Wednesday, January 11, 2017

ရွာတရွာ ဖြစ်ပေါ်ဖို့ စုန်း ၇ယောက် ဘာကြောင့်လိုတာလဲဆိုတာကို ဗဟုသုတအနေနဲ့ တင်ပြအပ်ပါတယ်

ရွာတရွာ ဖြစ်ပေါ်ဖို့ စုန်း ၇ယောက်
ဘာကြောင့်လိုတာလဲဆိုတာကို
ဗဟုသုတအနေနဲ့ တင်ပြအပ်ပါတယ်

"ယောဒေသမှာ
ရွာသစ်တစ်ရွာတည်ဖို့ စုန်း(  ၇ )ယောက်လိုတယ် "တဲ့လား
=========================
ငယ်စဉ်က ကြားဖူးနားဝ စကားလေးပါ။
စုန်းအကြောင်းတွေက အိပ်ယာဝင်ပုံပြင်တွေလို အထူးထူး အခြားခြား
အများများအပြားပြားး။တကယ်တွေ့ဖူးသည်ဆိုသည့်ပုဂ္ဂိုလ်ထံ မေးမြန်းပြန်တော့လည်း စေ့စေ့ငင  ဖြေနိုင်သူဟူ၍ မတွေ့ရသေးပါ။

  မိမိလက်လှမ်းမီသလောက်ရှာဖွေကြည်တော့
ရွာတစ်ရွာတည်ဖို့လိုအပ်တဲ့ စုန်း (၇) ယောက်က………
………
စုန်း=> စုန္နော=>ဖြောင့်မှန်သောသူ
(စုန္နောတိ ဥဇုကတော-ဖြောင့်မတ်မှန်ကန်သည့် ပညာရှင်ခုနှစ်ဦး)
                 ဋီကာကျမ်း

ထို ခုနှစ်ဦးမှာ
(၁)မြေပညာရှင်
ရွာသစ်တည်မည့်နေရာသည် မြေအနေအထားသင့်မသင့်
မြေဆီမြေလွှာ ကို သိရှိကျွမ်းကျင်သူ

(၂)ရေပညာရှင်
သောက်သုံးရေ/ရေချို/စိုက်ပျိုးရေးလုပ်ငန်းသုံးရေ/ ရမရ
ကို သိရှိကျွမ်းကျင်သူ

(၃)လေပညာရှင်
လေကြောင်း သင့်မသင့်
လေငြိမ်အရပ် ဟုတ်/ မဟုတ် စသည့် လေသဘောသဘာဝ ကျွမ်းကျင်ပါးနပ်သူ

(၄) စီးပွါးရေးပညာရှင်

(၅)ပညာရေး စီမံနိုင်သူ

(၆)ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သူ

(၇)ဆက်သွယ်ရေး ကျွမ်းကျင်သူ
ရွာတည်မည့်နေရာသည် ရွာ၏လိုအပ်ချက်များအတွက် ဆက်
သွယ်သွားလာရန် လွယ်ကူမည့်အချက်အလက် လမ်းကြောင်းကို
သိသောသူ…
အစရှိသဖြင့် တွေ့ရှိမှတ်သားမိပါတယ်။

ကျနော့်စာကို ယခုဖတ်မိသူ မိတ်ဆွေအနေနဲ့
ကျနော် မှတ်သားမိသမျှလေးတွေ ပြန်ဝေမျှတာပါဗျ
ဘဝင်ကျတန်ကောင်းပါရဲ့။ ။
Ref;-အရှင်စန္ဒကုမာရ (ရွှေတြိဂံ)
            -ဋီကာကျမ်း
           

သထုံ နယ်စားလေး