Wednesday, September 10, 2014

ပရိဘောဂ လုပ်ငန်းရှင်များအား မော်လူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင်းရှိ
ပရိဘောဂလုပ်ငန်းရှင်များ၏ လုပ်ငန်းရုံများသို့ မော်လူးကျေးရွာ
အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ စက်တင်ဘာ ၁၀ ရက် နေ့ ၁၂
နာရီအချိန်က လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေသတွင်းရှိ ပရိဘောဂလုပ်ငန်းရှင်များ လုပ်ငန်းလိုင်စင်
လျှောက်ထားခြင်းရှိမရှိ၊ တစ်ပေထက်ကျော်သည့် ပြန်စိတ် လွှဝိုင်းများ
တပ်ဆင်အသုံးပြုနေခြင်းရှိမရှိ၊ နိုင်ငံတော်မှ တားမြစ်ထားသည့် ကျွန်း၊
တန်မလန်းသစ်များ အသုံးမပြုရန်နှင့် တစ်ပေထက်ကျော်သည့်
ပြန်စိတ်လွှဝိုင်းများ တပ်ဆင်အသုံးမပြုရန်များကို
ပရိဘောဂလုပ်ငန်းရှင်များထံမှ ဝန်ခံကတိ လက်မှတ်များ ရေးထိုးစေခဲ့ကြောင်း
သိရသည်။ အဆိုပါ ဒေသတွင်း ပရိဘောဂလုပ်ငန်းရှင်များ၏ အလုပ်ရုံများသို့
လိုက်လံစစ်ဆေးမှုများ ဆောင်ရွက်ရာသို့ မော်လူးကျေးရွာ အုပ်စု
အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်နှင့်အတူ ကျေးရွာများမှ
အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသတွင်း အရံမီးသတ် တပ်ဖွဲ့ဝင်များ
လိုက်ပါ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်

တရားဝင်သစ်အသုံးပြု နိုင်ရန်

သစ်ခွဲသားအရောင်းဆိုင်  မေိာလူးတွင် လိုအပ်ပါသည်


မ်ာလူး စည်ပင်သာယာဈေးသို့ မြို့နယ် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး စည်ပင်သာယာဈေးသို့
အင်းတော်မြို့နယ် စည်ပင် ဦးစီးအရာရှိ ဦးအေးမင်းထွန်းနှင့်
အဖွဲ့ဝင်များမှ စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီအချိန်က ကွင်းဆင်း ကြည့်ရှု
စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ အင်းတော်မြို့နယ် စည်ပင်ဦးစီးအရာရှိ
ဦးအေးမင်းထွန်း၊ မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်လှိုင်၊ အင်းတော်
စည်ပင်ဈေး တာဝန်ခံ ဦးတင်မောင်အေး၊ ဈေးခေါင်း ဦးကံမောင်၊ မော်လူး
စည်ပင်သာယာဈေး ဈေးခေါင်း ဦးအောင်ကြူးတို့သည် မော်လူး
စည်ပင်သာယာဈေးအတွင်း ဈေးသူဈေးသားများနှင့် တွေ့ဆုံပြီး
ဈေးသူဈေးသားများ ရောင်းချရာတွင် အသုံးပြုသည့် အလေးချိန်ခွင်
မှန်ကန်မှုရှိမရှိ၊ သားငါးများ သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း
ရောင်းချပေးခြင်းရှိမရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်

မော်လူး  ကျေးရွာတွင်း  အမှိုက်များ  စွန့်ပစ်ရာတွင်
အဆင်ပြေစေရန်အတွက်တော့  ဆောင်ရွက်သွားခြင်း
မရှိကြောင်းသိရ။

ရွာချင်းဆက် လမ်းမပေါ်ရှိ တံတားအား ကွန်ကရစ်တံတားအဖြစ် ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မော်လူးမှ
လေးတန်းရိုးကျေးရွာများသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းမပေါ်ရှိ
တံတားအား ကွန်ကရစ်တံတားအဖြစ် စက်တင်ဘာ ၅ ရက်နေ့က စတင်ဆောင်ရွက်နေကြောင်း
သိရသည်။
အဆိုပါ ကွန်ကရစ်တံတား၏ အရှည် ၁၈ ပေ၊ အကျယ် ၇ ပေခန့်ရှိပြီး
စည်ပင်နယ်နမိတ်အတွင်းရှိသည့် တံတားဖြစ်သဖြင့် အင်းတော်မြို့နယ်
စည်ပင်ဦးစီးဋ္ဌာနမှ တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ
ကွန်ကရစ်တံတား ဆောက်လုပ်နေမှုကို စက်တင်ဘာ ၁၀ ရက် နံနက် ၁၀ခန့်က
အင်းတော်မြို့နယ် စည်ပင်ဦးစီးအရာရှိ ဦးအေးမင်းထွန်း၊ မြို့နယ်
စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်လှိုင်၊ အင်းတော်မြို့ စည်ပင်ဈေးတာဝန်ခံ
ဦးတင်မောင်အေး၊ အင်းတော်မြို့ စည်ပင်သာယာဈေး ဈေးခေါင်း ဦးကံမောင်၊
မော်လူး စည်ပင်သာယာဈေး ဈေးခေါင်း ဦးအောင်ကြူးနှင့် စည်ပင်သာယာဈေး
ကော်မတီဝင်များမှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
မော်လူးဒေသ စည်ပင်သာယာနယ်နမိတ်အတွင်းရှိ အခြားတံတားများကိုလည်း
ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်းလည်း
သိရသည်။

ကျေးရွာမှ  တာဝန်ရှသူများကလည်း  တံတာအဆငိ့မီ ခိုင်ခန့်ရန်  ကြပ်မှတ်သင့်ဘာကြောင်း

တက္ကသိုလ်ဝင်တန်း စာမေးပွဲအစား အခြေခံပညာ အထက်တန်းစာမေးပွဲဟု အမည်ပြောင်းရန် စီစဉ်..


The Voice Weekly's Facebook Wall

တက္ကသိုလ်ဝင်တန်း စာမေးပွဲအစား အခြေခံပညာ အထက်တန်းစာမေးပွဲဟု အမည်ပြောင်းရန် စီစဉ်

ရန်ကုန်၊ စက်တင်ဘာ ၉

အဆင့်မြင့်ပညာ တက္ကသိုလ်များ ဝင်ခွင့်အတွက် ဖြေဆိုရသော တက္ကသိုလ်ဝင်တန်း စာမေးပွဲ နေရာတွင် အခြေခံပညာ အထက်တန်းစာမေးပွဲဟုသာ ပြောင်းလဲခေါ်ဆိုရန် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ စီစဉ်နေကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်းက The Voice သို့ ပြောကြားသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ် ပြောင်းလဲရန် ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်၍ အကောင်အထည် ဖော်မည့် နှစ်ကိုမူ မထုတ်ပြန်နိုင်သေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ ပညာရေးနယ်ပယ် တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် နီးစပ်သူတစ်ဦးကမူ အဆိုပါ နာမည် အပြောင်းအလဲကို လာမည့် ၂၀၁၅ ခုနှစ်မှစ၍ ပြောင်းလဲနိုင်ဖွယ် ရှိကြောင်း ပြောဆိုသည်။

“အတည်ပြုချက်တော့ မရှိသေးဘူး။ တချို့လည်း ဆွေးနွေးနေတုန်းပဲ။ မပြီးပြတ်သေးပါဘူး” ဟု ဒေါက်တာစိုးဝင်းက The Voice သို့ ရှင်းပြသည်။

ယင်းမှာ ပညာရေး ဝန်ကြီးဌာနက တက္ကသိုလ် စာမေးပွဲစနစ် ပြောင်းလဲရန် ကနဦး အစီအစဉ်အဖြစ် စတင်ခြင်း ဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်း စာမေးပွဲအဖြစ် ပြောင်းလဲခြင်းကြောင့် အထက်တန်း ပြီးဆုံးသူများသည် ကြိုက်နှစ်သက်ရာ တက္ကသိုလ်တိုင်းကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုကာ တက်ရောက်နိုင်မည် ဖြစ်ကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ပညာရေး ဝန်ကြီးဌာနက ပြုလုပ်သော ပညာရေး ဆွေးနွေးပွဲများတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့် အခြေခံပညာ အထက်တန်းစာမေးပွဲ အသုံးအနှုန်းတို့ကို ပြောင်းလဲရန် အချေအတင်ဝေဖန် ထောက်ပြလေ့ရှိပြီး လက်ရှိအချိန်ထိ သဘောတူညီချက် မရနိုင်သေးကြောင်း အခြေခံပညာ အသိုင်းအဝိုင်းထံ စုံစမ်းသိရှိရသည်။

သို့သော် လက်ရှိ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားပြီးသော အမျိုးသားပညာရေး ဥပဒေတွင် တက္ကသိုလ်ဝင်ခွင့်ကို သက်ဆိုင်ရာ တက္ကသိုလ်များ၏ သတ်မှတ်ချက်အလိုက် ရွေးချယ်လက်ခံသောစနစ် ပြောင်းလဲရန် ထည့်သွင်းထားသည်။


Admin  kmk