Wednesday, March 9, 2016

အမျိုးသားလွှတ်တော်မှာ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ ကို NLD က ဒုတိယ သမ္မတလောင်း အဖြစ် တင်မြှောက်




အမျိုးသားလွှတ်တော်မှာ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ ကို NLD က ဒုတိယ သမ္မတလောင်း အဖြစ် တင်မြှောက်

 အမျိုးသားလွှတ်တော်မှာလည်း ဒုတိယသမ္မတ တစ်ဦးကို အဆိုတင်သွင်းခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ချင်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၃ မှ NLD ပါတီ ကိုယ်စားလှယ် ဦးဟင်နရီဗန်ထီးယူ ကို အဆိုတင်သွင်းလိုက်ပါတယ်။



 လွှတ်တော်ကိုယ်စားလှယ် ကိုယ်ရေးမှတ်တမ်းအကျဉ်းချုပ်

Chin 3
 အကြိမ်  -  ဒုတိယအကြိမ်

၁။  အမည်  -  ဦးဟင်နရီဗန်ထီးယူ

၂။  အခြားအမည်ရှိလျှင်  -  မရှိပါ

၃။  လူမျိုး/ဘာသာ  -  ချင်း/ခရစ်ယာန်

၎။  နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်  -  ၁၃/ မမတ(နိုင်) ၀၂၈၁၁၈

၅။  မွေးသက္ကရာဇ် / အသက်  -  ၀၉-၀၈-၁၉၅၈ / (၅၈) နှစ်

၆။  မွေးဖွားရာဇာတိ  -  သီးကီးရ်ရွာ၊ ထန်တလန်မြို့နယ်

၇။  ပညာအရည်အချင်း  -  B.A (Dip in Law)

၈။  လက်ရှိအလုပ်အကိုင်  -  အငြိမ်းစား

၉။  အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင်  -  ဦးလျံတလုံး၊ (ကွယ်လွန်) HKA- 023899 တောင်သူ

၁၀။  အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင်  -  ဒေါ်ငွန်ပါရ်း၊ HKA –023900 တောင်သူ

၁၁။  ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင်  -  ဒေါက်တာရွှေလွှမ်း၊ ၁၂/ ဗဟန (နိုင်) ၀၀၅၁၁၉၊ ကျောင်းသူ

၁၂။  သား / သမီးအမည် / မှတ်ပုံတင်အမှတ် / လုပ်အကိုင်  -  ( ၁) မောင်ဂျက်ဆီဗန်ဘွေး၊ကျောင်းသား ( ၂ ) မကျယ်နီဖာရ်ငွန်ရွှေပါရ်းကျောင်းသူ ( ၃ ) မောင်ဂျိုးဇက်ဗန်ထီးယူ၊ကျောင်းသား

၁၃။  အမြဲတမ်း နေရပ်လိပ်စာ  -  (၂၀) ကိုယ့်‌မင်းကိုယ့်ချင်းရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း

၁၄။  ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ  -  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

၁၅။  ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ်  -  မဲဆန္ဒနယ်အမှတ်(၃)

ဖြစ်စဉ်အကျဉ်းချုပ် (ယနေ့ထိ)

(က) ပညာသင်ကြားခဲ့ဖူးသော ကျောင်းများကိုဖော်ပြရန် -

အ.လ.ကသီးကီးရ်၊ အ.ထ.ကဟားခါး၊ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ် (မန္တလေး)၊ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်(ရန်ကုန်)။

(ခ) လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်အကိုင် ၊ ပြောင်းရွှေ့နေထိုင်ခဲ့သည့် နေရာဌာနများဖော်ပြရန် -

စစ်မှုထမ်းခြင်း၊ခ.လ.ရ (၄၆)ပူတာအို၊ ခ.လ.ရ (၄၀) ဟူပြင်၊ ခ.လ.ရ (၂၂၃) မိုးမိတ်၊ စဗဟ(၂)၊ ရတခ (ဘားအံ)၊ ရ.တ.ခ (မော်လမြိုင်)၊ခမရ(၅၀၃) သီပေါ၊ ခမရ(၄) အင်းမ၊ အရပ်ဖက်တာဝန်ထမ်းဆောင်ခြင်း- ဗာဂျီးနီးယားစက်ရုံမှူး (မန္တလေး)၊ ဒုအထွေထွေမန်နေဂျာ စီမံခန့်ခွဲရေးဌာန(စက်မှု-၁)၊ အရက်ချက်စက်ရုံမှူး (ဘီးလင်း)။

(ဂ) ပြည်ပခရီးစဉ် မှတ်တမ်း - မရှိပါ

(ဃ) ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက်များဖော်ပြရန် - မရှိပါ

(င) ချီးမြှင်ခံရသောဘွဲ့ထူး ၊ ဂုဏ်ထူး - မရှိပါ

(စ) အခြားဖော်ပြရန်ရှိသည်များ - မရှိပါ


http://www.amyothahluttaw.gov.mm

ပြည်သူ့လွတ်တော်က တင်မြောက်သည့် သမ္မတလောင်းပါ




ဦးထင်ကျော်ကို NLD ပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ က ဒုတိယ သမ္မတ အဖြစ်တင်မြှောက်လိုက်ပါတယ်။ပြည်သူ့ လွှတ်တော်ဟာ လူအများစုလွှတ်တော်ဖြစ်တဲ့ အတွက် ပြည်သူ့ လွှတ်တော်ကတင်မြှောက်တဲ့ ဒုတိယ သမ္မတ ဟာ သမ္မတဖြစ်လာဖို့ သေချာ သလောက်ပါပဲ။
လှယ် ဦးထင်ကျော်ဟာဂန္တဝင်စာရေးဆရာကြီး မင်းသုဝဏ်၏ ဒုတိယမြောက်
သားဖြစ်ပါတယ်
၁၉၄၆ ဇူလိုင် ၂၀ တွင်မွေးဖွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ထက် အသက်တ
နှစ် ငယ်သူဖြစ်ပြီးမက်ဒရစ်
ကျောင်း(အထက ၁ ဒဂုံ )တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကျောင်းတက်ခဲ့ကြပါတယ်
လက်ရှိမှာတော့ဒေါ်ခင်ကြည်ဖောင်ဒေး
ရှင်းတွင်တာဝန်ယူဆောင်ရွက်နေသူပါ
ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်အားကိုးရဆုံနှင့် စိတ်ချရ
သူတစ်ဦးလဲဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်တွင် စီးပွားရေးတက္ကသိုလ်၌ တက်ရောက်ခဲ့ပြီး
မဟာစီးပွားရေးဘွဲ့ကိုရရှိခဲ့သည်။ရန်ကုန် ကွန်ပြူတာဌာန၏
ပထမဦးဆုံး နိုင်ငံခြားပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံသို့
သွားရောက်ပညာဆည်းပူးခဲ့သည်။
၁၉၉၂ ခုနှစ်တွင် အစိုးရဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ခဲ့ပြီး
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောNLD ပါတီသို့
ဝင်ရောက်ခဲ့သည်။
ဦးထင်ကျော်သည် ဖခင်ဖြစ်သူ၏ကလောင်ခွဲဖြစ်သော ဒလဘန်းအမည်ဖြစ်
သုတစာပေ နိုင်ငံရေးစာပေ တို့ကိုရေးသားခဲ့သည်။
လက်ရှိသမ္မတ ဖြစ်နိုင်ချေအရှိဆုံးသူများထဲတွင် ဒေါ်အောင်
ဆန်းစုကြည်၏ စိတ်အချရဆုံးသူအဖြစ်လည်းကောင်း မိသား
စုမျိုးရိုးသမိုင်းကြောင့်လည်းကောင်း ရိုးသားဖြောင့်မတ်သော
စိတ်ထားရှိ၍လည်းကောင်း စသည့်အရည်အချင်းများကြောင့်
NLD ၏ သမ္မတလောင်းစာရင်းတွင် တစ်ပေးခြင်းခံထားရသူ
တစ်ဦးဖြစ်လာခဲ့သည်။
NLD နာမည်ကြီးခေါင်းဆောင်တစ်ဦးဖြစ်သော ဦးလွင်၏သ
မီး ဒေါ်စုစုလွင်၏ ခင်ပွန်းလည်းဖြစ်သည်။

နမီးကျေးရွာမှာ တရားပွဲကျင်းပမည်




မလွန်ဆန်အလှူတော်ရေစက်ချတရားပွဲ
၁၃၇၇ ခုနှစ် တပေါင်းလဆန်း ၅ ၊ ၆ ရက် 
13' 14 - 3 -2016 ရက်နေ့
စစ်ကိုင်းတိုင်းဒေသကြီး ၊ အင်းတော်မြို့နယ်၊နမီးရွာ၊ နမီးဘုန်းတော်ကြီးကျောင်းတွင်( နှစ်ညတိုင်တိုင်)ကျင်းပပြုလုပ်ပါမည်။
နမီးကျေးရွာအုပ်စု ၊ကုန်းခါးကျေးရွာအုပ်စုအတွက်
နမီးဘုန်းတော်ကြီးကျောင်းတွင် နမီးကျောင်းဆရာတော်က ဦးစီးပြီး ကျင်းပပြုလုပ်ပါမည်။
ရပ်ဝေးရပ်နီး ဓမ္မမိတ်ဆွေများ အနေနဲ့ တရားတော်နာ
ကြွရောက်ကြဖို့ နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်လိုက်ရပါတယ် ။

မော်လူး တောင်ဘက် ရွှေဘို - မြစ်ကြီးနား ကားလမ်းပေါ်ရှိ နန့်ဒရန် တံတား ရှိ ဝါးလုံး မောင်းတံဂိတ် က ဘာဂိတ်လဲဗျာ





မော်လူး  ဒေသ  သားတွေအတွက် လက်ရှိအစိုးရ လက်ထက်  လမ်းတံတားတွေ  ကောင်းလာလို့  အလွန်ပင်  ဝမ်းမြောက်ဝမ်းသာ  ဖြစ်ခဲ့ရတယ်ဆိုတာ  အားလုံးအသိပါ
ဒီလိုဖြစ်အောင် လုပ်ဆောင်ပေးခဲ့ကြသော  လွှတ်တော်ကိုယ်စားလှယ်ကြီးများ နှင့်  စစ်ကိုင်းတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးသာအေး တို့အား  မော်လူးဒေသ ရှိ ပြည်သူမှ  အစဉ်အမြဲ  မေတ္တာပို့သ နေမည်မှာ  အမှန်ပါ။

ဒါပေမဲ့  ၂၀၁၆  ခုနှစ်  မတ်လ  ၁ ရက်နေ့  မှ  စ  ပြီး
နန့်ဒရန့် ကွန်ကရစ်တံတားထိပ်တွင်  ဥုံဖွ  ဆိုပြီး  အောက်လမ်းဆရာ တစ်ယောက်က  မှန်းမှုတ် လိုက်သလို  ဝါးလုံးတား  ဂိတ်ပေါ်လာပြီး  ကားတစ်စီး ၅၀၀  ကျပ်  ကောက်ခံနေကြောင်း  သိလိုက်ရပါတယ်။

မော်လူးဒေသ  သားတွေဆိုတာလည်း ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သူများဖြစ်သည်နဲ့ အညီ  သဒ္ဓါတရာ  ဘက်မှာတော့  ခပ်ညံ့ညံ့  မဟုတ်ကြပါ  အိမ်ရှေ့  မှာ နေစဉ် လာတောင်းသူတောင်  ၂၀၀ ကျပ်  ဒါပါ့မဟုတ်  ဆန်နို့ဆီဘူး တစ်ဝက်လောက် ပေးကမ်းစွန့်ကျဲ နေသူတွေပါ။

ယခု နန့်ဒရန့်  တံတားဂိတ်  ဆိုတာ  နိုင်ငံတော်အစိုးရက  တရားဝင်  လေလံပေးသဖြင့်  လေလံကြေးပေးကာ  ကောက်ခံခဲ့ရင်တောင်  ၅၀၀ ကျပ်ဆိုတာ  စစ်ကိုင်းတိုင်းဒေသကြီး  တစ်ခုလုံးမှာ  ဂိတ်ကြေး  အများဆုံး  ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။

သို့သော် ယခု လ  ၆  ရက်နေ့မြန်မာ့အလင်း  စာပါ  မဲစနစ်နဲ့  လေလံပေးသော  တံတားများ စာရင်း  တွင်  နန့်ဒရန့်  တံတား  မပါသဖြင့်
လွန်စွာပင် စိုးရိမ်မိပါသည်။

ဒီမိုကရေစီ နိုင်ငံတော်ကြီးမှာ နိုင်ငံသားသာတိုင်း  မဖြစ်မနေ  အခွန်ပေးဆောင်ရမည်ဆိုတာ  သဒ္ဓါတရား  ထက်သန်သော မော်လူးဒေသသားတွေ  ဝန်ထုပ်ဝန်ဖိုး တစ်ခု  မဟုတ်ဘူး ဆိုတာ  မြို့နယ်က  တာဝန်ရှိသူတွေ  သိကြမှာပါ။

မော်လူးဒေသသားတွေရဲ့  ရိုးသားမှု  ကို  အသုံးချပြီး  တပတ်ရိုက်  လုပ်စားသွားရင်တော့  မော်လူးဒေသသားများ  လက်ပိုက်ကြည့်နေမည် မဟုတ်  ဆိုတာတော့  အမှန်ပါ။

ဒါကြောင့်မို့  နန့်ဒရန့်  တံတား  ဝါးလုံးတား  ဂိတ်ဆိုတာ  နိုင်ငံတော်က  ချပေးတဲ့  ဂိတ်လား  သို့မဟုတ်  ဝါးတားတားစုပေါင်းဂိတ်လား?
ဆိုတာ  မော်လူးဒေသ  သားများ  သံသယဖြစ်ဖွယ်  ရှိနေပါတယ်။

ဧပြီလ  အစိုးရသစ်လက်ထက်  မှာ  ဝါးတားတား  လုပ်လို့ရမည်မထင်ပါ

အင်းတော်မြို့နယ်  ကိုယ်စားပြု  လွှတ်တော်အမတ်ကြီးများလည်း  မော်လူးဒေသသားများ  အမြင်ရှင်းရှင်း သံသယကင်းကင်း  အခွန်ပေးဆောင်  ချင်အောင်  အသေးစိတ်အချက်အလက်များ ကို  တာဝန်ရှိသူများမှ ချပြပေးအောင်  ကူညီသင့်ပါကြောင်း
*****************
အမှားရင်   ပြောပါ  ချက်ချင်းပြန်ဖျက်ပါမည်။