Sunday, July 31, 2016

မော်လူး အုပ်စု စာရေးအသစ် မိတ်ဆက်ပွဲတဲ့ လုပ်ချလိုက်ပြီ



ဆန်းတော့  အဆန်းသားဗျာ

ကျေးရွာအုပ်စုစာရေး အသစ်ကို  ပွဲထုတ်ပြီး

မိတ်ဆက်ပေးတယ်ဆိုတော့

စိတ်ဝင်စားစရာကောင်းပြီဗျာ

******************

အင်းတော်မြို့  မှာပင် မရှိသေးသော  ဗိုလ်ချုပ်ကြေးရုပ်ကို မော်လူးကျေးရွာမှာ

ထုဆစ်ပုံဖေါ်မယ်ဆိုတော့  မော်လူးသားတွေအတွက်ဂုဏ်ယူစရာပါ

*******************


မော်လူး မှာ စည်ပင်သာယာရုံး တည်ဆောက်ဖို့ အတွက် မြေနေ ရာ ရွေးတယ်တဲ့




မော်လူးတွင်အင်းတော်မြို့ နယ်စည်ပင်သာယာရုံးခွဲဖွင့်လှစ်နိုင်ရေးတိုင်းတာရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ
မော်လူး ဇူလိုင်၃၁
@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ နယ်
မော်လူးတွင်ဇူလိုင်၃၁ရက်နေ့နံနက်၁၀နာရီအချိန်က အင်းတော်မြို့ နယ်စည်ပင်ရုံးခွဲဖွင့်လှစ်နိုင်ရေးအတွက်တိုင်းတာရေးလုပ်ငန်းများကိုကွင်းဆင်းဆောင်ရွက်ခဲ့သည် အဆိုပါမြေနေရာမှာ
ရွှေဘို-မြစ်ကြီးနားပြည်ထောင်စုလမ်း မကြီးအရှေ့ဘက်မြန်မာ့ဆက်သွယ်ရေးရုံးနှင့်ကပ်လျက်မြေနေရာဖြစ်ကြောင်း
အရှေ့အနောက်အလျား(၁၅၅)ပေ အနံအရှေ့ဘက်(၆၀)ပေ နှင့် အနံအနောက်ဖက်
(၃၄)ပေ စုစုပေါင်း(၀.၁၆)ဧကရှိကြောင်း မော်လူးတွင်စည်ပင်သာယာရုံးခွဲထားရှိခြင်း အားဖြင့်မော်လူးမြို့ ဖွံ့းတိုးတက်လာပြီးသန့်ရှင်းသပ်ရပ်သောမြို့ပြဖြစ်လာခြင်းဖြင့် ဒေသခံမိဘပြည်သူများအနေဖြင့်ဝန်ဆောင်မှုလုပ်ငန်းများတွင် လျင်မြန်ချော့မွေ့လွယ်ကူနိုင်တော့မည်ဖြစ်သည်
အဆိုပါတိုင်းတာခြင်းလုပ်ငန်းမြေနေရာသို့
အင်းတော်မြို့ နယ်စည်ပင်သာယာရေး ဥက္ကဌဦးတိုးမြင့်မြို့နယ်စည်ပင်သာယာ ဦးစီးအရာရှိဦးအေးမင်းထွန်းမြို့နယ် မြေစာရင်းဦးစီးမှူးဦးကျော်ကျော်လွင်
မော်လူးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့်ရပ်မိရပ်ဖများပါဝင်လျက်
အင်းတော်မြို့နယ်စည်ပင်သာယာရေးရုံးခွဲ
(မော်လူး)နေရာကိုတိုင်းတာခဲ့ကြကြောင်း
သိရပါတယ်
Cyclone

မော်လူးမှာ စည်ပင်က ကတ္တရာ ခင်း တံတား ဆောက်မှာ တဲ့ဗျာ ကတ္တရာကို free ခင်းပေးလို့ကတော့ မော်လူးသမိုင်းမှာ ပထမအကြိမ်ပါဘဲ




မော်လူးတွင် မြို့နယ်စည်ပင်သာယာမှ
အရှည်ပေ(၇၀၀)ကတ္တရာလမ်းနှင့်(့၂၁×၃.၆)ပေရှိသောကွန်ကရစ်တံတားငယ်၂စင်းဆောက်လုပ်ရန်ကွင်း ဆင်းစစ်ဆေး
မော်လူး ဇူလိုင် ၃၁
@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်
မော်လူးတွင် ဇူလိုင်၃၁ရက်နေ့နေ့လည်၁နာရီအချိန်က ၂၀၁၆/၁၇ဘဏ္ဍာရေးနစ်
အင်းတော်မြို့နယ်စည်ပင်သာယာကော်မတီရန်ပုံငွေဖြင့်အရှည်ပေ(၇၀၀)ကတ္တရာ
ခင်းခြင်းလုပ်ငန်းနှင့် (၂၁×၃.၆)ပေရှိသောကွန်ကရစ်တံတားငယ်၂စင်းဆောက် လုပ်ရန်အတွက်ကွင်းဆင်းစစ်ဆေးကြသည်
ထိုသို့ဆောင်ရွက်ရာတွင်မော်လူးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးမြင့်နှင့်အဖွဲ့အင်းတော်မြို့နယ်စည်ပင်သာယာ ဥက္ကဌဦးတိုးမြင့် မြို့နယ်စည်ပင်သာယာ ဦးစီး အရာရှိဦးအေးမင်းထွန်း မြိုနယ်စည်ပင်အင်ဂျင်နီယာဦးမင်းမင်းစိုး တို့က ကွင်းဆင်းတိုင်းတာကြသည် ၂၀၁၆/၁၇စည်ပင်သာယာကော်မတီရန်ပုံငွေဖြင့်တည်ဆောက်မည်.မော်လူးရပ်ကွက်(၆)နှင့်ဟဲနုရွာအောင်ချမ်း သာရပ်ကွက်တွင်အရှည်၂၁ပေ အကျယ်၃.၆ပေရှိသောတံတား ၂စင်းနှင့် ရပ်ကွက်(၅) ရတနာလမ်းတွင်အရှည်(၇၀၀)ပေရှိသောကတ္တရာ
လမ်းခင်းခြင်းတို့ကိုပွင့်လင်းရာသီတွင်ဆောက်လုပ်နိုင်ရန်အတွက်
ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းကို
ဆောင်ရွက်လျက်ရှိကြောင်းသိရသည်
Cyclone

Friday, July 29, 2016

လာပြန်ပြီတစ်မျိုး ဆရာ၊ ဆရာမများ သင်ကြားခွင့် လိုင်စင်ယူရတော့မည်တဲ့



ဆရာ၊ ဆရာမများ သင်ကြားခွင့် လိုင်စင်ယူရတော့မည်

ရန်ကုန်၊ ဇူလိုင် ၂၂

ပညာရေးဝန်ကြီးဌာနလက်အောက် အခြေခံနှင့် အဆင့်မြင့်ပညာဆရာ၊ ဆရာမတိုင်းကို လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်က စတင်ပြီး လေးနှစ်သက်တမ်းရှိ သင်ကြားခွင့်လိုင်စင်များ ရယူရန် စတင်သတ်မှတ်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာနထံ စုံစမ်းသိရှိရသည်။

လေးနှစ်တစ်ကြိမ် သက်ဆိုင်ရာ သင်ကြားရေး ဘာသာရပ်စာမေးပွဲများကို ဖြေဆိုအောင်မြင်ပြီးမှသာ ဆက်လက်သင်ကြားခွင့် လိုင်စင်ပေးမည် ဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပသော အခြေခံပညာရေး မြှင့်တင်မှုနှင့် ဆရာအခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ၌ ပညာရေး သုတေသန ဦးစီးဌာနက တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဒီအစီအစဉ်ကို ဝန်ကြီးဌာနကို အရင်တင်မယ်။ ပြီးရင်လွှတ်တော်တင်မယ်။ ဒါမှအကောင်အထည် ဖော်လို့ရမှာ” ဟု အဆိုပါဆွေးနွေးပွဲ တက်ရောက်သူ ကျောင်းဆရာမတစ်ဦးက The Voice သို့ပြောကြားသည်။

ယင်းအရည်အချင်းစစ် စာမေးပွဲများတွင် မကျဆုံးရှုံးစေရန် အစိုးရ သင်တန်းများသာမက ပြင်ပသင်တန်းများကို ဆရာ၊ ဆရာမများဘက်က ပိုအားကိုးလာမည်ကို စိုးရိမ်ကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။ “အမြဲတမ်း စာပြန်ကြည့်နေရမှာ ဖြစ်လို့ဆရာတွေ အရည်အချင်း တိုးတက်မှုတော့ ရှိမှာပေါ့” ဟု အထက်တန်းပြ ဆရာမတစ်ဦးက သုံးသပ်ပြောဆိုသည်။

ဆရာများ အရည်အသွေး တိုးမြှင့်ရေးအတွက် ပညာရေးဝန်ကြီးဌာနကပေးသော သင်တန်းများ တက်ရောက်ရုံနှင့် မလုံလောက်ဘဲ ပြင်ပသင်တန်းများကို ထပ်မံအကူအညီယူရပါက ပိုမိုအခက်အခဲ ဖြစ်လာနိုင်ကြောင်း ရန်ကင်းပညာရေး ကောလိပ်မှ အင်္ဂလိပ်ဘာသာသင် ဆရာမတစ်ဦးက ဆိုသည်။

ယင်းအပြင် နိုင်ငံတကာပညာရေးအဖွဲ့ (EI) ပညာရှင်များ ဇူလိုင်လဆန်းပိုင်းက မြန်မာနိုင်ငံသို့ လာရောက် လေ့လာစဉ် ဆရာ၊ ဆရာမများကို လစာနှင့် ခံစားခွင့်များ၊ ဆရာနှင့် ကျောင်းသား အချိုးမမျှတမှုများကြောင့် ဆရာအရည်အသွေးများ ကျဆင်းရခြင်း ဖြစ်ကြောင်းကို သုံးသပ်ပြောကြားဖူးသည်။

( The Voice Weekly) 
Credit
 — feeling ဆရာတွေ စာပဲ မသင်နေနဲ့ စာကြည့်ကြအုန်းနော်.

zapya တွေကနေဗိုင်းရပ်စ်ဝင်တာတဲ့ xender သုံးကြတဲ့




#‎Xender‬ ပြောင်းသုံးကြပါ 
Zapya virus အကြောင်းပြောပြမယ်
ဒီကောင်က အကျိုးပြုသလိုလိုနဲ့ နောက်ကွယ်မှာ လုပ်စားနေတဲ့အကောင်လို့ပြောရင်မှန်တယ်
သူ့ကိုတင်ပြီးတာနဲ့ Run တွေကိုအရင်စားတယ်
😂😂😂
အင်တာနတ်ဖွင့်နေချိန်မှာ နောက်ကွယ်ကနေ run ပေးနေပြီး
အမည်မသိ app တွေ .c file တွေ auto ဒေါင်းနေလိမ့်မယ်
(ဘားမှမသုံးရပဲ ဘေလ်ကုန်သွားတာပေါ့)
Rom တွေကို ဖြုန်းတီးပြစ်တယ်
ဒါ့ကြောင့် စက်က လေးသွားလိမ့်မယ်
နောက်ပြီး virus app တွေ ဒေါင်းပြီး install တင်လိမ့်မယ်
Unknow Sources ကိုကျော်သွားပြီဆိုရင်တော့
ခင်ဗျားဖုန်းကို link တွေ စတက်ပါပြီ
ရလဒ်က အင်တာနတ်ဖွင့်တာနဲ့ file တွေ ဒေါင်းနေပါလိမ့်မယ်
ဘေလ်တွေ စွန့်စားနေပါလိမ့်မယ်
Browser ဖွင့်တိုင်း app တွေ Security apk လိုမျိုးဟာတွေ ဒေါင်းဖို့ တက်လာပါလိမ့်မယ်
Phone အားတွေစားနေပါလိမ့်မယ်
နောက်ကွယ်ကနေ rom ကိုစားပြစ်နေတဲ့အတွက် ဖုန်းက တဖြေးဖြေးလေးလာပါလိမ့်မယ်
App က သုံးနေရင် ပြန်ပြန်ထွက်သွားပါလိမ့်မယ်
Zapya file share လုပ်နေရင်း တစ်ဖက်ဖုန်းမှ
Virus တွေ သယ်ဆောင်လာပါလိမ့်မယ်
File ထဲမှာ ရှိတဲ့ virus တွေ ဆွဲထုတ်လာပါလိမ့်မယ်
နောက်ဆုံး ဖုန်းက ပါဝါကျလိုက်တက်လိုက်ဖြစ်ပြီး
လဲရတဲ့ အဆင့်အထိ ဖြစ်သွားပါလိမ့်မယ်
Zapya ထဲ virus တွေ သွင်းထုတ်လုပ်နေတာ ၂၀၀၃ခုနှစ်ကတည်းကပါ
လုံခြုံရေး အားနည်းတာကတဆင့် ချိုးဖောက်ဝင်ယောက်လာတာပါ
ဒီလောက်ဆို သူ့ရဲ့ ကောင်းကျိုးလေးကို သိပြီးလောက်ရောပေါ့ 😂😂😂
Xender ပြောင်းသုံးပါဗျာ
Credit

smart ဖုန်းတွေ မကြာမီကာလအတွင်း မဖြစ်မနေသုံးရမည့် ယူနီကုတ် မြန်မာ စနစ်အကြောင်း



Zaw Thet Aung
July 25 at 2:15pm · Yangon ·
မီးမွှေးလက်စနဲ့ မထူးပါဘူး။ ဆက်မွှေးလိုက်ဦးမယ်။ ဒါက ယူနီကုတ် ၅.၁ ထွက်တုန်းက ရေးခဲ့တဲ့စာ။
ဖောင့်မသိတော့ ဇော်ဂျီ ယူနီကုတ်ထင်
မြန်မာ ယူနီကုတ်ဆိုတာ ဘာလဲ၊ ဇော်ဂျီက မြန်မာယူနီကုတ် စံနှုန်းကနေ ဘာတွေ လွဲနေသလဲ၊ ဘာကြောင့် ယူနီကုတ်စနစ်ကို ပြောင်းသုံးသင့်တာလဲလို့ ဇဝေဇဝါ ဖြစ်နေသူများကို ရှင်းပြဖို့ အတွက် ဒီစာကို ရေးပါတယ်။
ဟိုးအရင် ကာလတွေတုန်းက ကွန်ပြူတာမှာ မြန်မာစာလုံးကို သိမ်းဆည်းတဲ့ အခါမှာ မြန်မာစာလုံး အဖြစ်မသိမ်းဆည်းပဲ အင်္ဂလိပ် စာလုံးနဲ့ ညီမျှတဲ့ နံပါတ် အဖြစ်နဲ့ပဲ သိမ်းဆည်းပါတယ်။ အကယ်၍ ကျွန်တော်တို့ သဝေထိုး (ေ) ကို ရိုက်ပြီး ကွန်ပြူတာ ထဲမှာ သိမ်းမယ်ဆိုရင် ကွန်ပြူတာက သဝေထိုးအနေနဲ့ မသိမ်းပဲ အင်္ဂလိပ်စာလုံး "a" နဲ့ ညီမျှတဲ့ နံပါတ် 97 အနေနဲ့ သိမ်းပါတယ်။ အဲဒီလို စနစ်မျိုး သုံးထားတဲ့ ဖောင့်ကို အက်စကီးဖောင့် (ASCII Font)လို့ ခေါ်ပါတယ်။ အက်စကီး ဖောင့်တွေဟာ တရုတ်၊ ကိုရီးယား ဘယ်ဘာသာ စကားကို မဆို အင်္ဂလိပ် အက္ခရာ ဒါမှမဟုတ် !@ အစရှိတဲ့ သင်္ကေတ (Symbol) တွေနဲ့ ညီမျှတဲ့ ဂဏန်းတွေ အဖြစ် ပြောင်းပြီး သိမ်းပါတယ်။ အက္ခရာ တစ်လုံးကို သိမ်းဖို့ ဂဏန်း ၂ လုံးစာ နေရာ ပေးရပါတယ်။ ဝင်းအင်းဝ၊ ဝင်းကလော ၊ CE စတဲ့ မြန်မာဖောင့်တွေဟာ အဲဒီလို စနစ်မျိုးနဲ့ အလုပ်လုပ်ပါတယ်။ အဲဒါကြောင့်မို့ ဝင်းအင်းဝနဲ့ ရေးထားတဲ့ စာကို မြန်မာ ဖောင့်မရှိတဲ့ အချိန် ဖတ်ရင် အင်္ဂလိပ် စာလုံးတွေ မြင်ရတာပါ။

ယူနီကုတ် စံနှုန်းမှာတော့ ဘာသာစကား တစ်ခုချင်းစီ အတွက် သီးသန့် ဂဏန်း (Codepoint) တွေ သတ်မှတ်ပေးထားပါတယ်။ တကမ္ဘာလုံးမှာ ရှိသမျှ ဘာသာစကားတွေ အတွက် ဂဏန်း ၂လုံးစာ နဲ့ မလောက်တဲ့ အတွက် အခြေ ၁၆ ရှိတဲ့(Hexadecimal) ဂဏန်း ၄လုံး သုံးထားပါတယ်။
အဲဒီအတွက် အက္ခရာ ၆သောင်း ၅ထောင်ကျော် ကို ယူနီကုတ် စနစ်မှာ ကွဲကွဲပြားပြား သိမ်းလို့ရပါတယ်။ မြန်မာစာ နဲ့ တိုင်းရင်းသား ဘာသာစကားများ ဖြစ်တဲ့ ရှမ်း၊မွန်၊ စကောကရင်၊ ပိုးကရင် စတဲ့ ဘာသာစကားတွေ အတွက် ယူနီကုတ် အဖွဲ့ (Unicode Consortium) က ယူနီကုတ်နံပါတ် 4096 ကနေ 4255 (Decimal) အတွင်းမှာ သတ်မှတ်ပေးထားပါတယ်။ အဲဒီတော့ ကျွန်တော်တို့ မြန်မာစာ သဝေထိုး “ေ” ကို ရိုက်ပြီး သိမ်းမယ် ဆိုရင် ယူနီကုတ် စံနှုန်းမှာ နံပါတ် 4145 အနေနဲ့ သိမ်းပေးပါတယ်။ ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာစကားတွေ အားလုံးထဲမှာ 4145 နဲ့ ညီမျှတဲ့ အက္ခရာ ဟာ မြန်မာ အက္ခရာ သဝေထိုး တစ်ခုပဲ ရှိပါတယ်။ အခြား ဘယ်ဘာသာ စကားမှာမှ မရှိပါဘူး။ အဲဒါကြောင့် မြန်မာယူနီကုတ်ဖောင့် မရှိရင် အဲဒီစာလုံးကို လေးထောင့်ကွက် အဖြစ်နဲ့ပဲ မြင်ရပါတယ်။
ဇော်ဂျီနဲ့ ယူနီကုတ် ဖောင့်တွေ ရဲ့ ကွာခြားချက်က အဲဒီမှာ စမြင်နိုင်ပါတယ်။ ယူနီကုတ်ဖောင့် (Myanmar3, Padauk, Parabaik, MyMyanmar) အစရှိတဲ့ ဖောင့်တွေက ယူနီကုတ် အဖွဲ့က Unicode 5.1 Standard မှာ သတ်မှတ်ပေးထားတဲ့ စံနှုန်းအတိုင်း အတိ အကျ လိုက်နာပြီး သတ်မှတ်ထားတဲ့ ဂဏန်းတွေနဲ့ စာလုံးတွေကို သိမ်းပါတယ်။ ဇော်ဂျီကတော့ ကိုယ့်ဘာသာကိုယ် သိမ်းချင်တဲ့ ဂဏန်းနဲ့ သိမ်းထားပါတယ်။ ဇော်ဂျီက သုံးတဲ့ ဇယားနဲ့ ယူနီကုတ် အဖွဲ့က တရားဝင် သတ်မှတ်ပေးထားတဲ့ ဇယား နှစ်ခုကို အောက်မှာ ယှဉ်ပြ ထားပါတယ်။
ဒါပေမယ့် ရိုက်သမျှ ဂဏန်းကို မြန်မာစာအတွက် သတ်မှတ်ပေးထားတဲ့ ဂဏန်းတွေနဲ့ သိမ်းတိုင်းလည်း ယူနီကုတ်လို့ ပြောလို့ မရပါဘူး။ ယူနီကုတ် ဖောင့်တွေ လိုက်နာရမယ့် အခြား အချက်တွေ ရှိပါသေးတယ်။
ပထမအချက် အနေနဲ့ အခြားစာလုံးနဲ့ တွဲလိုက်လို့ ပုံစံပြောင်းသွားတဲ့ စာလုံးတွေ အတွက် ယူနီကုတ်ဖောင့်က စာလုံးပုံစံကို အလိုအလျောက် ပြောင်းပေးရပါတယ်။ ဥပမာ အားဖြင့် “နိုင်” ဆိုတဲ့ စာလုံးကို လေ့လာကြည့်ပါ။ “နိုင်” ဆိုတဲ့ စကားလုံးကို မြန်မာလို နငယ် လုံးကြီးတင် တစ်ချောင်းငင် င အသတ် ဆိုပြီး ရိုက်ရပါတယ်။ မြန်မာစာမှာ နငယ် အကြီးနဲ့ နငယ် အသေးဆိုပြီး ၂ မျိုး မရှိပါဘူး။ နငယ်က တစ်မျိုးပဲ ရှိပါတယ်။ မြင်ရတဲ့အချိန်မှာသာ နငယ် အကြီးနဲ့ အသေး ကွာသွားတာပါ။
ယူနီကုတ်ဖောင့်တွေမှာ နငယ်ကို တစ်ချောင်းငင်နဲ့ တွဲရိုက်လိုက်တာနဲ့ နငယ်အကြီးကို အသေး (န) အဖြစ် User မြင်အောင် အလိုအလျောက် ပြောင်းပေးပါတယ်။ ဒါပေမယ့် အကြီးပဲ ပြပြ အသေးပဲပြပြ နောက်ကွယ်မှာ နငယ်ကို သိမ်းထားတဲ့ ဂဏန်းကတော့ 4116 တစ်ခုတည်းပါပဲ။ ဇော်ဂျီဖောင့်မှာတော့ အဲဒီလို နည်းပညာ မပါပါဘူး။ နငယ် အသေးကို သပ်သပ် ရိုက်ပေးရပါတယ်။ ဇော်ဂျီဖောင့်မှာ နငယ် အကြီး ရိုက်ရင် 4116 နဲ့ သိမ်းပြီး အသေးရိုက်ရင် 4239 နဲ့ သိမ်းပါတယ်။ Smart Rendering မလုပ်ဘဲ သိမ်းထားတဲ့ အတိုင်း ပြန်ပြီး ရိုက်ပြ ပါတယ်။ ယူနီကုတ် ၅.၁ စံနှုန်းအရ ဇော်ဂျီက “န” အနေနဲ့ သုံးထားတဲ့ နံပါတ် 4239 ဟာ မြန်မာဘာသာ အတွက် သတ်မှတ်ထားတဲ့ ဂဏန်းမဟုတ်ပဲ ပလောင် ဘာသာစကားအတွက် သတ်မှတ်ထားတဲ့ ဂဏန်း ဖြစ်ပါတယ်။
အားလုံး ပြောနေကြတဲ့ ရရစ် ပြသနာဟာ လည်း ဒါပါပဲ။ ဇော်ဂျီမှာ ရရစ် အတွက် ယူထားတဲ့ ဂဏန်း ၈ လုံး တိတိ ရှိပြီး User အနေနဲ့ ကိုယ်သုံးချင်တဲ့ ရရစ်ကို ကိုယ့်ဘာသာကိုယ် ရွေးရပါတယ်။ ရရစ် အတွက် ယူသုံးထားတဲ့ ဂဏန်းတွေကတော့ ရှမ်းဘာသာစကား အတွက် သတ်မှတ်ပေးထားတဲ့ ဂဏန်းတွေပါ။ ယူနီကုတ် ဖောင့်တွေမှာတော့ သူနဲ့ တွဲဆက်ထားတဲ့ အက္ခရာတွေ ပေါ်မူတည်ပြီး ရရစ်က အလိုအလျောက် ပုံစံပြောင်း ပေးပါတယ်။ ရရစ်အတွက် 4156 ဂဏန်း တစ်လုံးကိုပဲ သုံးထားပါတယ်။
ဒုတိယ အချက်အနေနဲ့ ယူနီကုတ်ဖောင့်တွေဟာ User က ရိုက်ထည့်လိုက်တဲ့ ဂဏန်းကို နောက်ကွယ်မှာ စံနှုန်းနဲ့ ညီတဲ့ အစီအစဉ် တကျ ပြန်စီပေးရပါတယ်။ အဲဒါကို Normalization လုပ်တယ်လို့ ခေါ်ပါတယ်။ User အနေနဲ့ “နိုင်” ဆိုတဲ့ စာလုံးကို “န” + “_ိ ”+ “ -ု” + “င” + “-်” ဆိုပြီး ရိုက်ထည့်လို့ ရသလို “န” + “ -ု” + “_ိ ” + “င” + “-်” ဆိုပြီး တော့လည်း ရိုက်လို့ ရပါတယ်။ “နိုင်” ဆိုတဲ့ စကားလုံးကို User အနေနဲ့ “_ိ ”+ “ -ု” (လုံးကြီးတင် တစ်ချောင်းငင်) နဲ့ပဲ ရိုက်ထည့်ထည့် “ -ု” + “_ိ ” (တစ်ချောင်းငင် လုံးကြီးတင်) နဲ့ပဲ ရိုက်ထည့်ထည့် ယူနီကုတ် ဖောင့်က နောက်ကွယ်မှာ “_ိ ”+ “ -ု” (လုံးကြီးတင် တစ်ချောင်းငင်) အဖြစ် ပြန် အစီအစဉ် ချပြီး သိမ်းပေးပါတယ်။ ဇော်ဂျီကတော့ အစီအစဉ် မချပဲ User ရိုက်ထည့်တဲ့ အတိုင်း သိမ်းပါတယ်။
သိမ်းချင်သလို သိမ်းကွာ ဖတ်လို့ရပြီးတာပဲ လို့ ပြောချင်တဲ့သူများလည်း ရှိပါလိမ့်မယ်။ ဖတ်လို့ ရတာ ဟုတ်ပေမယ့် ရှာတဲ့နေရာမှာ ရှော့ခ် ရှိပါတယ်။ ဇော်ဂျီဖောင့်နဲ့ ရှာချင်ရင် အစီအစဉ်တကျ ရိုက်ထည့်ထားတဲ့ စာကိုပဲ ရှာလို့ ရပါမယ်။ လုံးကြီးတင် တစ်ချောင်းငင် နဲ့ ရေးထားတဲ့ စာကို တစ်ချောင်းငင် လုံးကြီးတင် နဲ့ ပြန်ရှာရင်တွေ့မှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ တစ်ချောင်းငင် လုံးကြီးတင် နဲ့ ရေးထားတဲ့စာကို လုံးကြီးတင် တစ်ချောင်းငင် နဲ့ ပြန်ရှာရင်လည်း တွေ့နိုင်မှာ မဟုတ်ပါဘူး။
ကွန်ပြူတာနဲ့ ဆက်စပ်ပြီး အလုပ်လုပ်နေသူများအတွက် နောက်ဥပမာ တစ် စ်ခုကို ထပ်ပေးပါမယ်။ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံ လူဦးရေ စစ်တမ်း ကောက်တဲ့ ဒေတာဘေ့စ် တစ်ခု လုပ်ချင်တယ် ဆိုပါစို့။ လူနှစ်ယောက်ဟာ နာမည်တူ အဖေနာမည်တူ ရှိနိုင်ပေမယ့် မှတ်ပုံတင် နံပါတ်တော့ အတူတူ မရှိနိုင်ပါဘူး။ အဲဒီတော့ လူတစ်ယောက်ကို ဒေတာဘေ့စ်ထဲမှာ ၂ ခါ ပြန်မထည့်မိအောင် ကျွန်တော်တို့အနေနဲ့ မှတ်ပုံတင် နံပါတ် Column ကို Unique Constraint အနေနဲ့ ထည့်ထား လိုက်ပါမယ်။ အဲဒီလို လုပ်တဲ့အတွက် User က မှတ်ပုံတင် နံပါတ် တစ်ခုတည်းကို ၂ ခါပြန်ထည့်မိရင် ဒေတာဘေ့စ်က လက်မခံဘဲ Error ပြန်လာပါလိမ့်မယ်။
အဲဒီ ဒေတာဘေ့စ်ကို ယူနီကုတ် ၅.၁ နဲ့ သိမ်းရင် မှတ်ပုံတင် နံပါတ်က နှစ်ခု မထပ် နိုင်ပါဘူး။ ဥပမာ ၅/စကန(နိုင်)၀၀၀၀၀၀ ဆိုတဲ့ မှတ်ပုံတင် နံပါတ်ကို ဒေတာဘေ့စ်ထဲမှာ တစ်ကြိမ်ပဲ ရိုက်ထည့်လို့ ရပါမယ်။ (နိုင်) ကို ရိုက်ထည့်တဲ့သူက “_ိ ”+ “ -ု” (လုံးကြီးတင် တစ်ချောင်းငင်) အစီအစဉ် နဲ့ ရိုက်ရိုက် “ -ု” + “_ိ ” (တစ်ချောင်းငင် လုံးကြီးတင်) အစီအစဉ်နဲ့ ရိုက်ရိုက် ယူနီကုတ်ဖောင့်က Normalize လုပ်ပေးတဲ့အတွက် နောက်ဆုံးမှာ ဒေတာဘေ့စ်ထဲကို “_ိ ”+ “ -ု” (လုံးကြီးတင် တစ်ချောင်းငင်) အစီအစဉ်နဲ့ပဲ ဝင်သွားပါလိမ့်မယ်။ ဇော်ဂျီနဲ့ ရိုက်ထည့်လို့ User က (နိုင်) ကို မှားယွင်းပြီး ရိုက်ထည့်ရင် “_ိ ”+ “ -ု” (လုံးကြီးတင် တစ်ချောင်းငင်) နဲ့ တစ်ခါ “ -ု” + “_ိ ” (တစ်ချောင်းငင် လုံးကြီးတင်) နဲ့တစ်ခါ မှတ်ပုံတင် နံပါတ် တစ်ခုတည်းကို ၂ ခါဝင်သွား နိုင်ပါတယ်။ လူဦးရေ စာရင်းလို သန်းဂဏန်း နဲ့ ရှိတဲ့ ဒေတာတွေထဲမှာ အဲဒီလို အမှားမျိုး မတော်တဆ ဖြစ်ခဲ့ရင် ကျွန်တော်တို့ အမှားကို တွေ့အောင် ရှာနိုင်ပါ့မလား။
အဲဒီဒေတာဘေ့စ်ကို ယူနီကုတ် ၅.၁ နားလည်တဲ့ ဒေတာဘေ့စ် (ဥပမာ MySQL Latest Version) အဖြစ် Convert လုပ်ရင် Error တက်ပါလိမ့်မယ်။ Database ထဲမှာ အစီအစဉ်တကျ သိမ်းထားတဲ့ စာက ပြသနာ မရှိပေမယ့် Normalize မလုပ်ဘဲ သိမ်းချင်သလို သိမ်းထားတဲ့စာကိုတော့ Database က သူနားလည်သလို Unicode Normalization လုပ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ နံပါတ် ၂ ခု အတူတူ ဖြစ်သွားတဲ့ အတွက် Unique Constraint ကို ချိုးဖောက်မိပြီး ဒုက္ခနဲ့ လှလှ တွေ့ပေးနိုင်ပါတယ်။
ဒေတာဘေ့စ်က မြန်မာစာလုံးတွေကို Normalize လုပ်ပေးတယ် ဆိုပေမယ့် ကိုယ်မှန်းထားတဲ့ အစီအစဉ်အတိုင်းတော့ ဝင်သွားဖို့တော့ မလွယ်ပါဘူး။ ဒေတာဘေ့စ်က မနောမယ ဒေတာဘေ့စ် ဖြစ်နေမယ် ဒါမှမဟုတ် ဒေတာဘေ့စ် အက်ဒမင်က ဒေးဗစ်ကော့ပါးဖီး ဖြစ်နေမယ် ဆိုရင်တော့လည်း တစ်မျိုးပေါ့။
နောက်တစ်ခု ကွာတာကတော့ “က္က” လိုမျိုး ပါဌ်ဆင့် တွေ ရိုက်တဲ့ နေရာမှာပါ။ ပါဌ်ဆင့်တွေ အတွက် ယူနီကုတ်မှာ ဂဏန်း သတ်သတ် ပေးမထားပါဘူး။ ယူနီကုတ် စံနှုန်း အရ ပါဌ်ဆင့်နှစ်ခု ရဲ့ ကြားမှာ 4153 ဆိုတဲ့ ဂဏန်းကို ထည့်ပြီး သိမ်းပါတယ်။ ဖောင့်က 4153 ဆိုတဲ့ ဂဏန်းကို တွေ့ရင် ရှေ့နောက် ဂဏန်း နှစ်လုံးကို ဆက်ပြီး သူ့အလိုအလျောက် ပါဌ်ဆင့် အဖြစ် ရိုက်ပြ ပါတယ်။ ဥပမာ “က္က” ဆိုတဲ့ စာလုံးကို သိမ်း ချင်ရင် ယူနီကုတ် စံနှုန်းမှာ က ရဲ့ နံပါတ်က 4096 ဖြစ်တဲ့ အတွက် “4096 + 4153 + 4096” ဆိုပြီး သိမ်းပါတယ်။ User အနေနဲ့လည်း ကီးဘုတ်ပေါ်မှာ ~ အက္ခရာတွေ “Ctrl + Alt” တွေ ရိုက်စရာ မလိုဘဲ ပါဌ်ဆင့်ရဲ့ ဒုတိယ အက္ခရာ မရိုက်ခင်မှာ “4153” နဲ့ ညီမျှတဲ့ “Shift + f ” ကို ကီးဘုတ်ပေါ်ကနေ ရိုက်ထည့် လိုက်ရုံပါပဲ။ “က” + “Shift +f ” + “က” ဆိုရင် ကကြီး နှစ်လုံးဆင့် ဖြစ်ပါတယ်။
ဇော်ဂျီမှာတော့ ပါဌ်ဆင့်တွေကို ပါဌ်ဆင့်အတိုင်း သိမ်းပါတယ်။ အဲဒီအတွက် မြန်မာစာ အတွက် မဟုတ်ဘဲ ကရင် ဘာသာစကားအတွက် သတ်မှတ်ထားတဲ့ ဂဏန်း 4192 ကနေ 4220 အတွင်းက ဂဏန်းတွေကို ယူသုံးပြီး သိမ်းပါတယ်။ အဲဒီလို တိုင်းရင်းသား ဘာသာစကားတွေ အတွက် သတ်မှတ်ပေးထားတဲ့ ကုတ်ပွိုင့်တွေကို ယူသုံးထားတဲ့ အတွက် အခု လက်ရှိသုံးနေတဲ့ ဇော်ဂျီ ၂၀၀၈ ကို သုံးမယ် ဆိုရင် တိုင်းရင်းသားဘာသာ ယူနီကုတ်တွေနဲ့ အတူတွဲပြီး ပြဖို့ မဖြစ်နိုင်ပါဘူး။
ဒီလောက်ဆိုရင် ဇော်ဂျီနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီ အများစုကို ရှင်းရှင်းလင်းလင်း သိကြပြီလို့ ထင်ပါတယ်။
July 15, 2009

Wednesday, July 27, 2016

မော်လူး ဒေသက ပြည်သူလူထု ယုံကြည်လေးစာသူဟု ယုံကြည်နေသူတွေကတော့ ပျော်ပီရေ


ကျေးရွာခွဲ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတွေ  လစာ  ရတော့မယ်တဲ့ဗျာ
ဥက္ကဋ္ဌက  ၉၀၀၀၀ိ/
အဖွဲ့ဝင်က ၇၀၀၀၀ိ/


Tuesday, July 26, 2016

ဝန်ကြီးချုပ် ၁၄ ဦးစလုံး၏ ကိုယ်ရေးရာဇ၀င်နဲ့ နောက်ခံ သမိုင်းကြောင်းများ


ဝန်ကြီးချုပ် ၁၄ ဦးစလုံး၏ ကိုယ်ရေးရာဇ၀င်နဲ့ နောက်ခံ သမိုင်းကြောင်းများ
*********************************
NLD ပါတီဝင် အမတ်များမှာ ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ် များဖြစ်လာကြပြီဖြစ်သည်။
ရွေးကောက်ခံသမ္မတ ဦးထင်ကျော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)မှ ပြည်နယ်နှင့် တိုင်းဒေသ ကြီး လွှတ်တော်အမတ် ၁၄ ဦးကို ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ် များအဖြစ် သက်ဆိုင်ရာ လွှတ်တော် များသို့ တင်သွင်းပြီး အတည်ပြုခန့်အပ်လိုက်ပြီဖြစ်သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ် ၁၄ ဦး၏ ကို်ယ်ရေးရာဇ၀င်များကို စုစည်းဖော်ပြ လိုက်ပါသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ကချင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခံထားရသူ ဒေါက်တာခက်အောင်သည် အသက် ၆၉ နှစ် ရှိပြီဖြစ်ပြီး အဘ ဦးခက်လ နှင့် အမိ ဒေါ်အင်လမ်းပရီ ၏ သားတဦးဖြစ်သည်။ ဒေါက်တာခက်အောင်သည် ကချင်လူမျိုး၊ ခရစ်ယာန် ဘာသာဝင်တဦး ဖြစ်ကာ ခံတွင်းနှင့် သွားဘက်ဆိုင်ရာ ဆရာဝန် တဦး အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။
သူသည် ပြင်ဦးလွင်မြို့၊ ကွတ်ခိုင်၊ ဗန်းမော်၊ တောင်ငူ၊ မြစ်ကြီးနားမြို့ များတွင် အခြေခံ ပညာသင်ကြားခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် မြစ်ကြီးနားမြို့၊ အ.ထ.က ( ၁) မှ တက္ကသိုလ်ဝင် အထက်တန်းစာမေးပွဲ ကို ဓာတုဗေဒ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူဖြစ်သည်။
ထို့နောက် ၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ B.D.S ဘွဲ့ကို ရရှိခဲ့သလို ၁၉၆၆ ခုနှစ် ဇန်နဝါရီလ တွင် ရန်ကုန်မြို့၌ ကျင်းပသော ပထမ အကြိမ် တိုင်းနှင့်ပြည်နယ် စက်ဘီးစီးပြိုင်ပွဲ တွင် ကချင်ပြည်နယ် ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် တခု၊ ငွေတံဆိပ်တခု၊ ကြေးတံဆိပ်တခု ဆွတ်ခူးရရှိပြီး တတိယဒိုင်းဆု ရရှိကာ ကချင်ပြည်နယ်၏ ဂုဏ်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။
ဒေါက်တာခက်အောင်သည် ၁၉၇၃ ခုနှစ် တွင် ဒေါက်တာ ဂျေကော့ဘူ (မြို့နယ်ကျန်းမာရေး ဦးစီးမှူး) (ငြိမ်း) နှင့် အိမ်ထောင်ပြုခဲ့ပြီး ဒေါက်တာ အိပ်ခ်ျဆိုင်းရာ၊ ဒေါက်တာ အိပ်ခ်ျမွန်းအောန် အမည်ရှိ သမီး နှစ်ဦး နှင့် ဒေါက်တာအိပ်ခ်ျ အောင်မိုင် နှင့် ဦးအိပ်ခ်ျထွယ်ဆပ်အောင် အမည်ရှိ သား နှစ်ဦး ထွန်းကားခဲ့သည်။

Sunday, July 24, 2016

မသိ မသာ - ဇာဂနာ







မသိမသာ ၊ ဇာဂနာ (၂)
***************************

ဇာဂနာလည်း အကုသိုလ် တော်တော်များတယ် ထင်ပါရဲ့၊ ဘာလုပ်လုပ် အနှောင့်အသွားကို မလွတ်ပါဘူးခင်ဗျာ။ အရင်တုန်းက ဇာဂနာသိသားပဲ ဆိုပြီး ရေးခဲ့ပါတယ်။

အောင်မယ် ဇာဂနာဆိုတဲ့ကောင် သူ အကုန်သိတယ်ဆိုပြီး ကြွားလိုက်တာလို့ အပြောခံရပါတယ် ခင်ဗျ။ တစ်ခါ ဇာဂနာ ဘာမှမသိ ပါဘူးဆိုပြီး ရေးပြန်တော့ ဇာဂနာဆိုတဲ့ကောင် ရွဲ့တယ်တဲ့။ ခုတစ်ခါ မသိမသာ ဇာဂနာ ဆိုပြန်တော့ လုပ်ပြန်ပြီ ဇာဂနာတို့က အကျင့်ကို မကောင်းဘူးတဲ့။ မြန်မာစာစကားမှာ မသိမသာ ထည့်လိုက်တယ် တို့၊ မသိမသာလေး အဆင်းဘီးတွန်းလိုက်တယ်တို့ ရှိတာကိုး ခင်ဗျ။ ဒီတော့ ဇာဂနာ စိတ်ပုပ်တယ်လို့ ပြောပြန်ပါလေရော။ ပြောပါခင် ဗျာ။ ပြောကြပါ။ ဇာဂနာဆိုတာ ခံဘက်ကပါ။ တူဖြစ်ခွင့် တစ်သက် လုံး မရခဲ့ပါဘူး ခင်ဗျ။

ဒီကြားထဲ ဇာဂနာ့သူငယ်ချင်း မဟာပြင်ညာကျော်တွေက မသိမသာ ဆိုတာ Unnoticeably လား ၊ Unobtrusively လား  ၊ Imperceptibly လား ၊ ဘာကိုဆိုလိုတာလဲ ရှင်းစမ်းပါဦးဆိုတော့ ခေါင်းအလည် ထိပ်တည့်တည့် ချွေးများတောင် ထွက်ခဲ့ရပါတယ်။ သူတို့လို ကိုယ်က စာတတ်ပေတတ်မဟုတ်တော့ ဘယ်ရှင်းပြတတ် ပါ့မလဲ။ သူတို့ကတော့ ရုပ်မြင်သံကြားမှာ အင်္ဂလိပ်စကားနဲ့ မြန်မာ စကားကို အသုပ်သုပ်ပြောနေတဲ့ သူတွေကိုး ခင်ဗျာ။

သူတို့ တစ်ခါတစ်ခါပြောလိုက်ရင် ဇာဂနာဖြင့် နားကိုမလည် ခဲ့ပါဘူး အမှန်ပါ။ သူတို့ကလည်း တော်မှတော် ၊ နိုင်ငံရေးပြော လည်း ထိပ်ဆုံးက ၊ စီးပွားရေးလည်း ထိပ်ဆုံးက ၊ ဟော..အား ကစားဆိုလည်း ထိပ်ဆုံးကပဲခင်ဗျ။ Zig Zaglar ရှဲ့See you at the top ကို မြန်မာပြည်က ဟိုဆရာလေး မောင်ပိုင်စီးလိုက်သလိုပေါ့ ခင်ဗျ။ ထိပ်ဆုံးက ကျွန်တော်တွေချည်းပါပဲ။ ဇာဂနာတို့ကတော့ See you at the sop တွေ ခင်ဗျ။ သုံးစားမရပါဘူး။ ဖော်မလင်ပါတဲ့ မုန့်တီဖတ်တွေပါခင်ဗျာ။ှSee you at the cop  ဆိုရင်တော့ ဇာဂနာ တို့ နည်းနည်း နားလည်ပါတယ်ခင်ဗျ။ ရဲနဲ့ အလုပ်လုပ်ရတာ များ တာကိုးလေ။

ဒါပေမဲ့ ဇာဂနာတို့ကတော့ တုံးပါတယ်။ မက်ဆီ အခွန်မဆောင် လို့ ထောင်၂၁ လ ကျမယ်ဆိုတော့ သနားတာပေါ့၊ စိတ်မကောင်း ဘူးပေါ့။ သူတို့ကတော့ တက်စ်ဆိုတာ တိုင်းပြည်အတွက် ဘက်(ခ်) ဘုန်းလေ၊ နေးရှင်းဘီးလ်ဒင်းမှာ တက်စ်မရရင် ဘာပလင်န်မှ အင် ဒေါစ် မလုပ်နိုင်သလို အင်ပလီမင့်န် မလုပ်နိုင်ဘူး ဆိုပြန်တော့ ဇာဂနာ ဘာနားလည်ရမှန်းကို မသိပါဘူး ခင်ဗျာ။ ကိုယ်ကကို ညံ့နေတာပါ။

တစ်ခါ ဆရာတို့က အားကစားဆိုပြန်ရင်လည်း ဆက်စပိစ်က နေ ဂိုးရအောင် လုပ်တယ်တဲ့။ ဇာဂနာ့ နားထဲမတော့ ဆဲနေသလို ပါပဲ၊ ဆက်စပိစ်ဆိုတာ ဘယ့်နှာကြီးတုန်းပေါ့။ ပြီးတော့ တစ်ယောက် က ရှဲဒိုးစထရိုက်ကာလုပ်ပြီး နောက်တစ်ယောက်က အင်ဗစ်ဇင်း ဘယ်လ်အတက်ခ် လုပ်ရမယ်ဆိုတော့ ဇာဂနာ ဘာဆို ဘာမှ မသိ တော့ပါဘူး ခင်ဗျာ။ သူတို့ အဲသလောက်တတ်နေရင်လည်း မြန်မာ့ အသင်း ဘာလို့ ကန်တိုင်းရှုံးနေမှန်း မသိတော့ပါဘူး။ လူကြီးအသင်း မို့ ရှုံးသလားမှတ်တယ်။ ၁၆နှစ်အောက်တွေကလည်း ဆယ်ယောက် တည်းရှိတဲ့ မလေးရှားအသင်းကို ဆယ့်တစ်ယောက်နဲ့ကန်ပြီး ရှုံးတာ ပါပဲ။

ဒါလည်း ခပ်ကောင်းကောင်းခင်ဗျ။ မဟုတ်ရင် ဆက်ကြည့် နေရဦးမှာကိုး။ ဘောအုပ်ကြီး ဦးဇော်ဇော်ကတော့ ယူ-၁၆ အသင်း ကန်တာကို သဘောကျမှာပေါ့လေ။ ဒါမှ သူ့ခမျာ ပတ်စ်ပို့တွေထဲ အသက်တွေ လိုက်လိုက်မလိမ်ရရှာတော့ဘူးပေါ့။

ဇာဂနာတို့ မြန်မာပရိသတ်ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်အသင်း ကိုယ် အားပေးနေဆဲပါပဲ။ ချစ်လျှင်အကျိုး မြတ်နိုးတော့ သဒ္ဓါ ဆို သကိုး။ ကိုယ့်မြန်မာဘောသမားလေးတွေကို ချစ်ကြတာကိုး။ အောင် သူ၊ သန်းပိုင် ဂိုးမသွင်းနိုင်လည်း ချစ်နေတော့ မျက်စိစုံမှိတ်ထောက် ခံပစ်တာ မြန်မာ့ဓလေ့ကိုး ခင်ဗျ။

ဟောကြည့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဘတ်စ်ကားစီးတော့ လည်း ဒါမှ ပြည်သူနဲ့ တစ်သားတည်းတစ်ထပ်တည်း၊ ကွီးဖြိုး ဒုန်း ဒုန်းဒုန်းလို့ ထောက်ခံကြတာပဲမဟုတ်လား။ ဇာဂနာလည်း သဘော ကျတယ် ခင်ဗျ။ ကိုဖြိုးမင်းသိန်းကိုလည်း အကြံပေးချင်တယ်။ နေ့ တိုင်းသာ တက်ဗျာ။ ဇာဂနာလည်း လိုက်စီးချင်ပါတယ်။ ဒါမှ ကား ချောင်မှာကိုး။ ဝန်ကြီးချုပ်ဘေးခုံကြီးလည်း လွတ်နေတော့ ဇာဂနာ ဝင်ထိုင်မှာပေါ့နော။ ထောင်ထဲ အတူတူစားခဲ့သောက်ခဲ့ကြတဲ့ဟာ ခုံလောက်တော့ ပေးထိုင်မယ်မဟုတ်လားဟင်။ ပြီးတော့ ဝန်ကြီးချုပ် ကြီးစီးတဲ့ ကားပေါ်မှာ video ကင်မရာတွေရော ဖုန်းကင်မရာတွေ ရော တခြား ယူနီဖောင်းဆင်တူနဲ့လူတွေရော လျှပ်ပန်းလက်ကြွက်ကြွက်ညံဟန်ပြုံးပြုံး အုန်းအုန်းထနေတာဆိုတော့ ပျော်စရာကြီး။ ဘတ်စ်ကားပေါ်တင် ရုပ်ရှင်ဇာတ်လမ်း ရိုက်လို့ရတယ်ခင်ဗျ။ နောက် နောင် ဝန်ကြီးချုပ် ဘတ်စ်ကားစီးမယ်ဆို ကြိုပြောပါခင်ဗျာ။ ပါရမီတို့ မေတ္တာရေလှိုင်းတို့ နည်းနည်းကျပ်တဲ့ကားတွေ လူကိုတိုက်ပြီး ထွက် ပြေးတာ ဒီနေ့အထိ ကားမောင်းသူ ဖမ်းမမိတဲ့ကားတွေ တူတူစီးရ အောင်လို့။ ဘီအာရ်တီဆိုတာကြီးကတော့ ကောင်းလွန်းနေတယ် ခင်ဗျ။ ဒါလည်း စေတနာပါနော်။ ကွီးကိုမထိနဲ့ မီးပွင့်သွားမယ်ဆိုတဲ့ လူတွေကိုလည်း ကြောက်ပါတယ်။ အရင်က တရုတ်ကိုပဲ ကြောက် ပါတယ်လို့ ပြောရတာ။ အခုတော့ အကုန်ကြောက်နေရတယ် ခင်ဗျ။ အထူးသဖြင့် ပင်နီဝတ်လာရင်ကို ကြောက်နေရတော့တာပါ။ ကွီး ဖြိုးနားက ဝန်ကြီးမမကိုလည်း ကြောက်ရတယ်ခင်ဗျ။ စိတ်မထင်ရင် တရားစွဲမယ်ချည်း လုပ်တာကိုး။ ဇာဂနာတို့က ထောင်ကြွေးကျန် ၃၄နှစ် ရှိနေသေးတော့ ကြောက်ရပါတယ်ခင်ဗျာ။

ဟော အမျိုးသားသတင်းဆုဆိုတာကိုလည်း ပေးမယ်ပြောပြီး မှ မပေးပြန်တော့ ဇာဂနာလည်း မျက်စိလည်သွားတာပေါ့။ မပေး ခိုင်းတာလား ၊ ပေးလို့မရတာလား။ ဒါဆို ဘာလို့ စောစောတုန်းက တည်းက ကြိုကြေညာထားသေးသတုံး။ ရုပ်ရှင်အကယ်ဒမီလို ရုပ်တု ခြောက်ရုပ်တင်ထားပြီး မသိမသာ တစ်ရုပ် ကောက်သိမ်းလိုက်တာ မျိုးလေလားဟင်။ တကယ်ဆို ဆုပဲလိုတယ်လို့ သီချင်းလေးတစ်ပုဒ် ဆိုလိုက်ချင်သေး။ ဇာဂနာဆို ပေးပစ်မှာခင်ဗျ။

MNTV ကိုတောင် သတင်းဆုပေးသေးတဲ့ဟာ အကောင်းဆုံး သတင်းဆုကို ဇာဂနာ့ကိုသာ ရွေးချယ်ခိုင်းကြည့်လေ။ သမ္မတ ဦးထင် ကျော် တည်ခင်းသည့် ပထမဆုံးညစာစားပွဲတွင် DVB ရုပ်သံလွှင့် အစီအစဉ်မှ တိုက်ရိုက်ထုတ်လွှင့်နေတုန်း ရပ်ဆိုင်းခံရခြင်းဆို ဘယ် လောက် ဆုပေးသင့်သလဲ။ ဟော သမ္မတကြီး မွန်ဂိုလီးယားတွင် စကားပြောဖို့ မိုက်ကရိုဖုန်းခလုတ်ကို မဖွင့်မိလို့ ဘေးလူတွေက သတိပေးရခြင်းဆိုလည်း သတင်းပဲလေ။ (ဦးသိန်းစိန်တုန်းက နား ကြပ်မတပ်လို့ အိန်ဂျလာမာကဲလ်က တပ်ပေးရတယ်ဆိုတာတောင် သတင်းဖြစ်ခဲ့သေးတယ် မဟုတ်လား)။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ညစာစားပွဲလုပ်တော့ အဆိုတော်ကြီး သိန်းတန်(မြန်မာပြည်)နဲ့ ကေ အိုင်အေ ဗိုလ်ချုပ်ဂွမ်မော်တို့ တွဲဖက်သီဆိုခဲ့တဲ့ သီချင်းက တို့မယုံ ဘူးတဲ့။ ပြီးတော့ စနေထောင့်ပန်းလှူမယ် ဆိုလားပဲ။ (စာသားက တော့ မျှော်သာမျှော်သည် မယုံကြည်ဆိုတာ ပါတယ်လေ)။ ဒါ သတင်း ကောင်းတွေပဲဗျာ။ ဆုပေးသင့်တာပေါ့။ ဆရာကြီးဖိုးသောကြာတို့ ၊ ဆရာသီဟစောတို့ ပြန်စိစစ်သင့်ပါတယ်နော့်။

တစ်ခါ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ဘုရားကိုးဆူတင် ရမလား ၊ ဖဲဝိုင်းထောင်ရမလားဖြစ်နေရတာလည်း သတင်းမဟုတ် ဘူးလား ခင်ဗျ။ ၁၂ထပ်အမြင့်တွေကို ခြောက်ထပ်ဆောက်ရမယ် ဆိုတော့ ကြိုပွိုင့်ဝယ်ထားသူတွေ နစ်နာတာလား ၊ လုပ်ငန်းရှင်တွေ နစ်နာတာလား ဇာဂနာတော့ မသိဘူးခင်ဗျ။ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကတော့ ခိုညည်းတာထက် ဆိုးနေရှာတာပေါ့။ ရှေ့ အစိုးရ ခွင့်ပြုခဲ့တာတွေကို ပြန်စိစစ်တာ ကောင်းတာပေါ့ဗျာ။ ဒါ ပေမဲ့ မလုပ်ရတော့ဘူးလို့ ရပ်ခိုင်းတာ အလုပ်တန်းလန်းဖြစ်ကုန်တာ တော့ နည်းနည်းလောက် ငဲ့ကြည့်ကြဖို့လိုတာပေါ့ ခင်ဗျ။ ဒီလိုပြော လို့လည်း ဇာဂနာ့ပိုက်ဆံ တစ်ပြားမှမဆုံးရှုံးသလို မြတ်လည်း မမြတ် ပါဘူး။ နိုင်ငံသားတွေရဲ့အကျိုးစီးပွားကို ကာကွယ်ပေးရမယ့်အစိုးရ မဟုတ်လားခင်ဗျ။ တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်။ ကွမ်းယာစားတာ မစားတာထက်တော့ အရေးကြီးတာပေါ့နော်။ ဘတ်စ်ကား တက်စီးသလောက်တော့ မလွယ်ဘူးလား လွယ်သလား ဆိုတာ ဇာဂနာ မသိပါဘူးခင်ဗျာ။

အေးလေ၊ မသိမသာလို့ ဆိုသကိုးလို့၊ ဒါ့ကြောင့် စကတည်း က ပြောပါတယ်။ မသိရင် မသာတော့ဘူးပေါ့လေ။ ဇာဂနာက လည်း ဘယ်သူ့ထက်မှ မသာချင်တဲ့လူပါ ခင်ဗျာ။ ဒါ့ကြောင့် ဘာမှ မသိတာပါ ခင်ဗျာ။ ပြောမှားဆိုမှားရှိရင်လည်း ကိုနေမျိုးဝေလို ခွင့် လွှတ်ပေးကြပါနော်။ ။

(Yangon Times Journal, 12-27)

Saturday, July 23, 2016

သိထားသင့်တယ် ဖတ်ကြည့်ထားကြပါဗျို့ . . .

#DVB မှတင်ဆက်ခဲ့သော ကြားဖြတ်စက်မှဖမ်းယူရရှိခဲ့သည့် အတွင်းရေးမှုး(၂) ဒု-ဗိုလ်ချုပ်ကြီးတင်ဦး၏ ရဟတ်ယာဉ် ပျက်ကျခဲ့ရသည့် အကြောင်းရင်း

"တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၆)"
======================================

-ရွာသတင်း၊ တောသတင်းတွေနဲ့ နာမည်ရလာတဲ့ သတင်းဌာန

နိုင်ငံတကာရှိ သတင်းဌာနအတော်များများဟာ နိုင်ငံ့ခေါင်းဆောင်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေ ဘာ လုပ်ကြသလဲဆိုတဲ့ မိုးပေါ်ကသတင်းကြီးမျိုးတွေကိုသာ ဦးစားပေးလိုက်ကြ၊ တင်ပြကြတာကို သတင်း လေ့လာသူတိုင်း သတိထားမိမှာပါ။ ဒါပေမယ့် DVB ကတော့ အဲဒီထဲမှာ မပါပါဘူး။ မပါဆို DVB သတင်းဌာနအခြေစိုက်တဲ့နေရာနဲ့ မြန်မာစစ်ခေါင်းဆောင်တွေ အခြေစိုက်တဲ့မြို့တော်ဟောင်းရန်ကုန်၊ မြို့တော်သစ်နေပြည်တော်တို့ကြား မိုင်ပေါင်း ၅၀၀၀ ကျော်ကွာဝေးနေပါတယ်။

ဒီလိုပြောလိုက်တော့ စစ်ရုံးချုပ်ဘေးမှာ အခြေစိုက်ထားတဲ့ ရန်ကုန်ကသတင်းဌာနတွေက စစ်ခေါင်း ဆောင်တွေအကြောင်း အသေချာရေးသားဖေါ်ပြနိုင်တယ်လို့ မထင်လိုက်ပါနဲ့။ အဲဒီခေတ်က အခုခေတ် လို အစိုးရပြောခွင့်ရပုဂ္ဂိုလ်တို့၊ သမ္မပြောခွင့်ရပုဂ္ဂိုလ်တို့၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့စည်းတွေရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တို့ဆိုတာမျိုးမရှိပါဘူး။ သတင်းစာရှင်းပွဲဆိုတာကလဲ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန်ရဲ့ တကိုယ်တော်ပွဲမှအပ ဘာမှမရှိ။ တက်ရောက်တဲ့သတင်းထောက်တွေကလဲ သူပြော သမျှကို ပြန်ရေးတာကလွဲပြီး ဘာမှမေးမြန်းခွင့်မရှိ။

အဲဒီလိုအခြေနေမျိုးမှာ စစ်တပ်အတွင်းစည်းထဲကသတင်းတွေအပြင် ဘယ်သတင်းဌာန၊ ဘယ်သတင်း ထောက်မှ မရောက်နိုင်တဲ့ ကျေးလက်တောရွာက သတင်းတွေကိုပါ နေ့စဉ်အသံလွှင်နိုင်တဲ့သတင်းဌာန တခုကိုပြောပါဆိုရင် DVB ကို လက်ညှိုးထိုးပြရပါလိမ့်မယ်။

ရန်ကုန်မှာနေတဲ့သတင်းထောက်တွေ မသိနိုင်၊ မသွားနိုင်တဲ့သတင်းတွေကို မိုင်ပေါင်း ၅၀၀၀ ကျော်အ ဝေးမှာအခြေစိုက်တဲ့ သတင်းဌာနက သတင်းထောက်တွေက ဘယ်လိုသိနေတာလဲ။ ဘယ်လိုရနေတာ လဲဆိုပြီးမေးမလို့လား။ အရိုးသားဆုံးဖြေကြားရရင်တော့ နယ်စပ်တကျောရှိ တော်လှန်ရေးအဖွဲ့တွေက ပေးပို့တဲ့ ကြားဖြတ်စက် သို့မဟုတ် Intercept ကနေ ဖမ်းယူရရှိတဲ့သတင်းတွေအပေါ် အခြေခံ အစ ယူပြီး ဆက်လိုက်တဲ့နည်းနဲ့ ရခဲ့တာပါ။

DVB အတွက် သတင်းပို့ပေးနေတဲ့ ကြားဖြတ်စက် ဘယ်နှစ်လုံးရှိသလဲဆိုတာကို အသေးစိပ် ထုတ် ပြောဖို့မလိုပေမဲ့ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) မှ တလုံး၊ ထိုင်း-ထောက်လှမ်းရေးတွေနဲ့တွဲပြီး အလုပ်လုပ်နေတဲ့ ABSDF-KNU ရဲဘော်ဟောင်းတဦးဆီက တလုံး နဲ့ တရုတ်-မြန်မာနယ်စပ်ရှိ တော်လှန်ရေးအဖွဲ့တွေဆီက တလုံးတို့ဟာ အရေးပါတဲ့အခန်းက ပါဝင်ခဲ့တာ ကိုတော့ ကျနော်အမှတ်ရနေပါတယ်။

-ဗိုလ်ချုပ်တင်ဦး ရဟတ်ယဉ်ပေါ်မှာ DVB သတင်းထောက် ပါသွားသလား

အဲဒီလို ကြားဖြတ်စက်ကနေဖမ်းယူရရှိတဲ့သတင်းတွေဟာ အလွန်အသေးစိပ်ဆန်ပြီး မီနစ်၊ စက္ကန့်က အစ၊ ဖြစ်စဉ်အသေးစိပ်ကို စစ်သတင်းဆန်ဆန် (တကယ်တော့ စစ်ဖက်သတင်းကို ကြားဖြတ်စက်က နေဖမ်းယူတာပါပဲ) ရလေ့ရှိပါတယ်။ အဲဒီလိုအသေးစိပ်ရထားတဲ့ ကြားဖြတ်စက်သတင်းတွေထဲက လူ သိများ (လူပြောများ) သွားတဲ့သတင်းတပုဒ်ကိုတင်ပြရမယ်ဆိုရင် န၀တ အတွင်းရေးမှုး ၂ လဲဖြစ်၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း) လဲဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြိးတင်ဦးနဲ့အဖွဲ့ ရဟတ်ယဉ်ပျက်ကျ သေဆုံးတဲ့သတင်းပါပဲ။

ဗိုလ်ချုပ်တင်ဦးနဲ့အဖွဲ့ စီးနင်းလိုက်ပါလာတဲ့ ရုရှားလုပ်စစ်ရဟတ်ယဉ်တစီး ဘားအံမြို့နဲ့အတော်လှမ်း လှမ်းရှိ သံလွင်မြစ်ဘေးက တရုတ်လှရွာအနီးမှာ ပျက်ကျသွားတယ်လို့ ၂၀၀၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ သတင်းအသေးစိပ် ကြားဖြတ်စက်ကနေဖမ်းယူရရှိပါတယ်။ အခုခေတ်မှာဆိုရင်တော့ အဲဒီ သတင်းဟုတ်မဟုတ် သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို တယ်လီဖုန်းနဲ့လှမ်းမေး ရုံပေါ့။ ဒါမှမဟုတ်လဲ နေပြည်တော်ဗျုရိုက သတင်းထောက်တဦးဦး ဦးရဲထွဋ်ရုံးဆီပြေးပြီး လူတွေ့မေး မြန်းပေါ့။ အဆင်ပြေရင် နေပြည်တော်စစ်ရုံးချုပ်က ပြောခွင့်ရပုဂ္ဂိုလ်ကိုတောင် ၀င်မေးလို့ရနိုင်တဲ့ အခြေ နေမျိုးပါ။

ဒါပေမယ့် အဲဒီကာလကတော့ ဒီလိုမေးခွင့်ရဖို့နေနေသာသာ အတွင်းရေးမှုး ၂ လဲဖြစ်၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း) လဲဖြစ်တဲ့ ဒီလို အရေးကြီး ပုဂ္ဂိုလ်သေဆုံးတာကိုတောင် အစိုးရက သတင်းထုတ်ပြန် ခြင်း မရှိပါဘူး။ ဘားအံနဲ့အနီးဝန်းကျင်က ရသမျှဖုန်းနံပတ်တွေကိုဆက်ပြီးမေးတော့လဲ ဘယ်သူမှ မသိ ပါဘူး။ ရသမျှဖုန်းလို့အလွယ်ပြောလိုက်ပေမဲ့ တကယ်တော့ ဘာဖုန်းမှမရပါ၊ ရတဲ့ဖုန်းကလဲ DVB ကလို့ ပြောလိုက်တာနဲ့ လိုင်းကျသွားလေ့ရှိပါတယ်။ အဲဒီကာလ နိုင်ငံခြားသတင်းဌာနတွေ သြဇာကြီးပုံများက တော့ DVB ကို လက်ခံပြီးတယ်လီဖုန်းပြောမိရင်တောင် ဖမ်းဆီးထောင်ချခံရတဲ့ခေတ်လေ။

ဒီတော့ ရထားတဲ့စက်သတင်းတွေကိုပဲအခြေခံပြီး ရုပ်လုံးပေါ်အောင်ရေးရတော့တာပေါ့။ ဘယ်လောက် အထိရုပ်လုံးပေါ်သွားသလဲဆိုရင် ရုရှားလုပ် စစ်သုံးရဟတ်ယဉ်ပေါ်မှာ ဗိုလ်ချုပ်တင်ဦးနဲ့အတူ ကမ်းရိုး တန်းတိုင်း တိုင်းမှုး ဗိုလ်ချုပ်သီဟသူရစစ်မောင်၊ ဗိုလ်မှုးကြီးလှဌေးဝင်းအပါဝင် စစ်ဖက်အရာရှိ ၂၀ နီးပါး လိုက်ပါသွားတဲ့အကြောင်း၊ ဗိုလ်ချုပ်တင်ဦးနဲ့ ဗိုလ်ချုပ်စစ်မောင်တို့ကတဖက် တခြားတပ်မှုးတွေကတ ဖက် အခြေတင်စကားများနေစဉ် စစ်ဗိုလ်တဦးက လက်ပစ်ဗုံးကို ပင်-ဖြုတ်ပြီး ခြိမ်းခြောက်မယ်လုပ်တုံး ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အဲဒီလက်ပစ်ဗုံးက ရဟတ်ယဉ်ကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ်ဆိုပါတယ်။ ဗိုလ်ချုပ်တင်ဦးရဲ့ ကိုယ်ရံတော်က အဲဒီဗုံးကို အချိန်မီကောက်ပြီး အောက်ပစ်ချဖို့ကြိုးစားကြပေမဲ့ အချိန် မမှိတော့ပဲ အဲဒီဗုံးပေါက်ကွဲရာကနေ ရဟတ်ယဉ်ပျက်ကျသွားတယ် စသဖြင့် အသေးစိပ် သရုပ်ပေါ် အောင် အယ်ဒီတာက ရေးထည့်လိုက်ပါတယ်။

န၀တ ဖက်က ဖုံးထားတဲ့သတင်းကို DVB က ဒီလိုအသေးစိပ်လွှင့်လိုက်တော့ အတော်လေး ဟိုးလေး တကျော်ဖြစ်သွားပါတယ်။ ထုံးစံအတိုင်း DVB သတင်းတွေကို မော်နီတာလုပ်နေတဲ့ BBC Monitoring ကလဲ ချက်ချင်း အင်္ဂလိပ်ဘာသာနဲ့ပြန်ရေးတင်ပေါ့။ နောက်တော့ နိုင်ငံခြားသတင်းဌာတွေကနေ န၀တ အစိုးရဆီမေး၊ နယ်စပ်က သူပုန်တွေကိုမေးနဲ့ ဒီသတင်းက အကြီးကြီးဖြစ်သွားပါတယ်။ နောက်တနေ့ ထုတ် အစိုးရသတင်းစာမှာလဲ ဒီသတင်းကိုမဖေါ်ပြပေမဲ့ ဗိုလ်ချုပ်တင်ဦးသေဆုံးတဲ့အတွက် ၀မ်းနည်း ကြောင်း နာရေးကြော်ငြာတပုဒ်ပါရှိလာပါတယ်။

အဲဒီမှာတင် ကျနော်တို့ရဲ့သတင်းဦး သတင်းထူးရနေပုံတွေကို နည်းနည်းမျက်စိနောက်နေပုံရတဲ့ နယ် စပ်နဲ့ပြည်ပရောက်မိတ်ဆွေတချို့က ''မင်းတို့သတင်းတွေက ဟုတ်လှချည်လား၊ သတင်းထောက်ကိုယ် တိုင် အဲဒီရဟတ်ယဉ်ပေါ် ပါသွားတာလား'' ဆိုပြီးမေးတော့တာပါပဲ။ ဘယ်သူမှမသိနိုင်တဲ့အခြေနေ၊ သိသူတွေကလဲ ဘာမှထုတ်မပြောရဲတဲ့ သတင်းအမှောင်ခေတ်မှာ အဲဒီလိုရေးလိုက်ရပေမဲ့ အခုလို ပွင့် လင်းစကာလမှာတော့ မသေပဲကျန်ခဲ့သူတွေက အဲဒီရဟတ်ယဉ်ပေါ် အမှန်တကယ် ဘာတွေဖြစ်ခဲ့သ လဲ၊ ဗိုလ်ချုပ်တင်ဦးတို့ ဘာကြောင့်သေဆုံးခဲ့ရသလဲဆိုတာကို ထုတ်ပြောသင့်ပြီလို့ ထင်မိပါတယ်။

-၁၀၅ မိုင်ကစတဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ နိဂုံး

ကြားဖြတ်စက်နဲ့ အကျိုးပေးတဲ့ DVB ဟာ အတွင်းရေးမှုး ၂ ဗိုလ်ချုပ်တင်ဦးရဲ့ ကျဆုံးသတင်းတင်မက အတွင်းရေးမှုး ၁ လဲဖြစ်၊ စစ်ထောက်လှမ်းရေးအကြီးအကဲလဲဖြစ်၊ ၀န်ကြီးချုပ်လဲဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွန့် ရဲ့ ကျဆုံးခန်းနိဒါန်းကိုလဲ စောစောစီးစီးရလိုက်ပါသေးတယ်။ ၂၀၀၁ ခုနှစ် ဗိုလ်ချုပ်တင်ဦးတို့ ရဟတ် ယဉ်ပျက်ကျစဉ်က ပြည်တွင်းကို တယ်လီဖုန်းခေါ်လို့ သိပ်မလွယ်သေးပေမဲ့ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ် ခင်ညွှန့်တို့အဖွဲ့ အဖမ်းခံရချိန်မှာတော့ ဖုန်းလိုင်းတွေက အတော်ခေါ်လို့ရနေပြီဖြစ်သလို ပြည်တွင်းရှိ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးတက်ကြွသူတွေကလဲ DVB ကို လက်ခံပြီး တယ်လီဖုန်းပြောရဲနေကြ ပြီ ဖြစ်ပါတယ်။

တခါ နယ်စပ်ဒေသမှာလဲ နိုင်ငံရေးအကဲခတ်တွေ၊ စစ်ရေးအကဲခတ်တွေရှိလာနေပြီဖြစ်ပြီး ထိုင်းနယ်စပ် က ဦးဌေးအောင်နဲ့ တရုတ်နယ်စပ်က ဦးအောင်ကျော်ဇောတို့ဟာ ကျနော်တို့ DVB ရဲ့ အဲဒီကာလက ထင်ရှားတဲ့ စစ်ရေးအကဲခတ်တွေဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ဗိုလ်ချုပ်ခင်ညွန်ရဲ့သြဇာအကြီးဆုံးအချိန် ဖြစ်ပြီး အရာရာဟာ သူ့လက်ညှိုးညွန်တဲ့အတိုင်း လိုက်လုပ်နေကြရတဲ့ခေတ်ပါ။ တနည်းအားဖြင့် သူနဲ့ သူထောက်လှမ်းရေးတပ်ဖွဲ့ကို ဘယ်သူမှ ခေါင်းထောင်ပြီး ပြန်မကြည့်ရဲတဲ့ခေတ်ပါ။

အဲဒီလိုအချိန်မှာ စစ်ထောက်လှမ်းရေးတွေအပါဝင် စစ်တပ်နဲ့ စစ်အုပ်ချုပ်ရေးအဖွဲ့ထဲက လူတွေ မဟုတ် တာလုပ်သမျှဖေါ်ထုတ်နေတဲ့ DVB ဟာ စစ်ထောက်လှမ်းရေးလက်အောက်ခံ နစက (နယ်စပ်ဒေသ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့) အဖွဲ့ရဲ့ လာဒ်စားမှုသတင်းကြီးတခုကို လက်ခံရရှိခဲ့ပါတယ်။ သတင်းကြီးလို့ ပြောရတာကတော့ သာမန်လာဒ်စားတာမျိုးမဟုတ်ပဲ ဒီလိုလာဒ်စားလို့ရတဲ့ငွေတွေကို ရံပုံငွေအဖြစ်စုပြိး ဗိုလ်ချုပ်ခင်ညွန့်တို့အဖွဲ့က တခုခုအတွက် ကြံစည်နေတယ်ဆိုပြီး ပါလာလို့ဖြစ်ပါတယ်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအိုနဲ့ တရုတ်နယ်စပ်တလျောက်ရှိ နစက တွေ အားလုံး လာဒ်စားကြ ပေမဲ့ တရုတ်နယ်စပ် လာဒ်စားမှုက အများဆုံးနဲ့ အဆိုးဆုံးလို့ဆိုကြပါတယ်။ အဲဒီထဲက နာမည်အကြီး ဆုံးဂိတ်ကတော့ ၁၀၅ မိုင်ဂိတ်ပါပဲ။ စားတဲ့ ပမာဏကို မမှတ်မိတော့ပေမဲ့ အတော်ကိုများပါတယ်။ အဲဒီ သတင်းကို တရုတ်နယ်စပ် စစ်ရေးအကဲခတ် ဦးကျော်ဇော်နဲ့မေးမြန်းပြိး ကျနော်တို့ DVB က ဆက် တိုက်လွှင့်ခဲ့ပါတယ်။ ဒါပေမယ့် အစိုးရဖက်က ဘာမှစုံစမ်းအရေးယူခြင်းမရှိခဲ့ပါဘူး။

ဘယ်အချိန်ကျမှ ကျနော်တို့ရဲ့ သတင်းထုတ်လွှင့်မှုမှန် မမှန်ကိုသိရသလဲဆိုတော့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ အ ဖွဲ့ကို ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့မှာဖမ်းဆီးပြီး ဗိုလ်ချုပ်ရေရွှေမန်းနဲ့အဖွဲ့က ဥပဒေအထက် မှာဘယ်သူမှ မရှိဘူးဆိုပြီး သတင်းစာရှင်းပွဲလုပ်ချိန်ကြမှသိရပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီ သ တင်းစာရှင်းပွဲကြမှ ဗိုလ်ချုပ်ခင်ညွန့်ကို လာဒ်စားမှုနဲ့စွပ်စွဲခဲ့ပြီး အဲဒီစွပ်စွဲချက်ထဲမှာ ကျနော်တို့ တ လျောက်လုံးအသံလွှင့်ခဲ့တဲ့ ၁၀၅ မိုင် နစက လာဒ်စားမှုက အဓိကဖြစ်နေတာကို တွေ့ခဲ့ရလို့ဖြစ်ပါတယ်။

အခုချိန်မှာတော့ ဗိုလ်ချုပ်ကြီး ခင်ညွန့်လဲ အပြင်ပြန်ရောက်နေပြီ။ ဗိုလ်ချုပ် ရွှေမန်းလဲ ပါလီမန်ဥက္ကဌဖြစ်နေ ပါပြီ။ ဒါပေမယ့် အဲဒီကာလက အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲဆိုတာကိုတော့ ဘယ်သူကမှ အသေချာ ပြန်လည် ရှင်းပြခြင်းမရှိသလို သူတို့နဲ့တွေ့ဆုံခွင့်ရနေတဲ့ သတင်းသမားတွေကလဲ မေးမြန်း ရေသား ခြင်း မရှိသေးပါဘူး။

ထက်အောင်ကျော်

http://www.htetaungkyaw.net/2014/09/blog-post.html

အထက်ပါ Link မှကူးယူဖော်ပြပါသည်။ #Burmademocracy
Yu Nwe

ဝါတွင်းကာလနှင့် အိမ်ထောင်ပြုလို့ရမရ (ဗဟုသုတအနေနဲ့ ဖတ်သင့်ပါသည်)



ဝါတွင်းကာလနှင့် အိမ်ထောင်ပြုလို့ရမရ (ဗဟုသုတအနေနဲ့ ဖတ်သင့်ပါသည်)

မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘုရားဟော မဟုတ်တဲ့ အလွန်အရိုးစွဲနေတဲ့
ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။

ဥပမာပြောရရင် ….
♦ သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊
♦ ဘုရားတောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊
♦ သာသနာ့ဘောင်ဝင်မယ့် မောင်ရှင်လောင်းကို နတ်ပြပေးရတယ်ဆိုတဲ့အချက်၊
♦ အလှူပွဲတွေမှာ မိုးတားဖို့အတွက် ရှင်ဥပဂုတ်ပွဲထိုးပြီး မဏ္ဍပ်ရှေ့မှာ ချထားပေးလေ့ရှိတဲ့အချက် စတာတွေပါ။

ဒါတွေက အလွန်လွဲမှားပြီး ယနေ့အထိ အများလက်ခံ ယုံကြည်နေကြတဲ့ အရာတွေထဲက ထင်ရှားတဲ့
အချက်လေးတွေပါ။

ဒီအလွဲတွေထဲက နောက်တစ်ခုက ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း တစ်ခုအပါအ၀င် ဖြစ်နေပြန်ပါပြီ။
ဝါမ၀င်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊ ၀ါကျွတ်မှ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက်အပေါ်မှာ မျက်မှောက်ခေတ်လူငယ် အတော်များများ ဘ၀င်မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။

ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီအယူအဆဟာ ဘုရားရှင်ဟောကြားတော်မူ၊ သတ်မှတ်တော်မူခဲ့တာ လားလို့ မေးလာ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းလို့ ခေါင်းစဉ်တပ်ကာ ပို့စ်တစ်ပုဒ် ရေးဖြစ်ခဲ့ ရပြန်ပါတယ်။

တကယ်တော့ ၀ါတွင်းဆိုတဲ့ အခေါ်အဝေါ်ဟာ ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုရမယ် ဆိုတဲ့ ၀ိနည်းဥပဒေ ပညတ်သတ်မှတ်ပြီး ချိန်မှသာ ထိုရဟန်းတော်များ ၀ါဆိုဝါကပ်ပြုနေတဲ့ သုံးလတာကာလကို ရည်ရွယ်ပြီး ခေါ်ဝေါ် သုံးစွဲကြတဲ့ ဝေါဟာရဖြစ်ပါတယ်။

ဒီဝါတွင်းဟာ လူတွေအတွက်တော့ မိုးတွင်းကာလပါပဲ။ ရဟန်းတော်များ ၀ါတွင်းသုံးလကာလပတ်လုံး တစ်ခြားတစ်နေရာသို့ ကြွရောက်တော်မမူဘဲ ကိုယ်ဝါဆိုရာ ကျောင်းတိုက် အရာမ်တွင်းမှာပဲ နေထိုင်သီတင်းသုံးကြဖို့ သတ်မှတ်ထားတဲ့ ၀ိနည်းဥပဒေဟာ ၀ါတွင်းကာလမှာ အိမ်ထောင် မပြုရဘူးဆိုတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ အချက်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။

ဘယ်သူကဘယ်လို စတင်ခဲ့တယ်၊ ဘယ်တုန်းကစပြီး ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အတိအကျ ပြောလို့မရတဲ့ ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီယုံကြည်ချက်ဟာ ဘုရားဟော မဟုတ်တာကတော့ သေချာပါတယ်။

ပိဋကတ်မှာ ပါတဲ့အချက်လည်း မဟုတ်ပါဘူး။ ၀ါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်ဆိုရင် ၀ါဆိုဖို့ ပညတ်ချက်တွေ မသတ်မှတ်ချိန်တုန်းက ဘယ်လိုသတ်မှတ်ကြသလဲဆိုတာ စဉ်းစားစရာပါ။

ဘုရားရှင်ဝါဆိုဖို့ ၀ိနည်းဥပဒေ သတ်မှတ်ချိန်ဟာ ဘုရားဖြစ်တော် မူပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်နောက်ပိုင်း မှ ပေါ်ပေါက်ခဲ့တာပါ။ ၀ါတွင်းကာလနဲ့ ပတ်သက်ပြီး ဘုရားရှင်ဟာ ရဟန်းတော်များအတွက်သာ သီးသန့်ဝိနည်း ဥပဒေထားကာ ပညတ်ချက်ပဲရှိပါတယ်။

လူတွေအတွက် ၀ါတွင်းကာလမှာ ဘာမလုပ်ရဘူး၊ ဘယ်မသွားရဘူး စတဲ့ ဥပဒေ သတ်မှတ်ချက် မရှိပါဘူး။ တစ်ခုတော့ရှိတယ် ဥပုသ်နေ့တွေမှာ ဥပုသ်သီလစောင့် စေလို တဲ့ ဟောကြားချက်အချို့ရှိပါတယ်။ ဒါကလည်း ၀ါတွင်းကာလမှ မဟုတ်ပါဘူး။ ၀ါတွင်းမဟုတ်တဲ့ အချိန်တွေမှာ လည်း ဥပုသ်နေ့များမှာ ဥပုသ်သီလစောင့်လို့ ရပါတယ်။

ဘုရားရှင်ဟာ လူတွေအတွက် ကာမဂုဏ်အာရုံများ နည်းအောင်၊ ကိလေသာများပါးအောင် ကျင့်ကြံနေ ထိုင်ကြဖို့သာ ဟောကြားလေ့
ရှိပါတယ်။

ဘယ်အချိန်မှာ အိမ်ထောင်မပြုရ၊ ပြုရင်ဘာဖြစ်မယ်ဆိုတဲ့ အထူး တလည် ဟောကြားသတ်မှတ်ချက် မရှိပါဘူး။ သာသနာ့ဝန်ထမ်းများကိုတော့ အိမ်ထောင်မပြုရ၊ ကာမဂုဏ်မေ ထုန် မမှီဝဲရဆိုတာကိုတော့ အထူး
သတ်မှတ် ပညတ်တော်မူပါတယ်။

ဒါ့အပြင် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘုရားရှင် အထူးဟောတော်မူတဲ့အချက်က အိမ်ထောင်ပြုပြီး နောက်ပိုင်း အိမ်ထောင်ရေးကို ဘယ်လို အဆင်ပြေအောင် နေထိုင်ရမယ့်အချက်နဲ့ အိမ်ထောင်ပြုသူ လင်ယောက်ျား ဇနီးမယားတို့ လိုက်နာကျင့်ကြံရမယ့် တာဝန်များ၊ အိမ်ထောင်ရေးကို ထိခိုက်ပျက်ပြားစေမယ့်အပြင် သံသရာပါ ဒုက္ခရောက်စေမယ့် အိမ်ထောင်ရေး ဖောက်ပြန်မှုများကို မပြုလုပ်ကြဖို့ ပညတ်သတ်မှတ်တော် မူပေးတဲ့ အချက်ပဲဖြစ်ပါတယ်။

ဘယ် အချိန်မှာ အိမ်ထောင်ပြုရမယ်၊ ဘယ်အချိန်မှာ အိမ်ထောင်မပြုရဘူး ဆိုတဲ့အချက် မဟုတ်ပါဘူး။

အိမ်ထောင်ပြုမှုဟာ ရှေးပဝေသဏီတည်းက လုပ်ခဲ့ကြတဲ့အလုပ်ပါ။ ဘုရားရှင်လက်ထက်မှာလည်း အိမ်ထောင်ပြုကြပါတယ်။ အရိယာ ပုဂ္ဂိုလ်များဖြစ်တဲ့ သောတာပန်မှစပြီး အနာဂါမ်အထိ သူတော်စင်တွေလည်း အိမ်ထောင်ပြုကြပါတယ်။

ဘုရားလက်ထက်က လူသန်းပေါင်း ၇၀လောက်ရှိတဲ့ သာဝတ္ထိမြို့ကြီးဟာ အရိယာပုဂ္ဂိုလ်ချည်းပဲ သန်းပေါင်း ၅၀ခန့် ရှိတယ်လို့ ဆိုပါတယ်။ ဒီသာဝတ္တိမြို့သူ မြို့သားတွေဟာလည်း အိမ်ထောင်ပြုကြပါတယ်။

ဒါပေမယ့် သူတို့အိမ်ထောင်ပြုမှုဟာ ၀ါတွင်းကိုရှောင်ပြီး ပြုတယ်
ဆိုတာကို ဗုဒ္ဓစာပေမှာ အထူးဖော်ပြတာ မရှိကြပါဘူး။ သူတို့အဆင်ပြေ သင့်လျော်ချိန်မှာ ပြုကြမှာပါ။

ဘုရားရှင်ကိုယ်တော်တိုင်လည်း ၄၅နှစ်ပတ်လုံး အိန္ဒိယနိုင်ငံတစ်ဝှန်း လှည့်လည်သီတင်းသုံးတဲ့ အချိန်ဟာ သာဝတ္ထိမြို့မှာ သီတင်းသုံးချိန်က ပိုများပါတယ်။ ဒီလို ဘုရားရှင် သီတင်းသုံးချိန်များပြီး အရိယာသူတော်စင် အများဆုံးရှိတဲ့ သာဝတ္ထိမြို့မှာ သတ်မှတ်ပညတ် ဟောကြားတော်မူခဲ့တဲ့ 
တရားတော်တွေဟာလည်း အ များကြီးပါ။

အိမ်ထောင်ပြုမှုနဲ့ ပတ်သက်လို့ ကာလသတ်မှတ် ဟောကြားချက်ရှိခဲ့မယ်ဆိုရင် သာဝတ္ထိမြို့သား တို့ရဲ့ အိမ်ထောင်ပြုခြင်း အကြောင်းတွေလည်း စာပေမှာ အများကြီးတွေ့နေရမှာပါ။ ဒါပေမယ့် မရှိခဲ့ပါဘူး။

ဘုရားရှင်ဟာ လူတွေအတွက် အိမ်ထောင်ပြုမှု၊ မပြုမှု၊ အိမ်ထောင်ပြု
သင့်တဲ့ ကာလ၊ မပြုသင့်တဲ့ ကာ လတွေထက် အိမ်ထောင်တစ်ခုရဲ့ အဆင်ပြေမှု မပြေမှုတွေကို ပိုပြီးဦးစားပေးပါတယ်။ အိမ်ထောင်ရှင် နှ
စ်ဦးတို့ရဲ့ အိမ်ထောင်ရေးခိုင်မြဲဖို့ လိုက်နာသင့်တဲ့ ကျင့်ဝတ်များကိုသာ ဦးစားပေးဟောတော်မူပါတယ်။

ဒီလိုဆိုရင် ဘုရားဟောမဟုတ်တဲ့ ဒီဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ သတ်မှတ်ချက်ဟာ မြန်မာပြည်မှာ ဘာကြောင့် လေးလေးနက်နက် ရှိနေကြတာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအချက် ကတော့ ရှေးအစဉ်လာ ကတည်းက အရိုးစွဲလာခဲ့တဲ့ အချက်တွေဖြစ်နိုင် ပါတယ်။

ရှေးကလူကြီးသူမ များဟာ ဘုရားသာသနာကို အလွန်သတ်ဝင် ယုံကြည်ကြပြီး ဘာသာရေးကို အထူးအလေးထားတဲ့ သူများဖြစ်ကြပါ
တယ်။

ရဟန်းတော်များ ၀ါတွင်းကာလ ၀ါဆိုဝါကပ်ပြုကြတဲ့ အချိန်မှာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ လူတွေအနေနဲ့လည်း ကာမဂုဏ် အာရုံများနဲ့ ဆက်စပ်နေတဲ့ ဒီအိမ်ထောင်ပြု သားမွေးခြင်း ကိစ္စများကို မလုပ်ကြဘဲ တစ်နှစ်ပတ်လုံး အလုပ်များ နဲ့သာ အချိန်ကုန်နေပြီး မိုးတွင်းကာလမှာသာ အနားရကြတဲ့ အချိန်လေးမှာ ကုသိုလ်ကောင်းမှုများ များများလုပ်ဖြစ်ကြဖို့ ကြိုးစားအားထုတ်ရင်း ၀ါတွင်းကာလမှာ အိမ်ထောင်ပြုခြင်းကို အထူးတလည် မပြုလုပ် ကြခြင်း ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက် စဉ်းစားမိတာက ၀ါတွင်းကာလဟာ မိုးရာသီကာလ ဖြစ်တဲ့အတွက် မင်္ဂလာအခမ်းအနားများ ကျင်းပပြုလုပ်ဖို့အတွက် မိုးအဆက်မပြတ်ရွာမှုက အခက်အခဲဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခုဖြစ်စေသလို မိုးရာသီကာလ သီးနှံစပါး စိုက်ပျိုးထားချိန်များဖြစ်လို့ စားဝတ်နေရေးအရလည်း အခက်အခဲ ဖြစ်နိုင်တဲ့ အချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် မိုးတွင်ကာလ အိမ်ထောင်ပြုခြင်းကို မပြုလုပ်ကြ ဘဲ ရှောင် ကြဉ်ကြတာဖြစ်နိုင်ပါတယ်။ ဒီအစဉ်အလာများဟာ အခုခေတ်ရောက်လာတဲ့ အခါ မှာတော့ ဗေဒင်ယတြာ ဓာတ်ရိုက်ဓာတ်ဆင် ဆရာများရဲ့ လက်ချက်ကြောင့် ၀ါတွင်းကာလ အိမ်ထောင်ပြုရင်ပဲ တစ်ခုခုဖြစ်နိုင်သလို၊ အိမ်ထောင်ရေးပဲ မတည်မြဲတော့သလို၊ တစ်ခုခုပဲ ထဖြစ်တော့မလို ပြောဆိုဟောပြောလာကြရာက ၀ါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အစဉ်အလာ ယုံကြည်မှုကြီးက လွှမ်းမိုးသက်ရောက် လာခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ ဘယ်အချိန် အိမ်ထောင်ပြုပြု အိမ်ထောင်ပြုသူ နှစ်ဦးရဲ့ အနေအထားကိုလိုက်ပြီး အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှုဆိုတာ ဖြစ်ကြတာပါ။ ၀ါတွင်းကာလ အိမ်ထောင်ပြုမိလို့ အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှု ဖြစ်ရတယ်ဆိုတာမျိုး မရှိပါဘူး။

ဝါပမှာ အိမ်ထောင်ပြုသူတွေလည်း အိမ်ထောင်ရေး ပြဿနာတွေ အများကြီး ရှိနေကြပါတယ်။ အဓိကကတော့ တာဝန်ကိုယ်စီကျေပွန်ပြီး အကျင့်သီလ ကောင်းမွန်နေမှုကသာ အဓိကဖြစ်ပါတယ်။ ဘယ်အချိန် အိမ်ထောင်ပြုမှုက အဓိကမကျပါဘူး။ ဒါပေမယ့် အရိုးစွဲနေတဲ့ ယုံကြည်မှုဟာ အလွန်အမတန် ဖျောက်ဖို့ခက်လှပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံ တစ်ဝှန်းလုံးလိုလို ၀ါတွင်းကာလ အိမ်ထောင်ပြုမှုကို ရှောင်ကြတာ များပါတယ်။ ဒါကို ဆန့်ကျင်ပြီး ဖောက်ထွက်ဖို့က အချိန်အများကြီး ယူရမယ့်အနေအထား ရှိပါတယ်။ နောက်တစ်ချက်က ဒီလို အိမ်ထောင်ပြု သားမွေးကိစ္စမျိုးဆိုတာဟာလည်း ဗုဒ္ဓဘာသာရဲ့ လွတ်မြောက်ရေးအရ ကြည့်ရင်အရေးကြီးတဲ့ အချက်မဟုတ်ပါဘူး။

ကာမဂုဏ်အာရုံကို အားပေးတဲ့ သဘောမျိုးလည်း သက်ရောက်ပါတယ်။ ဒါကြောင့်လည်း ဒီလို ၀ါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ အယူကြီး ရှိနေကြပေမယ့် ရဟန်းတော်များဘက်ကရော လူကြီးသူမများဘက်ကပါ အထူးတလည် အရေးပေးပြီး ပြောဆိုတွန်းလှန်ခြင်း မပြုကြခြင်း ဖြစ်နိုင်ပါတယ်။

ဝါတွင်းကာလ အိမ်ထောင်မပြုရတဲ့ အတွက် သံသရာဒုက္ခဖြစ်စေတဲ့ အလုပ်မဟုတ်နိုင်လို့ ဒီအပေါ်မှာ အထူးအလေးထားခြင်း မရှိကြခြင်း ဖြစ်ပါတယ်။ တစ်ဘက်ကလည်း ဗုဒ္ဓဘာသာ ယုံကြည်မှု အားကောင်း လှတဲ့ မြန်မာနိုင်ငံဟာ သံဃာတော်များ အလေးအနက်ထားရာ ၀ါတွင်းကာလမှာ သာသနာ့ဝန်ထမ်းတွေတောင် ဒီလိုနေကြတာမဟုတ် ဗုဒ္ဓဘာသာဝင်များလည်း အိမ်ထောင်ပြု သားမွေးခြင်းများကို ရှောင်ကြဉ်ကြတယ်ဆိုတဲ့ အချက်ဟာ အကောင်းဘက်ကကြည့်ရင် ဂုဏ်ယူစရာ ကောင်းလှတဲ့အချက်ပါ။

♦ ဒါပေမယ့် ဒီအချက်က ဘုရားဟောလို့၊ဗေဒင်ယတြာဆရာတွေက ပြောလို့ အိမ်ထောင်မပြုကြဘူးလို့ နားလည်သတ်မှတ် ပြောဆိုကြတယ်ဆိုရင်တော့ မကောင်းပါဘူး။ ဘုရားရှင်အနေနဲ့ ၀ါတွင်းကာလ အိမ်ထောင် မပြုရဘူးဆိုတဲ့ အချက်ကို လုံးဝဟောကြားတော် မမူပါဘူး။ ဒီလို ဘုရားဟော မဟုတ်တာကို ဘုရားဟောသလို မျိုး ပြောဆိုသတ်မှတ်ကြရင်လည်း အပြစ်ဖြစ်ကြပါတယ်။

♦ ဒီနေရာမှာ ၀ါတွင်းကာလ အိမ်ထောင်မပြုခြင်းကို ဘုရားဟောလို့
မပြုတာလို့ မမှတ်ကြဘဲ ၀ါတွင်းကာလ
အခိုက်အတန့်လေးမှာ ကိလေသာ အာရုံကာမဂုဏ်များ နည်းနေစေဖို့နဲ့ ကုသိုလ်ကောင်းမှုများ များများလုပ်ခွင့် ရစေဖို့ အိမ်ထောင်ပြုခြင်းကို
မပြုကြခြင်း ဖြစ်တယ်လို့ လက်ခံယုံကြည်လိုက်ကြရင် အလွန်ကောင်း
ပါတယ်

သေချာတာကတော့ ၀ါတွင်းကာလမှာ လူတွေလည်
အိမ်ထောင်မပြုရ၊ မေထုန်မပြုရ၊ ရှစ်ပါးသီလ ပဲ ဆောက် တည်ပြီး နေရမယ်ဆိုတာ သတ်မှတ်ဟောကြားချက် မရှိပါဘူးဆိုတာပါ။

မိမိတို့အနေဖြင့် ၀ါတွင်းကာလ အိမ်ထောင်ပြုလိုကလည်း ပြုနိုင်ကြပါတယ်။ ၀ါတွင်းကာလ အိမ်ထောင်ပြုလို့ အပါယ်ငရဲ လားရတယ်ဆိုတာ မရှိပါဘူး။
အိမ်ထောင်ကျပြီး အိမ်ထောင်ရေးဖောက်ပြန်လို့ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်လို့ အပါယ်ငရဲ လားရတာပဲ ရှိပါတယ်။

ဒါကြောင့် ၀ါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းသည် ဘာမှမသက်ဆိုင်တဲ့ အတွက် ဘုန်းကြီးတွေရဲ့ ၀ါဆိုချိန်ကြောင့် တို့တွေအိမ်ထောင်ပြုရေးကို ထိခိုက်တယ်ဆိုတာ မတွေးကြဖို့နဲ့ အိမ်ထောင်ပြုလိုက ၀ါတွင်းဝါပ အဓိကမကျဘဲ အိမ်ထောင် ကျပြီး နောက်ပိုင်း အိမ်ထောင်ရှင်နှစ်ဦး တို့ရဲ့ တာဝန်ကျေမှုနဲ့ အိမ်ထောင်ရေး မဖောက်ပြန်မှုကသာ အဓိကကျပါကြောင်း ထပ်လောင်းတင်ပြလိုက် ရပါတယ်။

Credit : ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

Friday, July 22, 2016

ရေသန့်ဘူးတွေကို ရေပြန်ဖြည့်ပြီး သောက်သုံးသူများ သတိ

သောက်ပြီးသားရေသန့်ဘူးများကို ရေပြန်ဖြည့်ပြီး သောက်သုံးခြင်းသည် အလွန်အန္တရာယ်များ

====================================

ဒီကိစ္စဟာ လူအတော်များများ လုပ်နေကြကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ သုံးနေကြတာပဲ ဘာမှ မဖြစ်နိုင်ပါဘူးလို့ ထင်ကြမှာပါ။ ဒီလိုပြုလုပ်ခြင်းဟာ အစပိုင်းမှာ မသိသာပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ကိုယ့်ကိုရောဂါပိုးတွေ ၀င်ရောက်အောင် လုပ်ဆောင်သလို ဖြစ်လာပါတယ်။

ဒီ စမ်းသပ်မှုကိုတော့ ကနေဒါကျန်းမာရေးအဖွဲ့က ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကျောင်းသားများစွန့်ပစ်ခဲ့တဲ့ ရေသန့်ဘူးတွေကို စစ်ဆေးကြည့်ရာမှ သုံးပုံနှစ်ပုံသော ရေသန့်ဘူးတွေမှာ ပြင်းထန်ပြီးဆိုးရွားတဲ့ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်တွေ ၀င်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလိုဝင်ရောက်ရခြင်း အကြောင်းကတော့ ရေသန့်ဘူးတွေဟာပါကင်မဖွင့်ခင်မှာ ပိုးသတ်ပြီးဖြစ်ပေမယ့် သုံးစွဲလိုက်ပြီး အချိန်အနည်းငယ်အတွင်း သာမန်အခန်းအပူချိန်ကြောင့် အလျှင်အမြန်ပဲ ၀င်ရောက်ပေါက်ဖွားလာတာကြောင့် လို့ ဆိုပါတယ်။

ဒီလိုမျိုး သုံးပြီးသားရေသန့်ဘူးတွေကို ထပ်ခါတလဲလဲ ရေဖြည့်သုံးမယ် ဆိုပါက အချိန်ကြာလာတာနဲ့ အမျှ ဆိုးရွားတဲ့ ရောဂါတွေ ရရှိလာမှာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုကြောင့် ဖြစ်လာမယ့် လက္ခဏာတွေကတော့ ပျို့အန်ခြင်း၊ဇောချွေးပြန်ခြင်း ၊ ဖျားနာခြင်း ၊ သတိလစ်ခြင်းတွေကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရေသန့်ဘူးတွေကို တစ်ခါသုံးပြီးတာနဲ့ ထပ်မံပြီး ရေဖြည့်သောက်သုံးခြင်း ပြုလုပ်တာကို ရှောင်ကြဉ်ခြင်း ဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

#AyeSay

မော်လူးတိုက်နယ်ဆေးရုံသို့ အလှူရှင်၁၃ဦးကစက်တစ်စုံလှူ





22-7-16နေ့ မော်လူးတိုက်နယ်ဆေးရုံအတွက်Oxygen Conecentraterတန်ဘိုး 12သိန်း5သောင်းကိုအလှုရှင်13ဦးမှ
စုပေါင်းလှူတန်းပါသည်။

ဖေ့ဘုတ်မှ

မော်လူး ရေကြီးတာ တစ်နှစ်ပြည့်အမှတ်တရ ဖေ့စ်ဘွတ် မှာ တွေ့လို့








2015.JULY..(19).(21)(22)ရက်နေ့ 
များတွင် မိုးရွာသွန်းမှုကြောင့် မော်လူး
မြို့ တစ်ခြမ်းရေနစ်ခဲ့ကြပါသည်။
( 24 )ရက်နေ့မှာတော့ မဖြစ်ဘူး
မကြုံဘူးသောရေဘေးဆိုးကြီး မော်လူးဒေသ တစ်နယ်လုံးခံကြရ
သည်ကို ( 24.7.16)ရက်နေ့မှာ (၁)နှစ်ပြည့်အောင့်မေ့သတိ
ရကြစေဖို့ ပြန်လည်တင်ပြပါကြောင်း။

Wednesday, July 20, 2016

ဝိသာခါအား ဆုံးမသော ပဋိ စ္ဆန္နသြ၀ါဒ (၁၀) ပါး။



ဝိသာခါအား ဆုံးမသော ပဋိ စ္ဆန္နသြ၀ါဒ (၁၀) ပါး။
===========================
  ၀ိသာခါအား ဆုံးမသော ပဋိ စ္ဆန္နသြ၀ါဒ (၁၀) ပါးမှာ==
 ၁။ အိမ်တွင်းကမီးကို အပြင်မထုတ်ရာ၊ အိမ်တွင်းက ရန်စကားကို အပြင်သို့ မရောက်စေရာ။
 ၂။ အိမ်ပကမီးကို အတွင်းမယူရာ၊ အိမ်ပကရန်စကားကို အိမ်တွင်းသို့ မရောက်စေရာ။
 ၃။ ပေးတတ်သောသူကိုသာ ပေးရာ၏၊ ဥစ္စာကို ပြန်၍ပေးသူကို ချေးငှားရာ၏။
 ၄။ မပေးတတ်သောသူကို မပေးရာ၊ ပြန်၍မဆပ်တဲ့သူကို မချေးငှားရာ။
 ၅။ မြဲမြံသောနေရာ၌ ရလာသော်လည်းကောင်း၊ မရလာသော်လည်းကောင်း၊ ကောင်းစွာသိုမှီးရာ၏
 သိက္ခာသီလ ထူးမြတ်သော ရတနာသုံးပါးတို့၏ ထံ၌လည်းကောင်း၊ သက်ကြီးရွယ်ရင့်တို့ထံ၌လည်း
ကောင်း သံသရာမျိုးဖြစ်သော အလှူကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ကောင်းစွာပေးလှူရာ၏။
 ၆။ ယောက္ခမတို့ နားမျက်စိ မပူဆာအောင် ချမ်းသာစွာနေရာ၏၊ ယောက္ခမကို မပန်မကြားဘဲ 
အမှုကို မပြုရာ။
 ၇။ ချမ်းသာစွာ စားရာ၏။ ယောက္ခမတို့၏ ရှေးဦးစွာ မစားသောက်ရာ။
 ၈။ ချမ်းသာစွာ အိပ်ရာ၏၊ ယောက္ခမတို့၏ ရှေးဦးစွာ မအိပ်ရာ၊ ရှေးဦးစွာ ထရာ၏။
 ၉။ လောင်တတ်သောမီးကို ရိုသေစွာ မွေးအပ်၏၊ မရိုသေ မခန်းညားမူ မီးကဲ့သို့လောင်တတ်သော
ယောက္ခမနှင့်လင်ကို ရိုသေစွာ ပြုစုလုပ်ကျွေးရာ၏။
၁၀။ အိမ်ဦးနတ်ကို မပြတ်ရှိခိုးရာ၏၊ အိမ်ဦးနတ်တည်းဟူသော ယောက္ခမနှင့်လင်ကို ရိုသေမြတ်နိုး
ရာ၏။
 {ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

Monday, July 18, 2016

၆၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုကဗျာစာအုပ် အခမဲ့ဝေနေပြီ


ယနေ့ ကောဇာသက္ကရာဇ် ၁၃၇၈ ခုနှစ် ဝါဆိုလပြည့်နေ့( ဓမ္မစင်္ကြာအခါတော်နေ့) ခရစ်သက္ကရာဇ် 2016 ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သည့် ၆၉ နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့် Mawluuvillagers Group မှ စီစဉ်သည့် အာဇာနည်နေ့ ဂုဏ်ပြု ကဗျာစာအုပ်ကို မော်လူး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် အခမဲ့ ပေးဝေနေပါပြီ။ ကဲ . . . အဖွဲ့ချုပ်ရုံးမှာ ကြာဇံဟင်းခါးလေးသောက်ပြီး ကဗျာစာအုပ်လေးတွေ သွားယူလိုက်ကြပါဦး ။ အရေအတွက် ကန့်သတ်ထားတာမို့ နောက်ကျရင် မရပဲနေမယ်နော်။

ချစ်ခင်လေးစားစွာဖြင့် . . .
Mawluuvillagers Group

Sunday, July 17, 2016

မော်လူး အားကစားကွင်းမှာ အာဇာနည်နေ့အခမ်းအနား ကျင်းပမှာတဲ့



မော်လူး ဇူလိုင် ၁၈
၆၉နှစ်မြောက်အာဇာနည်နေ့အခမ်းအနား
ကျင်းပပြုလုပ်နိုင်ရေးအတွက် အင်းတော်မြို့နယ်မော်လူးပြည်သူ့အားကစားကွင်း တွင် ဇူလိုင်၁၈ရက် ယနေ့နံနက်က အကြို
ပြင်ဆင်ဆောင်ရွက်မှုများကို မော်လူးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးမြင့်
ဦးဆောင်သောမော်လူး ဟဲနု အုန်းဒုတ်
 မင်းသာ ပဲခူးကျေးရွာများအစရှိသော ကျေးရွာ(၁၀)များမှရာအိမ်မှူးများ
ရပ်မိရပ်ဖများ အာဇာနည်နေ့ဖြစ်မြောက်ရေးအကျိုးတော်ဆောင်များ ဆောက်လုပ်ရေးအင်ဂျင်နီယာဦးမောင်လွင်နှင့်အဖွဲ့
သတင်းမီဒီယာနှင့်ပြန်ကြားရေးအဖွဲ့
မော်လူးဒေသအရံမီးသတ်တပ်ဖွဲ့တို့က
၆၉နှစ်မြောက်အာဇာနည်နေ့အခမ်း အနားကျင်းပပြု လုပ်ရန် အချိန်မီပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း
Cyclone

Friday, July 15, 2016

မော်လူးဓမ္မစကူးလ်မှကျောင်းသူကျောင်းသားများ ဝါဆို သင်္ကန်း ကပ်တာ မော်လူးထဲ အလှူလှည့်တာတဲ့ ကြည်နူးစရာ ကောင်းလိုက်တာဗျာ

မော်လူးဓမ္မစကူးလ်မှကျောင်းသူကျောင်းသားများ၏ဝါဆိုသင်္ကန်းကပ်လှူ ပွဲ။အလှူ နဲ့ အုပ်စုမှာ CCAအတွက်အုပ်စုဆွေးနွေးပွဲမှာ သင်္ချာသင်ဖို့ အလှည့်နဲ့တိုက်တော့ကျတော့ကိုယ်တိုင်လိုက်ပါခွင့်မရှိခဲ့ဘူး။ဒါပေမဲ့ကိုယ့်ကလေးတွေရဲ့ပီတိဖြစ်ဖွယ်မြင်ကွင်းလေးကိုမှတ်တမ်းတင်ရင်ကျေနပ်ပီတိဖြစ်စွာ

--------
fb  က  မ   လာသည်







၆၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အွန်လိုင်း ကဗျာပြပွဲ








သင်ခန်းစာ
@@@@
 လိုချင်တာက
 ရယူပိုင်ဆိုင်ခြင်းတွေနဲ့တူညီ
ယာယီမဟုတ်ရမယ့်ဌာနီ
အာဇာနည်တွေကို မလိုချင်တော့ဘူး
အာဇာနည်တွေကို မလိုချင်တော့ဘူး
 ဒါ တစ်ကယ့်ကွယ့် အာဇာနည်တွေကို
မလိုချင်တော့ပါ။
အချိန်တန်ရင်
ဝဿန္တအနီထဲကရုပ်ကြွ
ပြက္ဒဒိန်ထဲက ထွက်လာရခဲ့ပေမယ့်
အပြင်မှာ
မခံစားနိုင်တော့ဘူးတစ်ကယ်
မိုးစက်တွေရယ်
၆၉ ကြီမ်မြောက်တိုင်
ငါတို့တစ်တွေ
ရင်ကွဲမှိုင်ရပြန်မှာလားကွဲ့။
ပဲပြုတ်နဲ့နံပြားတောင် ရရင်မှစားချင်တယ်ဆိုပေမယ့်လည်း
 ရရင်ရ မရရင်ချမယ်ဆိုတဲ့စကားက
ကိုယ့်အတ္တအတွက်ကိုမှ မဟုတ်ပါရဲ့
ဒါနဲ့တောင်
အားလုံးလွတ်မြောက်သွားရင်ဖြင့်
ခြံကလေးစိုက်စားချင်တယ်တဲ့ဗျာ
စာလေးရေးပြီး အတွေးအဖွေးသားနဲ့
အင်အားဖြည့်နေလိုက်ချင်တယ်တဲ့လေ။
အချိန်တွေပြောင်းလဲခဲ့ရပါပြီ
သင်ခန်းစာကောင်းကောင်းကိုပဲ
ယူလိုက်ကြပါ
အနာဂတ်ရဲ့အသစ်အသစ်တွေကို
အတ္တဖွဲ့တင်း ထောင့်ကျဉ်းရဲ့ကျွန်
လှောင်အိမ်ခံပရဝဏ်ကျွန်းထဲမှာ
မငတ်မွန်းရပါစေတော့နဲ့
အားလုံးရဲ့သော့ချက်ကို
ဖွင့်လှစ်ချင်နေပါပြီ။

ထက်လင်းနီ (၆ ဇူလိုင် ၂၀၁၆)
*************

”နဝရတ်ကိုးပါးကိုလွမ်းတဲ့ကဗျာ”
@@@@@@@@@@@

 ပဋိပဋာအစွန်းလွတ်ခဲ့တော့
ချွေတယ် ကြွေတယ် ဝေတယ်။
အနေမှန်ခဲ့သူတို့ရဲ့ အသေခံ
ရာဇဝင်ရယ်
ဂန္တဝင်ဆန်သော
 ကိုယ်ကျင့်တရားကနုတ်ပန်းလေးကို
 ဦးညွှတ်မယ်။
နှလုံးသားငှက်ငယ်ခြေစုံရပ်လို့
ဥသြလေးရဲ့အလွမ်းဇာတ်မှာ
မိုးစက်ပွင့်တွေ ဖွေးကနဲဖွေးကနဲ
သွေးစက်တို့က ရဲကနဲ ရဲကနဲ
မျက်ရည်စက်တို့ စွေ့ကနဲကြွေဆဲ။
ဘယ်သူပြောခဲ့သလဲကွယ်
မေးချင်တယ်
တရားကိုနတ်စောင့်ပါတယ်
အခုတော့
ဘုရားတောင် အဖျက်အမှောင့်နဲ့ကွယ်။
 မဇ္ဈိမ ကို မစ္ဆရိယက
 ဥပေက္ခာပြုကြောင်း မှာ
 သူရဲကောင်းတွေသာ ကြွေရရှာတယ်။
မစ္ဆရိယကို မေတ္တာမပျက်ကြောင်း
Lily ပန်းတွေသက်သေရှိတယ်။
ကြာပန်းကလေး ဖွေးဖွေးပွင့်ဖို့
ကြာရိုးကလေး နက်နက်ငုပ်မှု
 အထ္တုပ္ပတ္တိမှာ
 ကြာရိုးကလေးကိုသာ
ကျွန်တော်ဦးညွှတ်လွမ်းပါတယ်။

ကိုကွေကာ
***********

``ဇူလိုင်လ ရောက်ပြီမို့´´
@@@@@@@@@@

မမေ့နိုင်စရာ အဖြစ်ကယ်ကြုံ
ဝမ်းနည်းစရာ သမိုင်းမှာကွာ
မဆုတ်မနစ်ဇွဲ ကြိုးစားစဲပါ
 လူထုကြည်ညို သခင်အောင်ဆန်းမှာ
 နယ့်ချဲ့လက်ပါး လူရမ်းကားကြောင့်
မျက်ရည်ဖြိုင်ဖြိုး ဇူလိုင်ဆယ့်ကိုး
ယနေ့ပြန်တွေး ရင်နာစရာအရေး
ကာလ၀ါဆို အုံမှိုင်းကပြိုမလို
 မိုးဒေ၀ါငြိုးတယ်
 ပုန်းညက်ကပွင့်ညီ မာလာကသင်းထုံ
ရဟန်းတော်များ ၀ါဆိုကြမယ်ဆို
ရောက်ပါပေါ့ ဇူလိုင်လအခါကို။

ခင်ခ
*************

*ဇူလှိုင်ရဲ့မျက်နှာစာ*
@@@@@@@@@
 ခေတ်အဆက်ဆက်
သယ်ဆောင်လာခဲ့.....ရာဇဝင်
ပုဂ္ဂိုလ်ရေးဗန်းပြပြီး
အမှောင်ထဲ ဆွဲသွင်းတာတောင်
လက်မခံခဲ့တဲ့သမိုင်း
ပန်းကိုးပွင့်ရဲ့အမည်နာမကိုတော့
အများပိုင်နမ်စားအဖြစ်
ဗိမာန်တည်ကိုးကွယ်ခဲ့ကြတယ်။။

မိုးခါး
***********
" သားစဉ်မြေးဆက် တစ်မိနစ်မျက်ရည် "
@@@@@@@@@@@@@@@@@
မှိုင်းညို့ညို့ ဆိုင်းအုံ့လို့ ဝေ
ဒီအချိန်ရောက်ရင် ဒီလိုပဲလား
ဖြိုးဖြိုးဖျောက်ဖျောက်
 မိုးစက်မိုးပေါက်တို့
လေနှင်ရာအလွမ်းသင့်သလို
ငေးလို့ ရီလို့......
Correction Ink သုံးထားတာတောင်
ပြောင်းလဲမသွားကြတဲ့
ဖျတ်ဖျတ်လူး မျက်နှာတွေ
တနွယ်ငင်တဇဉ်ပါပြီ
ရောယောင်နေတဲ့
အုတ်အရောရောကျောက်အရောရောတွေ
ဒီလိုပဲလား ဒီအချိန်ဆို ဒီလိုပဲလား
ပန်းခွေတွေ.......... ပန်းခွေတွေ
ပန်းခွေတွေ.................
 နွမ်းနယ်နေတဲ့မျက်နှာတွေနဲ့
လန်းဆတ်နေတဲ့ ပန်းခွေတွေ
ဇူလိုင်မိုးလည်း စိမ့်စိမ့်စွေ
ဝတ်ကျေတန်းကျေ ဝမ်းနည်းကြသလို
ဝဋ်နာကံနာလိုလည်း
လွမ်းဆွတ်ခဲ့ကြတယ်
မျက်ဝန်းတဝိုက်မှာပူနွေးစိုစွတ်စေခဲ့တာ
မိုးစက်မိုးပေါက်တို့မှ ဟုတ်ပါလေစ.....
အရင်နှစ်တွေတုန်းကလည်း
ဒီလိုပါပဲလား
ကြည့်စမ်းပ အလွမ်းတေ
ွ ခွေနေကြတာ ဘဝတွေလည်း ခွေနေကြတယ်
အတွေးတွေနဲ့ ခွေနေကြတယ်
မျက်ရည်တွေရော ခွေနေကြတယ်
တစ်နှစ်တစ်ခါ ခွေနေကြတာ
 လန်းလန်းဆန်းဆန်း ပန်းခွေတွေနဲ့
မားမားမတ် ကျောက်တိုင်ရှေ့........။ ။

မောင်ရင်စစ်
Thu 9:57am
**************

အလံတစ်ဝက်ချ
@@@@@@

ဂျူလိုင်.. အသိမဲ့ရက်စွဲတစ်ခု
 ရင်ဘတ်တွေထဲကလျှံကျလာတဲ့နတ§ထိ။
အရောင်မဲ့ကောင်းကင်၊ သတိမဲ့လူ၊
 ခံစားမှုမဲ့ နှလုံးသား၊
နှမြောတသမှုအတိပြီးသော နေ့စွဲ၊
ဆူပွက်လုမတတ် နှလုံးသွေးများ၊
နာကျင်ခံခက်လွန်းတဲ့ဒေါသ...
အားလုံးရဲ့ဆုံမှတ်က .....
ပြောစရာစကားမရှိ၊ ငိုစရာမျက်ရည်မရှိ၊
အားတင်းစရာသတိမရှိ..
ကျောက်ရုပ်အတိပြီးသော ဇူလိုင်၁၉.. ။
ရပ်.. ရောက်ရာအရပ်မှာရပ်၊
ညွှတ်... ဦးခေါင်းကိုညွှတ်..
လေးစားမှုအတိနဲ့ဦးညွှတ်။
ချ... အလံတစ်ဝက်ချ..
ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြစ်
သတိတရ အလံတစ်ဝက်ချ။
ဆွဲ...ဥသြသံရှည်နဲ့
လွမ်းဆွတ်စွာအော်ညည်းရင်း
 ဥသြသံပြိုင်ဆွဲ။
၁၀နာရီ၃၇မိနစ်၄၇စက္ကန့်..
 ငါတို့သူရဲကောင်းတွေရဲ့ ဇီဝိန်ကို
အဆုံးမဲ့ခြွေယူခဲ့တဲ့ အချိန်နတ်ဆိုး
မိုးတွေကြွေတုန်းမှာကျခဲ့တဲ့လွမ်းမျက်ရည်
ဒီမိုးတွေကြွေချိန်တိုင်း
ဒီသမိုင်းရိုင်းရိုင်းကို အမှတ်ရနေပါ့မယ်
အဖေ။.....။

သန်းဇော်ထက်
၁၄.၇.၂၀၁၆
***************

◄ တည်စေ ►
@@@@@@@

စိတ်ချသွားပါ
နေအစင်းစင်းက
ကမ္ဘာတစ်ခုလုံး မလင်းနိုင်သော်လည်း
အရာအားလုံးကိုထိုးခွင်း
 သွေးနဲ့တည်ဆောက်ခဲ့တဲ့ အလင်းက
ကျနော်တို့အတွက် မနက်ခင်းကို
ပြခဲ့ပါပြီ။
စိတ်ချသွားပါ
သံချပ်ကာဝတ်ရုံ
 ခြုံလို့မလုံသော်လည်း
ကျည်အထပ်ထပ် ချဉ်းနင်းဝင်ခ
နံ့သာရောင်တိုက်ပုံ အရိပ်က
ကျနော်တို့အတွက်
လုံခြုံနွေးထွေးလှပါပြီ။
စိတ်ချသွားပါ
ကိုယ့်ထိုင်ခုံတစ်လုံးစာမြဲဖို့
ပြည်သူ့လည်မြို
သံငုတ်နဲ့ရိုက်
(ကိုယ်ကျိုးအတွက်) အားစိုက်ခဲ့သူမှ
မဟုတ်ဘဲ
တမလွန်မှာ ၀င်းရှင်းလင်းပ
လိပ်ပြာလှလှ ပျံနိုင်မှာပါ။
စိတ်ချသွားပါ
ကျွေးခဲ့တဲ့ထမင်း
ပေးခဲ့တဲ့အရိပ်အောက် လမ်းမပျောက်စေရဘူး … လို့
ရပ်
 ငြိမ်
ဥသြသံရှည်ဆွဲ
အလံတော် တိုင်တစ်ဝက်လျှောချ
ဥက္ခောင်းကိုညွှတ်
သည်မြေအထွတ်ကို
သက်သေအရာထား
ကျနော်တို့ ကတိစကားပါးတယ်
 ကြားနိုင်ပါစေ။

ကိုကြည်နိုင်
*************

သမိုင်း တစ်ဆယ့်ကိုး
@@@@@@@@@@

မင်း နင်းထားတဲ့ ` မြေ ´က ပြောတယ်၊
 မင်း ရှူ သွင်းတဲ့ ` လေ ´က ပြောတယ်၊
 မင်း ပြောတဲ့ ဘာသာစကားက ပြောတယ်၊
 မင်း သင်နေတဲ့ ကမ္ဘာကြီးထဲက
 မြေတစ်ကွက်စာက ပြောတယ်၊
နောက်ဆုံးမှာ
 ` မြန်မာ ´ ဆိုတဲ့ အမည်နာမက
အသံကုန် အော်ဟစ်လိုက်တယ် ...
`` သူတို့ ` ရှိ ´သွားခဲ့လို့ ငါတို့ ရှိလာခဲ့တာ ´´ တဲ့ ။

WaThan 79
************---

ဒါတို့ မြေ ဒါတို့ပြေ
@@@@@@@

ဒါတို့မြေ
ဒါတို့ပြေ(ပြည်)
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်
နှလုံးသားထဲကပွင့်ထွက်လာတဲ့
လွမ်းဆွတ်အောက်မေ့ ခြင်းရဲ့အသံ
ကိုယ့်မြေပေါ်ကိုယ်ရပ်
ကိုယ့်လေကိုယ်ရှူသွင်း
ဒါလွတ်လပ်ခြင်းပဲ
သူတို့ရဲ့အသက်တွေရင်း
ဒီမြေကိုကျုပ်တို့အတွက်ဝကွက်အပ်ခဲ့
အသီးအပွင့်တွေစားသုံးရင်း
ဒီလိုနေ့ရက်ကကျေးဇူးတော်နေ့ပဲ
သူတို့အသက်နဲ့ပေးခဲ့တဲ့လွတ်လပ်ခြင်း အတွက်
၁၀နာရီ၄၅ သြဥသံကြားမယ်
ခြေစုံရပ်ဦးညွတ်စို့
စွန်ဝံ့သူတွေအတွက်မမေ့လျော့ခြင်းအသံတွေ
ဘ၀ဂ်ညံလိမ့်မယ်
 ရဲရဲဝံ၀ံဖွင့်ဆိုလိုက်
ဒါတို့ပြေ(ပြည်)
ဒါတို့မြေ

မိုးမြင့်သီဟ
********

Monday, July 11, 2016

စိတ်ချမ်းမြေ့ဖွယ် အစီအစဉ်လေးပါ ကောင်းလှပါသည်။


အင်းတော်မြို့နယ် နန့်စီးအောင်
ပေကုန်းဘုန်းတော်ကြီးတွင်
ညစဉ်ဘုရားရှိခိုး တရားအားထုတ်ကြသော
ယောဂီများ

Friday, July 8, 2016

ကုန်သွယ်ရေကြောင်းကောလိပ် တဲ့



ဆယ်တန်းမှာ ရူပဗေဒ၊ ဓာတုဗေဒဘာသာတွဲဖြင့်အောင်မြင်
ပြီး အသက်၁၉နှစ်ထက်မကြီးစေဘဲ အမှတ်ပေါင်း၄၂၀ရ ရှိသူများ မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ်ကို
လျှောက်ထားနိုင်။

Wednesday, July 6, 2016

“ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံ”


“ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံ”
=========================

ဝိသာခါကျောင်းအစ်မကြီးဆိုတာ အားလုံးသိတဲ့အတိုင်း
သာသနာမှာ အလှူဒါန ရက်ရောသူအဖြစ် သာသနာ့
မိခင်ကြီးအဖြစ်၊သောတာပန်အလှမိဖုရားအဖြစ်၊
ရဟန်းတော်များရဲ့ ရေတွင်းရေကန်ပမာအဖြစ်
ထွန်းသစ်ထင်ရှားခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
ဂုဏ်ယူဖွယ်ရာအကြောင်းတွေ အများကြီးရှိခဲ့ပါတယ်။

သာဝတ္ထိမြို့ရဲ့ အရှေ့ဘက်မှာ တိုက်ခန်းပေါင်း တစ်ထောင်ရှိတဲ့
ပုဗ္ဗာရုံကျောင်းကြီး လှူထားခဲ့တဲ့ ကျောင်းအစ်မကြီးတစ်ဦးဖြစ်ခဲ့သလို၊
သားသမီး(၂၀)၊ မြေး(၄၀၀)၊ မြစ်(၈၀၀၀) နဲ့
အခြွေအရံလည်း များခဲ့တဲ့ အမျိုးသမီးလည်းဖြစ်ခဲ့ပါသေးတယ်။
ထိုမျှမကသေး ဘာသာဝါဒမတူတဲ့ “မိစ္ဆာဒိဋ္ဌိမိဂါရသူဌေး”နဲ့
မိသားစုတို့ကို ဗုဒ္ဓဘာသာဖြစ်အောင် စည်းရုံးနိုင်ခဲ့တဲ့
အမျိုးသမီးဖြစ်ခဲ့ပါတယ်။

မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော့
ဝိသာခါက ဆွမ်းစားပင့်ပါတယ်။
အဲဒီညလွန်တော့ လေးကျွန်းလုံးအနှံ့ မိုးကြီးရွာသွန်းပါတယ်။
မြတ်စွာဘုရားရှင်က ရဟန်းတို့ ဇေတဝန်ကျောင်းမှာရွာသလို၊
လေးကျွန်လုံးအနှံ့မှာလည်း မိုးရွာတယ်။
သင်တို့မိုးရေချိုးကြ။ ဒီမိုးကြီးဟာ လေးကျွန်းလုံးနှံ့တဲ့
နောက်ဆုံးမိုးပဲ ဟု မိန့်တော်မူပါတယ်။ ရဟန်းတော်များဟာ
သင်္ကန်းအပိုအလှူခံခွင့် မရှိသေးတာကြောင့် မိုးရေခံ သင်္ကန်းမပါဘဲ
မိုးရေချိုးနေကြတဲ့အချိန် ဝိသာခါလွှတ်လိုက်တဲ့
အိမ်ဖော်မလေး ကျောင်းလာဆွမ်းစားချိန်ရောက်ကြောင်း
လျှောက်ထားဖို့လာတဲ့အခါ၊ အဝတ်မပါဘဲ မိုးရေချိုးနေကြတဲ့
ရဟန်းတော်များကိုမြင်တော့ ဒီအရာမ်အတွင်းမှာ ရဟန်းတွေ မရှိဘူး။
အာဇီဝတက္ကတွန်းတွေသာ မိုးရေချိုးနေကြတယ်
လို့တွေးပြီး ရဟန်းတွေကို မပင့်ခဲ့ဘဲ အိမ်ပြန်သွား
ဝိသာခါကို အကြောင်းစုံပြန်ပြောတယ်။

ဝိသာခါက ပညာရှိတယ်။ လိမ္မာယဉ်ကျေးတယ်။
အတွေးအခေါ်လျင်မြန်ထက်မြက်တယ်။
ရဟန်းတော်တွေ မိုးရေးခံသင်္ကန်းမပါဘဲ
မိုးရေချိုးနေကြတာဖြစ်မယ် စဉ်းစားပြီး အိမ်ဖော်မလေးကို ဆွမ်းစားချိန်ရောက်ကြောင်း ထပ်မံ အပင့်ခိုင်းပြန်တယ်။
အဲဒီအချိန် ရဟန်းတော်များဟာ ရေချိုးပြီးလို့
တင့်တင်တယ်တယ် သပ္ပါယ်စွာ ဝတ်ရုံထားကြပြီးဖြစ်တယ်။
ကျောင်းတွင်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ
သီတင်းသုံးနေကြပြီဖြစ်တယ်။
ရဟန်းတစ်ပါးမျှ ကျောင်းမှာမရှိဘူး။
တစ်ကျောင်းလုံးတိတ်ဆိတ်နေတယ်လို့ အိမ်ဖော်မလေးက
ပြန်လာပြီး ဝိသာခါကို ပြောပြန်တယ်။

ဝိသာခါက အခြေအနေကို စဉ်းစားမိပြီး ထပ်မံလွှတ်ရပြန်တယ်။
ဒီတော့မှ မြတ်စွာဘုရားရှင်နဲ့ သံဃာတော်တွေ အိမ်ကြွလာတော်မူကြတယ်။
မိုးရွာပြီးစ ရေစီးအဟုန်တွေများနေပေမယ့် မြတ်စွာဘုရားနဲ့
သံဃာတော်တို့ရဲ့ ခြေတော်တွေ သင်္ကန်းတော်တွေမှာ
ရေစိုစွတ်ခြင်း မရှိတာမြင်တော့ ဝိသာခါ အံ့သြဝမ်းသာဖြစ်ကာ
ဆွမ်းကပ်လှူ၊ ဒီနောက် မြတ်စွာဘုရားထံမှာ
ဆု(၈)ပါးလျှောက်ထားတောင်းဆိုပါတယ်။

အဲဒီဆု(၈)ပါးက
-----------------------
၁။ အရှင်ဘုရား တပည့်တော်မသည် သံဃာတော်များအား
အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူလိုပါ၏။
၂။ ဧည့်သည် အာဂန္တုတို့အား ဆွမ်းလှူလိုပါ၏။
၃။ ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၎။ သူနာရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၅။ သူနာပြု ရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၆။ သူနာရဟန်းတို့အား ဆေးလှူလိုပါ၏။
၇။ အမြဲ ယာဂု လှူလိုပါ၏။
၈။ ဘိက္ခုနီသံဃာအား ရေသနုပ်လှူလိုပါ၏။ ဆိုတဲ့ ဆု(၈)မျိုးပါ။

ဝိသာခါ သင် ဘယ်လိုအကျိုးထူး ကျေးဇူးတွေမြင်လို့
ဒီဆုတွေတောင်းတာလဲ လို့ မြတ်စွာဘုရားရှင်က မေးတော့ အိမ်ဖော်မလေးပြောတဲ့စကားပြန်လျှောက်ပါတယ်။

■ အရှင်ဘုရား အဝတ်မစည်း အချည်းအနှီးနေခြင်းဟာ
စက်ဆုပ်ရွံရှာဖွယ်ရှိလို့ မစင်ကြယ်ပါ။
ဒီအကျိုးမြင်လို့ ရဟန်းသံဃာတော်အား အသက်ထက်ဆုံး
မိုးရေခံသင်္ကန်း လှူဒါန်းလိုပါတယ်ဘုရား။

■ ဧည့်သည် အာဂန္တု ရဟန်းများ ခရီးမကျွမ်းကျင်လို့ ဆွမ်းကိစ္စ
အခက်အခဲ ကြုံတတ်ပါတယ်။ တပည့်တော်မ လှူတဲ့ဆွမ်းကို
ဘုဉ်းပေးပြီးမှ ခရီးလမ်းသိ ဆွမ်းခံကျွမ်းကျင်မှု ရှိပါလိမ့်မယ်။
ဒါကြောင့်လည်း ဧည့်သည်အာဂန္တုရဟန်းတို့ကို
ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

■ ခရီးသွားရဟန်းများ ဆွမ်းရှာနေရပါက အဖော်များ
ပြတ်ကျန် နေပါလိမ့်မယ်။ သွားချင်တဲ့ကျောင်းကိုလည်း
အချိန်အခါမဲ့မှ ရောက်သွားပါလိမ့်မယ်။
တပည့်တော်လှူတဲ့ဆွမ်းကို ဘုဉ်းပေးရပါက
အဲဒီဒုက္ခမှ ကင်းဝေးပါမယ်။ ဒါကြောင့် အသက်ထက်ဆုံး
ခရီးသွားသံဃာအား ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

■ ဖျားနာတဲ့ရဟန်းမှာ လျောက်ပတ်တဲ့ဘောဇဉ် မရပါက
အနာတိုးပွားနိုင်သလို အသက်အန္တရာယ်လည်း ကြုံတွေ့နိုင်ပါတယ်။
တပည့်တော်လှူတဲ့ ဘောဇဉ်စားသောက်ရပါက
ဒီအန္တရာယ်ကင်းပါလိမ့်မယ်။ ဒါကြောင့် သူနာရဟန်းများကိုလည်း
အသက်ထက်ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်။ဘုရား။

■ သူနာပြု(ဖျားနာနေသော ရဟန်းအား လုပ်ကျွေးပြုစုသူ)
ရဟန်းများ ကိုယ်တိုင်ဆွမ်းရှာနေရပါက
သူနာရဟန်းအား ပြုစုရမယ့်ကိစ္စတွေ လစ်ဟင်းနေပါလိမ့်မယ်။
ဒါကြောင့် သူနာပြု ဂိလာနုပဋ္ဌာက ရဟန်းများကိုလည်း
အသက်ထက်ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

■ သူနာရဟန်းမှာ လျောက်ပတ်တဲ့ ဆေးဝါးမရပါက
ရောဂါတိုးပွားပါလိမ့်မယ်။ ဒါကြောင့် အသက်ထက်ဆုံး
သူနာရဟန်းအား ဆေးဝါးလှူဒါန်းလိုပါတယ်ဘုရား။

■ အရှင်ဘုရားက အန္ဓကဝိန္ဒမြို့မှာ “ယာဂုအကျိုးဆယ်မျိုး”ရှိတယ်
လို့ ဟောကြားခွင့်ပြုတာကြောင့် ရဟန်းသံဃာအား
တပည့်တော်မ အသက်ထက်ဆုံး “ယာဂုလှူလိုပါတယ်”ဘုရား။

■ အမျိုးသမီးရဟန်းများ အစီရဝတီမြစ်မှာ ပြည့်တန်ဆာမများတို့နဲ့
ရေဆိပ်တစ်ခုတည်းမှာ အဝတ်မစည်း ရေချိုးနေကြလို့
ပြည့်တန်ဆာမများက ရဟန်းမ ဘိက္ခုနီတို့ကို
ပြက်ရယ်လှောင်ပြောင်ကြပါတယ်။
ဒါကြောင့် ဘိက္ခုနီသံဃာအား အသက်ထက်ဆုံး
ရေသနုပ်(ရေလဲသင်္ကန်း) လှူဒါန်းလိုပါတယ်ဘုရားဟု
ဒီဆု(၈)မျိုးကို ဝိသာခါဒကာမကြီးက တောင်းခံခဲ့တာပါ။

သံဃာများ ချမ်းသာစေလိုတဲ့ ဒီဆုတွေ ဝိသာခါတောင်းတာဟာ
သာသနာအကျိုးကြည့်တာရယ်၊ သူကိုယ်တိုင် နောင်အချိန်မှာ
ဝမ်းသာပီတိနဲ့ သဒ္ဓါပွားချင်တာရယ်ကြောင့်
တောင်းထားတာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က
ခွင့်ပြုတော်မူခဲ့လို့ ဒီနေ့ ဗုဒ္ဓဘာသာဝင် အမျိုးသား ၊
အမျိုးသမီးများ အနေဖြင့် ဝိသာခါကျောင်းအစ်မကြီးရဲ့
ဆုရှစ်မျိုးထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဝါဆိုသင်္ကန်းကို
လှူဒါန်းနေကြတာဖြစ်ပါတယ်။
ဒါက ဝိသာခါကျောင်းအစ်မကြီး တောင်းခံခဲ့လို့
“ဝါဆိုသင်္ကန်း”ရယ်လို့ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။

သာဝတ္ထိမြိုကို ကြွဖူးတဲ့ ရဟန်းဖြစ်ပါက ဝိသာခါရဲ့
သင်္ကန်း ဆွမ်း စတဲ့အလှူကို တစ်မျိုးမျိုးတော့ ရရှိအလှူခံဖူးမှာပဲ။
အဲဒီရဟန်းတော်များ တရားထူးရတယ်ဆိုပါက
ဝိသာခါကျောင်းအစ်မကြီးရဲ့ ကျေးဇူးလည်း ရှိဖူးပြီပဲလို့
တွေးမိရင် ဝိသာခါက ဝမ်းမြောက်မယ်၊ နှစ်သက်မယ်၊
ငြိမ်းအေးမယ်။ ချမ်းသာမယ်။ တည်ကြည်မယ်။
ဣနြေ္ဒဗိုလ်၊ ဗောဇ္ဈတရားများ တိုးပွားမယ်။
ဒီအာနိသင်တွေ့မြင်လို့ ဆု(၈)ပါးကို တောင်းခံခဲ့တာဖြစ်ပါလို့
ရေးသားရင်း နိဂုံးချုပ်လိုက်တော့၏။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍
လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)】

မေတ္တာဖြင့် ဝေမျှသူ

စိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့် ၁၉ ၊၈ ၊၂၀၁၆ နောက်ဆုံး။ လျှောက်ရမယ်တဲ့



စိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့် ၁၉ ၊၈ ၊၂၀၁၆ နောက်ဆုံး။ သိပ္ပံတွဲ  အမှတ်ပေါင်း ၃၆၀ အထက်လျှောက်နိုင်ပြီ။ ကိုယ်တိုင်ကွန်ပျူတာစာစီ၍ တင်ပါ။ကျား ၂၀၀ ဦး 
မ ၂၀၀ ဦး။
မူရင်းပိုင်ရှင်။ဆရာဆွေ

Monday, July 4, 2016

(၆၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အွန်လိုင်း ကဗျာပြပွဲအတွက် ကဗျာစာမူများ ဖိတ်ခေါ်ခြင်း

(၆၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အွန်လိုင်း ကဗျာပြပွဲအတွက် ကဗျာစာမူများ ဖိတ်ခေါ်ခြင်း
###############################################################################
ကျွန်တော်တို့၏ မော်လူးဒေသသတင်းများစုစည်းရာ (Mawlu News) အဖွဲ့မှ  ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အွန်လိုင်း ကဗျာပြပွဲကို ပြုလုပ်မည် ဖြစ်ပါ၍ ကဗျာဝါသနာရှင်များအနေဖြင့် အာဇာနည်နေ့ ဂုဏ်ပြု ကဗျာများကို ရေးသားပေးပို့နိုင်ကြစေရန် ဖိတ်ခေါ်အပ်ပါသည်။ အာဇာနည်နေ့ ဂုဏ်ပြုကဗျာများကို mawluuvillager  facebook chat box သို့လည်းကောင်း mawluuvillagers@gmail.com သို့လည်းကောင်း ပေးပို့နိုင်ပါသည်။ ပေးပို့လာသည့် ကဗျာတစ်ပုဒ်ခြင်းစီကို မော်လူးဒေသ သတင်းများ စုစည်းရာ ဝဘ်ဆိုဒ်နှင့် Mawlu News ဖေ့စ်ဘုတ် စာမျက်များတွင် ဖော်ပြပေးပြီး ဇူလိုင် (၁၉) ရက် အာဇာနည်နေ့တွင် ပေးပို့လာသည့် ကဗျာအားလုံးကိုလည်း စုစည်းပြီး အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာပြပွဲအဖြစ် ပြုလုပ်မည်ဖြစ်ပါသည်။ သို့ပါ၍ ကဗျာဝါသနာရှင်များအနေဖြင့် ကဗျာစာမူများကို ယနေ့မှ စပြီး ဇူလိုင်(၁၉)ရက် မတိုင်မီ ပေးပို့နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။ ကဗျာစာမူများကို ယခင်ပြုလုပ်ခဲ့ဖူးသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲနှင့် ပေါင်းပြီး ကဗျာစာအုပ်အဖြစ် ဖန်တီးရန်အတွက်လည်း အစီအစဉ်ရှိနေပါသေးသည်။
ချစ်ခင် လေးစားစွာဖြင့် ...
Mawlu News Admin group