Thursday, August 28, 2014
မိမိဖုန်းကို လက်​က​လေး၂ချက်​ပုတ်​ပြီးဖုန်းscreenဖွင့်​ရ​အောင်​လုပ်ပေးနိုင်တဲ့Knockr-v1.5 Apk and Soft Lock Screen v2.2 apk
မိမိတို့ဖုန်းရဲ့screen​လေး​ပေါ်ကိုdouble tapလက်​​ချောင်းထိပ်​​နဲ့နှစ်​ချက်​ပုတ်​​ပေးလိုက်​တာနဲ့ဖုန်းရဲ့screenကိုဖွင့်​​ပေးမယ့်​application​လေးတစ်​ခု
ကိုတင်​​ပေးလိုက်​ပါတယ်​-ဒီapkကိုandroid version 4.1နဲ့အထက်​ရှိတဲ့
ဖုန်း​တွေမှာပဲinstallလုပ်​ပြီးသုံးလို့ရမှာပါ။အခြားအသုံးဝင်
တဲ့featuresများစွာပါဝင်​​ပေးထားတာမို့အသုံးပြုလို့အဆင်​​ပြေ​ကောင်းမွန်​ပါတယ်​။
ပါဝင်​လုပ်​​ဆောင်​နိုင်​မှု​တွေက..........
Double Tap, Swipe Up, Swipe Down, Swipe Left, Swipe Right, Long Press, Up Arrow, Double Up Arrow, Down Arrow, Double Down Arrow, Right Arrow, Left Arrow, Clockwise circle, Double Clockwise Circle, Counter-Clockwise Circle, and Double Counter-Clockwise Circle.
Volume Up button when in Landscape: Pressing the volume up button when the device is in Landscape will automatically open the cameraစတာတွေပေါ့..
ဖုန်းစကရင်​မ်​ကိုhome keyမသုံးပဲအဆင်​​ပြေ​ပြေဖွင့်​နိုင်​ပြီ
ဆို ​တော့သူနဲ့တွဲဖက်​သုံးလို့​ကောင်းမယ့်​"Soft Lock Screen v2.2"ဆိုတဲ့apk​လေးကိုပါတွဲဖက်​ပြီးတင်​​ပေးလိုက်​ပါတယ်​။အဲ့ဒိ​တော့ဖုန်းရဲ့စကရင်​မ်​ကိုပိတ်​ချင်​ရင်​power keyကိုမသုံးပဲနဲ့"Soft LockScreen"ဆိုတဲ့apk​လေးကိုနှိပ်​လိုက်​ရုံနဲ့ပိတ်​​ပေးမှာဖြစ်​ပြီး၊ဖုန်းစကရင်​မ်​ကိုဖွင့်​ချင်​ရင်​​တော့"Knockr v1.5"ဆိုတဲ့apk​လေးကိုအသုံးပြုကာမိမိဖုန်းရဲ့screen​လေးကိုလက်​နဲ့၂ချက်​ ပုတ်​​ပေးလိုက်​တာနဲ့
ဖုန်းစကရင်​မ်​ကိုပွင့်​​ပေး​စေမှာပဲဖြစ်​ပါတယ်​။အဖွင့်​အတွက်​​ကောအပိတ်​အတွက်​ ပါapk၂ခုစလုံးတင်​ပေးလိုက်​ပါတယ်​။apk၂ခုစလုံးကfile size 1MB​တောင်​မရှိပါဘူး။ဒါ့​ကြောင့်​မိမိဖုန်းရဲ့internal
apkက ​တော့ဖုန်းဗားရှင်း4.1နဲ့အထက်​​တွေမှသာအသုံးပြုလို့ရမှာဖြစ်​တာ​ကြောင့်၊မိမိဖုန်းဗားရှင်းနဲ့ချိန်​ညှိပြီးမှသာ​ဒေါင်းလုပ်​ဆွဲယူပါ-
Knockr-v1.5 Apk
Download Here
Soft Lock Screen  v2.2  apk
Download Here
www.winhlaing.org
ဝင်းလှိုင်(နည်းပညာ
မှုခင်းဆိုင်ရာ အသိပညာပေး ဟောပြော နန့်စီးအောင်၊ သြဂုတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊
နန့်စီးအောင်-ပေကုန်းကျေးရွာတွင် မှုခင်း အသိပညာပေး ဟောပြောပွဲကို သြဂုတ်
၂၅ ရက် နံနက်၁၀နာရီက နန့်စီးအောင်-ပေကုန်းကျေးရွာ
အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မှုခင်း အသိပညာပေးဟောပြောပွဲသို့  နန့်စီးအောင်-ပေကုန်း ရဲကင်း
ရဲအုပ် မင်းဇော်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ နန့်စီးအောင်ကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ အထွေထွေအုပ်ချုပ်ရေး စာရေး အဆင့်(၁)
ဒေါ်ဝင်းဝင်းခိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီဝင်များ၊
ရပ်ကွက်မှူးများ၊ ရပ်မိရပ်ဖများ၊ ရာအိမ်စုမှူးများ၊ အသင်းအဖွဲ့များ
အပါအဝင် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။ အစီအစဉ်အရ
နန့်စီးအောင်-ပေကုန်း ရဲကင်း ရဲအုပ် မင်းဇော်ဦးမှ မှုခင်းကျဆင်းရေးအတွက်
ပြည်သူဗဟိုပြု ရဲလုပ်ငန်းဆိုင်ရာများ၊ ပြည်သူများ၏
ပါဝင်ကူညီဆောင်ရွက်ရမည့် မှုခင်းပိုင်းဆိုင်ရာများကို အသိပညာပေး
ဟောပြောခဲ့ကြောင်း၊ မှုခင်းဆိုသည်မှာ နေ့စဉ်နှင့်အမျှ အများပြည်သူများ
အကြားတွင် ပြဋ္ဌာန်းထားသည့် ဥပဒေကို ဆန့်ကျင်ပြီးဖြစ်နေတတ်သော
ကိစ္စအရပ်ရပ်ကို မှုခင်းဟုခေါ်ကြောင်း၊ ပေကုန်းကျေးရွာတွင်
အများဆုံးဖြစ်ပေါ်နေသည့် မှုခင်းဖြစ်စဉ်များမှာ အရက်သေစာသောက်စား၊ မူးယစ်၊
ရမ်းကားရန်ဖြစ်မှုများ၊ ငွေကြေးလိမ်လည်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲ
ရောင်းဝယ်မှုများဖြစ်ကြောင်း၊  ပြည်သူများမှ လာရောက်တိုင်တန်းလျှင်
အမှုဖွင့် အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်စားနေသည့်
ငွေကြေးလိမ်လည် ပြီး ထွက်ပြေးမှုများစသည့် မှုခင်းများကို မဖြစ်ပွားခင်က
ကြိုတင်ကာကွယ်ခြင်းက ပိုမို၍ အကျိုးရှိကြောင်း၊ ရပ်မိရပ်ဖ
မိဘညီအစ်ကိုမောင်နှမများမှ ဝိုင်းဝန်းကူညီ ထိန်းသိမ်းခြင်းဖြင့်
မှုခင်းကျဆင်း လျှော့နည်းစေမည်ဖြစ်ကြောင်း စသည့် မှုခင်းဆိုင်ရာ
အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့သည်
သိရပါကြောင်း
မော်လူးဒေသ သားများ ဖူးမြော် နိုင်ရန် ရွှေတိဂုံ စေတီ နှင် ကောင်းကင်ယံ ထီးတော် အရိပ်
facebook  မှ ပင့်ဆောင်ခဲ့သော
ရွှေတိဂုံ ရင်ပြင်  တော် မှာ
ဖုန်းဖြင့်ရိုက်ကူးထား သော  ပုံတော်ပါ
ကြည်ညို ဖူးမြော်  ကြပါအုန်းခင်ဗျာ။
ရန်ငြိုးကြောင့် မှောင်ရိပ်ခိုပြီး ရိုက်နှက်သွားသည့် တရားခံ ဖမ်းဆီးရမိ မော်လူး၊ သြဂုတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊
မော်လူးရဲစခန်းပိုင်နယ်မြေအတွင်း သြဂုတ် ၂၃ရက်နေ့ နံနက် ၁နာရီအချိန်ခန့်က
ရန်ငြိုးကြောင့် မှောင်ရိပ်ခိုပြီး ရိုက်နှက်ပြီး
ထွက်ပြေးတိမ်းရှောင်သွားသည့် တရားခံကို သြဂုတ် ၂၇ ရက်နေ့ နံနက် ၇
နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ သြဂုတ် ၂၂ ရက်နေ့က မြစ်ကြီးနားမြို့မှ အထူးအမြန်ရထား(အမှတ်
၅၆)၊ တွဲအမှတ် ၅တွင် လိုက်ပါစီးနင်းပြီး  ဈေးရောင်းပြန်လာကြသည့်
အမျိုးသမီးလေးဦးသည် မော်လူးမီးရထားဘူတာမှ သြဂုတ် ၂၃ ရက်နေ့ နံနက် ၁
နာရီအချိန်ခန့်တွင် သုံးမိုင်ခန့်ကွာဝေးသည့် ၄င်းတို့နေထိုင်ရာ နန့်ရုံ၊
ရွာရှည်ကျေးရွာသို့အပြန် မော်လူး -လေးတန်ရိုးသွား
ကျေးရွာချင်းဆက်လမ်းမကြီးပေါ် သက်ရင်းသာကျေးရွာနှင့် ပေ ၃၀၀ ခန့်အကွာ
ရေအေးချောင်း တံတားအနီး ပေ ၂၀ ခန့်အကွာ ဆီးပင်ချုံဘေးတွင် မှောင်ရိပ်ခို
အသင့်စောင့်ဆိုင်းကာ အမျိုးသမီးလေးဦးအား အရှည် ၄ တောင် တစ်ထွာ၊ လုံးပတ်
၅ လက်မခန့်ရှိ ကျွန်းပင်ပေါက်ခြံတိုင်ဖြင့် ရိုက်နှက်သဖြင့် ဒေါ်ထွေးကြည်၊
ဒေါ်မပုတ်၊ မဥမ္မာကျော်၊ ဒေါ်ခင်ညွှန့်တို့အား ရိုက်နှက်ခဲ့ရာ ဒေါ်ခင်ညွှန့်မှာ
ထွက်ပြေးလွှတ်မြောက်ခဲ့ကြောင်း၊ အရိုက်ခံခဲ့ရသည့် အမျိုးသမီးသုံးဦးကို
မော်လူးတိုက်နယ်ဆေးရုံးသို့ အရေးပေါ် တင်ပို့ရာ ဒဏ်ရာမှာ စိုးရိမ်ရသဖြင့်
ကသာခရိုင် ပြည်သူ့ဆေးရုံးသို့ ဆေးစာဖြင့် လွဲပြောင်းပို့ဆောင်ခဲ့ရာ၊
မဥမ္မာကျော်မှာ ဦးခေါင်းငယ်ထိပ် အရိုးကျိုး ပေါက်ပြဲ ဒဏ်ရာဖြင့် အဆိုပါ
နံနက် ၇ နာရီအချိန်တွင် သေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးမှာ
အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရကြောင်း၊ ၄င်းအမှုကိစ္စနှင့် ပတ်သက်၍
တရားခံအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် ကသာခရိုင် ရဲတပ်ဖွဲ့မှူး
ဒုတိယ ရဲမှူးကြီး စိုးမြင့်၏ လမ်းညွှန်မှုကို ခံယူ၍ ခရိုင် မှု/ကူ ရဲအုပ်
အောင်ကြည်မြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မော်လူးနယ်မြေ ရဲတပ်ဖွဲစခန်းမှ
စခန်းမှူး ရဲအုပ် အေးမင်းသိန်းနှင့် တပ်ဖွဲ့ဝင်များပူးပေါင်း၍ အပူတပြင်း
စုံစမ်းရှာဖွေဖော်ထုတ်ခဲ့ရာ သြဂုတ် ၂၇ ရက်နေ့ နံနက် ၇ နာရီ အချိန်တွင်
တရားခံဖြစ်သူ ခင်မောင်လွင်(ခ)အမောင် ၂၉ နှစ်(ဘ) ဦးမဲမောင်၊
ပဲခူးကျေးရွာနေသူအား ဖမ်းဆီးရမိခဲ့သည်။ ၄င်းဖြစ်စဉ်နှင့် ပတ်သက်၍
အမှုအခင်းဖြစ်ပွားသည့်နေရာသို့  တရားခံနှင့်အတူ ကသာခရိုင် မှု/ကူ ရဲအုပ်
အောင်ကြည်မြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မော်လူးနယ်မြေ ရဲစခန်းမှ စခန်းမှူး
ရဲအုပ် အေးမင်းသိန်းနှင့် တပ်ဖွဲ့ဝင်များ၊ မော်လူးကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ သက်ရင်းသာကျေးရွာ၊
ဂွေ့ကြီးကျေးရွာ၊ ပဲခူးကျေးရွာ၊ ရွာရှည်ကျေးရွာများမှ
အုပ်ချုပ်ရေးမှူးများနှင့် အထောက်အကူပြုအဖွဲ့ဝင်များ လိုက်ပါ၍
လိုက်လံပြသခိုင်းပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ယူခြင်းနှင့်
ရဲလုပ်ငန်းဆောင်ရွက်ချက်များကို ပြည့်စုံစွာ လုပ်ဆောင်ကာ
မော်လူးရဲစခန်းမှ  (ပ)၄၁/၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၅/၃၀၂ ဖြင့် အရေးယူပြီး
တရားခံအား ထိရောက်စွာ ပြစ်ဒဏ်ရရှိရေးအတွက် အမှုစစ် ရဲအုပ်
မင်းသိန်းထွန်းမှ စစ်ဆေးဆောင်ရွက်ပြီး ခရိုင်တရားရုံးသို့
တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။