Friday, March 25, 2016

ရေပေါ် ရှပ်ပြေးယာဉ်က မြန်မာက ၁၉၇၃ ထဲက ထွင်ခဲ့တဲ့သူက ခုစက်မှုဝန်ကြီးဖြစ်မှာတဲ့



၁၉၇၃ ခုနှစ် လွန်ခဲ့တဲ့ ၄၃ နှစ်တုန်းက ရန်ကုန်စက်မှုတက္ကသိုလ် (RIT) က ကျောင်းသားတယောက်ဟာ ကျောင်း Project တခုအဖြစ် Hovercraft (လျှပ်ပြေးယာဉ်) ကိုတည်ဆောက်ပြခဲ့သတဲ့။ ဒါပေမယ့် အဲဒီအချိန်က အာဏာရှင်ကြီး ဦးနေ၀င်းက အဲဒီ Project ကို ဖျက်သိမ်းခိုင်းခဲ့သတဲ့ (ဘာဖြစ်လို့ ညာဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်အတုအယောင်နဲ့ လာမငြင်းကြေးနော်)။ အဲဒီကျောင်းသားအမည်က မောင်ခင်မောင်ချိုလို့ခေါ်ပါသတဲ့။ အခုတော့ ဦးခင်မောင်ချိုပေါ့။ အဲဒီဦးခင်မောင်ချိုကတော့ အခု လာမယ့် ဧပြီ (၁) ရက်နေ့မှာ စတင်ဦးဆောင်တော့မယ့် အစိုးရသစ်လက်ထက်မှာ စက်မှုဝန်ကြီးအဖြစ် လူမှန် နေရာမှန် တာဝန်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။ အဲဒီလို တော်တဲ့ ထက်မြက်တဲ့ တီထွင်ဖန်တီးလိုစိတ်ရှိတဲ့ လူငယ်တွေက လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော် လွတ်လပ်ရေးရပြီးတဲ့အချိန်ကတည်းက အပြိုင်းအရိုင်း ပေါ်ထွန်းခဲ့ဖူးပါတယ်။ သို့ပေမယ့် ၁၉၆၂ ခုနှစ် အာဏာရှင်ကြီး ဦးနေ၀င်း အာဏာသိမ်းပြီးကည်းက ထူးချွန်ထက်မြက်သူတွေကို နှိပ်ကွပ်ခဲ့တာ ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့က ၅၄ နှစ်ပြည့်ခဲ့ပါတယ်။ အခု စက်မှုဝန်ကြီးဖြစ်မယ့် ဦးခင်မောင်ချိုခေါ် မောင်ခင်မောင်ချိုလည်း အဲဒီကာလရဲ့ သားကောင်တဦးပေါ့။ ဒီနေ့ခေတ် ညီငယ် နှမငယ် သားငယ်သမီးငယ်တွေကို သိစေချင်လို့ပါ။ (မူရင်းဓာတ်ပုံတင်သူကို ခရက်ဒစ်ပေးပါတယ်)