Wednesday, June 8, 2016

ရဟန်းသာမဏေများလူထွက်ရခြင်းအကြောင်းရင်း



👏တိပိဋကယောဆရာတော်ကြီး၏သြဝါဒ👏
(ရဟန်းသာမဏေများလူထွက်ရခြင်းအကြောင်းရင်း)

💌 နွေရာသီရောက်လာပြီဆိုရင် မြစ်ထဲချောင်းထဲကငါးတွေဟာ ရေကနည်းလာ, ပူလာတော့ နေရထိုင်ရတာဒုက္ခရောက်လာကြတယ်။
💌 ဒီကြားထဲ တံငါသည်ကလည်း ပိုက်ကွန်တကားကားနဲ့ဖမ်းဖို့လုပ်နေသလို, ဗျိုင်း,ဗျိုင်းအောက်,တင်ကျီးစတဲ့ငှက်တွေကလည်း ဖမ်းသုတ်ဖို့ချောင်းနေကြတယ်။ နောက်ဆုံးတော့ ငါးတွေခမျာဒုက္ခရောက်ကြရရှာတယ်။

💬 ဒီအတူပဲ သာသနာမှာ ရေနဲ့တူတဲ့သဒ္ဓါတရားအားနည်းလာပြီဆိုရင် ရဟန်းသာမဏေတွေနေရတာ မပျော်ကြတော့ဘူး။
💬 အဲဒီအခါမှာ တံငါသည်နဲ့တူတဲ့ ငါးဖြာအာရုံကာမဂုဏ်တွေကလည်း ဖမ်းဖို့တကားကား လုပ်နေကြသလို၊ ဗျိုင်း,ဗျိုင်းအောက်,တင်ကျီးနဲ့တူတဲ့  ကိလေသာတွေကလည်း ဖမ်းဖို့ချောင်းနေကြတယ်။
နောက်ဆုံးတော့ သဒ္ဓါတရားအားနည်းတော့လူထွက်ကုန်ကြတယ်။ 
 💬  သဒ္ဓါတရားအားကောင်းလို့ကတော့ဗျာ ရိုက်ထွက်ခိုင်းတောင်မထွက်ပါဘူး၊ အဓိကတော့ သာသနာမှာမြဲတယ်, မမြဲဘူးဆိုတာ သဒ္ဓါတရားအားကောင်းတာနဲ့ အားနည်းတာနဲ့ပဲဆိုင်ပါတယ်။ ဒါကြောင့် ကိုရင်လေးတို့သဒ္ဓါတရားအားကောင်းအောင်လုပ်ကြ၊ လူမထွက်ကြနဲ့၊ သာသနာနဲ့မတွေ့တဲ့ လူတစ်ယောက်ရဲ့အနှစ်တရာအသက်ရှင်ခြင်းထက် သာသနာနဲ့တွေ့တဲ့လူတစ်ယောက်ရဲ့ တစ်ရက်အသက်ရှင်ခြင်းကပိုမြတ်တယ်၊ ဘာကြောင့်လဲဆိုတော့ မဂ်ဖိုလ်နိဗ္ဗာန် လမ်းကြောင်းကြီးကဖြောင့်တန်းနေလို့ပါပဲ။
(သာသနာမှာပျော်နိုင်ကြပါစေ)  

(တနေ့ကစာရေးဆရာတစ်ယောက်က ဖေ့ဘုတ်သုံးလို့ရဟန်းသာမဏေတွေလူထွက်ကုန်ကြတာလို့ပြောထားတာတွေ့လို့ တင်လိုက်တာပါ၊ အကြောင်းရင်းမှန်ကိုသိမြင်နိုင်ကြပါစေ)