Monday, May 30, 2016

ပြောပြန်ရင်လည်း အောင်မင်း လွန်ရာကျမယ်

2016-2017 ပညာသင်နှစ်
တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူ
များသိစေဖို့...စံတော်ချိန်သတင်းစာမှသတင်းပါ...

Saturday, May 28, 2016

မော်လူးဒေသ ဒီပင်္ကရာမြတ်စွာဘုရား အတိုးချထားသော ငွေစာရင်းတဲ့




တက်လာတဲ့အစိုးရက  တရား ဥပဒေစိုးမိုးမှု ကို အရေးပေး
ဆောင်ရွက်နေတာနဲ့တော့ ဖြစ်တော့မှာလေ

အမြတ်ခွန် တိမ်းရှောင်မှု

လိုင်စင် မရှိဘဲ  ငွေတိုးချမှု

ကြိုကာ  က  ယစ်မျိုး

တွေနဲ့  ဒီပင်္ကရာကတော့ တွေ့တော့မှာလေ*****
---------------------------------------------

ပိဋကတ် သုံးပုံ  ပါ ဠိတော် ထဲ  မှာကော  ကျွန်တော်တို့  ရဲ့  ဘုရားရှင် မြတ်ဗုဒ္ဓဟာ  မရှိဆင်းရဲသားတွေ အပေါ်  ငွေတိုးချခဲ့သော ရာဇဝင်  ဇာတ်ကြောင်းများ
ရှိခဲ့လေသလား

ရှိခဲ့ရင်  mawluuvillagers@gmail.com  သို့  ပို့ပေးကြပါလာဗျာ

မရှိခဲ့ရင်  တော့                 ပြောတော့ပါဘူးဗျာ


ပိဋကတ်သုံးပုံပါဠိတော်  မှာ  မြတ်ဗုဒ္ဓက  ငွေတိုးချစားရန်  မိန့်တော်မူတာဆိုတာ  ကျန်ခဲ့တာဖြစ်လိမ့်မယ်

Friday, May 27, 2016

ကုန်းခါးကျေးရွာမှာ နမီးချောင်း ကူးတံတားသစ် ဖွင့်တာတဲ့




စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ကုန်းခါးအုပ်စု ကုန်းခါးကျေးရွာ ပြည်သူ့အားမာန်တံတားကြီး ဖွင့်ပွဲနှင့်ရေစက်ချပရိတ်တရားနာအခမ်းအနားကို ၂၈ ၊ ၅ ၊၂၀၁၆ ရက်နေ့တွင်ကျင်းပနေပုံ။

သတင်းပေး မိတ်ဆွေ တစ်ဦးသို့ တောင်းပန်းစာ



မိတ်ဆွေ  ပေးပို့ခဲ့သော  သတင်း  တစ်ပုဒ်သည်  လွန်စွာပင်မှန်ကန်တိကျ  ဓာတ်ပုံနှင့်တကွ  ဖြစ်နေပါသည်

နောက်ဆက်တွဲ  ဆိုးကျိုးများ  ဖြစ်လာ  နိုင်ပါသဖြင့်  ဖေါ်ပြခြင်း မပြုလုပ်ခဲ့သော်လည်း  သတင်းဓာတ်ပုံအား  မှတ်တမ်း  တင်ပါသည်။

မော်လူးဒေသသားတွေစဉ်းစားကြ ဒါကြောင့် မော်လူးဒေသသူ တစ်ယောက် ခုတလောပျောက်သွားတာကို

အပျို အအို ဈေးကွက် -

ကဲ  အပျို  ပေါက်ဈေးကတော့  ရှယ်ပါဘဲ


ဗဟုသုတပေါ့ မြန်မာပြည်အတွင်းရှိ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းများစာရင်း တဲ့။



မြန်မာပြည်အတွင်းရှိ လက်နက်ကိုင်ထားတဲ့
အဖွဲ့အစည်းများစာရင်း တဲ့။
_______________________________
ဖတ်သာကြည့်ကြပါ။
_______________________________
(၁)ALP/ALA/RSLP ရခိုင်
(၂)CNF ချင်း
(၃) DKBA 5 ကလိုထူးဖော
(၄)KNPP ကယား
(၅)KNU ကရင်
(၆)KNLA ကရင်
(၇)NDAA-ESS ထူး ၎
(၈)NMSP မွန်
(၉)NSCN - K နာဂ
(၁၀)PNLO ပအိုဝ်း
(၁၁)SSA/SSPP ထူး ၃ ရှမ်းမြောက်
(၁၂)SSA/RCSS ရှမ်းတောင်
(၁၃)UWSA/P ဝပြည်
(၁၄)KIO/A ကချင် ထူး ၂
(၁၅)ABSDF
(၁၆)AA ရခိုင်
(၁၇)TNLA တအောင်း(န်)
(၁၈)NDA-K ကချင် ထူး ၁
(၁၉)KNPLF ကယား ထူး ၂
(၂၀)KNPDP ကယားနီ
(၂၁)KNDP/A ကယားနဂါး
(၂၂)KNUSO ကယားကြယ်ဖြူ
(၂၃)MNDAA ရှမ်းမြောက် ထူး ၁
(၂၄)Ja Pikwe လားဟူ
(၂၅)Jakuni လားဟူ
(၂၆)လားဟူ ပြည်သူ့စစ်
(၂၇)မက်ခ်မန်း ပြည်သူ့စစ်
(၂၈)DKBA ကရင်
(၂၉)KPF ကရင်
(၃၀)RRF ကချင်
(၃၁)KDA ကချင်
(၃၂)SSA-N ရင်း ၃
(၃၃)SSA-N ရင်း ၇
(၃၄)SSA-S ရင်း ၇၅၈
(၃၅)KNG ကယန်း
(၃၆)PSLP ပလောင်
(၃၇)KNLP ကယန်း
(၃၈)MPDF မွန်
(၃၉)MMA မွန်
(၄၀)WNO/A ဝပြည်
(၄၁)NUPA ရခိုင်
(၄၂)LDU လားဟူ
(၄၃)ASA ရခိုင်
(၄၄)MTUF မြိတ်
(၄၅)ZRO ဇိုမီး
(၄၆)KNO ကချင်
(၄၇)MNDAA ကိုးကန့် ထူး ၁
(၄၈)MNDA မွန်
(၄၉)HRP မွန်
(၅၀)PNO ပအိုဝ်း ထူး ၆
(၅၁)လဝါးယန်ပြည်သူ့စစ်
(၅၂)ရဝမ်ပြည်သူ့စစ်
(၅၃)ကောင်းခါးပြည်သူ့စစ် ၁ ၂ ၃ ၄ ၅
(၅၄)စိန်ကျောက်ပြည်သူ့စစ် ၁ ၂
(၅၅)မိန်းခေးပြည်သူ့စစ်
(၅၆)ကာလိပြည်သူ့စစ်
(၅၇)ဝမ့်ပန်ပြည်သူ့စစ်
(၅၈)နားပွဲပြည်သူ့စစ်
(၅၉)မန်ပန်အဖွဲ့
(၆၀)မုံးဟင်အဖွဲ့
(၆၁)နောင်မိုအဖွဲ့
(၆၂)မိုင်းကောင်းအဖွဲ့
(၆၃)နားကော်အဖွဲ့
(၆၄)မိုင်းယုအဖွဲ့
(၆၅)ကြူကုတ်အဖွဲ့
(၆၆)မုံးကိုးအဖွဲ့
(၆၇)မုံးပေါ်အဖွဲ့
(၆၈)ရှောက်ဟော်အဖွဲ့
(၆၉)လုံခန်းအဖွဲ့
(၇၀)ပန်စိန်းအဖွဲ့
(၇၁)ကွတ်ကိုင်အထူးပြည်သူ့စစ်
(၇၂)ဖွန်းဆိုင်အဖွဲ့
(၇၃)ကွတ်ကိုင်အထူးရိန်းဂျားအဖွဲ့
(၇၄)တာမိုးညဲအဖွဲ့
(၇၅)ပန်ဆေးအဖွဲ့
(၇၆)လုံထန်အဖွဲ့
(၇၇)နမ္မတူအဖွဲ့
(၇၈)မန်တုံအဖွဲ့
(၇၉)ဂန့်ဂွမ်း ချီဗွေအဖွဲ့
(၈၀)လူဖီအဖွဲ့
(၈၁)စင်းကြိုင်အဖွဲ့
(၈၂)ကန်ပိုက်တီးအဖွဲ့
(၈၃)ပန်တိန်အဖွဲ့
(၈၄)ဆော့ပိုင်အဖွဲ့
(၈၅)လောက်ကိုင်အဖွဲ့
(၈၆)ပုံပါကျင် လားဟူအဖွဲ့
(၈၇)မိုင်းယု လားဟူအဖွဲ့
(၈၈)တာလေ ဂျာကူနီအဖွဲ့
(၈၉)တာချီလိတ် ပြည်သူ့စစ်
(၉၀)မက်မန်း ပြည်သူ့စစ်
(၉၁)ပန်တော်မီ လှိုင်းဘွဲ့အဖွဲ့
(၉၂)ကျုံထော်အဖွဲ့
(၉၃)ကတိုင်တိအဖွဲ့
(၉၄)ဖာပွန်အဖွဲ့
(၉၅)ပိုင်ကျုံအဖွဲ့
(၉၆)ဒေါ်လန်းအဖွဲ့
(၉၇)မဲပုလဲအဖွဲ့
(၉၈)ရွှေကုက္ကိုအဖွဲ့
(၉၉)မြဝတီအဖွဲ့
(၁၀၀)ထီးဝါးကလေးအဖွဲ့
(၁၀၁)ထီးဟူသန်အဖွဲ့
(၁၀၂)အတွင်းကွင်းကလေးအဖွဲ့
(၁၀၃)ကျိုက်ဒုံအဖွဲ့
(၁၀၄)ဦးမဟာဂျာရဲ့ မကျန်းဒေသအဖွဲ့၊နားရိုင်းဒေသအဖွဲ့
(၁၀၅)ဦးမိန်းစင်ရဲ့ တပ်မဟာ ၇၅၈ဝမ်ယိမ်းအဖွဲ့
(၁၀၆)SNPLO ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည့်သူ့လွတ်မြောက်ရေအဖွဲ့(ရလလဖ)
တို့ဖြစ်ပါတယ်...
မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ သိရှိထားသင့်ကြောင်း မျှဝေလိုက်ပါတယ်။
__________________________
Nann Kyawt Shwe Su's status
Credit : Aung Kyaw Moe

Wednesday, May 25, 2016

မစ္ဆရိယ ၅ မျိုး တဲ့ ကိုယ့်စိတ်ကို ဘယ်သူမှ မသိစေဘဲ နှိုင်းယှဉ် ကြည်နိုင်စေရန်



💥"မစ္ဆရိယ ၅-မျိုး"💥
•••••••••••••••••••••••••••
'မစ္ဆရိယ' ဆိုတာ

ကိုယ့် အရည်အသွေးမျိုး သူများကို မရစေချင်တာ၊
ကိုယ့် အခြေအနေမျိုး သူများ မရစေချင်တာ၊
ကိုယ်နဲ့ လာယှဉ်ပြိုင်လာမယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ်၊
ဒါ မစ္ဆရိယ လို့ ခေါ်တယ်။

မစ္ဆရိယဆိုတာလည်း အတူတူပဲ၊
ဒေါသနဲ့ ယှဉ်တွဲတယ်၊ အရပ်ထဲမှာတော့ မစ္ဆရိယဆိုတာ နှမြောတာ၊
'နှမြောအိုးမို့ ဘာမှ မလှူဘူး၊ မတန်းဘူး၊ မပေးဘူး၊ မကမ်းဘူး'
လို့ ပြောကြတယ်၊ မစ္ဆရိယက နှမြောတာချည်းပဲ မဟုတ်ဘူး၊
မစ္ဆရိယဆိုတာ ကိုယ် ကြီးပွားသလို သူများ မကြီးပွားစေချင်ဘူး၊ 
ကိုယ်အောင်မြင်သလို သူများ မအောင်မြင်စေချင်ဘူး၊
အဲဒါမျိုးကို မစ္ဆရိယ လို့ ပြောတာ။ မစ္ဆရိယက ၅-မျိုး ရှိတယ်။

(၁) အာဝါသမစ္ဆရိယ တဲ့၊
ကိုယ့်နေတဲ့ နေရာမှာ သူများလာနေရင် မကြိုက်တာ၊ ဟုတ်လား၊
ကိုယ့်အဆောက်အအုံထဲ သူများလာရင် မကြိုက်တာဟာ 'အာဝါသမစ္ဆရိယ'နော်။
'အာဝါသမစ္ဆရိယ' ဆိုတာ အိမ်မှာတင် မစ္ဆရိယဖြစ်တာ မဟုတ်ဘူး၊
မီးရထားနဲ့ သွားတာတောင် ပေါင်ကား ထိုင်သေးတယ်၊ အနားနားမှာ ဒိပြင်လူ လာထိုင်မှာ စိုးလို့၊ အထုပ်လေး တင်ထားမယ်၊ မထိုင်စေချင်ဘူး၊ 
နေရာ မပေးချင်ဘူး၊  အဲဒါမျိုး ပြောတာ အာဝါသမစ္ဆရိယဆိုတာ။

(၂) 'ကုလမစ္ဆရိယ'
ကိုယ်နဲ့ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ မိတ်ဆွေဖွဲ့ရင် မကြိုက်တာ၊ ကုလမစ္ဆရိယ၊ဘုန်းကြီးတွေကျတော့ ကိုယ့်ဒကာ, ဒကာမကို သူများ ဒကာ, ဒကာမဖြစ်မှာ မကြိုက်တာ ကုလမစ္ဆရိယပဲ၊ ကိုယ့်မိတ်ဆွေ သူ့မိတ်ဆွေ လာလုပ်မှာ မကြိုက်ဘူး၊
ကုလမစ္ဆရိယ။

(၃) 'လာဘမစ္ဆရိယ'
ကိုယ်ရတာမျိုး သူများ မရစေချင်တာ လာဘမစ္ဆရိယ။

(၄) 'ဝဏ္ဏမစ္ဆရိယ' ဆိုတာ
ကျော်ကြားမှုနဲ့ ပတ်သက်လာလို့ရှိရင် ကိုယ်ပဲ ကျော်ကြားချင်တယ်၊ 
သူများ မကျော်ကြားစေချင်ဘူး။

(၅) 'ဓမ္မမစ္ဆရိယ'
ဆိုတာ ကိုယ်သိတဲ့တရားကို သူများ မပေးချင်ဘူး၊
ကိုယ်သိတဲ့ ဗဟုသုတတွေ သူများကို မဖြန့်ဝေချင်ဘူး၊
သူတစ်ယောက်တည်းပဲ တကယ့်ကို ဂုရုကြီး လုပ်ချင်တယ်ပေါ့လေ၊
တစ်လောကလုံးရဲ့ ဂုရုကြီး၊သူပဲ သိတယ်၊ ကျန်တဲ့လူတွေ မသိရဘူး၊
အဲဒါမျိုး လုပ်ချင်တာ၊အဲဒါ ဓမ္မမစ္ဆရိယ လို့ ခေါ်တယ်။

'အာဝါသမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ၊ ဝဏ္ဏမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ' ဆိုပြီးတော့ မစ္ဆရိယငါးမျိုး ရှိတယ်၊
မစ္ဆရိယဆိုတာ ကိုယ်ရထားတဲ့ အနေအထားမျိုး သူများကို မရစေချင်တာ အဲဒါကို ပြောတာနော်၊
ဒါလည်းပဲ မရစေချင်ဘူးဆိုတော့ သူက ဒေါသနဲ့ ယှဉ်တယ်။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph. D)
~~~~~~~~~~~~~~~~~~~~
အဘိဓမ္မာမြတ်ဒေသနာ- "စိတ်၏အညစ်အကြေးများ" မှ ကူးယူ ပူဇော်ပါသည်။

Credit to Yadanar Soe Moe

Tuesday, May 24, 2016

လွိုင်မောက်တောင်က ဓမ္မရုံ ပျောက်သွားတာတဲ့ ဟုတ်ပါ့မလား ဆေးထိုးထားတာ ဆိုလည်း ဘုန်းဘုန်းတင်ထားတာဆိုတော့ ဟုတ်များဟုတ်နေမလား သွားကြည့်ကြအုန်း





24.5.16. ရက်နေ့ ညနေ ၆ နာရီက 
လွိုင်မောက်တောင်ပေါ်ကသတင်း
ထူးပေးပို့ ခဲ့လို့ တက်ရောက်ခဲ့ပါတယ်17.5.16.ရက်
နေ့ မှ 22.5.16 .ရက်နေ့ ထိ(၆)ရက်
တိုင်သံဃာတော်(၄၀) ကျော်တို့ အသံ
မစဲမဟာပဋ္ဌာန်းပူဇော်ခဲ့ကြတဲ့ ဓမ္မာရုံ
ကြီးပျောက်ဆုံး ကွယ်ပျောက်သွားတဲ့
သတင်းကြောင့်သွားကြည့်ကြတာပါ
ဓမ္မာရုံကြီးကိုတော့မတွေ့ မြင်ခဲ့ရတော့
ပါဘူး ရှိလဲမရှိတော့ပါ ဘူး။
တံခိုးအစွမ်းကြီးတဲ့ လွိုင်မောက်တောင်စောင့်နတ်မင်း
(လွိုင်မောက်တောင်ဘိုးဘိုး)များ
တန်ခိုးနှင့်ကွယ်ဖျောက်ထားလေသလား..,ဓမ္မာရုံကိုဝှက်များဝှက်ထားလေ
သလား အမျိုးမျိုးတွေးတောစဉ်းစား
ရင်းည ၇နာခွဲမှတောင်ပေါ်မှဆင်းလာ
ခဲ့ရတယ်။  မယုံရင်သွားကြည့်ပါ
ဓမ္မာရုံတွေ့ မြင်ရမည်မဟုတ်ပါ
တောင်စောင့်နတ်မင်းကတံခိုးနှင့်ပြရင်
တော့ ကုသိုလ်ကံအားကြီးသူတွေဆို
ရင်တော့မြင်ရမလားတော့မသိဘူး...,,
       မင်္ဂလာရှိပါစေ

Sunday, May 22, 2016

ဝမ်းသာစရာသတင်းလေးပါ အပါတ်စဉ် တစ်ရွာလုံး သိမ်းပေးရင်တော့ ရှယ်ဘဲဗျာ မော်လူးသားတွေ အမှိုက်အတွက်စိတ်အေးရလောက်ပြီ #အင်းတော် စည်ပင်သာယာက ကားကြီးဖြင့် မော်လူးမှာ အမှိုက်သိမ်းပြီတဲ့




မော်လူးတွင်မိုးကြိုကာလ ရေကြောင်းဘက်
ဆိုင်ရာအန္တရာယ်ကင်းရှင်းရေး ရေနုတ်မြောင်း
များစုပေါင်းသန့်ရှင်းရေးဆောင်ရွက်
မော်လူး မေ ၂၂
***************************
မိုးရာသီရေစီးရေလာကောင်းမွန်ရေး
မြို့တွင်း ရပ်ကွက်အတွင်း စည်ပင်သာယာ
ဈေးးသန့်ရှင်းသာယာလှပရေးအတွက်
စုပေါင်းသန်းရှင်းကို မေ၂၂ရက်နံနက်
၇နာရီခွဲမှ နံနက်၁၀နာရီခွဲအထိ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်
မော်လူးတွင်စုပေါင်းဆောင်ရွက်ကြပါတယ်
အခုလိုဆောင်ရွက်ရွာမှာ မော်လူးကျေးရွာ
အုပ်စု အုပ်ချုပ်ရေးမှူးဦးစိုးမြင့်နှင့် အထောက်အကူပြု အဖွဲ့ဝင်များ ရပ်မိဖရပ်ဖများ မြို့နယ်စည်ပင်သာယာရေး
ဥက္ကဌဦးတိုးမြင့်နှင့်တာဝန်ရှိသူများ သယံဇာတနှင့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဝန်ကြီးဌာနသစ်တောဦးစီးဌာ
မော်လူးဘိနယ်သစ်တောတာဝန်ခံ
တောအုပ်ကြီးဦးစိန်သန်းနှင့် သစ်တောဝန်
ထမ်းများ မော်လူးနယ်မြေရဲတပ်ဖွဲ့စခန်းမှ
စခန်းမှူးရဲအုပ်မင်းနိုင်နှင့်တပ်ဖွဲ့ဝင်များ
မော်လူးဒေသအရံမီးသတ်တပ်ခွဲမှူး
ဦးခင်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ
အုန်းဒုတ်ရွာဒေသအရံမီးသတ်တပ်ခွဲမှူး
ဦးတင်ငွေင့်တပ်ဖွဲ့ဝင်များ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များNLDပါတီဝင်အဖွဲ့များ
ဒေသခံများ မင်းသာကျေးရွာ တောင်သူဦးကြီးများစုစုပေါင်း
အင်အား၃၀၀ကျော်တို့ က ဟဲနုကျေးရွာမှ ရွှေဘို-မြစ်ကြီးနားပြည်ထောင်စုကားလမ်းမ
ကြီးနဘေးမှရေနုတ်မြောင်းများနှင့် မြို့ပေါ်ရပ်
ကွက်အတွင်းရှိရေနုတ်မြောင်းများစုစုပေါင်းအရှည်(၁)မိုင်အတွင်းရှိရေမြောင်းများကို မိုးရာသီ
ရေစီးရေလာကောင်းမွန်ရေး
ြိမို့ရွာအတွင်းသန့်ရှင်းသာယာလှပစေနိုင်ရေး
အတွက်ဝိုင်းဝန်းတူးဖေါ်ကာစုပေါင်း
ဆောင်ရွက်ကြပါတယ်
အဆိုပါစေတနာရှင်လုပ်ပေးအဖွဲ့များကို
ကုသိုလ်ရှင်များမှ နံနက်ခင်းတွင် ကောက်ညှင်း
ပေါင်း အကြော် လက်ဖက်ရည်နှင့် နေ့လည်စာအတွက် ထမင်းဟင်းလျာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရပါတယ်
Cyclone

Saturday, May 21, 2016

ပဌာန်း ၂၄ ပစ္စည်း မေတ္တာပို့ အကျယ်ဖြစ်ပါတယ်


***ပဌာန်း ၂၄ ပစ္စည်း မေတ္တာပို့ အကျယ်ဖြစ်ပါတယ် ***

၁. ဟေတုပစ္စယော , မကောင်းဟိတ်ပယ် ကောင်းဟိတ်တွယ် ဆောင်သယ်နိုင်ပါစေ

၂. အာရမ္မဏပစ္စယော , အာရုံကောင်းဆောင် မကောင်းရှောင် ခုနောင်အေးပါစေ 

၃. အဓိပတိပစ္စယော , အကြီးအကဲ အပြီးပဲ အမြဲဖြစ်ပါစေ 

၎. အနန္တရပစ္စယော , မရှိအကြား အသိများ ထင်ရှားသိနိုင်စေ

၅. သမနန္တရပစ္စယော,  ကောင်းစွာအကြား မရှိငြား တရားသိနိုင်စေ

၆. သဟဇာတပစ္စယော,  အတူတကွ အယူမျှ ဖြူ ကြခင်ကြစေ

၇. အညမညပစ္စယော , အချင်းချင်းပင် အမွှန်းတင် အစဉ်ကောင်းပါစေ

၈. နိသယပစ္စယော , တစ်ဦးတစ်ဦး မေတ္တာကူး ကြည်နူးမှီနိုင်စေ

၉. ဥပနိသယပစ္စယော,  အထူးသူငါ အားကြီးတာ များစွာမှီနိုင်စေ

၁၀. ပုရေဇာတပစ္စယော,  ရှေ့ဦးသူငါ ကျေးဇူးသာ ထူးစွာပြုနိုင်စေ

၁၁. ပစ္ဆာဇာတပစ္စယော,  နောက်မှအထူး မြတ်ကျေးဇူး ထူးစွာပြုနိုင်စေ

၁၂. အာသေ၀နပစ္စယော , အထပ်ထပ်ပဲ ကုသိုလ်လဲ အမြဲပြုနိုင်စေ

၁၃. ကမ္မပစ္စယော , မကောင်းကံရှောင် ကောင်းကံဆောင် ခုနောင်ပြုနိုင်စေ

၁၄. ၀ိပါကပစ္စယော , မကောင်းကျိုးလဲ အမှန်ပဲ အမြဲဝေးပါစေ
         (ကောင်းကျိုးဧကန် အမြဲမှန် အမှန်ရပါစေ)

၁၅. အာဟာရပစ္စယော,  ကောင်းစွာခိုင်ခံ့ ကောင်းစွာနှံ့ ထောက်ပံ့နိုင်ပါစေ

၁၆. က္ကုန္ဒြိယပစ္စယော,  ကက္ကနြေ္ဒိများ သတိထား ကြိုးစားထိနိးနိုင်စေ

၁၇. ဈာနပစ္စယော , ကောင်းစွာစူးစိုက် ကောင်းနှစ်ခြိုက် သိုက်မြိုက်ရှုနိုင်စေ

၁၈. မဂ္ဂပစ္စယော,  ကောင်းသောမဂ္ဂင် လမ်းကြောင်းထွင် အစဉ်သွားနိုင်စေ

၁၉. သမ္ပယုတ္တပစ္စယော , သူငါမကွဲ လောကထဲ ယဉ်တွဲနိုင်ပါစေ

၂၀. ၀ိပ္ပယုတ္တပစ္စယော , မယဉ်မတွဲ ကျေးဇူးလဲ အမြဲပြုနိုင်စေ

၂၁. အတ္ထိပစ္စယော, ထင်ထင်ရှားရှား ကျေးဇူးများ ပြုသွားနိုင်ပါစေ

၂၂. နတ္ထိပစ္စယော , မထင်မရှား ကေျးဇူးများ ပြုသွားနိုင်ပါစေ

၂၃. ၀ိဂတပစ္စယော , ကင်းကွာနေငြား ကျေးဇူးများ ပြုသွားနိုင်ပါစေ 

၂၄. အ၀ိဂတပစ္စယော , မကင်းမကွာ ကျေးဇူးရှာ မကြာပြုနိုင်စေ။
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷ Admin.kokomg
Credit ..#chitkyimaung

ထူးတော့ထူးနေပြီလေ မော်လူး က ရဲတပ်ဖွဲ့ဝင်တွေက တော့ "ကံကောင်ကြပါစေဗျာ"




21/5/2016
မော်လူးမြို့  မော်လူး စခန်းမှူးနှင့်ရဲတပ်ဖွဲ့ဝင်များ ကျောင်းဝင်းအတွင်း သန့်ရှင်းရေး ကုသိုလ်ယူ

Friday, May 20, 2016

ဒီနေ့ကို ဒီလိုမှတ်မယ် ကလေးတို့ရေ... ထူးပါဘူး လူကြီးတွေကော မှတ်လိုက်နော်



ဒီနေ့ကို ဒီလိုမှတ်မယ် ကလေးတို့ရေ...
========================
“ကဆုန်လပြည့် -ဗုဒ္ဓနေ့ (ဆု၊ ဖွား၊ ပွင့်၊ စံ )” 
****************************************

( ကဆုန်လပြည်နေ့ -၁ ဆု ) ၁-ဂေါတမဗုဒ္ဓ အလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌သုမောဓာရသေ့ဖြစ် ခဲ့သည်။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဗုဒ္ဓ၏ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကိုရယူနိုင်သော်လည်းဘ၀သံသရာ၌နစ်မွန်းမျောပါနေကုန်သော ဝေနေယျသတ္တ၀ါအပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။

( ကဆုန်လပြည်နေ့ -၂ ဖွား) ၂-ဗုဒ္ဓအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် ၊သောကြာ နေ့ဝယ် ဒေ၀ဒဟပြည်နှင့် ကပိလ၀တ်ပြည်၏အကြားရှိ လုမ္ဗိနီသာမော အင်ကြင်း တော၌ မယ်တော်မာယာဝမ်းကြာတိုက်မှ မီးရှူးသန့်စင် ဖွားမြင်တော်မူလေသည်။

( ကဆုန်လပြည်နေ့ -၃ ပွင့် ) ၃-အသက် ၃၅-နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယာမ်အချိန်ဝယ် လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညူဗုဒ္ဓအဖြစ်သို့ ရောက်တော်မူလေသည်။

( ကဆုန်လပြည်နေ့ -၄ စံ ) ၄ -ဘုရားဖြစ်သည့်အချိန်မှစ၍၄၅-၀ါကာလပတ်လုံး သတ္တ၀ါတို့၏အကျိုး စီးပွားကို မနားမနေဆောင်ရွက်တော်မူခဲ့သော ဂေါတမဗုဒ္ဓသည် သက်တော် ၈၀-အရွယ်ရောက်သောအခါ မဟာသက္ကရာဇ်၁၄၈-ခု၊ကဆုန်လပြည့် အင်္ဂါ နေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ဥယျာဉ်တော်၌ ပရိနိဗ္ဗာန် ၀င်စံတော် မူလေသည်။
C/O MS

ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်တဲ့ အခြေခံ (၃၇)ချက်


ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်တဲ့ အခြေခံ (၃၇)ချက်
***********************************
၁။ လူအမည် = သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့ = ဂေါတမ
၃။ မိဘအမည် = သူဒ္ဓေါဒနမင်းနှင့် မာယာဒေဝီ
၎။ ကြင်ယာတော် = ယာသောဓရာ (ဘဒ္ဒကကစ္စာနာ)
၅။ ရင်သွေးတော် = ရာဟုလာ
၆။ ယောက်ဖတော် = ဒေဝဒတ်
၇။ မိထွေးတော် = ဂေါတမီ
၈။ နေပြည်တော် = ကပိလဝတ်ပြည်(သက္ကတိုင်း၊ မဇ္ဈိမဒေသ)
၉။ ဖွားရာဌာန = လုမ္ဗိနီဥယျာဉ်(ကပိလဝတ်နှင့် ဒေဝဒဟအကြား)
၁၀။ နန်းစံနှစ် = ၁၃နှစ်ကြာ (၁၆နှစ်မှ ၂၉နှစ်အထိ)
၁၁။ နိမိတ်ကြီးများ = သူအို၊ သူနာ၊ သူသေ၊ ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘဝ = သုမေဓာရသေံဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား = ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက် = သုမိတ္တာအမျိုးသမီး (ယသော်ဓရာလောင်း)
၁၆။ ပါရမီဖြည့်ရာကာလ = လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း(သုမေဓာဘဝမှ ဝေဿန္တရာဘဝအထိ)
၁၇။ ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် = သတ္တဝါများအကျိုးဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာကျင့်ရသောကာလ = ၆ နှစ်ကြာ(၉၇ မှ ၁၀၃အထိ)
၁၉။ ဒုက္ကရစရိယာကျင့်သည့်နေရာ = ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန်သက်တော် = ၃၅-နှစ်အရွယ်
၂၁။ ဘုရားပွင့်ရာ သက်တမ်း = ၁၀၀ တမ်း
၂၂။ အလုပ်အကျွေး = ပဉ္စဝဂ္ဂီငါးဦး (ဒုက္ကရစရိယာ ကျင့်ခိုက်)
၂၃။ တရားဦးဟောသည့်နေရာ = ဗာရာဏသီ၊ မိဂဒါဝုန်တော
၂၄။ ပထမဆုံး သာဝက = ပဉ္စဝဂ္ဂီငါးဦး
၂၅။ နောက်ဆုံးကျွတ်သော သာဝက = သုဘဒ္ဒပရိဗိုဇ်
၂၆။ လက်ယာရံ အဂ္ဂသာဝက = အရှင်သာရိပုတ္တရာ
၂၇။ လက်ဝဲရံ အဂ္ဂသာဝက = အရှင်မဟာမောဂ္ဂလာန်
၂၈။ အဆုံးအမသာသနာ = ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ
၂၉။ ကျင့်စဉ်သိက္ခာ = သီလ၊ သမာဓိ၊ ပညာ
၃၀။ ချမှတ်သောလမ်းစဉ် = မဇ္စျိမပဋိပဒါ(မဂ္ဂလမ်းစဉ်)
၃၁။ သန္ဓေယူသောနေ့ = မဟာသက္ကရာဇ် ၆၇၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့
၃၂။ ဖွားမြင်သောနေ့ = မဟာသက္ကရာဇ် ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့
၃၃။ တောထွက်သောနေ့ = မယာသက္ကရာဇ် ၉၇၊ ဝါဆိုလပြည့်၊ တနင်္လာနေ့
၃၄။ ဘုရားဖြစ်သောနေ့ = မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့
၃၅။ ဓမ္မစကြာဟောသောနေ့ = မယာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့်၊ စနေနေ့
၃၆။ ပရိနိဗ္ဗာန်စံတော်မူသောနေ့ = မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့်၊ အင်္ဂါနေ့
၃၇။ တေဇောဓာတ်လောင်သောနေ့ = ၁၄၈၊ ကဆုန်လဆုတ် ၁၂၊ တနင်္ဂနွေနေ့

(ဆရာတော်<သာသနာနွယ်> ထံမှကူးယူဖော်ပြပါသည်)

"ကဆုန်လပြည့် ဗုဒ္ဓနေ့"  (21.5.2016)



"ကဆုန်လပြည့် ဗုဒ္ဓနေ့"  (21.5.2016)
==================
ဗျာဒိတ်ခံယူသောနေ့
ဖွားမြင်တော်မူသောနေ့
ဘုရားဖြစ်တော်မူသောနေ့
ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့

Wednesday, May 18, 2016

စီးမော် သားတွေ ဆည် တည်ဆောက်




မော်လူး စီမော်အုပ်စု တောင်သူဦးကြီးများ လယ်ယာသုံးဆယ်တည်ထောက်ကြနေပုံ

Tuesday, May 17, 2016

မော်လူးသား ဒေါက်တာ တစ်ဦး ကတော့ မော်လူး ဆေးရုံအတွက် စတင် လှူဒါန်းပြီဗျာ



မော်လူးတိုက်နယ်ဆေးရုံသို့ မန္တလေး မြို့နေ
 ဒေါက်တာမျိုးအောင် +ဒေါ်စန်းစန်းအေး မိသားစုတို့မှ သားဖွားမီးယပ်ဆိုင်ရာ လေစုပ်စက် ကို ယနေ့နံနက် ၈နာရီအချိန်က လှူဒါန်းခဲ့ပါတယ်
နတ်လူသာဓုခေါ်စေသော်.....

လွိုင်မောက် တောင်ပေါ်က ပဋ္ဌာန်းပွဲ စတင်ပါပြီ




မော်လူးဒေသသားများအားလုံးကို
နှိုးဆော်လိုက်ပါတယ်......
ဒီနှစ်လွိုင်မောက်တောင် ပဋ္ဌာန်းပွဲသို့
ကြွရောက်ကြပါရန်။
ပြုပြင်တည်ဆောက်ဆဲစေတီတော်ကြီ
း ပြီးမြောက်ရန်အလှူငွေများလှူဒါန်း
ကြပါရန်။
တောင်ပေါ်တက်၍စတုဒီသာအာဟာရသုံးဆောင်ပြီး ဘုန်းဘုန်းတို့ နှင့်အ
တူလုပ်အားဒါနများအားပါးတရလှူ
ဒါန်းကြပါရန်။ 
အထူး အထူးနှိုးဆော်ရင်းဖိတ်ခေါ်
လိုက်ပါရစေ..
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ..,

ကျောင်းအပ်နှံရေးး အစီအစဉ်ဆိုင်ရာ  သိရှိရန် အချက်များးး .....



ကျောင်းအပ်နှံရေးး အစီအစဉ်ဆိုင်ရာ
သိရှိရန် အချက်များးး ...

သူငယ်တန်းသင်ရိုးသစ်စတင်ရန် ရွှေ့ဆိုင်းသောသတင်းမဟုတ်မှန် ရှုပ်နေတာဘဲဆိုတာ အဲ့ဒါဘဲ


သူငယ်တန်း (KG) သင် ရိုးညွှန်းတမ်းအသစ်ကို စတင်သင်ကြားရန် လာမည့် ၂၀၁၇-၂၀၁၈ပညာသင်နှစ်သို့ ရွှေ့ဆိုင်း သည်ဆိုသည့်သတင်းမှာ မဟုတ် မှန်ကြောင်း  အခြေခံပညာဦးစီး ဌာနက ငြင်းဆိုသည်။

အခြေခံပညာကျောင်းများ တွင် သူငယ်တန်းကျောင်းသား များထားရှိရန် စာသင်ခန်းများ တိုးချဲ့တည်ဆောက်ရေး ရန်ပုံငွေ မရှိခြင်းသည် ယင်းအစီအစဉ်ကို အဓိကစိန်ခေါ်မှုဖြစ်နေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က  မန္တလေးမြို့၌  မေလ ၁၄ ရက်၌ ပြုလုပ်ခဲ့သည့် အစည်းအ ဝေးတွင်ပြောကြားခဲ့သည်ဟု ရေး သားကာ ‘‘သူငယ်တန်း (KG) သင်ရိုးညွှန်းတမ်းအသစ်ကို လာ မည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ၌ စတင်သင်ကြားရန် ရွှေ့ဆိုင်း’’ ဟူသော ခေါင်းစဉ်ဖြင့် မေလ ၁၆ ရက်က အင်္ဂလိပ်ဘာသာဖြင့်ထုတ် ဝေသည့် နိုင်ငံပိုင် The Global Newlight of Myanmar သတင်း စာတွင် ဖော်ပြထားခဲ့ခြင်းဖြစ် သည်။

‘‘KG ကို လာမယ့်ပညာသင် နှစ်ကို ရွှေ့ပြောင်းပြီးတော့ စသင် မယ်ဆိုတာ မဟုတ်ပါဘူး။ ဒီနှစ် ပညာသင်နှစ်မှာ စသင်ကြားမှာ ပါ’’ဟု အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြော သည်။

ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တွင် သူငယ်တန်းသင်ရိုးညွှန်း တမ်းအသစ် (KG)ကို စတင် သင်ကြားနိုင်ရန် မူလတန်းပြ ဆရာ၊ ဆရာမများအား KG သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ ပြီး အခြေခံပညာကျောင်းများသို့ သူငယ်တန်းသင်ရိုးညွှန်းတမ်း သစ်အတွက် သင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်း (KG Kit) များ ဖြန့်ဝေပေးခဲ့သည်။

‘‘KG အတွက် သင်ထောက် ကူပစ္စည်းတွေတောင် သွားထုတ် ပြီးပြီဆိုတော့ ဒီနှစ်စမယ်ထင် တယ်’’ဟု ကြည့်မြင်တိုင်မြို့နယ်မှ မူလတန်းပြဆရာမတစ်ဦးက ပြောသည်။

သူငယ်တန်းစတင်တက် ရောက်မည့် ကျောင်းသူ၊ ကျောင်း သားများသည် ပြဋ္ဌာန်းစာအုပ်ကို မကိုင်ရတော့ဘဲ ကလေးများသည် စာသင်ကျောင်းများ၌ ဆရာက စနစ်တကျပြင်ဆင်ထားသည့် ပုံပြင်များ၊ တေးကဗျာများ အပါ အ၀င် လေ့ကျင့်ခန်းများကို ပုံစက္ကူ ကတ်ပြားများ၊ လက်ထိုးရုပ်များ ပါဝင်သည့် သင်ကြားသင်ယူမှုအ ထောက်အကူပြုပစ္စည်း (KG Kit)များဖြင့် ကလေးဗဟိုပြု ချဉ်းကပ် သင်ကြားနည်းအသုံးပြု၍ လေ့ ကျင့်သင်ကြားပေးမည်ဖြစ်သည်။

အခြေခံပညာကျောင်းများ တွင် ကျောင်းအပ်နှံရေး ရက် သတ္တပတ်ကို မေလ ၂၅ ရက်မှ ၃၀ ရက်အထိ သတ်မှတ်ထားပြီး သူငယ်တန်း (KG) တက်ရောက် မည့် ကျောင်းသူ၊ ကျောင်းသားများ ကျောင်းအပ်နှံရာတွင် ငွေကြေး ပေးသွင်းရန်မလိုအပ်ဘဲ ကျောင်း ၀တ်စုံတစ်စုံစီ အခမဲ့ဖြန့်ဝေပေး ရန် ပညာရေးဝန်ကြီးဌာနက စီစဉ် ထားသည်။

Monday, May 16, 2016

တောင်သူ ဦးကြီးများ အတွက် ( နွားရွေးနည်း ပညာ )


( နွားရွေးနည်း ပညာ )
*******************
၁။ နွားနီကွမ်းသွေး ရိုက်နိင်မှပြေး ။
၂။ နွားပြာနီတုတ်မွှေး ရိုက်နိင်မှပြေး ။
၃။ နွားပြာချို တုတ် ထမ်းပိုးထမ်းနှုတ် ။
၎။နွားပြာနီ ရှဉ့်မွှေး ရိုက်နိင်မှပြေး ။
၅။ ဇော်နီကွမ်းသွေး သေအောင်ပြေး ။
၆။ နွားဝါဖွဲနု သေအောင်ထု ဂရုမထားတတ်။
၇။နွားဝါမျက်ကွင်း သေအောင်ဖျင်း စင်းစင်းခံနေတတ် ။
၈။ နွားဝါမျက်ကွင်းဖြူ ကြိမ်မကူ ကမူမတက်ဘူး ။
၉။ နွားဝါဖင်ဖြူ ကြိမ်မကူ ကမူမတက်ဘူး။
၁၀။ နွားညို သံရောင် တုတ်မဆောင်ရ ။
၁၁။ မြီးစွပ်ရှေ့တက် ထိပ်ကွက်နောက်ဆုတ် စုံမှဟုတ်။
၁၂။ မွှေးတိုမွှေးကြမ်း ထမ်းပိုးထမ်း အစွမ်းကောင်းလှ၏ ။
၁၃။ ဗွေဆင့်မျက်ခြား အဝယ်မှား အိမ်ကမယား သေလတ္တံ့ ။

( ဗွေများ )
**********
( ၁ ) ဗွေဆင့်ဗွေ 
ချို နှစ်ချောင်းစပ်ကြား၌ နှစ်ခုဆင့်လျှက်ရှိသော ဗွေ။(မယားသေ)

( ၂ ) မျက်ခြားဗွေ
မျက်လုံးနှစ်ခုကြား၌ တစ်လုံးတည်းရှိသော ဗွေ ။ (မယားသေ)

( ၃ ) ဗွေထီးဆောင်း
ချို နှစ်ချောင်း စပ်ကြား၌ ရှိသည်။ ထိုဗွေသည်
နွား၏ထိပ်၌ ထီးကဲ့သို့ မိုးဆောင်းထား၍ ဗွေထီးဆောင်းဟုခေါ်သည်။ပထမတန်းစား ဗွေဖြစ်သည်။

( ၄ ) မြခနောက်ဗွေ
နွားခေါင်း၏ ရှေ့နဖူးပြင်ထိပ် အလယ်ကျသောနေရာ၌ ဗွေသုံးလုံး ဖိုခနောက်ဆိုင်တည်ရှိ၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ဗွေကောင်းဖြစ်သည်။

( ၅ ) သံလျက်ဗွေ
နွားလည်ပင်းတစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံး ပါတတ်သည်။ လည်ပင်းမှ ခရုပတ်ရစ်၍ ဗွေ၏အဖျားသည် နွားဦးခေါင်းဖက်သို့ အညွန့်ဖြာလျှက်တက်ခဲ့သော် သံလျက်ဗွေဟုခေါ်သည်။အကျိုး ပေးမထက်သန် ဆုတ်ယုတ်ပျက်စီးခြင်းလည်းမရှိ။

( ခြောက်ကွက်လှနွား )
၁။ မြီးစွပ်ခြင်း အကွက်ကောင်းတစ်ကွက်
၂။ ထိပ်ကွက်ခြင်း အကွက်ကောင်းတစ်ကွက်
၃။ ခြေလေးဖက်စလုံး ဒူးဆစ်ထိ ဆွတ်ဆွတ်ဖြူ ခြင်း အကွက်ကောင်း လေးကွက်

( ထိုနွားမျိုးရှိလျှင် ခိုက်တတ်သောနွားဝယ်မိပါကလည်း အန္တရာယ် မဖြစ်ပါ )

** မြောက်သုံးသွယ် ကျယ်သုံးလီ
နီသုံးချက် တစ်နေ့တစ်ခြား စီးပွားတက် ။

( မြောက်သုံးသွယ် )
ဦးခေါင်းမောက်မောက်ထောင်ထောင်ရှိခြင်း (သို့မဟုတ်) ခေါင်းတမော့မော့ရှိခြင်း။

( ကျယ်သုံးလီ )
ချို နှစ်ခုစပ်ကြား ထိပ်အင်းကျယ်ခြင်း
ရင်အုပ်ကျယ်ခြင်း နှင့် တင်ပါးဆုံကျယ်ခြင်း ။

( နီသုံးချက် )
လျှာနီခြင်း နှာနီခြင်း ခွာလေးဖက်နီခြင်း

(ထိုအချက်တို့နှင့်ပြည့်စုံသောနွားကို လာဘ်နွားဟုခေါ်သည်။စီးပွားဥစ္စာ တစ်နေ့တစ်ခြား တိုးတက်လာသည်။

** နွားပြာနီ ကြောင်စွယ်
မှောင်ကွယ်ရာဝယ် မမှားနိင် ။
နွားပြာ နွားနီ နွားပြာနီ နှင့် နွားကြောင်စွယ် တို့သည် မွေးထိုက်သောနွားဖြစ်၍ မှောင်ကွယ်ရာဝယ်ဦးတော့ မမှားနိင်ဟုဆိုလိုသည်။
နွားကြောင်စွယ် .....နှာရောင်မှောင်မှောင် လက်မဲမဲ ဒူးမဲမဲ ရှိသောနွား ။

( နွား၏ချို )
**********
ဘယ်လဲ ညာထောင် ဥစ္စာပြောင်
ဘယ်ထောင်ညာလဲ တက်တက်မွဲ ။
** တစ်ဖက်ထောင် တစ်ဖက်လဲနွားသည် ဥစ္စာဆုတ်ယုတ်တတ်၏ ။

တယ်လူးချို .....နုတ်သောချို နဲ့သောချို ။ (အကျိုးမပေး)

ကြက်တူရွေးချို .....ကြက်တူရွေးနှုတ်သီးပမာ ရှေ့သို့ကွေးညွတ်သော ချို ကွေး ။
(အကျိုးမပေး)

(မှတ်ချက်)
*********
ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရှေးပညာရှင်တို့၏ နွားရွေးနည်းပညာများကို
လွန်ခဲ့သော ( ၃၀ )နှစ်ခန့်က မှတ်စုစာအုပ်ထဲ
မှတ်ထားမိသမျှ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

credit...original T Z O
(23.2.2016)

( ဖတ်မိပြီးသဘောတွေ့ရင် တောင်သူဦးကြီးများအတွက် ကျေးဇူးပြု၍ share ပေးစေချင်ပါတယ် )

အရူးမ လင်လုပ်နေရတဲ့ အတိုင်းဘဲ ပြောပြန်ရင်လည်း ဆဲခံရမှာသေခြာတယ် သတင်းတာ ဖတ်ကြည့်တော့



လာမည့် စာသင်နှစ်တွင် KG (သူငယ်တန်း) သင်ရိုးသစ်စနစ် 
မကျင့်သုံးနိုင်တော့
ရန်ကုန်၊ မေ- ၁၇
လာမည့် ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်တွင် စတင်ကျင့်သုံးမည်ဟု
ကြေညာထားခဲ့သော KG (သူငယ်တန်း) 
သင်ရိုးသစ်စနစ်ကို စာသင်ဆောင်များတွင်အသုံးပြုရမည့်
သင်ထောက်ကူပစ္စည်းများ ထပ်မံတိုးချဲ့ရန် 
ဘဏ္ဍာငွေမလုံလောက်ဟူသော အကြောင်းပြချက်ဖြင့် 
ပညာရေးဝန်ကြီးဌာနက ပယ်ဖျက်လိုက်ပြီဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က နိုင်ငံပိုင်သတင်းစာတစ်စောင်ဖြစ်သော
The Global New Light of Myanmar 
သတင်းစာတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ အတိအလင်းဖော်ပြ
ပါရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှသာ အဆိုပါစနစ်ကို 
ကျင့်သုံးနိုင်တော့မည်ဟု ဆိုသည်။
ပညာရေးဝန်ကြီးဌာနသည် စတုတ္ထတန်းနှင့် အဌမတန်းတွင်
ပြန်လည်ကုစားခြင်း ရှိမည်မဟုတ်ဟူသည့် ကြေညာချက်ကို ယခုနှစ် 
ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဧပြီလ ၂၆ ရက်နေ့တွင်မူ
ပြန်လည်ကုစားခြင်းရှိသည်ဟုဆိုကာ ထုတ်ပြန်ခဲ့သေးသည်။
ပုံမှာ KG တန်းသင်မည့်ဆရာမများကိုမိုးမိတ်မြို့တွင်သင်တန်းပေးနေ
ပုံဖြစ်ပါသည် ။
KTZO
Popular

မိုးညှင်း နန့်ပုတ် ရွာကတော နောက်တကြိမ် လုပ်ချပြန် ဒီတခါတော့ နတ်ရေတွင်း ဆိုလား လူတွေစည်ကားနေတာတဲ့




ကချင်ပြည်နယ်မိုးညှင်းမြို့နန့်ပုတ်ကျေးရွာရှိနတ်ရေတွင်းခေါ်နဂါးတွင်းမှာတစ်နေ့တခြားရေလာချိုးသူများပြားလာနေပါတယ်။နတ်ရေတွင်းမှာရေလာချိုးသူများကရောဂါဝေဒနာပျောက်ကင်းကြောင်းသိရှိရပါတယ်။တစ်နေ့ပျမ်းမျှလူဦးရေငါးရာမှခြောက်ရာကြားလာရောက်ရေချိုးလာကြပါတယ်။

Saturday, May 14, 2016

ပုန်းဟုန်သား စဥ့်ခိုးသားတွေကို အသိပညာပေး


အင်းတော်မြို့နယ် မော်လူးဒေသ ပုန်းဟုန်ကျေးရွာအုပ်စု
ပုန်းဟုန်ကျေးရွာ| စဥ့်ခိုးကျေးရွာတို့တွင် (14.5.2016)
ရက်နေ့ နံနက်(၁၀း၀၀)နာရီချိန်တွင် ရက်(၁၀၀)စီမံချက်
ပထမ ခြေလမ်းအဖြစ် မူးယစ်ဆေးဝါး အသိပညာပေး
ဆိုင်းဘုတ်စိုက်ထူးခြင်း လက်ကမ်းစာစောင်များဝေငှခြင်း
တို့ကို နယ်မြေရဲစခန်း| ရပ်မိရပ်ဖများ| မီးသတ်တပ်ဖွဲဝင်များ
နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်
(တွဲလက်ညီညီလုပ်ဆောင်မည်)

Friday, May 13, 2016

ပေကုန်းဘုန်းကြီးကျောင်းမှာ ကားလှူတာတဲ့




မုဒိတာပွားနိုင်ကြပါစေ
14/5/2016နံနက်၇း၃၀အချိန်တွင်နှစ်ဘက်သောမိဘအဖိုးအဖွားတို့အားရည်စူအမှူးထား၍ဖားကန့်မြို့နယ်ဆယ်ဇင်ကျေးရွာနေဦးမင်းနိုင်+ဒေါ်သီတာကျော်မိသားစုတို့မှအရှင်ကေသဝ(သာသနဓဇဓမ္မာစရိယ)အားပါဂျဲရိုကားတစီးလှူဒါန်းသည်။အားလုံးပဲမုဒိတာပွားနိုင်ကြပါစေ။

Thursday, May 12, 2016

ကဲ လာပြန်ပြီ ၁၀ တန်း အောင်ထားတဲ့သူတွေ အတွက် အလုပ်တဲ့



ဆယ်တန်းအောင်တွေပါ လျှောက်လို့ရတဲ့ အလုပ်
 နောက်တစ်မျိုးလာပြန်ပြီ။စီစစ်ရေးမှုး(၄)ဆေးမှတ်တမ်းရာထူး လစာနှုန်း(၁၅၀၀၀၀-၂၀၀၀-၁၆၀၀၀၀)
၁၇.၆.၂၀၁၆ရက်နေ့ လျှောက်လွှာပိတ်ပါမယ်။


အထက ၂ အောင်လံမြို့ မှာ တော့ free တဲ့

မော်လူးမှာတော့ ဘယ်လိုလဲမသိသေးဘူးနော်


Wednesday, May 11, 2016

၈ တန်း အောင် ရုံဖြင့် ၂ နှစ်တက်ပြီး AGTI တက် နိုင် မည့် အခွင့် အ ရေးလေးပါ




၈ တန်း အောင် ရုံဖြင့် ၂ နှစ်တက်ပြီး AGTI တက် နိုင် မည့် အခွင့် အ ရေးလေးပါ

၈တန်းအောင်ကြောင်း ထောက်ခံစာ(မူရင်း)
အိမ်ထောင်စုဇယား (မိတ္ထူ )
မိဘမှတ်ပုံတင်(မိတ္ထူ )
ကျောင်းသားမှတ်ပုံတင်(မိတ္ထူ )
လိုင်စင်ဓာတ်ပုံ(၃)ပုံ
အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်ထောက်ခံစာ(မူရင်း) စသည်တို့ယူဆောင်၍ 

မိဘအုပ်ထိန်းသူကိုယ်တိုင် လာရောက်အပ်နှံရမည်ဟု သိရ...

credit: Thura Soe

Tuesday, May 10, 2016

တွေ့ဆုံ ပွဲ မှာ မပြောရဲလို့ facebook ကတဆင့် ပြောလိုက်သော မော်လူး သားရဲ့ ရင်တွင်းစကား

မော်လူးဒေသ သားများ  ယုံကြည်မှု အပြည့်ဖြင့်  ရွေးချယ်လိုက်သော  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာပြုံး  နှင့်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးသန်းဝင်းတို့
မော်လူးဒေသမှ  မသိချင်ယောင်ဆောင်နေသော လွှတ်တော်အမှတ်များ၏  ကိုယ်စားလှယ်   ပုဂ္ဂိုလ် များ

ဖတ်ရှု နိုင်ရန်
share  ပေးပါအုန်းဗျာ---


*****အမှိုက်*****
ကြာတော့ကြာခဲ့ပါပြီ ၃မိနစ်စာအချိန်ပေးတုန်းကလည်းထမပြောရဲခဲ့ပါဘူး.fbမှာရေးရမလားလို့စဉ်းစားလိုက်မရေးတာကောင်းပါတယ်လေလို့တွေးလိုက်နဲ့ကြာခဲ့တာပါ.
အခုတော့မနေနိုင်တော့ဘူး ရေးပြီ
ပြီးခဲ့တဲ့အခေါက်က လွတ်တော်ကိုယ်စလယ်
တွေနဲ့ကျနော်တို့မော်လူးဒေသခံတွေ
တွေ့ဆုံပွဲလေးလုပ်ကြတယ်.
လွတ်တော်ကိုယ်စလယ်Drအန်တီပြုံးနဲ့
ဦးသန်းဝင်းတို့မိတ်ဆက်အပြီးမှာ အခန်းနားမှုးက
၁ယောက်လျှင်၃မိနစ်ထက်မပိုရတောင်းဆိုစရာ
ရှိတာတောင်းဆိုလို့ရပါတယ်လို့ပြောပြီးအချိန်မှာ
ရွာတိုင်းလိုလိုတောင်းဆိုကြပါတယ်.သူ့ရွာကဘာလိုအပ်တယ်ငါ့ရွာကဘာလိုအပ်တယ်ပေါ့.အထူးသဖြင့်မူးယစ်ဆေးဝါးနိမ်နင်းဖို့ကို
အများဆုံးတောင်းဆိုကြပါတယ်.ကောင်းပါတယ်
တော်တော်လေးကောင်းပါတယ်Drအန်တီပြုံးဖြေသွားတဲ့အဖြေကိုယ့်ခြံစည်းရိုးကိုယ်လုံအောင်ခတ်ပါတဲ့.သိပ်မှန်တဲ့အဖြေပါကျနော်လက်ခံပါတယ်.ကျနော်တောင်းဆိုခြင်တဲ့အရာကိုဘယ်သူများတောင်းဆိုမလည်းစောင့်ကြည့်နေမိတယ်.
တွေ့ဆုံပွဲသာပြီးသွားတယ်ဘယ်သူမှမတောင်းဆိုဘူး.ကျနော်ကိုယ်နိုက်ကလည်းထပြီးမတောင်းဆိုရဲခဲ့ဘူး အဲ့ဒါကြောင့်fbကနေရေးမိတာပါ.
ကျနော်အဓိကပြောချင်တာက အမှိုက်ဗျ
ချောင်းမြောင်းတွေဘာကြောင့်ဘာကြောင့်
ပျက်ရတယ်အမှိုက်ကြောင့်ပျက်ရတယ်.
၁၉၉၀ကျော်လောက်ကျနော်တို့မော်လူးမြို့လယ်
မြောင်းရေဟာည၁၀း၀၀ကျော်လောက်ရေဆာနေရင်ခက်သောက်အနံ့အသက်မရှိပါဘူး.အခုတော့အလွန်အင်မတန်မှထွတ်ပေါက်မရှိတဲ့ရေဆိုးမြောင်းလိုဖြစ်နေရပါပြီ.ဘာကြောင့်လည်း?
ပထမတော့ထင်မိတယ်ငါတို့မော်လူးသားတွေစည်းကမ်းမရှိဘူးပေါ့.ထင်မိမှာပေါ့မြောင်းဆည်ရင်လည်းကျနော်တို့အရန်တံတားထိပ်မှာအမှိုက်ရှင်းရရင်လည်းကျနော်တို့အရန်လေ.တံတားထိပ်မှာပစ်တဲ့အမှိုက်ဆိုလပိုင်းလေးနဲ့ကျနော့်အရပ်လက်ခုပ်တစ်ဖောင်ကျော်ကိုမီးသတ်၃-၄ယောက်လောက်နဲ့ရှင်းခဲ့ရတာကိုထင်မိတာပေါ့.ကူးပြောင်းရေးကာလမှာကျနော်သဘောပေါက်ခဲ့တယ်.မော်လူးသားတွေစည်းကမ်းမရှိတာမဟုတ်ဘူးဗျ
စားပြီးနားမလည်တဲ့သူတွေကိုအရွဲ့တိုက်ကြတာလေ.ကူးပြောင်းရေးကာလမှာDချုပ်အဖွဲ့်လမ်းကအမှိုက်လိုက်ကောက်ကြတော့မော်လူးသားတွေအိမ်ထဲအိမ်ရှေ့မှာထည့်ထားတဲ့အမှိုက်အိပ်တွေကားပေါ်လာတင်ကြတယ်လေ.ကျနော်သဘောပေါက်လိုက်ပြီချောင်းကြီးနှစ်သွယ်အမှီပြုပြီးနေရတဲ့ရွာ၅ရွာနဲ့မော်လူးကျနော်တို့မော်လူးမှာအရေးတကြီးလိုအပ်နေတာအမှိုက်ကားဘဲဆိုတာကျနော်သိလိုက်ပြီ.ကျနော်တို့မော်လူးစည်ပင်ခွန်နှစ်စဉ်စောင်ရတယ်.ဈေးကအမှိုက်သိမ်းတဲ့စည်ပင်သာရှိတာမော်လူးမြို့ကထွတ်တဲ့အမှိုက်သိမ်းတဲ့စည်ပင်မရှိလို့သဘာဝပါတ်ဝန်ကျင်ချောင်းမြောင်ပျက်စီးနေရပါပြီ.ထပ်ပြီးပျက်စီးလို့မဖြစ်တော့ပါဘူး.ကူးပြောင်းရေးကာလမှာDချုပ်ကအမှိုက်ကင်းစင်အောင်လမ်းစခဲ့လို့ကျနော်တို့မော်လူးသားအမှိုက်ကိုစနစ်တကျတော်တော်များများသိမ်းစည်းတတ်နေပါပြီ.
ကျန်တာကိုအမှိုက်ကားနဲ့စည်ပင်လုပ်ဖို့ဘဲကျန်ပါတော့တယ်.ဒါကြောင့်မို့စည်ပင်ခွန်နှစ်စဉ်နှစ်တိုင်းပေးစောင်နေရတဲ့ကျနော်တို့မော်လူးမြို့ကိုလည်းအမှိုက်သိမ်းကားချပေးဖို့တောင်းဆိုပါရစေ

ထရန်စဖေါ်မာ ကြီး နဘား သို့ သယ်လာပြီတဲ့ လက်ပန်းတောင်းတောင် ပိုင် ဝမ်ပေါင်ကိုတော့ ကျေးဇူးတင် ရမယ့်ထဲ ထည့်ထားရတော့မလိုလို




မေ၁၀ရက်နေ့၁၁နာရီ၂၀မိနစ်အချိန်ဘုတလင်မြို့မှစတင်သယ်ယူခဲ့ပြီးလမ်းခရီးတလျောက်မောင်းတံဂိတ်များအား ခရိုင်ယာနင့်ုမြို့နယ်ယာတို့ပူးပေါင်း၍ဂိတ်တာဝန်ခံများနှင့်ဂိတ်ကြေးညှိနှိုင်းကာအခက်အခဲများကြားမှခရိုင်တွင်း၅နေရာမီးလင်းရေးတွက်အင်းတော်မြို့နယ်နဘားခွဲရုံသို့သယ်ဆောင်လာခဲ့သည် တော်ရုံကားဖြင့်သယ်ယူ၍မရနိုင်ပါ တွဲကားဖြင့်သာသယ်ယူ၍ရသည် ဝမ်ပေါင်မှကရိန်းကားဖြင့်သယ်ယူခဲ့ရသည်

fb  မှ  မ  လာသည်။

Sunday, May 8, 2016

စေတီတော်ရှိ အဆင်းတန်ဆာ တို့၏ အခေါ်အဝေါ်များ



စေတီတော်ရှိ အဆင်းတန်ဆာတို့၏ အခေါ်အဝေါ်များ
=================================
တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းများမှာ -

(၁) တံခွန်တိုင် = မာန ( ရတနာတော်မြတ် ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်)

(၂) ပန်းတင်ခုံ = ပတ္ထနာ - နိဗ္ဗာန်ရောက်ကြောင်း ဆုတောင်းရန်

(၃) ရှစ်မြှောင့် = မွေးခြင်း(၄)မျိုး+ သေခြင်း(၄) မျိုးကို နှလုံးသွင်းဆင်ခြင်ကြရန်

(၄) ကြီဝင်း-၅ခု = ဂတိ-၅ပါးမှ လွတ်အောင် ကြိုးစားကြရန်

(၅) ခါးစည်း = သီလ/သမာဓိ/ပညာ ဟူသော အဓိသိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန်

(၆) ခေါင်းလောင်း = မိမိတို.၏ ကုသိုလ်ကောင်းမှုများကို ကုသိုလ်ငတ်မွတ်နေသောသတ္တ၀ါများသို့ မျှဝေပေးရန်

(၇) ဖောင်းရစ်-၇ရစ် = ၀ိသုဒ္ဓိ ၇ပါး(စင်ကြယ်ခြင်း ၇မျိုး)ပြည့်စုံအောင်ကြိုးစားကြရန်

(၈) သပိတ်မှောက် = တဏှာ/မာန/ဒိဌိ(အယူမှား) ဟူသော သံသရာနယ်ချဲ့တတ်သည့်ပပဉ္စတရား(၃)ပါးတို.ကို သပိတ်မှောက် ဆန့်ကျင်တော်လှန်ကြရန်

(၉) ဘီလူးပန်းဆွဲ-၁၆ခု = ဥာဏ်စဉ်-၁၆ပါး ရအောင်ကြိုးစားကြရန်

(၁၀) ကြာမှောက်/ကြာလှန်= ကြာပန်းသည် ဗုဒ္ဓမြတ်စွာဘုရား၏သင်္ကေတ

(၁၁) ထီးတော်ဘုံ ၇ဆင့် = အေးငြိမ်းသည့် အရိယာသူတော်စင်တို့ ရရှိခံစားရသည့်မဂ်(၃)တန်+ ဖိုလ်(၄)တန်(သောတာပတ္တိမဂ်အပါအ၀င်)

(၁၂) ငှက်မြတ်နား = ရဟန္တာအရှင်မြတ်တို. ခန္ဒာဝန်မချမီ စာရေး စာချ တရားဟော တရားပြ/သာသနာပြုသူတော်မြတ်အလုပ်များဖြင့် ခေတ္တနားခိုရာ

(၁၃) စိန်ဖူးတော် = စိန်တွင် အညစ်အကြေးပါဝင်မှု ကင်းစင်သလို ကမ္ဘာပေါ်တွင် အမာဆုံးပစ္စည်းဖြစ်သလို၊စိတ်အညစ်အကြေး(ကိလေသာ)အားလုံး ကင်းစင်သည့် နိဗ္မာန်တရားတော်မြတ်

သူတော်ကောင်းတရား လွှမ်းပတ်ကမ္ဘာတည်ပါစေ…

ယုတ်မာညစ်ဆိုး ဒုစရိုက်မျိုးကို
သူတော်လက်နက် တရားစက်ဖြင့်
ဖြိုဖျက်နိုင်ကြပါစေ…

အလောင်းအလျာ ဖြည့်ကောင်းရာသည့်
သုံးဖျာဆယ်လီ ပါရမီတော်တို့ကို
မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း…

မော်လူး ဓမ္မစကူးလ် ကျောင်းဆောက်ဖို့ သိန်း ၂၀၀ ကျပ် လှူတာ တဲ့


မနက်ဖန်(9-5-2016)နေ့မှာ မော်လူးဓမ္မစကူးလ် (2016-2017)ပညာသင်နှစ်ဖွင့်ပွဲ နှင့်မော်လူးမြို့လမ်းမတော်လမ်း [စိုး မျိုး ညီ]ရွှေဆိုင်မှ ဦးတင်ရွှေ + ဒေါ်ခင်ပြုံး တို့မှ အလှူတော်ငွေ သိန်းတစ်ရာကျပ် ကိုရန်နိုင်မျိုး+မခိုင်ဇာဝင်းဝင်း သမီးရွှန်းလဲ့သော်တာ တို့မှ သိန်းတစ်ရာကျပ် ဓမ္မစကူးလ်ကျောင်းဆောင်သစ်ဆောက်လုပ် ရန်အတွက် အလှူငွေ သိန်းနှစ်ရာကျပ်တိတိ ကို လှူဒါန်းပွဲအခမ်းအနားကျင်းပမှာ ဖြစ်ပါတယ် ဓမ္မစကူးလ်သားသားမီးမီးတို့မှလည်း အကများဖြင့်ဖျော်ဖြေပါမယ် ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသညှ် 

fb  မှာ  တွေ့လို့

8 ရက်နေ့ညနေ လောက် မီးထည့် နိုက်မယ်တဲ့



လျှပ်စစ်မီးသတင်း။ ။ နဘားခွဲရုံမှထရန်စဖေါ်မာ 10 kvamp
အားမနိုင်၍ လောင်သွားရာ ယခုအချိန်
ထိလျှပ်စစ်မှကြိုးစားပြင်ဆင်ခဲ့သော်လည်း မရတော့ကြောင်းသိရှိ
ရပါသည်။ ကျောက်ပုထိုး မှ 30kvamp သယ်ယူ၍အစားထိုး
တပ်ဆင်ပါမည်၊ အလေးချိန် 63 ton ဖြစ်၍ ကရိန်းကား တန်
100 ဖြင့် သယ်ယူရပါမည်။ ကားသည် ထီးချိုင့်နီကယ် စက်ရုံ
တွင် ရှိသဖြင့် ငှါးရမ်းရရှိရေး လျှပ်စစ် အင်/ယာ များ ကြိုးစား
ဆောင်ရွက်လျက်ရှိပါသည်။
Credit...min aung fb မှ
နဘားခွဲရုံ မှပြန်လည်ဖြန့်ဝေသော မြို့နယ်၅ခု
ကသာ/အင်းတော် / ထီးချိုင့်/ ဗန်းမောက် မြို့နယ် နှင့် မော်လူး တွင် ဆက်လက်မီးပျက်ပါအုံးမည်
ခန့်မှန်းခြေ 8.5.16 ညနေပိုင်း တွင်တော့
မီးထည့်နိုင်မည်ဟု သတင်းရရှိ သက်ဆိုင်ရာလျှပ်စစ်ဝန်ထမ်းများတော့ ကြိုးစားနေကြပါကြောင်း

fb  မှ   မ  လာသည်

Tuesday, May 3, 2016

လူတိုင်းဆောင်ထားသင်တဲ့ သွေးပေါင်ချိန် ဇယားလေးပါ

သွေးတိုးမတိုး သိစေဖို့ လူတိုင်းသိမ်းထားသင့်တဲ့
*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*
အခြေခံဇယားလေးပါ
*~*~*~*~*~*~*~*~*~*~*~*~*~*
Happy Mom Pregnancy Pillow

fb မှာ မော်လူးသား တစ်ယောက် ဆုတောင်းသွားတယ် ချီးစော်နံလို့တဲ့

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ မော်လူးကျေးရွာအုပ်စု မော်လူးကျေးရွာအတွင်း လူနေအိမ် များအရှေ့တွင် စီးဆင်းလျှက်ရှိသော ရေမြှောင်းများအတွင်းသို့ မိလ္လာဖောက်ချခြင်းကြောင့် ဒေသခံပြည်သူများ စိတ်ညှစ်ငြူးလျှက် စားချင်သောက်ချင် စိတ်မရှိတော့လောက်အောင် အော်ကလီဆန်နေကြပါသောကြောင် ကျန်းမာရေးထိခိုက် နေကြရပါသည်။တစ်ရက်လဲမဟုတ် နှစ်ရက်လဲမဟုတ် သုံး ရက်ပင်မက ဤသို့သောဆိုးရွားလွန်သည့် အနံ့အသက်များကို ရေမြှောင်းအတွင်းသို့ ထုတ်လွတ်မူ့ များမှ အမြန်ဆုံးကင်းဝေးသွားစေရန် ကူညီဆောင်ရွက်ပေးတော်မူကြပါဦးဗျာတို့ရေ။
လူယုတ်မာများ ဘေးမှကင်းဝေးကြပါစေလို့ ဆုတောင်းလိုက်ရပါသည်။

အသက် ၁၈ နှစ်ပြည့်ပြီး မူလတန်းအောင်မြင်ထားသူတိုင်း အတွက် စားရိတ်ငြိမ်းသင်တန်း ခေါ်ပြီ



အသက် ၁၈ နှစ်ပြည့်ပြီး မူလတန်းအောင်မြင်ထားသူတိုင်း တတ်ရောက်ခွင့်ရမည့် စားရိတ်ငြိမ်းသင်တန်း စတင်ခေါ်ယူ
------ ------ ------ ------ ------
အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် နည်းပညာနှင့် သက်မွေးပညာဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် ADB တို့ပူးပေါင်း၍ အသက် ၁၈ နှစ်မှ ၄၀ အတွင်း မူလတန်းအောင်မြင်ပြီးသူတိုင်း တတ်ရောက်နိုင်မည့်သင်တန်း မေ ၉ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်၍ သင်တန်းသားများ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် အုတ်စီကျွမ်းကျင်သင်တန်း၊ သံချီသံကွေးသင်တန်းများ ပို့ချပေးသွားမည်ဖြစ်ပြီး အိမ်ထောင်မရှိသေးသူများ တက်ရောက်သင်ကြားခွင့်ရမည်ဖြစ်သည်။ သင်တန်းကာလမှာ ၃ လဖြစ်ပြီး သင်တန်းကာလအတွင်း စားသောက်နေထိုင်စရိတ် အခမဲ့စီစဉ်ပေးမည်ဟု သိရသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် မေ ၂ ရက်မှ စတင်၍ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းများတွင်သော်လည်းကောင်း ဖုန်း-၀၉ ၄၄၈၅၃၆၂၀၀၊ ၀၉ ၇၉၁၃၇၁၂၇၄၊ ၀၉ ၂၅၀၃၇၇၁၈၈ သို့ဆက်သွယ်၍သော်လည်ကောင်း အသေးစိတ်မေးမြန်းနိုင်ကြောင်း သိရသည်။

News Watch

Monday, May 2, 2016

သတင်းထောက်က လုပ်တာလား တာဝန်ရှိသူတွေလုပ်တာလား သတင်းစာတိုက်က မှားတာလား မော်လူးမှာ ဖမ်းတဲ့ တံခါးချပ်တွေရဲ့ တန်ဖိုးက နည်းလွန်း နေတယ်

သတင်းစာတိုက်က  မှားတယ်ဆိုရင်တော့  ပြဿနာ မရှိဘူး  ကျန်တဲ့သူတွေ  မှားရင်တော့
  အင်းတော်ထွေအုပ်က  လူကြီးမင်းတွေ  ကတော့  ဒီတိုင်းကြည့်နေလောက်ဘူး

ကြည့်နေတယ်ဆိုရင်တော့  တိုင်းဒေသကြီးလွှတ်တော်အမှတ်ကြီးရေ့
ပြောင်းလဲချိန်တန်ပြီ  ဆိုတဲ့စကား  ပြန်ရုတ်သိမ်းပေးပါဗျာ

ကျွန်းတံခါး ၇၃  ချပ်  ရောမတံခါးများပါသေး ပျဉ်တန်  တစ်တန်ကျော်
၁၅၆၆၀၈ကျပ်  တဲ့  ပျဉ်တန်ဖိုးနဲ့  တွက်ရင်တောင်  ၃သိန်း  အထက်ရှိတယ်
တံခါးချပ်တန်ဖိုးနဲ့  ဆိုလည်း  ရောမတံခါး  တပ်ချပ် ၅၀၀၀၀ိ  အထက်ရှိတယ်
ကဲဒါကြောင့်မို့ပြောလိုက်မယ်
ကသာမြို့က  ကာတွန်းဆရာ  ဟာကျူလီရေ့ ဆရာကြီးရေးတဲ့  ရီစရာ  ကာတွန်း လောက်တော့  မော်လူးက  @$#&$& တွေက "ပျင်းတောင်ပျင်းသေးတယ် " ဖြစ်ကုန်တော့မှာဘဲ

$$$$$$$$$$$$$$$$$$$$$
------------------------------------      


 ဧပြီ၂၆ရက်ကမော်လူးဘူတာတွင်စက်ခေါင်းအမှတ်DD1117စက်ခေါင်းမောင်းနားနေတွဲ၌တင်ဆောင်လာသော တရားမဝင်ကျွန်းတံခါးချပ်များဖမ်းဆီးရမိ မြန်မာ့အလင်းသတင်းစာပါ သတင်းတဲ့
ဖတ်ကြည့်လိုက်အုန်း

Sunday, May 1, 2016

လွတ်ငြိမ်းချမ်းသာခွင့် ၄ တန်း နဲ့ ၈တန်း ကျသူတွေကိုပေး



အင်းး  ဒီအစိုးရ  လက်ထက် ဒါတော့  လွဲများနေသလားလို့

ခုတမျိုး  တော်ကြာ  နှစ်မျိုးပါလားမောင်!!!