Monday, March 31, 2014

ကုလားပြည်ရောက် မော်လူးဒေသသား ဦးပစင်းရဲ့ ဘလော့မှစာစုလေးပါ

အရှင်ဇနက (မော်လူး)
အားလုံးကိုကြိုဆိုပါတယ်
Saturday, October 29, 2011

ဗန်းမော်ဆရာတော်ကြီးရဲ့စကား၊ကုလားပြည်မှာမှားခဲ့ပြီ

ပြူတင်းပေါက်တံခါးကိုဖွင့်လိုက်သည်။AdmissionOfficeနှင့်

SilbharaAramaHostelအကြားမြက်ခင်းပြင်တွင်ကုလားမကြီးသုံးလေး

ယောက်နှင့်မူလတန်းအရွယ်၊ရှစ်နှစ်၊ကိုးနှစ်ခန့်ကလေးမလေး

လေးယောက်တို့နွားစာအတွက်မြက်ရိတ်နေကြသည်။

သူတို့၏တံဇဉ်မှာဗမာတံဇဉ်လိုမဟုတ်၊လက်ကိုင်အောက်တွင်

တလက်မခန့်နိမ်ပြီးပြုလုပ်ထားကြသဖြင့်၊မြက်ရိပ်လျှင်မြေကြီး

အထိကပ်၍ရိတ်နိုင်သည်။ရိတ်သူလက်ကိုမထိခိုက်၊မရှနိုင်။

ကုလားပြည်တွင်အလကားလွင့်ပစ်လိုက်ရသည့်အရာကမရှိ

သလောက်ရှားသည်။နွေရာသီတွင်ပူပြင်းခြောက်သွေ့လွန်း

သဖြင့်သစ်ရွက်ခြောက်များကြွေချိန်တွင်၊ဗမာပြည်ကဲ့သို့

သန့်ရှင်းရေးအလုပ်သမားများ၊စည်ပင်သာယာဝန်ထမ်းများ

အထူးမလိုအပ်ပါ၊ကြွေနေသောသစ်ရွက်များ၊သစ်ကိုင်းခြောက်များ

ကိုလောင်စာအတွက်အားလုံးပြောင်သလင်းခါသွားအောင်၊

ကုလားမကြီးငယ်တို့ကသိမ်းဆည်းသွားကြသည်သာ။

ဌာနကတရားဝင်ခန့်ထားသောဝန်ထမ်းများကအနည်းငယ်

ကြည့်ကောင်းအောင်လုပ်လိုက်ရုံသာ။နွားစာအတွက်မြက်ရိတ်

နေသူများကိုနေရာအတော်များများတွင်တွေ့နိုင်သည်။

စပါးခင်း၊ပြောင်းခင်းနှင့်ဂျုံခင်းများကိုရိတ်သိမ်းကြ

လျင်လည်းဗမာပြည်ကဲ့သို့ရိုးပြတ်တောသည်ကျန်သည်မရှိ။

 မြေကြီးမှကပ်၍ရိတ်သိမ်းကြသည်။ကောက်ရိုး၊ပြောင်းရိုး၊

ဂျုံရိုးတို့ကိုဖြတ်တောက်လှီးဖြတ်ခုတ်စဉ်း၍၊ဖွဲနုတို့ဖြင့်

ရောသမမွှေကာနွားစာ၊မြင်းစာအဖြစ်အသုံးပြုကြသည်။

အိန္ဒိယတွင်နွားများကိုတယုတယမွေးမြူကြသည်။

လယ်ယာလုပ်ငန်းနှင့်ဝန်တင်ဆောင်ရန်အတွက်၊

အဓိကထားခြင်းတော့မဟုတ်။နွားနို့အတွက်အဓိကထားမွေး

မြူကြသည်ကများသည်။နွားမွေးခြင်းသည်အိန္ဒိယ၏

လူမှုရေးဇာတ်စနစ်နှင့်လည်းဆက်နွယ်နေပါသေးသည်။

အိန္ဒိယ၏များပြားလှသောဇာတ်စနစ်ထဲတွင်နာမည်၏နောက်၌

(ပရာဆတ်၊ယာတော်)စသည်ဖြင့်မှည့်ခေါ်ထား

သောဇာတ်တစ်ခုရှိသည်။ထိုအနွယ်ဝင်လူတို့သည်

နိုင်ငံတော်သမတကြီး၊ဝန်ကြီးချုပ်ကြီးပင်ဖြစ်လင့်ကစား။

 အနည်းဆုံးနွား တစ်ကောင်တော့မွေးထားကြရသည်ဟုကြားဖူးသည်။

အိန္ဒိယနိုင်ငံသည်အလွန်ကြီးမားကျယ်ဝန်းပြီး၊လူဦးရေထူထပ်များ

ပြားသည်။သူတို့ကိုယ်သူတို့ဘာရတ(မဟာဘာရတ်)

နိုင်ငံသားများအဖြစ်ဂုဏ်ယူတတ်ကြသည်။

ဒီမိုကရေစနစ်အပြည့်အဝအထွန်းကားဆုံးနိုင်ငံဖြစ်သည်။

လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ၊ကိုးကွယ်မှုပေါင်းစုံနှင့်

ဇာတ်စနစ်ပေါင်းစုံနေထိုင်လျက်ရှိသည်။မြို့ပြနှင့်

ကျေးလက်သည်ကွာဟမှုကြီးကြီးမားမားမတွေ့ရတတ်ပေ။

ပြည်တွင်းလေကြောင်းလိုင်းများ၊ဟိုက်ဝေးလမ်းမ


ကြီးများ၊မီးရထားများဖြင့်မိမိသွားလိုရာတနိုင်ငံလုံးရှိမြို့ရွာကျေး

လက်ဇနပုဒ်အထိလွယ်ကူစွာသွားလာနိုင်သည်။ဆက်သွယ်ရေး

စနစ်ကောင်းမွန်သဖြင့်တယ်လီဖုန်းများ၊မိုဘိုင်းများ၊အင်တာနက်စနစ်

များ၊ကေဗယ်စနစ်များ၊ဝါယာလက်စနစ်များကိုလှည်းနေ၊

လှေအောင်းမြင်းဇောင်းမကျန်လူတိုင်းထိတွေ့သိရှိနိုင်

ပြုလုပ်ထားသည်မှာအံ့ဘွယ်ပါပေ။နေရာတိုင်းသောက်ရေသုံးရေ၊

စိုက်ပျိုးရေများရရှိအောင်အစိုးရကပြုလုပ်ပေးထားသဖြင့်၊

ဆယ့်နှစ်ရာသီ၊ရာသီပေါ်သီးနှံများစိုက်ပျိုးနိုင်ကြသည်။

လယ်မြေကွက်များသည်အမြဲတမ်းစိမ်းလန်းလျက်၊သီးနှံစိုက်ခင်း

များအဖြစ်တွေ့မြင်ရသည်။မိုးရာသီမှစတင်၍စပါး၊စပါးပြီးလျင်ဂျုံ၊

ဂျုံပြီးလျင်အာလူး..ကုလားပဲ၊ခရမ်းချဉ်.မုံလာဥစသည်စသည်ဖြင့်

တစ်နှစ်ပတ်လုံးစိုက်ပျိုးကြသည်။စိုက်ပျိုးသလောက်လဲအထွက်နှုန်း

တွေတိုးကြသည်။ခေတ်မှီနည်းပညာများ၊ဓါတ်မြေသြဇာများ၊

သဘာဝဓါတ်မြေသြဇာ(လူချီး)များ၏အထောက်အကူကြောင့်

လဲဖြစ်မည်ထင်သည်။ကျေးရွာများရှိလယ်ယာအခင်း၊ကံသင်း၊

လမ်းမများသည်သူတို့၏အပေါ့အလေး၊အခင်းကြီးအခင်းလေး၊

နောက်ဖေးရှေးဖေး၊သွားရာနေရာများဖြစ်၍ဗမာပြည်လိုတောထိုင်

 ခြင်းမဟုတ်၊လူမြင်ကွင်းတွင်ထိုင်ကြသောကြောင့်ကွင်းထိုင်

ဟုပင်ဝေါဟာရကိုပြောင်းရမလိုဖြစ်နေသည်။

"ရှက်ခြင်းသည်မျက်နှာကရှက်သည်။ဖင်ကမရှက်"ဟုရှေးအင်းဝခေတ်က

အရွဲ့တိုက်တတ်သောဗန်းမော်ဆရာတော်ကြီး၊ငယ်စဉ်ကိုရင်ဘဝက

ဆွမ်းခံသွားရင်းကုဋီတက်ချင်လာသဖြင့်၊လမ်းဘေးသပိတ်ခေါင်းစွပ်ပြီး

 ကုဋီတက်ရင်းအော်ပြောလိုက်သောစကားသည်မမှန်တော့။

"ကုလားပြည်တွင်မှားခဲ့ပြီကောဆရာတော်"..လို့သာလျှောက်ထားလိုက်

ချင်သည်။ယိုသူမရှက်မြင်သူရှက်ဆိုသောမြန်မာစကားပုံတော့

ကုလားတို့တိုင်းပြည်တွင်ယနေ့အထိသွေးထွက်အောင်မှန်ကန်

နေဆဲပါပဲလေ။နောင်လဲဆက်လက်မှန်ကန်နေဦးမည်ထင်ရဲ့။

ဤလက်နက်သည်ကားကုလားတို့၏လက်လွပ်ရေးတိုက်ပွဲတွင်၊

အစွမ်းထက်လှသောလက်နက်ဆန်းကြီးတစ်ခုအဖြစ်ပါဝင်ခဲ့သည်

ဟုဆိုသည်မဟုတ်လား။
ဇနကမော်လူး............ at 6:33 AM


Friday, March 28, 2014

မိုးညှင်း မှာ ဆန္ဒ ထုတ်ဖေါ် ကြသတဲ့



ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ မိုးညှင်းမြိုခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဒေသခံတွေပူးပေါင်းပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့အပြင် မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းဖို့ကိုလည်း တောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မိုးညှင်းခရိုင် NLD ပါတီက ကိုမင်းဆွေနိုင်က ပြောပါတယ်။

"မနေ့က ကျနော်တို့ မြစ်ဆုံစီမံကိန်း အပြီးအတိုင် ဖျက်သိမ်းရေးရယ်၊ ငြိမ်းချမ်းရေး အနိုင်ရရှိရေးရယ်၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးရယ်၊ ပုဒ်မ ၅၉(စ) ဖျက်သိမ်းဖို့ အဲဒါဦးစားပေးလုပ်တာပါ၊ အခြေခံဥပဒေကို လွှတ်တော်ထဲမှာ ပြင်ချင်တဲ့အင်အားစုက နည်းတဲ့အတွက်ကြောင့်မို့ လူထုကနေ စတင်ဖော်ထုတ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့စတာပါ"

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆန္ဒပြပွဲကို ကချင်ပြည်နယ်မှာ ပထမဆုံးအကြိမ် ခွင့်ပြုမိန့်နဲ့ တရားဝင်ကျင်းပတာဖြစ်ပါတယ်။ ဒီနေ့ဆန္ဒပြပွဲကို နမ္မား၊ ဟိုပင်၊ မိုးကောင်း၊ ဖားကန့် စတဲ့ မြို့တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ၊ လူမှုအဖွဲ့အစည်းတွေအပါအ၀င် ဒေသခံပြည်သူ နှစ်ရာ နီးပါးပါဝင်ခဲ့ပါတယ်။

အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆန္ဒပြပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မှာလည်း ဒီနေ့ကျင်းပခဲ့ပါတယ်။

ဒီအတောအတွင်း ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ သိမ်းဆည်းခံထားရတဲ့ မြေတွေပြန်ပေးဖို့အတွက် ထောင်ဂဏန်းလောက်ရှိမယ့် ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြတောင်းဆိုတာဟာ စစ်တပ်က သိမ်းထားတဲ့ လယ်ယာမြေတွေထဲက စစ်တပ်အသုံးမပြုဘဲ ပိုနေတဲ့ မြေတွေကို ပြန်ပေးဖို့ တောင်းဆိုတာလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ဒေသခံလယ်သမား ကိုအောင်မျိုးခန့်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်က မိုးဗြဲမြို့နယ်မှာ လယ်မြေဧက ၇၀၀ ကျော်ကို ဒေသအခြေစိုက် ခမရ ၄၂၂ က နယ်မြေလုံခြုံရေး နဲ့ တပ်စခန်းလုံခြုံရေးအကြောင်းပြပြီး သိမ်းဆည်းခဲ့တာလို့သိရပါတယ်။ အဲဒီ လယ်မြေဧက ၇၀၀ ကျော်ကို မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်က ဒေသခံတွေ ပိုင်ဆိုတာလို့ သိရပါတယ်။ ခမရ ၄၂၂ က လယ်မြေ အားလုံးကို အသုံးမပြုပဲ ပြည်သူ့စစ်နဲ့ အစိုးရဌာနဆိုင်ရာတွေကို ပြန်လည် အငှားချထားတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အဲ့ဒီလယ်ယာမြေတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် နိုင်ငံတော်သမ္မတရုံးအထိ စာရေးသားတင်ပြခဲ့ပေမဲ့ ဖြေရှင်းပေးတာ မရှိသေးဘူးလို့
ဆိုပါတယ်။

RFA Burmese










အာဖဂန်နစ္စတန်တွင် ဗုဒ္စသာသနာ ကွယ်ပျောက်သွားရခြင်းအကြောင်း



အစ္စလာမ်ဝါဒမထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိကကိုးကွယ်သော ဘာသာ မှာ
ဗုဒ္စဘာသာဖြစ်သည် ။

အာဖဂန် နိုင်ငံ     ဟင် ဒုကတ် ရှ် တောင်တန်း၏ တောင်ဘက်အရပ်ဒေသများတွင်
ဗုဒ္စဘာသာ သည် ထိုစဉ်ကများစွာ စည်ပင်ဝပြောခဲ့သည် ။

ကမ္ဘာ. ပထမဆုံးသော ဗုဒ္ဓရုပ်ပွားတော်မြတ် ကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးခရိုင်
 ဂန်ဒါရာတွင် တည်ထားခဲ.ကြသည်။

ယခုအခါ ထိုဒေသကို ကန်ဒါဟာ
ဟုခေါ်ကြသည်။ သမိုင်းဆိုင်ရာသက်သေအထောက်အထားများအရ အာဖဂန်နစ္စတန်တွင်
အစ္စလာမ်ဝါဒ မထွန်းကားမီ (ခရာဇ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၅ ခု) ကပင်
ဗုဒ္စဘာသာ အခြေတည်ခဲ.ကြောင်း သုတေသီတို.ကသုံးသပ်ကြသည် ။

ထိုသို. စောစီးစွာ အခြေတည်ခဲ.သော ဗုဒ္စသာသနာမှာ အေဒီ (၇) ရာစုတွင်
စတင်မှေးမှိန်လာခဲ.ပြီး ၊
အေဒီ (၁၁) ရာစုတွင် လုံးဝကွယ်ပျောက် ချုပ်ငြိမ်းသွားခဲ.လေသည် ။

ဤဒေသမှာ တရုတ်တို.၏ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ပိုးလမ်းမကြီးပေါ
်တွင်ရှိ၍ လူသိများ ကျော်ကြားလှပါသည် ။ ဂရေကိုဘက်တားရီးယန်း မင်းဆက်မှ
ဘုရင်တစ်ပါးဖြစ်သော မိန္ဒာ ဘုရင်ကြီးလက်ထက်တွင် ထေရ၀ါဒ ဗုဒ္စဘာသာ သည်
အာဖဂန်နစ္စတန်တွင် ထွန်းကားခဲ.ပါသည်။

မကြာသေးမီ အချိန်ပိုင်းက ရှာဖွေတွေ.ရှိချက် များအရ အာဖဂန်နစ္စတန်နိုင်ငံ
လော်ဂျာပြည်နယ်
(ကဘူးမြို.တောင်ဘက်)
တွင် ဗုဒ္စ၏ ဓါတ်တော်မွေတော် ၄၂ ဆူကို တူးဖော်တွေ.ရှိခဲ.ပါသည် ။

ဗုဒ္စ သာသနိက အဆောက်အအုံများကို
လည်း အာဖဂန်ရှေးဟောင်းဌာနက တစ်ခုပြီးတစ်ခု ရှာဖွေတွေ.ရှိခဲ.ပါသည် ။
လော်ဂျာပြည်နယ် ၌ ရှာဖွေတွေ.ရှိခဲ.သမျှ ပစ္စည်းများထဲတွင်
ရှေးဟောင်းစေတီတော် နှစ်ဆူ ၊ ဗုဒ္စ ရုပ်ပွားဆင်းတုတော်များ ၊ နံရံ
ပန်းချီများ ၊ ရွှေဒင်္ဂါး ငွေဒင်္ဂါးများ ၊ ရှေးဟောင်း ပုတီးများပါဝင်ပါသည် ။

ဘက်တားရီးယန်း စာပေပညာရှင်နှင်.စစ်သည်တော် ( မိလိန္ဒပဥှာ ကျမ်းအရ
မိလိန္ဒမင်းကြီး ) တစ်ဦးသည် အိန္ဒိယ မှ ရောက်လာသော နာဂသေနဟု အမည်ရသောမထေရ်
တစ်ပါးနှင့်တွေ.ပြီး ဗုဒ္စဘာသာဝင်အဖြစ်ကူးပြောင်း
ရောက် ရှိခဲကြောင်းသိရပါသည်။

မြတ်ဗုဒ္စ၏ ပထမဆုံး ဥပသကာနှစ်ပါးဖြစ်သော
တဖုဿနှင်.ဘလိက ကုန်သည်ညီနောင်နှစ်ပါးသည် သူတို.၏ ဇာတိမြို့ ဖြစ်သော
ဘာသ်မြို့ တွင် ဘုန်းတော်ကြီးကျောင်း
တစ်ကျောင်းကိုဆောက်လုပ်လှူဒါန်းခဲ.ရာ အာဖဂန်နစ္စတန်တွင် ပထမဆုံး
တည်ထားကိုးကွယ်သော ဗုဒ္စဘာသာ ဘုန်းတော်ကြီးကျောင်းဖြစ်လာပါသည်။

( ရွှေတိဂုံ စေတီတော်မြတ် ရာဇဝင်လာ နာမည်များနှင့် ဆင် တူနေသည်မှာ
စဉ်းစားဖွယ်ရာ ပင်။
ဘာသာပြန်သူ၏ စကားချပ် )

ဘာမီယန်တောင်တန်းသည် လိုဏ်ဂူ
များပေါများလှသောတောင်စဉ်တောင်တန်းကြီးတစ်ခုဖြစ်ပြီး
၎င်းတောင်များအတွင်းရှိလိုဏ်ဂူများတွင်
သီတင်းသုံးကြသော ဗုဒ္စဘာသာ ရဟန်းတော်များသည် ဗုဒ္စ၀င်
နိပါတ်တော်များ ကိုကျောက်ဂူနံရံ
များတွင် နံရံပန်းချီများအဖြစ်ရေးချယ်ခဲ.ကြပါသည်။

ဘာမီယန်တောင်ကြားဒေသရှိကျောက် ဂူနံရံများတွင်ထွင်းထုထားသော
ဗုဒ္စရုပ်ပွားတော်များကို ဘာမီယန် ဗုဒ္စရုပ်ပွားတော်များဟု ခေါ်ဝေါ်ကြပြီး
သမိုင်းကြောင်းအရ တန်ဖိုးဖြတ်၍မရအောင် အလွန်ရှားပါးအဖိုးတန်လှပေသည်။

ထိုဗုဒ္စရုပ်ပွားတော်များထဲမှ ကြည်ညိုဖွယ်အကောင်းဆုံးနှင်.
အရွယ်အစားအကြီးဆုံးမှာ ညဏ်တော် ပေ ၄၂၀ ရှိသော ရပ်တော်မူ
ကိုယ်တော်ကြီးဖြစ်သည် ။

ထိုရုပ်ပွားတော်မြတ်ကြီးကို လွန်ခဲ.သော ၁၁ နှစ် (၂၀၀၁ ခုနှစ်) က
တာလီဘန်သူပုန်များက ဒိုင်းနမိုက်ဖြင်.ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ.သည် ။

မူဆလင်များသည် ရုပ်တုကိုးကွယ်မှုမပြုရဟု အယူရှိသောကြောင်.
တာလီဘန်တို.သည် ဗုဒ္စရုပ်ပွားတော်မြတ်များတည်ရှိနေခြင်းကိုသည်းမခံနိုင်ပဲ
ဖြစ်ခဲ.ပုံရသည် ။

ထိုလုပ်ရပ်ကိုတားဆီးရန် ထိုစဉ်က
ဗုဒ္စရုပ်ပွားတော်မြတ်များတည်ရှိနေခြင်းကိုသည်းမခံနိုင်ပဲ ဖြစ်ခဲ.ပုံရသည် ။
ထိုလုပ်ရပ်ကိုတားဆီးရန်
ထိုစဉ်ကပါကစ္စတန်နိုင်ငံတွင်ရောက်ရှိနေသော ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန် က

“ တာလီဘန်တို.သည် ကိုယ်.ကိုယ်ကိုသာမက အစ္စလမ်ဝါဒအတွက်ပါ အကျိုးမဲ.စေသော
လုပ်ရပ်ကိုလုပ်ခဲ. လေပြီ “ ဟု ပြောကြားခဲ.ပါသည် ။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး တားဆီးနေသည်.ကြားမှ ၂၀၀၁ ခု
မတ်လ(၁၁)ရက်တနင်္ဂနွေနေ.တွင်ရုပ်ပွားတော်ကြီး နှစ်ဆူကို နှစ်ရက်ဆက်၍ ရှေ.စင့်
 နောက်စင့် ဒိုင်းနမိုက်ဖြင်.ဖြိုခွဲဖျက်ဆီးခဲ.သည်

ထိုကိစ္စနှင်.ပါတ်သက်၍ ပါကစ္စတန်၊ သီရိလင်္ကာ ၊ ဂျပန် တို.မှ
ကိုယ်စားလှယ်အဖွဲ.များလွှတ်ကာ ထိုသို.မလုပ်ဖို.
စေ.စပ်ဆွေးနွေးခဲ.သော်လည်းမအောင်မြင်ခဲ.ပေ။ ဒါတွေဟာ
အစ္စလာမ်တရားတော်နဲ.မညီလို. ဖယ်ရှားရတာပါဟု တာလီဘန်တို.က အကြောင်းပြခဲ.သည် ။
UN အတွင်းရေးမှူး ကိုဖီအာနန်ကမူ “အစ္စလာမ်နာမည်ကိုခုတုန်းလုပ်ပြီး
ဘယ်သူ.ကိုမှ အကျိုးမရှိ ပျက်စီးစေမဲ.အလုပ်ကို သူတို. လုပ်နေကြတယ် ။
ဒီလုပ်ရပ်ကို ကမ္ဘာပေါ်မှာဘယ်သူကမှ ထောက်ခံမှာ မဟုတ်ဘူးဆိုတာ ကျုပ်ပြောရဲတယ် “
 ဟု ပြောခဲ.သည် ။

အဖိုးအနဂ္ဂထိုက်တန်သော ကမ္ဘာ.အမွေအနှစ်များ အာဖဂန် သမိုင်းတွင် ပြန်
အဖတ်ဆယ်၍မရအောင်
ပျောက်ဆုံးသွားရခြင်းအတွက် နောင်အခါတွင်သူတို.နှမျော
ကောင်းနှမျော တသနေပါလိမ်.မည်။

ကမ္ဘာ.ဗုဒ္စဘာသာနိုင်ငံများသည် ကုလသမဂ္ဂ ၊ ယူနက်စကို တို.နှင်.ပူးပေါင်း၍
ထိုစဉ်ပြင်းပြင်းထန်ထန်ကန်.ကွက်ခဲ.ပါမူ ထိုအဖြစ်ဆိုးမ
ှရှောင်လွဲကောင်းရှောင်လွဲနိုင်ပါလိမ်.မည် ။
တာလီဘန်တို.သည် အဖျက်စွမ်းအားကြီးမားသော အမြှောက်လက်နက်ကြီး များကိုသုံး၍
၂၀၀၁ ခုမတ်လတွင် ဗုဒ္စရုပ်ပွားတော်များကိုဖျက်ဆီးခဲ.ပါသည်
ထိုဖျက်ဆီးခံရသော ဘာမီးယန်းဗုဒ္စရုပ်ပွားတော်နှင်.တစ်ပုံစံထဲတူသော(
ညာဏ်တော်ပို၍မြင်.သော) ပုံစံတူ သြကာန ရုပ်ပွားတော်မြတ်ကြီးကို သီရိလင်္ကာတွင်
 တည်ထားကိုးကွယ်ခဲ.ကြပါသည် ။

ရှေးအခါကလည်းအာဖဂန်နစ္စတန်တွင် မတူညီသော ဘာသာများ ရှိခဲ.ကြ
၊ကိုးကွယ်ခဲ.ကြဖူးပါသည်။
သို.သော် ဘာသာတစ်ခုကအခြားဘာသာများကိုလေးစားခဲ.ကြသည် ။

ဘော်လ်ကာဒေသသည် ဇောရိုးဝါဒ Zoroaster ( အီရန်နိုင်ငံတွင်စတင်ခဲ.သော
ဘုရားသခင် ဘက်တော်သားများသည် မိစ္ဆာဝါဒီများကို အဆက်မပြတ်
တိုက်ခိုက်သုတ်သင်ရေးဝါဒ) ၏ မူလ
ဘူတစတင်မွေးဖွားရာနေရာဖြစ်နေသည်

နောင်သောအခါဤ၀ါဒမှာ အီရန်သို.ရောက်ရှိပျံ.ပွားသွားပြီး
မကောင်းသူပါယ်ကောင်းသူကယ်ဝါဒ Zoroastrianism. ဟု ထင်ရှားခဲ.သည် ။
ဂရေ.(စ်)ကို ဘက်ထရီယန် လက်ထက်တွင် ဗုဒ္စဘာသာ နှင်.ဇောရိုးဝါဒ မှာ
ငြိမ်းချမ်းစွာ အတူတကွ တူရှိခဲ.ကြသည် ။

တမန်တော်မိုဟာမက်ကွယ်လွန်ပြီး နှစ် ၃၀ ကြာသောအခါ ( အေဒီ ၆၀၀ )
အာရပ်မူဆလင်များသည် ပါရှားကိုအောင်နိုင်ပြီး နောက်ဘက်တားရီးယားဒေသ
ကိုဆက်လက်တိုက်ခိုက်ပြီး ဗုဒ္စဘာသာထွန်းကားရာ ဘော်လ်ကာဒေသ ( Balka )သို.ပါ
ရောက်ရှိလာခဲ.သည် ။

၎င်းတို.အုပ်စိုးပြီးနောက်ပိုင်းတွင် ဗုဒ္စဘာသာဝင်များကို
လူခွန်စတင်ကောက်ခံခဲ.သည် ။ ဘုရားကျောင်းကန်စေတီ
ပုထိုးများသို.သွားရောက်ဖူးမျှော်ပူဇော်ကန်တော.သူများကိုလည်းဘုရားဖူးခွန်များ
ကောက်ခံခဲ.သည်


ကဘူးရှိဘုန်းကြီးကျောင်းများကို ၀င်ရောက်လုယက်ဖျက်ဆီးကြပြီး
ဗုဒ္စရုပ်ပွားတော်များကို အောင်ပွဲအထိမ်းအမှတ်အဖြစ် ယူငင်သိမ်းပိုက်ကြသည်။
နာကျည်းဖွယ်အနိုင်ကျင်.ခံရမှု့သည် ဤမှာပင် စသည် ။

ကဘူးတွင် ဗုဒ္စဘာသာသည် တဖြည်းဖြည်းအားးနည်းလာပြီး
နောက်ဆုံးတွင်အာဖဂန်နစ္စတန်မှ လုံးဝ ပျောက်ကွယ်သွားရတော.သည် ။
အေဒီ (၇) ရာစုတွင် အာဖဂန်သို. မူဆလင်များစတင်ရောက်ရှိလာပြီး
(၁၀)ရာစုသို.ရောက်သောအခါ တစ်နိုင်ငံလုံးနီးပါး အစ္စလမ်ဘာသာ
သို.ရောက်ရှိခဲ.သည် ။

၁၁ ရာစု တွင်ကား ဗုဒ္စဘာသာသည် အာဖဂန်နစ္စတန်မှ လုံးဝ
ချုပ်ငြိမ်းထွက်ခွာခဲ.ရသည် ။
(မှတ်ချက် မြန်မာနိုင်ငံ ပုဂံသို. ဗုဒ္စဘာသာရောက်လာချိန်မှာ အာဖဂန်တွင်
ဗုဒ္စဘာသာ ချုပ်ငြိမ်းချိန်ဖြစ်နေပေသည် ။
စကားချပ် )

အာရပ် တို.အာဖဂန်ကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စလာမ်ဝါဒကို
သယ်ဆောင်လာဖို. စစ်ရေးဖြင်.ကျူးကျော်ဝင်ရောက်လာသောအခါ
အာ ဖဂန်ဒေသခံတောင်ပေါ်သားတို.သည် ၎င်းတို.၏ ပိုင်နက်နယ်မြေကို
လက်နက်စွဲကိုင်ကာ ခုခံကာကွယ်ခဲ.ကြပေသည် ။

ထိုအချိန်က အာဖဂန်နစ္စတန်တွင် ဗုဒ္စဘာသာ ၊ ဟန္ဒူဘာသာ၊ ဇောရိုးဝါဒ ၊ ဂျူးဘာသာ
များကို မိမိ ယုံကြည်ရာကိုးကွယ်ခဲ.ကြ ပေသည် ။

အာရပ်များသည် ဒေသခံများကို
အစ္စလာမ်ကိုးကွယ်သူများဖြစ်စေရန်အတင်းအကြပ်ဘာသာပြောင်းစေရန် ကြံဆောင်မှု မှာ
 ကနဦးတွင် အာဖဂန်တောင်ပေါ်သားများ၏ အဆက်မပြတ်အပြင်းအထန် ခုခံ
တော်လှန်မှုကြောင်.မအောင်မြင်ခဲ.ပေ။

အေဒီ (၈၇၀)တွင်မူ ယနေ.ခေတ် အာဖဂန်နစ္စတန်ဟုခေါ်တွင်နေသော နေရာ
တော်တော်များများကို ရာကွတ် ဘင်လာသီ ဆာဖာ ဆိုသူက
တိုက်ခိုက်အောင်မြင်ခဲ.ပြီး အစ္စလမ်ဝါဒ ကို စစ်ရေးဖြင်.တိုးချဲ.နိုင်ခဲ.သည်

။အတင်းအကျပ်ဘာသာပြောင်းခံရသ
ူများသည် အခွင်.သာသည်နှင်.သူပုန်ထကြပြီး သူတို.၏ မူလ ဘာသာ ကို
ပြန်လည်ဆည်းကပ်ကြသည် လည်းရှိခဲ.သည် ။

အေဒီ (၈) ရာစုနှင်.(၉) ရာစုကြားကာလများတွင် ယနေ.ခေတ် အာဖဂန်နစ္စတန်
၊ပါကစ္စတန် နှင်. အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသများမှဒေသခံများမှာ ဆွန်နီ
အစ္စလာမ် ဘာသာသို. သွတ်သွင်းခြင်းခံကြရသည်

အေဒီ (၉၉၈ နှင်. ၁၀၃၀ ) ကြားတွင်အုပ်ချုပ်ခဲ.သော
တူရကီမင်းဆက်စူလတန်မိုဟာမက်သည် အိန္ဒိယနိုင်ငံ ကို ၁၇ ကြိမ်ခန်.
ဝင်ရောက်တိုက်ခိုက်ခဲ.ပြီး အိန္ဒိယ နှင်. အာဖဂန်နစ္စတန်တွင်
လူအစုလိုက်အပြုံလိုက် အစ္စလမ်ဘာသာသို. အတင်း
အဓမ္မပြောင်းလဲဝင်ရောက်စေခဲ.သည် ။

တောင်ကုန်.တောင်တန်းများပေါ်တွင်နေထိုင်ကြသော ဒေသခံ အာဖဂန်များကတော.
အစ္စလမ်ဘာသာသို.မ၀င်ပဲ နေခဲ.ကြသည် ။

ထိုဒေသတွင်တော. အုပ်ချုပ်သူ ပြည်နယ် ဘုရင်ခံများသည် ဂျာလာလာဘတ်
အနီးရွာများတွင် ဟိန္ဒို ၊ မူဆလင် ၊ အာဖဂန် မိန်းမများစွာ ကို ယူကာ
အစ္စလာမ်ဘာသာ တိုးတက်အောင်လုပ်ခဲ.ကြသည် ဟု အေဒီ ၉၈၂ တွင် ရေးသားသော
ဟူဒတ်အယ်အလမ်(Hudud-al-Alam ) ဆိုသော စာအုပ်တွင် ဖော်ပြခဲ.သည် ။

လုပ်သက် ၃၄ နှစ်ရှိပြီဖြစ်သော အာဖဂန်ပြတိုက်မှုး ဖြစ်သူ အိုမာခန်
မက်ဆိုဒီ က အာဖဂန်၏ ခေတ်အဆက်ဆက်မှအလွန်လက် ရာမြောက်သော ဗုဒ္စရုပ်တုများကို
သူတို. လျှို.၀ှက်စုဆောင်းနိုင်ခဲ.သောကြောင်.အလွန်ဂုဏ်ယူကြောင်း။

သူတို.သည် ဗုဒ္စရုပ်ပွားတော်
အဆူ၃၀၀ ခန်.ကို ပြတိုက်အနီးမြေအောက်ခန်းထဲတွင် လျှို.၀ှက်သိမ်းဆည်းထားပြီး
ပြတိုက်ဝန်ထမ်းများကကာကွယ်စောင်.ရှောက်ထားကြောင်း ပြောကြားခဲ.သည် ။
ဘာမီယန် ဗုဒ္စရုပ်ပွားတော်ကြီး
ဖျက်ဆီးခံရမှု့ကို သူတို.အလွန်စိတ်မကောင်းဖြစ်မိကြောင်း ၊
အဘယ်ကြောင်.ဆိုသော် ဤ ရုပ်ပွားတော်ကြီးမှာ အာဖဂန်နစ္စတန်၏
သမိုင်းကြောင်းဖြစ်နေသောကြောင်.ဖြစ်သည် ဟုလည်းပြောကြားခဲ.ပါသည်။

ဂန်ဒါရာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စတင် မတည်ထားခင်ကအထိ ဗုဒ္စ ဘာသာ
ပေါ်ထွန်းစ ကာလများတွင် မည်သူမျှ ဗုဒ္စ ကို ရုပ်တု ၊ ရုပ်ပွားလုပ်၍
မကိုးကွယ်ခဲ.ကြပါ ။

ကနဦးတွင် လူ.ပုံသဏ္ဍန်ကို ရှောင်ရှားပြီး အခြား သင်္ကေတများကိုသုံး၍
ကိုးကွယ်ပူဇော်ခဲ.ကြသည် ။လူတို.သည် ရှေးဦးစွာ ဗုဒ္စဘုရားရှင်၏ ခြေတော်ရာ
(စက်တော်ရာ ) ကို ပုံတူပြု၍ ကိုးကွယ်ခဲ.ကြသည်။

ခြေတော်ရာပုံထဲတွင် မဟာယာနဗုဒ္စဘာသာမှ အန္တရာယ်ကင်း အင်းကွက်များနှင်.ဆင်
တူသော အင်းများကို ကို ထည်.သွင်းရေးဆွဲခဲ.ကြသည်

။ဗုဒ္စရုပ်ပွားတော်များ၏ ခြေတော်ရာတွင်
သင်္ကေတများထည်.သွင်းရေးဆွဲကြသည်မှန်သော်လည်း အာဖဂန်နစ္စတန်မှ
ဗုဒ္စရုပ်ပွားတော်များ၏ ခြေတော်ရာ သင်္ကေတများကိုကား ယခုထက်ထိ သုတေသီတို.
အဓိပါယ်မဖော်နိုင်သေးပါဟု ခြေတော်ရာသမိုင်းကို ၂၅ နှစ်ကြာသုတေသနလုပ်ခဲ့သည့် 
ဒေါက်တာ ၀ဲဓမ္မဆေလာ ကပြောပါသည်
ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးရေးခဲ.သော ဂေါသ ကျမ်း၌ လည်း ဗုဒ္စဘုရားရှင်သည် သူ၏
လက်ဝဲဘက်ခြေတော်ရာကို သမ္မန်နိုလာ(သီရိလကာင်္) အရပ် တွင်ချတော်မူပြီး၊
လက်ယာဘက်ခြေတော်ရာကို ယိုနာကာပူရ် ( ဆော်ဒီအာရေဗျ ) နိုင်ငံ မက္ကာမာ ( မက္ကာ )
 တွင်ချတော်မူသည်ဟုအထူးအလေးထားဖော်ပြထားပါသည် ။

ဤအချက်သည် မူဆလင်တို.က ကဘာ ဟုခေါ် သော မက္ကာရှိခြေရာတစ်ခု ကိုရည်ညွှန်းပုံ
ရသည် ။ မူဆလင် ၊ ခရာဇ်ယန်နှင်. ဂျူး ဘာသာဝင်တို.ကအလေးအမြတ်ထားကြသော
အေဘရာဟမ် ဆိုသည်. ပုဂ္ဂိုလ်သည် ကျောက်နံရံပေါ်၌သူ၏ခြေရာကို တစ်ချိန်က
ချထားခဲ.သည် ဆို၏ ။

ထိုခြေရာ မချခင်ကပင် မူလခြေရာတစ်ခုသည်ရှိနှင်.နေပြီးဖြစ်ရာ အေဘရာဟမ်သည်
ထိုမူလခြေရာကို အာဒမ်၏ခြေရာဟု ယူဆခဲ.ပြီး ကျောက်တုံးတစ်ခုနှင်.
ဖုံးအုပ်ထားခဲ.ပြီး ခြေရာအမည်ကို ကဘာ ဟုအမည်ပေးခဲ.သည်ဟုဆို၏။

ကာလကြာသောအခါ ထိုနေရာကို အကြိမ်ကြိမ် ပြုပြင်မွမ်းမံပြင်ဆင်မှုများ
ပြုလုပ်ခဲ.ကြသည် ။ ထိုနေရာကိုမြင်.မြတ်သောနေရာအဖြစ်သတ်မှတ်ပြီး
မူဆလင်များသာ ၀တ်ပြုပူဇော်ရန်ဝင်ခွင်.ပြုသည် ။

ဗုဒ္စဘာသာဝင်များကတော. ထိုနေရာသို. မြတ်စွာဘုရားခြေတော်ရာ ဖူးမျှော်
ရန်ဘယ်တုန်းကမှ မသွားခဲ.ကြပါ။

သို.သော် ရာစုနှစ်ပေါင်းများစွာ ကြာလွန်သည်အထိ ဂေါသကျမ်းမှာ အသုံး
ပြုကိုးကားနေကြရဆဲဖြစ်သည် ။ ဤဒဏ္ဍာရီဆန်လှသော ကျမ်းစာပါအကြောင်းများကိုတော.
မည်သူမှ မှားသည် မှန်သည် မဆန်းစစ်နိုင်ခဲ.ပါ။

သင်္ဂါယနာတင်ရာတွင် ထည်.သွင်းမဖော်ပြခဲ.သော်လည်း မဟာဝံသ ကျမ်းများအလိုအရ
ဗုဒ္စဘုရားသခင်သည်
သီရိလင်္ကာ ( သီဟိုကျွန်း) သို. သုံးကြိမ်ခန်. ကြွရောက်ခဲ.သည်ဟုမှတ်တမ်း
တင်ထားပါသည် ။

ဤကိစ္စသည် အသေးစိတ်ဆက်လက် လေ.လာသုတေသနပြုသင်.သော ကွင်းဆက်တစ်ခုဖြစ်ပါသည် ။
အာဖဂန်နစ္စတန်ကဲ.သို.ပင် ဗုဒ္စ သာသနာ စည်ပင် ထွန်းကားပြီးမှ
ကွယ်ပျောက်သွားသော အခြားနေရာတစ်ခုမှာအိန္ဒယနိုင် ငံ
တောင်ပိုင်းဖြစ်ပါသည်။

ပါရဂူဘွဲ.အတွက်ကျမ်းပြုရန်
ကွင်းဆင်းလေ.လာခဲ. သော ဒေါက်တာ ဟီကိုဆာကီ ၏ အဆိုအရ
အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မဟာယာနနှင်. ထေရ၀ါဒ
ရဟန်းတော်များသီတင်းသုံးခဲ.သည်. ဘုန်းတော်ကြီးကျောင်းပေါင်းများစွာကို
တွေ.ခဲ.ရသည်ဟုပြောပါသည်။

ယခုအခါ ဗုဒ္စဘာသာနှင်. ဟိန္ဒူဘာသာမှာ အိန္ဒိယမှာရော ၊ သီရိလင်္ကာ မှာပါ
ရောထွေးနေပေသည်

ဟိန္ဒူဘုရားကျောင်းတိုင်းတွင် ဗုဒ္စ ရုပ်ပွားတော်တွေ.ရမည်ဖြစ်ပြီး ၊
ဗုဒ္စဘာသာ ဘုရားပုထိုးများမှာ
လည်းဟိန္ဒူ နတ်ရုပ်များ ရှိလေသည်

ဗုဒ္စဘာသာ ကိုရန်သူသဖွယ် တိုက်ခိုက်နှင်ထုတ်ခဲ.သော အာဖဂန်နစ္စတန်နှင်.ယှဉ်၍
သုံးသပ်ကြည်.စေလိုပါသည် ။

ဗုဒ္စဘာသာ သာသနာပြု မင်းကြီး ဖြစ်သော သီရိဓမ္မာသောကမင်းကြီး ၏ စကားကို ယူ၍
သုံး ရလျှင် “ အကြင်သူသည် မိမိကိုးကွယ်ရာဘာသာကိုသာချီးမြှင်.မြှောက်စားလျက်
 အခြားဘာသာများကို ကဲ.ရဲ. မရှုတ်ချထိုက် ၊ အခြားဘာသာအယူဝါဒများကိုလည်း
သူတို.ကိုးကွယ် ယုံကြည်မှုနှင်.အညီ လေးစား အသိအမှတ်ပြုရမည်။

ဤသို.ပြုခြင်းဖြင်. ဘာသာအယူဝါဒများ အပြန်အလှန် ကူးလူးဆက်ဆံနိုင်ရမည်။
မိမိအယူဝါဒနှင်.မတူသူများကို ပြစ်တင်ရှုတ်ချခြင်းမလုပ်ရာ။

မိမိဘာသာ အယူဝါဒကိုသာချီးမြှောက်လျက် အခြားတစ်ပါးသော ဘာသာအယူဝါဒ ကို
ပိတ်ပင် နှိပ်စက်ခြင်းကား အကျိုးမရှိယုံမျှမက
ကိုယ့် အယူဝါဒကိုပင် နိမ်.ကျပျက်ဆီးစေ၍ ရှောင် ကျဉ် ရ ပေမည်။

စာရေးသူ....……………………
သရဝဏ်- ပြည်"


 တွေ့ဆုံရာ ကမ္ဘာ မျှ ကူးယူမျှဝေသည်

Thursday, March 27, 2014

'ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် မှတ်တမ်းတင်ခံရသူ မြန်မာနိုင်ငံသား မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး အကြောင်း

မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။
၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။
ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ ရှိခဲ့ပါသည်။

၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။

သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။
ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။
သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။
ပထမအချက်မှာဂင်းနစ်ဘီယာ သည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။ ဘီယာတစ်ပိုင့်ကိုငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံးသူကို စွဲဆောင်နိုင်ခဲ့ ပါသည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။
ဂင်းနစ်ဘီယာကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။

ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု ဖြစ်ကြပါသည်။

 ၎င်းအငြင်းအခုံမှာမည်သည့်ငှက်သည်အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။ ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေပါသည်။

ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း သတိပြုမိသွားပါသည်။ ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။

 စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့်နောရစ် ၀ှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။

၎င်းတို့သည်သတင်းထောက်များ၊ဂျာနယ်တိုက်များမှအချက်အလက်များကိုရယူပြီးစာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။
 ပြီးနောက်ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ အောက်တိုဘာလတိုင်းတွင်စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။

စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။

ယခုအခါ ထိုစာအုပ်သည် ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည် ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။

 တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။

 ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များ ကို စံချိန်ချိုးနိုင်အောင် အစာများ တနင့်တပိုးကျွေးခဲ့သဖြင့် ကြောင်သေဆုံးမှုများ ပေါ်ပေါက် လာပါသည်။

ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။

ဂင်းနစ်စာအုပ်သည်တစ်ကမ္ဘာလုံးမှစံချိန်များကိုမှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ
 ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။

အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။

 ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့် ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။

 ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်း ကို သိထားသင့်ပါသည်။

ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။

မည်မျှခက်ခဲပါသနည်း ဆိုလျှင် စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်ပါ သည်။

 ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။

သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။

တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။

 ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။ စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင်ပညာဉာဏ်ကြီးမားလွန်းလှပါသည်။

 ရေးဖြေ ဖြေဆိုရာ၌လည်း




သီလက္ခန္ခ၀ဂ် - ၉၃-မှတ်မဟာဝဂ် - ၉၇-မှတ်ပါတိက၀ဂ် - ၉၇-မှတ်ပါရာဇိကဏ် - ၈၉-မှတ်ပါစိတ်ပါဠိတော် - ၉၉-မှတ်မဟာဝဂ္ဂပါဠိတော် - ၉၂-မှတ်စူဠ၀ဂ္ဂပါဠိတော် - ၉၈-မှတ်ပရိဝါပါဠိတော် - ၁၀၀-မှတ်

စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။

ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။

၇-နှစ်သား အရွယ်တွင် သာမဏေ ၀တ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။

၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။

ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့် တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။

 ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။

ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။

 ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။

သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီးဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။


Wednesday, March 26, 2014

(၆၉)နှစ်မြှောက်တပ်မတော်နေ့ကိုဂုဏ်ပြုပါတယ်

ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်သည့်နေ့





ဧရာဝတီ အွန်လိုင်းသတင်းတွင် ဖော်ပြထားသည့် မော်လူးသတင်း


နန့်စီးအောင် ဘူတာတွင် မန္တလာရထား ရပ်နားသည့် ဖွင့်ပွဲကျင်းပ


မော်လူး ပညာ့အလင်းခေတ်မီစာကြည့်တိုက်တွင် စကိုင်းနက်ရုပ်သံဖမ်းစက်တပ်ဆင်


စုဖုရားလတ်အကြောင်း သိမှတ်စရာလေးပါ

စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား..

လင်ကို အရမ်းနိုင်တဲ့ မိဖုရား... ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား...
ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား... စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ ဘယ်လို မိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။ ♦

ဒါပေမယ့်.. ဒါပေမယ့်လည်းဗျာ... ပါတော်မူတဲ့အချိန်မှာ ဗီရိုလှည်းနဲ့ နှိမ့်ချ သယ်ဆောင် ခံရတော့ လှည်းဘေးက အင်္ဂလိပ်စစ်သားဆီ မီးခြစ်တောင်းပြီး (ဆေးလိပ် သိတ်မကြိုက်လှပေမယ့်) "နင်တို့လောက်တော့ ငါက ဆေးလိပ်သောက်တောင် မပျက်ဘူး " ဆိုတဲ့ မျက်နှာပေးနဲ့ ရန်သူကို ထီမထင် လုပ်ပြခဲ့တဲ့ မိဖုရား...
♦သူရိယသင်္ဘောပေါ်က အခန်းထဲမှာ ခေတ္တ လဲလျောင်း နေတဲ့အချိန် တံခါးမခေါက်၊ ခွင့်မတောင်းပဲ ဗြုန်းဆို အခန်းထဲ ဝင်လာတဲ့ အင်္ဂလိပ် ဗိုလ်မှူးကို ထွေးခံနဲ့ ကောက်ပေါက်လိုက်တဲ့ ဆတ်ဆတ်ကြဲ မိဖုရား...

♦ သင်္ဘောကပ္ပတိန်ရဲ့ ဇနီးက သူထိုင်နေတဲ့ ဆိုဖာပေါ် ခွင့်မတောင်းပဲ ဝင်ထိုင်လို့ သစ်သီးထည့်တဲ့ ပန်းကန်ပြားနဲ့ မျက်နှာကို ပေါက်ထည့်လိုက်တဲ့ အထိမခံ မိဖုရား...

♦ ထမင်းပွဲ ပြင်ပေးတဲ့ ကုလားစားပွဲထိုးက အောက်ကျသွားတဲ့ ခက်ရင်းကို မဆေးပဲ စားပွဲပေါ် ဒီအတိုင်း တင်ပေးလိုက်လို့ အဲဒီခက်ရင်းနဲ့ပဲ ကုလားလက်ကို ထိုးစိုက်ပစ်ခဲ့တဲ့ အာဂမိဖုရား...

♦ အရှင်နှစ်ပါး ရှေ့တော်ဝင်ရင် ဘာလက်နက်မှ ကိုင်ဆောင်ခွင့်မရှိတဲ့ မြန်မာ့ထီးနန်း ဓလေ့ထုံးစံ ရှိနေတာ သိသိကြီးနဲ့ ခြောက်လုံးပြူး ခါးချိတ်ပြီး ခပ်တည်တည် ဝင်လာတဲ့ မျက်နှာဖြူအရာရှိကို ( လင်တော်မောင် ဆွဲထားတဲ့ကြားက ) အလှစိုက် ပန်းအိုးနဲ့ ပေါက်ပစ်ခဲ့တဲ့ သတ္တိခဲ မိဖုရား...

♦ ရတနာဂီရိမှာ သီပေါမင်း နတ်ရွာစံတော့ မသာစရိတ် မစို့မပို့ လာဆက်တဲ့ အင်္ဂလိပ် အရာရှိက အရင်တုန်းကလို Your Majesty လို့ မခေါ်တော့ပဲ ( သီပေါမင်း မရှိတော့လို့ နှိမ့်ချတဲ့ သဘောနဲ့ ) Queen Su Phaya Latt လို့ တမင် ခေါ်ခဲ့တဲ့အတွက် အဲဒီငွေထုပ်နဲ့ မျက်နှာကို ပစ်ပေါက်ခဲ့တဲ့ မာနခဲ မိဖုရား...

♦ အင်္ဂလိပ်က သီပေါမင်း အလောင်းတော်ကို မြန်မာပြည် ပြန်သယ်ခွင့် မပေးပဲ ရေခြား မြေခြား တိုင်းတစ်ပါးက ရတနာဂီရိ မှာအတင်း သင်္ဂြိုလ်ခိုင်း။ ယုတ်စွအဆုံး ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သေသူအတွက် သရဏဂုံလေးတောင် တင်ခွင့်မပေးခဲ့လို့ လင်ဖြစ်သူရဲ့ အလောင်းကို လုံးဝ ထုတ်မပေးပဲ သူ့အနားမှာ ၂ နှစ်နဲ့ ၃ လကြာအောင် ထားခဲ့တဲ့ အချစ်ကြီးသူ မိဖုရား...

♦ အလောင်းတော်ကို ထုတ်မပေးရင် အိမ်ပေါ်က အတင်းဆွဲချမယ် ဆိုပြီး လာဝိုင်းတဲ့ အင်္ဂလိပ်စစ်တပ်ကို မုဆိုးမ ပူပူနွေးနွေးပေမယ့် အံကို တင်းတင်းကြိတ်ပြီး အိမ်မှာ မွေးထားတဲ့ ခွေးတွေနဲ့ ရှူးတိုက်ကာ အတင်း ကိုက်ခိုင်းတဲ့ မကြောက်မရွံ့ မိဖုရား...

♦ သီပေါမင်း မရှိတော့လို့ သူတို့ မိသားစုတွေ ရန်ကုန် ပြန်ပို့ခံရတဲ့အချိန် မကျန်းမမာ ဖြစ်နေတာတောင် အင်္ဂလိပ်ဘုရင်ခံက လွှတ်လိုက်တဲ့ ဖာရစီဆရာဝန်ရဲ့ ဆေးကုသမှုကို လုံးဝ လက်မခံပဲ အသက်သာ အသေခံသွားတဲ့ ကုန်းဘောင် မင်းဆက်ရဲ့ နောက်ဆုံး နန်းကျ မိဖုရား...

ဒါတွေဟာ အားမတန်ပေမယ့် မာန်ကို မလျှော့ခဲ့တဲ့.. ဒူးလည်းမထောက် လက်လည်း မမြှောက်ခဲ့တဲ့ စုဖုရားလတ်ရဲ့ မာနတွေလား... ???

တစ်တိုင်းပြည်လုံး သူ့ကျွန်ဘဝမှာ ပြားပြားဝပ် နေတာတောင် ရတဲ့နည်းနဲ့ နယ်ချဲ့ကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ နန်းကျ မိဖုရား တစ်ဦးရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေလား ဆိုတာကတော့ သူပဲ အသိဆုံး ဖြစ်မှာပါဗျာ.....။ ......... အသက် ငယ်ငယ်ရွယ်ရွယ်၊ ချောမော လှပတဲ့ အားနွဲ့သူ မိန်းမပျိုလေး တစ်ယောက်က ယောင်္ကျား ရင့်မာကြီး အယောက် ၅၀ လောက် ဝိုင်းပြီး အနိုင်ကျင့် စော်ကားမှာကို လုံးဝ ခေါင်းငုံ့ မခံပဲ ဓါးကလေး တစ်လက်နဲ့ မကြောက်မရွံ့ ခုခံ ကာကွယ်ခဲ့တယ် ဆိုရင် ဖြစ်နိုင်ပါ့မလား... ???

ဒါ့အပြင် အဲဒီ မိန်းမပျိုလေးဟာ... နူတ်ကြမ်း၊ အာကြမ်း၊ စရိုက်ကြမ်း တဲ့ အမျိုးအနွယ်ထဲက မဟုတ်ပဲ တစ်သက်လုံး သိမ်မွေ့ နူးညံ့စွာ နေလာခဲ့ပြီးမှ သူနဲ့ သူ့မိသားစုရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက် သူ့ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် ဓါးကို မနိုင့်တနိုင် ကိုင်ဆွဲပြီး အရှက်နဲ့ အသက် လဲဘို့ ကြံစည်ခဲ့တာ ဆိုရင်ကော...

ပိုပြီး အံ့သြဘို့ ကောင်းတာက သူဟာ ရေခြား မြေခြား တိုင်းတစ်ပါးမှာ မွေးစ ကတည်းကနေ အဲဒီအချိန်ထိ တစ်သက်လုံး မျက်စိသူငယ် နားသူငယ်နဲ့ ညိုးငယ်စွာ နေလာခဲ့ရတဲ့ မြန်မာမလေး တစ်ယောက်ဖြစ်ခဲ့ပြီး သူ စိန်ခေါ်ခဲ့တဲ့ သူတွေကတော့ ဘာသာမတူ၊ အသွေးအရောင်မတူတဲ့ နိုင်ငံခြားသားတွေ... သူ စိန်ခေါ်ခဲ့တဲ့ နေရာကလည်း ကိုယ့်ပြည် ကိုယ့်မြေမှာ မဟုတ်ပဲ အားလုံးက မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးမှာ ဆိုရင်ကော..... ဒီ အဖြစ်အပျက်တွေက ကြာတော့လည်း ကြာခဲ့ပါပြီ... တိတိကျကျ ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၄ နှစ်ကျော်၊ ၁၉၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အတိတ်ကို ပြန်လည် တူးဆွတာ မဟုတ်ပေမယ့် မမေ့သင့်တဲ့၊ သင်ခန်းစာ ယူစရာကောင်းတဲ့ ဖြစ်စဉ်တစ်ခုလို့ ယူဆမိတာမို့ ရင်နာနာနဲ့ပဲ တင်ပြပေးပါရစေ...


၁၅.၁၂.၁၉၁၆ နေ့မှာ နတ်ရွာစံခဲ့တဲ့ သီပေါမင်းရဲ့ အလောင်းတော်ကို အင်္ဂလိပ်က မြန်မာပြည် ကို ပြန်သယ်ဆောင်ခွင့်မပေး၊ ယုတ်စွအဆုံး မြန်မာပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ပင့်ဆောင်ပြီး သရဏဂုံလေးတောင် တင်ခွင့်မပေးတဲ့အတွက် စုဖုရားလတ်က အသည်းနာစွာနဲ့ အလောင်းတော်ကို ထုတ်မပေးပဲ ၂ နှစ်နဲ့ ၃ လခန့် သူနဲ့အတူထားပြီး တင်းခံ နေတဲ့အချိန်... အဲဒီအချိန်မှာ အင်္ဂလိပ်က ဂျာမဏီနဲ့ ပထမ ကမ္ဘာစစ် ဖြစ်နေတော့ ဒီ အလောင်းတော် ကိစ္စကို ခေါင်းထဲ သိတ်ထည့် မထားဘူး။ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ဂျာမဏီ စစ်ရှုံးလို့ ပထမ ကမ္ဘာစစ်ကြီး ပြီးသွားတော့ မှ မုဆိုးမ စုဖုရားလတ်တို့ သားအမိ တတွေကို မြန်မာပြည် ပြန်ပို့ဘို့ စဉ်းစားပြီ။ ထွက်လာပါပြီ... အင်္ဂလိပ်ရဲ့ ရာဇသံ။ "၂၃.၂.၁၉၁၉ နေ့ နောက်ဆုံးထားပြီး စုဖုရားလတ်နဲ့ သမီးတော်တွေ ရတနာဂီရိက ထွက်။ သီပေါမင်း အလောင်းကို ဒီအတိုင်း ထားခဲ့။ ရတနာဂီရိမှာပဲ ဂူသွင်း သင်္ဂြိုလ်ပေးမယ် "...တဲ့။ မာနခဲ စုဖုရားလတ်ကလည်း ခပ်ပြတ်ပြတ်ပဲ အကြောင်းပြန်တယ်။ " ငါ့ယောင်္ကျား အလောင်း မပါပဲ ပြည်တော် မပြန်ဘူး။ နင်တို့ ကြိုက်သလိုလုပ် "...တဲ့။ အလောင်းတော် တိုက်ပွဲက နှစ်ဖက်စလုံး တင်းခံနေတော့ အင်္ဂလိပ်က ဘီလူးဆိုင်း စတီးပါပြီ။ ရတနာဂီရိ စံအိမ်တော်ကို အင်္ဂလိပ် စစ်တပ်နဲ့ဝိုင်း။ အလောင်းတော်ကို အသာတကြည် ထုတ်မပေးရင် အင်အားသုံးပြီး လုစေ... ကြံရာမရဖြစ်သွားရှာတဲ့ စုဖုရားလတ်ခမြာ အေးအတူ ပူအမျှ နေလာခဲ့တဲ့ ချစ်လင်ဖြစ်သူရဲ့ အလောင်း ပါသွားမှာ စိုးရိမ်တာနဲ့ စံအိမ်မှာ မွေးထားတဲ့ ခွေးတွေကို ရိုက်နှက်ပြီး လက်နက် အပြည့်အစုံပါတဲ့ အင်္ဂလိပ် စစ်တပ်ကို ရှူးတိုက်ပြီး ကိုက်ခိုင်း။ ချစ်လင်ရဲ့ အလောင်းပေါ် အလျားလိုက် မှောက်ပြီး " ငါ သေမှ ငါ့လင် အလောင်းကို ရမယ်။ သတ္တိရှိရင် ပစ်ကြ "... လို့ စိန်ခေါ်... စံအိမ်တော်ပေါ်မှာ ကမ္ဘာပျက်သလို အော်ဟစ် ငိုယို နေကြပြီ။ မယ်ကံဆိုး သားအမိတွေရဲ့ကံက ဒီလောက်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဗူးလေးရာ ဖရုံဆင့်ဆိုသလို စံအိမ်တော် အရာရှိဆိုပြီး အင်္ဂလိပ်အစိုးရ ခန့်ထားတဲ့ မျက်နှာဖြူကောင်က အိမ်ပေါ် ခပ်တည်တည်နဲ့ တက်လာ... သီပေါမင်းရဲ့ သမီးတော် လေးယောက်ကို ကုလားထိုင်ပေါ် ထိုင်ခိုင်း... နောက်ပြီး စံအိမ်တော် အလုပ်သမား အိန္ဒိယ အမျိုးသား အယောက် ၅၀ ကျော်လောက်ကို စု... " အခု သီပေါဘုရင် သေပြီ။ ဒီနေ့ကစပြီး ဒီမိန်းမတွေကို မင်းတို့တတွေ ရိုသေစရာ မလိုတော့ဘူး။ ဒီတော့.. ဒီမိန်းမ လေးယောက်ထဲက မင်းတို့ ကြိုက်တဲ့သူ ယူနိုင်တယ် "..ဆိုပြီး ပြောချလိုက်တော့ ဟိုကောင်တွေကလည်း သမီးတော်တွေကို ထဆွဲမယ် တကဲကဲ လုပ်။ အို... ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပါရော။

ကျန်တဲ့ သမီးတော် သုံးယောက်က ရှက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်ပြီး ငိုယိုနေတဲ့အချိန်...
အငယ်ဆုံး သမီးဖြစ်တဲ့ စတုတ္ထသမီးတော်က မပြောမဆိုနဲ့ သူ့ခမည်းတော်ရဲ့ ခေါင်းရင်းမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင် ဓါးကြီးကို ဗြုန်းဆို ဆွဲထုတ်... မျက်နှာဖြူကောင် ထိုင်နေတဲ့ ရှေ့က စားပွဲကြီးပေါ် (ထဘီ ဝတ်ထားပေမယ့် ) ဒေါသတကြီးနဲ့ လွှားကနဲ ခုန်တက်... ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး " ခွေးကောင်တွေ.. ရှေ့တိုးရဲ တိုးကြည့်စမ်း " လို့ ဒေါသ အံကြိတ်သံနဲ့ စိန်ခေါ်။ စံအိမ်တော် ပေါ်က မြန်မာမလေး တစ်ယောက်ရဲ့ အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲတဲ့ပွဲ... ဟိုကောင်တွေ တစ်ကောင်မှ ဝင်မဆွဲရဲတော့ဘူးလေ။

အားနွဲ့သူ ဆိုပေမယ့် မြန်မာ့သွေးက ရဲရဲနီ... သာကီမျိုးဟေ့ ဒို့ဗမာ... ပြီးတော့ မျက်နှာဖြူကောင်ကိုပါ ဓါးနဲ့ရွယ်ပြီး " ငါ့ခမည်းတော် နတ်ရွာစံပေမယ့် ငါတို့ဟာ မြန်မာ မင်းသမီးတွေပဲ။ စစ်တိုက်လို့ စစ်ရှုံးခဲ့တာ မဟုတ်ဘူး။ နင်တို့ အကောက်ကြံပြီး မတရား နန်းချ ခံခဲ့ရတာ။ အခုလို စော်ကားတာကို အထက် စာတင်မယ်။ နင် သတ္တိရှိရင် နောက်ထပ် အမိန့်ပေးစမ်း။ နင့်ကိုပါ ခုတ်ပစ်မယ်"..လို့ ရဲရဲတောက် စိန်ခေါ်... ပေါ်လီတီကား ဆိုတဲ့ မျက်နှာဖြူကောင် က အဲဒီတော့မှ ကျီစယ်တာပါဆိုပြီး လျှောချ။ ဒေါသ ဖြစ်စရာ... အသည်းနာစရာ ကောင်းလိုက်လေဗျာ...

သီပေါမင်းနဲ့ စုဖုရားလတ် အုပ်ချုပ်ခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည်ရဲ့ သမိုင်းကြောင်းတွေကို သမိုင်းဆရာပေါင်းစုံက စာအုပ်ပေါင်းစုံ ရေးသားထုတ်ဝေခဲ့ပြီးလို့ အဆိုး အကောင်း မဝေဖန်ချင်ပေမယ့်

နန်းကျ မုဆိုးမ တစ်ဦးရဲ့ မာန၊ ဖခင် ကွယ်လွန်သွားတာနဲ့ မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ သူတွေကို ဓါးဆွဲပြီး အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲရဲတဲ့ မြန်မာမလေး တစ်ယောက်ရဲ့ မြန်မာ့ မာနကိုတော့ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်တော့..... လေးစားတယ်ဗျာ...။

နေ၀န်းနီ (မန္တလေး)


Monday, March 24, 2014

မော်လူး သူတစ်ဦး ရဲ့ ရင်ထဲက စကားလေးပါ

facebook  မှ ကူးယူ  တင်ပြသည်

ဂုဏ်ယူကြပါစို့

ကျွန်မအပျိုစင်ဘဝတုန်းကစိတ်ကူးဆန္ဒတစ်ခုရှိခဲ့ပါတယ်

အိမ်ထောင်ကျလို့ သားယောက်ျားလေးထွန်း

ကားလို့အရွယ်ရောက်ရင် ရှင်ပြုမယ် ဆံချတဲ့

အချိန်လေးမှာသားလေးရဲ့ဆံပင်များမြေပေါ်မ

ကျအောင်ပုဝါဖြူလေးကို.

ကိုကိုနှင့်တယောက်တစ်ဖက်ကိုင်ပြီးဆံပင်များခံယူဖို့စိတ်

ကူးဆန္ဒရှိခဲ့ဘူးပါသတဲ့...,,

..ဒါက.အမျိုးစောင့်တဲ့ဗုဒ္ဓဘာသာမြန်မာအမျိုး

သမီးကောင်းလေးတစ်ယောက်ရဲ့မွန်မြတ်တဲ့

ဆန္ဒလေးပါ...,,မြန်မာအမျိုးကောင်းသမီးလေးများ

 သူမကဲ့သို့စိတ်ဆန္ဒ

ကောင်းများရှိလာစေရန်ရည်ရွယ်၍ FB.မှာ

တင်လိုက်တာပါ....,,

Friday, March 21, 2014

နန့်စီးအောင်ဘူတာ မှာ မန္တလာ ရထား ရပ်တော့မည်

မံဟဲ အုပ်စု နှင့်  မိုးညှင်း မြို့နယ်  ပင်လုံအုပ်စု နေ

ပြည်သူများအတွက်  သတင်းကောင်း

ပေကုန်း ကျေးရွာ  ရှိ  နန့်စီးအောင် မီးရထားဘူတာ တွင်

မန္တလာ  ရထား  25-3-2014 ရက်နေ့ မှစ၍

ရပ်တော့မည်  ဟု  သိရ



မော်လူးတိုက်နယ်ဆေးရုံ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ သိန်း ၁၅၀၀ ရတော့ မည်

မော်လူးသားများအတွက်  ဝမ်းမြောက်ဖွယ်

မော်လူး တိုက်နယ် ဆေးရုံ အကြီးစားပြင်ဆင်ရန်  ကျပ်ငွေ

သိန်း ၁၅၀၀ ထောက်ပံ့ မှု ကို  လွတ်တော်တွင် အတည်ပြု

လိုက်ပြီ








ကတူး တိုင်းရင်းသား တစ်ဦးရဲ့ facebook ပေါ်မှ ရင်ဖွင့် သံ

ကတူးတိုင်းရင်းသားတို့၏ ရိုးရာနှီးပန်းတောင်း ယက်လုပ်ငန်း

          စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ဆိပ်သာကျေးရွာအုပ်စု မဲဇာချောင်း အနောက်ဘက်ကမ်းရှိ မန်ဖာကျေးရွာကလေးသည် ကတူးတိုင်းရင်းသားများ နေထိုင်သော ကျေးရွာကလေးဖြစ်သည်။ထိုရွာရှိ တိုင်းရင်းသားများအားလုံး မိရိုးဖလာ လယ်ယာလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုကြသည်။
          အင်းတော်မြို့နယ် မော်တိတ်ဒေသရှိ ကတူးတိုင်းရင်းသားကျေးရွာများ အနက် မန်ဖာကျေးရွာ၏ ထူးခြားချက်မှာ လယ်ယာလုပ်ငန်းခွင်တွင် မရှိမဖြစ် အရေးပါသော နှီးပန်းတောင်းယက်လုပ်ခြင်းကို တစ်ရွာလုံးနီးပါး လုပ်ကိုင်ကြခြင်း ဖြစ်သည်။ နှီးပန်းတောင်းယက်လုပ်ရန်အတွက် လယ်သိမ်းပြီးစ အချိန်တွင် ဝါးနှီးများကို ဖျာ၍ ကျပ်တင် စုဆောင်းထားကြသည်။ထို့နောက် တစ်နွေလုံး အခြားလုပ်ငန်းများ အားလပ်ချိန်တွင် အိမ်ရှိ လူကြီးလူငယ်မရွေး နှီးပန်းတောင်း ယက်လုပ်ကြသည်။ မန်ဖာကျေးရွာမှ ယက်လုပ်သော နှီးပန်းတောင်းများမှာ ဒေသသုံးအတွက် လုံလောက်ရုံသာမက အခြားဒေသများသို့ပင် တင်ပို့ရောင်းချရသော ကတူးတိုင်းရင်းသားတို့၏ ရိုးရာလက်မှုလုပ်ငန်းတစ်ခု ဖြစ်ပေသည်။နှီးပန်းတောင်းသည် ကတူးတိုင်းရင်းသားတို့၏ မိရိုးဖလာလယ်ယာလုပ်ငန်းတွင် မရှိမဖြစ် အရေးပါသည့် လယ်ယာသုံးပစ္စည်း ဖြစ်သည်သာမက ကတူးတိုင်းရင်းသားတို့၏ ထင်ရှားသည့် ရိုးရာယဉ်ကျေးမှု လက်မှုလုပ်ငန်းဖြစ်သည့်အတွက် မန်ဖာကျေးရွာရှိ နှီးပန်းတောင်းယက်လုပ်ငန်း မတိမ်ကော မပပျောက်အောင် ထိန်းသိမ်းကြရန်မှာ ကတူးတိုင်းရင်းသားတို့၏ တာဝန်ပင် ဖြစ်ပါသည်။


သူရောင်းကျေးရွာ စိမ့်စမ်းရေ ရရှိရေး ဆောင်ရွက်ကြပြီ

မော်လူးဒေသ သူရောင်းကျေးရွာ စိမ့်စမ်းရေ ရရှိရေးအတွက်

စီပိန်းကျေးရွာထိပ် တွင် စိမ့်စမ်းရေလှောင်ကန်ကို

စက်အား လူအား များဖြင့် တူးဖော် ဆောင်ရွက်နေသည့်

ဓာတ်ပုံမှတ်တမ်းများ


u



Thursday, March 20, 2014

သစ်ထူးလွင် သတင်း apk အသစ်ထွက်နေပြီ

သစ်ထူး လွင်  သတင်း  အပြည့်အစုံ ကြည့်မရသူ များအတွက်

သစ်ထူးလွင်  သတင်းကြည့်ရန် APK  အသစ်ထွက်နေပြီ

သတင်းအပြည့် အစုံ  ကို ဖတ်လို့ ရပါပြီ

play store    တွင်  down  နိုင်ပြီ

နီးစပ်ရာ ဖုန်း ဆိုင်မှာ  သွားထည့်  ခိုင်းတာတော့

အလွယ် ဆုံးပါ။



Tuesday, March 18, 2014

မော်လူးသားများ စိတ်ဝင်စားမည့် မလေးရှား လေယာဉ် မြန်မာပြည်ကို ဖြတ်သည့် ခန့်မှန်းမြေပုံ

MH370: ပျောက်ဆုံးနေသည့် မလေးလေယာဉ် လမ်းကြောင်းပြောင်း ပျံသန်းခဲ့သည့် ရေဒါမှတ်တမ်း ထိုင်းစစ်တပ် ထုတ်ပြန်
=======================
မတ် ၁၈၊ ၂၀၁၄
M-Media
- မတ်လ ၈ ရက်နေ့ကတည်းက ပျောက်သွားခဲ့သည့် မလေးရှားလေယာဉ်မှာ ဆက်သွယ်မှု ပြတ်တောက်သွားပြီးနောက်ပိုင်း အနောက်ဘက် စူးစူးသို့ ပြန်လှည့်သွားသည်ဟု ယုံကြည်ရသည့် ရေဒါ လမ်းကြောင်းတစ်ခုကို ထိုင်းနိုင်ငံမှ ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းသွားပြီး ဗီယက်နမ်နယ်စပ်တွင် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် အဆိုပါလေယာဉ်၏ ပုံမှန်လမ်းကြောင်းအား ထိုင်းစစ်တပ်မှ လက်ခံရရှိခဲ့သည်။ ထို့နောက် ၆ မိနစ်အကြာတွင် ထိုင်းစစ်တပ်ရေဒါ၌ အမည်မသိ အရာတစ်ခု ပျံသန်းနေကြောင်း တွေ့ရှိခဲ့ရသည်ဟု ထိုင်းတော်ဝင်လေတပ်မှ အရာရှိတစ်ဦးက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

ပျောက်ဆုံးသွားသော မလေးလေယာဉ်ဖြစ်နိုင်သည့် အဆိုပါ လေယာဉ်မှာ မူလလမ်းကြောင်းနှင့် ဆန့်ကျင်ဘက် အနောက်စူးစူးသို့ ပျံသန်းသွားသည်ဟု ၎င်းကဆိုသည်။ ယခုအချိန်အထိ ရရှိထားသော အထောက်အထားများအရ ထိုလေယာဉ်မှာ ရည်ရွယ်ချက်ရှိရှိ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး မလေး ကျွန်းဆွယ်ကိုဖြတ်ကာ အိန္ဒိယ သမုဒ္ဒရာသို့ ပျံသန်းသွားသည်ဟု မလေးရှားအစိုးရကဆိုသည်။ ထိုင်းစစ်တပ်ရေဒါ၏ ဖမ်းယူနိုင်စွမ်း အကန့်အသတ်ကြောင့် အတိအကျ ဖမ်းယူနိုင်ခြင်း မရှိကြောင်း လေတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုင်းစစ်တပ်ရေဒါမှ ရရှိသည့် အထောက်အထားမှာ လေယာဉ် လမ်းကြောင်းပြောင်းကာ ပျံသန်းသွားသည်ဟု ယူဆရသည့် ဒုတိယမြောက် အထောက်အထားဖြစ်ပြီး၊ မလေးရှားလေတပ်ကလည်း လေယာဉ်မှာ မာလကာကို ဦးတည်၍ Pulau Perak ကျွန်းစု သို့ ဖြတ်ပျံသွားသည့် ရေဒါလ မ်းအထောက်အထား တစ်ခုကိုယခင်က တွေ့ရှိထားသည်။





Monday, March 17, 2014

သဘာဝစိမ့်စမ်းရေ ရရှိရေး ပိုက်လိုင်းတူးခြင်း ပိုက်ဆက်ခြင်းများ ဆောင်ရွက်...




စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ဥသျှစ်ကုန်း(ဥရှစ်ကုန်း)ကျေးရွာ သဘာဝစိမ့်စမ်းရေရရှိရေး ပိုက်လိုင်းတူးခြင်း၊ ပိုက်ဆက်ခြင်း လုပ်ငန်းများကို မတ်လ ၁၇ ရက်နေ့က ဥသျှစ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာ ဘဒ္ဒန္တ ဓမ္မပီယ၊ တောရကျောင်း ဆရာတော် ဘဒ္ဒန္တ သာသနာ့ ဦးဆောင်မှုဖြင့် ကျေးရွာသူ/သားများ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်ဖြင့် ဆောင်ရွက်နေကြစဉ်...

Sunday, March 16, 2014

မော်လူးသားများအတွက် viber အကြောင်း သိမှတ်စရာ

viper ကို  နောက်တစ်ခေါက်  ကုဒ် ပြန်တောင်းစရာ မလိုဘးးတဲ့




Backup My Viber




Viber အကောင့်ကိုအကြောင်းအရင်းအမျိုးမျိုးကြောင့် ပျက်ဆီးသွားတက်မှုမှ ကာကွယ်နိုင်အောင် Backup လုပ်ထားလို့ရပါတယ် … မိမိ ဖုန်းမှာ Root ရှိနေဖို့တော့လိုအပ်ပါတယ် … Backup လုပ်ထားခြင်းဖြင့် ဘယ်လိုအကြောင်းကြောင်းနဲ့ ပဲပျက်ဆီးသွားပါစေ Backup လုပ်စဉ်က အနေအထား အခြေအနေ အတိုင်း ပြန်လည်ရရှိစေမှာဖြစ်ပါတယ် … factory reset ချပြီးရင်တောင်မှ Viber အကောင့်ကို ပြန်လည်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးပါတယ်။ ဆိုလိုချင်တာက Backup လုပ်ထားခြင်းအားဖြင့် Firmware ပြန်တင်ခြင်း Reset Phone ပြုလုပ်ခြင်းများ ပြုလုပ်သည့်တိုင်အောင် Viber install ပြန်တင်တာနဲ့ Code လဲ ထပ်တောင်းစရာမလို Viber message တွေ videos တွေ Photo တွေ တစ်ခုမှမပျောက်သွားပဲ Sticker တွေလဲ ပြန် Down စရာမလိုပဲ အဆင်သင့်ပြန်သုံးလို့ရတဲ့ အခြေအနေကို ပြန်လည်ရောက်ရှိပြီး စတင်အသုံးပြုနိုင်ပါတယ် … Viber application မှမဟုတ်ပဲတစ်ခြား Application များအပြင် Phone Application တွေကိုပါ ယခုနည်းအတိုင်း Backup ပြုလုပ်လို့ရပါတယ် … Skpe ဆိုရင် ယခုနည်း အတိုင်း လုပ်ဆောင်ပါက Sign in တောင်ပြန်ဝင်စရာမလိုအောင် ပြည့်စုံလွန်းခဲ့ပါတယ် … စိတ်ဝင်စားတဲ့သူတွေ Backup လုပ်ကြည့်ရအောင်ဗျာ …

Titanium Backup Pro



1. Titanium Backup Pro ကို မိမိဖုန်းတွင် Install ပြုလုပ်ပါ။ Install ပြုလုပ်ပြီးရင် Titanium Backup Pro ကိုဖွင့်ပါ။ Root access တောင်းလျှင် Grant ပေးလိုက်ပါ။

2. First Start box ပေါ်လာရင် OK နှိပ်ပါ။ View ChangeLog ပေါ်လာရင် ညာလက်အောက်အားက OK ကိုဆက်နှိပ်ပါ။ Warning – System Congigutating ပေါ်လာရင်လဲ OK ပဲပေးလိုက်ပါ။ All ဆိုတဲ့ မူလစာမျက်နှာကိုရောက်ရှိရင်တော့ Backup ပြုလုပ်ခြင်းစတင်ပါပြီ။

3. ညာဘက်အပေါ်ထောင့်မှာ စာရွက်လေးကို အမှန်ချစ်တဲ့ပုံလေးကို တွေ့ရလျှင် တစ်ချက်နှိပ်ပြီး Batch actions – ALL စာမျက်နှာသို့ဝင်ပါ။ ပြီးရင် Backup ခေါင်းစဉ်အောက်က Backup all user apps ဆိုတဲ့ဘေးက Run ကိုတစ်ချက်နှိပ်ပါ။ ပြီးရင်တော့ မိမိ Backup လုပ်ခြင်တဲ့ Software ကိုရွးပြီးအမှန်ချစ်ပေးပါ။ ကျနော်ကတော့ Viber ၁ ခုပဲရွေးပြီး ကျန်တာတွေကို အမှန်ချစ်ဖြုတ်လိုက်ပါတယ် … ပြီးရင် ညာဘက်အပေါ်ထောင့်နားကို အမှန်ချစ်ပုံ အစိမ်းရောင်လေးကို တစ်ချက်နှိပ်လိုက်ပါ။ Backing up ဆိုပြီး Viber Version နဲ့အတူ backup လုပ်ငန်းစတင်နေပါပြီ။ ခဏစောင့်ပါ။ ပြီးပါက Batch backup finished ဆိုတဲ့ Notification တစ်ခု ရောက်ရှိနေသည်ကို မြင်တွေ့ရပါလိမ့်မည်။ ထိုအခါ Backup လုပ်ငန်းစဉ် ပြီးဆုံးပါ၏။

4. Backup လုပ်ငန်းစဉ်ပြီးဆုံးပါက ထို Backup ကို ဘယ်လိုယူသုံးရမလဲဆိုတဲ့ လုပ်ငန်းစဉ်စတင်ပါ့မယ်။ Titanium Backup application ကနေထွက်လိုက်လို့ရပါပြီ။

5. Setting> Application manager ကနေ Viber ကိုရွေးပြီး Clear cache, Clear data, ကိုရှင်းပြီး Force stop နှိပ်ပြီး Uninstall ပြုလုပ်လိုက်ပါ။ ပြီးရင် ကျနော်တို့ Backup လုပ်ထားတာကို ပြန်ယူသုံးတဲ့ Restore လုပ်ငန်းစဉ်ပြန်စဖို့ Titanium Backup application ထဲပြန်ဝင်ပါ။

6. Titanium Backup application မူလစာမျက်နှာသို့ ရောက်ရှိပါက ညာဘက်အပေါ်ထောင့်မှ စာရွက်လေးကိုအမှန်ချစ်တဲ့ Batch actions – ALL icon လေးကိုတစ်ချက်နှိပ်ပါ။ Batch actions – ALL page ထဲသို့ရောက်ရှိပါက Restore ခေါင်းစဉ်အောက်က Restore all apps with data ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ တစ်ကယ်လို့ Firmware အသစ်တင်တယ် Reset Phone လုပ်ထားတယ်ဆိုရင်တော့ Restore missing app with data ကိုရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်။ Restore all apps with data ဘေးက run ကိုနှိပ်ပြီး မိမိ Backup လုပ်ထားတဲ့ Viber Application ကိုအမှန်လေးချစ်ထားလား မချစ်ထားလားဆိုတာစစ်ဆေးပါ။ အမှန်ချစ် ချစ်ထားပြီဆိုရင်တော့ ညာဘက်အပေါ်ထောင့်က အစိမ်းရောင်အမှန်ချစ်လေးကိုတစ်နှိပ်ပြီး Restore လုပ်ငန်းစဉ်စတင်စေပါ။ ထိုအခါ Restoring ဆိုတဲ့ Box တစ်ခုပေါ်လာပြီး Restore လုပ်ငန်းစဉ်စတင်နေပါပြီ။ Viber install လာလုပ်ခိုင်းရင် install လုပ်ပေးလိုက်ပါ။ ခဏစောင့်ပါ။ ပြီးရင်တော့ Restore လုပ်ငန်းစဉ် ပြီးစီးကြောင်း Notification တစ်ခုရောက်ရှိလာပြီး Titanium Backup မူလစာမျက်နှာသို့ ပြန်လည်ရောက်ရှိနေမှာဖြစ်ပါတယ်။

7. ထိုအခါဖုန်းကို Restart ချလိုက်ပါ။ ဖုန်း ပြန်တက်လာရင် Viber ထဲဝင်ကြည့်ပါ။ ဘာတစ်ခုမှပြောင်းလဲခြင်းမရှိပဲ မူလ အကောင်းပကတိအတိုင်း Viber ပြန် run လို့ရပါပြီ …

ညီအကို မောင်နှမ အားလုံး အဆင်ပြေကြပါစေ။ အားလုံးကိုကျေးဇူးတင်ပါသည်။








ဖေ့ဘုတ် အကောင့်ဖွင့်နည်း အသစ်ပါ

မော်လူးသားများ  လေ့လာနိုင်ရန်  facebook  မှ ကူးယူ ဖေါ်ပြပေးလိုက်ပါတယ်

လက်တွေ့  စမ်းကြည့်ကြပါအုန်း



Mail မလိုဘဲ Facebook အကောင့်ဖွင့်နည်း

မင်္ဂလာပါခင်ဗျာ...အခု ဘာ Mail မှ မလိုဘဲ Facebook အကောင့်ဖွင့်နည်းလေး တင်ပြပေးသွားပါမယ်...ထူးဆန်းမနေဘူးလားဗျာ...ဘာMail မှ မလိုအပ်ဘဲ Fb အကောင့်တခုရသွားတာ...လိုအပ်တာတွေက pinger apk, fb apk နှင့် အင်တာနက် Browser တခုပါ...မြန်မာပြည်က အလွယ်တကူဖွင့်နိုင်စေရန် ရည်ရွယ်ပြီး Pinger နံပါတ် ကို အသုံးပြုထားခြင်းဖြစ်ပါတယ်...ပထမဦးဆုံး pinger မှ နံပါတ်ရအောင်ယူပြီး ရေးမှတ်ပါ...Pinger အတွက် နာမည် နှင့် Mail အမှန် ထည့်ရန် မလိုပါ...ပြီးမှ fb apk မှ sign up ကို 3,4 ချက် မြန်မြန်လေး ခေါက်လိုက်ပါ...Browser တခု တောင်းလာပါမယ်...ကြိုက်သော Browser တခုရွေးပါ...fb ထဲ တန်းရောက်သွားပြီး Confirm Code တောင်းပါမယ်...fb မှ Confirm code ပို့လာပေးပါမယ်...Confirm လုပ်ပေးလိုက်ပါ...ကျန်တာတွေက ပုံပြင်ဟောင်းအတိုင်းပါ...ဟုတ် မဟုတ်ဆိုတာ ဗီဒီယို ကိုသာ ကြည့်ကြပါခင်ဗျာ...သိပြီးသူများကျော်သွားပါ...အားလုံးအဆင်ပြေကြပါစေ...Admin✌ T W

PINGER APK အလိုရှိသူများ အတွက်... https://copy.com/dZPYtqNBkgpLXoG






Saturday, March 15, 2014

ငွေဖြည့်ကဒ် ထည့်မရလို့ စိတ်မညစ်နဲ့ ကဒ်ကို ပြန်စစ်ခိုင်းလို့ရပြီ


မော်လူးသားများ ဖတ်ဖြစ်အောင်ဖတ်ကြပါ

****-***********************************
ငွေဖြည့်မရတဲ့  ငွေဖြည့်ကဒ်များအတွက်

ငွေဖြည့်ကဒ် error များအတွက် ဆက်သွယ်ရန် ဖုန်းနံပါတ်များ...
GSM/WCDMA ကဒ်များအတွက် 01-555476

CDMA 800 MHz(73 ဖြင့်စသော)၊450 MHz
ကဒ်များအတွက် 09-73111111

1500 Ks CDMA 800(MEC Tel) ကဒ်များအတွက် Call Canter -1212

Ytalk international calling card များအတွက် 09-73174871

အထက်ဖော်ပြပါ ဖုန်းများမှ သက်ဆိုင်ရာ ဖုန်းများ သို့ ခေါ်ဆို၍ မေးမြန်းနိုင်ပါသည်။
သက်ဆိုင်ရာဖုန်းကိုဆက်ပီးတော့ ဖြစ်နေတဲ့ အကြောင်းအရာကိုပြောပြပါ၊ serial no. တောင်းပါလိမ့်မယ်။ error ဖြစ်နေတဲ့ bill ကဒ် အပေါ်က serial no. ကိုပြောပြလိုက်ပါ။

serial no.  ဆိုတာကတော့  ပုံမှာ  အနီ ရောင်နှင့်
ဝိုက် ထားတယ်နော့  အသေအချာ ကြည့် လိုက်အုံး

အသုံးမပြုရသေးဘူးဆိုရင် အသုံးမပြုရသေးပါဘူးပြောပြီးတော့ သုံးပြီးသားဆိုပါက ဘယ်နေ့ ဘယ်အချိန်က ဘယ်ဖုန်းနံပါတ် ကို ငွေဝင်သွားပါပြီဆိုတာကို တိတိကျကျ ပြောပြပါလိမ့်မယ်။

ဝယ်သူ နဲ့ ရောင်းသူ ကြား သံသယ စိတ်တွေ ကင်းရှင်းကြပါစေ။




မော်လူး ကွန်ပျူတာသင်တန်းဖွင့်တော့မည်

၁၀  တန်း စာမေးပွဲ  ဖြေဆိုပြီးသော  ကျောင်းသား ကျောင်းသူများအတွက်

ယနေ့ အိုင်တီ  ခေတ်ကို  အမီလိုက်နိုင်ရန် ရညိရွယ်ထားသူများ

ကွန်ပျူတာ သင်တန်းကို  မော်လူး  မှာ  တက်နိုင်ပြီ။





Friday, March 14, 2014

ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နန့်ဒရန့်ချောင်းကူးတံတား ကျိုးပြန်ပြီ












ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နန့်ဒရန့်ချောင်းကူးတံတား ကျိုးပြန်ပြီ
မော်လူး ၊ မတ်လ ၁၄
@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ စီပိန်းကျေးရွာ အနီး ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နန့်ဒရန့်ချောင်းကူးတံတားသည် မတ်လ ၁၄ ရက်နေ့က ကျိုးကျခဲ့ကြောင်း သိရသည်။
နန့်ဒရန့်ချောင်းကူးတံတားသည် အရှည်ပေ ၁၈၀ ခန့်၊ အကျယ် ၁၅ပေခန့်၊ အမြင့် ၁၅ပေခန့်ရှိသည့် ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်မှ ချောင်းကူးတံတားတစ်စင်းဖြစ်သည်။ ၄င်းတံတားပေါ်သို့ ရွှေဘိုဘက်မှ မောင်းနှင်လာသည့် ယာဉ်အမှတ် ၃င/၅၃၆၇ ရွှေခြင်္သေ့မှန်လုံယာဉ်သည် ဖြတ်သန်းစဉ် တံတားအလယ်ခန့်တွင် ဘီးနင်းအခင်းပြားပေါ်မှ အရှေ့ဘက်တံတားလက်ရန်းတိုင်အနီးသို့ ကျွံကျပြီး ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း နန့်ဒရန့်ချောင်းကူးတံတားသည် ၁၉.၁၁.၂၀၁၃ ရက်နေ့ကလည်း ကျိုးကျမှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

စည်းမော်ဘုန်းတော်ကြီးကျောင်း စေတီတော် လုပ်အားဖြင့် ကုသိုလ်ယူကြစဉ်


 14-3-2014=နေ့ဇမ္ဗူရောင်ခြည်

ဓာတ်ပေါင်းစုအောင်တော်မူအေးစေတီ

တော် အလုပ်အကြပ်ဆုံးအချိန်လုပ်အားဒါန

ပေးလှူကြသည့် မော်လူးသူ မော်လူးသား

 စည်းမော်ရွာသူရွာသား

ဘာသာ သာသနာချစ်မြတ်နိုးသူ

အပေါင်းတို့အား

စေတနာ ရှင်များမှလည်း

အကြော်ကောက်ညှင်းပေါင်းတို့ဖြင့်

 ကျွေးမွေးနေသည် ။

ဌာပနာ  ပိတ်ခါနီး  စေတီတော်ကြီး


ပြီးစီး မှု  စေတီ ဓါတ်ပုံ  လေးကိုလည်း

ကြည်ညို ဖူးမျှော်နိုင်-----






Thursday, March 13, 2014

မော်လူး တွင် ကြက်ငှက်တုပ်ကွေး ပညာပေး

မော်လူးကျေးရွာအတွင်း ရှိ မွေးမြူရေးခြံများနှင့် စည်ပင်သာယာဈေးအတွင်းရှိ

ကြက်၊ ၀က်၊ အမဲ သား အရောင်းဈေးဆိုင်များ တွင် ကြက်ငှက်တုပ်ကွေး ရောဂါနှင့်

ပတ်သတ်ပြီး ကွင်းဆင်းစစ်ဆေး ပညာပေးမှုများ ကို အင်းတော်မြို့နယ်မှ

တာဝန်ရှိ အရာရှိသူများနှင့် ရပ်ရွာအတွင်းရှိ တာဝန်ရှိသူများမှ ကွင်းဆင်

ဆောင်ရွက်ခဲ့ကြသည်ဟု သိရ

မော်လူးပြည်သူများမှ ကြက်ငှက်တုပ်ကွေးနှင့် ပတ်သက်ပြီး

အသိပညာများ ရရှိသဖြင့် ၀မ်သာနေကြသည်ဟု သိရသည်။


ထိုနည်းတူစွာ မော်လူးကျေးရွာအတွင်း လမ်းဘေး ရေ မြောင်းများ ရေစီးရေလာ

ကောင်းမွန်ရန် ကိုလည်း မြို့နယ်စည်ပင်မှ တာဝန်ရှိသူများ နှင့် ရပ်ရွာမျာ တာဝန်ရှိသူများ

ဦးဆောင်ပြီး လုပ်ဆောင်ပါက မော်လူးရွာသူရွာသားများ သို့မဟုတ်

အင်းတော်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်ရှိ ပြည်သူများ

(သို့မဟုတ်) အင်တော်မြို့နယ် စည်ပင်သို့ နှစ် စဉ် အခွန်ဆောင်နေသော

မော်လူး ရွာနေ ပြည်သူများ မှ

လွန်စွာပင် ၀မ်းမြောက် ကျေးဇူးအထူး တင်ကြမည် ဖြစ်ကြောင်း……



မော်လူး ဘုရားကြီးကျောင်းရှိ လေးထပ် ကျောင်းဆောင် ပေါ်ရှိ စေတီ


မော်လူးမြို့ ဘုရားကြီးကျောင်း လေးထပ်တိုက်အပေါ်

ဆုံးထပ်တွင်တည်ထား

ပူဇော်သည့် ..,(ပုညသမ္ဘာရစူဠမုနိ)စေတီတော်မြတ်၏

သတ္တဌာနဗုဒ္ဓရုပ်ပွားတော်မြတ်တို့ကို

၁၃. ၃.၁၄.နေ့မွန်းလွဲ.၁.နာရီက ဥပထမ္ဘကအ

ဖွဲ့ ကဌာပနာတိုက်တော်တို့ ၌အသီးသီးထည့်

သွင်းပူဇော်ခဲ့ကြသည်....,,,





သန်းခေါင်စာရင်း လက်ကမ်း စာရွက်လေးပါ

၂၀၁၄ခုနှစ် မတ်လ (၃၀)ရက်မှ ဧပြီ (၁၀)ရက်နေ့ထိ

သန်းခေါင်စာရင်း ကောက်ယူချိန်တွင်

မော်လူး ဒေသ ခံ ပြည်သူများ ဖြေဆိုရမည့် မေးခွန်းများနှင့်

အသေးစိတ်အချက်အလက်များ ကြိုတင် သိရှိ လေ့လာနိုင်ရန်

မျှဝေလိုက်ပါတယ်

မော်လူးသတင်း ဖတ်သူများမှ လည်း တတ်နိုင်သလောက်

မျှဝေခြင်းဖြင့် ကူညီကြပါအုန်း








Wednesday, March 12, 2014

မော်လူး ဗျူဟာလမ်းအနောက်ဘက်ခြမ်းသို့ ရေလွှဲရန် ရေပြွန် ဖေါက်ပြီ

မော်လူးမြို့ ပြည်ထောင်စုလမ်းမကြီး

ရေပြွန်များဖောက်လုပ်နေကြစဉ် ပြည်ထောင်စုလမ်းမ

အရှေ့ဖက်ခြမ်း ရေကြီးရေလျှံရေလွှမ်းခဲ့ခြင်းကြောင့်

ရေပြွန်သုံး ခု ဖောက်လုပ်နေပြီဖြစ်သည်။

ခရီသွားကားများ  အခက်အခဲ ဖြစ်နေကြကြောင်း

တွေ့နေရပါသည်



ကူးကာရွာဘုန်းတော်ကြီးကျောင်းတွင်ဂုင်္ဏပြုပွဲကျင်းပ

(ပရိယတ္တိသသနာ့နုဂ္ဂဟပူဇာသဘင်)

အင်းတော်မြို့နယ် ကူးကာဘုန်းတော်ကြီး

ကျောင်းတွင် ၁၂.၃.၁၄.နေ့က မဟာဂန္ဓာရာမိ

ကသာမဏေကျော်.,သူငယ်တော်တောရသာ

မဏေကျော်..,,အကျော်နှစ်ဘွဲ့ ရ.

အရှင်အာစာရာလင်္ကာရမထေရ်မြတ်အား ဂုဏ်ပြု

ပူဇော်ပွဲကျင်းပပူဇော်ကြသည်...,


စည်းမော်အုပ်စု မန်ကျည်းကုန်းရွာတွင် စာသင်ကျောင်း ဆောက်တော့မည်

မန္တလေးမြို့နေ ကျောင်းအလှူဒါယကာဦးစန်းလွင်

အလှူဒါယိကာမ ဒေါ်ခင်မေသန်း မိသားစုတို့ မှ

မန်ကျည်ကုန်းရွာ စာသင်ကျောင်း အတွက် ပန္နက်ရိုက်

နေစဉ် 

မော်လူးအနီး စည်းမော်ဘုန်းတော်ကြီးကျောင်း စေတီတော်ဌာပနာ ပိတ်တော့မည်

တပေါင်းလပြည့်ကျော်(၂)ရက်နေ့

မော်လူး စည်းမော် ဇမ္ဗူရောင်ခြည်

ဓာတ်ပေါင်းစုအောင်တော်မူအေးစေတီ

တော် ဌာပနာ ပိတ်ပွဲ ကျင်းပမည်။


ဖုန်း နှင် ပတ်သက်လို့ သိထားသင့်တဲ့ အချက်လေးတွေ

Android သုံးသူများသိထားသင့်သည့် Code များ
Other Blogs


Android သုံးသူများသိထားသင့်သည့် Code များ


Backup လုပ်ရန်
*#*#273283*255*663282*#*#* – (Backup လုပ်ရန်)

Service mode သို့ဝင်ရန်
*#*#197328640#*#* – (Service Mode သို့ဝင်ရန်)

Reset လုပ်ရန်
*2767*3855# – (Factroy reset လုပ်ရန်)
(မှတ်ချက် – reset လုပ်ရင်မှတ်ထားသော အကြောင်းအရာများ setting များအကုန်ပျက်မည်) … *#*#7780#*#* – (Factory Data reset လုပ်ရန်) (

(မှတ်ချက် – Factory Data reset ပြုလုပ်လျှင် ဖုန်းထဲရှိ Google Account

setting၊ install လုပ်ထားသော application၊ phone memory ထဲတွင်သိမ်းထားသော ဖုန်းနံပါတ်များ ဖုန်းထဲတွင်Download ပြီး ဖုန်း memory ထဲတွင် သိမ်းထားသော game & application အားလုံးပျက်မည်)

Phone information ပိုင်းများကြည့်ရန်
*#*#4636#*#*- {battery information & history, phone information,

usage statistics} —Updated— *#*#0588#*#* –

{Proximity sensor test} *#*#2664#*#* –

{Touch screen test} *#*#2663#*#* –

{Touch screen version} *#*#0*#*#* –

{LCD test စမ်းရန်} *#*#0842#*#* –

{Device test (Vibration test and BackLight test)} *#*#3264#*#* –

{RAM version စစ်ရန်} *#*#0283#*#* –

{Packet Loopback} *#*#232331#*#* –

{Bluetooth device စမ်းရန်} *#*#232337#*# –

Ref:Smart Pro Journal





မော်လူး ရုံးလမ်းကို ကတ္တရာခင်းနိုင်ရန် စီစဉ်

မော်လူး ရုံးလမ်ကို ကတ္တရာ ခင်းမည်။

ရုံးလမ်းဆိုတာကတော့

ဘုရားကြီး လမ်းနှင့် လမ်းမတော်လမ်း ကြားတွင် ရှိသော

မော်လူးဘုရားကြီးကျောင်း နှင့် ဘူထာလမ်း ထိ ရှိသည့် လမ်းပိုင်း (ယခု ကားကွင်းလမ်း)

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး ၏ ကတ္တရာပုံးများ ထောက်ပံ့ပေးမှုကြောင့်

ရုံးလမ်းတွင် နေထိုင်ကြသော အိမ်ထောင်စုများမှ ကိုယ်ထူ ကိုယ်ထ ကတ္တရာ

ခင်းမည်ဟု သိရ...



Monday, March 10, 2014

မီးသတ်ကား အစစ် ဝယ်တော့မည်

မော်လူးဒေသအတွက် မရှိမဖြစ်တော့သည့် မီးသတ်ကား (အစစ်)

တကယ်ဝယ်တော့မည်

၁၀.၃.၂၀၁၄ နေ့လည် က မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင်

ပြုလုပ်သည့်အစည်းအဝေးမှာ

မီးသတ်ကားဝယ်ယူရေး အတွက် သွားရောက်မည့်သူများ ရွေးချယ်ခဲ့ကြသည်

သိန်း ၂၀၀ ၀န်းကျင် ကုန်မည် ခန့်မှန်းထားကြသည်ဟုသိရသည်
----------------------------------------------------------------------------------

မော်လူးဒေသခံများ မီးဘေးအန္တရာယ်အတွက် မီသတ်ကား အရေးကြီးဆုံးဖြစ်သော်လည်း

ကြိုတင်ကာကွယ် ခြင်းက ပိုပြီး စိတ်ချရပါတယ်

ဒါကြောင့် ကိုယ့်အိမ် ကိုယ်ဝင်း မီးဘေးအန္တရာယ် လုံခြုံရေးကိုလည်း အထူးဂရုစိုက်နိုင်ကြပါစေ..




Sunday, March 9, 2014

မျိုးစောင့်ဥပဒေ နှင့် မော်လူးဒေသခံများ

မော်လူး သတင်းအဖွဲ့မှ များစွာဝမ်းမြောက်ရပါ၏
ကျွန်တော်တို့ မော်လူး ဒေသမှာ အမျိုးသမီး များ လက်မှတ်များကလည်း
မျိုးစောင့် ဥပဒေပြဋ္ဌာန်း နိုင်ရန် အလို့ငှာ
တစ်စိတ်တစ်ဒေသ၊ အုပ်တစ်ချပ် ၊ သဲတစ်ပွင့် အဖြစ် ပါဝင်ခဲ့ရသဖြင့်
ကျွန်တော်တို့ မော်လူး ဒေသမှ အမျိုးသမီးများအတွက် လည်း ဂုဏ်ယူမိပါ၏

သို့သော်..
စကားလုံးကြီးကြီးတွေနဲ့ မပြောလိုပါမြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနှင့် မပြောပါနှင့်
ကျွန်တော်တို့ မော်လူးဒေသ လို့ဆိုရမည့်တစ်နိုင်ငံလုံး နှင့် ယှဉ်လျှင် ဘာမှ မပြောပလောက်တဲ့
အကျယ်အ၀န်း ၊ လူဦးရေ အနည်းငယ်သာနေထိုင်သော ဒေသမှာ လျှင်ပင် မဖြစ်မနေလိုအပ်နေပြီ

သာဓက အနေနှင့် ပြောရလျှင် ပုဂ္ဂိုလ် များ ထိခိုက်လာနိုင်ပါသည်။ မော်လူးဒေသတွင်
ဘာသာခြားနောက် လိုက်ပြီး ဘ၀တစ်ကွေ့ ပြောင်းသူများရှိနေပြီဆိုတာ
အားလုံး သိပြီးကြဖြစ်ပါလိမ့်မည်

မည်သူ့မှာ တာဝန်ရှိသနည်း။

တာဝန်အရှိ ဆုံးလူက မိဘ များဟု ပြောလျှင် မှားသွားလိမ့်

မိဘတိုင်း အသိပညာ ၊ ဗဟု သုတ ၊ ဆုံးဖြတ်နိုင်စွမ်း မရှိနိုင်ပါ မည်သည့်ခါမျှလည်း
ရှိနိုင်မည်မဟုတ်ပါ။ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန် ကြိုးစားနေရသူတွေအတွက်
ပိုမဖြစ်နိုင်ပါ။ဒါကြောင့် အဓိက တရားခံက အသိပညာ၊ ဗဟုသုတ ဆုံးဖြတ်နိုင်စွမ်း အားနည်းသော
မိဘများကို အသိပညာပေးရမည့် သူတွေက အဓိက တာဝန်အရှိဆုံးလူဖြစ်လိမ့်မည်

အသိပညာပေးနိုင်တဲ့ သူတွေက ရပ်ရွာကို အုပ်ချုပ်နေတဲ့ သူတွေလို့ပြောလျှင်
မှန်ကြမည်ထင်ပေမည်။ လုံးဝမဟုတ်ပါ ။ လူဆိုတာက အုပ်ချုပ်သူတွေတောင်ဘက်
ခိုင်းလျှင် မြောက်ဘက် သွားချင်သူကပို၍သာများပေသည်။

ကျွန်တော်တို့ မော်လူးဒေသ ခံ ပြည်သူတွေဟာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများ
သာဖြစ်ပေသည်။ မည်မျှပင် ဆိုးပေနေသော သူဖြစ်ပါစေ..
ပုဂ္ဂိုလ်တစ်ဦး က တောင်ကို ခိုင်းလျှင် မြောက်ဘက်သို့ မကူးရဲအောင်ပင်
အမိန့်ပေးသည့်အတိုင်းလိုက်နာ နေရသည့် မော်လူးဒေသခံများ အပေါ် သြဇာ သက်ရောက်
သူများရှိနေပါသေးသည်။
ထို ပုဂ္ဂိုလ်များသာလျှင် အဓိက တာဝန်ရှိသူနှင့် နေ့စဉ်နှင့် အမျှ မော်လူးဒေသမှ မိဘပြည်သူများ
ထံသို့ အသိပညာပေးသင့်သည်ဟု မော်လူးသတင်းမှ ထင်မိပါသည်။
မော်လူးဒေသမှာ အမျိုးစောင့်နိုင်ရန်အတွက် အသိပညာတွေ ပေးနိုင်တဲ့သူ
ဘယ်သူတွေ ဆိုတာ တော့ မိမိ အသိပညာဖြင့် ဆုံးဖြတ်အဖြေရှာပေးကြပါ...