြောင်း ညောင်ပင်ဆိပ်ကျေးရွာ
> ကျောင်းအ ကျိုးတော်ဦးချစ်ဝယ်က ပြောပြသည်



မော်လူးဒေသ မှ ရထားလမ်းချော်သတင်းပါ သတင်း ၂ပုဒ်

> ဆောင်းမြေပဲသိမ်းချိန်တွင် ပဲနုတ် ပဲခြွေသူများ တွက်ချေကိုက်
> မော်လူး၊ ဧပြီ ၃၀
> @@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် မိုးစပါးရိတ်သိမ်းပြီးချိန်တွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားကြသည့် ဆောင်းမြေပဲ သိမ်းချိန်တွင် ပဲနုတ် ပဲခြွေသူများအတွက် တွက်ချေကိုက်ကာ ဝင်ငွေအဆင်ပြေလျှက်ရှိကြောင်း သိရသည်။
>
> ''ကျွန်မတို့ လယ်မြေ တစ်ဧကကျော်မှာ မိုးစပါးရိတ်သိမ်းပြီးချိန်မှာ ဆောင်းသီးနှံအဖြစ် မြေပဲကို စိုက်ပျိုးထားတာပါ။ စိုက်တုန်းက မျိုးမြေပဲတစ်တင်းကို ၁၀၀၀၀ ကျပ် ပေးရပါတယ်။ မြေပဲကို မိုးစပါးသိမ်းပြီးချိန်ဖြစ်တဲ့ နတ်တော်လပြည့်ကျော်က စိုက်ပျိုးခဲ့ပြီး ငါးလကျော်ကြာ တန်းခူးလကုန် ကဆုန်လဆန်းပိုင်းမှာ သိမ်းရပါတယ်။ မြေပဲသိမ်းချိန်မှာ ပဲနုတ်၊ ပဲခြွေတွေကို ငှားကြရတာပါ။ ပဲနုတ်၊ပဲခြွေသူတွေကို တစ်တင်းကို တစ်ထောင်နှုန်းပေးပြီး ငှားကြရတာပါ။ ပဲနုတ်၊ ပဲခြွေသူတွေတစ်ယောက်ဟာ တစ်ရက်ကို အနည်းဆုံး ငါးတင်းကနေ အများဆုံး ခုနှစ်တင်းအထိ ရကြပါတယ်။ လစဉ်မိုးမှန်ရင် မြေပဲတစ်ဧကကို တင်း ၁၀၀ နှုန်းလောက်ထွက်ပါတယ်။ မြေပဲအခြောက်ငါးတင်းကို ဆီတစ်ပုံး(၁၀ ပိဿာ)ရပါတယ်။ "ဟု မော်လူးဒေသ၊ သက်ရင်းသာကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးထွန်းရီမှ ပြောပြသည်။
>

> အမှတ် ၉၃၉ အဆန် မီးရထား မော်လူး - ပင်ဝဲ မီးရထားဘူတာကြား ဘီးချော်မှုဖြစ်ပွား
> မော်လူး၊ ဧပြီ ၃၀
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> မန္တလေး - မြစ်ကြီးနား မီးရထားလမ်း မော်လူမီးရထားဘူတာနှင့် ပင်ဝဲမီးရထားဘူတာအကြားတွင် ဧပြီ ၂၉ ရက် နေ့လည် ၁ နာရီ ၄၀ မိနစ်အချိန်က ရထားဘီးချော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
> မန္တလေးဘက်မှ မြစ်ကြီးနားဘက်သို့ စက်ခေါင်းမောင်း ဦးမောင်မောင်လတ်၊ ရထားထိန်း ဦးကျော်ကျော်ထူးတို့ လိုက်ပါ မောင်းနှင်လာသော အမှတ် ၉၃၉ အဆန် မီးရထား စက်ခေါင်းအမှတ် DD – 11140 သည် ပင်ဝဲမီးရထားဘူတာမှ နေ့လည် ၁ နာရီ ၁၅ မိနစ်အချိန်က ထွက်ခွာလာခဲ့ပြီး မိုင်တိုင်အမှတ် ၆၀၀(၉/၁၀)ကြားအရောက်တွင် တွဲအမှတ် GBHAH 40868 မှ ဘီးအမှတ် ၃ သည် သံလမ်းအတွင်းဘက်ကပ်ကျပြီး
> ဘီးအမှတ် ၆ သည် သံလမ်းအပြင်ဘက်ကပ်ကျကာ ဘီးချော်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ မီးရထားဘီးချော်ကျမှုကို ခ.လ.ရ ၁၈ မှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး ပြည့်ခိုင်ဦးစီးပြီး ဗိုလ်မှူး ကျော်ထက်ခိုင်နှင့် တပ်မတော်သားများမှ လုံခြုံရေးတာဝန်ယူကာ မော်လူး မီးရထားဘူတာမှ လမ်းဗိုလ်လေးနှင့် အဖွဲ့၊ နဘားမီးရထားဘူတာမှ လမ်းဗိုလ်လေးနှင့် အဖွဲ့တို့နှင့်အတူ တာဝန်ရှိသူများမှ အမြန်ဆုံး လမ်းပိုင်းပြန်ပွင့်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြရာ ည ၈ နာရီ အချိန်ခန့်တွင် ဘီးချော်ကျမှုကို ပြုပြင်ကာ လမ်းပိုင်းကို ပုံမှန်ပြန်ပွင့်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ မီးရထားဘီးချော်မှုကို ပြုပြင်နေစဉ်တွင် မော်လူးမီးရထားဘူတာ၌ အမှတ် ၅၆ အစုန် မီးရထားနှင့် ပင်ဝဲမီးရထားဘူတာတွင် အမှတ် ၄၁ အဆန် မီးရထားတို့ကို ရပ်နားထားခဲ့ကြောင်း၊ မီးရထားဘီးချော်မှုကြောင့် မီးရထားပေါ်ပါ  ဝန်ထမ်းများ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ၊ မီးရထားဘီးချော်မှုကြောင့် မီးရထားလမ်းရှိ ကွန်ကရစ်ဇလီဖားတုံးများ ၂၀၀ ခန့် ကွဲအက်မှုအနည်းငယ် ဖြစ်ပွားခဲ့ကြောင်း သိရသည်



နန့်ရုံ-နမီးကားလမ်းမ စုပေါင်းပြုပြင်

 စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးတွင်ဧပြီ ၂၇
> ရက်နေ့ကနန့်ရုံ-နမီးကားလမ်းမကြီး ကိုစုပေါင်းပြုပြင်ခဲ့ကြောင်းသိရသည်။
> ထိုသို့ဆောင်ရွက်ရာတွင်နန့်ရုံကျေးရွာရာအိမ်မှူးဦးလှမျိုးအောင်
> လမ်းဖြစ်မြောက်ရေးအကျိုတော်
> ဆောင်ဦးသောင်းညိုနှင့်ဒေသခံများကမော်လူးထုံးတောင်မှော်မှ
> ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ ဖြစ်သောဓူဝံကြယ်ကုမ္ပဏီနှင့်
> အိမ်မက်ကျောက်ကုမ္ပဏ်ီမှဘက်ဟိုးယန္တယား ၂စီး၊ မြေသယ်ယာဉ် ၄စီး တို့ဖြင့်
> လမ်းအကျယ် ၁၈ပေ၊ အရှည် ၃မိုင်ကို နန်ရုံကျေးရွာဘော့လုံးကွင်းမှ စတင်ကာ
> သဲကျောက်များခင်းခြင်းလုပ်ငန်းကို
> ၀ိုင်းဝန်းကူညီဆောင်ရွက်လုပ်ကိုင်ကြသည်။
> …ဒီကားလမ်းမကို ရွှေလေးတန်ကားလမ်းမလို့ခေါ်ပါတယ် ။
> အခုလိုပွင့်လင်းရာသီမှာသွားလာရတာ အဆင်ပြေပေမဲ့ မိုးတွင်းမှာသွားလာလို့
> ခက်ခဲပါတယ် ။ ဒါကြောင့်ကျွှန်တော်တို့ဒေခံတွေနဲ့ ခရီးသွားတွေ
> နွေမိုးဆောင်ရာသီမရွေးသွားလာလို့ရအောင်  ကျောက်မျက်တူးဖေါ်ရေးကုမ္ပဏီက
> အကူအညီတွေနဲ့ တက်ညီ လက်ညီ ၀ိုင်းဝန်းလုပ်ဆောင် နေတာပါ ။ဒီကားလမ်းမကြီးဟာ
> အင်းတော်မြို့နယ်ပါမက ဗန်းမောက်မြို့နယ် အထိပါသွားလာနေကြတဲ့
> အရေးပါတဲ့ကားလမ်းမပါ ။ ဒါကြောင့်မို့
> အချိန်မီပြီးစီးအောင်ဆောင်ရွက်နေပါတယ်..
> ဟုလမ်းဖြစ်မြောက်ရေးအကျိုးတော်ဆောင်ဖြစ်သူ နန့်ရုံကျေးရွာနေသူ
> ဦးသောင်းညိုကပြောသည်။ ယင်းကားလမ်းမကြီးကို ဧပြီ ၂၇ရက်မှမေ၂ရက်နေ့ထိ
> လမ်းအရှည် ၃မိုင်ကို
> သဲကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်
> နန်ရုံကျေးရွာမှ ရွှေလေးတန်ချောင်းကူးတံတားထိ
> ကျေးရွာအတွင်းအရှည်၁မိုင်ကိုဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း
> ၄င်းကပြောပြသည်


ကဆုန်လနှင့် ညောင်ရေသွန်းပွဲ” •••• ကဆုန်လသည်..

“ကဆုန်လနှင့် ညောင်ရေသွန်းပွဲ”
••••••••••••••••••••••••••••••••••••••
ကဆုန်လသည် အပူဓာတ် လွန်ကဲသောလ ဖြစ်သည်။
မြစ်ချောင်း အင်းအိုင်များ ရေခန်းခြောက်ချိန် ဖြစ်သည်။
သို့ရာတွင် လကုန်ပိုင်းတွင် မုတ်သုံလေ ဆောင်သွေး၍
မုတ်သုံမိုး တစ်ပြိုက်၊ နှစ်ပြိုက် ရွာသွန်းတတ်သည်။
မိုးရေ စွတ်စိုသော မြေပြင်သည် တစ်မူထူးခြားသော
မြေသင်းနံ့ သင်းပျံ့ပျံ့ကို ရှူရိုက်ရသောလ ဖြစ်သည်။
ရှေးမြန်မာများက ကဆုန်အတွင်း မြေသင်းပျံ့ပျံ့၊
မိုးနှံ့နှံ့ဟု ဆိုရိုးပြုခဲ့ကြသည်။
ကုဆုန်လကို မြန်မာမူအရ ပြိဿရာသီခေါ်၍
ထိုလတွင် စန်းပြည်နက္ခတ်မှာ “၀ိသာခါနက္ခတ်”ဖြစ်သည်။
ယှဉ်သော တာရာမှာ “တံငါတာရာ” ဖြစ်သည်။
ရာသီရုပ်မှာ “နွားထီးရုပ်” ဖြစ်သည်။
ရာသီပန်းကား စကားပန်းဖြစ်၍ ရာသီပွဲတော်ကား
“ညောင်ရေသွန်းပွဲတော်”ဖြစ်သည်။
ယောမြို့စား အတွင်းဝန် ဦးဘိုးလိုင်၏
“ဥတုဘောဇန သင်္ဂကျမ်း” တွင် ကဆုန်လတွင်
လောကသည် အလွန်ပူ၏။ အနောက်တောင်ထောင့်က
လေပူတိုက်၏။ ရေကန် ရေအိုင်တို့၌ ရေသောက်သော
သားငှက်တို့ဖြင့် ပြွမ်းကုန်၏။ ရေငုပ်ခြင်း၊ အစပ်၊
အချဉ်၊ အငန်၊ အပင်ပန်းခံခြင်း၊ မေထုန်မှီဝဲခြင်း၊
အဆီအစေး မရှိသော၊ ပူသော အစာတို့ကို
ကြဉ်ရှောင်အပ်ကုန်၏။
ချိုဆိမ့်သော အရသာ၊ အေးသော ဖျော်ရည်၊
သကြားနှင့် လုပ်သော ပေါက်ပေါက်ဆုပ်၊
ကရေကရာ စသော မုန့်၊ ကြည်းကုန်း၌
ကျက်စားသော သားငှက်တို့၏ အသား၊
ထောပတ်၊ နွားနို့၊ ရေတံခွန်မှ ထွက်သော
ရေအေး၊ ကြစုသီးနှင့် ကြံသကာတို့ကို မှီဝဲ
သုံးဆောင် အပ်ကုန်၏ဟု ရေးသားခဲ့ပါသည်။
ဗုဒ္ဓဘာသာ မြန်မာတို့သည် ကဆုန်လပြည်နေ့ကို
ထူးမြတ်သောနေ့အဖြစ် သတ်မှတ် ယူဆကြသည်။
ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်
ဆိုသည်နှင့်အညီ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓ၀င်ဆိုင်ရာ
ထူးခြားသော သမိုင်းမှတ်တိုင်များ ရှိခဲ့သည်။
(၁) ဘုရားလောင်းတော် သုမေဓာရှင်ရသေ့သည်
ဒီပင်္ကရာ ဘုရားရှင်ထံမှ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု
နိယတဗျာဒိတ်စင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု
နိယတဗျာဒိတ်တော် ခံယူရရှိသောနေ့သည်
ကဆုန်လပြည့်နေ့ ဖြစ်သည်။
(၂) မဟာသက္ကရာဇ် ၆၈-ခုနှစ်၊ ကဆုန် လပြည့်နေ့
“သောကြာနေ့” နံနက် တစ်ချက်တီး အချိန်
ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ကပိဠ၀တ်ပြည်နှင့်
ဒေ၀ဒဟပြည်အကြား လုမ္မိနီသာမော အင်ကြင်းတောဝယ်
သုဒ္ဓေါနေမင်းကြီး၏ ရူမငြီးသော ကြင်ယာတော်
မယ်တော် မာယာ၏ ၀မ်းကြာတိုက်မှ ဘုရားလောင်းတော်ကို
မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။
(၃) ဘုရားအလောင်းတော်သည် သက္ကရာဇ် ၁၀၃-ခုနှစ်၊
ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး
ဘုရားအဖြစ်သို့ ရောက်ရှိခဲ့သည်။
(၄) ကာဠု၊ ယသော်၊ ညီတော်၊ ဆန္ဒ၊ ကဏ္ဍက၊
သောဏ္ဏ၊ ဗုဒ္ဓဟေ ဆိုသည်နှင့်အညီ ဖွားဖက်တော်
ခုနှစ်ပါးတွင် ပါဝင်သော ညောင်ဗုဒ္ဓဟေ(ဗောဓိပင်)
သည်လည်း ကဆုန် လပြည့်နေ့တွင်ပင်
ပေါက်ရောက်ခဲ့သည်။
(၅) သက္ကရာဇ် ၁၄၈-ခုနှစ်၊ ကဆုန်လပြည့်နေ့၌
ဝါတော် ၄၅-၀ါ၊သက်တော် ၈၀-၌ ဘုရားရှင်သည်
နယ်မာလာတိုင်း၊ကုသိနာရုံပြည်ရှိ အင်ကြင်းတောဝယ်
ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ခြင်း ဖြစ်သည်။
မြတ်ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူမည့်နေ့၊
နံနက်ပိုင်းတွင်လည်း သုဇာတာ သူကြွယ် သမီး
ဃနာနို့ဆွမ်း ဆက်ကပ်ခြင်း ခံရသည်မှာ
သေနနိဂုံးရွာအနီး ညောင်ပင်ရင်းတွင် ဖြစ်သည်။
ဘုရားအဖြစ်သို့ ရောက်တော်မူသည်မှာလည်း
ဗောဓိညောင်ပင်ရင်းတွင်ပင် ဖြစ်သည်။
ထို့အတွက် မြတ်ဗုဒ္ဓနှင့် ပတ်သက်နေသော
ဗောဓိညောင်ပင်သည် ဗုဒ္ဓဘာသာဝင် မြန်မာတို့အဖို့
အလေးအနက် ကြည်ညို လေးစားဖွယ်ရာ ဖြစ်လာသည်။
သာသနာတော်ကို ရိုသေလေးစားသော မြန်မာတို့သည်
တစ်ချက်ခုတ် နှစ်ချက်ပြတ် အဖြစ် ရာသီဥတုအရလည်း
ဆီလျော်သော ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်
တီထွင်ကျင်းပသည်ဟု ယူဆရပါသည်။
ပုဂံခေတ်ထိုး စောလုဝန်းဘုရား ကျောက်စာတွင်
မီဖုန်၊ သင်္ကြန်၊ ညောင်ရိပ်သွန်(ညောင်ရေသွန်း) စသည်
ဝေါဟာရများ တွေ့ရှိရသဖြင့် ဗုဒ္ဓသာသနာတော်
အရောင်အ၀ါထွန်းကားနေသော ပုဂံခေတ်၊
လူမှုစီးပွားရေး ဖွံ့ဖြိုး စည်ပင်နေသော ပုဂံခေတ်တွင်
ညောင်ရေသွန်းပွဲတော်ကို စည်ကား သိုက်မြိုက်စွာ
ကျင်းပနေပြီဟု ယူဆရပါသည်။
မြန်မာသက္ကရာဇ် ၁၁၆၈-ခုနှစ်၌ ဘိုးတော် ဘုရားသည်
ပိဋကတ်တော်နှင့် လောကီကျမ်းများကို ကူးရန်နှင့်
မဟာဗောဓိပင်ကို ဖူးမြော်ရန် ရွှေတောင်သာဂဘူ၊
ရွှေတောင်သီရိစည်သူ စသည့် အမတ်ကြီးများကို
အိန္ဒိယနိုင်ငံသို့ စေလွှတ်ခဲ့သည်။
မှန်နန်းရာဇ၀င်တော်ကြးတွင် မဟာဗောဓိပင်
ခက်မကြီးတို့မှ ဖြာသော ခက်လက်ပေါင်း ၁၃၆-ခု
ရှိသည်။ ထွာဆိုင်၊ ညှိုဆိုင်အောက်ငယ်သော
ဗောဓိပင် ခက်လက်ငယ်တို့သည်ကား
မရေမတွက်နိုင်အောင် အလွန်များပြားသည်။
မဟာဗောဓိ ညောင်တော်၏ အရပ်မှာ ပကတိမြေမှ
ခက်မကြီးခြောက်ခု ဖြာသည့်တိုင်အောင်
အတောင် ၆၀-ကျော်သည် ဖြစ်၍ ဗောဓိညောင်တော်
တစ်ပင်လုံး ရင်းဖျား ဆုံးအောင် အတောင် ၉၀-ခန့်
အမြင့်ရှိသည်ဟု မှတ်တမ်းတင်ခဲ့သည်။
❦ဗုဒ္ဓဂါယာ၌ရှိသော ဖွားဖက်တော် ဗောဓိပင်ကို
“ဟိန္ဒူဘုရင် သသက” သည် ခုတ်လှဲ ဖျက်ဆီးခဲ့သည်။
သို့ရာတွင် ထိုဗောဓိပင် အမြစ်နေရာမှ ဗောဓိပင်တစ်ပင်
ပေါက်ရောက်လာသည်။ ထိုဗောဓိပင်သည်
၁၈၇၀-ပြည့်နှစ်တွင် ပြိုလဲသွားရာ ထိုအပင်မှ
အကိုင်းကို ပြန်၍ စိုက်ပျိုးခဲ့သည်။
ယခုအခါ ဖူးတွေ့ရသော ဗောဓိသည်
မူလဗောဓပင်၏ အဆက်အနွယ် ပင်ပွား ဖြစ်သည်ဟု
မြန်မာစွယ်စုံကျမ်း အတွဲ-ဂ တွင် ရေးသားထားပါသည်။
ရှေးမြန်မာမင်းများ လက်ထက်တွင် ဗောဓိပင်
စိုက်ပျိုးခြင်း ပြုခဲ့ကြသည်။ ကိုလိုနီကျွန်သဗောက်ဘ၀မှ
လွတ်မြောက်သည်နေ့၊ လွပ်လပ်ရေး ရရှိသောနေ့
၁၉၄၈-ခုနှစ် ဇန်န၀ါရီလ ၄-ရက်နေ့ တွင်လည်း
အိန္ဒိယပြည်ရှိ မဟာဗောဓိပင် အကိုင်းကို ယူဆောင်၍
ရွှေတိဂုံဘုရား ရင်ပြင်တော် အနောက်မြောက်ထောင့်၊
အနောက်ဘက် အုတ်တံတိုင်းနှင့် မြောက်ဘက်
အုတ်တံတိုင်းတို့ ဆုံရာ အနီး၌ စိုက်ပျိုးခဲ့သည်။
ထို့ပြင် ကိုလိုနီခေတ်အခါက ၁၉၀၅-ခုနှစ်လောက်တွင်
ရွှေတိဂုံဘုရား ဘဏ္ဍာတော်ထိန်းအဖွဲ့က
စိုက်ပျိုးခဲ့သော ဗောဓိပင်လည်း ရှိခဲ့သည်။
ဗုဒ္ဓဂါယာအရပ်ရှိ ဗောဓိညောင်ပင်၏ အစေ့ကို
ယူ၍ စိုက်ပျိုးခဲ့သော ဗောဓိပင်လည်းရှိခဲ့သည်။
ဗောဓိညောင်ပင် ရှိခြင်းလည် မြတ်ဗုဒ္ဓ
သက်တော်ထင်ရှားရှိခြင်းနှင့် တူညီသည်ဆိုသော
အယူအဆကြောင့် ဗောဓိပင်ကို
အလေးအမြတ်ပြုကြခြင်း ဖြစ်သည်။
ပင်းယခေတ်တွင် ပေါ်ထွန်းခဲ့သော ပြည်မင်း
မျက်နှာရှည် ကာချင်းတွင် “စံကား ၀တ်စုံမြေ၊
သွန်းညောင်ရေ၊ ထုံးလေ တန်စကူး၊ နွေလဆန်း
ဆန်လေဦး၊ ၀တ်ဆံ ရွှေသား၊ စကားပွင့်လှဦး”
ဟု ရေးစပ်ခဲ့သည်။
ထိုကာချင်းက ခေတ်တစ်ခေတ်၏ ဘာသာ
ယဉ်ကျေးမူ သမိုင်းတစ်ကွက်ကို ထင်ဟပ်ပြနေပါသည်။
ပင်းယခေတ်သို့ ရောက်ရှိလာသောအခါ
ကဆုန်ညောင်ရေသွန်း ပွဲတော်သည်
စည်ကားသိုက်မြိုက်စွာ ကျင်းပနေခြင်းကို
ဖော်ညွှန်းနေပါသည်။
ဗောဓိညောင်ပင်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော်သည်
မြန်မာ့ လူ့အဖွဲ့အစည်းကို လွှမ်းမိုးနေပြီး မြန်မာ့
အနုပညာလောက ရှုထောင့်အတွင်းသို့ပါ
စိမ့်ဝင်နေသည်ကို တွေ့ရပါသည်။
နန်းမြို့တော်ဟောင်း ယဉ်ကျေးမူမြို့တော်ဖြစ်သော
မန္တလေးမြို့မှ နာမည်ကျော် အငြိမ့်လူရွှင်တော်ကြီး
ဦးဓာတ်ခိုးသည် အငြိမ့်သဘင် ကပြသောအခါ
“ကဆုန်ညောင်ရေသွန်းပွဲ လင်္ကာကြီး”
ကို ရွတ်ဆိုခဲ့သည်။
“လူကြီးများက နံ့သာအိုး အသီးသီးပိုက်၊
ကညာအမျိုးသမီး တစ်သိုက်က သပြေပန်း
မညှိုးအောင် ရေချမ်းအိုး ကိုယ်စီ ရွက်ပြီး
ဗိုလ်စည်နှက်ကာ ထီးဖြူ ရှစ်လက်နှင့်တကွ
နည်းမူစနစ်မပျက် အတူပျော်မွေ့လျက်။
သူတော် ရသေ့နှင့် ဒိုးပတ်သမား၊ သည့်နောက်ကတော့
တန်ခိုး လျှပ်ကြွားအောင်၊ အဆန်းကွက် တစ်မျိုးကြည်၊
နန်းဆန်တဲ့ အိုးစည်နှင့် အတီး အဆို အက၊
အပြီးမလိုရ နယ်တစ်ခွင် ရွှင်ချို၊ မယ်ဒလင်
ဘင်ဂျိုနှင့် အရပ်သားတို့က ပျော်။
ဝိသာခါ နက္ခတ်စန်းရတနာနှင့် ပြိုင်တော့၊
ပန်းစကားဝါ အခိုင်အငုံကြွသည် ကဆုန်လရာသီ
အမြတ်မှာ ရွာပြည် အရပ်ရပ်သောင် ခေမေ
မလွဲဖို့လို ညောင်ရေပွဲ ပြုကြတဲ့ သဘင်ပွဲကိုဗျာ”
စသည်ဖြင့် ရွတ်ဆို ပြခဲ့သည်။
ဆရာမင်းသုဝဏ်က “အေးရိပ်သာတဲ့ ပြည်ညောင်ညို၊
ဥသြ တွန်သံချို ဒိုးရိုစီးတဲ့ နဒီတွင်း သမင်
ရေသောက်ဆင်း၊ မြက်ခင်းလဲလဲ မြေညီညီ
ကံ့ကော်ဝတ်မူန် မူန်စီ၊ ဇာလီပျော်တဲ့
ကျောင်းသင်္ခမ်း၊ လူလေး သွားချေစမ်း”
ဟု ရေးစပ်ခဲ့သည်။
မြန်မာပြည် အရပ်ရပ်တွင် ညောင်ပင်များ
ပေါက်ရောက်လေ့ ရှိသည်။ အပင်သည် ကြီးမားခြင်း၊
အရိပ်အာဝါသ ကောင်းခြင်း၊ အေးမြစေခြင်း
ထည်ထည်ဝါ၀ါ မြင်တွေကရခြင်း စသော
ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသည်။
ရွာဦး ရွာထိပ်တွင် အထင်ကရ မြင်တွေ့ရသော
ညောင်ပင်ကြီးများသည် ရွာ့ကျက်သရေကို
ဆောင်နေသည် သာမက ကျေးရွာများ၏
အလှကျက်သရေကိုလည်း ဖြစ်သေည်။
ကဆုန်ညောင်ရေသွန်း ပွဲတော်ကို ပဒေသရာဇ် ခေတ်မှသည်
ယနေ့ထက်တိုင် ကျင်းပနေဆဲ ဖြစ်သည်။
မြို့ကြီး ပြကြီးမှ ကျေးလက် တောရွာ ဇနပုဒ်အထိ
ညောင်ရေသွန်းပွဲတော် ကျင်းပခြင်းသည်
ဘာသာယဉ်ကျေးမူ အတွက် သာမက သစ်ပင်၊
ပန်းပင် စိမ်းလန်းစိုပြည်ရေးကိုလည်း
အထောက်အကူပြုလျက် ရှိသည်။
မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌
သီတင်းသုံးနေတော်မှုစဉ် သတ္တ၀ါ ဝေနေယျတို့အား
ချီးမြှောက်ရန်အတွက် ဒေသစာရီ ကြွချီတော်မူလေ၏။
ထိုအခါ သာဝတ္ထိမြို့သူ မြို့သားတို့သည် ဘုရားရှင်အား
ပူဇော် ကန်တော့ကြရန် ပန်းနံ့သာ လှူစရာများကို
ယူဆောင်လျက် ဇေ၀န် ကျောင်းတော်သို့
သွားကြကုန်၏။ ဇေတ၀န် ကျောင်းတော်သို့
ရောက်သောအခါ ဘုရားရှင် မရှိသည့်အတွက်
ပူဇော်ခွင့်မရကြလေကုန်။ ထိုအခါ မိမိတို့ ယူဆောင်ခဲ့သော
ပန်းနံ့သာများကို ဂန္ဓကုဋီကျောင်းတိုက်၏
တံခါးဝ၌ ချထားကြကုန်လျက် ပြန်လာခဲ့ကြကုန်၏။
ထိုအကြောင်းကို အနာထပိဏ်သူဌေးကြီးသိရသည့်အခါ
အရှင်အာနန္ဒာမထေရ်သို့ကပ်၍-
“အရှင်ဘုရား ဤ ဇေတ၀န်ကျောင်းတော်ကြီးသည်
မြတ်စွာဘုရား ဒေသစာရီကြွချီသောအခါ၌ ကိုးကွယ်ရာမဲ့
နေပါသည်။ ပူဇော်ခွင့်လည်း မရှိပါ။ အရှင်ဘုရားသည်
ဤအကြောင်းကို ဘုရားရှင်အား လျှောက်ထားပြီး၊
ဘုရားရှင်မရှိခိုက် ဘုရားရှင်ကိုယ်စား ကိုးကွယ်
ပူဇော်ရာကို လျှောက်ထားပေးပါဘုရား”ဟု
လျှောက်ထားလေသည်။ မဟာဗောဓိ ပင်မှ
မျိုးစေ့ကိုယူ၍ ဇေတ၀န်ကျောင်းတော်၏ တံခါးဝ၌
စိုက်ပျိုးခွင့်ပြုရန် အရှင်အာနန္ဒာက
မြတ်စွာ ဘုရားရှင်အား လျှောက်ထားလေ၏။
ဘုရားရှင်သည် စိုက်ပျိုးခွင့်ကိုပေးလျက် -
“ဤသို့ ဗောဓိပင်ကို စိုက်ပျိုးထားခြင်းသည်
ဇေတဝန်ကျောင်းတော်၌ ငါဘုရား အမြဲသီတင်းသုံး
နေတော်မူသည် နှင့် အတူတူပင်ဖြစ်လတ္တံ့” ဟု
မိန့်ကြားတော်မူခဲ့သည်။
သာဝတ္ထိမြို့သူမြို့သားတို့သည် ထိုဗောဓိပင်ကို
အမွှေးနံ့သာ၊ပန်း၊ဆီးမီးတို့ဖြင့် ဆက်ကပ်ညှိထွန်းခြင်းဖြင့်
ဘုရားရှင်အား ပူဇော်သည့်အနေဖြင့် အမြဲပူဇော်ကြကုန်၏။
ဤကဆုန်လသည်ကား လွန်ခဲ့သောနှစ်က ရွာသွန်းခဲ့သော
မိုးနှင့်လည်း အလွန်ဝေးကွာလာခဲ့သည်
နောက်လာမည့် မိုးကလည်းမရွာသေးချေ။
သို့ဖြစ်ရကား ဤကဆုန်လသည် ရေများ
ခန်းခြောက်နည်းပါး ကာ မြေဓာတ်၌ရေအပြတ်ဆုံးလ
ဖြစ်လေသည်။ လူတို့သည် ဘုရားအလောင်းတော်
ဘုရားအဖြစ် ရောက်တော်မူရာ မဟာဗောဓိပင်မှ
ကူးယူစိုက်ပျိုးခဲ့သော ဤမဟာဗောဓိပင်ကို
ဘုရားရှင်၏ကိုယ်စား ကိုးကွယ်ရာ ရှားပါး
အဖိုးတန်ဝတ္ထုအဖြစ် လေးစားကိုးကွယ်ခဲ့ကြသည်။
ထိုရှားပါးအဖိုးတန်လှသော မဟာဗောဓိပင်
သေမသွားစေရန် ရည်ရွယ်၍ ရေအပြတ်ဆုံးလဖြစ်သော
ဤကဆုန်လတွင် မဟာဗောဓိပင်ကို ညောင်ရေသွန်း
လောင်း၍ ပူဇော်ကြခြင်းဖြစ်ပါသည်။
❦ဤမဟာဗောဓိပင်သည် စေတီ(၄)မျိုးတို့တွင်
“ပရိဘောဂစေတီတော်” ဖြစ်သည်။
ဤကဆုန်လဟူသော စကားရပ်၌ ကဆုန်ဟူသော
အခေါ်အဝေါ်သည် “ကဆိန္န” ဟူဠေိကို “ကဆုန်”ဟု
မြန်မာမှုပြုထားသော ပါဠိသတ်ဝေါဟာရ အမည်ဖြစ်သည်။
ဤ ကဆိန္န၌ (က=ရေ၊ ဆိန္န=ပြတ်သည်)
ကဆိန္န=မြေဓာတ်မှာ ရေပြတ်သောလဟု အဓိပ္ပာယ်ရသည်။
ကံ=ဥဒကံ ဆိန္နတိ ဧတ္ထာတိ ဣတိ-ထိုကြောင့် ၊
ကံဆိန္နမည်၏ဟုလည်း ဆိုကြသေး၏။
ဤသို့ ရေအပြတ်ဆုံးလဖြစ်သော ဤကဆုန်လ၌
မဟာဗောဓိပင် သေမသွားစေရန်နှင့် ဘုရားရှင်ကိုယ်စား
ကိုးကွယ်သောအားဖြင့် ညောင်ရေသွန်းလောင်း
ပူဇော်ခဲ့ကြခြင်း ဖြစ်ပေသည်။
ထိုဗောဓိပင်ကို ပူဇော်သော အစဉ်အလာသည်
မြန်မာနိုင်ငံတွင် ပုဂံခေတ်၊ ပင်းယခေတ်တို့ကပင်
ရှိနေသည်ဟု (သက္ကရာဇာ် ၅၆၃၊ သင်ကြီးညောင်အုပ်
ကျောက်စာတို့အရ) သိရလေသည်။
ယနေ့အချိန်အထိ ဗုဒ္ဓဘာသာ မြန်မာတို့သည်
ညောင်ရေသွန်းပွဲတော်ကို မြန်မာယဉ်ကျေးမှုတစ်ရပ်အဖြစ်
သတ်မှတ်လျက် ကဆုန်လပြည့်နေ့တွင် ဗောဓိပင်အား
ညောင်ရေသွန်းလောင်းခြင်း ပန်းနံ့သာကပ်လှူခြင်းများကို
နှစ်စဉ်နှစ်တိုင်း ပြုလုပ်လျက် ရှိသည်။
ဤကဆုန်လပြည့်နေ့သည်
❦ဘုရားအလောင်းတော်ဗျာဒိတ်တော်ခံယူရာနေ့၊
❦ဘုရားဖြစ်မည်ဘ၀တွင် ဖွားတော်မူရာနေ့၊
❦ဘုရားဖြစ်တော်မူသောနေ့၊
❦ပရိနိဗ္ဗာန်စံတော်မူသောနေ့အားဖြင့်
နေ့ထူးနေ့မြတ်ကြီးဖြစ်သောကြောင့် ဤကဆုန်လပြည့်နေ့တွင်
ဘုရား၏ကိုယ်စား ကိုးကွယ်သောအားဖြင့် ဗောဓိပင်ကို
ရေသွန်းလောင်း ပူဇော်ခြင်းသည် ကောင်းမြတ်သော
ဗုဒ္ဓယဉ်ကျေးမှုလာ မြန်မာ့ဓလေ့ထုံးစံတစ်ရပ်အဖြစ်
ပြုလုပ်သင့်သော ကောင်းမှုကုသိုလ်ထူး
မင်္ဂလာကြီးပင် ဖြစ်ပေသည်။ ။
- 【သာရဝေါစိုးကြည်】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

Young Buddhist's Association