Saturday, January 9, 2016

အင်းတော် နဘားကြား ရထား မှောက်တယ်ဆိုဘဲ




Eleven Media Group added 2 new photos.
မန္တလေး-မြစ်ကြီးနား အမှတ် ၉၃၄ အစုန်ကုန်ရထား တိမ်းမှောက်
မန္တလေး-မြစ်ကြီးနား အမှတ် ၉၃၄ အစုန်ရထားသည် ဇန်န၀ါရီ ၉ ရက် နေ့လည် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် အင်းတော်မြို့နယ် အတွင်း၌ တစ်တွဲဘီးချော်မှု ဖြစ်ပွားခဲ့ပြီး လေးတွဲ တိမ်းမှာက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရထားစက်ခေါင်းမောင်း ဦးဖုန်းနိုင်နှင့် ဂါတ်ဘို ဦးဝင်းလှိုင်တို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DF-2041 မန္တလေး-မြစ်ကြီးနား အမှတ် ၉၃၄ အစုန် ကုန်ရထားသည် နဘားဘူတာနှင့် အင်းတော်ဘူတာအကြားသို့ ရောက်ချိန်တွင် တွဲအမှတ် GBHAH 40819 ၏ ဘီးအမှတ် ၁ နှင့် ၂ တို့ သံလမ်း၏ အတွင်းသို့ ကပ်ကျပြီး ဘီးအမှတ် ၇ နှင့် ၈ သည် သံလမ်း၏ အပြင်သို့ ကပ်ကျမှု ဖြစ်ပွားခဲ့ရာမှ တွဲလေးတွဲ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကာ ခရီးသည်နှင့် ဝန်ထမ်းများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရှိရပါသည်။
စိုးစံ(အင်းတော်)