Monday, March 31, 2014

ကုလားပြည်ရောက် မော်လူးဒေသသား ဦးပစင်းရဲ့ ဘလော့မှစာစုလေးပါ

အရှင်ဇနက (မော်လူး)
အားလုံးကိုကြိုဆိုပါတယ်
Saturday, October 29, 2011

ဗန်းမော်ဆရာတော်ကြီးရဲ့စကား၊ကုလားပြည်မှာမှားခဲ့ပြီ

ပြူတင်းပေါက်တံခါးကိုဖွင့်လိုက်သည်။AdmissionOfficeနှင့်

SilbharaAramaHostelအကြားမြက်ခင်းပြင်တွင်ကုလားမကြီးသုံးလေး

ယောက်နှင့်မူလတန်းအရွယ်၊ရှစ်နှစ်၊ကိုးနှစ်ခန့်ကလေးမလေး

လေးယောက်တို့နွားစာအတွက်မြက်ရိတ်နေကြသည်။

သူတို့၏တံဇဉ်မှာဗမာတံဇဉ်လိုမဟုတ်၊လက်ကိုင်အောက်တွင်

တလက်မခန့်နိမ်ပြီးပြုလုပ်ထားကြသဖြင့်၊မြက်ရိပ်လျှင်မြေကြီး

အထိကပ်၍ရိတ်နိုင်သည်။ရိတ်သူလက်ကိုမထိခိုက်၊မရှနိုင်။

ကုလားပြည်တွင်အလကားလွင့်ပစ်လိုက်ရသည့်အရာကမရှိ

သလောက်ရှားသည်။နွေရာသီတွင်ပူပြင်းခြောက်သွေ့လွန်း

သဖြင့်သစ်ရွက်ခြောက်များကြွေချိန်တွင်၊ဗမာပြည်ကဲ့သို့

သန့်ရှင်းရေးအလုပ်သမားများ၊စည်ပင်သာယာဝန်ထမ်းများ

အထူးမလိုအပ်ပါ၊ကြွေနေသောသစ်ရွက်များ၊သစ်ကိုင်းခြောက်များ

ကိုလောင်စာအတွက်အားလုံးပြောင်သလင်းခါသွားအောင်၊

ကုလားမကြီးငယ်တို့ကသိမ်းဆည်းသွားကြသည်သာ။

ဌာနကတရားဝင်ခန့်ထားသောဝန်ထမ်းများကအနည်းငယ်

ကြည့်ကောင်းအောင်လုပ်လိုက်ရုံသာ။နွားစာအတွက်မြက်ရိတ်

နေသူများကိုနေရာအတော်များများတွင်တွေ့နိုင်သည်။

စပါးခင်း၊ပြောင်းခင်းနှင့်ဂျုံခင်းများကိုရိတ်သိမ်းကြ

လျင်လည်းဗမာပြည်ကဲ့သို့ရိုးပြတ်တောသည်ကျန်သည်မရှိ။

 မြေကြီးမှကပ်၍ရိတ်သိမ်းကြသည်။ကောက်ရိုး၊ပြောင်းရိုး၊

ဂျုံရိုးတို့ကိုဖြတ်တောက်လှီးဖြတ်ခုတ်စဉ်း၍၊ဖွဲနုတို့ဖြင့်

ရောသမမွှေကာနွားစာ၊မြင်းစာအဖြစ်အသုံးပြုကြသည်။

အိန္ဒိယတွင်နွားများကိုတယုတယမွေးမြူကြသည်။

လယ်ယာလုပ်ငန်းနှင့်ဝန်တင်ဆောင်ရန်အတွက်၊

အဓိကထားခြင်းတော့မဟုတ်။နွားနို့အတွက်အဓိကထားမွေး

မြူကြသည်ကများသည်။နွားမွေးခြင်းသည်အိန္ဒိယ၏

လူမှုရေးဇာတ်စနစ်နှင့်လည်းဆက်နွယ်နေပါသေးသည်။

အိန္ဒိယ၏များပြားလှသောဇာတ်စနစ်ထဲတွင်နာမည်၏နောက်၌

(ပရာဆတ်၊ယာတော်)စသည်ဖြင့်မှည့်ခေါ်ထား

သောဇာတ်တစ်ခုရှိသည်။ထိုအနွယ်ဝင်လူတို့သည်

နိုင်ငံတော်သမတကြီး၊ဝန်ကြီးချုပ်ကြီးပင်ဖြစ်လင့်ကစား။

 အနည်းဆုံးနွား တစ်ကောင်တော့မွေးထားကြရသည်ဟုကြားဖူးသည်။

အိန္ဒိယနိုင်ငံသည်အလွန်ကြီးမားကျယ်ဝန်းပြီး၊လူဦးရေထူထပ်များ

ပြားသည်။သူတို့ကိုယ်သူတို့ဘာရတ(မဟာဘာရတ်)

နိုင်ငံသားများအဖြစ်ဂုဏ်ယူတတ်ကြသည်။

ဒီမိုကရေစနစ်အပြည့်အဝအထွန်းကားဆုံးနိုင်ငံဖြစ်သည်။

လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ၊ကိုးကွယ်မှုပေါင်းစုံနှင့်

ဇာတ်စနစ်ပေါင်းစုံနေထိုင်လျက်ရှိသည်။မြို့ပြနှင့်

ကျေးလက်သည်ကွာဟမှုကြီးကြီးမားမားမတွေ့ရတတ်ပေ။

ပြည်တွင်းလေကြောင်းလိုင်းများ၊ဟိုက်ဝေးလမ်းမ


ကြီးများ၊မီးရထားများဖြင့်မိမိသွားလိုရာတနိုင်ငံလုံးရှိမြို့ရွာကျေး

လက်ဇနပုဒ်အထိလွယ်ကူစွာသွားလာနိုင်သည်။ဆက်သွယ်ရေး

စနစ်ကောင်းမွန်သဖြင့်တယ်လီဖုန်းများ၊မိုဘိုင်းများ၊အင်တာနက်စနစ်

များ၊ကေဗယ်စနစ်များ၊ဝါယာလက်စနစ်များကိုလှည်းနေ၊

လှေအောင်းမြင်းဇောင်းမကျန်လူတိုင်းထိတွေ့သိရှိနိုင်

ပြုလုပ်ထားသည်မှာအံ့ဘွယ်ပါပေ။နေရာတိုင်းသောက်ရေသုံးရေ၊

စိုက်ပျိုးရေများရရှိအောင်အစိုးရကပြုလုပ်ပေးထားသဖြင့်၊

ဆယ့်နှစ်ရာသီ၊ရာသီပေါ်သီးနှံများစိုက်ပျိုးနိုင်ကြသည်။

လယ်မြေကွက်များသည်အမြဲတမ်းစိမ်းလန်းလျက်၊သီးနှံစိုက်ခင်း

များအဖြစ်တွေ့မြင်ရသည်။မိုးရာသီမှစတင်၍စပါး၊စပါးပြီးလျင်ဂျုံ၊

ဂျုံပြီးလျင်အာလူး..ကုလားပဲ၊ခရမ်းချဉ်.မုံလာဥစသည်စသည်ဖြင့်

တစ်နှစ်ပတ်လုံးစိုက်ပျိုးကြသည်။စိုက်ပျိုးသလောက်လဲအထွက်နှုန်း

တွေတိုးကြသည်။ခေတ်မှီနည်းပညာများ၊ဓါတ်မြေသြဇာများ၊

သဘာဝဓါတ်မြေသြဇာ(လူချီး)များ၏အထောက်အကူကြောင့်

လဲဖြစ်မည်ထင်သည်။ကျေးရွာများရှိလယ်ယာအခင်း၊ကံသင်း၊

လမ်းမများသည်သူတို့၏အပေါ့အလေး၊အခင်းကြီးအခင်းလေး၊

နောက်ဖေးရှေးဖေး၊သွားရာနေရာများဖြစ်၍ဗမာပြည်လိုတောထိုင်

 ခြင်းမဟုတ်၊လူမြင်ကွင်းတွင်ထိုင်ကြသောကြောင့်ကွင်းထိုင်

ဟုပင်ဝေါဟာရကိုပြောင်းရမလိုဖြစ်နေသည်။

"ရှက်ခြင်းသည်မျက်နှာကရှက်သည်။ဖင်ကမရှက်"ဟုရှေးအင်းဝခေတ်က

အရွဲ့တိုက်တတ်သောဗန်းမော်ဆရာတော်ကြီး၊ငယ်စဉ်ကိုရင်ဘဝက

ဆွမ်းခံသွားရင်းကုဋီတက်ချင်လာသဖြင့်၊လမ်းဘေးသပိတ်ခေါင်းစွပ်ပြီး

 ကုဋီတက်ရင်းအော်ပြောလိုက်သောစကားသည်မမှန်တော့။

"ကုလားပြည်တွင်မှားခဲ့ပြီကောဆရာတော်"..လို့သာလျှောက်ထားလိုက်

ချင်သည်။ယိုသူမရှက်မြင်သူရှက်ဆိုသောမြန်မာစကားပုံတော့

ကုလားတို့တိုင်းပြည်တွင်ယနေ့အထိသွေးထွက်အောင်မှန်ကန်

နေဆဲပါပဲလေ။နောင်လဲဆက်လက်မှန်ကန်နေဦးမည်ထင်ရဲ့။

ဤလက်နက်သည်ကားကုလားတို့၏လက်လွပ်ရေးတိုက်ပွဲတွင်၊

အစွမ်းထက်လှသောလက်နက်ဆန်းကြီးတစ်ခုအဖြစ်ပါဝင်ခဲ့သည်

ဟုဆိုသည်မဟုတ်လား။
ဇနကမော်လူး............ at 6:33 AM