Friday, May 30, 2014

မော်လူး ရုံးလမ်း ကတ္တရာစတင်ခင်း

မ်ာလူး (၃/၄)ရပ်ကွက် ဘုရားကြီးကျောင်း
မုတ်ဦးကြီးပေါက်ဝမှရုံးလမ်းထိပ်ဘူတာရုံ
လမ်းထိ ကတ္တရာခင်းရန်လုပ်ငန်းများစတင်
နေပါပြီ လမ်းအလှူရှင်များ လှူဒါန်းလိုပါက
လှူဒါန်းနိုင်ပါကြောင်း

မော်လူး ဘုရားကြီးကျောင်းဆရာတော် facebook စာမျက်နှာ တွင် ရေးသားထား


Thursday, May 29, 2014

မော်လူး မှာ မှန်တဲ့ သတင်းပြောရင် &%@**$ ရောက်တယ်ဆိုလား ဒါကြောင့်သိမှတ်ဖွယ်လေးပါ

လာကမှာ ဖုံးကွယ်လို့မရတဲ့ အရာ(၃)ခု
===========================
၁။ ပညာမတတ်တာ။
၂။ ဆင်းရဲတာ နဲ့။
၃။ ချစ်တာပါ။

ဒီသုံးခုက ဖုံးကွယ်လေလေ ပေါ်လွင်လေလေပါ။
လောကမှာ လက်မလွှတ်သင့်တဲ့ အရာ(၃)ခု။
=============================
၁။ ယုံကြည်မှု
၂။ မျှော်လင့်ချက်နဲ့
၃။ ရိုးသားမှုပါ

လက်လွှတ်လေ[နောင်တ]ရလေမို့ပါ။
လောကမှာ ဆိုင်းငံ့ထားလို့မရတဲ့ အရာ(၃)ခု။
==============================
၁။ အသက်
၂။ အချိန်နဲ့
၃။ ချစ်ခြင်းပါ

ဆိုင်းငံ့ ထားလေ ကွာဝေးသွားတတ်လို့ပါ။
လောကမှာ ဆောင်ထားရမဲ့ အရာ(၃)ခု။
===========================
၁။ လေးစားမှု
၂။ ရိုးဖြောင့်မှုနဲ့
၃။ ခင်မင်ဖော်ရွေမှုပါ

ဆောင်ထားလေ နောင်တကင်းလေမို့လို့ပါ။
လောကမှာ နောက်ကိုမရွှေ့သင့်တဲ့ အရာ(၃)ခု။
==============================
၁။ အလှူအတန်း
၂။ မိဘကိုကျေးဇူးဆပ်ခြင်းနဲ့
၃။ ချစ်ခြင်းပါ

နောက်ကိုရွှေ့လေ နောက်ကိုရွှေ့လေ နောင်တရလေမို့ပါ။
Credit to ပညာပေးသော ကမ္ဘာကျော် စကားလုံးများ


Wednesday, May 28, 2014

ဘာသာသာသနာကို ဖျက်ဆီးရန် ဘာသာကူးပြောင်းပါက ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်မည့် ဥပဒေကြမ်း အစိုးရ ထုတ်ပြန်





ဘာသာသာသနာကို ဖျက်ဆီးရန် ဘာသာကူးပြောင်းပါက ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်မည့် ဥပဒေကြမ်း အစိုးရ ထုတ်ပြန်

ရန်ကုန်၊ ACM Re-Post 28-5-2014

သာသာနာရေး ဝန်ကြီးဌာနမှ ရေးဆွဲထားပြီး လွှတ်တော်သို့ တင်သွင်းမည့် ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေမူကြမ်းတွင် ဘာသာသာသနာကို ဖျက်ဆီးရန် ရည်ရွယ်၍ ကိုးကွယ်ရာဘာသာ ကူးပြောင်းပါက ထောင်ဒဏ် ၂ နှစ်ချမှတ် နိုင်သောပုဒ်မများ ထည့်သွင်း ရေးဆွဲထားကြောင်း ယနေ့ (မေလ ၂၇ရက်နေ့) ထုတ် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် သာသနာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အဆိုပါ ဥပဒေမူကြမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ ဥပဒေမူကြမ်းတွင် ဘာသာသာသနာကို စော်ကားရန်၊ အကြည်ညို ပျက်စေရန်၊ ဖျက်ဆီးရန် (သို့မဟုတ်) အလွဲသုံးစားပြုရန် အကြံဖြင့် ဘာသာကူးပြောင်းပါက ၂ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ကျပ်နှစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ထည့်သွင်း ရေးဆွဲထားကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင် ဦးစောလှထွန်းက ပြောကြားသည်။

“ဥပဒေကြမ်း ရောက်လာတာနဲ့ ကော်မတီထဲမှာ ချက်ချင်း ဆွေးနွေးဖြစ်မှာပါ။ ပြည်သူအများ စိတ်ဝင်စားနေတဲ့ ဥပဒေဖြစ်တာမို့ လွှတ်တော်ထဲကို အမြန်ဆုံး ပို့မှာပါ” ဟု ၎င်းကဆိုသည်။

ထို့အပြင် ကိုးကွယ်ရာ ဘာသာကူးပြောင်းရန် ကြွေးမြီဖြင့် နှောင်ဖွဲ့ ခိုင်းစေခြင်း၊ သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ထည့်သွင်း ရေးဆွဲထားသည်။

အဆိုပါ ဥပဒေမူကြမ်းတွင် ဘာသာကူးပြောင်း လိုသူသည် အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည် ဖြစ်ပြီး မိမိကိုးကွယ်ရာ ဘာသာမှ အခြားဘာသာသို့ မိမိ၏ သဘောဆန္ဒအတိုင်း ကူးပြောင်းခြင်း ဟုတ် မဟုတ်ကို စိစစ်ပြီးနောက် ကိုးကွယ်ရာ ဘာသာကူးပြောင်ခြင်း ဆိုင်ရာ စိစစ် မှတ်ပုံတင်ရေးအဖွဲ့မှ စိစစ်မည်ဟု ပါရှိသည်။

ထို့အပြင် ဘာသာကူးပြောင်း လိုသူသည် အခြားဘာသာကို လေ့လာနိုင်ရန် ရက်ပေါင်း ၁၈၀ အထိ သတ်မှတ်ထားပြီးနောက် ကူးပြောင်းလိုကြောင်း ဆန္ဒရှိလျှင် မှတ်ပုံတင်ရေးအဖွဲ့က ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ မှတ်ပုံတင်ကို ထုတ်ပေးမည် ဖြစ်ကြောင်း ထည့်သွင်း ရေးဆွဲထားသည်။

အဆိုပါ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ကန့်ကွက်စရာ မရှိကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဦးဆောင် ဆရာတော် မန္တလေးတိုင်းဒေသကြီး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

“မိန်းကလေးတွေအတွက် အသက် ၂၀ ပြည့်ပြီးမှ ဘာသာကူးပြောင်းခွင့် ပေးရမည် ဆိုတာနဲ့ တစ်အိမ်သားလုံး ဘာသာကူးပြောင်းတာကို ထည့်သွင်း ဖြည့်စွက်စေချင်တယ်” ဟု ၎င်းကမိန့်ဆိုသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က တိုက်တွန်း တောင်းဆိုမှုကြောင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ခြင်း၊ ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာဥပဒေ၊ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရေး သုံးသပ်စဉ်းစား ပေးရန် ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့ခဲ့သည်။

ယင်းသို့ မျိုးစောင့်ဥပဒေကို ကော်မရှင်များ ဖွဲ့စည်းကာ ရေးဆွဲနေခြင်းကို အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၁၀ ကကန့်ကွက်ကြောင်း အမျိုးသမီး အဖွဲ့အစည်းနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများက မေလ ၅ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ထားသည်။

အဆိုပါ မျိုးစောင့်ဥပဒေ ရေးဆွဲရာတွင် အမျိုးသမီးများ အခွင့်အရေးကို ချိုးဖောက်မှု နည်းပါးစေရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ နိုင်ငံတော် သံဃမဟာနာယကနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီတို့နှင့် တွေ့ဆုံရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်း ၁၁၀ က ထုတ်ပြန် ပြောကြားထားသည်

Tuesday, May 27, 2014

ဒေါက်တာ နန္ဒမာလာဘိဝံသ နဲ့ ဦးဇင်းကျော်ဟိန်း(ဦးကိတ္တိသာရ )တို့ ရဲ့ နှစ်ဦးစကားပြိုင်-

 ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ (ဗုဒ္ဓသက္ကသိုလ်ပါမောက်ချုပ်) နဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်ဟိန်း (ဦးကိတ္တိသာရ ) တို့ရဲ့  နှစ်ကိုယ်ကြား စကားပြောဆိုမှုအသံဖိုင်ဖြစ်ပါတယ်။ ဦးကျော်ရဲ့ ကပ်သီးကပ်သပ် မေးခွန်းတွေ ဦးကျော်ဟိန်း ပြောဆိုသမျှကို ပညာသားပါပါ ဖြေကြားပုံတွေ အထူးကိုကောင်းမွန်လှပါတယ်။ နားဆင်ပြီးပြီလားတော့မသိပါဘူး solidfie မှာပြန်တင်ပေးလိုက်ပါတယ်။ တကယ်ကို စိတ်ဝင်စားဖို့ကောင်း
လွန်းလို့ပါ။နားဆင်ကြည့်ကြပါ

ပို့စ်ရေးသူ-Hanwailinn-www.sayyoethe.blogspot.com

ဒီမှာ


ဒေါင်းနိုင်ပါသည်။

မြတ်စွာဘုရားက ကုလားတဲ့ ဟုတ်သလား ?

မြတ်စွာဘုရား က ကုလားဆိုတာ ဟုတ်သလား ?
============================
အစ္စလာမ်ဘာသာဝင် မွတ်စလင်များမေးလေ့ရှိသော မေးခွန်းတစ်ခုကို
ပြန်လည်ဖြေရှင်းပြထားခြင်း ဖြစ်ပါတယ်။

မေးခွန်း ။ ။
=======
မင်းတို့ ဘုရားက ကုလားကြီး၊ ကုလားကို ကိုးကွယ်ပြီး ကုလားတွေကို ပြန်စော်ကားနေကြတာပဲ။
ဒါကြောင့် မင်းတို့ ဘုရားကို ကုလားပြည် ပြန်ပို့ ဖို့ ပဲ ရှိတယ်။ မင်းတို့ ဘုရားက ကုလားမဟုတ်လို့  ဘာလဲ?

ဖြေဆိုချက် ။ ။
===========
ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ကိုးကွယ်ရာ ဂေါတမမြတ်စွာ
ဘုရားကို ကုလားတစ်ယောက်ဖြစ်ပါတယ်လို့ ပြောနေတဲ့အကြောင်းပါ။

ဗုဒ္ဓဟာ ကုလားပြည်သား ဖြစ်တယ်ဆိုတာနဲ့ ပက်သက်ပြီး ပြောချင်ပါတယ်။
ဘုရားဟောကျမ်း များအရရော၊ ကမ္ဘာ့အဖွဲ့အစည်းအသီးသီးက လက်ခံ၊
အတည်ပြုထားကြတဲ့ သမိုင်းအထောက်အထား များအရရောဆိုရင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ခရစ်တော်မပေါ်မီ ဘီစီ ၅၆၃ ခုနှစ်မှာ ကပိလ၀တ်ပြည့်ရှင် သုဒ္ဓေါဒနမင်းကြီးရဲ့ မိဖုရားခေါင်ကြီး သီရိမဟာမာယာဒေ၀ီက ကပိလ၀တ်ပြည်နဲ့ ဒေ၀ဒဟပြည်အကြား လုမ္ဗိနီအင်ကြင်းဥယျာဉ် (ယခု နီပေါနိုင်ငံ) မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန် အိန္ဒိယနိုင်ငံမှာ ကပိလ၀တ်ပြည်၊ ဒေ၀ဒဟပြည်၊ ရာဇဂြိုဟ်ပြည်၊ ဝေသာလီပြည်အစရှိတဲ့ မြို့ပြနိုင်ငံငယ်လေး များကို ထွန်းကားနေတဲ့အချိန်ဖြစ်ပါတယ်။ ကပိလ၀တ်ပြည်ကို အုပ်ချုပ်တဲ့ မင်းမျိုးမင်းနွယ်တွေဟာ သကျသာကီဝင်လူမျိုးတွေဖြစ်ပါတယ်။ ကပိလ၀တ်ပြည်ဟာ ယခုအိန္ဒိယနိုင်ငံမှာ ပါတယ်ဆိုတိုင်း ကပိလ၀တ်ဘုရင်ကလည်း အိန္ဒိယအမျိုးသားကြီး (သို့ မဟုတ်) ကုလားကြီးဆိုရင် မှားပါလိမ့်မယ်။

သကျသာကီဝင်အမျိုးဆိုတာဟာ ယခုခေတ်အိန္ဒိယနိုင်ငံရှိ အမျိုးအားလုံးနဲ့ မရောယှက်ပဲ ထိုခေတ်ထိုအခါကတည်းက သီးသန့် တစ်သွေးတစ်သားကို အလေးထားထိန်းသိမ်းခဲ့ကြသော မြင့်မြတ်တဲ့အမျိုးအနွယ်တွေဖြစ်ပါတယ်။ ဘယ်လောက်ထိတောင် ထိန်းသိမ်းသလဲဆိုရင် သကျသာကီဝင် မင်းမျိုးတွေဟာ တခြားအမျိုးအနွယ်တွေနဲ့ သွေးနှောမှာစိုးလို့ ကိုယ့်မောင်နှမ၀မ်းကွဲကိုသာ ပြန်ယူတဲ့အထိကို အမျိုးအနွယ်ကိုချစ်မြတ်နိုးစောင့်ရှောက် သန့်စင်စေသူများဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် ဗုဒ္ဓရှင်တော် ပွင့်တော်မူတဲ့ကာလက အိန္ဒိယပြည်မှာ ဇာတ်ခွဲခြားမှုစနစ်ရှိပါတယ်။ ခတ္တိယ၊ ဗြဟ္မဏ၊ ဝေဿ၊ သုဒ္ဓ ဆိုတဲ့ အမျိုးဇာတ် လေးပါးထဲမှာ ဗုဒ္ဓရှင်တော်ဟာ တိုင်းသူပြည်သားအပေါင်းတို့ ရိုသေလေးမြတ်ရာ ထိပ်ဆုံးက ခတ္တိယအမျိုးထဲမှာပါပါတယ်။

ဒီအမျိုးဇာတ်လေးပါးထဲမှာ နောက်ဆုံးအမျိုးဖြစ်တဲ့ သုဒ္ဓဆိုတဲ့အမျိုးဟာ ဗုဒ္ဓရှင်တော်လက်ထက်တော်အခါက အနိမ့်ဆုံးဇာတ်နိမ့်အမျိုးတွေဖြစ်ကြပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံမှာ အများစုနေထိုင်ကြတဲ့ အိန္ဒိယ တိုင်းရင်းသားများ ( Original ethnics) ဖြစ်ပါတယ်။ သူတို့ကိုမြန်မာတွေက ကုလားလို့လွယ်လင့်တကူခေါ်ကြတာဖြစ်ပါတယ်။(ဒါပေမယ့် ယခုအချိန်မှာတော့ ပွင့်လင်းလေးစားလာသော လူ့အဖွဲ့အစည်းများက အမျိုးဇာတ်ခွဲခြားမှုကို ကန့်ကွက်ကြလို့ တိုင်းရင်းသားအချင်းချင်းအတူတူဖြစ်ပါတယ်... ဟိုခေတ်အခါကတော့ အမျိုးဇာတ်ချင်း ခွဲခြားထားတာဖြစ်ပါတယ်။)

နောက်တစ်နည်းနဲ့တွက်ချက်မယ်ဆိုရင် ယခုခေတ်သမိုင်းသုတေသီများနဲ့ မနုဿာဗေဒပညာရှင်များ အလိုအရ ဗုဒ္ဓဘုရားရှင်ပွင့်ပေါ်တော်မူစဉ်က ထိုနယ်ထိုဒေသမှာနေကြတဲ့ လူမျိုးနွယ်တွေအားလုံးဟာ မွန်ဂိုမျိုးရင်းမှဆင်းသက်လာကြတဲ့ Mongoloid အနွယ်ဝင်တွေဖြစ်ပါတယ်။ ယခုခေတ် လူမျိုးနွယ်ခွဲခြားမှုအရဆိုရင် လူဖြူမျိုး ( Caucasians)၊ လူဝါမျိုး ( Mongoloids) နဲ့ လူမည်းမျိုး ( Negroids)ထဲမှာမှ လူဝါမျိုး (Mongoloid) ထဲမှာပါဝင်တဲ့ အမျိုးအနွယ်ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်လက်ထက် ဇာတ်မြင့်လူတန်းစားသုံးမျိုးဖြစ်တဲ့ မင်းမျိုး (ခတ္တိယ)၊ ပုဏ္ဏားမျိုး (ဗြဟ္မဏ)၊ ကုန်သည်မျိုး (ဝေဿ) ဆိုတဲ့အမျိုးတွေက ဥရောပတိုက် အရှေ့ပိုင်းက ပြောင်းရွှေ့လာကြတဲ့ Caucasians မျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားဟာ လူဝါမျိုး (Mongoloid) သော်လည်းကောင်း၊ လူဖြူမျိုး ( Caucasians) သော်လည်းကောင်း၊ အဆိုပါအရင်းအမြစ်တစ်ခုခု က ပွင့်ထွန်းပေါ်ပေါက်တော်မူလာတာဖြစ်ပါတယ်။

ဘာသာရေးကို ထဲထဲဝင်ဝင်နားလည်ခြင်းမရှိပဲ အပေါ်ယံလေ့လာသူများပြောသလို ကုလားပြည်က ကုလားဘုရင်ကြီးနဲ့ ကုလားမိဖုရားကြီး ထိမ်းမြားကြလို့ ထွက်လာတဲ့ ကုလားလူမျိုး၊ ကုလားမင်းသားလေးမဟုတ်ပါ။
အလွန်အင်မတန် အထက်တန်းကျ၊ အမျိုးဂုဏ်မာန် မြင့်မြတ်တော်မူတဲ့ လူဝါမျိုးနှင့် လူဖြူမျိုးအရင်းအမြစ်ခံ သကျသာကီဝင်ခတ္တိယမင်းမျိုးမင်းနွယ်မှ ဆင်းသက်လာသော သာကီဝင်မင်းသွေးစစ်စစ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများကလည်း ဗုဒ္ဓရှင်တော်ကို ဘုရင့်သားတော်ဖြစ်လို့၊ မြင့်မြတ်လို့၊ တန်ခိုးအာဏာကြီးမားခဲ့လို့၊ ဈာန်အဘိညာဉ်နဲ့ပြည့်စုံလို့ ကယ်မခြင်းခံရအောင်၊ ကောင်းချီးပေးခြင်းခံရအောင် ကိုးကွယ်ဆည်းကပ်တာမဟုတ်ပဲ ကျွန်တော်တို့ကို ဘယ်ဟာကောင်းသလဲ၊ ဘယ်ဟာမကောင်းဘူးလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိအောင် လမ်းညွှန်ပြသဆုံးမပေးတဲ့ ဆရာတစ်ယောက်အဖြစ်၊ လူနတ်ဗြဟ္မာ လောကီစည်းစိမ်ချမ်းသာတို့အားလုံးထက် သာလွန်မြင့်မြတ်တဲ့ နိဗ္ဗာန်တည်းဟူသော အမတသုခကို ပို့ဆောင်ပေးတော်မူတဲ့ ကျေးဇူးရှင်တစ်ပါးအဖြစ် ရိုရိုသေသေ၊ ယုံယုံကြည်ကြည်၊ ချစ်မြတ်နိုးစွာနဲ့ ကိုးကွယ်ဆည်းကပ်ကြတာဖြစ်ပါတယ်။ ကြောက်လို့လည်းမဟုတ်၊ မိဘကိုးကွယ်လို့ လိုက်ကိုးကွယ်တာလည်းမမည်သလို အားနာခြင်းလည်းမပါပါ။ အစ္စလာမ် ဘာသာဝင်တွေလို ကြောက်လို့ ကိုးကွယ်နေကြတာ တစ်ယောက်မှ မပါဘူး။

ဒီတော့ နောက်ဆုံး ပြောကြားလိုတာက ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ယုံကြည်နေသော ဘုရားရှင်သည်

- အမျိုးထဲမှာလည်း အမြင့်မြတ်ဆုံးမျိုးရိုးဖြစ်ပါတယ်
- ဥစ္စာဓနအရမှာလည်း အချမ်းသာဆုံး ဖြစ်ကြပါတယ်။
- အသားအရည်၊ ရုပ်ရည်ပိုင်းမှာလည်း ချောမောလှပပြီး ကြည်ညိုဖွယ်ရာဖြစ်ပါတယ်။
- ထိုခောတ်ထိုအခါမှာ ပညာတတ်ဖြစ်ပါတယ်။

ဘာသာခြားများအားလုံး အသိအလိမ္မာရှိစွာ ဆင်ခြင်တုံညာဏ်နဲ့ ပြည့်စုံကြပါစေ။


Monday, May 26, 2014

Oreedooo ဆင်းကဒ် (ကုလားဆင်းကဒ်) ဖြန်မည့်ရက်ပြောပြီ

Ooredoo Myanmar က အထူးသတင်းစာရှင်းလင်းပွဲတစ်ခုကို ယခုလ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲမှာ Ooredoo Myanmar ရဲ့ CEO ဖြစ်သူ Mr. Ross Cormack တက်ရောက်ပြီး ၄င်းတို့ရဲ့ CSR (လူမှုအကျိုးပြု) လုပ်ငန်းအကြောင်းနဲ့ ကွန်ရက်တည်ဆောက်ပြီးစီးမှုအခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ Ross Cormack ရဲ့အဆိုအရ Ooredoo ရဲ့ မိုဘိုင်းဖုန်းလိုင်းများဟာ သြဂုတ်လ တတိယအပတ်အတွင်း ထွက်ရှိလာမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ၁၅၀၀ ကျပ် သက်မှတ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ၄င်းတို့အနေနဲ့ မိုဘိုင်းဖုန်းလိုင်းတွေကို အကန့်အသက်မရှိ ချထားပေးမှာဖြစ်တယ်လို့လည်း သိရပါ၏



မော်လူးဒေသ မှ ဗုဒ္ဓဘာသာဝင် မိသားစုများအတွက် သိမှတ် လိုက်နာ သင်ခန်းစာယူဖွယ်လေးပါ




ဗျိုင်းမလေးနဲ့ ကျီးကန်း~~

တစ်ခါက လယ်ကွင်းတစ်ကွင်းရဲ့ ကတွတ်ပေါက်နားမှာ ဗျိုင်းမလေးတစ်ကောင်ဟာ လာပြီး အစာရှာလေ့ရှိပါတယ်။ အဲဒီအနီးမှာလည်း ကုက္ကိုပင်ကြီးတစ်ပင်ရှိတယ်။
ဗျိုင်းမလေးလာတဲ့ အခါတိုင်း ကုက္ကိုပင်ပေါ်က ´´အား…အား``လို့ အော်တဲ့ အသံကို ကြားရလေ့ရှိတယ်။
ဗျိုင်းမလေးဟာ အဲဒီ ´´အား…အား`` လို့ အော်တဲ့အသံကို သဘောကျတယ်။ အလွန်သာယာတယ်။ ချိုသာတယ်ပေါ့။ ဒါကြောင့် ဗျိုင်းမလေးဟာ အသံရှင်ကိုတွေ့ချင်လာတယ်။ တစ်နေ့မှာ အသံရှင်ရှိရာ ကုက္ကိုပင်ပေါ်ပျံတက်သွားတယ်။ အပင်ရောက်တော့ ရှာတယ်။ ဒါပေမယ့် မတွေ့ရဘူး။

ဒီလိုနဲ့ တစ်နေ့မှာ ဗျိုင်းမလေး အစာရှာနေတုန်းပဲ ကျီးကန်းတစ်ကောင်ဟာ အနီးကိုရောက်လာတယ်။ ဖြူဖြူဖွေးဖွေး ဗျိုင်းမလေးဟာ မည်းမည်းသဲသဲ ကျီးကန်းရောက်လာတော့ လန့်သွားတယ်။ ဒါပေမယ့် ကျီးကန်ဟာ ကုက္ကိုင်ပင်ပေါ်က အော်တဲ့အတိုင်း ´´အား.အား`` လို့ အော်လိုက်တယ်။ အခုမှ ဗျိုင်းမလေဟာ တွေ့ချင်နေတဲ့ အသံရှင်ကိုတွေ့လိုက်ရတယ်။
သြော်…အရုပ်ဆိုးပေမယ့် အသံတော့ကောင်းသားပဲ'' လို့ တွက်မိတယ်။

ကျီးကန်းဟာ လှည့်ပတ်ပြီး တအားအား အော်နေတော့ ဗျိုင်းမလေးကဆာနေရှာတယ် 'ထင်မိတယ်။ ဒါကြောင့် ဖမ်းမိတဲ့ ငါးအရှင်တစ်ကောင်ကို လှမ်းပြီးပစ်ပေးလိုက်တယ်။ ကျီးကန်းဟာ ငါးကိုရတာနဲ့ ကုက္ကိုပင်ပေါ်ပျံတက်သွားတယ်။ အရှင်လတ်လတ်ငါးဟာ တဖျက်ဖျက်ဖြစ်နေတော့ ကျီးကန်းဟာ မထိန်းနိုင်တတ်ဘူး။ ငါးဟာ အောက်ကိုလွတ်ကျသွားတယ်။ အဲဒီအခါမှာ ဗျိုင်းမလေးဟာ ပြုတ်ကျသွားတဲ့ ငါးကို အလျင်အမြန်သွားကောက်လိုက်တယ်။ ကျီးကန်းကလည်း အောက်ကိုဆင်းလာတယ်။ ဗျိုင်းမလေး နှုတ်သီးထဲက ငါးကိုဆွဲယူလိုက်တယ်။ မကျွမ်းမကျင် စားနေတဲ့ ကျီးကန်းကိုကြည့်ပြီး ဗျိုင်းမလေးဟာ သဘောတွေကျနေတယ်။

နောက်နေ့တွေမှာလည်း ကျီးကန်းဟာ ဗျိုင်းမလေးဆီကိုလာတယ်။ ဗျိုင်းမလေးကလည်း သူရှာလို့ရတဲ့ ငါးကိုကျွေးတယ်။ ဒီလိုနဲ့ ဗျိုင်းမလေးနဲ့ ကျီးကန်းဟာ ခင်မင်ရင်းနှီးရာကနေ သံယောဇဉ်ဖြစ်လာတယ်။ အဲဒီလို ကျီးကန်းနေ့တိုင်းလာနေတော့ မနီးမဝေးမှာ အစာရှာနေတဲ့ မိခင်ဗျိုင်းမကြီးက သတိထားမိတယ်။
´´သမီးရေ…အမေတို့ဗျိုင်းနဲ့ ကျီးကန်းဟာ အမျိုးလည်းမတူဘူး။ အရောင်လည်းမတူဘူး။ ဓလေ့စရိုက်လည်း မတူကြဘူး။ ဒါကြောင့် သမီးအနေနဲ့ ကျီးကန်းနဲ့ အရောတဝင် မနေနဲ့နော်`` လို့ သတိပေးလိုက်တယ်။

မိခင်က ဆုံးမပေမယ့် ဗျိုင်းမလေးဟာ နားမဝင်ဘူး။ သူတို့ရဲ့ချစ်ခြင်းမှာ အမျိုးတူတာ ,မတူတာ။ အရောင်တူတာ, မတူတာတွေနဲ့ မဆိုင်ဘူး။ သတ္တဝါအချင်းချင်းပဲလို့ သဘောထားတယ်။ ဒါကြောင့် စိတ်မချတဲ့ ဆွေမျိုးသားချင်းတွေဟာ ဗျိုင်းမလေးအနားမှာပဲ အမြဲမပြတ်စောင့်ကြည့်နေကြတယ်။

အဲဒီတော့ ကျီးကန်းဟာ ဗျိုင်းမလေးရှိရာကို ဆင်းမလာရဲဘူး။ ကုက္ကိုပင်ပေါ်ကနေပြီး တအားအားနဲ့ပဲ အော်နေရတယ်။ ဗျိုင်းမလေးဟာ ချစ်သူကျီးကန်းနဲ့ လွတ်လွတ်လပ်လပ် မတွေ့ရတော့ အစာလည်းကောင်းကောင်းမရှာတော့ဘူး။ ကျီးကန်းရဲ့ အသံကိုပဲ နားစွင့်နေရှာတယ်။

ဒီလိုနဲ့ အစာမစားတဲ့ရက်တွေကြာလာတော့ ဗျိုင်းမလေးဟာ အင်အားချိနဲ့လာတယ်။ တစ်နေ့ ကျီးကန်းဟာ ဗျိုင်းမလေးရှိရာကို ဆင်းလာခဲ့တယ်။ ´´အား…အား``နဲ့ အော်သံပေးတယ်။ ဗျိုင်းမလေးဟာ ချစ်သူရောက်လာလို့ ပျော်သွားတယ်။ ။ ဒါပေမယ့် မိခင်ဗျိုင်းမကြီးဟာ ဒေါသတကြီးနဲ့ ကျီးကန်းရှိရာကို သွားတယ်။ ကျီးကန်းထွက်သွားအောင် ပေါက်ဆိတ်မယ့် ဟန်ပြင်လိုက်တယ်။ ဗျိုင်းမလေးကလည်း ကျီးကန်းအနားကို ခပ်သွက်သွက်သွားလိုက်တယ်။ အဲဒီအချိန်မှာ ကျီးကန်းဟာ အသံကုန်စူးစူးဝါးဝါးအော်လိုက်တယ်။
ကျီးကန်းရဲ့အော်သံကြောင့် အခြားကျီးကန်းနှစ်ကောင်, သုံကောင်ချက်ခြင်းရောက်ချလာတယ်။ သူတို့ဟာ ကျယ်ကျယ်လောင်လောင်အော်ကြတယ်။ တစ်ခဏအတွင်းမှာပဲ နောက်ကျီးကန်းတွေ အမြောက်အများရောက်လာပြန်တယ်။ ပြီးတော့ ဆူဆူညံညံ အသံပေးပြီး ဗျိုင်းတွေကို ဝိုင်းထိုးဆိတ်ကြတယ်။ ကျီးကန်းတွေ အင်အားများလာတော့ ဗျိုင်းတွေလည်း မခံနိုင်တော့ကြောင့် ကိုယ်လွတ်ထွက်ပြေးကြရတယ်။

မပြေးဘဲနေသူကတော့ ဗျိုင်းမလေးပဲ ဖြစ်ပါတယ်။ ချစ်သူကျီးကန်းရှိတဲ့ အတွက် ချမ်းသာရာရလိမ့်မယ်လို့ မျှော်လင့်နေတယ်။ ဒါပေမယ့် ကျီးကန်းတွေဟာ ဗျိုင်းမလေးကို ချမ်းသာမပေးပါဘူး။ ထိုးဆိတ်ကြတယ်။ အသားနာလာတော့ ပျံပြေးဖို့ကြိုးစားတယ်။ အစားကောင်းကောင်း မစားခဲ့တဲ့ ဗျိုင်းမလေးဟာ အင်အားချိနဲ့နေတော့ ရုန်းမထွက်နိုင်ဘူး။ ဒါ့အပြင် သူအလွန် ချစ်တဲ့ကျီကန်းကလည်း သူ့ကိုပြန်ပြီး ထိုးဆိတ်နေတော့ ပိုပြီး ဝမ်းနည်းနေရှာတယ်။

နောက်ပိုင်းမှာတော့ ဗျိုင်းမလေးဟာ လယ်ကသင်းပေါ်မှာ လဲကျသွားတယ်။ ကျီးကန်းတွေလည်း အဲခါမှ ပျံသွားကြတယ်။ ကျီးကန်းတွေ မရှိတော့မှ ဗျိုင်းမလေးရဲ့မိခင်တို့ဟာ ပြန်လာနိုင်တော့တယ်။
´´ သမီး ……သမီးလေး``
ဗျိုင်းမလေးကို ခေါ်တယ်။ သမီးရဲ့ အဖြစ်ကိုကြည့်ပြီး မိခင်မှာ ပူဆွေးသောကရောက်နေတယ်။

´´သမီးကို အမေပြောခဲ့တယ် မဟုတ်လား။ ကျီးကန်းတွေဟာ အမေတို့ ဗျိုင်းတွေလို ကိုယ့်အားကိုယ်ကိုးပြီး ရှာစားကြတဲ့သူတွေ မဟုတ်ဘူး။ အချောင်စားဖို့သာသိတာ။ နောက်ပြီး သူတို့ကို ထိမယ်ဆိုတာနဲ့ ဝိုင်းအာကြတာလေ ခုတော့…ငါ့သမီးလေး ဒုက္ခရောက်ပြီ။
ဗျိုင်းမလေးဟာ မိခင်ကြီးကို အားယူပြီး မျက်လုံးဖွင့်ကြည့်လိုက်တယ်။
´´ သမီးကို ခွင့်လွတ်ပါအမေရယ်…အမျိုးမတူတဲ့သူကို ချစ်မိတဲ့အတွက် နောင်တရပါပြီ '' ဟု စိတ်ထဲကသာ ပြောရင်း သေဆုံးသွားပါတော့တယ်။ ။

သဇင်ပန်းခိုင်ဂျာနယ်
အတွဲ (၁) အမှတ်- ၆
ဆရာ စိန်ဝင်းမြင့်

သူရောင်းဇာတိ သားတစ်ဦး ဖေ့ဘုတ်ပေါ်က ရင်ဖွင့်သံ





သိချင်လိုက်တာဗျာ

သူရောင်းကျေးရွာ...
ဟုတ်တယ် နယ်သူနယ်သားတွေက
 သရောင်း လို့ နှစ်
ချောင်းငင်ဖြုတ်ပြီးခေါ်ကြတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်
အင်းတော်မြို့နယ် မော်လူးဒေသ၊
ဟိုတုန်းက မော်လူးမြို့ပေါ့၊
ခုတော့ တိုင်းမှူး
ကြီးရဲ့ ကျေးဇူးတော်ကြောင့် စံပြကျေးရွာ
ပေါ့ဗျာ။အဲဒီမော်လူးရဲ့ အနောက်ဘက်ယွန်းယွန်း ..၂..မိုင်ခန့်ဝေးတဲ့ရွာကလေး။
သူရောင်းရွာ...ကျုပ်ရဲ့ဇာတိချက်ကြွေ
မွေးရပ်မြေ။
ရွာဖြစ်ပေါ်လာပုံ ပါးစပ်ရာဇ၀င်က အင်္ဂလိပ်
ခေတ် ဂျပန်ခေတ် ခေတ်ပျက်ကာလ သမယ ကပေါ့ ဖောင်းပြင် သရောင်း
 အရပ်မှ ရှမ်းနီ တိုင်းရင်းသားတစ်စုက ချင်းတွင်းမြစ်ရိုးကတစ်ဆင့် မဲဇာချောင်း ရိုးအတိုင်း ဆန်တက်ပြီး လေးတန်ချောင်းအရောက်မှာ သူရောင်းရွာ ဖောင်းပြင်ရွာရယ်လို့ ရွာတည်ခဲ့ကြတယ်ဆိုလား...
ဖြစ်နိုင်တယ်လို့တော့ ပြောရမလိုပါ။
ကျုပ်တို့အရပ်က ရှမ်းနီ ရှမ်းကဒူးတွေပြောကတဲ့ စကား လေယူလေသိမ်းက အဲဒီ
ဖောင်းပြင် သူရောင်းကလူတွေနဲ့ ခွဲမရအောင် တူလွန်းနေတယ်လေ။
ဘယ်သွားမှာလဲ ...လို့မေးချင်ရင်
ဘယ်သွားမှာလဲညယ်? ဘယ်သွားမှာလဲမောင်?ဟု ညယ်နဲ့မောင်ကိုအပိုအဆာ ထည့်ပြောတတ်ကြပါတယ်။
အံ့သြစရာ ထူးထူးဆန်းဆန်းအရာများကို
တွေ့ကြုံ တဲ့အခါ.....
အလ.....ကွေ့..!ကောင်းတာဂျီးဘာဂေါ
ညယ်...ဟုအာမေဍိတ်ကိုပြုတတ်ပါကြတယ်
အများကြီးပဲ..လို့
ပြောချင်တဲ့အခါ ဗလဲဘုံကြီးဟု၎င်း၊
ရှေးရှေးတုန်းက...ဆိုရင်
နှောင်းနှောင်းတုန်းက...တဲ့
အဲ...့ သူတို့မကြိုက်မနှစ်တဲ့အရာကိုမြင်တွေ့ကြားသိတဲ့အခါ
..ဗောက်မဲ့အေး..!အောက်အောက်ဆောက်
ဆောက် ဒါကြီးကို!....ဟုအလိုမကျစွာပြော
တတ်ကြပြန်တယ်လေ။သူများအရပ်ကတော့
ပြိုင်တူလုပ်ရတဲ့ အလုပ်တွေဆို တစ် နှစ် သုံး ဆိုပြီး ညာသံပေး လုပ်ကြတယ်။
ကျုပ်တို့ရွာသားတွေကတော့ အဲလိုဟုတ်ပါဘူး။ကျုပ်တို့ နယ်သားတွေသာ နားလည်ကြတဲ့....
စိန် ....စိန်း...နောင်...တဲ့ဗျား။ ဒါက..
ကျုပ်တို့ဆီက ချစ်စရာ ဒေသိယ စကားလေးတွေ့ပေါ့ညယ်...

   ပြောချင်တာက ဒီအကြောင်းမဟုတ်ပါဘူး။
အပေါ်ကပြောခဲ့သလို သရောင်းဆိုတဲ့ ကျုပ်ရဲ့ မွေးရပ်မြေကလေး....
စဥ့်ခိုး ကူးကာ သရောင်း ကူးဆိပ်
ခိုးကောင် သရင်းတာ ပဲခူး ရွာရှည် ဂွေ့ကြီး
နန့်ရုံ မလူး မာန်ဟဲ ဟောင်းတုန်း ပေကုန်း
လေးတန်းချောင်းရိုး တစ်လျောက်က ကျေးရွာ လေးတွေပါ။
ဒီရွာအားလုံးက လေးတန်ချောင်းကိုအမှီပြု
လို့ လယ်ယာလုပ်ငန်းနှင့်အသက်မွေးလို့
ဝမ်းကျောင်းနေကြတယ်ဆိုပါတော့...
ဟိုတုန်းက လေးတန်ချောင်းရေက ကြည်လင်လို့...သဲဖြူဖြူ သောင်းပြင်
လေးတွေ...
သောက်ရေအတွက်ေ နွဘက်ဆို လက်ယက် သဲတွင်းလေးတွေနဲ့ အဆင်ပြေခဲ့ကြတာ။မှတ်မိသေးတယ်၊ ပူပြင်းတဲ့
နွေရာသီမှာ ကျုပ်တို့ အိမ်ရှေ့က အဖိုးခင်
အဖိုးထွေးတို့ ဆိုတာ သားရေဖုံး စာအုပ်ထူ
ထူကြီးကိုင်လို့ လေးတန်ချောင်းမှာလုပ်ထားတဲ့ အုန်းလက်တွေကာထားတဲ့
လက်ယက် သောက်ရေ သဲတွင်းအထဲမှာ
အေးအေးလူလူစာဖတ်နေပုံတွေ။အဲဒီတုန်းကတော့...ဘာစာအုပ်ကြီးမှန်းဘယ်သိမှာလဲမောင်...ခုအသက်လေးရလာတော့မှ
ဓမ္မပဒ တို့ ဇာတ်ကြီးဆယ်ဖွဲတို့ ဖြစ်မှာပဲလို့
မှန်းကြည့်ရတာပ။ကျုပ်တို့ ကလေးတွေကတော့ ပူတာ အေးတာ သိပါဘူး..
နေ့လည်၁ချက်တီး ၂ချက်တီးလဲ လေးတန်
ချောင်းထဲပြေးဆင်း ပူနွေးနွေး ချောင်းရေ
ထဲ မှာ ရေယားကိုက်လို့ကိုက်မှန်းမသိ ဆော့ကစားခဲ့ကြတယ်လေ...

အော်....ခုတော့လဲ
ြွဲကည်လင်ခဲ့တဲ့လေးတန်ချောင်းကြီး...
လေးတန်ချောင်းရိုးတစ်လျောက်နေထိုင်
ကြတဲ့ လေးတန်ရိုးသား ရွာသူရွား လူအများ
ရဲ့ ကျေးဇူးရှင်ကြီး.....
မသမာသူ ၀ိသမလောဘသား
ရွှေတူးသမား တွေရဲ့ လက်ချက်
ကြောင့် သောက်မရ သုံးမဖြစ်
ချိုးမဖြစ်တော့ဘဲ ရွံရေအတိ
နောက်ကျိကျိနဲ့
ပြစ်ပြစ်ခဲခဲ နွံအိုင်ကြီးပဲလို့ ထင်မှတ်နေရပါလား...

ရွာသူရွာသား လူအများကတော့ သောက်မရ
သုံးမဖြစ်တော့ သောက်အတွက်ကြံဖန်ကြရပါတယ်...ကျွဲနွားတိရိစ္ဆာန်တွေကတော့ လေးတန်ချောင်းရေသောက်ရင်း
သူတို့ဘ၀တွေသေကြေပျက်စီးကြပြီပေါ့။

တကယ်တော့ လူတွေဟာ သဘာဝလွန်
လောဘသမားတွေ။ စားရုံ သောက်နဲ့မတင်းတိန်နိုင်ကြဘူး။
သဘာဝ သယံဇာတ
တွေကို အပြိုင်အဆိုင် ရယူဖို့ကြိုးစားကြတယ်....
သစ်တောတွေကို အပြိုင်ဆိုင် ခုတ်ယူကြတယ်...ရေနံနဲ့
ဓာတ်ငွေ့တွေကို အပြိုင်အဆိုင် ထုတ်ယူကြတယ်.......
ဒီလိုနဲ့ စစ်ပွဲတွေ အာဏာလုပွဲတွေ နှင့်
လောကကို အကျဉ်းတန် ရုပ်ဆိုးစေတယ်..
လူလူချင်း လုယက်ကြတာ ပြိုင်ဆိုင်ကြတာ
အရေးမကြီးဘူး။

ခုတော့ လူတွေပြုသမျှ .....နုကြရတဲ့
တိရစ္ဆာန် တွေ သစ်တော သစ်ပင် မြစ်
ချောင်း အင်းအိုင်တွေ ပြီးတော့ မြေကြီးတွေ
မြေအောက်ကရွှေငွေကျောက်သံပတ္တမြား
တွေ ရေနံ တွေကို ......ထင်တိုင်းကြဲ
စိတ်ရှိတိုင်း လုပ်နေကြတာ ကောင်း
မကောင်း ကျုပ်တို့လူတွေ စဉ်းစားသင့်တယ်။အစက သဘာဝ တရားက လူတွေပြုသမျှ
ငုံ့ခံမယ်လို့ ထင်ခဲ့ကြတယ်...
ခုတော့...သဘာဝကြီးကလဲ သီးမခံသာလွန်း
လို့ နာကျင်လွန်းလို့ တုန့်ပြန်လာပြီလေ။
သဘာဝရဲ့ တုန့်ပြန်မှုက လူတွေရဲ့ တုန့်ပြန်မှုထက် ပိုကြီးတယ်ဗျ။
သဘာဝမှာ နယ်နိမိတ် အကန့်အသတ်မရှိဘူး။
သဘာဝမှာလူမျိုးဆိုတာမရှိဘူး။....
လူတွေလို အဆင့်အတန်းမခွဲခြားဘူး။

ဘင်္ဂလားဒေ့ရှ်မှာ တိုက်တဲ့မုန်တိုင်းက
ရခိုင်ပြည်နယ်ကို အလွတ်မပေးခဲ့ဘူး။

ဧရာဝတီတိုင်းမှာ တိုက်ခတ်ခဲ့တဲ့
နာဂစ်မုန်တိုင်းက ရန်ကုန်ကိုလဲဒုက္ခပေးခဲ့တယ်။
ဒါကြောင့် သဘာဝရဲ့ တန်ဘိုးကို
သိကြရမှာ လူတစ်ယောက်ထဲ
လူတစ်စုတည်း မဟုတ်ဘူး။
လူတိုင်းလူတိုင်းမှာ တာဝန်ရှိကြပါတယ်။

You reap what you have sown.
ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရမယ်....တဲ့

မင်းတို့က မစိုက်ထားတာတွေကို အတင်း
အဓမ္မ ရိတ်သိမ်းနေကြတယ်။

မင်းတို့က သစ်တောတွေကိုခုတ်တယ်။
သယံဇာတ ကျောက်မျက်ရတနာတွေ
ရွှေ နဲ့သတ္ထုတွေကို အလွန်အကျွန်
တူးဖော်ထုတ်လုပ်ကြတယ်။

ဒီအတွက် မင်းတို့ပေးဆပ်ကြရတယ်။
မင်းတို့ဘိုကလေးမီးသွေး ဆိုပီး သုံးဖို့
ဒီရေတော သစ်ပင်တွေကိုခုတ်တယ်။
မီးသွေးဖုတ်တယ်။ ဒီတော့ သစ်တောတွေ
ပြုန်းတီး တယ်။နာဂစ်လို မုန်တိုင်းဝင်တော့
လူတွေ ထောင်ပေါင်းများစွာသေကြေပျက်စီးကြတယ်။
ဒီရေတောတွေထိမ်းသိမ်းထားတဲ့ မိန်းမလှကျွန်းဆိုရင်နာဂစ်လိုမုန်တိုင်းမျိုးအကြိမ်ကြိမ် တည့်တည့်မှတ်မှတ်ဝင်
ပေမဲ့ အသေအပျောက်နည်းတယ်။
 အဲဒါသိဖို့လိုတယ်။
တချို့က ဒါနိုင်ငံရေးစနနစ်ကြောင့်တဲ့။
စဉ်းစားကြည့် .....

ကိုလိုနီစနစ်တုန်းက...
လူတစ်ယောက်ထဲဆို မှောင်ရိပ်ခိုမှု...သူခိုး

လူစုပြီးတိုက်ခိုက်တော့..ဓားပြ၊သူပုန်

ဒါပေမဲ့....ဒါပေမဲ့...တစ်တိုင်းပြည်လုံးသိမ်းပိုက်တိုက်ခိုက်နိုင်ရင် ရှင်ဘုရင်တဲ့။

အရာရာ အပေးအယူမျှနေရင်
ကမ္ဘာကြီးငြိမ်းချမ်းမှာပါ။.(Dr.ခင်မောင်ညို)

ကေအိုင်အေ ဗိုလ်ကြီးတစ်ယောက်က
ကချင်လူထုကို မိန့်ခွန်းပြောရာမှာ
 ဒီမိုကရေစီရရင်...ကျုပ်တို့ ခင်ဗျားတို့
ရဲ့ကချင်တောင်တန်းကြီး
ဘာဖြစ်သွားမလဲ.......ဲ
လို့မေးပါသတဲ့။
ကချင်လူထုက ....တောင်ယာတွေဖြစ်သွားပါမယ်ဗိုလ်ကြီး...လို့တညီတညွတ်တည်းဖြေကြပါသတဲ့။
တကယ်တော့ လျှပ်စစ်မီးတွေ လင်းသွားပါမယ် ဆိုတဲ့အဖြေကိုလိုချင်ခဲ့တာပါ။

ခုလဲဒီလိုပဲ။

ဒီမိုကရေစီရရင် ကျုပ်တို့ရွာက လေးတန်
ချောင်းကြီး ဘာဖြစ်သွားမလဲ သိချင်လိုက်တာဗျာ။ ။ ။  

Saturday, May 24, 2014

မော်လူး ဒေသ ပြည်သူများအတွက် သတင်းကောင်း

မော်လူးဒေသ တိုက်နယ်ဆေးရုံမှာ အသက်၆၀နှင့် အထက် သက်ကြီးရွယ်အိုများကြာသာပတေးနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုကို တိုက်နယ်ဆရာဝန် ဒေါက်တာ လာမာမီး ခေါင်းဆောင်ပြီး ဆေးဝါး အခမဲ့ နှင့် သွေးစစ် ဆီးစစ် ဓာတ်မှန် အကုန်စစ်ဆေး ပေးနေပါပြီ လူမျိုးမရွေး ဘာသာမရွေး အသက်၆၀နှစ်နှင့်အထက်အားလုံးကို အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးနေပြီဖြစ်ပါကြောင်း




Facebook ကိုအခုမှ စအသုံးပြုနေသူများနဲ့ Facebook အသုံးပြုသူများ အတွက် Facebook အသုံးပြုနည်း စာအုပ်လေးပါ

 Facebook အသုံးပြုနည်းစာအုပ်လေးပါ။facebok သုံးနေသူများအနေနဲ မိမိ facebook  security ကို မည်သို့ထိန်းသိမ်းရမည် စသည့်အကြောင်းအရာများကိုပြည့်ပြည့်စုံစုံ မြန်မာလိုဖော်ပြထားတဲ့
စာအုပ်လေးပါ။ အခုမှစသုံးသူတွေအတွက်လဲ လေ့လာလိုကောင်းတဲ့စာအုပ်လေးပါပဲ။လေ့လာချင်သူများ

ဒီမှာ

ဒေါင်း နိုင်ပါသည်
*************-


Wednesday, May 14, 2014

တွေးမိတွေးရာ ရေးမိရေးရာ (၅)



စာမရေးတာ တော်တော်ကြာလာတော့ ရေးချင် ပြောချင်တာလေးတွေ များသားဗျ…။ ဘာရယ်တော့ 
 မဟုတ်ပါဘူး စပ်မိစပ်ရာလေးတွေပေါ့..။ ကိုယ်ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်အကြောင်း 
လူတွေအကြောင်း နည်းနည်းပါးပါးပါ။ ဒီလိုဗျ… ကျနော်က ရွာမှာ ဘာမှဟုတ်တဲ့ကောင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ်တတ်နိုင်သလောက် တတ်နိုင်တဲ့ဘက်က အုတ်တစ်ချပ် သဲတစ်ပွင့် ရပ်ရွာတိုးတက်ရေးကို လုပ်နေတာပါ။ ဒါက ကျနော့်ဘက်က အမြင်ပေါ့။ တစ်ဘက်ကအမြင်တွေကတော့ ကျနော်ဟာ နာမည်ရဖို့ အလုပ်လုပ်နေတာဆိုပဲ…။ ဒီလိုလူတွေကို ကျနော်မေးချင်တဲ့ မေးခွန်းတစ်ခုရှိနေပါတယ်။ ကျနော်နာမည်ရဖို့ လုပ်နေတာပဲ ထားပါတော့…နာမည်ရလာရင် ကျနော် ဘာလုပ်လို့ရမှာလဲ။ ကျနော်က လွှတ်တော်အမတ်လုပ်မဲ့ကောင်လည်း မဟုတ်ပါဘူး။ နောက်ပြီး အုပ်ချုပ်ရေးမှူးလုပ်မဲ့ကောင်လည်း မဟုတ်ပါဘူး။ တစ်ခုတော့ရှိတာပေါ့နော့…နာမည်ကြီး ထမင်းငတ်ဆိုတာလေ…။ ပွင့်လင်းလာနေတဲ့ ဒီမိုကရေစီခေတ်ကြီးထဲမှာ…အင်းးးးဒီစာသားကို သုံးရတာလည်း သိပ်တော့ မမိုက်ပါဘူးဗျာ…။ တကယ်က မပွင့်လင်းသေးဘူးဗျ….။ စာတွေထဲမှာ ရေးနေကြတဲ့ ညီအစ်ကို မသိတသိအချိန်ဆိုတာမျိုးပါ။ ပြောချင်တာတွေကို ဟိုစပ်စပ် ဒီစပ်စပ်ပဲ ရေးသွားမယ်ဗျာ…။ ၂၀၁၀ ရွေးကောက်ပွဲကြီးပြီးသွားတဲ့နောက်မှ ဟိုလူပါးစပ်ဖျားမှာလည်း ဒီမိုကရေစီ၊ ဒီလူပါးစပ်ဖျားမှာလည်း ဒီမိုကရေစီနဲ့… ဒီမိုကရေစီဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်လာတာပေါ့။ အရင်ကဆို ဒီမိုကရေစီလို့ ပါးစပ်က ကျယ်ကျယ် မပြောရဲတဲ့အပြင် ဒီမိုကရေစီ အရေးလှုပ်ရှားနေတဲ့လူတွေကိုတောင် ထောင်ထဲရောက်မယ့်ကောင်တွေ..ဒီကောင်တွေနဲ့ စကားပြောရင် ငါတို့ပါ ထောင်ထဲရောက်မယ့်ကိန်းဆိုတဲ့ အတွေးတွေနဲ့ နိုင်ငံရေးသမားဆိုရင် ဝေးဝေးကရှောင်ခဲ့ကြတာပါ။ အဲ့အချိန်က ကျနော်တို့ရွာမှာဆို ဒီမိုကရေစီအရေးလှုပ်ရှားတဲ့သူ လက်ချိုးရေလို့ရတယ်…..။ ဟော….အခုတော့ဗျာ…. ပေါလိုက်တဲ့ နိုင်ငံရေးသမားတွေ ..သူရဲကောင်းတွေ…. အရင်က လှုပ်ရှားခဲ့ကြတဲ့ နိုင်ငံရေးသမားတွေတောင် ဘေးရောက်ကုန်ပါရောလား…။ ပြောလိုက်တဲ့ နိုင်ငံရေးစကားတွေကလည်း တကယ့်ရဲရဲတောက်တွေချည်းပဲ။ ဒီလို ပြောရဲဆိုရဲတာကိုတော့ ချီးကျူးပါတယ်…ဒါပေမယ့် စကားစကား ပြောပါများးး စကားထဲက ဇာတိပြဆိုသလို… ဒီမိုကရေစီ..ဒီမိုကရေစီလို့ ပါးစပ်ကပြောနေတဲ့လူတွေဟာ တကယ်ရော ဒီမိုကရေစီရဲ့ အနှစ်သာရ သဘောတရား လမ်းစဉ်အတိုင်း လျှောက်လှမ်းကြပါရဲ့လား…  ကျနော်လည်း တတ်သိနားလည်လွန်းလို့ရယ်တော့ မဟုတ်ပါဘူး…။ ကျနော်လက်ခံနားလည်ထားတဲ့ ဒီမိုကရေစီဆိုတာကတော့ အမြင် အယူအဆတွေ ကွဲပြားခြားနားနေကြပေမယ့် နိုင်ငံ ရပ်ရွာ တိုးတက်ဖို့ဆိုလျှင် မည်သူနှင့်မဆို လက်တွဲ ဆောင်ရွက်နိုင်ရမယ် ဆိုတာပါပဲ…… (တစ်ချို့ နိုင်ငံရေးအဖွဲ့အစည်း ခေါင်းဆောင်တွေက ဟိုလူက ဘာဖြစ်လို့၊ ဒီလူက ဘာကောင်မို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ရာ တွန့်ဆုတ်သလို.. ပူးပေါင်းလုပ်ဆောင်နေသူတွေကိုလည်း ဝေဖန်ထိုးနှက်တတ်ပါသေးတယ်။)ဒီနေရာမှာ ဆရာ ဒဂုန်တာရာရဲ့ စကားလေးက နိုင်ငံရေးသမားဆိုသူတွေ သေသေချာချာ မှတ်သားထားသင့်ပါတယ် " နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်လာအောင် လုပ်ရတာပါ"တဲ့….။ ကောင်းလိုက်တဲ့ စကားလေးဗျာ..။ နိုင်ငံရေးဆိုလို့  လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က အစ်ကိုတော်တစ်ယောက်နဲ့ နိုင်ငံရေးဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်ပြီး အခြေအတင်ပြောဘူးပါတယ်…။ ဒီနေရာမှာ ကျနော်အဓိပ္ပါယ်ဖွင့်တဲ့ နိုင်ငံရေးဆိုတာရဲ့ ဝေါဟာရက နိုင်ငံ့အရေးပါ…. နိုင်ငံတိုးတက်အောင် လုပ်ဆောင်တာ မှန်သမျှ နိုင်ငံရေးလို့ ပြောမိသလို လယ်သမား လယ်ထွန်တာလည်း နိုင်ငံရေး၊ ကျောင်းဆရာ စာသင်တာလည်း နိုင်ငံရေးလို့ ပြောမိတာ.. ဟုတ်တယ်လေ… လယ်သမားလယ်ထွန်ပြီး လယ်လုပ်တယ်ဗျာ… စပါးရအောင်ပေါ့.. စပါးရလာအောင် လုပ်ဆောင်တာ သူ့အကျိုးစီးပွားအတွက် ဖြစ်သလို နိုင်ငံရဲ့ စားနပ်ရိက္ခာအတွက်လည်း တစ်ထောင့်တစ်နေရာက တာဝန်ထမ်းဆောင်နေတာ မဟုတ်လား…။ ကျောင်းဆရာ စာသင်တာ သူ့ဝမ်းရေးအတွက်ဖြစ်သလို နိုင်ငံတော်အတွက် ပညာတတ်လေးတွေကို မွေးထုတ်ပေးဖို့ မဟုတ်လား…။ ဒီတော့ အစ်ကိုတော်က ဒီလိုဆိုရင် သူစာပြန်သင်ရမယ်လို့ ပြောပါတယ်။ အစ်ကိုတော်ဟာ ကျနော့်ထက် အသက်ပိုကြီးပြီး ပညာလည်း ပိုတတ်သူပါ…သူ့အယူအဆက ကျောင်းသားလူငယ်တွေ နိုင်ငံရေးမလုပ်သင့်ဘူး နိုင်ငံရေးကို စိတ်မဝင်စားသင့်ဘူးလို့ ယူဆထားတာပါ။ ကျနော့်အယူအဆ အမြင်ကတော့ ကိုယ်နေထိုင်နေတဲ့ နိုင်ငံရဲ့ အရေးကို ကိုယ့်နိုင်ငံသားတွေမှ စိတ်မဝင်စားရင် ဘယ်သူတွေက လာစိတ်ဝင်စားမှာလဲ…..။ သူကလည်း သူ့အယူအဆနဲ့သူဆိုတော့ ကျနော်ပြောတာကို လက်ခံချင်ပုံ မရလို့ လူထု အမေမာ စကားလေးနဲ့ ကျနော်သူ့ကို ပြောခဲ့ပါတယ်…" ဒီနေရာမှာ အစ်ကိုနဲ့ ကျနော် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်"လို့….။
ဟုတ်ပါပြီ…. ဒီမိုကရေစီနိုင်ငံကို ထူထောင်ခြင်သူတွေကလည်း ဒီမိုကရေစီ..ဒီမိုကရေစီဆိုပြီး ကြွေးကြော် ခရီးဆက်နေကြသလို… ဒီမိုကရေစီနိုင်ငံတကယ်ဖြစ်သွားမှာကို စိုးရိမ်ကြောင့်ကြနေသူတွေလည်း ရှိကောင်းရှိနေပါလိမ့်မယ်….။ သူတို့တွေရဲ့ အယူအဆကတော့ ဒီမိုကရေစီဆိုတာ အရင်းရှင်စနစ် ငွေရှိသူတွေသာ ကောင်းစားပြီး ဆင်းရဲသားတွေကတော့ ဆင်းရဲသထက် ဆင်းရဲမယ်ဆိုတဲ့ အယူအဆပါ။ ဒီလိုအယူအဆမျိုး မရှိဘူးမထင်နဲ့ဗျ… ကျနော်တို့ ရွာက လွှတ်တော် အမတ်ဆိုတဲ့ လူကိုယ်တိုင် ပြောဘူးတာ ကျနော်မှတ်မိတယ်။ မည်သို့ပင်ဖြစ်စေပေါ့ သူတို့တွေဟာ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံတယ်..ပြီးတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ဆိုတဲ့ ကြွေးကြော်သံအောက်မှာ မဲပုံးတွေထောင်ပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်ပြီး ဒီမိုကရေစီခေတ်ရဲ့ လွှတ်တော်အမတ်တွေအဖြစ် တာဝန်ယူနေကြတာဆိုတော့ ဒီမိုကရေစီဆိုတာကြီးကို လက်ခံလို့ပေါ့နော့…။ ဟုတ်ပါပြီ…. ဒီမိုကရေစီလို့ ဆိုလိုက်တာနဲ့ လူ့အခွင့်ရေးဆိုတာကြီးကလည်း ကျွဲကူးရေပါဆိုသလို ကပ်ပါလာတာပေါ့။ လူ့အခွင့်အရေးဆိုတာ ကမ္ဘာကုလသမ္မဂ္ဂအဖွဲ့ကြီးက ထုတ်ပြန်ထားတဲ့အထဲမှာ အချက်ပေါင်း ၃၀ကျော်၄၀လား ရှိပါတယ်။ ဒါကို ဆရာတော် ဦးကောသလ္လက မေတ္တသုတ်တစ်ခုတည်းနဲ့ လုံလောက်တယ်လို့ ဟောဘူးပါတယ်။ ထားတော့ ကျနော်အကြမ်းဖျင်းနားလည်ထားတဲ့ လူ့အခွင့်အရေး…အဲလေ…နားလည်တယ်ဆိုတာမှာ ရှင်းပြပေးတဲ့လူရှိလို့ပေါ့နော့….။ လူတစ်ယောက်ရဲ့ မွေးရာပါ အခွင့်အရေးအကြောင်းကို ၂၀၀၆ /၂၀၀၇ ခုနှစ်လောက်က မိုးညှင်းမြို့က ဆရာ ဦးဖေစိန်က ရှင်းပြဘူးတယ်။ မွေးလာကတည်းက လူတွေမှာ ခြေ၊ လက်၊ မျက်စိ၊ နား၊ ပါးစပ်တွေ ပါလာကြတယ်တဲ့။ ခြေဆိုတာ သွားလိုရာသွားဖို့၊ လက်ဆိုတာ ရေးချင်ရာ ရေးဖို့၊ ပါးစပ်ဆိုတာ ပြောချင်တာပြောဖို့၊ မျက်စိဆိုတာ ကြည့်ချင်ရာကြည့်ဖို့၊ နားဆိုတာ နားထောင်လိုတာ နားထောင်ဖို့တဲ့… ဒါက လူတစ်ယောက်ရဲ့ မွေးရာပါ အခွင့်အရေးတွေပါတဲ့။ ဒါတွေကို အသုံးချခွင့်(ဝါ) အသုံးပြုခွင့် မရဘူး ပိတ်ပင်ခံရတယ်ဆိုရင် လူတစ်ယောက်ရဲ့ မွေးရာပါ အခွင့်အရေး ဆုံးရှုံးတာပါပဲတဲ့လေ….။
ကျနော်တို့တွေဟာ နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်မှုတွေအောက်မှာ ပြားပြားဝပ်ခဲ့ရသလို စာနာနားလည်မှုဆိုတဲ့ စိတ်ထားတွေလည်း ဖျက်ဆီးခံခဲ့ရတာပါ…။ ကိုယ့်နဲ့ မဆိုင်ရင် ဘာမှဝင်မလုပ် မပြောနဲ့….။ ကိုယ့်ထမင်း ကိုယ်စားပြီး အေးအေးနေဆိုတဲ့ အတွေးတွေပဲ စိုးမိုးကုန်တော့တာပါပဲ။ တကယ်တော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှဟာ ကိုယ်နဲ့ ဆိုင်တယ်ဆိုတဲ့ အတွေးမျိုး တွေးသင့်တယ်ဗျ…။ ကိုယ်နဲ့ မဆိုင်ရင် အသာနေခဲ့တာများလို့ မိသားစုတွေ၊ အသိုင်းအဝိုင်းတွေ၊ ရပ်ရွာတွေ နစ်နာနေကြတာလို့ ပြောရင် ရေးရင် လွန်သွားမလား။ တကယ်ပါ … ကျနော်တို့ ပြည်သူတွေနစ်နာနေခဲ့တာကြာပါပြီ။

ဆက်လက်ရေးသားပါဦးမည်။

Sunday, May 11, 2014

လွှဲမုတ်ဘုရား အမှတ်တရကဗျာ

``သမိုင်းသစ်``
မင်္ဂလာဘာညယ်
ရှမ်း ကတူးသံဝဲ
နှုတ်ခွန်းဆက်မွေးရပ်မြေ
လာလည်ဖို့ ဖိတ်ခေါ်သလေ
ရှုလေရာ နေရာတိုင်းဟာလည်း
ကြည်နူးဖွယ့် မြင်ကွင်းတွေ
အရှေ့ကို မျှော်ပြန်တော့
မှုန်ပျပျ တောင်တန်းပြာ
တစ်ခုသော တောင်ထွတ်ပေါ်
မည်အခေါ် လွှဲမုတ်မှာပ
ရှေးယခင်ကတည်းက
တည်ထားခဲ့ စေတီတော်
များထိုထို
ရာဇဝင်သမိုင်းတွေလည်း
ရှိနိုင်ပေ့ထင်အရှား...။
ဘိုးဘွားတွေ အမွေနှစ်မို့
ချစ်မြတ်လို့ ထိန်းသိမ်းကာ
သာသနာရောင်ဝါထွန်းဖို့
စည်းလုံးကာ ညီညာပြီး
စိတ်ထားဖြူဖြူနဲ့
လှူဒါန်းကာ တာဝန်ကျေလို့ရယ်
သမိုင်းသစ်ကိုရေး....။  


                        မာန်ဟုန်ငယ်
               (ခေတ္တ odk kyetchan)


လွင်ဦးကျေးရွာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တော့မည်

မော်လူးကျေးရွာအုပ်စု လွင်ဦးနှင့် စီးမော်အုပ်စှ ညောင်ပင်သာ ကျေးရွာခြင်းဆက် ကိုယ့်အားကိုယ်ကိုး လှည်းကူးတံတား တည်ဆောက်ဖို့ ဒီနေ့မနက် ၈နာရီချိန် တိုင်နေရာပန္နက်ရိုက် ပြီ

လွင်ဦးရွာ ဆိုတာ မော်လူးအုပ်စု မှကျေးရွာလေးပါ

မော်လူးသား  အယောက် ၁၀၀ မှာ တစ်ယောက် လောက်သာ
ရောက်ဖူးကြတာပါ

အခုတံတား ဆောက်လိုက်တော့

လွင်ဦး ကျေးရွာလေးဟာ ဖွံ့ဖြိုး တိုးတက်လာ
တောမည် ဆိုတာတော့ သေချာပါတယ်





မြန်မာနိုင်ငံက တစ်ပိသာကို ကျပ် ၆ သိန်းကျော်တန်တဲ့ အသီး လွှဲမုတ်တောင်သွားရင်း ကောက်ခဲ့ကြအုန်း

တစ်ပိသာကို ကျပ် ၆ သိန်ကျော်တန်တဲ့ အသီးတမျိုးလို့ ပြောနိုင်တယ်။
ဗြိတိန်မှာ ဈေးကြီးပေးဝယ်စားရတဲ့ မြန်မာနိုင်ငံက အလေ့ကျပေါက် အသီးပင်ဖြစ်ပါတယ်။ အသီး ၁၀ လုံးကျော်လောက်ကို ၂ ပေါင်(ကျပ်ငွေ၂၇၀၀ ကျော်) ပေးရပါတယ်၊ တပိသာအလေးချိန်ဆိုရင် ကျပ် ၆ သိန်းကျော်တန်မယ်လို့ ခန့် မှန်းရပါတယ်။
...
သယ်ယူပို့ ဆောင်စရိတ်တော့ရှိလိမ့်မယ်။ ကျွန်တော်တို့ ကရင်ပြည်နယ်
တောနယ်မှာတော့ ဖေါင်ဖေါင်သီးလို့ ခေါ်ပါတယ်။ အဲ့ဒီအသီး မှည့်တဲ့အခါ အခွံက ခြောက်လာပြီး အသီးလေးက အ၀ါနုရောင်ဖြစ်ပြီး ဆီးသီးစေ့ငယ်လောက်အရွယ်ရှိပါတယ်၊ အရသာက ချဉ်ပြုံးဖြစ်ပြီး အတွင်းကအစေ့က မျိုးပျက်ခရမ်း အစေ့လိုဖြစ်ပါတယ်။

တကယ်တန်းဈေးကွက်ဝင်သီးနှံဖြစ်အောင် အသီးရဲ့  ကျန်းမာရေးအာနိသင်ကို ဖေါ်ပြနိုင်မယ်ဆိုရင် ဈေးကွက်ဝင် အသီးအနှံတခုဖြစ်လာနိုင်တယ်၊မြန်မာနိုင်ငံမှာ အလွယ်တကူ
စိုက်ပျိုးနိုင်တဲ့အတွက် မြေကြီးက ရွှေသီးနိုင်တဲ့ သီးနှံဖြစ်နိုင်ပါတယ်။

တစ်ပိသာကို ကျပ် ၆ သိန်ကျော်တန်တဲ့ အသီး




ဖေါင်ဖေါင်ဆိုတာ
ဝါးသေးသေး အခေါင်း ထဲသို့
အရွယ်တော် အသီးလေး တွေကိုထည့်ပြီး
တုတ်ချောင်း နဲ့ ထိုးလိုက်ရင် ဖေါင်း  ဆိုပြီး
မြည်သွားတဲ့  လက်နက်ပါ


လွန်ခဲ့သော နှစ် ၂၀  ကျော်  မော်လူး မှာ

ကလေးများ ဆော့ကစားကြပါသည်
အခုတော့  ကစားမည်မထင်တော့

ဖေါင်ဖေါင်  နှင့်  ကုလားမ ခြေထောက် ကို သတိရမိပါ၏

Saturday, May 10, 2014

စကိုင်းနက် ကို အင်တာနက်က ကြည့်နိုင်ပြီတဲံ

ကိုကိုမမများအားလုံးမင်္ဂလာပါ။ ကျွန်တော်အခုတင်ပေးမဲ့Applicationလေးက
မိမိဖုန်းထဲမှာအင်တာန
က်ရှိရုံနဲ့ Skynet ကိုတိုက်ရိုက်ကြည့်လို့ရပါတယ် လိုင်းကောင်းဖို့တော့လိုပါတယ်

ဒီမှာ


ဒေါင်းနိုင်ပါသည်

မော်လူး  ကွန်နက်ရှင် နဲ့တော့ မဖြစ်နိုင်ပါ

ထိုင်းနိုင်ငံမှာတော့ ရပါတယ်

------------========---------


Thursday, May 8, 2014

ဘယ်လို မိန်းကလေးမျိုးကို ယောကျာင်္းများ ကြောက်ကြပါသလဲ မော်လူးသူများအတွက် မှတ်သားဖွယ်






(၁) ညစ်ပတ်သောမိန်းမ

(၂) တစ်အိမ်တက်ဆင်းအတင်းပြောသော၊မမှန်မကန်စကားပြော တတ်သော မိန်းမ

(၃) စကားများသောမိန်းမ

(၄) ခိုင်းနှိုင်းတတ်သောမိန်းမ

(၅) နှုတ်ကြမ်းသောမိန်းမ

(၆) သ၀န်တိုလွယ်သောမိန်းမ

(၇) တုံးအသောမိန်းမ

(၈) ငွေသုံးကြမ်းသောမိန်းမ

(၉) လမ်းခွဲစကားပြောလွယ်သောမိန်းမ

(၁၀) ချွဲနွဲ့လွန်သောမိန်းမ

ထိုသူများမှာ မိန်းမယုတ်(၁၀)မျိုးပင်ဖြစ်သည်

ဲ မိန်းကလေးတိုင်း ထို (၁၀)မျိုးထဲတွင် တစ်မျိုးမကနှစ်မျိုး ပါဝင်နေမည် မှာ ဧကန်မလွဲပင်။

သင်သည် ဘယ်လိုမ်န်းကလေးမျိုးလဲ ကိုယ့်ကိုယ် ကို သုံးသက်ဖူးပါသလား။

(၁) ညစ်ပတ်သောမိန်းမ

ညစ်ပတ်သောယောကျာင်္းမှာ ချစ်သူရနိုင်သော်လည်း ညစ်ပတ်သော မိန်းမကိုမူ နှာခေါင်းရှုံ့ ချင်ကြသည်။ မသန့်ရှင်းသောမိန်းမများ ၏ အိပ်ခန်းမှာ အမှိုက်ဗုံးများ ပေါက်ကွဲထားသလို ကျောချစရာမရှိအောင် ရှုတ်ပွ နေတတ်သည်။
ပစ္စည်းတစ်ခုပျောက်လျှင်လွယ်လွယ်နှင့် ရှာလို့မရတော့ ပေ။ ၄င်းကဲ့သို့ သောမိန်းမသည် အပြင်ထွက်လျှင် ရှုပ်ပွနေသော အိတ်ထဲမှ သော့ ကို အလွယ်တကူ ရှာမတွေ့ နိုင်တော့။ ၀တ်ထားသော အ၀တ်အစားမှာလည်း အ၀တ်လျှော်စက်ထဲက ယခုမှထုတ်လာသည့်အတိုင်းပင်၊ ၀တ်ထားသော အနွေးထည်မှာလည်း ကြယ်သီးများပြုတ်၊ ချုပ်ရိုးများ ပြေနေတတ် သည်။ လက်သည်း ခြေသည်းများလည်းဂျီးများနှင့် မဲနေတတ် ပြီး ဆိုးထားသော လက်သည်းနီများလည်း ညီညာမှုမရှိပေ။ အဆိးုဆုံးမှာ စကားပြောဖို့ ပါးစပ် ဟ လိုက်တိုင်း အာပုပ် နံ့ရနေတတ်သည်။ သွားများတွင် လည်း ဟင်းဖတ်များ
ကပ်နေတတ်သည့်အပြင် နှုတ်ခမ်းနီများလည်ပေကျံနေတတ်သည်။

(၂) တစ်အိမ်တက်ဆင်းအတင်းပြောသောမိန်းမ

BMW (Bayernriche Motor Works) ကုမ္ပဏီမှထုတ်သောကားများကို ယောကျာင်္းများကြိုက်ကြသော်လည်း BMW (Big Mouth Women) မိန်းမများကိုတော့ လန့်တတ်ကြသည်။ တစ်အိမ်တက်ဆင်းဖြင့် အတင်း ပြောနေရလျှင် ထမင်းမေ့ဟင်းမေ့သောသူဖြစ်သည်။ တစ်ခါတရံ သူမပြောသော စကားများသည် အမှန်ဖြစ် ကြောင်း ယောကျာင်္းလေးများကို သူမအား
ထောက်ခံရန် မှဲဆွယ်တတ်သေးသည။် တချိုေ့ ယာကျာင်္းလေးများကမထောက်ခံလျှင် သူမသာ အမှန် ဖြစ်ကြောင်း ငြင်းချက်များပင်ထုတ် တတ်သေးသည်။ ထိုမိန်းမမျိုး ကို အိမ်ထောင်ပြုမိပါက ယောကမ္ခနှင့် ချွေးမတို့ ၏ စစ်ပွဲ စတင်ခြင်းပင်ဖြစ်သည်။ ၄င်းအပြင် ဆွေမျိုးသားချင်း သူငယ်ချင်း များကပါ စက်ကွင်း မလွတ်နိုင်တော့ချေ။ အတင်းပြောတတ်သော၊မမှန်မကန် စကားပြော တတ်သော မိန်းကလေး များကို ယောကျာ်းလေးများသာမက မိန်းကလေး များလည်း ဝေးဝေးရှောင် နိုင်ရမည်။ သူမ၏ အမှန်မကန် ပြောသော စကားလေပွေ ထဲတွင် ၀င်မပါမိအောင် သတိထားရမည်ဖြစ်သည်။

(၃) စကားများသောမိန်းမ

ထိုမိန်းကလေးမျိုးသည်စကားပြောရာတွင် မိမိပြောချင်ရာ ဇွတ်ပြောတတသည်၊ စဉ်းစားဆင်ခြင်မှု နည်းသည။် မပြောသင့်သော စကားကိုအချိန်အခါမဟုတ် မပြောထိုက်သောလူကိုပြောတတ်သည။် ဆွေမျိုးသားချင်း သူငယ်ချင်း များကြားတွင်အထင်လွဲစရာဖြစ်အောင် ပြောခြင်း၊ သူတစ်ပါး သိက္ခာ ကျအောင် လေးစားမှု လျော့ အောင်ပြောခြင်းများ ပြုလုပ်တတ်သည်။ကိုယ့်ကိုကိုယ် သွက်လက်ချက်ချာသည်ဟု အထင်ကြီး နေတတ်သူဖြစ်သည်။

(၄) ခိုင်းနှိုင်းတတ်သောမိန်းမ

ထိုမိန်းကလေးမျိုးသည် စိတ်အနှောင့်အယှက် အပေးဆုံးမိန်းကလေးဖြစ်သည်။ ဘယ်အရာမဆို နိုင်းယဉ်နေတတ်သည်။တစ်ခြားမိန်းကလေး၏ ရည်းစား (သို့) ယောကျားင်္ ကို နိုင်းယှဉ်ကြညြ့်ပီး အသုးံမကျသော ယောကျာင်္းဟူ၍ု လက်ညိုး ထိုးပြီးဆဲတတ်သော မိန်းကလေးမျိုး ဖြစ်သည။် တကယ်တမ်းဆိုရလျှင်အသုံး ၀င်သော ယောကျားင်္ ကိုသူမရွေးချယ်သင့်ပြီးထိုအသုံးမ၀င်သော ရည်းစား (သို့ ) ယောကျာင်္းအတွက် စိတ်မတိုနေသင့်ပေ။ တစ်ခြားသူနှင့် နှိုင်းယှဥြ်ပီး ဆဲဆိုနေစရာမလိုပေ။မိမိ ရွေးယူထားသောကြောင့် မိမိ ကိုယ်သာ အပြစ်တင် ရမည်ြဖစ်သည။် လူတိုင်းတွင် အရည်အချင်း တစ်ခုစီ ရှိတတ်ြကသည။်
ယောကျာ်းလေးတစ်ယောက်မိမိကိုယ်ကို ယြုံကည်မှုနည်းသွား အောင် တစ်ခြားလူနှင့် ခိုင်းနှိုင်းပြီး မဆဲသင့်ပေ။ ထို ယောကျားင်္လေးအတွက် ကံမကောင်းဆုံး အရာ၊ အသုးံမကျဆုံး အရာမှာ ထိုမိန်းမမျိုးကို ရေွး မိခြင်းပင်ဖြစ်သည။်

(၅) နှုတ်ကြမ်းသောမိန်းမ

စကားပြောကြမ်းသော မိန်းမမျိုးသည် လုပ်ငန်းခွင်တွင်ဖြစ်စေ၊ ပတ်ဝန်းကျင် တွင်ဖြစ်စေ ဆက်ဆံရခက်သော မိန်းမဟုနာမည်ြကီးတတ်သည။် ပစ္စည်းတစ်ခု သွားဝယ် သည်ြဖစ်စေ အစားသွားစားသည်ြဖစ်စေ ဆိုင်ဝန်ထမ်းနှင့် ရန်ဖြစ်ခဲ့ရမှ ကျေနပ်သော မိန်းမမျိုး ဖြစ်သည။် ထိုမိန်းမမျိုးနှင့် အတူတူ အပြင်ထွက် မိလျှင် ရှက်လွန်း၍ မျက်နှာ ဖွက်ထားစရာမရှိအောင်ဖြစ် တတ်သောကြောင့် သူမနှင့် မရင်းနှီးသလို ဟန်ဆောင်က ခပ်လှမ်းလှမ်းတွင် နေချင်ကြသည်။ ထစ်ခနဲဆို ရန်ဖြစ်ချင်သော နှုတ်ကြမ်းသော မိန်းကလေးမျိုးကို လက်ထပ်ပြီး မိဘနှင့်အတူ နေရမည့် ပုံရိပ်ကို မြင်ယောင်ဖူးပါသလား။ထိုမိန်းကလေးမျိုးကို ရွေးချယ်မည့် အစား သူမလောက် အသုံးမ၀င်သော၊ တုံးအသော၊ သာမန်သော မိန်းကလေး မျိုး ကိုသာယောကျားင်္ လေးအများစုက ရွေးချယ်မထင်ပင်။

(၆) သ၀န်တိုလွယ်သောမိန်းမ

ထိုမိန်းကလေးမျိုးသည် မိမိကိုယ်ကို ယုံကြည်မှုနည်းသလို တစ်ပါးသူကိုလဲ မယုံကြည်သော မိန်းကလေးဖြစ်သည်။ ယောကျာင်္းလေး အသက်ရှူ မချောင် နိုင်လောက်အောင်ချုပ်ခြယ်တတ်သော မိန်းကလေးမျိုးလည်းဖြစ်သည်။ သံသယစိတ် ၀င်လာလျှင်ရှင်းပြတာကိုနားထောင် မနေတော့ သ၀န်တို စိတ်ကောက်ဖို့က ပထမပင်။ သူမ၏ရည်းစား(သို့) ယောကျာင်္း၏ သူငယ်ချင်း များကိုလည်း မိမိရည်းစားနှင့် အပေါင်းအသင်းမလုပ်ရန် ပြော တတ်သောကြောင့် သူငယ်ချင်း များက ထိုမိန်းမမျိုးနှင့်
ပတ်သက်သော ယောကျာင်္းလေး ကိုပါ ရှောင်လာတတ်ကြသည်။ ထိုအခါ ယောကျာင်္းလေးမှာ အကျဉ်းချထားသလိုခံစားရသောလည်း မိန်းကလေးမှာ မှု ပျော်ရွှင်နေတတ်သည။် လူဆိုသည် မှာ အဖွဲ့ အစည်း အသိုင်းအ၀န်းနှင့်နေသော အမျိုးဖြစ်သည။် အသက်ရှုရန် နေရာလေး တစ်ခု ချန်မထားဘဲ ချုပ်ချယ်တတ်ေသာ ထိုမိန်းမမျိုး ကို ယောကျာင်္းလေးများကရှောင်ချင်ကြ သည်။

(၇) တုံးအသောမိန်းမ

အာလာဒင် ပုံပြင်ကို နားထောင်ဖူးကြပါသလား။ ထိုပုံပြင်ထဲက အာလာဒင်၏ တုံးအသော မိန်းမသည် မသိနားမလည်သည်ကိုမမေးဘဲ ဆီမီးခွက် ကို ခွက်စုတ်ဟု အထင်ဖြစ် ရောင်းလိုက် ဖူးသည်။ ထိုမိန်းကလေးမျိုးသည် ဥစ္စာပစ္စည်းပေါ်တွင်ဖြစ်စေအတွေးအခေါ်ပိုင်းတွင် ဖြစ်စေ အလွယ်တကူ အလိမ်မိတတ် သည။် ယခေု ခတ်တွင် ထိုကဲသို့ တုးံအသော မိန်းကလေးမျိုး
နည်းပါးသွားပြီလား။ ထက်မြက်ပြီး တေွး ခေါ်ဆင်ခြင်ဥာဏ် ရှိသော မိန်းကလေးမျိုးကိုယောကျာ်းလေးက လေးစားသော်လည်း တုးံအသော မိန်းကလေးမျိုး မှာမှု ယောကျာ်းလေးအတွက် ဆူးညှောင့်ခလုတ် တစ်ခုလိုပ င်။ ယခုခေတ်မိန်းကလေးများသည် မိမိကိုယ်ကို ထက်မြက်မှု အပြည့်အ၀နှင့် ယုံကြည်မှု ရှိနေသင့်သည်။ သူတစ်ပါးကြင်နာလာအောင်တုံးအ ဟန်ဆောင် မနေသင့်ပေ။ တုံးအတိုင်း အပြစ်မဲ့သည်မဟုတ်။ တုးံအလျှင် ဖယ်ထုတ်ခြင်း ခံရမည်မှာ ဧကန်မလွဲပင်။

(၈) ငွေသုံးကြမ်းသောမိန်းမ

Shopping Machine ကသဲို့သော မိန်းကလေးမျိုး မှာ လိုအပ်သည်ြဖစ်စေ မလိုအပ်သည်ြဖစ်စေ ပစ္စည်းအ၀ယ်ြကမ်းသောသူဖြစ်သည်။ ယောကျာင်္းလေး အနည်းစု မှာ ထိုမိန်းကလေးမျိုးနှင့် ကြုံရန် မကြောက်ကြသော်လည်း အကောင်းမြင်အမြင့်ကြိုက်သော သူမအတွက် မိမိအိတ်ထဲမှ ငွေများ အလာဟသ စီးဆင်းကုန်မည်ကို ကြောက်တတ်ကြသည်။ ဥစ္စာပစ္စည်း ထဲတွင် နစ်မျှောနေတတ်သော မိန်းကလေးမျိုးသည်အများအားဖြင့် စိတ်သဘာထား သေးသိမ်တတ်သည။်တစ်ကိုယ်ကောင်း ဆန်တတ်သည်။ စိတ်တိမ်းညွတ် လွယ်သည်။ လိုချင်သော ပစ္စည်းရရန် မိမိကိုယ်ကို သစ္စာဖောက်ခြင်း၊
တန်ဖိးုမထားခြင်းများဖြင့် ရမ္မက်အိုင်ထဲတွင် နစ်နေတတ်ြကသည။် မြင်သမျှ ၀ယ်ယူတတ်သော မိန်းကလေးမျိုး နှင့် ဈေးသွားလည်ဖူးသော ယောကျာ်းလေး များမှာ ရင်ထဲတွင်နာကျင် နှမြောသမျှကို ဖုံးကွယ်ရင်း ဒုတယိ အကြိမ်သွားရ မည်ကို ခေါင်းခါကြမည်ပင်။

(၉) လမ်းခွဲစကားပြောလွယ်သောမိန်းမ

ဘာမဟုတ်သော ကိစ္စလေးတခုဖြင့် လမ်းခွဲဖို့ပြောတတ်သော ထိုမိန်းကလေးမျိုး သည် တကယ့်ခွါရခက်သော မိန်းကလေးမျိုးဖြစ်သည်။ လမ်းခွဲကြစို့ဟု မြဲပြော တတ် သည်မှာ သူမ၏ အကျင့်တစ်ခုလို ဖြစ်နေသည်။ တကယ်တမ်း ယောကျာ်းလေးဘက်ကလမ်းခွဲတောမ့ ညဆိုလျှင် ငိုယြိုပီး လက်မခံတော။့ လမ်းခွဲ စကားပြောခြင်းသည်အခံရခက်သော ဝေဒနာတစ်ခုဖြစ်သည်။ ပြောသူက အကျင့်တစ်ခု အနေဖြင့် ပြောသော်လည်း ခံရသူမှာ တစ်ခါပြောတိုင်း တစ်ခါ အသဲနင့်အောင်ခံစားရတတသည။် နှလုးံသားတွင် အမာရွတ်အထုးံ များကျန်နေခဲ့တတ်သည။် တကယ့် လမ်းခွဲတောမည်ဆိုလျှင် တစ်ကြိမ်
ထဲဆုံးဖြတ် တစ်ခါထဲ လမ်းစဖျောက်လိုက်တတ် ခံရပိုသက်သာဦးမည။် လမ်းခွဲစကားဖြင့် တစ်ဖက်သားကိုခြိမ်းခြောက်နေသောသူသည် နုံအသော သူသာလျှင်ဖြစ်သည်။

(၁၀) ချွဲနွဲ့လွန်သောမိန်းမ

မိန်းကလေးတိုင်းချွဲနွဲ့ တတ်သည်မှာ သဘာဝပင်ဖြစ်သည်။ သို့ သော် အချွဲနွဲ့ လွန် မိန်းကလေးများမှာ လူအမြင်ကပ်စရာဖြစ်သည်။ ထိုမိန်းကလေးမျိုး သည် အမြဲတမ်း အချော့ခံချင်၊ လူတွေဂရုစိုက်နေတာကို ခံချင်နေသော မိန်းကလေး မျိုးဖြစ်သည်။ လူရှေ့တွင် စကားပြောလျှင် နှုတ်ခမ်းလေး ဟချင် မဟချင်နှင့် (ခေတ်စကားနှင့်ပြောရလျှင် ပဲများလွန်းနေခြင်း သို့ မဟုတ်ာယာများနေခြင်းဖြစ် သည်။) လူကွယ်ရာတွင်မူ ဆန့်ကျင်ဖက် ဖြစ်နေတတ်သည်။ ယခုခေတ် မိန်းကလေးများသည် တဖက်သား သနားကြင်နာလာအောင်ညာုတာ လာအောင် ဟန်ဆောင် ချွဲ နွဲ့ ပြီးအားနွဲ့  မနေသင့်တော့ပေ။ တစ်နည်း ဆိုသော်ခေတ် မမီတော့ပေ။ ယောကျားင်္ လေးတွေနှင့် တန်းတူ မဟုတ် တောင် ယောကျာင်္းလေးနီးနီး လုပ်နိုင်၊ ကိုင်နိုင်စွမ်းရှိကြောင်းကို ပြသင့်သော အချိန် ပင်ဖြစ်သည်။

အလှအပခံစားသူများနှင့် မြန်မာ့အလှ မှ
ပြန်လည်ကူးယူပါသည်။

Wednesday, May 7, 2014

မော်လူး သို့ လမ်းလျှောက်အဖွဲ့ နောက်တစ်ဖွဲ့ ရောက်ပြန်ပြီ

ယနေ့ ညနေ ၆း၃၀ အချိန်  လမ်းလျှောက် အဖွဲ့

မော်လူး သို့ ရောက်ရှိ

မြစ်ဆုံ စီမံကိန်း လုံးဝ ရပ်တံ့ နိုင်ရေး ဆိုလား

ဘာဖြစ်ဖြစ်  မော်လူး သတင်း အဖွဲ့ မှ  မှတ်တမ်းတင်ပါ၏


Tuesday, May 6, 2014

ပိုက်ဆံမကုန်ပဲ ဖုန်း Free ခေါ် လို့ရမယ့် Android Application မော်လူးသားများ ကလိရနါ

အားလုံးပဲ စိတ်ဝင်စားမယ်လို့ ထင်ပါတယ်ဗျာ..:P ။

ကျနော်သူငယ်ချင်းတို့ ကို Android  Application တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။

သူငယ်ချင်းတို့အတွက် ဆန်းဆန်းပြားပြားဖြစ်ချင်မှဖြစ်မယ်..:) ကျနော်အတွက်တော့

နည်းနည်းထူးဆန်းနေပါတယ်။ကျနော် တစ်နေ့ပျင်းပျင်းနဲ့ Playstore မှာဝင်ကလိတော့

Internationel Calling Apk တစ်ခုကိုသွားတယ်တွေ့တယ်ဗျာ။

အဲတာနဲ့ ဖုန်းထဲ့ ထည့်ပြီး သိတဲ့ အတိုင်းပဲ Free Call ဆိုတော့ အနားမှာရှိတဲ့ ဖုန်းတစ်လုံးစမ်းပြီး

ခေါ်ကြည့်တယ်ဗျာ...:) ထင်တောင်မထားဘူး ဖုန်းဝင်သွားတာပေါ့။

သေခြားအောင်လို့ နောက်ထပ်ဖုန်းတစ်လုံးထပ်ခေါ်ကြည့်တယ်ဗျာ....

ရနေပြန်ရော....:P  ....အဲတော့ ကြိုက်သွားတယ်.....သူငယ်ချင်းတွေကိုလဲ ပြန်မျှဝေမယ်လို့

စိတ်ထဲ့မှာ တွေးထားလိုက်တယ်။ Internationel Call ဆိုတော့ ကျနော်မြန်မာပြည်ကို ထိုင်းကခေါ်ရင်လဲ

ရမှာပဲလို့တွေးမိတယ်....အဲတာနဲ့ မြန်မာပြည်က အမေ့အိမ်ကို ခေါ်ကြည့်တယ်....

ဖုန်းဝင်သွားပါတယ်ဗျာ....အလွန်ဝမ်းသာသွားတယ်....ဟီး ...

မိမိရှိမှာတော့ Internat လိုင်းရှိနေရပါမယ်...ကိုယ့်ခေါ်မယ်ဖုန်းမှာတော့ အင်တာနက်လိုင်း ရှိဖို့မလိုပါဘူး။

လက်ရှိကျနောတင်ပေးတဲ့ Apk ကိုလဲ ထည့်ထားစရာမလို့ပါဘူး....နော်.

အမြဲတမ်းတော့ Free Call ရနေမှာမဟုတ်ပါဘူး...ကိုယ့်က အမြဲတမ်း Free Call အဖြစ်နဲ့သုံးချင်ရင်တော့

Application ရဲ့ အပေါ်ဆုံးက Free$  ဆိုတဲ့နေရာမှာ Facebook ကသူငယ်ချင်းတွေ Twitter ကသူငယ်ချင်းတွေ Gmail ထဲ့က ဘော်ဒါတွေကို Invite လုပ်ရပါမယ်...

အဲတာဆိုရင် တော့ OK တယ်ဗျာ...ဟီးး...ကျနော်တော့ ရှိရှိသမျှ အကောင့်တွေထဲ့ကသူငယ်ချင်းတွေကို

Invite လုပ်တယ်..။သူက Invite လုပ်လို့ တစ်ယောက် Confirm ပြန်လုပ်ရင် ပြား 50$ ပြန်ရမယ်.။

၂ ယောက်က Confirm ပြန်လုပ်ရင်တော့ 1$ ဒေါ်လာ အများကြီး လုပ်နေမယ်ဆိုရင်တော့ ..

ဖုန်းအကြိုက်ပြော ဟီးးး....တစ်ပြားမှ ကုန်တော့ဘူး။

အိုင်ဖုန်း သုံးတဲ့သူငယ်ချင်းများအတွက်လဲ အောက်မှာလင့်ပေးထားပါတယ်

စတင်အသုံးပြုမယ်ဆိုရင်တော့ Gmail အကောင့် တစ်ခု သို့ မဟုတ် အခြား Mail တစ်ခု

ခုရှိရပါမယ်။ Apk ကို ဖုန်းထဲ့ install လုပ်ပြီးတော့ ဖွင့်တဲ့ အခါကျရင် Register လုပ်ရပါမယ်။

အကောင်းဆုံးကတော့ Gmai အကောင့်တစ်ခုနဲ့ လုပ်တာအကောင်းဆုံးပဲဗျာ..

Password ကိုတော့ မိမိ ကြိုက်နှစ်သက်ရာ ပေးပြီး မှတ်ထားပေါ့ဗျာ.။

အဲတာဆိုရင်တော့ ဖုန်း Free Call စခေါ်လို့ရပါပြီ။ ကျနော်တို့ Register လုပ်တော့ သူတို့က 1$ ဒေါလာပေးပါတယ်။ မိမိ Content လုပ်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ကို သာမန်ဖုန်းခေါ်သလို့မျိုးပဲ

စခေါ်ကြည့်ပါ။Caller ID ကိုတော့ Off ပေးထားနော်.။

အောက်မှာ ကျနော် ဖုန်းစမ်းခေါ်ထားတာလေးကို Videos ရိုတ်ပြီးပြန်တင်ပေးထားပါတယ်။

အဆင်မပြေရင်ပြောခဲ့ပါနော်...လက်တွေ့ စမ်းပြီးမှ တင်ပေးတာဖြစ်လို့ အဆင်မပြေရင်ကျနော်သိသလောက်ပြန်ဖြေပေးပါမယ်။

ဒီမှာ


နှိပ်ပြီး ဒေါငါးရန်



Sayar Chan

Sunday, May 4, 2014

မော်လူး လွှဲမုတ်တောင်ဘုရား ပဋ္ဌာန်းပွဲ ကျင်းပမည်

အင်းတော်မြို့နယ်မော်လူးအရှေလွဲ
မုတ်တောင်စေတီတော်မှာဒေသသံဃာတော်များစုပေါင်း၍အသံမစဲမဟာပဋ္ဌာန်းပူဇော်ကြမယ်.,,
ကဆုန်လဆန်း ၁၂.၁၃.၁၄.၁၅.ရက်
လေးရက်တိုင်တိုင်ကျင်းပမည်

လွဲမုတ်စေတီတော်ကိုလဲဘက်စုံ
မွန်းမံတည်ဆောက်ပြုပြင်ကြမယ်,
တောင်တက်လမ်းကိုလဲ ဆိုင်ကယ်များ,ထော်လာဂျီများ,
တုတ်တုတ်ကားများနှင့်. ပါဂျဲရို,ဆဖ်,
လင့်ခရူဇာကားများပါတက်ရောက်နိုင်
ရန်ဖေါက်လုပ်မယ်လို့ဝေဘူဝေဘာ
တောရဆရာတော်ကမိန့်ကြားပါတယ်, ဒါပေမယ့်...,
,ဥုံဖွ..ဥုံဖွ..ဥုံဖွ..
လို့မန်းမှုတ်လို့တော့ဖြစ်လာမှာမဟု
တ်ဖူး စေတနာ,သဒ္ဓါ,လုပ်အားဒါန,
ငွေအားဒါန,ဇွဲလုံ့လရှိကြမှအောင်မြင်
နိုင်ပါမည်ဖြစ်ကြောင်း  သိလိုက်ရသဖြင်
အများပြည်သူ သိရှိနိုင်ရန် ဖော်ပြလိုက်ပါသည်။။




Saturday, May 3, 2014

ရဟန်းသံဃာ သာမဏေများ၏အရိပ်နင်းသူများ အပြစ်ရှိ-မရှိ

မော်လူးအုပ်စု ပဲခူး ကျောင်းဆရာတော် ၏ ညီတော်

အမေရိကန်  နိုင်ငံရောက် အရှင်ဓမ္မသာမိ  mawluu.com ဆိုဒ်  မှ  ကူးယူ  ဖေါ်ပြပါသည်



(ဘဒ္ဒန္တ ၀ါယမသာရ ဖြေဆိုသည်)


(မေး) ( အရိပ်ကို နင်းခြင်းနှင့် ရှောင်ကွင်းခြင်း)

အရှင်ဘုရား၊ ရဟန်းသံဃာ သာမဏေများတို့ ကဲ့ရဲ့စကား မဆိုပေ။

ရဟန်းသံဃာ သာမဏေများတို့ လမ်းတွင်တွေ့က ဦးခိုက်လေ။

အရိပ်ကိုပင် ဖြတ်ကာမနင်းနဲ့ ရှောင်ကာကွင်းလို့ သွားတော့လေ။

အဲဒါမှ ဗုဒ္ဓဘာသာ ပီသပါတယ်လေ။

ဆိုတဲ့ ကဗျာကို ငယ်ငယ်တုန်းက ရခဲ့ပါတယ်ဘုရား။ ရခဲ့တဲ့အတိုင်းလဲ လိုက်နာပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ ရဟန်းသံဃာတော်များရဲ့ အရိပ်ကို ဖြတ်နင်းသွားကြပါတယ်။ ထိုသူတို့အား အပြစ်ရှိ-မရှိ အရိပ်တော်ကို နင်းကောင်း-မနင်းကောင်း ဖြေဆိုတော်မူပါဘုရား။

(ဧရာဝတီတိုင်းသား)


(ဖြေ) အရိပ်နှင့်ပတ်သက်၍ ရုက္ခစ္ဆာယာပန္တပသောတံ နိပ္ပတ္တံ န ကပ္ပတိ-၀ိနယသင်္ဂဟပါဌ် ပါဠိအရ ယင်းသည် ဆာယာကို ၀ိဂြိုဟ်ပြုရန်မှာ ဆာဒတီတိ ဆာယာ၊ သဒ္ဒါကျမ်းအလို ၀ိဂြိုဟ်ဝစနတ် ဖုံးလွှမ်းတတ်သော သဒ္ဒတ္ထမြန်မာ ဝေါဟာရကြောင့် ဆာယာ-ဟု တွင်ချေသည်။ ဤသို့ဆိုသော် အရိပ်က အစဉ်သဖြင့် အထက်ကနေ၍ ဖုံးလွှမ်းသည်ဟု ဆိုရမည်။ ဤအကြောင်းကို သုတနုဇာတ်တော်နှင့် စဉ်းစားသင့်၏။ ငါးရာ့ငါးဆယ် သတ္တနိပါတ် သုတနုဇာတ်၌ ဘုရားလောင်း သုတနုလုလင်သည် မင်းကြီးပေးလိုက်သော သန်လျက်၊ ထီး၊ ခြေနင်းတို့ကို ယူ၍ ပညောင်ပင်စောင့် ဘီလူးထံရောက်လျှင် ဘီလူးက ငါ၏ပိုင်မြေကို သင်နင်း၏။ ဒါကြောင့် သင်သည် ငါ၏အစာမှန်သည်ဟု ဆိုသောအခါ သင့်မြေကို ငါမနင်း၊ ငါ့မြေကိုသာ ငါ နင်းသည်။ သင့်ပညောင်ပင်ရိပ်ကို ငါ မခို၊ ငါ့ထီးရိပ်ကိုသာ ငါ ခိုသည်ဟုဆို၏။ ထိုအခါ သုတနုလုလင်ကို ဆင်ခြေမပြိုင် မတတ်နိုင်သောကြောင့် ဘီလူးက အရှုံးပေးရ၍ ၀န်ချရကြောင်း ဆိုပေသည်။


အကယ်၍ လူ့အောက်က အရိပ်ရှိခဲ့အံ့၊ မြေကိုပင် မနင်းသော်လည်း အရိပ်အတွင်းမှာ လူနေချေလျှင် လုလင်မှာ ဆင်ခြေမရ၍ ဘီလူးက ရှုံး၍ လုလင်က နိုင်သည်ကို ထောက်သော် အရိပ်က အထက်ကနေကြောင်း အရိပ်ကို နင်း၍ မရကြောင်း သိသာသည်။ ထို့ကြောင့် အရိပ်ကို ကွင်းရှောင်၍ သွားခြင်းသည် အထူးရိုသေရာရောက်၍ အရိပ်ကို မလွှဲသာ၍ နင်းမိလျှင် အရိပ်ကို နင်းခြင်း မဟုတ်၊ အရိပ်ခိုခြင်းသာဟု နှလုံးသွင်းလျက် ငြိမ်သက်စွာ ရပ်တံ့ပြီး လက်အုပ်ချီလျက် နေရန်သင့်ပေသည်။

 ...........................

http://www.mawluu.com/2010/03/blog-post_3525.html

ကူးယူဖော်ပြသည်။






Friday, May 2, 2014

ရေစက်ချပြီးလှူက ကုသိုလ် သုံးမျိုးရ

အမေး။ ။ အလှူဒါနတစ်ခုပြုလျှင် အခြေအနေအရ ရေစက်ချလှူဒါန်းခြင်း မပြုနိုင်သောအလှူနှင့် ကိုယ်တိုင် ရေစက်ချပြီးလှူသောအလှူ အလှူနှစ်မျိုးတွင် အကျိုးသက်ရောက်မှု ကွာခြားခြင်း ရှိ - မရှိ ပြတ်ပြတ်သားသား သိချင်ပါ၍ လေးစားစွာဖြင့် မေးမြန်းပါသည်ခင်များ။


( မောင်ငြိမ်းချမ်း ) - အမှတ် - ၃၃၄ ၊ စာတိုက်လမ်း ၊ ညောင်တုန်းမြို့။



အဖြေ။ ။ အလှူဒါနပြုတဲ့အခါ ရေစက်မချဘဲ လှူတာနဲ့ ရေစက်ချပြီးလှူတာ နှစ်မျိုးဟာ ကွာခြားမှုရှိပါတယ်။ ကုသိုလ်ဟာ ဒါန ၊ သီလ ၊ ဘာဝနာ ၊ အပစာယန ၊ ဝေယျာဝိစ္စ ၊ ပတ္တိဒါန ၊ ပတ္တာနုမောဒန ၊ ဓမ္မဿဝနာ ၊ ဓမ္မဒေသနာ ၊ ဒိဋ္ဌိဇုကမ္မ လို့ (၁၀) မျိုး ရှိပါတယ်။ သည်ပုညကြိယဝတ္ထု (၁၀) ပါးရဲ့ အဓိပ္ပာယ်တွေကိုတော့ ဗုဒ္ဓဘာသာ လေ့လာလိုက်စားသူမှန်သမျှ အားလုံးလောက်ပဲ သိပြီးသားဖြစ်လို့ မဖော်ပြတော့ပါဘူး။ လိုရင်းလောက်ပဲ အဓိပ္ပာယ် ဖော်ပြသွားပါ့မယ်။ လိုရင်းလောက်ပဲ အဓိပ္ပာယ် ဖော်ပြသွားပါမယ်။


ဒါနဆိုတာ ပေးကမ်းလှူဒါန်းခြင်းပဲဆိုတာ အားလုံးသိပြီးသားပါပဲ။ အဲသည် ဒါနပြုတဲ့အခါ ရေစက်ချကြပါတယ်။ တချို့က မလိုပါဘူး ၊ ကိုယ်လှူပြီး , ပြီးတာပါပဲဆိုပြီး ကိုယ့်အလှူကို ကိုယ်သိပ်အလေးမထားဘဲ ခပ်ပေါ့ပေါ့သဘောမျိုးနဲ့ နေလိုက်တတ်ကြပါတယ်။


ရေစက်ချရာမှာ အစိတ်အပိုင်း သုံးခုရှိပါတယ်။


(၁) ပထမ မိမိ ဘာတွေ ဘာတွေ လှူဒါန်းပါတယ်လို့ ပရိတ်သတ်များ သိအောင် ၊ သိပြီး မုဒိတာသဘောထားရှိတဲ့ ပုဂ္ဂိုလ်များသာဓုခေါ် ဝမ်းမြောက်နိုင်ဖို့ ထုတ်ဖော်ပြောဆို ကြေငြာပါတယ်။ ကြွားဝါတဲ့ သဘောမျိုး မဟုတ်ပါဘူး။


(၂) ဒုတိယ သည်လိုလှူတဲ့ ကုသိုလ်စေတနာကြောင့် မိမိလိုတဲ့ဆုကို တောင်းပါတယ်။


(၃) မိမိပြုလုပ် ရရှိထားတဲ့ ဒါနကုသိုလ်ကို အခြားသူများလည်း မိမိလိုပဲ မိမိနဲ့အညီအမျှ ရရှိပါစေဆိုတဲ့ ဣဿာ မစ္ဆရိယကင်းကွာ ဖြူစင်သော စေတနာဖြင့် ပေးဝေပါတယ်။ သည်လို အမျှဝေတာကို ' ပတ္တိဒါန ' လို့ ခေါ်ပါတယ်။ အဲသည်လို အစိတ်အပိုင်း သုံးခုရှိပါတယ်။


အဲသည်လို ..... အမျှဝေတာကို တွေ့မြင်ကြားသိသဖြင့် ဝမ်းမြောက်နုမော် သာဓုခေါ်တာကို ' ပတ္တာနုမောဒန ' လို့ ခေါ်ပါတယ်။ အဲသည်လို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်တဲ့ပုဂ္ဂိုလ်ဟာလည်း အမျှဝေသူလိုပဲ ကုသိုလ်တွေ များစွာရရှိပါတယ်။ အမျှဝေတဲ့ ပုဂ္ဂိုလ်မှာလည်း မိမိရရှိထားတဲ့ကုသိုလ်ကို မျှတဝေငှလိုက်ရတဲ့အတွက် ကုသိုလ်တွေ လျော့နည်းမသွားဘဲ အဆများစွာ တိုးပွားသွားပါတယ်။


ဥပမာ ထွန်းထားတဲ့ ဖယောင်းတိုင်တစ်တိုင်က မီးကို အခြားဖယောင်းတိုင်များဖြင့် ကူးယူညှိထွန်းရာ မူလဖယောင်းတိုင်မီးမှာ အလင်းရောင် အရှိန်အဝါ လျော့နည်းမသွားတဲ့အပြင် နောက်ထပ် အရောင်အလင်းအကူညီရသဖြင့် ပိုပြီး လင်းလာသလို ပတ္တိဒါန ကုသိုလ်အပိုတွေ များစွာရရှိပါတယ်လို့ ကျမ်းဂန်များမှာ ဆိုပါတယ်။


သေပြီးနောက် ပြိတ္တာဖြစ်နေသူများကို ရည်စူးကုသိုလ်ပြုပြီး ကုသိုလ်အဖို့ကို အမျှပေးဝေလိုက်လို့ အဲသည်ပြိတ္တာက ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်ရင် အငတ်ငတ်အပြတ်ပြတ် စားရမဲ့ သောက်ရမယ့် အလွန်ဆင်းရဲနေတဲ့ ဘဝကနေပြီး ချက်ချင်း နတ်စည်းစိမ်များလောက် ကြီးကျယ်တဲ့ စည်းစိမ်ချမ်းသာကြီးများကို ရရှိခြင်း အကျိုးကို ဒိဋ္ဌဓမ္မ လက်ငင်းရရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ရေစက်ချပြီး ပြုလုပ်တဲ့ ကုသိုလ်ကြောင့် ရရှိတဲ့ အကျိုးတွေပါပဲ။ ရေစက်မချဘဲ ပြုလုပ်တဲ့ ကုသိုလ်ကတော့ သည်လိုကြီးကျယ်များပြားတဲ့ အကျိုးတရားများကို မရရှိနိုင်ပါဘူး။ သည်လောက်ဆိုရင် ကုသိုလ်နှစ်မျိုး အကျိုးပေးကွာခြားခြင်းရှိ မရှိ သိလောက်ပါပြီ။


အချုပ်ပြောရရင် ရေစက်မချဘဲ လှူတဲ့အလှူက ဒါနကုသိုလ် တစ်မျိုးသာရပြီး ရေစက်ချပြီး လှူတဲ့အလှူက ဒါနကုသိုလ် ၊ ပတ္တိဒါနကုသိုလ် ၊ ပတ္တာနုမောဒနကုသိုလ် - သည်ကုသိုလ်သုံးမျိုးတို့ကို ရနိုင်ပါတယ်လို့ မှတ်သားရန် ဖြစ်ပါတယ်။


( ရတနာမွန်မဂ္ဂဇင်း ၊ အတွဲ - ၂၆ ၊ အမှတ် - ၃ )


ဆရာတော်ဟံသာသီရိ ဖြေဆိုသည်။


ဆရာတော်ဟံသာသီရိ ၏ ဗုဒ္ဓဝါဒဆိုင်ရာအမေးအဖြေများ စာအုပ် (တတိယ) တွဲမှ ကူးယူဖော်ပြပူဇော်ခြင်းဖြစ်ပါသည်။







ကျေးလက်ဒေသ ကျန်းမာရေးအသိပညာပေးဟောပြော၊ ဆေးရည်စိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေ



ကျေးလက်ဒေသ ကျန်းမာရေးအသိပညာပေးဟောပြော၊ ဆေးရည်စိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေ
မော်လူး၊ ဧပြီ ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးအုပ်စုအတွင်းရှိ နားခွင်းကျင်ကျေးရွာ၊ လွင်ဦးကျေးရွာ၊ ကရင်ကျေးရွာများတွင် ကျေးလက်ဒေသ ကျန်းမာရေးအထာက်အကူပြု  အသိပညာပေးဟောပြောခဲ့ပြီး ဆေးရည်စိမ်ခြင်ထောင်များကို ဒေသခံ ရွာသူ/သားများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ဒေသ ကျန်းမာရေးအထောက်အကူပြု အသိပညာပေးဟောပြောပွဲနှင့် ဆေးရည်စိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေခြင်းကို အင်းတော်မြို့နယ် သူနာပြု (အဆင့် ၁) ဆရာမ ဒေါ်ခင်ဝင်းကြည်နှင့် ဒေါ်မေသက်လွင်(ငြိမ်း)၊ဘက်စုံသားဖွားဆရာမ ဒေါ်ခင်ထွေးကြိုင်တို့မှ ဦးဆောင်၍ နားခွင်းကျင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်နှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ကော်မတီဝင်များက ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ကြသည်။ ကျေးလက်ဒေသ ကျန်းမာရေး အထောက်အကူပြု အသိပညာပေးခြင်းကို မြို့နယ်သူနာပြုဆရာမ (အဆင့် ၁) ဒေါ်မေသက်လွင်(ငြိမ်း)မှ ဆေးရည်စိမ်ခြင်ထောင်နှင့် ပတ်သက်၍ အသုံးပြုပုံ၊ အကျိုး အပြစ်နှင့် ဆောင်ရန်ရှောင်ရန်တို့ကို ရှင်းလင်းပြောကြားပြီး၊ ဘက်စုံသားဖွားဆရာမ ဒေါ်ခင်ထွေးကြိုင်မှ မိုးရာသီတွင် ခြင်ကြောင့် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါတို့မှ ကင်းဝေးစေရန် ကျန်းမာရေး အသိပညာများကို ရှင်းလင်းပြောကြားပြီး ဆေးရည်စိမ်ခြင်ထောင်များကို ဒေသခံ ကျေးရွာသူ/သားများ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း၊ မော်လူးဒေသတွင်း ဆေးရည်စိမ်ခြင်ထောင် အလုံး ၅၀၀ ဖြန့်ဝေပြီးဖြစ်ကြောင်း သိရပြီး ဆက်လက်၍ ဥသျှစ်ကုန်းကျေးရွာ၊ တောင်ဖီလာကျေးရွာများသို့လည်း ဆေးရည်စိမ်ခြင်ထောင်များကို အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


မော်လူးမီးရထားဘူတာ စင်္ကြန်ပြန်လည် မွမ်းမံပြင်ဆင်



မော်လူးမီးရထားဘူတာ စင်္ကြန်ပြန်လည် မွမ်းမံပြင်ဆင်
မော်လူး၊ ဧပြီ ၃၀
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး မီးရထားဘူတာရုံ စင်္ကြန်တွင် ပေါက်ပြဲပျက်စီးလျှက်ရှိနေသော ကြမ်းခင်းများကို အသစ်ပြန်လည် မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းကို ဧပြီ ၂၇ ရက်မှ စတင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မော်လူးမီးရထားဘူတာ ရုံပိုင်ကြီး ဦးစိုးလင်းနှင့် မီးရထားဘူတာ ဝန်ထမ်းများ၊ မီးရထား အင်ဂျင်နီယာ(မော်လူး) တာဝန်ခံ ဦးထင်လှအောင်နှင့် ဝန်ထမ်းများမှ အနီးကပ် ကြီးကြပ်၍ မော်လူးမြို့ပေါ်ရပ်ကွက်များမှ မြို့မိမြို့ဖများ၊ ကုန်သည်များနှင့် စေတနာရှင်များ၏ စုပေါင်းကောင်းမှုဖြင့် ကာလတန်ဘိုး ကျပ်၅သိန်းခန့် အကုန်အကျခံကာ ပြုပြင်မွမ်းမံနေကြောင်း၊ ဆက်လက်၍ ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ရန် လိုအပ်နေသေးသဖြင့် အလှူရှင်များကို ဖိတ်ခေါ်ထားကြောင်း၊ မွမ်းမံပြင်ဆင်မှုပြီးစီးသွားပါက ဒေသခံခရီးသွားပြည်သူများ နားနေရာတွင် အဆင်ပြေချောမွေ့နိုင်မည်ဖြစ်ကြောင်း မော်လူး မီးရထားဘူတာ ရုံပိုင်ကြီးထံမှ သိရသည်။

Thursday, May 1, 2014

မော်လူး ဒေသ မှ အင်းတော်မြို့နယ် အတွင်း အကြီးဆုံး ဆည်ကြီးပြီးတော့မည်

အင်းတော်မြို့နယ်၊ မော်လူးဒေသ ၊ ဟောင်းတုန်းကျေးရွာအနီး

နန့်မီးကား ချောင်းတွင်

တည်ဆောက်နေသော ဆည်ကြီးပါ

ဆည်ကြီးအောင်မြင်စွာ ပြီးစီးသွားပါက

မော်လူးဒေသ လေးတန်ချောင်း အနောက်ဘက်ခြမ်းရှိ

လယ်များ ရေ အလုံ အလောက် ရရှိနိုင်ပါတော့မည်

အင်းတော်မြို့နယ်အတွင်း အကြီးမားဆုံး ဆည် ကြီး

ဖြစ်နိုင်ပါ၏။


မော်လူး အာကစားကွင်း မြေပြင် ပြုပြင်

နိုင်ငံတော်အားကစားသမားများနှင့် တိုင်းနှငိ့ပြည်နယ်အားကစား သမားများမွေးထုတ်ပေးခဲ့သော
မော်လူးအားကစားကွင်းကို အဆင်မြင့်တင်နေပြီ

မော်လူး  အားကစားကွင်း  ဂြိုလ်တု   ဓါတ်ပုံ