Wednesday, June 29, 2016

မိမိတို့ရဲ့ ကလေးတွေကို ဒီငါးသုံးကောင်အကြောင်း ပြောပြပေးပါ.. (ဘ၀အတွက် အလွန်တန်ဖိုးရှိပါတယ်)



မိမိတို့ရဲ့ ကလေးတွေကို ဒီငါးသုံးကောင်အကြောင်း ပြောပြပေးပါ..
(ဘ၀အတွက် အလွန်တန်ဖိုးရှိပါတယ်)
✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿
(၁) Chum salmon ငါး

Chum salmon ငါးအမဟာ ဥ,ဥပြီးတာနဲ့ ဥရဲ့မလှမ်းမကမ်းမှာ စောင့်နေခဲ့တယ်။ ဥကပေါက်လာတဲ့ ငါးကလေးတွေဟာ အစာမရှာတတ်သေးတော့ မိခင်ရဲ့အသားကိုပဲ စားရတော့တယ်။ 
Chum salmon အမဟာ ငါးကလေးကိုက်တဲ့ဒဏ်ကို အံကြိတ်ပြီး ခံခဲ့ပါတယ်။ ငါးကလေးတွေကြီးပြင်းလာချိန်မှာ ငါးအမဟာ အစားခံရလို့ အရိုးပဲကျန်ခဲ့တော့တယ်။
Chum salmonငါးအမဟာ လောကမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့မိခင်မေတ္တာကို အသံတိတ် ပေးဆပ်နေခဲ့ပါတယ်။ 
Chum salmon ငါးက မိခင်မေတ္တာပြည့်ဝတဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။

(၂) Northern snakehead
ဒီငါးမျိုးက ဥ,ဥပြီးတာနဲ့ မျက်စိနှစ်လုံးအလင်းကွယ်သွားတယ်လို့ ဆိုပါတယ်။ ငါးဟာ မျက်စိမမြင်တော့ အစာမရှာနိုင်လို့ ဆာလောင်တဲ့ဒဏ်ကိုခံရပါတယ်။ 
ဥကပေါက်လာတဲ့ ငါးပေါက်ထောင်သောင်းများစွာဟာ မိခင်အစာငတ်သေသွားမှာကို မကြည့်ရက်လို့ တစ်ကောင်ချင်းစီ မိခင်ရဲ့ပါးစပ်ထဲ ကူးခတ်ဝင်ရောက်ပြီး မိခင်ကိုအာရဟာဖြည့်ပေးကြပါတယ်။ 
မိခင်က အသက်ရှင်ကျန်ရစ်ခဲ့ပေမယ့် ငါးကလေးတွေရဲ့အသက်ရှင်နှုန်းက ၁ဝပုံပုံ ၁ပုံပဲရှိခဲ့ပါတယ်။
မိခင်အတွက် သူတို့ဟာ ငယ်ရွယ်တဲ့အသက်ကို စတေးခဲ့ကြပါတယ်။ 
Northern snakehead ငါးက မိဘကို ရိုသေကိုင်းရှိုင်းတဲ့ငါးဖြစ်ပါတယ်။

(၃) ဆော်လမွန်ငါး  ( မော်လူးဒေသ  မှာတော့  ငဇရိုင်းလို  ငါး)
နှစ်စဉ်နှစ်တိုင်း ဥ,ဥတဲ့ရာသီရောက်တိုင်း ဆော်လမွန်ငါးတို့ဟာ ခရီးမိုင်ထောင်ပေါင်းများစွာကိုဖြတ်သန်းပြီး ပင်လယ်ပြင်ကနေ ကုန်းတွင်းပိုင်းမှာရှိတဲ့ သူတို့ရဲ့မွေးရပ်မြေ မြစ်ချောင်းဆီ အရောက်ပြန်ကြပါတယ်။
ဆော်လမွန်ငါးတို့ရဲ့အပြန်လမ်းဟာ ခက်ခဲကြမ်းတမ်းလွန်းလှတာကို CCTVရုပ်မြင်သံကြားရဲ့ တိရစ္ဆာန်ကမ္ဘာအစီအစဉ်မှာ ရိုက်ကူးတင်ဆက်ခဲ့ဖူးပါတယ်။
အိမ်အပြန်လမ်းမှာ ရေတံခွန်တွေကို ဆန်တက်ရပါတယ်။ 
ရေတံခွန်ဘေးမှာက ဝက်ဝံတွေအုပ်စုလိုက်စောင့်နေကြပါတယ်။ ရေတံခွန်ကိုမဆန်တက်နိုင်တဲ့
ဆော်လမွန်ငါးတွေဟာ ဝက်ဝံညိုတွေရဲ့အစာဖြစ်ရပါတယ်။ ရေတံခွန်ကိုဖြတ်ကျော်နိုင်တဲ့ ငါးတွေက လက်ပန်းကျနေခဲ့ပေမယ့် လင်းယုန်ငှက်တွေရဲ့ ဖမ်းဆီးတာကို ရင်ဆိုင်ရပါသေးတယ်။

ကံကောင်းတဲ့ငါးလောက်ပဲ ဖမ်းဆီးသတ်ဖြတ်တာကို ရှောင်နိုင်ခဲ့ပါတယ်။ 
သိုလောင်ထားတဲ့ အင်အားနဲ့အဆီတွေ ကုန်ခမ်းသွားမှ ဆော်လမွန်ငါးတွေဟာ ကိုယ့်နေရပ်ဆီ ပြန်ရောက်ကြပြီး သူတို့တစ်သက်မှာ အရေးပါဆုံးဖြစ်တဲ့ မိတ်လိုက်၊ ဥ, ဥတဲ့ကိစ္စကို လုပ်ဆောင်ကြပါတယ်။
အဲဒီနောက် သူတို့မွေးရပ်ဌာနေမှာပဲ အေးအေးချမ်းချမ်း
သေဆုံးသွားကြပါတယ်။ 
နောက်တစ်နှစ် နွေဦးရာသီမှာ ဆော်လမွန်ငါးလောင်းလေးတွေ
ပေါက်ဖွားလာကြပါတယ်။ 
အဲဒီနောက် မြစ်ချောင်းတစ်လျှောက် စီးမျောလိုက်ပါပြီး သူတို့ရဲ့ရှေ့မျိုးဆက်အတိုင်း ခက်ခဲကြမ်းတမ်းတဲ့ဘဝလမ်းကို စတင်ကြပါတယ်။ ဆော်လမွန်ငါးဟာ မွေးရပ်ဇာတိကို မြတ်နိုးတွယ်တာတဲ့ငါးဖြစ်ပါတယ်။

ဒီလောကမှာ အနည်းဆုံး ငါးသုံးကောင်က ကျွန်မတို့ကို သက်ဝင်ခံစားနေစေခဲ့ပါပြီ။

ပထမငါးတစ်ကောင်က မိဘဖြစ်ပြီး ကျွန်မတို့ကိုဘဝပေးခဲ့သူဖြစ်တယ်။ 
သူတို့ကိုခွဲခွာပြီး အဝေးကိုထွက်သွားမယ့်ကျွန်မတို့ကို မျက်စိတစ်ဆုံးနဲ့ သူတို့ပို့ဆောင်နှုတ်ဆက်ခဲ့ပါတယ်။ နောင်တမရှိ၊ မျှော်လင့်ချက်တစ်စုံတစ်ရာမထားဘဲ သူတို့ပေးဆပ်နိုင်သလောက် ပေးဆပ်နေခဲ့ပါတယ်။

နောက်ငါးတစ်ကောင်က သားသမီးတွေဖြစ်ပါတယ်။ ဝမ်းကကျွတ်တာနဲ့ ကျွန်မတို့ရဲ့သွေးသားတော်စပ်သူဖြစ်ခဲ့ပါတယ်။ အဲဒီကစ အိုမင်းတဲ့အထိ အတူတကွနေထိုင်အဖော်ပြုသွားမယ်လို့ ယုံကြည်ခဲ့ပါတယ်။

နောက်တစ်ကောင်က မွေးရပ်ဇာတိဖြစ်ပါတယ်။ ဘယ်လောက်ပဲ အဝေးကိုရောက်ရောက်၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အိမ်အပြန်လမ်းဆိုတဲ့ လမ်းမပေါ်ဆီ ကျွန်မတို့
လျှောက်လှမ်းကြရမှာပါ။

ကျွန်မတို့က အထီးကျန်တဲ့ငါးတစ်အုပ်ပါ။ ဒီကမ္ဘာလောကထဲ မတော်တဆ ကူးခတ်ရောက်ရှိလာခဲ့ကြပါတယ်။ 
အဲဒီနောက် ဒီလောကထဲခိုလှုံနေထိုင်ရင်း ကျွန်မတို့ဘဝရဲ့ငါးသုံးကောင်ကို မြတ်နိုးတွယ်တာချစ်ခင်နေခဲ့ကြပါတယ်။

ခွက်ဒစ်

Monday, June 27, 2016

မော်လူးမြေမှ အလှတရားများ ၂


ဘယ်နေရာလေး ဖြစ်မလဲ ခန့်မှန့်ကြည့်ပါလား


ကြေးနန်းတိုင်ပါနေတယ်ဆိုတော့ သေချာပြီ ဒါ ရထားလမ်းဘေးမှာ



marco ဆိုတဲ့ သဘောတရားဟာ ဘယ်လိုပါလိမ့်ဆိုတာ စမ်းကြည့်ထားတာပါ။

လယ်စောင့်တဲ

မော်လူးမြေမှ အလှတရားများ ၁


မြစ်ကြီးနား မန္တလေး အမြန်ရထား



မီးရထားလမ်းပေါ်မှ ဖူးတွေ့ရသည့် ဒက္ခဏရာမ ဘုန်းတော်ကြီးကျောင်းမှ စေတီ


နေညိုချိန်တိမ်တောက် ( မီးရထားလမ်းပေါ်မှ ရိုက်ကူးထားပါသည်။


တိမ်ပန်းချီ နေဝင်ချိန် မန်းကျည်းကုန်းရွာလေးသို့ မျက်နှာမူပြီး ရိုက်ထားခြင်းဖြစ်ပါသည်။

Sunday, June 26, 2016

မော်လူးဒေသ သားတွေ နာရေး ကိစ္စ အတွက် အကူအညီလိုရင် တောင်းဖို့ ဖုန်းနံပါတ်သာ မှတ်ထားတော့



မော်လူးဒေသ မေတ္တာအားမာန် ပရဟိတ လူမှုကူညီရေး
(နာရေး)အသင်းသားများ ကသာမြို့တွင် မနက်ဖန် ၂၇.၆.၂၀၁၆ရက်နေ့ ဦးကျော်သူ မှ ပရဟိတ လူမှုညီရေးအသင်း များအား အရေးပေါ်ကယ်ဆယ်ရေးသင်တန်းများပို့ချမည့်၅ရက် သင်တန်းသို့ တက်ရောက်ကြမည်   တဲ့

ပုန်းဟုန်အုပ်စု မှာ နောက်တစ်ကြိမ် မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ပြန်ပြီတဲ့


ရက်(၁၀၀)အတွင်း ပြင်းထန်လာသည့် ပုန်းဟုန်ကျေးရွာအုပ်စုမှ မှုယစ်ဆေးဝါးကျဆင်းရေး လုပ်ငန်းဆောင်ရွက်မှု
@@@@@@@@@@@@@@@@@@@@@@@@@@
၂၄.၆.၂၀၁၆ရက်နေ့ မှစတင်ကာ ပုန်းဟုန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း၏ ဦးဆောင်မှုဖြင့် အုပ်စုစာရေး ဦးသန်းစိုးငြိမ်း၊ ကျေးရွာမှ ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများ ပါဝင်သော စုပေါင်းအင်အား(၂၀)ကျော်ခန့်နှင့် ပုန်းဟုန်ကျေးရွာအုပ်စုအတွင်း မှု့ခင်းကျဆင်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာရေးနှင့် မှုယစ်ဆေးဝါးကျဆင်းရေးတို့ကိုရည်ရွယ်၍ ပုန်းဟုန်ကျေးရွာ၊ ကူးကာကျေးရွာ၊ စဉ်ခိုးကျေးရွာတို့ တွင် မင်္သကာဖွယ် ယာဉ်သွား ယာဉ်လာများအား ရပ်တန့်စစ်ဆေးခြင်း၊ ညအချိန် ဆိုင်ကယ်များ အိတ်ဆောဖွင့် ကျယ်လောင်စွာ မောင်းနှင်းခြင်းမရှိစေရန်အတွက် အသိပညာပေးပြောကြားခြင်းတို့လုပ်ဆောင်ခဲ့ပြီး မူးယစ်ဆေးဝါး သုံစွဲမှု ရောင်းချမှုတို့ကို ကျဆင်းစေရန်အတွက် နေရောညပါ ရှောင်တခင် စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်လျှက်ရှိကြောင်း သိရှိရ

fb  က  မ  လာသည်

လာပြန်ပြီဗျာ လွှတ်တော်ကိုယ်စားလှယ်တွေ မော်လူးသို့ ဘာတွေများ လုပ်ဆောင်သွားပါလိမ့်



မော်လူးတွင်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုတွေ့ဆုံပွဲပြုလုပ်
မော်လူး ဇွန် ၂၆
@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီးအင်းတော်မြို့နယ်
မော်လူးအခြေခံပညာအထက်တန်း ကျောင်းသရဖီခန်းမဆောင်တွင် 
ဇွန်၂၆ရက်နံနက် ၁၁နာရီခွဲအချိန်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုတွေ့ဆုံပွဲ အခမ်းအနားကို
ကျင်းပပြုလုပ်ခဲ့ကြောင်းသိ ရသည်
ထိုသို့တွေဆုံရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဇော်မင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာပြုံး 
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးသန်းဝင်း တို့နှင့်အတူ အင်းတော်မြို့နယ်
ဌာနဆိုင်ရာတာဝန်ရှိသူများက မော်လူးဒေသ ကျေးရွာအုပ်စု(၁၀)အတွင်းမှ
ပြည်သူလူထု(၁၅၀)ခန့်တိုနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
ဖြစ်သော ပညာရေး လမ်းတံတားဆက်သွယ်ရေး လူမှုစီးပွားရေး နိုင်ငံသားအမျိုး သားမှတ်ပုံတင်ပြုလုပ်နိုင်ရေး တိုးချဲ့ 
ကျုးကျော်မြေနှင့် လယ်ယာဆည်မြောင်း များပြန်လည်ဖော်ထုတ်နိုင်ရေးတို့နှင့်
ပါတ်သက်၍ပြည်သူလူထုများ၏မေးမြန်း မှုများကို လွှတ်တော်ကိုယ်စားလှယ်များနှင့်
တာဝန်ရှိသူများကရင်းနှီးပွင့်လင်းစွာဖြင့်
ပြန်လည်ဖြေကြားခဲ့ကြကြောင်းသိရသည်
Cyclone

မော်လူးသားတွေ ဟဲနု မှာ အမှိုက် လာလာ ပစ်တယ်ဆိုပြီး လူကြီးမင်းတွေ ကူညီဖို့ ဆုလာတောင်းတယ်ဗျာ

မော်လူး ဟဲနု စံပြကျေးရွာမှတာဝန်ရှိလူကြီးမင်းများခင်ဗျား                          မော်လူးကအမှိုက်တွေဟဲနုရွာထိပ်ချောင်းနံဘေးတွင်စည်းကမ်းမရှိပစ်ထားပါကြောင်း ယင်းအမှိုက်ပုံနံဘေးကသဲကျောက်တွင်းကတော့သဲကျောက်တိုက်စားတဲ့ကားသမားတွေ တူးဖော်ထားတဲ့နေရာတွေပါယင်းနေရာကိုဟိုးအဖိုးအဖွားလက်ထက်ကဟဲနုရွာရေတိုက်စားမှုအန္တရာယ်ကိုမြင်လို့ဆည်ကန်ဘောင်ပိတ်ထားတဲ့နေရာလေးပါဘောလုံးကွင်�



Saturday, June 25, 2016

မိုးကြိုးပစ်လို့ စက်ကွင်းမိသဖြင့် နွားတစ်ကောင်သေဆုံးခဲ့


နန့်ကျဲချောင်းကမ်းအနီး 
သူရောင်း-ဖောင်းပြင်ကွင်းတွင် လယ်ထွန်နေစဉ် မိုးကြိုးပစ်ရာမှ စက်ကွင်းမိသဖြင့်
နွားတစ်ကောင်သေဆုံးခဲ့
မော်လူး ဇွန် ၂၆
@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်
မော်လူးဒေသ သူရောင်းကျေးရွာအုပ်စု
နန့်ကျဲချောင်းကမ်းအနီး သူရောင်း-ဖောင်း
ပြင်ကွင်းတွင် လယ်ထွန်နေစဉ် မိုးခြိမ်း လျှပ်စီးလက်ရာမှ ခိုင်းနွားတစ်ကောင်မှာသေဆုံးခဲ့ကြောင်းသိရသည်
ဖြစ်စဉ်မှာ ဇွန် ၂၆ရက်နံနက်၅နာရီခွဲအချိန်ခန့်ကမော်လူးကျေးရွာ
အုပ်စု မင်းသာကျေးရွာနေ ဦးဇော်ထက်(၃၅)နှစ်(ဘ)ဦးခင်ဇော် တောင်သူမင်းသာကျေးရွာနေသူသည် နန့်ကျဲချောင်းကမ်း အနီး သူရောင်း-ဖောင်းပြင်ကွင်း အမှတ်(၅၇၀)ဦးပိုင်အမှတ်၅၇/၁တွင်လယ်ထွန်နေစဉ် မိုးခြိမ်းလျှပ်စီးလက်ရာမှ မိုးကြိုးလျှပ်စစ်စက်ကွင်းမိသဖြင့် ဦးဇော်ထက်မှာနေရာတွင်ထိုင်လျက်အနေအထားဖြင့် ၅မိနစ်ခန့်သတိလစ်ခဲ့ပြီး သတိပြန်ရချိန်တွင် အသက်(၁၀)နှစ်ခန့်ရှိ နွားဝါ ဘယ်ဘက်အတိုင်မှနွားထီးတစ်ကောင်လျှာထွက်လျက်သေဆုံးနေကြောင်း
ဦးဇော်ထက် မှာထိခိုက်မှုဒါဏ်ရာတစ်စုံတစ်ရာမရရှိသော်လည်းဦးခေါင်းပိုင်း တွင်အနည်းငယ်နာကျဉ်ခဲ့သဖြင်
့ မော်လူးတိုက်နယ်ဆေးရုံသို့ ဆေးဝါးကုသခံယူလျက်ရှိကြောင်း
သိရသည်
``ဒီမနက်၅နာရီခွဲလောက်က လယ်ထွန်နေတဲ့အခါ မိုးခြိမ်းပြီး လျှပ်စီးလက်တော့
ဗြုန်းကဆို ၅မိနစ်လောက် သတိလစ်ပြီး ထိုင်လျက်သားဖြစ်သွားတာပါ သတိရလို့ ကြည့်လိုက်တော့ (၁၀)မိုးလောက်ရှိတဲ့ နွားဝါနွားထီးတစ်ကောင်ကတော့လျှာထွက်ပြီးသေနေတာကိုတွေရပါတယ်
ကျွန်တော်ခေါင်းပိုင်က နာကျင်ကိုက်ခဲလို့
မော်လူးတိုက်နယ်ဆေးရုံမှာတက်ရောက်ကုသခဲ့ပါတယ် နွားတစ်ကောင်ကသေခဲ့လို ကျန်တဲ့တကောင်နဲ့ဘယ်
လိုမှထွန်လို့မရတော့ပါဘူး ကျွန်တော်တို့တစ်အိမ်လုံးမှာလည်းဒီနွားတစ်ကောင်
ဘဲကျန်တော့တာပါ အခုကျန်တဲ့နွားက လည်းဘာတွေဖြစ်လာမလဲ ကျန်းမာရေး
ကဘယ်လိုရှိနေမယ်ဆိုတာမပြောတပ်တော့ပါဘူး´´ဟု မင်းသာကျေးရွာနေ
တောင်သူဦးဇော်ထက်မှပြောပြသဖြင့်သိရသည်
Cyclone

စားသုံးသူအကာအကွယ်ပေးရေးအသိ ပညာပေးဟောပြောပွဲ မော်လူးမှာ လုပ်တယ်ဆိုဘဲ



စားသုံးသူအကာအကွယ်ပေးရေးအသိ ပညာပေးဟောပြော
ပွဲကိုဇွန်လ ၂၅ ရက်နေ့ ၁၀ နာရီအချိန်ကမော်လူး အုပ်ချုပ်ရေးမှူးရုံးတွင်ကျင်းပပြုလုပ်ရာ ဦးကြည်နိုင်ဦး၊စားသုံးသူရေးရာဦးစီးဌာန၊ဦးသာဆန်း စိုက်ပျိုးရေးဌာန၊ဦးလှမျိုးလွင်၊မီးသတ်ဦးစီးဌာန ဒေါက်တာဝတ်မှုံထွန်း၊ကျန်းမာရေးဌာနတို့ကအသီးသီးဟောပြောကြသည်။

Yezin Agricultural University . ရေဆင်းးစိုက်ပျိုးရေးး တက္ကသိုလ် ... ဝင်ခွင့်

စိုက်ပျိုးရေး တက္ကသိုလ် ဝင်ခွင့် ခေါ်ပြီ


အင်းတော်မှာရော အဲ့ဒါလိုမျိုးရှိလေသလား အင်းတော်က က ဘဘ တို့ သားတို့ မော်လူးမှာတော့ ရှိဘူး



ဒီညနေ
တိုင်းရုံးကို ပင်နီဝတ်
လူတစ်ယောက် ရောက်လာတယ်။
ရုံးခန်းဝမှာ ဒီဌာနက
အကြီးဆုံး နဲ့ တွေ့ချင်တယ် တဲ့။
ရုံးက ဌာနခွဲစာရေးက
ဘာကိစ္စလဲ ဆိုတော့ ငါ လွှတ်တော်ကိုယ်စားလှယ်
မင်းတို့ လူကြီးအကြီးဆုံးနဲ့ တွေ့ချင်တယ်။ ဘာကိစ္စလဲ
မေးစရာ မလိုဘူး ။ တွေ့ဖို့ လုပ်ပေးလို့ဘဲ နင်းကန်ဟောက်နေတော့။
တပည့်ကျော်က
ဆရာ အခန်းထဲကို
ထည့်ပေးလာတော့ လက်ခံတွေ့ဆုံဖြစ်တယ်။
ပြီးတော့ တောင်မေး
မြောက်မေးနဲ့ ခင်ဗျားတို့ဌာနက
ဘာတွေလုပ်တာလဲ? လုပ်ငန်းစဉ်က ဘာလဲ? တဲ့။
ဌာနလုပ်ငန်းစဉ်တွေ
ပြောပြတော့ အဲဒါဆို
ကျွန်တော် သိချင်တာ ဒါမဟုတ်ဘူး
ဆောက်လုပ်ရေး ကဘယ်မှာလဲ? လုပ်ပြန်တယ်။
လွှတ်တော် ကိုယ်စားလှယ်လို့
ပြောတယ်။ပြည်သူ့လွှတ်တော်လား?
အမျိုးသား လွှတ်တော်လား? တိုင်းဒေသကြီးလား?
ကွဲကွဲပြားပြား မပြော ပြန်မေးရင် မကြိုက်ချင်ဘူး။ ။
လွှတ်တော်ကိုယ်စားလှယ်လို့
ပြောတယ်။ လုပ်ထုံးလုပ်နည်း နားမလည်ဘူး။
အစိုးရဌာနတွေက သူတို့လက်အောက်က ကျနေတာဘဲ။
မေးချင်တာ သိချင်တာ ရှိရင် သက်ဆိုင်ရာလွှတ်တော်က တစ်ဆင့်
သက်ဆိုင်ရာ အစိုးရကို မေးခွန်းမေးမြန်းပြီး သက်ဆိုင်ရာအစိုးရက ဝန်ကြီးကတစ်ဆင့်
ပြန်ဖြေပေးရတာ လုပ်ထုံးလုပ်နည်းအစစ်။ KTV မာဆတ် စစ်သလို ဘာမပြော ညာမပြော
ဌာနတစ်ခု ကို ဝင်မေးမြန်းတာ တရားမဝင်ဘူး။ ဗဟုသုတ အဖြစ် သိချင်ရင် စုံစမ်းသလို ရိုးသားစွာ
မေးမြန်းသင့်တယ်။ အစိုးရဌာနတွေက လွှတ်တော်ကိုယ်စားလှယ်လက်အောက်မှာ မရှိတာကို မသိတာလား?
သိသိနဲ့ လူစွာလုပ်တာလား ? ကတော့ ကာယကံရှင်ဘဲ သိလိမ့်မယ်။ နောက်ပြီး မေးချင်တာ မေးပြီး ကျွန်တော်သိချင်တာ
ဒါ မဟုတ်ဘူး ဆိုတော့ ဌာနတံဆိပ်နဲ့စာသားတောင် မဖတ်ဘဲ ဝင်လာတဲ့ ကိုယ်စားလှယ်တော်ကြီးကို အံ့သြမိပါရဲ့။ မစဉ်းစား မဆင်ချင်တာကိုပါ။
တပည့်တွေကို
နောင် ဘယ်သူဘာကိစ္စ လာလာ
ကိစ္စအရင်မေး ပြီးမှ အခန်းထဲသွင်းပေး ဆိုတော့
နင်းကန်ဟောက်နေတော့ ကျွန်တော်တို့လည်း ပင်နီဝတ်ဆို
ကြောက်တယ် ဆရာရဲ့ တဲ့။ ကြောက်လည်း ကြောက်စရာပါ။
ကျွန်တော့ကိုတောင် ဟောက်သွားချင်သေးတာ တိုင်းရုံး အားနာလို့ ထင်ပါရဲ့။
ဘုရား ဘုရား
နေ့ဓဒူဝ ဟောက်လိုက်
ဖြဲလိုက်နဲ့ နီနီမြင် လန့်နေရပါရော။

Facebook  မှ ကူးယူသည်။

Wednesday, June 22, 2016

နမီးရွာ မှာ နမီးချောင်းကူးတံတားသစ် ဖွင့်ပြီတဲ့




နမီးရွာက နမီးချောင်းကူးတံတား ဖွင့်ပွဲပုံများ
တံတား နာမည်ကတော့  မင်းရဲကျော်စွာ  တဲ့

မော်လူး ၃၃ခွဲရုံမှ ၂နာရီ၈မိနစ်မှာမီးစတင်ပေးပါပြီ

မော်လူး ဒေသ သုံး  ၃၃ ခွဲ  ရုံ  ကနေ  မီးအား စမ်းသပ် လွတ်ပေးနေပြီ

မီအားတွေ ကောင်းလာပြီ

Monday, June 20, 2016

မော်လူးကိုယ်စားပြု မော်လူးဒေသအမျိုး သမီး ဘောလုံးအသင်း ဂိုးပြတ်နိုင်တယ်ဆိုဘဲ



မော်လူးကိုယ်စားပြု မော်လူးဒေသအမျိုးသမီးအသင်းနှင့်နတ်မဟုတ်ကလေးအသင်းဒီနေ့အင်းတော်အင်းတော်မှာကန်ကြတယ်လေမော်လူးကနတ်မဟုတ်ကလေးကို 15ဂိုး:0ဂိုးနှင့်အနိုင်ရခဲ့ပါတယ်(20-6-2016)တနလာင်္

မလူးရွာ သုသာန် မှာ မကျွတ်မလွတ်သေးသော သူများကို နယုန် လပြည့်ကျော် ၂ ရက်ည အစာကျွေးမှာ တဲ့ သွားလေ့လာလိုက်ကြအုန်း ပျော်စရာကြီး




ဘဝအဆက်ဆက်က တော်စပ်ကြကုန်သော မကျွတ်မလွတ်သောပုဂ္ဂိုလ်တို့အား ကျွေးမွေးကြမည့် အကျွတ်အလွတ်ပွဲစတော့မည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူများကြွရောက်နိုင်ကြပါသည်
နေရာကတော့မလူးရွာသုသာန် မှာ ဖြစ်ပါတယ်တဲ့

fb  မှာတွေ့လို့

သွားဖြစ်ရင် ဖုန်းနဲ့ဓာတ်ပုံ ရိုက်ခဲ့ကြဖို့ မမေ့နဲ့  အပြင်မှာ  မမြင်ရပေမဲ့ တစ်ခါတလေ  ဖုန်းထဲမှာ ပေါ်တတ်တယ်  ပေါ်ရင်လည်း သတင်းပို့ခဲ့အုန်း

၆ ဘာသာဂုဏ်ထူးရှင် ကို မော်လူးသား တွေ သိပ်မသိကြပေမဲ့ မော်လူးကွက်သစ် က ကလေး ကိုတော့သိကြမှာ သူလည်း ဒီနှစ် ၁၀ တန်းအောင်တယ်တဲ့



ဂုဏ်ယူမိပါတယ် မော်လူးသားလေးရယ် မသန်သော်လည်း  စွမ်းတယ်ဆိုတာ ပြလိုက်ပြီ
စင်ပေါ်ကသူကိုသာ  ချီးမြှောက်ခြင်းကို  လျော့ချကြပါစို့


%%%%%%%%%%%%%%%
အရှင်ကေ သဝ  fb  မှ   မ လာသည်
-
-
ကြိုးစားလိုက်ကြပါ
==========================
သူ့နာမည်က မောင်ပြည့်ဖြိုးဇော် အသက်က ၂၀ အရပ်က ၃ ပေ မိဘ တွေက ဦးဥာဏ်ထွန်း+ဒေါ်ခင်မြနွယ် နေရပ်လိပ်စာက စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူး စံပြကျေးရွာ ကွက်သစ်ရပ် ။ ၂၀၁၅ -၂၀၁၆ တက္ကသိုလ်ဝင်တန်းကိုအောင်မြင်ထားတယ်လို့သိရပါတယ်။ဘဝကံအကျိုးပေးမလှပေမယ့်ပညာကံအကျိုးပေးတော့မဆိုးပါဘူး။ကြိုးစားရင်ကြိုးစားသလိုအောင်မြင်တယ်ဆိုတာမောင်ပြည့်ဖြိုးဇော်ကသင်္ခန်းစာပေးနေပြီနော။စာမေးပွဲကျလို့စိတ်ပျက်အားငယ်နေကြတဲ့တူ တူမလေးတွေအတွက်အားကျအတုယူစရာလေးတွေပေါ့နော။ ဝိရိယမတောတိကိံကမ္မံနသိဇ္ဇတိ =မလျော့သောဇွဲလုံ့လဝိရိယဖြင့်ကြိုးစားလျှင်မပြီးမြောက်သောအလုပ်ကိစ္စဆိုတာမရှိဘူးတဲ့ကဲဒါကြောင့်ဒီနှစ်မအောင်မြင်တဲ့သားငယ် သမီးငယ်များ ညီ ညီမလေးများ တူ တူမလေးများရှေ့ဆက်ကြိုးစားကြပါလို့တိုက်တွန်းလိုက်ပါတယ်။

Sunday, June 19, 2016

တို့ဒေသ ကလွှတ်တော်အမှတ်တွေ ဒီတစ်ခါတော့ လက်တွေ့ ကွင်းဆင်း စစ်ဆေးပြီဗျာ ကျွန်တော်တို့ဒေသကို မကြခဏ စစ်ဆေးနိုင်ပေစေလို့ ဆုတောင်းလိုက်တယ်ဗျာ




အင်းတော်မြို့နယ် မော်လူးဒေသ မံဟဲကျေးရွာအုပ်စု ပေကုန်း-မြေပလ္လင် ကျေးရွာချင်းဆက်လမ်း ရေတိုက်စားပျက်ဆီးနေမှုကို တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဦးဘိုသန်းညွန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ပြုံး တိုင်း(၂)လွှတ်တော်ကိုယ်စားလှယ်
ဦးသန်းဝင်း မြို့နယ်စီခန့် ဥက္ကဌ ဦးတင်မြင့် နှင့် မြို့နယ်စီခန့်အဖွဲ့ဝင်များ
ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများတို့နှင့် ကွင်းဆင်းစစ်ဆေးကြည့်ရူ
စစ်ဆေးပြီး မည်သို့ရှေ့ဆက်လက်လုပ်ဆောင်သွားရေးကို ဆွေးနွေး
ကာ ကျေးရွာနေလူထုနှင့် ပေကုန်းအုပ်ချုပ်ရေးမှူးရုံတွင်တွေ့ဆုံခဲ့
တယ်တဲ့

Friday, June 17, 2016

ဝတ်ပြုရှိခိုးလျှင် ဘာကြောင့် သုံးကြိမ် ဦးချရသလဲ 


ဝတ်ပြုရှိခိုးလျှင် ဘာကြောင့် သုံးကြိမ် ဦးချရသလဲ 
===============================
ဗုဒ္ဓဘာသာဝင်တိုင်းသည် စေတီပုထိုး၊ ဘုရားဆင်းထုတော်၊ သံဃာတော်များ၊ မိဘဆရာ၊ သက်ကြီးဝါကြီး များကို ရှိခိုးကန်တော့ခြင်းသည် ဓလေ့ထုံးစံတစ်ခုကဲ့သို့ ပြုလုပ်ရခြင်းထက် ပိုပါသည်။
လုပ်ဆောင်အပ်သော ဝတ္တရား၊ လိုက်နာပြုကျင့်ရမည့် ဆက်ဆံရေး၊ ဂုဏ်ယူဖွယ် လူမှုစရိုက်၊ သိမ်မွေ့ရိုကျိုးသည့် ယဉ်ကျေးမှု အဖြစ် ထိန်းသိမ်းထားရှိရခြင်းသည် ဗုဒ္ဓဘာသာဝင်တိုင်းဧ။် အဓိက
ထမ်းဆောင်ရမည့် အထူးတာဝန်ကြီးတစ်ရပ်ပင် ဖြစ်သည်။

မွေးဖွားလာပြီး မည်သည့်အချိန်မှစ၍ ဗုဒ္ဓဘာသာဝင် ဖြစ်သွားသလဲဆိုသည်ကို သတိမမူလိုက်မိဘဲ ဖြစ်တတ်ကြသည်၊ မိဘကဗုဒ္ဓဘာသာဝင်ဖြစ်လို့ လိုက်၍ဖြစ်သွားသည့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ
များမည်ထင်သည်။ ဆင်းထုတော်ကို, စေတီပုထိုးများကို ရှိခိုးဦးချလိုက်သည်နှင့် ဗုဒ္ဓဘာသာဝင်ဖြစ်သွားသည်ဟု ထင်ခဲ့မည်ဆိုလျှင် မမှန်ပါ။

ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာသုံးပါးဧ။် လေးနက်တဲ့ အဓိပ္ပာယ်၊ မွန်မြတ်တဲ့ သိက္ခာ၊ ကြည်ညိုဖွယ် ဂုဏ်အရည်အချင်းများကို မှန်မှန်ကန်ကန် သိရှိနားလည်ရပါသည်၊ ယင်းသို့ သေသေချာချာ
တိတိကျကျ သဘောပေါက်နားလည်သဖြင့် အမှန်တကယ် အားကိုးယုံကြည်ပြီး ဆည်းကပ်ကိုးကွယ်မှသာ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်သည်ဟူ၍ ဆုံးဖြတ်နိုင်သည်။

ရတနာသုံးပါးကို အစစ်အမှန် ကိုးကွယ်လဲလျောင်းရာ အဖြစ် ခံယူခြင်းကို " သရဏ " ဟူ၍ခေါ်ဆိုရသည်။
ဆန္ဒအမှန်ဖြင့် ယုံကြည်ကိုးကွယ် သဖြင့် ဆည်းကပ်ပူဇော်ခြင်းကို (သရဏ ဂမန) " သရဏဂုံ " ဟူ၍ခေါ်ဆိုရသည်။
ထိုသို့ အသေအချာ သိရှိနားလည်၍ ယုံကြည်ကိုးကွယ်ပြီး ဆည်းကပ်ပူဇော်သူကို " သရဏဂုံ တည်သူ " ဟူ၍ခေါ်ဆိုရသည်။

ဤသို့ " သရဏဂုံ တည်သူ " ကိုသာလျှင် ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်သည်ဟု ဆုံးဖြတ်နိုင်သည်။

မိမိတွင် အကျိုးကျေးဇူး ရရှိနိုင်သည်ဟူသော အထင်ဖြင့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို သော်လည်းကောင်း၊ အယူဝါဒ တစ်ခုခုကို သော်လည်းကောင်း၊ အခြားဘာသာ တစ်ခုခုကို သော်လည်းကောင်း၊
စွဲစွဲမြဲမြဲ ကိုးကွယ်ဆည်းကပ်ခဲ့လျှင် ထိုသူမှာ " သရဏဂုံ " ပျက်ပြယ်သွားပြီဟု သတ်မှတ်ရသည်။ ( စကားချပ် -- ပုဂ္ဂိုလ်စွဲ ယုံကြည်မှု လွန်ကဲခြင်းမဖြစ်ရန် သတိထားရမည်။)

ရတနာသုံးပါးကို မေ့လျော့နေလျှင် ကိုးကွယ်ဆည်းကပ်မှုဖြင့် ဝေးကွာနေသောကြောင့် " သရဏဂုံ " မှေးမှိန်နေသည်၊ ညှိုးနွမ်းနေသည်ဟု သတ်မှတ်ရသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအတွက် ရတနာသုံးပါးကို မေ့မေ့လျော့လျော့မနေဘဲ၊ အစဉ်သဖြင့် သတိတရ ကိုးကွယ်ဆည်းကပ်နေရန် အလွန်လိုအပ်လှပေသည်။
ကိုးကွယ်ဆည်းကပ်နေရမည် ဆိုသည်မှာ ဆွမ်းကပ်လှူခြင်း၊ ပန်း ဆီမီးတို့ဖြင့် ပူဇော်ခြင်း၊ ဝတ္တု ပစ္စည်းများဖြင့် လှူဒါန်းခြင်း၊ စသည်တို့ကို အမြဲပြုလုပ်နေရမည်ဟု မဆိုလိုပါ၊
ရတနာသုံးပါးဧ။် ဂုဏ်ကျေးဇူးတော်များကို စိတ်ထဲမှာ မမေ့မလျော့ အောင်းမေ့သတိရနေခြင်းသည်သာ အရေးကြီးဆုံးဖြစ်သည်။

သို့အတွက် ရတနာသုံးပါးကို အမြဲနှလုံးသွင်းနိုင်ရန် မည်သည့်နေရာမှာဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ မည်သည့် ပုဂ္ဂိုလ်၊ စေတီ၊ ဆင်းတုတော် ကိုဖြစ်စေ၊ ရှိခိုးဝတ်ပြုပြီဆိုလျှင်
ရတနာသုံးပါးကို ရည်စူးမှန်းဆပြီး သုံးကြိမ် ဦးချရမည်ဖြစ်သည်။

ဆရာတော်ကြီးများ အမိန့်ရှိသလို " မင်းတို့ဦးချတာက ပုဆိန်ပေါက်နေသလို၊ ဖားဖမ်းနေသလို ပါပဲလား " လို့ မဖြစ်ရလေအောင် ပထမတစ်ကြိမ် ဦးချစဉ်တွင် " မြတ်စွာဘုရားဧ။် ဂုဏ်တော် " တို့ကို
နှလုံးသွင်း အာရုံပြု၍ ဖြေးဖြေးမှန်မှန် ဦးနှိမ်ပြီး ဝတ်ချရသည်။ ဒုတိယတစ်ကြိမ်တွင် " တရားတော်ဧ။် ဂုဏ်တော် " များ၊ တတိယတစ်ကြိမ်တွင် " သံဃာတော်ဧ။် ဂုဏ်တော် " များကို နှလုံးသွင်းကာ
အာရုံပြုလျက် ညင်သာဖြေးညှင်းစွာ ဦးနှိမ်ချ၍ ရှိခိုးရသည်။

ထိုသို့နှလုံးသွင်း အာရုံပြုနိုင်ရန် မြတ်စွာဘုရားဧ။် ဂုဏ်တော်များ၊ တရားတော်ဧ။် ဂုဏ်တော်များ၊ သံဃာတော်ဧ။် ဂုဏ်တော်များ ကို သေသေချာချာ လေ့လာမှတ်သားပြီး အိပ်ရာဝင်, အိပ်ရာထတိုင်း
အမြဲမပြတ် ပွားများကြံစည် နေအပ်ပေသည်။

ဗုဒ္ဓကျမ်းဂန်တို့တွင် " သရဏဂုံ " အမြဲတည်နေသောသူသည် သက်တမ်းကုန်ဆုံး၍သော်လည်းကောင်း၊ နာတာရှည်ရောဂါတို့ဖြင့်သော်လည်းကောင်း၊ ရုတ်တရက် မတော်တဆ အနေဖြင့်သော်လည်းကောင်း၊
တမလွန်သို့ ဘဝကူးပြောင်းသွားခဲ့သော် အောက်ဘုံများသို့ မဆင်းဘဲ၊ အထက်ဘုံများသို့သာ လားရောက်ရသည်ဟု အတိအလင်း ပြဆိုထားလေသည်။ ။

***ဗုဒ္ဓဘာသာဝင်တိုင်း " သရဏဂုံ " အမြဲတည်တံ့နေရန် အားထုတ်သင့်လှပေသည်။***
Credit to ဦးလွမ်းမိုးအောင်

Thursday, June 16, 2016

သက်ရင်းတာ ရွာမှာ မူလတန်းကျောင်းဖွင့်ပြီဆိုဘဲ



မော်လူးဒေသ သက်ရင်းသာရွာ ယနေ့၁၇.၆.၂၀၁၆နံနက်၆း၀၀နာရီ အချိန်မူလတန်းကျောင်းအဆင့်
တိုးမြှင့်ခြင်းနှင့်ကျောင်းဆောင်သစ်ပေးအပ်ပွဲ အခမ်းအနား မစတင်မီ ၌ 
ကျောင်းသား/သူများ အန္တရာယ်ကင်း စွာ ပညာသင်ကြားနိုင်စေကြစေရန် ဆရာတော်သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်များရွတ်ဖတ်နေကြစဉ်

မော်လူးဒေသသားတွေ ရောက်ဖြစ်ရင် အားပေးလိုက်ကြအုန်း အဲ့ဒါ မော်လူး ဇာတ်



နယုန်လဆန်း၁၄ရက်၁၅ရက်၂ညတစ်နေ့  ကြည်ရွာဘုရားပွဲကမည်။
ဘယ်နားမှာလဲတော့မသိဘူး

Wednesday, June 15, 2016

test 3

for link

သားသားကြီးရင် စစ်ဗိုလ်ကြီးလုပ်မယ် ဆိုသူတွေအတွက် လျှောက်လွှာ ခေါ်ပါပြီခင်ဗျာ





ဒီနှစ်ဆယ်တန်းအောင်တဲ့ ကလေးတွေအတွက် မင်္ဂလာသတင်းဟေ့။၁၅.၆.၂၀၁၆နေ့ ကြေးမုံသတင်းစာမှာ
ပါလာပြီနော်။DSA,DSTA,DSMAဗိုလ်လောင်းသင်တန်း
တွေခေါ်နေပြီနော်။နယ်က သတင်းစာမရောက်တဲ့ ရွာက
ကလေးများ သိကြပါစေ။လစာ+ရိက္ခာ+နေစရာရေမီး
အပြည့်အစုံ ဘဝအာမခံချက်လည်းရှိပါတယ်။အထူး သဖြင့်
ဝေးလံတဲ့ နယ်ရွာဘက်က ကလေးတွေကိုရစေချင်ပါတယ်။
သိပြီးလျှောက်ကြပါစေ...လျှောက်တိုင်းလည်း အောင်မြင်
ကြပါစေ....။

သူနာပြု့/သားဖွားလျှောက်ချင်တဲ့ သူတွေခေါ်နေပြီနော်။

သူနာပြု့/သားဖွားလျှောက်ချင်တဲ့
သူတွေခေါ်နေပြီနော်။

Sunday, June 12, 2016

EURO 2016 ဘောလုံးပွဲစဉ်များကို PSI S2 HD မှာ   3 SD /3 HD/3 Family ရုပ်သံလိုင်းများမှ တိုက်ရိုက် 



EURO 2016 ဘောလုံးပွဲစဉ်များကို PSI S2 HD မှာ 
 3 SD /3 HD/3 Family ရုပ်သံလိုင်းများမှ တိုက်ရိုက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ် လိုင်းတော့ပြန်ထည့်ရမှာတဲ့

စလောင်းဆင်တဲ့ ဆရာတွေကိုသာ  ထည့်ခိုင်းပေတော့

psi စလောင်းဖမ်းစက် မြန်မာလိုင်း dvb လိုင်း ပျောက်သူတွေ မော်လူးက စက်အရောင်းဆိုင်တွေမှာ လိုင်းပြန်ထည့်လို့ရပြီဆိုလား


psi  စလောင်းဖမ်းစက်  မြန်မာလိုင်း  dvb  လိုင်း ပျောက်သူတွေ  မော်လူးက  စက်အရောင်းဆိုင်တွေမှာ  လိုင်းပြန်ထည့်လို့ရပြီဆိုလား

fb  မှာတွေ့လို့  ၃၀၀၀  ကျပ်ဆိုလား  စုံစမ်းပြီးထည့်လိုက်ကြဗျာ
======
စက်အသစ်တော့ဝယ်စရာလိုဘူး

ပိုက်ပိုက်ပေါရင်တော့ ဝယ်ကြ

Saturday, June 11, 2016

ဦးကြီး ဒေါက်တာမြင့်နိုင် ကိုတွေ့ရင် ပြောပေးကြပါအုန်းခင်ဗျာ "မော်လူးဒေသသားတွေကို ကူညီပါအုန်းလို့"


ဘလော့ မှာ ကြည့်မရရင်
အောက်က  link  ကို ရွေးပြီ  you tube  က ကြည့်လိုက်ပါ


10-6-2016  ရက်နေ့  ပြည်သူ့လွှတ်တော်  မှာ အင်းတော်မြို့နယ်  လွှတ်တော်အမတ်  ဒေါက်တာပြုံး  တင်ပြသော
မော်လူး  ကျောက်ဆည်  ပြုပြင်ရေးကိစ္စ  ကို  စိုက်ပျိုးရေး  မွေးမြူရေး နှင့်  ဆည်မြောင်း  ပြည်ထောင်စု ဒုဝန်ကြီး(ထင်တာဘဲ)က တိုင်းဒေသကြီးအစိုးရ
ဒေါက်တာ မြင့်နိုင် အပေါ် ပုံချလိုက်သော  ဖြေရှင်းချက်
ဗွီဒီယိုဖိုင်
ကြည့်ဖြစ်အောင် ကြည့်လိုက်ပါအုန်း

@@@######@@@@@@

ကျွန်တော်တို့ ဒေသရဲ့ လွှတ်တော်အမတ်ကြီး ဒေါက်တာပြုံးခင်ဗျာ
ကျွန်တော်တို့ ဒေသ က လူတွေရဲ့  တင်ပြချက်တွေကို  အယုံမလွယ်  အလွယ်မယုံ ဘဲနဲ့ စိစစ်ပေးပါ
ယခုတင်ပြချက်မှာ  ကွဲလွှဲချက်လေးတွေရှိနေပါတယ် သေချာကွင်းဆင်း စစ်ဆေး  တိုင်ပင်ပြီးမှ  တင်ပြပေးသင့်ပါကြောင်း အကြံကောင်း ပေးလိုက်ပါသည် ခင်ဗျာ----

တစ်ပါတ်အတွင်း မော်သတင်း ဘလော့ သို့ ဝင်ရောက် ဖတ်ရှုနေ နိုင်ငံ များနှင့် ကြည့်ရှု သောအကြိမ်များ



မော်လူး  ဒေသ  မှ  ရေခြားမြေခြား  နိုင်ငံတကာသို့  ရောက်ရှိ ပြီး  မော်လူးသတင်းဘလော့သို့ ဝင်ရောက်ကြည့်ရှုသူများနှင့်
နိုင်ငံ အတွင်း  မှ ဝင်ရောက် ကြည့်ရှုကြသော  မော်လူးဒေသသားများကို
အထူကျေးဇူးတင်ရှိပါကြောင်း

mawlu news  Admin group

အသစ်ပြန်လည် တည်ဆောက်ထားသော မြိုင်သာယာ နှင့် ပင်လုံ လမ်း လေးတန်ချောင်းကူး တံတားဖွင့်တာတဲ့





ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ၊ ပင်လုံအုပ်စု ပင်လုံရွာ ရွှေလေးတန်တံတားဖွင့်ပွဲ ယနေ့ ၁၁.၆.၂၀၁၆ရက် နံနက် ၉နာရီအချိန် မိုးညှင်းမြို့ အမှတ်(၁)မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး ၊ ကျေးလက်ဦးစီးအရာရှိ ဦးအေးမင်းနိုင်၊ မြိုင်သယာဆရာတော် ဦးဥာဏိက တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး တံတားမှာ ကွန်ကရစ်အာစီအုတ်တိုင် ဖြစိပြီး သစ်သားကြမ်းခင်း အမြင့် ၁၅ပေ တံတား အရှည် ၂၃၄ပေ ယာဉ်သွားလမ်းအကျယ် ၁၂ပေ ဖြစ်ကြောင်းသိရှိရပါတယ်

Friday, June 10, 2016

၂၀၁၆ မော်လူး ၁၀ တန်း အောင်စာရင်း











အောင်စာရင်း  နည်းနည်းတော့မွဲသွားတယ်  ဖုန်း ကင်မရာ  မကောင်းလို့