Tuesday, August 27, 2013

ယာဉ်စည်းကမ်း မလိုက်နာပဲ ယာဉ်ရပ်နားမှုကြောင့် ပြည်သူများ အခက်ကြုံ





ယာဉ်စည်းကမ်း မလိုက်နာပဲ ယာဉ်ရပ်နားမှုကြောင့် ပြည်သူများ အခက်ကြုံ

မော်လူး၊ သြဂုတ် ၂၇

@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာကို ဖြတ်သန်းသွားသည့် ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စု မော်တော်ကားလမ်းမကြီးပေါ်တွင် မောင်းနှင်သွားလာနေသော ယာဉ်များသည် ယာဉ်လမ်းကြောင်းပြောင်းပြန် ရပ်နားကာ ကုန်တင်ကုန်ချပြုလုပ်ခြင်း၊ ယာဉ်ရပ်နားရာနေရာမဟုတ်ပဲ ရပ်နားထားခြင်းတို့ကြောင့် လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေကြရသော ပြည်သူများ၊ ကျောင်းသားကျောင်းသူများ၊ သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာများအတွက် ယာဉ်အန္တရာယ်ရှိနိုင်ကြောင်း၊ လမ်းများမှာလည်း ကျဉ်းမြောင်းသဖြင့် လမ်းသွားလမ်းလာများအတွက် ယာဉ်ကြောပိတ်ဆို့မှုများ ကြုံတွေနေရကြောင်း၊ ထိုကဲ့သို့သော အခက်အခဲများကို ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ယာဉ်ထိန်းရဲများက စည်းကမ်းတကျဖြစ်အောင် အရေးယူဆောင်ရွက်ပေးသင့်ကြောင်းတို့ကို ဒေသခံ ခရီးသွားပြည်သူ တစ်ဦးထံမှ ကြားသိရသည်။

Mawlu media

အခြေခံပညာ မူလတန်းကျောင်းတွင် အာဟာရဒါနတိုက်ကျွေး










အခြေခံပညာ မူလတန်းကျောင်းတွင် အာဟာရဒါနတိုက်ကျွေး

မော်လူး၊ သြဂုတ် ၂၇

@@@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာအုပ်စု၊ အုန်းဒုတ်ရွာ

အခြေခံပညာ မူလတန်းကျောင်း ကျောင်းသား/သူ ၁၅၀ ဦးအား အုန်းဒုတ်ရွာ အာဟာရဒါန အလှူရှင်များက ဇွန်လမှစ၍ လစဉ် အာဟာရဒါနများ တိုက်ကျွေးခဲ့ကြရာ ယခုသြဂုတ်လတွင် အာဟာရဒါန အလှူရှင် (၄)ဦး ရှိခဲ့ပြီး သြဂုတ်လ ၁၆ ရက်နေ့က ဦးညီထွေး + ဒေါ်ထွေးထွေး မိသားစုက အုန်းနို့ခေါက်ဆွဲ၊ ၁၈ ရက်နေ့တွင် ဦးထွန်းမြင့်ဦး + ဒေါ်သန်းစိုးအေး မိသားစုက လဘက်ရည်အချိုနှင့် ပေါင်မုန့်၊ ၂၆ ရက်နေ့တွင် ဦးအေးမောင် + ဒေါ်ခင်ပု မိသားစုက ပေါင်မုန့် အုန်းနို့ဆမ်းနှင့် ဗလာစာအုပ်၊ ခဲတံများကိုလည်းကောင်း၊ ၂၇ ရက်နေ့တွင် ဦးစံဝင်း + ဒေါ်တင်မေ သား ကိုကြာငွေနှင့် ကိုဆူးရယ် + မဖြူဖြူဝင်း မိသားစုတို့က ဂျုံခေါက်ဆွဲတို့ဖြင့် ကျွေးမွေးကြရာ အာဟာရဒါနအလှူရှင်များအား ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းအေးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များက ကူညီပံ့ပိုးမှုပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Mawlu media

၂၄ နာရီ လျှပ်စစ်မီး မရရှိသဖြင့် နေရောင်ခြည်သုံး ဆိုလာပြားများဖြင့် မီးလင်းနေရ











၂၄ နာရီ လျှပ်စစ်မီး မရရှိသဖြင့် နေရောင်ခြည်သုံး ဆိုလာပြားများဖြင့် မီးလင်းနေရ
မော်လူး၊ သြဂုတ် ၂၇
@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မာန်ဟဲအုပ်စု၊ ဟောင်းတုန်းကျေးရွာနှင့် မြေပလ္လင်ကျေးရွာများတွင် လျှပ်စစ်မီး ဓာတ်အားလိုင်း နီးကပ်စွာ ဖြတ်သန်းသွားသော်လည်း  ၂၄ နာရီ လျှပ်စစ်မီး မရရှိသဖြင့် နေရောင်ခြည်သုံး ဆိုလာပြားများဖြင့် လျှပ်စစ်မီလင်းနေရကြောင်း သိရသည်။
အဆိုပါ ဟောင်းတုန်းကျေးရွာနှင့် မြေပလ္လင်ကျေးရွာ နှစ်ရွာပေါင်း အိမ်ခြေ ၂၇၀ ကျော်ရှိပြီး ၂၄ နာရီ လျှပ်စစ်မီးလိုင်း နီးကပ်စွာ ဖြတ်သန်းသွားသော်လည်း လျှပ်စစ်မီးမရရှိသဖြင့် နေရောင်ခြည်သုံး ဆိုလာပြားများဖြင့် အိမ်ခြေ ၈၀ ခန့် မီးလင်းနေရကြောင်း၊ ၂၄ နာရီ လျှပ်စစ်မီးရရှိရေးအတွက် မြေပလ္လင်ရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ၊ အရံမီးသတ်တပ်ဖွဲ့ တပ်ခွဲမှူး၊ ပြည်သူ့စစ်၊ ငါးဦးကော်မတီတို့မှ ကြိုးစားဆောင်ရွက်နေသော်လည်း ငွေကြေး မပြည်စုံသေးသဖြင့် နေရောင်ခြည်သုံး ဆိုလာပြားများဖြင့် မီးလင်းနေရကြောင်း၊ နိုင်ငံတော်အစိုးရမှ ပံ့ပိုးကူညီပေးနိုင်လျှင် ကူညီပေးစေလိုကြောင်း ဒေသခံရွာသူ ရွာသားများက ပြောကြားနေကြကြောင်း သတင်းရရှိသည်။

Mawlu media

ဖုန်းကဒ် မနက်ဖြန်( ၂၈.၈.၂၀၁၃)ရက်နေ့ မဲနှိုက်မည်

ဒုတိယအကြိမ်
မော်လူး အတွက် ခွဲတမ်း ဖုန်းကဒ် (၂၀၀)ကျော်ကို (အတိအကျမသိ)
ထုံးစံအတိုင်း မဲ နှိုက်ကြမည်။



သတင်းပိုမို ပြည့်စုံစေရန် ဖြည့်စွက်တင်ပြပါသည်။










မော်လူးဒေသတွင် တန်းဖိုးနည်းဖုန်းများ ဒုတိယအကြိမ် မဲစနစ်ဖြင့် ရောင်းချရေး အစည်းအဝေးကျင်းပ
မော်လူး၊ သြဂုတ် ၂၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာတွင် တန်ဖိုးနည်း GSM ၁၅၀၀ကျပ်တန်း ဖုန်းဆင်းမ်ကတ်များ မဲစနစ်ဖြင့် ဒုတ်ယအကြိမ် ရောင်းချပေးရေး အစည်းအဝေးကို သြဂုတ် ၂၇ ရက်နေ့ နံနက် ၁၀ နာရီက မော်လူးကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူး၊မြို့နယ် လက်ထောက်ပညာရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မော်လူးအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်များနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် သတင်းမီဒီယာအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးမှ မော်လူးဒေသအတွက် တန်ဖိုးနည်း GSM ၁၅၀၀ ကျပ်တန် ဖုန်းဆင်းမ်ကတ် ခွဲတမ်းအနေဖြင့် (၃၀၀)ကတ် ရရှိကြောင်း၊ ၄င်းအထဲမှ ၁၀၀ ကို မော်လူးဒေသတွင်းရှိ ၀န်ထမ်းများအတွက် ၇၂ ကတ်၊ ခရိုင်နှင့်မြို့နယ် ၀န်ထမ်းများအတွက် ၁၈ ကတ်နှုတ်ယူပြီး ကျန်ရှိသည့် ဖုန်းဆင်းမ်ကတ် ၂၀၀ ကတ်အား ဒေသခံပြည်သူများအား မဲစနစ်ဖြင့် စက်တင်ဘာ ၂၈ ရက်နေ့တွင် မဲစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Mawlu media