Saturday, May 6, 2017

ဗောဓိပင်အား ညောင်ရေသွန်းရကျိုး


ဗောဓိပင်အား  ညောင်ရေ
    သွန်းရ ကျိုး
   ~~~~~~

၉၁ ကမ္ဘ္ဘာထက်၌ ဝိပဿီမြတ်စွာဘုရား
သာသနာတော်မှာ သူကြွယ်သားတစ်ယောက်
သည် မြတ်ဗုဒ္ဓ သာသနာတော်၌
ရဟန်းပြုခဲ့တယ် ။

ထိုရဟန်းတော်သည်   ဗောဓိပင်ကို
အရိုအသေပြုပူဇော်ကြသည်ကို မြင် ပြီး
ပန်းနံ့သာ ရေ စသည်တို့ဖြင့်
ဆောင်ယူကာ ပူဇော်ခဲ့ဖူး၏ ။

ထိုရဟန်းသည်…

တေတိံ္တသ ကပ္ပေ ဝတ္တမာနမ္ပိ ၊ အာသုံဇနာဓိပါ ။
ဥဒကသိဉ္ဇနာမ ၊ အဋ္ဌေတေ စက္က ဝတ္တိနော ။
(ဗောဓိသဉ္ဇယ မထေရ် ဝတ္ထု့ )

ထိုကောင်းမှု့ကြောင့် …
လူပြည်မှာ ( ၃၃ ) ကမ္ဘာအထက်၌
လူတို့ကို အစိုးရတဲ့ " ဥဒက သိဉ္ဇ"အမည်ရှိတဲ့
စကြာဝတေးမင်း ဘဝပေါင်း ( ၈ ) ကြိမ်
တိုင်တိုင်ဖြစ်ခဲ့ရတယ် ။

ယနေ့မြန်မာပြည်မှာလဲ
အထူးသဖြင့် ကဆုန်လပြည့်နေ့ရောက်တိုင်း
တစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာဝင်များဟာ
ဗောဓိပင်ကို ရေသွန်းလောင်းခြင်း ပန်းဆီ
မီးပူဇော်ခြင်းစသော ကုသိုလ်များကို
ပြုလုပ်လှူဒါန်းနေကြပါတယ်။

ထိုလှူဒါန်းပူဇော်မှု့ စေတနာတွေကြောင့်

ဧကနဝုတိတော ကပ္ပေ ၊ ယံဗောဓိံ အဘိသိဉ္ဇယေ။
ဒုဂ္ဂတိံ နာဘိဇာနာမိ ၊ ဗောဓိသိဉ္ဇာ ယဒိဒံ ဖလံ ။

၉၁ ကမ္ဘ္ဘာထက်၌…
ဗောဓိပင်ကို ရေသွန်းလောင်းပြီး
လှူဒါန်းခဲ့တဲ့ ကောင်းမှု့ကံကြောင့်
ဘဝသံသရာ ကြဉ်လည်ရတဲ့အခါ
အပါယ်လေးကို မလားရောက်ရတော့ပဲ

ပဋိသမ္ဘိဒါ စေဿာ ၊ ဝိမောက္ခာပိစ အဋ္ဌမေ ။
ဆဠာဘိညာ သစ္ဆိကတာ ၊ ကတှုံဒ္ဓဿ သာသနန္တိ။

ဗောဓိပင်ကို ရေသွန်းလောင်းပူဇော်ခဲ့သော
အမျိုးသားသည် …

ဂေါတမ မြတ်ဗုဒ္ဓသာသနာတော်မှာ
ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး ၊
အဘိညဉ်ခြောက်ပါး ၊  မဂ်လေးပါး ၊
ဖိုလ်လေးပါးရပြီး…

"ဗောဓိသိဉ္ဇယ" ရဟန္တာမထေရ်ကြီး
တစ်ပါးဖြစါခါ ပရိနိဗ္ဗာန်ဝင်စံတော်မူ
ရပါတယ် ။

*ဗောဓိပင်အား ၊ ရေများသွန်းပါ ၊
အပါယ်ဘေးက ၊၊ ဝေးကြလေမှာ။
လူပြည်နတ်ရပ် ၊ ဆိုက်ကပ်အခါခါ ၊
ပူဇော်ကြ ၊ ကျိုး က များလှတာ ။

3 -  5 - 2017
ကဆုန်လဆန်း ( ၈ ) ရက် ဗုဒ္ဓဟူးနေ့  ။

ကောင်းကျိုးလိုရာ ပြည့်စုံကြပါစေ ။   ။

Credit - လွင်​​အောင်​ မျိုး acc