Thursday, September 3, 2015

တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေပြဌာန်း

မြန်မာ နိုင်ငံသား မှန်ရင်  သိထား မှတ်သား သင့်ပါတယ်


တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေပြဌာန်




တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ
(၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅၄။)
၁၃၇၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက်
(၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်၊ သက်ဆိုင်ခြင်းနှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေသည် မြန်မာနိုင်ငံတွင် နေထိုင်သူအားလုံးနှင့် လည်းကောင်း၊ မြန်မာနိုင်ငံပြင်ပတွင် နေထိုင်သော နိုင်ငံသားနှင့်လည်းကောင်း၊ မြန်မာနိုင်ငံ တွင်နေထိုင်စဉ် နိုင်ငံသားနှင့် ထိမ်းမြားသော နိုင်ငံခြားသားနှင့်လည်းကောင်း သက်ဆိုင်စေရမည်။
၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) နိုင်ငံသား ဆိုသည်မှာ မြန်မာနိုင်ငံသားဥပဒေတွင် နိုင်ငံသား အဖြစ် ဖော်ပြထားသည့် မြန်မာနိုင်ငံသားကို ဆိုသည်။ ယင်း စကားရပ်တွင် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ လည်းပါဝင်သည်။
( ခ ) မြန်မာနိုင်ငံတွင်နေထိုင်သူ ဆိုသည်မှာ မြန်မာနိုင်ငံတွင် အမြဲ ဖြစ်စေ၊ ယာယီဖြစ်စေနေထိုင်သူကို ဆိုသည်။
( ဂ ) ယောက်ျား ဆိုသည်မှာ အသက်အရွယ်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူယောက်ျားကို ဆိုသည်။
(ဃ) မိန်းမ ဆိုသည်မှာ အသက်အရွယ်ကြီးသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ လူမိန်းမကိုဆိုသည်။
အခန်း(၂)
ရည်ရွယ်ချက်များ
၎။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) ဥပဒေနှင့်အညီ ထိမ်းမြားကြသော လင်နှင့်မယားတို့ တစ်ဦး အပေါ်တစ်ဦး သစ္စာရှိစွာဖြင့် သာယာချမ်းမြေ့သည့် အိမ်ထောင် တည်ဆောက်နိုင်စေရန်၊
(ခ) တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဖြင့် အမျိုးသမီးများ တရားမဝင်မယားအဖြစ် ရောက်ရှိခြင်းမှကာကွယ်ရန်၊
(ဂ) အိမ်ထောင်ဘက် တစ်ဦးထက်ပို၍ ယူခြင်းကြောင့် ဖြစ်ပွားနိုင် သည့် အိမ်ထောင်ရေး ပြဿနာနှင့် အိမ်ထောင်ရေးမှုခင်းများကို တားဆီးနိုင်ရန်၊
(ဃ) အမျိုးသား၊ အမျိုးသမီးများ၏ ကိုယ်ကျင့်တရား ပိုမိုထိန်းသိမ်း နိုင်ကြစေရန်။
အခန်း (၃)
တစ်လင်တစ်မယားစနစ်ဖြင့် ထိမ်းမြားခြင်း
၅။ မည်သည့်ယောက်ျားနှင့် မိန်းမမဆို ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ပါက တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာ အရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ တရားဝင်ထိမ်းမြားခြင်း ပြုနိုင်သည်။
၆။ ဤဥပဒေအာဏာတည်ပြီးနောက် ယောက်ျားနှင့် မိန်းမတို့သည် ဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်း အရဖြစ်စေ ထိမ်းမြားမှုပြုလုပ်ရာတွင် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း သာလျှင် တရားဝင်အတည်ဖြစ်သည်။
၇။ မြန်မာဗုဒ္ဓဘာသာဝင်အချင်းချင်း ထိမ်းမြားခြင်းသည် ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် ညီညွတ်ပါက တရားဝင် အတည်ဖြစ်သည်။
၈။ ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သော ယောက်ျားတို့ ထိမ်းမြားခြင်းသည် ဤဥပဒေနှင့်မဆန့်ကျင်သရွေ့ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနှင့်ညီညွတ်ပါက တရားဝင် အတည်ဖြစ်သည်။
၉။ ဗုဒ္ဓဘာသာဝင်မဟုတ်သူအချင်းချင်း ယင်းတို့နှင့်သက်ဆိုင်သည့် ဥပဒေ၊ ဘာသာ၊ ဓလေ့ထုံးတမ်းနှင့်အညီ ထိမ်းမြားခြင်းသည် ဤဥပဒေနှင့် မဆန့်ကျင် သရွေ့ အတည်ဖြစ်သည်။
အခန်း (၄)
တားမြစ်ချက်များ
၁ဝ။ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ လင်နှင့်မယားတစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ တရားဝင်ထိမ်းမြားပြီးသည့် ယောက်ျား သို့မဟုတ် မိန်းမသည် အဆိုပါ ထိမ်းမြားမှုတည်မြဲနေစဉ်ကာလအတွင်း ဤဥပဒေအာဏာတည်သည့်နေ့မှ စ၍ အခြားသူတစ်ဦးနှင့် ထပ်မံထိမ်းမြားခြင်းမပြုရ သို့မဟုတ် လင်မယား အဖြစ် တရားမဝင်နေထိုင်ပေါင်းသင်းခြင်းမပြုရ။
၁၁။ ယောက်ျား သို့မဟုတ် မိန်းမသည် ယခင်က ထိမ်းမြားခဲ့ဖူးလျှင် ယင်းသို့ ထိမ်းမြားခဲ့ဖူးကြောင်း အသိပေးကြေညာ၍ ယခင်အိမ်ထောင်နှင့် တရားဝင် ကွာရှင်းပြတ်စဲပြီးဖြစ်ကြောင်း ခိုင်မာသည့် အထောက်အထား တင်ပြနိုင်လျှင် အခြားသူတစ်ဦးနှင့်ထပ်မံ၍ ထိမ်းမြားနိုင်သည်။
၁၂။ မည်သူမျှ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ ထိမ်းမြားမှုအတည်ဖြစ်နေစဉ် ထပ်မံ၍ ထိမ်းမြား မှုမပြုရ သို့မဟုတ် လင်မယားအဖြစ် တရားမဝင်နေထိုင်ပေါင်းသင်းခြင်း မပြုရ။
အခန်း (၅)
ပြစ်ဒဏ်များ
၁၃။ မည်သူမဆို ပုဒ်မ ၁ဝ သို့မဟုတ် ပုဒ်မ ၁၂ ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
၁၄။ တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ ထိမ်းမြားမှုအတည်ဖြစ်နေစဉ် လင် သို့မဟုတ် မယားသည် အခြားသူနှင့်ထပ်မံ၍ ထိမ်းမြားလျှင် ဤဥပဒေအရ အိမ်ထောင် ရေးပြစ်မှုကို ကျူးလွန်ခြင်းဖြစ်၍ ကျန်သည့်မယား သို့မဟုတ် လင်က လင်မယားကွာရှင်းခွင့်ရှိသည်။
၁၅။ ပုဒ်မ ၁၄ အရ လင်မယားကွာရှင်းရာတွင် အိမ်ထောင်ရေးပြစ်မှု ကျူးလွန်သူသည် နှစ်ဦးပိုင်ပစ္စည်းနှင့်စပ်လျဉ်း၍ ¤င်း၏အခွင့်အရေးများ ဆုံးရှုံးခြင်းခံရမည်။
၁၆။ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ ထုံးတမ်းအရဖြစ်စေ ထိမ်းမြားပြီးသော ယောက်ျားတစ်ဦးသည် အဆိုပါ ထိမ်းမြားမှုအတည်ဖြစ်နေစဉ် အခြားမိန်းမတစ်ဦးနှင့် ထပ်မံထိမ်းမြားပါက တရားမဝင်ထိမ်းမြားခြင်းဖြစ်သဖြင့် နောက်မိန်းမသည် ထိုယောက်ျား၏ အမွေကိုဆက်ခံခွင့်မရှိစေရ။ နောက်မိန်းမယူသည့် ယောက်ျားသည်လည်း ပထမမိန်းမနှင့် နောက်မိန်းမတို့၏ အမွေကိုဆက်ခံခွင့်မရှိစေရ။
၁၇။ မည်သူမဆို ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရ ဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ ထိမ်းမြားပြီးသော ယောက်ျား သို့မဟုတ် မိန်းမတစ်ဦးဦးသည် အဆိုပါထိမ်းမြားမှုအတည်ဖြစ်နေစဉ် ယင်းထိမ်းမြားမှု ကို ထိမ်ချန်၍ အခြားယောက်ျား သို့မဟုတ် မိန်းမတစ်ဦးကို ထပ်မံထိမ်းမြား ပါက ၁ဝ နှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
အခန်း (၆)
အထွေထွေ
၁၈။ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ ထုံးတမ်းအရဖြစ်စေ ထိမ်းမြားပြီးသော ယောက်ျား သို့မဟုတ် မိန်းမတစ်ဦးဦး သည် အဆိုပါထိမ်းမြားမှု အတည်ဖြစ်နေစဉ် ယင်းထိမ်းမြားမှုကို ထိမ်ချန်၍ အခြားယောက်ျား သို့မဟုတ် မိန်းမတစ်ဦးကို ထပ်မံထိမ်းမြားပါက နစ်နာသူ သည် တရားမကြောင်းအရ တရားစွဲဆိုပိုင်ခွင့်ရှိသည်။
၁၉။ ဤဥပဒေ အာဏာမတည်မီက တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ တရားဝင် အတည်ဖြစ်သည့် ထိမ်းမြားခြင်းကို ဤဥပဒေက မထိခိုက်စေရ။
၂ဝ။ တရားမဝင်ထိမ်းမြားလက်ထပ်ခြင်း သို့မဟုတ် ထိမ်ချန်ထိမ်းမြားလက်ထပ် ခြင်းကြောင့် ရရှိလာသော သား၊ သမီးများသည် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဆုံးရှုံးခြင်း မရှိစေရ။
၂၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမ များ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များကို ထိခိုက်ခြင်း မရှိစေရ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

.. https://www.facebook.com/MyanmarExpress

10.4KShare on facebookShare on twitterShare on emailShare on print
Visit website


ဈေးနား က အပေါက်ဖာဘို့ ၆ ရက်နေ့ ပိုက်ဆံ ထုတ်ပေးတော့ မှာတဲ့

fb  မှာ  ပြောသွားတယ်ဗျာ  မြို့နယ်  ထောက်ကူ  အဖွဲ့  က  ထင်တာဘဲ
ပုံမှာ  တာ  ကြည့်လိုက်တော့


စည်ပင် ဆရာတို့ ဒါမှမဟုတ် တာဝန်ရှိသူတွေ fb မှာ ပါလာပြန်ပြီနော့

ဟိုရှောင်ဒီလျှောင်  လုပ်နေလို့  ရဘူးနော့
fb  မှာ တက်အော်  နေတဲ့ သူတွေ  ဘက် ကမလွန်ဘူး  မမြင်သေးရင်  သွားရောက်  လေ့လာနိုင်ပါတယ်

နေရာမသိမှာစိုးလို့  လျှပ်စစ်ရုံး  နဲ့  ဈေးဒေါင့်က တံတာြး