Saturday, January 3, 2015

၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းသား/သူ စုံညီပွဲတော် ကျင်းပမ



၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်
ပညာရေးစုံညီပွဲကျင်းပနိုင်ရန် ကျောင်းသား/သူလေးများ ဘင်ခရာတီးဝိုင်းဖြင့်
ရံပုံငွေရှာဖွေကြစဉ်



၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းသား/သူ စုံညီပွဲတော် ကျင်းပမည်
မော်လူး၊ ဇန်နဝါရီ ၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နန့်စီးအောင် ပညာရေးအုပ်စု၊
ပဲခူးကျေးရွာ အခြေခံပညာ အလယ်တန်း(ခွဲ)ကျောင်းတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ
၎ ရက်နေ့တွင် ကျရောက်သော ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်
ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၄ ရက်နှင့် ၅ ရက်နေ့များတွင်
ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်

မံဟဲကျေးရွာတွင် နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်

မံဟဲကျေးရွာတွင် နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာ
အခြေခံပညာ အလယ်တန်းကျောင်းတွင် အင်းတော်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာန ဦးစီးအရာရှိ ဦးအောင်သူ၊ ဒုတိယ
ဦးစီးမှူး ဦးတင့်ဆွေဦးနှင့် ဝန်ထမ်းများမှ ကျောင်းသား/သူများနှင့်
ကျေးရွာသူ/သားများအား နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ ပြုလုပ်ပေးခြင်းကို
ဇန်နဝါရီ ၁ ရက် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်နှုန်းထားဖြင့်
လွယ်ကူလျင်မြန်စွာ ထုတ်ပေးနိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
ရပ်ကွက်၊ ကျေးရွာ၊ စာသင်ကျောင်းများအရောက် ကွင်းဆင်းဆောင်ရွက်ပေးနေမှု
နိုင်ငံသားစိစစ်ရေးကဒ်ပြား၏ အသုံးဝင်မှု နိုင်ငံသားတစ်ဦးအတွက်
နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိနိုင်ရေးအတွက် အထောက်အထားဖြစ်မှု
လွယ်လွယ်ကူကူ ရရှိမှုအပေါ် စနစ်တကျထိန်းသိမ်းထားရန် လိုအပ်မှုနှင့်
နိုင်ငံသားစိစစ်ရေး ကဒ်ပြားအကြောင်း သိကောင်းစရာများကို
ကျောင်းသား/သူများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မော်လူးဒေသ မံဟဲကျေးရွာအုပ်စု မံဟဲကျေးရွာ အခြေခံပညာ
အလယ်တန်းကျောင်း ခန်းမတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊
ရပ်မိရပ်ဖများ၊ ဆရာ/မများနှင့် ဒေသခံပြည်သူများအား ဇန်နဝါရီ ၁ ရက်နှင့် ၂
ရက်တွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း
ကျောင်းသား/သူများ၊ ရွာသူ/သား ၁၀၀ခန့်ကို နိုင်ငံသားစိစစ်ရေး ကဒ်ပြား
နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်