Monday, April 11, 2016

ကမ္ဘာအရှည်ဆုံး စပါးအုံးမြွေ



ကမ္ဘာအရှည်ဆုံး စပါးအုံးမြွေ
၂၆ပေ နီးပါး ရှည်တဲ့ စပါးအုံးမြွေကြီး တကောင်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က မလေးရှား နိုင်ငံ ပီနန်ကျွန်းပေါ်က ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ လဲကျနေတဲ့ သစ်ပင်အောက်မှာ ဖမ်းဆီး ရခဲ့ပါတယ်။
အဲဒီမြွေကြီးဟာ ဥတွေ ဥပြီးတဲ့နောက် မနေ့က ၊ တနင်္ဂနွေနေ့က သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ဘီဘီစီကို ပြောပါတယ်။
လက်ရှိ ကမ္ဘာ့ စံချိန်တင်ထားတဲ့ စပါးအုံးမြွေက ၂၅ ပေဘဲ ရှိတာမို့ အခု တွေ့ရှိရတဲ့ မြွေကြီးဟာ ကမ္ဘာ့အရှည်ဆုံး စပါးအုံးမြွေ အဖြစ် စာရင်း ၀င်ကောင်း ၀င်သွားနိုင်တယ်လို့ အရာရှိတွေက ဆိုပါတယ်။